ဘူမိဖဿမုဒြာထိုင်တော်မူကျောက်ဆစ် ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ ဆင်းတုတော် အစိတ်အပိုင်း(၁)အား ပြည်ကြီးမွန်ဖောင်တော်ဖြင့် လှေတော်ဝင်းခင်း၍ ပင့်ဆောင် ပူဇော်ခြင်း မဟာမင်္ဂလာအခမ်းအနားကျင်းပ

နေပြည်တော် ၊ သြဂုတ် – ၂၈

နေပြည်တော်တွင် တည်ထားကိုးကွယ်မည့် ဘူမိဖဿမုဒြာ ထိုင်တော်မူ ကျောက်ဆစ် ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ ဆင်းတုတော်အစိတ်အပိုင်း(၁)အား ပြည်ကြီးမွန်ရတနာရွှေဖောင်တော်ဖြင့် လှေတော်ဝင်းခင်း၍ ပင့်ဆောင်ပူဇော်ခြင်း မဟာမင်္ဂလာအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် မန္တလေးတိုင်းဒေသကြီး၊ မတ္တရာ မြို့နယ် စကျင်ကျေးရွာအနီး၌ ကျင်းပပြုလုပ်ရာ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များနှင့် သီတဂူ ဆေးရုံတော်များ၏ အဓိပတိ၊ အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာ သဒ္ဓမ္မဇောတိက၊ အဂ္ဂမဟာပဏ္ဍိတ၊ မဟာဓမ္မကထိက ဗဟုဇနဟိတဓရ၊ တွဲဖက်ရွှေကျင် သာသနာပိုင်၊ သီတဂူဆရာတော် ဒေါက်တာ ဘဒ္ဒန္တ ဉာဏိဿရ အမှူးပြုသော သံဃာ တော်များ ကြွရောက်ချီးမြှင့်တော်မူကြပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီးဒေါ်ကြူကြူလှ၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ကာကွယ်ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်နှင့်ဇနီး၊ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ နှင့်ဇနီးများ၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ကိုကိုဦးနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြသည်။

ဦးစွာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အခမ်းအနားတက်ရောက် လာကြသူ များက သီတဂူဆရာတော်ဘုရားကြီးထံမှ ကိုးပါးသီလခံယူဆောက်တည်ကြကာ ဆရာတော်ဘုရားကြီး အမှူးပြုသော သံဃာတော်အရှင်သူမြတ်များ ရွတ်ပွား သရဇ္ဈာယ်တော်မူကြသည့် ပရိတ်တရားတော်များကို နာယူကြည်ညိုကြပြီး နမောတဿ သုံးကြိမ်ရွတ်ဆို၍ အခမ်းအနား ဖွင့်လှစ်ကြသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဘူမိဖဿမုဒြာထိုင်တော်မူ ကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ပင့်ဆောင်ပူဇော်ခြင်းအတွက် ဝမ်းမြောက်ရွှင်လန်း ဥဒါန်းစကားမြွက်ကြားရာတွင် ယနေ့အခမ်းအနားသို့ ကြွရောက်ချီးမြှင့်တော်မူကြသော ဆရာတော်၊ သံဃာတော် အရှင်သူမြတ်များနှင့် ဧည့်ပရိသတ်အပေါင်း မင်္ဂလာ အပေါင်းနှင့် ပြည့်စုံပြီး နှလုံးစိတ်ဝမ်းအေးချမ်းကြပါစေကြောင်းဖြင့် ဆုတောင်း မေတ္တာ ပို့သအပ်ပါကြောင်း၊ ဤကမ္ဘာလောကကြီးတွင် သဗ္ဗညုဘုရားရှင် ပွင့်ထွန်းပေါ်ပေါက် လာသည့်အတွက် ဝေနေယျသတ္တဝါများအားလုံး ကောင်းကျိုးချမ်းသာ ရရှိခံစား နိုင်သည်ဟု ဟောညွှန်ချက်များအရ မှတ်သားရပါကြောင်း၊ သဗ္ဗညုဘုရားရှင်၏ သာသနာတော်တွင် မတ္တရာမြို့နယ် စကျင်တောင်တော်မှ ပင့်ဆောင်တော်မူသည့် ကျောက်တော်ကြီးများဖြင့် ထုဆစ်သော ဗုဒ္ဓရုပ်ပွားတော်မြတ်အဆူဆူတို့သည် သာသနာ့မော်ကွန်းကို အစဉ်ထာဝရ ဖော်ညွှန်းနိုင်ခဲ့ပါကြောင်း၊ ရှေးယခင် သာသနာပြု မင်းအဆက်ဆက်မှစ၍ ယနေ့ကာလတိုင်သည်အထိ စကျင်ကျောက်တော်ကြီး များကို ပင့်ဆောင်၍ ဗုဒ္ဓရုပ်ပွားတော်မြတ်များအဖြစ် ထုဆစ်ပူဇော်ခဲ့ရာ အင်းဝခေတ် ၌ တနင်္ဂနွေမင်းသည် အင်းဝမြို့တွင် “လောကသရဖူ ကျောက်တော်ကြီးဘုရား” စစ်ကိုင်းမြို့တွင် “လေးကျွန်းမာန်အောင် ကျောက်တော်ကြီးဘုရား” တို့ကို တည်ထား ပူဇော်နိုင်ခဲ့ပါကြောင်း။

