(Unicode Version)
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား ရုရှားတပ်မတော် ရေတပ်ဦးစီးချုပ် ကိုယ်စား ဒုတိယရေတပ်ဦးစီးချုပ်က ဂုဏ်ပြုကြိုဆို၊ တွေ့ဆုံဆွေးနွေး
နေပြည်တော်၊ ဧပြီ ၂၆
ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ စိန့်ပီတာစဘတ်မြို့တွင် ချစ်ကြည်ရေးခရီးရောက်ရှိသည့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား ရုရှားတပ်မတော် ရေတပ်ဦးစီးချုပ်ကိုယ်စား ဒုတိယရေတပ်ဦးစီးချုပ် Vice Admiral Volozhinskiy Andrei Olgertovich က ယနေ့နံနက်ပိုင်းတွင် ရေတပ်ဦးစီးချုပ်ရုံးရှေ့၌ဂုဏ်ပြုတပ်ဖွဲ့ဖြင့် ကြိုဆိုသည်။
အဆိုပါဂုဏ်ပြုကြိုဆိုပွဲအခမ်းအနားသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ကာကွယ်ရေး ဦးစီးချုပ် ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်၊ ဒုတိယဗိုလ်ချုပ်ကြီး မင်းနိုင်နှင့်တပ်မတော်အရာရှိကြီးများ၊ မြန်မာစစ်သံ(ကြည်း၊ရေ၊လေ) ဗိုလ်မှူးချုပ် ကျော်စိုးမိုးတို့တက်ရောက်ကြပြီး ရုရှားတပ်မတော် ဒုတိယရေတပ်ဦးစီးချုပ်နှင့်အတူ ရုရှားတပ်မတော်ရေတပ်အရာရှိကြီးများ တက်ရောက်ကြသည်။
ဦးစွာတပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် ဂုဏ်ပြုတပ်ဖွဲ့ဖြင့်ကြိုဆိုမည့်နေရာ သို့ရောက်ရှိရာ ရုရှားတပ်မတော်ဒုတိယရေတပ်ဦးစီးချုပ်က ရင်းရင်းနှီးနှီးကြိုဆို နှုတ်ဆက်ပြီး တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် ရုရှားတပ်မတော်ဒုတိယရေတပ် ဦးစီးချုပ်တို့သည် ဂုဏ်ပြုတပ်ဖွဲ့၏အလေးပြုခြင်းကိုခံယူကြသည်။ ထို့နောက် နှစ်နိုင်ငံ တပ်မတော်အရာရှိကြီးများအား အပြန်အလှန်မိတ်ဆက်ပေးပြီး ဂုဏ်ပြုတပ်ဖွဲ့က တပ်မတော် ကာကွယ်ရေးဦးစီးချုပ်အား အမြန်လျှောက်ဖြင့်ချီတက်အလေးပြုသည်။
ယင်းနောက်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ရုရှားတပ်မတော် ဒုတိယရေတပ် ဦးစီးချုပ်တို့သည် အခမ်းအနားတက်ရောက်လာကြသည့် နှစ်နိုင်ငံတပ်မတော် အရာရှိကြီးများနှင့် အတူအမှတ်တရ စုပေါင်းဓာတ်ပုံရိုက်ကူးကြသည်။ ၎င်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ရုရှားတပ်မတော် ဒုတိယ ရေတပ်ဦးစီးချုပ်တို့သည် အစည်းအဝေးခန်းမတွင်တွေ့ဆုံ၍ နှစ်နိုင်ငံတပ်မတော်နှင့် ရေတပ်နှစ်ရပ်အကြား စစ်ဘက်နည်းပညာဆိုင်ရာများနှင့် လေ့ကျင့်ရေးဆိုင်ရာများတွင် ပူးပေါင်းဆောင်ရွက်ရေး၊ နှစ်နိုင်ငံစစ် သဘောၤများ အပြန်အလှန်လည်ပတ်ရေးနှင့် လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာကိစ္စရပ်များတွင် ပူးပေါင်း ဆောင်ရွက်ရေး၊ နှစ်နိုင်ငံတပ်မတော်နှင့်ရေတပ်နှစ်ရပ် အကြားချစ်ကြည်ရင်းနှီး မှုပိုမိုတိုးတက်ခိုင်မာ စေရေးအတွက် အဆင့်အလိုက်ချစ်ကြည်ရေး ခရီးစဉ်များအပြန်အလှန် လည်ပတ်ရေးဆိုင်ရာကိစ္စရပ်များအား ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။
တွေ့ဆုံပွဲအပြီးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ရုရှားတပ်မတော်ဒုတိယ ရေတပ်ဦးစီးချုပ်တို့သည် အမှတ်တရလက်ဆောင်ပစ္စည်းများပေးအပ်ပြီး တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် ရုရှားတပ်မတော်ရေတပ်သမိုင်းပြခန်းအတွင်း မြန်မာနိုင်ငံသမိုင်းကြောင်းများ အားရုရှားဘာ သာဖြင့်ရေးသားထားသည့် စာအုပ်များ ထိန်းသိမ်းထားရှိမှုအားကြည့်ရှုလေ့လာကြသည်။
ယင်းနောက်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် Admiralteyskie Verfy သင်္ဘောကျင်းသို့ ရောက်ရှိကြရာ အစည်းအဝေးခန်းမတွင် သင်္ဘောကျင်းညွှန်ကြား ရေးမှူးချုပ်နှင့် တာဝန်ရှိသူများက ရေငုပ် သင်္ဘောများထုတ်လုပ်နေမှုအခြေအနေများ အားရှင်းလင်းတင်ပြကြရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က သိရှိလိုသည်များ မေးမြန်းဆွေးနွေးပြောကြားသည်။ ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် သင်္ဘောကျင်းအတွင်းရေငုပ်သင်္ဘောများထုတ်လုပ်နေမှုအခြေအနေများနှင့် ရေငုပ် သင်္ဘောများအား ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများဆောင်ရွက်နေမှု အခြေအနေများအား လိုက်လံကြည့်ရှု လေ့လာကြရာ သင်္ဘောကျင်းညွှန်ကြားရေးမှူးချုပ် နှင့် တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသကြသည်။
ဆက်လက်ပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် ညနေပိုင်း တွင် Joint Stock Company (JSC) ”STC” စက်ရုံသို့ရောက်ရှိကြပြီး စက်ရုံအတွင်း မောင်းသူမဲ့ကင်းထောက်လေယာဉ်များ တပ်ဆင်ထုတ်လုပ်နေမှုအခြေအနေများအား လှည့်လည်ကြည့်ရှုလေ့လာကြရာ စက်ရုံမှတာဝန်ရှိသူများက လိုက်လံရှင်းလင်းတင်ပြ ခဲ့ကြသည်။