တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA) ချုပ်ဆိုခြင်း (၅)နှစ်မြောက်နှစ်ပတ်လည်နေ့တွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ပြောကြားသည့်မိန့်ခွန်း

နေပြည်တော်၊ အောက်တိုဘာ ၁၅

ချစ်ခင်လေးစား အပ်ပါတဲ့ ပြည်ထောင်စု ဖွားတိုင်းရင်းသား ညီအစ်ကိုမောင်နှမများ ခင်ဗျား-

လွန်ခဲ့တဲ့ (၅)နှစ် ယခုလိုအချိန်မှာ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် NCA မှာ ပါဝင်ကြသူများ၊ NCA စာချုပ်ကြီး လက်မှတ်ရေးထိုး နိုင်ဖို့အတွက် ဝိုင်းဝန်းဆောင်ရွက်ပေးကြတဲ့ တိုင်းရင်းသား ခေါင်းဆောင်များ၊ ပြည်တွင်းနဲ့ နိုင်ငံတကာအသိသက်သေများနဲ့ ပြည်ထောင်စုမြန်မာနိုင်ငံ အတွင်းမှာရှိတဲ့ ရဟန်းရှင်လူပုဂ္ဂိုလ်များအပေါင်း ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်းတို့နဲ့ ပြည့်စုံပြီး တိုင်းပြည်ရဲ့ငြိမ်းချမ်းရေး အကျိုးကို ဆတက်ထမ်းပိုး ထမ်းဆောင်နိုင်ကြပါစေကြောင်း ဦးစွာဆန္ဒပြု နှုတ်ခွန်းဆက်သအပ်ပါတယ်။

ဒီနေ့ဟာ တစ်နိုင်ငံလုံးပစ်ခတ်တိုက် ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA)ချုပ်ဆိုခဲ့တဲ့ (၅)နှစ်မြောက် နှစ်ပတ်လည် နေ့ပဲဖြစ်ပါတယ်။ ဒီစာချုပ်မှာ ကျွန်တော် ကိုယ်တိုင်ပါဝင်ရေးထိုးခဲ့ပါတယ်။ လွန်ခဲ့တဲ့ ၅ နှစ် ယခင်သမ္မတ ဦးသိန်းစိန်ဦးဆောင်တဲ့ ဒီမိုကရေစီပထမအစိုးရ လက်ထက်မှာ ဒီအချိန်မှာ မြန်မာ့ငြိမ်းချမ်းရေးအတွက် အထင်ကရ မှတ်တိုင်ဖြစ်တဲ့ NCA ကို လက်မှတ်ရေးထိုးနိုင်ခဲ့ခြင်းပဲ ဖြစ်ပါတယ်။

ဒီစာချုပ်ဟာ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး (Ceasefire)လို့ အမည်တပ်ထားပေမယ့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး ရည်မှန်းချက်ထက် ပိုမိုနက်ရှိုင်းတဲ့ ရည်ရွယ်ချက်တွေ၊ အကျိုးတရားတွေ၊ စစ်မှန်ခိုင်မာမှန်ကန်တဲ့ ထာဝရငြိမ်းချမ်းရေး လမ်းကြောင်းကို လျှောက်လှမ်းနိုင်မယ့် အာမခံချက်တွေ၊ တိုင်းရင်းသားတွေ လိုလားနေတဲ့ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်တို့ကို အခြေခံတဲ့ ပြည်ထောင်စုကို တည်ဆောက်မယ်ဆိုတဲ့ အာမခံချက်တွေ ဒီစာချုပ်မှာ အကုန် ပါဝင်နေတာကို အားလုံးသိရှိပြီး ဖြစ်ကြမှာ ဖြစ်ပါတယ်။

ကျွန်တော်တို့နိုင်ငံဟာ တိုင်းရင်းသား လူမျိုး ၁၃၅ မျိုး အတူတကွ ယှဉ်တွဲနေထိုင်ခဲ့ရာနိုင်ငံလည်း ဖြစ်ပါတယ်။ ၁၉ ရာစု အတွင်း ကမ္ဘာကို နယ်ချဲ့လွှမ်းမိုးလာတဲ့ အင်္ဂလိပ်တို့ဟာ မြန်မာနိုင်ငံကို ကျူးကျော်စစ်သုံးကြိမ်ဆင်နွှဲပြီး ၁၈၂၄ ခုနှစ်မှာရခိုင်၊ တနင်္သာရီဒေသ၊ ၁၈၅၂ ခုနှစ်မှာ အောက်မြန်မာနိုင်ငံနဲ့ ၁၈၈၅ ခုနှစ်မှာ တော့ တစ်နိုင်ငံလုံးကို သိမ်းပိုက်ခဲ့တယ်။ ဒါ့ကြောင့် ရခိုင်၊ တနင်္သာရီဒေသဟာ အင်္ဂလိပ်တွေရဲ့လက်အောက်မှာ ၁၂၄ နှစ်၊ အောက်မြန်မာနိုင်ငံဟာ ၉၆ နှစ်၊ မြန်မာနိုင်ငံတစ်ခုလုံးဟာ ၆၃ နှစ် နယ်ချဲ့တွေရဲ့ လက်အောက်မှာနေခဲ့ရပါတယ်။

နယ်ချဲ့တို့ဟာ မြန်မာနိုင်ငံကို သူတို့ရဲ့ အင်ပါယာလက်အောက်ခံနိုင်ငံအဖြစ် သိမ်းသွင်းပြီးကတည်းက မြန်မာ့လွတ်လပ် ရေးဟာဆုံးရှုံးခဲ့ရသလို ဘုရင်စနစ်အုပ်ချုပ်ရေးကိုလည်း အဆုံးသတ်အောင် အုပ်ချုပ်ရေးပုံစံ အမျိုးမျိုးနဲ့ ဆောင်ရွက်ခဲ့ ပါတယ်။ နယ်ချဲ့အင်္ဂလိပ်တွေဟာ ဗမာနဲ့တိုင်းရင်းသားတွေ ပူးပေါင်းမိပြီး အင်အား တောင့်တင်းလာမှာကို စိုးရိမ်ခဲ့ကြပါတယ်။ မပူးပေါင်းမိအောင်လည်း တိုင်းရင်းသား ဒေသတွေနဲ့မြန်မာပြည်အလယ်ပိုင်းဒေသကို သွေးခွဲအုပ်ချုပ်နိုင်ရေး အက်ဥပဒေ၊ စည်းမျဉ်းဥပဒေ၊ စီရင်အုပ်ချုပ်မှုအက် ဥပဒေ စတာတွေပြဋ္ဌာန်းပြီး ဒီဥပဒေတွေ နဲ့ သူတို့လိုလားတဲ့ အုပ်ချုပ်မှုပုံစံ သိမ်းသွင်းခဲ့တာကို ကျွန်တော်တို့ တိုင်းရင်းသား ညီနောင်များ သတိပြုစေချင်ပါတယ်။ ဒီလိုဥပဒေတွေ၊ သွေးခွဲအုပ်ချုပ်မှုတွေကြောင့် တိုင်းရင်းသားတွေဟာ ဖွံ့ဖြိုးတိုးတက်မှု နောက်ကျခဲ့တာ၊ ပြည်နယ်၊ ပြည်မတွေ အထင်အမြင်လွဲ သွေးကွဲခဲ့တာတွေ ဖြစ်ခဲ့ရပါတယ်။ သူတို့ဟာ မြန်မာနိုင်ငံက သယံဇာတတွေထုတ်ယူဖို့ လုပ်ခဲ့တာကလွဲရင် မြန်မာနိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဘာမှလုပ်ခဲ့တာမရှိပါဘူး။ ဥပမာ-ဧရာဝတီ မြစ်ကူးတံတားဆိုရင် တစ်စင်းပဲရှိခဲ့တာကို တွေ့နိုင်ပါတယ်။ မြန်မာနိုင်ငံကို လွတ်လပ်ရေးပေးဖို့ အခြေအနေရှိ လာတဲ့အခါ တိုင်းရင်းသားဒေသတွေ ချန်လှပ်ထားနိုင် ဖို့အထိ သွေးခွဲမှုအရှိန်အဟုန်ပြင်းထန် လာအောင် ဆောင်ရွက်ခဲ့တဲ့အတွက် လွတ်လပ်ရေးရရှိနိုင်ဖို့အထိ အချိန်ကာလများစွာ ယူခဲ့ရပါတယ်။ ၁၉၄၇ ခုနှစ်မှာ ပြည် ထောင်စုစိတ်ဓာတ်ဖြင့် ပင်လုံစာချုပ်ကြီး ကို တညီတညွတ်တည်း အတည်ပြုပြဋ္ဌာန်း လက်မှတ်ရေးထိုးနိုင်ခဲ့လို့ လွတ်လပ်တဲ့ ပြည်ထောင်စု မြန်မာနိုင်ငံတော်ကြီး တစည်းတလုံးတည်း ပေါ်ထွန်းလာခဲ့ပါတယ်။