အမရပူရခေတ်၊ ဘိုးတော်ဗဒုံမင်း လက်ထက်တွင်လည်း အသည်ဝန်၊ မဟာ မင်းလှကျော်စွာ ဦးဆောင်၍ တောင်သမံအင်းအနောက်ဘက်၌ “နေပူခံဘုရားကြီး” ခေါ် “တောင်မင်းကြီး ကျောက်တော်ကြီးဘုရား”ကို တည်ထားပူဇော်နိုင်ခဲ့ပါကြောင်း၊ ဗဒုံမင်း၏သားတော် ဘကြီးတော် စစ်ကိုင်းမင်းသည်လည်း တောင်သမံအင်းအရှေ့ ဘက်တွင် “မဟာသကျရံသီ ကျောက်တော်ကြီးဘုရား” ကို တည်ထားပူဇော်နိုင်ခဲ့ ပါကြောင်း၊ အလားတူ ရတနာပုံမြို့တည် နန်းတည် ပဉ္စမသင်္ဂါယနာတင် မင်းတုန်းမင်း ကြီးသည်လည်း မန္တလေးတောင်ခြေ၌ “ကျောက်တော်ကြီးဘုရား”ကို အသီတိသာဝက ရှစ်ကျိပ်သော ရဟန္တာအရှင်မြတ်အပါး ၈၀ တို့ခြံရံ၍ သိုက်မြိုက်သပ္ပာယ်စွာဖြင့် တည်ထားပူဇော်နိုင်ခဲ့ပါကြောင်း။

ထို့နောက် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့၊ တပ်မတော်အစိုးရ လက်ထက်တွင် ရန်ကုန်တိုင်းဒေသကြီး၊အင်းစိန်မြို့နယ်၊ မင်းဓမ္မကုန်းတော်၌ “လောက ချမ်းသာ အဘယလာဘမုနိ ကျောက်တော်ကြီးဘုရား” ကို တည်ထားပူဇော်နိုင်ခဲ့ပြီး ဒီမိုကရေစီခေတ်ဦး ပထမအစိုးရလက်ထက်တွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၌ “ကုသိနာရုံ လျောင်းတော်မူ ကျောက်တော်ကြီးဘုရား”နှင့် ဥတ္တရ သီရိမြို့နယ်၊ အောင်မောဠိတောင်ညွန့်ထက်တွင် ပုဂံအာနန္ဒာဘုရားတောင်ဘက်မုခ် ရှိ ကဿပဘုရားရှင်ပုံတော်အတိုင်း “မဟာသကျရံသီ ရပ်တော်မူ ရုပ်ရှင်တော်မြတ်ကြီး” တို့ကို အသီးသီးတည်ထားပူဇော်နိုင်ခဲ့ပါကြောင်း။

ယနေ့အခမ်းအနားတွင် ပင့်ဆောင်ပူဇော်မည့် ဘူမိဖဿမုဒြာထိုင်တော်မူ ကျောက်ဆစ် ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ ဆင်းတုတော်အစိတ်အပိုင်း(၁)အပါအဝင် အစိတ်အပိုင်း ၉ ပိုင်းသည် တန်ချိန် ၅ ထောင်ကျော်ရှိပြီး Angelo Mining Company မှ ဦးအောင်ခိုင်သန်း မိသားစုတို့က ခရစ်နှစ် ၂၀၁၃ ခုနှစ်တွင် Shwe Foundation သို့ လှူဒါန်းခဲ့ခြင်းဖြစ်ပါကြောင်း၊ Shwe Foundation ၏ မေတ္တာရပ်ခံချက် အရ ဘုရားတပည့်တော်ဦးဆောင်သည့် ခုနှစ်ရက်သားသမီး ဘုရားဒါယိကာ၊ ဒါယိကာမ တို့က သီတဂူဆရာတော်ဘုရားကြီး၊ ရွှေသုဝဏ်ဆရာတော်ဘုရားကြီးနှင့် ပါမောက္ခချုပ်ဆရာတော်ကြီးတို့၏ သြဝါဒများနှင့်အညီ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ထုဆစ်ပူဇော်ရာတွင် မြတ်စွာဘုရားရှင်၏ သုံးဆယ့်နှစ်ပါးသော လက္ခဏာတော်ကြီး၊ ရှစ်ဆယ်သော လက္ခဏာတော်ငယ်တို့နှင့် သင့်လျော်ညီညွတ်သော ဘူမိဖဿမုဒြာ ဟန် ဖြင့် ထုဆစ်ပူဇော်ရန်နှင့် ပလ္လင်အမြင့် ၁၈ ပေ၊ ဉာဏ်တော်အမြင့် ၆၃ ပေ၊ စုစုပေါင်း ၈၁ ပေအမြင့်ဆောင်စေလျက် သဗ္ဗညုဘုရားရှင်၏ ကြည်လင်သန့်ရှင်း ဖြူဝင်းသော သြဒါတဂုဏ်တော်၊ သီရိဂုဏ်တော်တို့နှင့် ပြည့်စုံစေရန်အတွက် ခေတ်မီ နည်းစနစ်များဖြင့် ထုဆစ်ပူဇော်သွားမည်ဖြစ်ပါကြောင်းဖြင့် ဝမ်းမြောက်ဖွယ်စကား လျှောက်ထားအပ်ပါကြောင်း။