အဲ့ဒီခေတ်ကာလ နယ်ချဲ့ကိုလိုနီ လက်အောက်နိုင်ငံ အချို့ရဲ့ လွတ်လပ်ရေး ကြိုးပမ်းမှု သမိုင်းတွေကို လေ့လာကြည့်ရင်လည်း ဖိနှိပ်ခံရမှု၊ သွေးခွဲခံရမှု၊ လွတ်လပ် ရေးမပေးရအောင် ပြည်တွင်းစစ်များဖန် တီးမှု၊ မလွှဲသာလို့ လွတ်လပ်ရေး ပေးရတော့မယ်ဆိုလည်း အဲ့ဒီနိုင်ငံလွတ်လပ်ပြီး မကြာခင်တစ်နည်း တစ်ဖုံအားဖြင့် သူတို့အနေနဲ့ ပြန်လည်လွှမ်းမိုးမှုရနိုင်အောင် ဆောင်ရွက်ထားမှု စတဲ့နည်းမျိုးစုံဖြင့် ပြိုကွဲအောင် ထိုးနှက်တိုက်ခိုက်ဆောင်ရွက်တာကို တွေ့ရှိရမှာ ဖြစ်ပါတယ်။ ဒီလိုပဲ ကျွန်တော်တို့နိုင်ငံကိုလည်း လွတ်လပ်ရေးနဲ့ ဝေးအောင် သွေးခွဲခဲ့တယ်။ လွတ်လပ်ရေး မပေးမဖြစ်ပေးရမယ့် အခြေအနေရှိ လာပြန်တော့လည်း ခွဲထွက်ရေး၊ ကွဲအက်ရေး လှုပ်ရှားမှုများ၊ ဆူပူမှုများ၊ လက်နက်ကိုင် သောင်းကျန်းမှုများဆက်တိုက်ဖန်တီးခဲ့ပါတယ်။ ဒါ့ကြောင့်လည်း လွတ်လပ်ရေးရစမှာပင် နယ်ချဲ့ဆိုးမွေ အဖြစ်ပါလာတဲ့ သွေးကွဲမှုအခြေခံဝါဒစွဲ၊ ဂိုဏ်းဂဏစွဲတွေကြောင့် အရောင်အသွေးစုံတဲ့အတွက် ပြည်သူကခေါ်တဲ့ ရောင်စုံသောင်းကျန်းမှုကြီး ပေါ်ပေါက်လာခဲ့တာ ယနေ့ဆိုနှစ်ပေါင်း ၇၀ ကျော်မျှရှိနေပါပြီ။ လွတ်လပ်ရေးရပြီး နိုင်ငံ့တာဝန်ယူခဲ့ရတဲ့ အစိုးရအဆက်ဆက်က သောင်းကျန်းမှုချုပ်ငြိမ်းရေး၊ ပြည်တွင်းငြိမ်းချမ်းရေးရရှိရေးတို့ကို ကြိုးပမ်းခဲ့ကြပါတယ်။

ဒါပေမဲ့လည်း အမျိုးမျိုးသောအကြောင်းကြောင်းတွေကြောင့် ကျွန်တော်တို့ အပြည့်အဝ မအောင်မြင်ခဲ့ကြရတာ ဖြစ်ပါတယ်။

တိုင်းရင်းသားညီနောင်များခင်ဗျား-

ကျွန်တော်တို့နိုင်ငံဟာ လွတ်လပ်ရေးရပြီးတဲ့ခေတ်မှာ ပါလီမန်ဒီမိုကရေစီစနစ်ကို ကျင့်သုံးခဲ့ပါတယ်။ ၁၉၅၈ ခုနှစ် အိမ်စောင့်အစိုးရ၊ ၁၉၆၂ ခုနှစ်မှာ တော်လှန်ရေးကောင်စီအစိုးရတို့အုပ်ချုပ်ခဲ့ပြီး ၁၉၇၄ ခုနှစ်မှ ၁၉၈၈ ခုနှစ်အထိ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီအစိုးရက ဆိုရှယ်လစ်စနစ်ကို ကျင့်သုံးအုပ်ချုပ်ခဲ့တာပဲ ဖြစ်ပါတယ်။

၁၉၈၈ ခုနှစ်မှာ ပါတီစုံစနစ်ကို သွားနိုင်ဖို့ ဒီမိုကရေစီအရေးလှုပ်ရှားမှု များနဲ့အတူ ပေါ်ပေါက်လာခဲ့တဲ့ မငြိမ်မသက်မှုများ ကြောင့် ၁၉၈၈ ခုနှစ်၊ စက်တင်ဘာလ ၁၈ ရက်နေ့မှာ တပ်မတော်မှ နိုင်ငံတော်တာဝန်ကို လွှဲပြောင်းရယူခဲ့ပြီး နိုင်ငံရဲ့သမိုင်းဖြစ်စဉ်အရ ပြည်ထောင်စု မပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှု မပြိုကွဲရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးဆိုတဲ့ ဒို့တာဝန်အရေး(၃)ပါးကို အမျိုးသားနိုင်ငံရေးအဖြစ် ခံယူခဲ့ပါတယ်။ ငြိမ်းချမ်းရေး ဖိတ်ခေါ်ကမ်းလှမ်းခြင်းတွေကို စေတနာ မှန်စွာဖြင့်ဖိတ်ခေါ်ခဲ့ကာ လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက် နိုင်ခဲ့လို့လည်း တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ တစ်ဖွဲ့ပြီးတစ်ဖွဲ့ ဆက်တိုက်ငြိမ်းချမ်းရေး ရယူနိုင်ခဲ့လို့ တစ်နိုင်ငံလုံးနီးပါးငြိမ်းချမ်းရေး တည်ဆောက်နိုင်ခဲ့တဲ့အထိ ဖြစ်ခဲ့ရပါတယ်။ တပ်မတော်ဟာ တိုင်းရင်းသားလူမျိုး အရေးကို မိမိတို့သွေးချင်းများရဲ့ အရေးလို့သဘောပိုက်ပြီး ခေတ်အဆက်ဆက် ဆောင်ရွက်ခဲ့ကြောင်း အသိပေးလိုပါတယ်။

တိုင်းရင်းသားညီအစ်ကိုများခင်ဗျား-

တပ်မတော်အစိုးရလက်ထက် ငြိမ်းချမ်းရေးရယူခဲ့တဲ့ အဖွဲ့အစည်းတွေအနေနဲ့ ငြိမ်းချမ်းရေးရယူခဲ့ရာမှာ ယာယီနေထိုင်ရေး နယ်မြေကန့်သတ် သဘောတူညီချက်တွေ၊ ဒေသဖွံ့ဖြိုးရေးအတွက် သဘောတူညီချက် တွေစတဲ့ Gentleman Agreement တွေ သာရှိခဲ့ပါတယ်။ ဒါ့အပြင် လက်နက်စွဲကိုင်ထားပြီး အပစ်အခတ် ရပ်စဲထားတဲ့ အခြေအနေ၊ အစိုးရအပေါ် ယုံကြည်လို့ လက်နက်စွန့်လွှတ်ပြီး ငြိမ်းချမ်းရေးကို အစစ်အမှန်မြတ်နိုးတာကြောင့် လက်နက်နဲ့ ငြိမ်းချမ်းရေး လဲလှယ်တဲ့ အခြေအနေဆိုပြီး အမျိုးမျိုးကွဲပြားစွာ ငြိမ်းချမ်းရေးကို ဖော်ဆောင်ခဲ့ပါတယ်။ ယနေ့ အချိန်အခါကတော့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ မူဘောင်အတွင်းကနေ နိုင်ငံရေးပါတီများ ထူထောင်ပြီး ရွေး ကောက်ပွဲများမှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့ ဆုံးဖြတ်ထားတဲ့ နိုင်ငံရေးအင်အားစုများအပြင် နိုင်ငံရေး သဘောထား ကွဲလွဲမှုတွေကို တခြားသောနည်းလမ်းနဲ့ ဖြေရှင်းဖို့ကြိုးပမ်းနေကြတဲ့ လက်နက်ကိုင်အင်အားစုများလည်း ရှိနေခဲ့ကြတာကို သတိပြုရမှာပဲ ဖြစ်ပါတယ်။ ပြည်သူလူထုလိုလားတောင့်တတဲ့ ပါတီစုံဒီမိုကရေစီစနစ်နဲ့ နိုင်ငံတော်ကို အုပ်ချုပ်နေတာ ဖြစ်ပါတယ်။ ပါတီစုံဒီမိုကရေစီစနစ်ဟာ ပြည်သူလူထုရဲ့ဆန္ဒပါ။ ဒီမိုကရေစီနဲ့ ကိုက်ညီတဲ့အပြုအမူ၊ အလေ့အထ၊ လုပ်ဆောင်ချက်တွေရှိဖို့လိုအပ်ပါတယ်။ ဒါ့ကြောင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို ဒီမိုကရေစီ စံနှုန်းတွေအတိုင်း၊ အများစုက လက်ခံသဘောတူညီချက်တွေအတိုင်း အခြေခံထားဆောင်ရွက်ကြဖို့ လိုအပ်ပါတယ်။ ဒီမိုကရေစီနဲ့အညီ ဒေသအားလုံးတူညီတဲ့ ဒီမိုကရေစီအုပ်ချုပ်ရေးကိုသွားဖို့ လိုအပ်ပါတယ်။ ကျေးလက်ဒေသနဲ့ မြို့ပြဒေသ အကြား၊ ပြည်နယ်နဲ့ တိုင်းဒေသကြီးအကြား၊ ဒေသတစ်ခုနဲ့တစ်ခုအကြား ဆူကြုံနိမ့်မြင့်ကွဲခြားနေမှုကို ကွဲပြားမှု၊ ကွာခြားမှုမရှိစေရေး ကြိုးပမ်းဆောင်ရွက်ရမှာ ဖြစ်ပါတယ်။

ဒါ့ကြောင့် ၂၀၁၁ ခုနှစ် ဒီမိုကရေစီပထမ အစိုးရသက်တမ်းကာလမှာ ရွေးချယ်ခံ အစိုးရအနေနဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး ဖြစ်စဉ်တွေနဲ့အတူ ပြည်တွင်းငြိမ်းချမ်းမှု ရရှိရေး ဖြစ်စဉ်တွေကို သမိုင်းပေးလုပ်ငန်း တာဝန်အနေနဲ့ ခံယူကာ တစ်ချိန်တည်း တစ်ပြိုင်တည်းထား ဆောင်ရွက်ခဲ့တာကိုလည်း တွေ့ရှိရမှာဖြစ်ပါတယ်။ ဒီမိုကရေစီစနစ်ကို ပြုပြင်ပြောင်းလဲတဲ့နေရာမှာ ငြိမ်းချမ်းရေးမရရှိဘဲ အပြောင်းအလဲကိုသွားဖို့ ဆိုတာ ခက်ခဲမှာ ဖြစ်ပါတယ်။ ဒါ့ကြောင့် တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ထာဝရငြိမ်းချမ်းရေး ရရှိရန်အတွက် ၂၀၁၁ ခုနှစ်၊ သြဂုတ်လ ၁၈ ရက်မှာ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေကို ငြိမ်းချမ်းရေး ဖိတ်ခေါ်ကမ်းလှမ်းမှုတွေ ပြုလုပ်ခဲ့ပြီး ကဏ္ဍသစ်တစ်ရပ် ကျွန်တော်တို့ ဖွင့်လှစ်ခဲ့ပါတယ်။

ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင် ရေးလုပ်ငန်းကော်မတီနဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများရဲ့ ကိုယ်စားလှယ်များဟာ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (Nationwide Ceasefire Agreement-NCA)ကို အတူတကွ ညှိနှိုင်း ရေးဆွဲခဲ့ကြပါတယ်။ ၂၀၁၃ခုနှစ်၊ နိုဝင်ဘာလ ၂ ရက်မှာ လိုင်ဇာညီလာခံကနေစပြီး တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်ရေးဆွဲရေး သဘောတူ ညီမှုရရှိခဲ့ပါတယ်။ ၂၀၁၅ ခုနှစ်၊ မတ်လ ၃၁ ရက်မှာ တစ်ခုတည်းသော တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (မူကြမ်း) ရရှိခဲ့ပါတယ်။ ကျွန်တော်ဒါတွေကို ထည့်သွင်းပြောကြားရခြင်းဟာလည်း ငြိမ်းချမ်းရေးအတွက် ကျွန်တော်တို့ ပြီးစလွယ်၊ အလျင်အမြန် လုပ်ဆောင်ခဲ့တာ မဟုတ်ဘဲ ဘယ်လောက် ကြိုးစားလုပ်ကိုင်ခဲ့ရတယ်။ တွေ့ကြုံရတဲ့ အခက်အခဲတွေကို ကျွန်တော်တိုရဲ့ညီညွတ်တဲ့ ပေါင်းစည်းစွမ်းအားများနဲ့ ဘယ်လိုကျော်ဖြတ်ခဲ့ရတယ်ဆိုတာကို အမှတ်ရစေဖို့နဲ့ နောင်ဆက်လက် လုပ်ဆောင်မယ့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေအတွက် ခွန်အားတွေဖြစ်စေဖို့ဖြစ်ပါတယ်။ ပထမစာချုပ်မူကြမ်းကနေ NCA စာချုပ်အထိကို သဘောတူညီမှုရရှိအောင် ၆ ကြိမ်တိုင်တိုင် ညှိနှိုင်းဆွေးနွေးကြရာမှာ အခန်းတစ်ခန်းချင်း၊ ပုဒ်မတစ်ခုချင်း၊ စာပိုဒ်တစ်ပိုဒ်ချင်း၊ စာလုံးအသုံးအနှုန်းတစ်ခုချင်းကို အသေးစိတ်အကျေအလည် ဆွေးနွေးပြီး အားလုံး သဘောတူညီချက်ရရှိပြီးမှ စာချုပ်မှာ ထည့်သွင်းရေးသားခဲ့တာပဲ ဖြစ်ပါတယ်။

NCA ထဲမှာပါဝင်တဲ့ သဘောတူညီချက် အားလုံးနီးပါးဟာ တိုင်းရင်းသားလက်နက်ကိုင်များဘက်က တင်ပြချက်များအပေါ် အခြေခံပြီး အစိုးရနဲ့တပ်မတော်ဘက်က ညှိနှိုင်းပေးခဲ့တာပဲ ဖြစ်ပါတယ်။ အစိုးရ၊ လွှတ်တော်၊ တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများက ကိုယ်စားလှယ်တွေရဲ့ ဝိုင်းဝန်းကြိုးပမ်းမှု၊ သည်းခံမှု၊ သဘောထားကြီးမှု၊ အနစ်နာခံကြိုးစား အားထုတ်မှုတွေကြောင့် တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်ကို ၂၀၁၅ ခုနှစ်၊ အောက်တိုဘာလ ၁၅ ရက်နေ့မှာ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း ၈ ဖွဲ့နဲ့သမိုင်းဝင်သဘောတူ လက်မှတ်ရေးထိုး နိုင်ခဲ့ပါတယ်။ ယနေ့ဆိုလျှင် (၅)နှစ်ပြည့်မြောက်ခဲ့ပြီ ဖြစ်ပါတယ်။