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်၊ ဗုဒ္ဓဥယျာဉ်တော် အတွင်း ထုဆစ်ပုံဖော် ပူဇော်သွားရန်အတွက် မတ္တရာမြို့နယ်၊ စကျင်တောင်မှ မြောင်မြစ်အတိုင်း၊ ယင်းမှ တစ်ဆင့် ဧရာဝတီမြစ်ကြောင်းအတိုင်း မြင်းခြံမြို့နယ်ရှိ ဆီမီးခုံဆိပ်ကမ်းသို့ ဒေဝါဝင်း၊ ရာဇာဝင်းများ လိုက်ပါပူဇော်သည့် ကရဝိတ်ရွှေဖောင် တော် ပါဝင်သော လှေတော်ဝင်းများ ဝန်းရံခင်းကျင်းကာ ဘူမိဖဿမုဒြာထိုင်တော်မူ ကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်လောင်းလျာ ပင်မကျောက်တော်ကြီးအား” ပြည်ကြီးမွန် ရတနာရွှေဖောင်တော်ကြီး”ဖြင့် ပင့်ဆောင်ပူဇော်ခြင်း မဟာမင်္ဂလာအခမ်းအနားကို ယနေ့တွင် ဆင်ယင်ကျင်းပနိုင်ခဲ့ပြီ ဖြစ်ပါကြောင်း။

ဆက်လက်၍ ရာသီဥတု ကောင်းမွန်သာယာပြီး သင့်လျော်ကောင်းမြတ်သည့် မင်္ဂလာအချိန်ကာလတွင် “ပြည်တော်ဝင်အခမ်းအနား” အဖြစ် မြင်းခြံမြို့နယ် ဆီမီးခုံမှ တံတားဦးအဝိုင်း၊ ယင်းမှ တစ်ဆင့် မန္တလေး-ရန်ကုန် အမြန်လမ်းအတိုင်း ရာဇဌာနီခေါ် မင်းနေပြည်တော်သို့ ပင့်ဆောင်ပူဇော်သွားမည်ဖြစ်ပါကြောင်း၊ ဘုန်းတန်ခိုးတော်ကြီး မားတော်မူလှသော သဗ္ဗညုမြတ်စွာဘုရား၏ ဟောကြားညွှန်ပြ သဒ္ဓမ္မသုံးဖြာ သာသနာတော်မြတ်ကြီးကို ဘုန်းကံမြင့်မားကြသည့် ကုသိုလ်ရှင်ပါရမီရှင်များသာ ချီးမြှောက်ထောက်ပံ့လှူဒါန်းပူဇော်ခွင့် ရရှိနိုင်သည့်အတွက် ယခုကဲ့သို့ မဟာမင်္ဂလာ အခမ်းအနားကြီး ကျင်းပ၍ အမျိုးဘာသာသာသနာကို တည်တံ့ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရသည့် ထူးခြားလှသည့် ကုသိုလ်တော်ပါရမီ စွမ်းအားကြောင့် နိုင်ငံတော် ကြီး ငြိမ်းချမ်းသာယာဖွံ့ဖြိုးတိုးတက်ပါစေကြောင်း၊ ကပ်ရောဂါဆိုးများ ကင်းရှင်း၍ ကျန်းမာချမ်းသာကြပါစေကြောင်း၊ ထေရဝါဒ ဗုဒ္ဓသာသနာတော်မြတ်ကြီး အဓွန့်ရှည် ကြာစွာ တည်တံ့ထွန်းလင်းနိုင်ပါစေကြောင်း၊ ဘူမိဖဿမုဒြာထိုင်တော်မူ ကျောက်ဆစ် ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ထားကိုးကွယ်ခြင်း၏ ကောင်းမြတ်သော ရည်ရွယ်ချက် များနှင့်အညီ လျှင်မြန်ချောမွေ့စွာ အောင်မြင်ပြီးမြောက်ပါစေကြောင်း ဆုမွန် ပတ္ထနာလောင်း၍ ဝမ်းမြောက်ရွှင်လန်း ဥဒါန်းစကားလျှောက်ထားကာ သာသနာ့မော် ကွန်း ဖော်ညွှန်းအပ်ပါကြောင်းဖြင့် လျှောက်ထားသည်။

ဆက်လက်၍ ဘူမိဖဿမုဒြာထိုင်တော်မူကျောက်ဆစ် ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ပင့်ဆောင်ပူဇော်ရန် သီတဂူဆရာတော်ဘုရားကြီးအား တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်အမှူးပြုသော ဧည့်သည်တော်များနှင့် ဒေဝါဝင်း၊ ရာဇာဝင်းများက ပြည်ကြီးမွန် ဖောင်တော်ထက်သို့ ပင့်ဆောင်ကြကာ ဆင်းတုတော်အစိတ်အပိုင်း(၁)ကို အမွှေး နံ့သာရည်များဖြင့် ပက်ဖြန်းပူဇော်ပြီး မင်္ဂလာလှေတော်ဝင်းအဖွဲ့မှ လှေလှော်သံ တက်ယိမ်း ဖြင့် ပူဇော်ကြသည်။

ဆက်လက်၍ ပြည်ကြီးမွန်ဖောင်တော်ကြီး စတင်ထွက်ခွာရန်အတွက် လှေလှော်သားများက လှေလှော်သံသီချင်းဖြင့် ပင့်ဆောင်ပူဇော်၍ မင်္ဂလာစည်တော် ကြီးအဖွဲ့က ရေကင်းသံတီးမှုတ်ပူဇော်ကြကာ နတ်ဒေဝါများကို အမျှပေးဝေခြင်း ဆောင်ရွက်ကြပြီး ဘူမိဖဿမုဒြာထိုင်တော်မူ ကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်လောင်းလျာ ပင်မကျောက်တော်ကြီးအား တင်ဆောင်ထားသည့် ” ပြည်ကြီးမွန် ရတနာရွှေ ဖောင်တော်ကြီး” သည် မင်္ဂလာအချိန်တွင် စတင်ထွက်ခွာရာ သီတဂူဆရာတော်ဘုရား ကြီး၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် တက်ရောက်လာကြသည့် ဧည့်ပရိသတ် အပေါင်းတို့က မုခ်ဦးကမ်းနဖူးမှ ကြည်ညိုပူဇော်ခဲ့ကြသည်။


ယင်းနောက် ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ် ရွတ်ဆိုဆုတောင်း၍ အခမ်းအနား အောင်မြင်ပြီးမြောက်ခြင်း အထိမ်းအမှတ်အဖြစ် ရတနာရွှေမိုးငွေမိုး ရွာသွန်းဖြိုး ခဲ့ကြသည်။

ယနေ့အခမ်းအနားဖြင့် ပင့်ဆောင်ခဲ့သည့် ဆင်းတုတော်အစိတ်အပိုင်း(၁) စကျင်ကျောက်တော်ကြီးသည် အလေးချိန် ၉၇၀ တန်ခန့်ရှိပြီး M.V Moon Light ရေယာဉ်ဖြင့် တင်ဆောင်၍စကျင်တောင်မှ မြောင်မြစ်အတိုင်း ဧရာဝတီမြစ်အတွင်း မှတစ်ဆင့် ဆီမီးခုံဆိပ်ကမ်းသို့ ပင့်ဆောင်မည်ဖြစ်ပြီး သြဂုတ် ၂၉ ရက်တွင် ဆီမီးခုံ ဆိပ်ကမ်းသို့ ရောက်ရှိမည်ဖြစ်ပါသည်။ ဘူမိဖဿမုဒြာထိုင်တော်မူ ကျောက်ဆစ်ဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီး ပလ္လင်တော်အစိတ်အပိုင်းများကို ဇူလိုင်လအစောပိုင်းတွင် ခေတ္တထားရှိမည့် ဆီမီးခုံကျေးရွာလမ်းဆုံအနီးမင်္ဂလာနေရာသို့ ပင့်ဆောင်ပူဇော်ထား ရှိပြီးဖြစ်ကြောင်းနှင့် ပင့်ဆောင်ရန်ကျန်ရှိသော ဆင်းတုတော်အစိတ်အပိုင်းများအား ဆက်လက်ပင့်ဆောင်သွားမည်ဖြစ်သည်။

 

(Zawgyi Version)

ဘူမိဖႆမုျဒာထိုင္ေတာ္မူေက်ာက္ဆစ္ ဗုဒၶ႐ုပ္ပြားေတာ္ျမတ္ႀကီး၏ ဆင္းတုေတာ္ အစိတ္အပိုင္း(၁)အား ျပည္ႀကီးမြန္ေဖာင္ေတာ္ျဖင့္ ေလွေတာ္ဝင္းခင္း၍ ပင့္ေဆာင္ ပူေဇာ္ျခင္း မဟာမဂၤလာအခမ္းအနားက်င္းပ

ေနျပည္ေတာ္ ၊ ၾသဂုတ္ – ၂၈

ေနျပည္ေတာ္တြင္ တည္ထားကိုးကြယ္မည့္ ဘူမိဖႆမုျဒာ ထိုင္ေတာ္မူ ေက်ာက္ဆစ္ ဗုဒၶ႐ုပ္ပြားေတာ္ျမတ္ႀကီး၏ ဆင္းတုေတာ္အစိတ္အပိုင္း(၁)အား ျပည္ႀကီးမြန္ရတနာေ႐ႊေဖာင္ေတာ္ျဖင့္ ေလွေတာ္ဝင္းခင္း၍ ပင့္ေဆာင္ပူေဇာ္ျခင္း မဟာမဂၤလာအခမ္းအနားကို ယေန႔မြန္းလြဲပိုင္းတြင္ မႏၲေလးတိုင္းေဒသႀကီး၊ မတၱရာ ၿမိဳ႕နယ္ စက်င္ေက်း႐ြာအနီး၌ က်င္းပျပဳလုပ္ရာ သီတဂူကမာၻ႔ဗုဒၶတကၠသိုလ္မ်ားႏွင့္ သီတဂူ ေဆး႐ုံေတာ္မ်ား၏ အဓိပတိ၊ အဘိဓဇမဟာရ႒ဂု႐ု၊ အဘိဓဇအဂၢမဟာ သဒၶမၼေဇာတိက၊ အဂၢမဟာပ႑ိတ၊ မဟာဓမၼကထိက ဗဟုဇနဟိတဓရ၊ တြဲဖက္ေ႐ႊက်င္ သာသနာပိုင္၊ သီတဂူဆရာေတာ္ ေဒါက္တာ ဘဒၵႏၲ ဉာဏိႆရ အမႉးျပဳေသာ သံဃာ ေတာ္မ်ား ႂကြေရာက္ခ်ီးျမႇင့္ေတာ္မူၾကၿပီး တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ႏွင့္ ဇနီးေဒၚၾကဴၾကဴလွ၊ ကာကြယ္ေရးဦးစီးခ်ဳပ္(ေရ) ဗိုလ္ခ်ဳပ္ႀကီး တင္ေအာင္စန္း၊ ကာကြယ္ေရးဦးစီးခ်ဳပ္ (ေလ) ဗိုလ္ခ်ဳပ္ႀကီး ေမာင္ေမာင္ေက်ာ္ႏွင့္ဇနီး၊ ကာကြယ္ေရး ဦးစီးခ်ဳပ္႐ုံးမွ တပ္မေတာ္အရာရွိႀကီးမ်ား ႏွင့္ဇနီးမ်ား၊ အလယ္ပိုင္းတိုင္းစစ္ဌာနခ်ဳပ္ တိုင္းမႉး ဗိုလ္မႉးခ်ဳပ္ ကိုကိုဦးႏွင့္ ဖိတ္ၾကားထားေသာ ဧည့္သည္ေတာ္မ်ား တက္ေရာက္ၾကသည္။