၂၀၁၈ ခုနှစ်မှာ နှစ်ဖွဲ့နဲ့ထပ်မံလက်မှတ်ရေးထိုးနိုင်ခဲ့ပါတယ်။ NCA ဖြစ်ပေါ်လာမှုဟာ ခက်ခက်ခဲခဲနက်နက် ရှိုင်းရှိုင်းနဲ့ကြိုးပမ်း ခဲ့ရတာပဲဖြစ်ပါတယ်။ ဒါ့ကြောင့်လည်း ပါဝင်သူများအားလုံးကို အသိအမှတ်ပြု ဂုဏ်ပြုမှတ်တမ်းတင် အပ်ပါတယ်။

NCA စာချုပ်လက်မှတ်ရေးထိုးအပြီး၄ နှစ်တာကာလအတွင်းမှာ နောက်ထပ်၂ ဖွဲ့နဲ့သာ လက်မှတ်ရေးထိုးနိုင်ခဲ့ပြီး နောက် ၅ နှစ်တာကာလ အတွင်းမှာတော့ ထိထိရောက်ရောက် တိုးတက်မှုမပြနိုင်ဘဲ ပြည်ထောင်စု သဘောတူစာချုပ် (Union Accord) ရဲ့ အစိတ်အပိုင်းများကိုသာ သဘောတူညီမှု ရရှိနိုင်ခဲ့တာကို တွေ့ရှိရပါတယ်။ လက်နက်ကိုင်ပဋိပက္ခတွေ စောစောစီးစီးချုပ်ငြိမ်းလေ နိုင်ငံဖွံ့ဖြိုးတိုးတက်မှုကလည်း စောစောစီးစီး ရမှာဖြစ်တဲ့အတွက် လက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းရေး NCA လမ်းကြောင်းကို စောနိုင်သမျှ စောစောလျှောက်လှမ်းဖို့ တိုက်တွန်းလိုပါတယ်။

တိုင်းရင်းသားညီနောင်များခင်ဗျား-

NCA စာချုပ်ဟာ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်လို့ အမည်တွင်ပေမယ့် စာချုပ်ထဲမှာ ပါဝင်ခဲ့တဲ့ သဘောတူညီချက်တွေဟာ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုတာထက် ပိုမိုကျယ်ပြန့်ပါတယ်။ NCA ရဲ့ အခြေခံမူတွေထဲမှာ လက်နက်ကိုင်ပဋိပက္ခများ အဆုံးသတ်နိုင်ရေး ဆွေးနွေးညှိနှိုင်း အဖြေရှာရေး၊ နိုင်ငံရေးပြဿနာကို စစ်ရေးနည်းလမ်းဖြင့် ဖြေရှင်းခြင်းမပြုဘဲ နိုင်ငံရေးနည်းဖြင့် ဖြေရှင်းမယ့် နိုင်ငံရေး ယဉ်ကျေးမှုအသစ်တစ်ရပ်ကို ထူထောင်ပြီး တန်းတူရည်တူအခွင့်အရေးရရှိမယ့် ရေရှည်တည်တံ့ခိုင်မြဲတဲ့ငြိမ်းချမ်းရေး တည်ဆောက်ရန် သဘောတူထားကြတာဖြစ်တဲ့အတွက် NCA မှာပါတဲ့ နိုင်ငံရေးလမ်းပြမြေပုံနဲ့အညီ နိုင်ငံရေးဆွေးနွေးမှု ရလဒ်များကနေ လုပ်ငန်းစဉ်အလိုက် ဆောင်ရွက်သွားရမှာဖြစ်ပါတယ်။ NCA စာချုပ်ဟာ လက်နက်ကိုင်လမ်းစဉ်မှသည် ငြိမ်းချမ်းရေး၊ ငြိမ်းချမ်းရေးမှသည် ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ စစ်မှန်တဲ့ပါတီစုံဒီမိုကရေစီပြည်ထောင်စုဖြစ်စေဖို့ လမ်းခင်းပေးထားတာပဲ ဖြစ်ပါတယ်။

၁၉၄၇ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်မှာ တောင်တန်း၊ ပြည်မမခွဲခြားဘဲ လွတ်လပ်ရေးရရှိနိုင်ဖို့ ကြိုးပမ်းခဲ့တဲ့ ပင်လုံစိတ်ဓာတ်(ပြည်ထောင်စုစိတ်ဓာတ်)ကို အခြေခံပြီး တညီတညွတ်တည်းအတည်ပြု ပြဋ္ဌာန်းလက်မှတ်ရေးထိုးခဲ့တဲ့ ပင်လုံစာချုပ်ဟာ လွတ်လပ်ရေးအတွက် အစဟုဆိုလျှင် ယနေ့ကျွန်တော်တို့ လက်ထက်မှာ ပေါ်ပေါက်လာခဲ့တဲ့ NCA ဟာလည်း ငြိမ်းချမ်းရေးရဲ့အခြေခံအုတ်မြစ်လို့ဆိုရမှာဖြစ်ပါတယ်။

တိုင်းရင်းသားညီနောင်များခင်ဗျား-

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေမှာ တိုင်းရင်းသားအရေးကိစ္စနှင့် ပတ်သက်၍ ပုဒ်မ -၂၂ မှာ တိုင်းရင်းသားဘာသာစကား၊ စာပေ၊ အနုပညာ၊ ယဉ်ကျေးမှုတွေကို ဖွံ့ဖြိုးတိုးတက်စေဖို့၊ တိုင်းရင်းသား အချင်းချင်း စည်းလုံးညီညွတ်ရေး၊ ချစ်ကြည်လေးစားရေးနဲ့ ရိုင်းပင်းကူညီရေးတို့ တိုးတက်ဖြစ်ထွန်းစေဖို့၊ တိုးတက်ဖွံ့ဖြိုးမှု နည်းပါးနေတဲ့ တိုင်းရင်းသားများရဲ့ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ လမ်းပန်းဆက်သွယ်ရေး စတာတွေပါဝင်တဲ့ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်မှုတို့အတွက် နိုင်ငံတော်က ကူညီရမယ်။ ပုဒ်မ-၄၉ မှာ တိုင်းဒေသကြီး၊ ပြည်နယ်နဲ့ ပြည်ထောင်စုနယ်မြေများအဖြစ် ခွဲခြားသတ်မှတ်ပေးခြင်း၊ ပုဒ်မ-၅၆ အရ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း/ဒေသများ သတ်မှတ်ပေးခြင်း၊ ပုဒ်မ-၂၆၁(ခ)(ဂ)အရ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ် ခန့်အပ်တာဝန်ပေးခြင်းနဲ့ အခန်း(၈) “နိုင်ငံသူ၊ နိုင်ငံသားများရဲ့ မူလအခွင့်အရေးနဲ့တာဝန်များ” ပါအချက်တွေအရ တိုင်းရင်းသားများအားလုံးကို အခွင့်အရေးတူ ပေးအပ်ထားပါတယ်။ ဒေသအကြီးအသေးကွဲပြားခြားနားတာ၊ လူဦးရေနဲ့မျိုးနွယ်စု ကွဲပြားခြားနားတာတွေ ရှိနေပေမယ့် တိုင်းရင်းသားအားလုံး ရရှိခံစားရတဲ့ အခွင့်အရေးကတော့ တန်းတူညီမျှ ရှိတယ်လို့ ဆိုနိုင်ပါတယ်။