ဦးစြာ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ အခမ္းအနားတက္ေရာက္ လာၾကသူ မ်ားက သီတဂူဆရာေတာ္ဘုရားႀကီးထံမွ ကိုးပါးသီလခံယူေဆာက္တည္ၾကကာ ဆရာေတာ္ဘုရားႀကီး အမႉးျပဳေသာ သံဃာေတာ္အရွင္သူျမတ္မ်ား ႐ြတ္ပြား သရဇၩာယ္ေတာ္မူၾကသည့္ ပရိတ္တရားေတာ္မ်ားကို နာယူၾကည္ညိဳၾကၿပီး နေမာတႆ သုံးႀကိမ္႐ြတ္ဆို၍ အခမ္းအနား ဖြင့္လွစ္ၾကသည္။

ထို႔ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က ဘူမိဖႆမုျဒာထိုင္ေတာ္မူ ေက်ာက္ဆစ္ဗုဒၶ႐ုပ္ပြားေတာ္ျမတ္ႀကီး ပင့္ေဆာင္ပူေဇာ္ျခင္းအတြက္ ဝမ္းေျမာက္႐ႊင္လန္း ဥဒါန္းစကားႁမြက္ၾကားရာတြင္ ယေန႔အခမ္းအနားသို႔ ႂကြေရာက္ခ်ီးျမႇင့္ေတာ္မူၾကေသာ ဆရာေတာ္၊ သံဃာေတာ္ အရွင္သူျမတ္မ်ားႏွင့္ ဧည့္ပရိသတ္အေပါင္း မဂၤလာ အေပါင္းႏွင့္ ျပည့္စုံၿပီး ႏွလုံးစိတ္ဝမ္းေအးခ်မ္းၾကပါေစေၾကာင္းျဖင့္ ဆုေတာင္း ေမတၱာ ပို႔သအပ္ပါေၾကာင္း၊ ဤကမာၻေလာကႀကီးတြင္ သဗၺညဳဘုရားရွင္ ပြင့္ထြန္းေပၚေပါက္ လာသည့္အတြက္ ေဝေနယ်သတၱဝါမ်ားအားလုံး ေကာင္းက်ိဳးခ်မ္းသာ ရရွိခံစား ႏိုင္သည္ဟု ေဟာၫႊန္ခ်က္မ်ားအရ မွတ္သားရပါေၾကာင္း၊ သဗၺညဳဘုရားရွင္၏ သာသနာေတာ္တြင္ မတၱရာၿမိဳ႕နယ္ စက်င္ေတာင္ေတာ္မွ ပင့္ေဆာင္ေတာ္မူသည့္ ေက်ာက္ေတာ္ႀကီးမ်ားျဖင့္ ထုဆစ္ေသာ ဗုဒၶ႐ုပ္ပြားေတာ္ျမတ္အဆူဆူတို႔သည္ သာသနာ့ေမာ္ကြန္းကို အစဥ္ထာဝရ ေဖာ္ၫႊန္းႏိုင္ခဲ့ပါေၾကာင္း၊ ေရွးယခင္ သာသနာျပဳ မင္းအဆက္ဆက္မွစ၍ ယေန႔ကာလတိုင္သည္အထိ စက်င္ေက်ာက္ေတာ္ႀကီး မ်ားကို ပင့္ေဆာင္၍ ဗုဒၶ႐ုပ္ပြားေတာ္ျမတ္မ်ားအျဖစ္ ထုဆစ္ပူေဇာ္ခဲ့ရာ အင္းဝေခတ္ ၌ တနဂၤေႏြမင္းသည္ အင္းဝၿမိဳ႕တြင္ “ေလာကသရဖူ ေက်ာက္ေတာ္ႀကီးဘုရား” စစ္ကိုင္းၿမိဳ႕တြင္ “ေလးကြၽန္းမာန္ေအာင္ ေက်ာက္ေတာ္ႀကီးဘုရား” တို႔ကို တည္ထား ပူေဇာ္ႏိုင္ခဲ့ပါေၾကာင္း။