ကျွန်တော်တို့တပ်မတော်အနေနဲ့ တိုင်းဒေသကြီးနဲ့ပြည်နယ်တွေမှာ မိမိတို့ဒေသအကျိုးကို မိမိတို့ကိုယ်တိုင် ပိုမိုဖော်ဆောင်နိုင်ဖို့၊ သက်ဆိုင်ရာဒေသခံပြည်သူ များအနေနဲ့ ဒီမိုကရေစီအနှစ်သာရကို ပိုမိုရရှိခံစားနိုင်ဖို့ တိုင်းဒေသကြီးနဲ့ ပြည်နယ်အစိုးရဝန်ကြီးချုပ်တွေကို သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ်လွှတ်တော်က ရွေးချယ်ခန့်ထားနိုင်ဖို့ လိုလားပါတယ်။ ဒီနေရာမှာ ပြည်သူလူထုက ဒီမိုကရေစီစနစ်အရ ရွေးချယ်တင်မြှောက်တာကို လက်ခံရမှာပဲဖြစ်ပါတယ်။ ဒီမိုကရေစီအသွင်ပြောင်းလဲရေး ပထမကာလမှာပဲ တိုင်းရင်းသားပြည်သူလူထုရဲ့အကျိုးကို ရှေးရှုပြီး ပထမလွှတ်တော်သက်တမ်းကာလ အတွင်းမှာ ဖွဲ့စည်းပုံ အခြေခံဥပဒေထဲက အချို့အချက်တွေကို ပြင်ဆင်၊ ဖြည့်စွက်ပေးနိုင်ခဲ့ပါတယ်။

နိုင်ငံအတွင်းမှာ တိုင်းရင်းသား လူမျိုးပေါင်းစုံရှိသလို နိုင်ငံရေးမူဝါဒကို အခြေခံဖွဲ့စည်းထားတဲ့ နိုင်ငံရေးပါတီတွေ၊ နယ်မြေဒေသနဲ့ တိုင်းရင်းသားလူမျိုးတွေကို အခြေခံပြီး ဖွဲ့စည်းထားတဲ့ နိုင်ငံရေးပါတီများဆိုပြီး မျိုးစုံရှိကြပါတယ်။ အင်အားကြီးပါတီဟာ ၂ ခုထက်မကရှိသလို ပါတီငယ်များစွာလည်း ရှိနေပါတယ်။ တိုင်းရင်းသားလူမျိုးတွေ ပေါင်းစည်းစုစည်းနေထိုင်တဲ့ ပြည်ထောင်စုလည်းဖြစ်ပါတယ်။ ဒါ့ကြောင့်တိုင်းရင်းသား လူမျိုးပေါင်းစုံနဲ့ နိုင်ငံ့အရေးကို ဆောင်ရွက်ကြမယ့် နိုင်ငံရေးပါတီများဟာ နိုင်ငံတော်တည်ဆောက်ရေးမှာ ကျယ်ကျယ်ပြန့်ပြန့် ကိုယ်စားပြု ပါဝင်ဆောင်ရွက်နိုင် ဖို့လိုပါလိမ့်မယ်။ အချိုးကျ ကိုယ်စားပြုခြင်း စနစ်ကို ပြောင်းလဲကျင့်သုံးခြင်းအားဖြင့် တိုင်းရင်းသား ပြည်သူများ ဥပဒေပြုလွှတ်တော်တွေမှာ ပိုမိုကိုယ်စားပြုခွင့်ရရှိမှာ ဖြစ်ပြီး ပြောရေးဆိုခွင့်လည်း ရရှိလာမှာဖြစ်ပါတယ်။ တိုင်းရင်းသားလူမျိုးစုကြီးများသာမက တိုင်းရင်းသားလူမျိုးစုငယ်များအနေနဲ့လည်း သက်ဆိုင်ရာတိုင်းဒေသကြီး၊ ပြည်နယ်လွှတ်တော်တွေမှာသာမက ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်တွေမှာ ပါဝင်နိုင်တဲ့ အခွင့်အရေးပိုမိုရရှိပြီး မိမိဒေသအကျိုး၊ လူမျိုးအကျိုးကို ထိထိရောက်ရောက် ဆောင်ရွက်နိုင်ခွင့်ရရှိနိုင်မှာ ဖြစ်ပါတယ်။

ဒါမှလည်း ကျွန်တော်တို့နိုင်ငံဟာ ထာဝရငြိမ်းချမ်းရေးမှ ဒီမိုကရေစီနဲ့ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စုစနစ်ကို အမြန်ဆုံးသွားရောက်နိုင်မှာ ဖြစ်ပါတယ်။

တပ်မတော်အနေနဲ့ ငြိမ်းချမ်းရေးနဲ့ ပတ်သက်လာရင် ကျွန်တော်တို့မှာရှိတဲ့ စွမ်းအားတွေကို ထိထိရောက်ရောက် အသုံးချပြီး ခိုင်မာမှုရှိအောင် ဆောင်ရွက်ပေးလျက်ရှိနေပါတယ်။ ပြည်သူတွေလူမှုဘဝ အေးချမ်းစွာ နေထိုင်စေဖို့ တောင်ပေါ်မြေပြန့်မခွဲခြားဘဲ လမ်းပန်းဆက်သွယ်ရေးခက်ခဲတဲ့ တိုင်းရင်းသားဒေသများကို သွားရောက်ပြီးတော့ လက်တွေ့ပါတဲ့ လုပ်ငန်းတွေကို ဆောင်ရွက်ပေးလျက်ရှိပါတယ်။ ယနေ့ကမ္ဘာမှာ COVID-19 ရောဂါဖြစ်ပွားလျက်ရှိရာ တပ်မတော်အနေနဲ့ COVID-19 ရောဂါကြိုတင်ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းတွေမှာ အသုံးပြုနိုင်ဖို့အတွက် အထောက်အကူပြုပစ္စည်းများကို (NMSP) မွန်အဖွဲ့၊ UWSA (ဝ)အဖွဲ့၊ KIO/KIA အဖွဲ့၊ KNU အဖွဲ့၊ KNU/KNLA(PC) အဖွဲ့၊ KKO အဖွဲ့၊ SSPP/SSA အဖွဲ့၊ KNPP အဖွဲ့၊ RCSS/SSA အဖွဲ့၊ NDAA (မိုင်းလား) အဖွဲ့တွေသာမက နာဂ၊ ပအိုဝ်း၊ ဓနု၊ ပလောင်၊ ကိုးကန့်၊ “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ တိုင်းရင်းသားများ၊ အင်းလေးဒေသမှ တိုင်းရင်းသားများအတွက် တပ်မတော်က ၎င်းတို့ရှိရာ ဒေသသို့ သွားရောက် ကူညီထောက်ပံ့ပေးခြင်းဖြင့် တိုင်းရင်းသား တွေအပေါ်မှာ အမြဲအလေးထားလျက်ရှိပါတယ်။ ၂၀၂၀ ပြည့်နှစ်အလွန်ကာလမှာ နိုင်ငံတော်ကို ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စုအဖြစ် ဖွဲ့စည်းတည်ဆောက်နိုင်ရေးအတွက် ပြည်ထောင်စု သဘောတူစာချုပ်အပိုင်း ၃ ကို ၂၀၂၀ ပြည့်နှစ်၊ သြဂုတ်လ ၂၁ ရက်နေ့မှာ လက်မှတ်ရေးထိုးနိုင်ခဲ့ပါတယ်။ သဘောတူညီခဲ့ပြီးဖြစ်တဲ့ ပြည်ထောင်စု သဘောတူစာချုပ် (Union Accord) အစိတ်အပိုင်း ၃ ပိုင်းမှာသဘောတူညီချက်စုစုပေါင်း ၅၄ ချက် ချမှတ်ပြီး ရေရှည်တည်တံ့ခိုင်မြဲတဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်ပေးနိုင်ဖို့၊ ဒီမိုကရေစီနဲ့ဖက်ဒရယ်စနစ်တို့ကို အခြေခံတဲ့ ပြည်ထောင်စု တည်ဆောက်နိုင်ဖို့တို့အတွက် ဒီပြည်ထောင်စုသဘောတူညီချက်စာချုပ် အစိတ်အပိုင်းများကို လွှတ်တော်မှာ ဆက်လက်ဆွေးနွေးပြီး ဆောင်ရွက်သွားကြမှာ ဖြစ်ပါတယ်။