အမရပူရေခတ္၊ ဘိုးေတာ္ဗဒုံမင္း လက္ထက္တြင္လည္း အသည္ဝန္၊ မဟာ မင္းလွေက်ာ္စြာ ဦးေဆာင္၍ ေတာင္သမံအင္းအေနာက္ဘက္၌ “ေနပူခံဘုရားႀကီး” ေခၚ “ေတာင္မင္းႀကီး ေက်ာက္ေတာ္ႀကီးဘုရား”ကို တည္ထားပူေဇာ္ႏိုင္ခဲ့ပါေၾကာင္း၊ ဗဒုံမင္း၏သားေတာ္ ဘႀကီးေတာ္ စစ္ကိုင္းမင္းသည္လည္း ေတာင္သမံအင္းအေရွ႕ ဘက္တြင္ “မဟာသက်ရံသီ ေက်ာက္ေတာ္ႀကီးဘုရား” ကို တည္ထားပူေဇာ္ႏိုင္ခဲ့ ပါေၾကာင္း၊ အလားတူ ရတနာပုံၿမိဳ႕တည္ နန္းတည္ ပၪၥမသဂၤါယနာတင္ မင္းတုန္းမင္း ႀကီးသည္လည္း မႏၲေလးေတာင္ေျခ၌ “ေက်ာက္ေတာ္ႀကီးဘုရား”ကို အသီတိသာဝက ရွစ္က်ိပ္ေသာ ရဟႏၲာအရွင္ျမတ္အပါး ၈၀ တို႔ၿခံရံ၍ သိုက္ၿမိဳက္သပၸာယ္စြာျဖင့္ တည္ထားပူေဇာ္ႏိုင္ခဲ့ပါေၾကာင္း။

ထို႔ေနာက္ ႏိုင္ငံေတာ္ၿငိမ္ဝပ္ပိျပားမႈတည္ေဆာက္ေရးအဖြဲ႕၊ တပ္မေတာ္အစိုးရ လက္ထက္တြင္ ရန္ကုန္တိုင္းေဒသႀကီး၊အင္းစိန္ၿမိဳ႕နယ္၊ မင္းဓမၼကုန္းေတာ္၌ “ေလာက ခ်မ္းသာ အဘယလာဘမုနိ ေက်ာက္ေတာ္ႀကီးဘုရား” ကို တည္ထားပူေဇာ္ႏိုင္ခဲ့ၿပီး ဒီမိုကေရစီေခတ္ဦး ပထမအစိုးရလက္ထက္တြင္ ျပည္ေထာင္စုနယ္ေျမ၊ ေနျပည္ေတာ္၊ ဥတၱရသီရိၿမိဳ႕နယ္၌ “ကုသိနာ႐ုံ ေလ်ာင္းေတာ္မူ ေက်ာက္ေတာ္ႀကီးဘုရား”ႏွင့္ ဥတၱရ သီရိၿမိဳ႕နယ္၊ ေအာင္ေမာဠိေတာင္ၫြန႔္ထက္တြင္ ပုဂံအာနႏၵာဘုရားေတာင္ဘက္မုခ္ ရွိ ကႆပဘုရားရွင္ပုံေတာ္အတိုင္း “မဟာသက်ရံသီ ရပ္ေတာ္မူ ႐ုပ္ရွင္ေတာ္ျမတ္ႀကီး” တို႔ကို အသီးသီးတည္ထားပူေဇာ္ႏိုင္ခဲ့ပါေၾကာင္း။

ယေန႔အခမ္းအနားတြင္ ပင့္ေဆာင္ပူေဇာ္မည့္ ဘူမိဖႆမုျဒာထိုင္ေတာ္မူ ေက်ာက္ဆစ္ ဗုဒၶ႐ုပ္ပြားေတာ္ျမတ္ႀကီး၏ ဆင္းတုေတာ္အစိတ္အပိုင္း(၁)အပါအဝင္ အစိတ္အပိုင္း ၉ ပိုင္းသည္ တန္ခ်ိန္ ၅ ေထာင္ေက်ာ္ရွိၿပီး Angelo Mining Company မွ ဦးေအာင္ခိုင္သန္း မိသားစုတို႔က ခရစ္ႏွစ္ ၂၀၁၃ ခုႏွစ္တြင္ Shwe Foundation သို႔ လႉဒါန္းခဲ့ျခင္းျဖစ္ပါေၾကာင္း၊ Shwe Foundation ၏ ေမတၱာရပ္ခံခ်က္ အရ ဘုရားတပည့္ေတာ္ဦးေဆာင္သည့္ ခုႏွစ္ရက္သားသမီး ဘုရားဒါယိကာ၊ ဒါယိကာမ တို႔က သီတဂူဆရာေတာ္ဘုရားႀကီး၊ ေ႐ႊသုဝဏ္ဆရာေတာ္ဘုရားႀကီးႏွင့္ ပါေမာကၡခ်ဳပ္ဆရာေတာ္ႀကီးတို႔၏ ၾသဝါဒမ်ားႏွင့္အညီ ဗုဒၶ႐ုပ္ပြားေတာ္ျမတ္ႀကီး ထုဆစ္ပူေဇာ္ရာတြင္ ျမတ္စြာဘုရားရွင္၏ သုံးဆယ့္ႏွစ္ပါးေသာ လကၡဏာေတာ္ႀကီး၊ ရွစ္ဆယ္ေသာ လကၡဏာေတာ္ငယ္တို႔ႏွင့္ သင့္ေလ်ာ္ညီၫြတ္ေသာ ဘူမိဖႆမုျဒာ ဟန္ ျဖင့္ ထုဆစ္ပူေဇာ္ရန္ႏွင့္ ပလႅင္အျမင့္ ၁၈ ေပ၊ ဉာဏ္ေတာ္အျမင့္ ၆၃ ေပ၊ စုစုေပါင္း ၈၁ ေပအျမင့္ေဆာင္ေစလ်က္ သဗၺညဳဘုရားရွင္၏ ၾကည္လင္သန႔္ရွင္း ျဖဴဝင္းေသာ ၾသဒါတဂုဏ္ေတာ္၊ သီရိဂုဏ္ေတာ္တို႔ႏွင့္ ျပည့္စုံေစရန္အတြက္ ေခတ္မီ နည္းစနစ္မ်ားျဖင့္ ထုဆစ္ပူေဇာ္သြားမည္ျဖစ္ပါေၾကာင္းျဖင့္ ဝမ္းေျမာက္ဖြယ္စကား ေလွ်ာက္ထားအပ္ပါေၾကာင္း။