ယခု လောလောဆယ်မှာ ကျွန်တော်တို့ ဖြတ်သန်းရမယ့် လတ်တလောအရေး ကိစ္စနှစ်ခု ရှိပါတယ်။ COVID-19 ရောဂါကိစ္စနဲ့ ရွေးကောက်ပွဲတို့ပဲဖြစ်ပါတယ်။ COVID-19 ရောဂါဟာ ကျွန်တော်တို့နိုင်ငံမှာ ယခုနှစ် စက်တင်ဘာလဆန်းပိုင်းမှ စတင်ပြီး Second Wave အဖြစ် ပြန်လည်ဖြစ်ပွားလျက်ရှိကာ ရောဂါပိုးတွေ့ရှိသူ သောင်းဂဏန်းကျော်နှင့် သေဆုံးသူများလည်း ရာဂဏန်းကျော်သွားပြီ ဖြစ်ပါတယ်။ သို့သော်လည်း ယခုလိုရောဂါကူးစက်ပြန့်ပွားမှုကို ကြောက်ရွံ့မနေဖို့နဲ့ ရောဂါကာကွယ် ကုသဆေးပြည့်ပြည့်စုံစုံ မရရှိသေးတာကိုလည်း လက်မှိုင်ချပြီး စိတ်ဓာတ်ကျနေဖို့ မလိုကြောင်း အားပေးပြောကြားလိုပါတယ်။ COVID-19 ရောဂါကူးစက်မှုကို ကာကွယ် နိုင်ဖို့အတွက် ထုတ်ပြန်ထားတဲ့စည်းမျဉ်း စည်းကမ်းတွေကို အလေးထားပြီး တိကျစွာ စနစ်တကျ လိုက်နာ ဆောင်ရွက်ခြင်းဖြင့် စည်းကမ်းကောင်းတဲ့ နိုင်ငံသားများအဖြစ်နဲ့ ကျွန်တော်တို့ ကျော်လွှားသွားနိုင်မှာပဲ ဖြစ် ပါတယ်။ ကမ္ဘာတစ်ဝန်းလုံးဖြစ်ပွားနေတဲ့ အတွက် သန်း ၇၀၀၀ သော လူသားများရဲ့ လူမှုစီးပွားတွေကျဆင်းတယ်ဆိုသော်လည်း စားနပ်ရိက္ခာရောင်းဝယ်မှုဟာ မကျဆင်း ပါဘူး။ စားရေးဟာ လူတိုင်းအတွက် လိုအပ်တာဖြစ်လို့ စားသောက်ကုန် ထုတ်လုပ်မှုလုပ်ငန်းများကို ဒေသအလိုက် ရနိုင်သရွေ့ ကြိုးစားထုတ်လုပ်ပြီး တစ်ဦးချင်းဝင်ငွေ၊ နိုင်ငံ့ဝင်ငွေရရှိအောင် လုပ်ဆောင်ကြဖို့ တိုက်တွန်းလိုပါတယ်။ ကပ်ရောဂါဖြစ်ပွား စဉ်ကာလအတွင်း မိဘပြည်သူများရဲ့ လူမှု စီးပွားဘဝ တိုးတက်ရေးအတွက် တပ်မတော်အနေနဲ့ စွမ်းအားရှိသမျှ ပြည်သူများနဲ့အတူ လက်တွဲပူးပေါင်း ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

မကြာခင်ကာလမှာ ၂၀၂၀ ပြည့်နှစ် ပါတီစုံအထွေထွေရွေး ကောက်ပွဲကို ကျင်းပတော့မှာ ဖြစ်ပါတယ်။ ပါတီစုံဒီမိုကရေစီ စနစ်မှာ ရွေးကောက်ပွဲဟာ ဒီစနစ်ရဲ့ အသက်ပဲဖြစ်ပါတယ်။ ကျင်းပပြုလုပ်မယ့် ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်ဖို့ လိုအပ်ပါတယ်။ ဒီရွေးကောက်ပွဲမှာ “ပြည်ထောင်စုစိတ်ဓာတ် စစ်စစ်နဲ့ တိုင်းပြည်ကောင်းအောင် စေတနာထားလုပ်မယ့်၊ ဥပဒေကို စိတ်ဝင်စားအလေး ထားတဲ့ ကိုယ်စားလှယ်ကောင်းတွေ ရရှိရေး ဂရုတစိုက်စိစစ်ရွေးချယ်သွားဖို့” ကျွန်တော်အသိပေးလိုပါတယ်။ ဒါမှသာ တိုင်းရင်းသားတွေ လိုလားတဲ့ ဖွံ့ဖြိုးရေး၊ ဒီမိုကရေစီရေး၊ ငြိမ်းချမ်းရေးတို့ကို ပြည့်ပြည့်၀၀ခံစားနိုင်မှာပဲ ဖြစ်ပါတယ်။

တိုင်းရင်းသားညီအစ်ကို မောင်နှမများ ခင်ဗျား-

ကျွန်တော်တို့ဖြတ်သန်းလာခဲ့ရတဲ့ NCA သမိုင်းကြောင်းဟာ ကာလအတိုင်းအတာ တစ်ခုအထိ ရောက်ရှိနေပြီ ဖြစ်ပါတယ်။

တပ်မတော်အနေနဲ့– တိုင်းပြည်တစ်ခု ဖွံ့ဖြိုးတိုးတက်ဖို့ဆိုရင် တည်ငြိမ်အေးချမ်းမှုရှိရေးဟာ အဓိက ကျတဲ့ အတွက် ထာဝရငြိမ်းချမ်းရေး ရရှိရေးကို ဒို့တာဝန်အရေး (၃)ပါးမူဘောင်ကလည်း မလွတ်ကင်း၊ NCA လမ်းကြောင်း မှလည်း သွေဖည်မသွားဘဲ တိုင်းရင်းသားညီနောင်များနဲ့ အတူလက်တွဲ ဆောင်ရွက်သွားမှာဖြစ်ပြီး တိုင်းရင်းသား ညီနောင်များကလည်း ပူးပေါင်းပါဝင်သွားကြပါ။

– NCA စာချုပ်မှာ လက်မှတ်ရေးထိုးဖို့ ကျန်ရှိနေသေးတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများအနေနဲ့လည်း တိုင်းရင်းသား ပြည်သူလူထုရဲ့ ငြိမ်းချမ်းရေးဆန္ဒကို တန်ဖိုးထားပြီး မိမိတို့လက်ထက်မှာ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပါတီစုံဒီမိုကရေစီနိုင်ငံ ပီပြင်စွာ ပေါ်ထွန်းလာစေရေး လက်မှတ် ရေးထိုး သွားကြဖို့နဲ့ လက်မှတ်ရေးထိုး ထားပြီးသား အဖွဲ့များအနေနဲ့လည်း NCA လမ်းကြောင်းပေါ် ဆက်လက် လျှောက်လှမ်းကာ အနာဂတ်ဒီမို ကရေစီနိုင်ငံတော် တည်ဆောက်ရေးတွင် ခိုင်မာတဲ့အင်အားသစ်များအဖြစ် လက်တွဲ ဆောင်ရွက်ကြပါ။

– ပင်လုံစာချုပ်ဟာ ကျွန်တော်တို့ တိုင်းရင်းသားညီအစ်ကိုမောင်နှမတွေရဲ့ စည်းလုံးညီညွတ်မှုကို အသိအမှတ်ပြုတဲ့ ပြယုဂ်ဖြစ်သလို NCA ဟာလည်း နှစ်ကာလများစွာက ဖြစ်ပေါ်ခဲ့တဲ့ ပဋိပက္ခတွေ၊ ယုံမှားသံသယတွေ ကင်းစင်လွင့်ပျောက်စေတဲ့ ငြိမ်းချမ်းရေးရဲ့ပြယုဂ်လို့ သဘောထား အသိအမှတ်ပြုကာ စာချုပ်ပါ အချက်များအတိုင်း လိုက်နာဆောင် ရွက်အကောင်အထည်ဖော်ကြပါ။

– အခြေခံဥပဒေမှာ ပြင်ဆင်သင့်တာများ ပြင်ဆင်ခြင်းဖြင့် တိုင်းရင်းသားများရဲ့ ကိုယ်စားပြုမှုကို ကျယ်ကျယ် ပြန့်ပြန့် ရရှိနိုင်မှာဖြစ်ပြီး မိမိဒေသအကျိုး၊ လူမျိုးအကျိုးကို ထိထိရောက်ရောက် ဆောင်ရွက်ခွင့်ရရှိနိုင်မှာဖြစ် တဲ့အတွက် ပူးပေါင်း ပါဝင်ဆောင်ရွက်ကြပါလို့ တိုက်တွန်းပြောကြားရင်း နိဂုံးချုပ်လိုက်ပါတယ်။

– အားလုံးကို ကျေးဇူးတင်ပါတယ်။

 

(Zawgyi Version)

ခ်စ္ခင္ေလးစား အပ္ပါတဲ့ ျပည္ေထာင္စု ဖြားတိုင္းရင္းသား ညီအစ္ကိုေမာင္ႏွမမ်ား ခင္ဗ်ား-

လြန္ခဲ့တဲ့ (၅)ႏွစ္ ယခုလိုအခ်ိန္မွာ တစ္ႏိုင္ငံလုံးပစ္ခတ္တိုက္ခိုက္မႈရပ္စဲေရး သေဘာတူစာခ်ဳပ္ NCA မွာ ပါဝင္ၾကသူမ်ား၊ NCA စာခ်ဳပ္ႀကီး လက္မွတ္ေရးထိုး ႏိုင္ဖို႔အတြက္ ဝိုင္းဝန္းေဆာင္႐ြက္ေပးၾကတဲ့ တိုင္းရင္းသား ေခါင္းေဆာင္မ်ား၊ ျပည္တြင္းနဲ႔ ႏိုင္ငံတကာအသိသက္ေသမ်ားနဲ႔ ျပည္ေထာင္စုျမန္မာႏိုင္ငံ အတြင္းမွာရွိတဲ့ ရဟန္းရွင္လူပုဂၢိဳလ္မ်ားအေပါင္း ကိုယ္၏က်န္းမာျခင္း စိတ္၏ခ်မ္းသာျခင္းတို႔နဲ႔ ျပည့္စုံၿပီး တိုင္းျပည္ရဲ႕ၿငိမ္းခ်မ္းေရး အက်ိဳးကို ဆတက္ထမ္းပိုး ထမ္းေဆာင္ႏိုင္ၾကပါေစေၾကာင္း ဦးစြာဆႏၵျပဳ ႏႈတ္ခြန္းဆက္သအပ္ပါတယ္။

ဒီေန႔ဟာ တစ္ႏိုင္ငံလုံးပစ္ခတ္တိုက္ ခိုက္မႈရပ္စဲေရးသေဘာတူစာခ်ဳပ္ (NCA)ခ်ဳပ္ဆိုခဲ့တဲ့ (၅)ႏွစ္ေျမာက္ ႏွစ္ပတ္လည္ ေန႔ပဲျဖစ္ပါတယ္။ ဒီစာခ်ဳပ္မွာ ကြၽန္ေတာ္ ကိုယ္တိုင္ပါဝင္ေရးထိုးခဲ့ပါတယ္။ လြန္ခဲ့တဲ့ ၅ ႏွစ္ ယခင္သမၼတ ဦးသိန္းစိန္ဦးေဆာင္တဲ့ ဒီမိုကေရစီပထမအစိုးရ လက္ထက္မွာ ဒီအခ်ိန္မွာ ျမန္မာ့ၿငိမ္းခ်မ္းေရးအတြက္ အထင္ကရ မွတ္တိုင္ျဖစ္တဲ့ NCA ကို လက္မွတ္ေရးထိုးႏိုင္ခဲ့ျခင္းပဲ ျဖစ္ပါတယ္။

ဒီစာခ်ဳပ္ဟာ ပစ္ခတ္တိုက္ခိုက္မႈရပ္စဲေရး (Ceasefire)လို႔ အမည္တပ္ထားေပမယ့္ ပစ္ခတ္တိုက္ခိုက္မႈရပ္စဲေရး ရည္မွန္းခ်က္ထက္ ပိုမိုနက္ရႈိင္းတဲ့ ရည္႐ြယ္ခ်က္ေတြ၊ အက်ိဳးတရားေတြ၊ စစ္မွန္ခိုင္မာမွန္ကန္တဲ့ ထာဝရၿငိမ္းခ်မ္းေရး လမ္းေၾကာင္းကို ေလွ်ာက္လွမ္းႏိုင္မယ့္ အာမခံခ်က္ေတြ၊ တိုင္းရင္းသားေတြ လိုလားေနတဲ့ ဒီမိုကေရစီႏွင့္ ဖက္ဒရယ္စနစ္တို႔ကို အေျခခံတဲ့ ျပည္ေထာင္စုကို တည္ေဆာက္မယ္ဆိုတဲ့ အာမခံခ်က္ေတြ ဒီစာခ်ဳပ္မွာ အကုန္ ပါဝင္ေနတာကို အားလုံးသိရွိၿပီး ျဖစ္ၾကမွာ ျဖစ္ပါတယ္။

ကြၽန္ေတာ္တို႔ႏိုင္ငံဟာ တိုင္းရင္းသား လူမ်ိဳး ၁၃၅ မ်ိဳး အတူတကြ ယွဥ္တြဲေနထိုင္ခဲ့ရာႏိုင္ငံလည္း ျဖစ္ပါတယ္။ ၁၉ ရာစု အတြင္း ကမာၻကို နယ္ခ်ဲ႕လႊမ္းမိုးလာတဲ့ အဂၤလိပ္တို႔ဟာ ျမန္မာႏိုင္ငံကို က်ဴးေက်ာ္စစ္သုံးႀကိမ္ဆင္ႏႊဲၿပီး ၁၈၂၄ ခုႏွစ္မွာရခိုင္၊ တနသၤာရီေဒသ၊ ၁၈၅၂ ခုႏွစ္မွာ ေအာက္ျမန္မာႏိုင္ငံနဲ႔ ၁၈၈၅ ခုႏွစ္မွာ ေတာ့ တစ္ႏိုင္ငံလုံးကို သိမ္းပိုက္ခဲ့တယ္။ ဒါ့ေၾကာင့္ ရခိုင္၊ တနသၤာရီေဒသဟာ အဂၤလိပ္ေတြရဲ႕လက္ေအာက္မွာ ၁၂၄ ႏွစ္၊ ေအာက္ျမန္မာႏိုင္ငံဟာ ၉၆ ႏွစ္၊ ျမန္မာႏိုင္ငံတစ္ခုလုံးဟာ ၆၃ ႏွစ္ နယ္ခ်ဲ႕ေတြရဲ႕ လက္ေအာက္မွာေနခဲ့ရပါတယ္။