ျပည္ေထာင္စုနယ္ေျမ၊ ေနျပည္ေတာ္၊ ဒကၡိဏသီရိၿမိဳ႕နယ္၊ ဗုဒၶဥယ်ာဥ္ေတာ္ အတြင္း ထုဆစ္ပုံေဖာ္ ပူေဇာ္သြားရန္အတြက္ မတၱရာၿမိဳ႕နယ္၊ စက်င္ေတာင္မွ ေျမာင္ျမစ္အတိုင္း၊ ယင္းမွ တစ္ဆင့္ ဧရာဝတီျမစ္ေၾကာင္းအတိုင္း ျမင္းၿခံၿမိဳ႕နယ္ရွိ ဆီမီးခုံဆိပ္ကမ္းသို႔ ေဒဝါဝင္း၊ ရာဇာဝင္းမ်ား လိုက္ပါပူေဇာ္သည့္ ကရဝိတ္ေ႐ႊေဖာင္ ေတာ္ ပါဝင္ေသာ ေလွေတာ္ဝင္းမ်ား ဝန္းရံခင္းက်င္းကာ ဘူမိဖႆမုျဒာထိုင္ေတာ္မူ ေက်ာက္ဆစ္ဗုဒၶ႐ုပ္ပြားေတာ္ေလာင္းလ်ာ ပင္မေက်ာက္ေတာ္ႀကီးအား” ျပည္ႀကီးမြန္ ရတနာေ႐ႊေဖာင္ေတာ္ႀကီး”ျဖင့္ ပင့္ေဆာင္ပူေဇာ္ျခင္း မဟာမဂၤလာအခမ္းအနားကို ယေန႔တြင္ ဆင္ယင္က်င္းပႏိုင္ခဲ့ၿပီ ျဖစ္ပါေၾကာင္း။

ဆက္လက္၍ ရာသီဥတု ေကာင္းမြန္သာယာၿပီး သင့္ေလ်ာ္ေကာင္းျမတ္သည့္ မဂၤလာအခ်ိန္ကာလတြင္ “ျပည္ေတာ္ဝင္အခမ္းအနား” အျဖစ္ ျမင္းၿခံၿမိဳ႕နယ္ ဆီမီးခုံမွ တံတားဦးအဝိုင္း၊ ယင္းမွ တစ္ဆင့္ မႏၲေလး-ရန္ကုန္ အျမန္လမ္းအတိုင္း ရာဇဌာနီေခၚ မင္းေနျပည္ေတာ္သို႔ ပင့္ေဆာင္ပူေဇာ္သြားမည္ျဖစ္ပါေၾကာင္း၊ ဘုန္းတန္ခိုးေတာ္ႀကီး မားေတာ္မူလွေသာ သဗၺညဳျမတ္စြာဘုရား၏ ေဟာၾကားၫႊန္ျပ
သဒၶမၼသုံးျဖာ သာသနာေတာ္ျမတ္ႀကီးကို ဘုန္းကံျမင့္မားၾကသည့္ ကုသိုလ္ရွင္ပါရမီရွင္မ်ားသာ ခ်ီးေျမႇာက္ေထာက္ပံ့လႉဒါန္းပူေဇာ္ခြင့္ ရရွိႏိုင္သည့္အတြက္ ယခုကဲ့သို႔ မဟာမဂၤလာ အခမ္းအနားႀကီး က်င္းပ၍ အမ်ိဳးဘာသာသာသနာကို တည္တံ့ဖြံ႕ၿဖိဳးတိုးတက္ေအာင္ ေဆာင္႐ြက္ရသည့္ ထူးျခားလွသည့္ ကုသိုလ္ေတာ္ပါရမီ စြမ္းအားေၾကာင့္ ႏိုင္ငံေတာ္ ႀကီး ၿငိမ္းခ်မ္းသာယာဖြံ႕ၿဖိဳးတိုးတက္ပါေစေၾကာင္း၊ ကပ္ေရာဂါဆိုးမ်ား ကင္းရွင္း၍ က်န္းမာခ်မ္းသာၾကပါေစေၾကာင္း၊ ေထရဝါဒ ဗုဒၶသာသနာေတာ္ျမတ္ႀကီး အဓြန႔္ရွည္ ၾကာစြာ တည္တံ့ထြန္းလင္းႏိုင္ပါေစေၾကာင္း၊ ဘူမိဖႆမုျဒာထိုင္ေတာ္မူ ေက်ာက္ဆစ္ ဗုဒၶ႐ုပ္ပြားေတာ္ျမတ္ႀကီး တည္ထားကိုးကြယ္ျခင္း၏ ေကာင္းျမတ္ေသာ ရည္႐ြယ္ခ်က္ မ်ားႏွင့္အညီ လွ်င္ျမန္ေခ်ာေမြ႕စြာ ေအာင္ျမင္ၿပီးေျမာက္ပါေစေၾကာင္း ဆုမြန္ ပတၳနာေလာင္း၍ ဝမ္းေျမာက္႐ႊင္လန္း ဥဒါန္းစကားေလွ်ာက္ထားကာ သာသနာ့ေမာ္ ကြန္း ေဖာ္ၫႊန္းအပ္ပါေၾကာင္းျဖင့္ ေလွ်ာက္ထားသည္။

ဆက္လက္၍ ဘူမိဖႆမုျဒာထိုင္ေတာ္မူေက်ာက္ဆစ္ ဗုဒၶ႐ုပ္ပြားေတာ္ျမတ္ႀကီး ပင့္ေဆာင္ပူေဇာ္ရန္ သီတဂူဆရာေတာ္ဘုရားႀကီးအား တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္အမႉးျပဳေသာ ဧည့္သည္ေတာ္မ်ားႏွင့္ ေဒဝါဝင္း၊ ရာဇာဝင္းမ်ားက ျပည္ႀကီးမြန္ ေဖာင္ေတာ္ထက္သို႔ ပင့္ေဆာင္ၾကကာ ဆင္းတုေတာ္အစိတ္အပိုင္း(၁)ကို အေမႊး နံ႔သာရည္မ်ားျဖင့္ ပက္ျဖန္းပူေဇာ္ၿပီး မဂၤလာေလွေတာ္ဝင္းအဖြဲ႕မွ ေလွေလွာ္သံ တက္ယိမ္း ျဖင့္ ပူေဇာ္ၾကသည္။

ဆက္လက္၍ ျပည္ႀကီးမြန္ေဖာင္ေတာ္ႀကီး စတင္ထြက္ခြာရန္အတြက္ ေလွေလွာ္သားမ်ားက ေလွေလွာ္သံသီခ်င္းျဖင့္ ပင့္ေဆာင္ပူေဇာ္၍ မဂၤလာစည္ေတာ္ ႀကီးအဖြဲ႕က ေရကင္းသံတီးမႈတ္ပူေဇာ္ၾကကာ နတ္ေဒဝါမ်ားကို အမွ်ေပးေဝျခင္း ေဆာင္႐ြက္ၾကၿပီး ဘူမိဖႆမုျဒာထိုင္ေတာ္မူ ေက်ာက္ဆစ္ဗုဒၶ႐ုပ္ပြားေတာ္ေလာင္းလ်ာ ပင္မေက်ာက္ေတာ္ႀကီးအား တင္ေဆာင္ထားသည့္ ” ျပည္ႀကီးမြန္ ရတနာေ႐ႊ ေဖာင္ေတာ္ႀကီး” သည္ မဂၤလာအခ်ိန္တြင္ စတင္ထြက္ခြာရာ သီတဂူဆရာေတာ္ဘုရား ႀကီး၊ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ တက္ေရာက္လာၾကသည့္ ဧည့္ပရိသတ္ အေပါင္းတို႔က မုခ္ဦးကမ္းနဖူးမွ ၾကည္ညိဳပူေဇာ္ခဲ့ၾကသည္။

ယင္းေနာက္ ဗုဒၶသာသနံစိရံတိ႒တု သုံးႀကိမ္ ႐ြတ္ဆိုဆုေတာင္း၍ အခမ္းအနား ေအာင္ျမင္ၿပီးေျမာက္ျခင္း အထိမ္းအမွတ္အျဖစ္ ရတနာေ႐ႊမိုးေငြမိုး ႐ြာသြန္းၿဖိဳး ခဲ့ၾကသည္။

ယေန႔အခမ္းအနားျဖင့္ ပင့္ေဆာင္ခဲ့သည့္ ဆင္းတုေတာ္အစိတ္အပိုင္း(၁) စက်င္ေက်ာက္ေတာ္ႀကီးသည္ အေလးခ်ိန္ ၉၇၀ တန္ခန႔္ရွိၿပီး M.V Moon Light ေရယာဥ္ျဖင့္ တင္ေဆာင္၍စက်င္ေတာင္မွ ေျမာင္ျမစ္အတိုင္း ဧရာဝတီျမစ္အတြင္း မွတစ္ဆင့္ ဆီမီးခုံဆိပ္ကမ္းသို႔ ပင့္ေဆာင္မည္ျဖစ္ၿပီး ၾသဂုတ္ ၂၉ ရက္တြင္ ဆီမီးခုံ ဆိပ္ကမ္းသို႔ ေရာက္ရွိမည္ျဖစ္ပါသည္။ ဘူမိဖႆမုျဒာထိုင္ေတာ္မူ ေက်ာက္ဆစ္ဗုဒၶ ႐ုပ္ပြားေတာ္ျမတ္ႀကီး ပလႅင္ေတာ္အစိတ္အပိုင္းမ်ားကို ဇူလိုင္လအေစာပိုင္းတြင္ ေခတၱထားရွိမည့္ ဆီမီးခုံေက်း႐ြာလမ္းဆုံအနီးမဂၤလာေနရာသို႔ ပင့္ေဆာင္ပူေဇာ္ထား ရွိၿပီးျဖစ္ေၾကာင္းႏွင့္ ပင့္ေဆာင္ရန္က်န္ရွိေသာ ဆင္းတုေတာ္အစိတ္အပိုင္းမ်ားအား ဆက္လက္ပင့္ေဆာင္သြားမည္ျဖစ္သည္။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။