နယ္ခ်ဲ႕တို႔ဟာ ျမန္မာႏိုင္ငံကို သူတို႔ရဲ႕ အင္ပါယာလက္ေအာက္ခံႏိုင္ငံအျဖစ္ သိမ္းသြင္းၿပီးကတည္းက ျမန္မာ့လြတ္လပ္ ေရးဟာဆုံးရႈံးခဲ့ရသလို ဘုရင္စနစ္အုပ္ခ်ဳပ္ေရးကိုလည္း အဆုံးသတ္ေအာင္ အုပ္ခ်ဳပ္ေရးပုံစံ အမ်ိဳးမ်ိဳးနဲ႔ ေဆာင္႐ြက္ခဲ့ ပါတယ္။ နယ္ခ်ဲ႕အဂၤလိပ္ေတြဟာ ဗမာနဲ႔တိုင္းရင္းသားေတြ ပူးေပါင္းမိၿပီး အင္အား ေတာင့္တင္းလာမွာကို စိုးရိမ္ခဲ့ၾကပါတယ္။ မပူးေပါင္းမိေအာင္လည္း တိုင္းရင္းသား ေဒသေတြနဲ႔ျမန္မာျပည္အလယ္ပိုင္းေဒသကို ေသြးခြဲအုပ္ခ်ဳပ္ႏိုင္ေရး အက္ဥပေဒ၊ စည္းမ်ဥ္းဥပေဒ၊ စီရင္အုပ္ခ်ဳပ္မႈအက္ ဥပေဒ စတာေတြျပ႒ာန္းၿပီး ဒီဥပေဒေတြ နဲ႔ သူတို႔လိုလားတဲ့ အုပ္ခ်ဳပ္မႈပုံစံ သိမ္းသြင္းခဲ့တာကို ကြၽန္ေတာ္တို႔ တိုင္းရင္းသား ညီေနာင္မ်ား သတိျပဳေစခ်င္ပါတယ္။ ဒီလိုဥပေဒေတြ၊ ေသြးခြဲအုပ္ခ်ဳပ္မႈေတြေၾကာင့္ တိုင္းရင္းသားေတြဟာ ဖြံ႕ၿဖိဳးတိုးတက္မႈ ေနာက္က်ခဲ့တာ၊ ျပည္နယ္၊ ျပည္မေတြ အထင္အျမင္လြဲ ေသြးကြဲခဲ့တာေတြ ျဖစ္ခဲ့ရပါတယ္။ သူတို႔ဟာ ျမန္မာႏိုင္ငံက သယံဇာတေတြထုတ္ယူဖို႔ လုပ္ခဲ့တာကလြဲရင္ ျမန္မာႏိုင္ငံရဲ႕ ဖြံ႕ၿဖိဳးတိုးတက္ေရးအတြက္ ဘာမွလုပ္ခဲ့တာမရွိပါဘူး။ ဥပမာ-ဧရာဝတီ ျမစ္ကူးတံတားဆိုရင္ တစ္စင္းပဲရွိခဲ့တာကို ေတြ႕ႏိုင္ပါတယ္။ ျမန္မာႏိုင္ငံကို လြတ္လပ္ေရးေပးဖို႔ အေျခအေနရွိ လာတဲ့အခါ တိုင္းရင္းသားေဒသေတြ ခ်န္လွပ္ထားႏိုင္ ဖို႔အထိ ေသြးခြဲမႈအရွိန္အဟုန္ျပင္းထန္ လာေအာင္ ေဆာင္႐ြက္ခဲ့တဲ့အတြက္ လြတ္လပ္ေရးရရွိႏိုင္ဖို႔အထိ အခ်ိန္ကာလမ်ားစြာ ယူခဲ့ရပါတယ္။ ၁၉၄၇ ခုႏွစ္မွာ ျပည္ ေထာင္စုစိတ္ဓာတ္ျဖင့္ ပင္လုံစာခ်ဳပ္ႀကီး ကို တညီတၫြတ္တည္း အတည္ျပဳျပ႒ာန္း လက္မွတ္ေရးထိုးႏိုင္ခဲ့လို႔ လြတ္လပ္တဲ့ ျပည္ေထာင္စု ျမန္မာႏိုင္ငံေတာ္ႀကီး တစည္းတလုံးတည္း ေပၚထြန္းလာခဲ့ပါတယ္။

အဲ့ဒီေခတ္ကာလ နယ္ခ်ဲ႕ကိုလိုနီ လက္ေအာက္ႏိုင္ငံ အခ်ိဳ႕ရဲ႕ လြတ္လပ္ေရး ႀကိဳးပမ္းမႈ သမိုင္းေတြကို ေလ့လာၾကည့္ရင္လည္း ဖိႏွိပ္ခံရမႈ၊ ေသြးခြဲခံရမႈ၊ လြတ္လပ္ ေရးမေပးရေအာင္ ျပည္တြင္းစစ္မ်ားဖန္ တီးမႈ၊ မလႊဲသာလို႔ လြတ္လပ္ေရး ေပးရေတာ့မယ္ဆိုလည္း အဲ့ဒီႏိုင္ငံလြတ္လပ္ၿပီး မၾကာခင္တစ္နည္း တစ္ဖုံအားျဖင့္ သူတို႔အေနနဲ႔ ျပန္လည္လႊမ္းမိုးမႈရႏိုင္ေအာင္ ေဆာင္႐ြက္ထားမႈ စတဲ့နည္းမ်ိဳးစုံျဖင့္ ၿပိဳကြဲေအာင္ ထိုးႏွက္တိုက္ခိုက္ေဆာင္႐ြက္တာကို ေတြ႕ရွိရမွာ ျဖစ္ပါတယ္။ ဒီလိုပဲ ကြၽန္ေတာ္တို႔ႏိုင္ငံကိုလည္း လြတ္လပ္ေရးနဲ႔ ေဝးေအာင္ ေသြးခြဲခဲ့တယ္။ လြတ္လပ္ေရး မေပးမျဖစ္ေပးရမယ့္ အေျခအေနရွိ လာျပန္ေတာ့လည္း ခြဲထြက္ေရး၊ ကြဲအက္ေရး လႈပ္ရွားမႈမ်ား၊ ဆူပူမႈမ်ား၊ လက္နက္ကိုင္ ေသာင္းက်န္းမႈမ်ားဆက္တိုက္ဖန္တီးခဲ့ပါတယ္။ ဒါ့ေၾကာင့္လည္း လြတ္လပ္ေရးရစမွာပင္ နယ္ခ်ဲ႕ဆိုးေမြ အျဖစ္ပါလာတဲ့ ေသြးကြဲမႈအေျခခံဝါဒစြဲ၊ ဂိုဏ္းဂဏစြဲေတြေၾကာင့္ အေရာင္အေသြးစုံတဲ့အတြက္ ျပည္သူကေခၚတဲ့ ေရာင္စုံေသာင္းက်န္းမႈႀကီး ေပၚေပါက္လာခဲ့တာ ယေန႔ဆိုႏွစ္ေပါင္း ၇၀ ေက်ာ္မွ်ရွိေနပါၿပီ။ လြတ္လပ္ေရးရၿပီး ႏိုင္ငံ့တာဝန္ယူခဲ့ရတဲ့ အစိုးရအဆက္ဆက္က ေသာင္းက်န္းမႈခ်ဳပ္ၿငိမ္းေရး၊ ျပည္တြင္းၿငိမ္းခ်မ္းေရးရရွိေရးတို႔ကို ႀကိဳးပမ္းခဲ့ၾကပါတယ္။

ဒါေပမဲ့လည္း အမ်ိဳးမ်ိဳးေသာအေၾကာင္းေၾကာင္းေတြေၾကာင့္ ကြၽန္ေတာ္တို႔ အျပည့္အဝ မေအာင္ျမင္ခဲ့ၾကရတာ ျဖစ္ပါတယ္။

တိုင္းရင္းသားညီေနာင္မ်ားခင္ဗ်ား-

ကြၽန္ေတာ္တို႔ႏိုင္ငံဟာ လြတ္လပ္ေရးရၿပီးတဲ့ေခတ္မွာ ပါလီမန္ဒီမိုကေရစီစနစ္ကို က်င့္သုံးခဲ့ပါတယ္။ ၁၉၅၈ ခုႏွစ္ အိမ္ေစာင့္အစိုးရ၊ ၁၉၆၂ ခုႏွစ္မွာ ေတာ္လွန္ေရးေကာင္စီအစိုးရတို႔အုပ္ခ်ဳပ္ခဲ့ၿပီး ၁၉၇၄ ခုႏွစ္မွ ၁၉၈၈ ခုႏွစ္အထိ ျမန္မာ့ဆိုရွယ္လစ္လမ္းစဥ္ပါတီအစိုးရက ဆိုရွယ္လစ္စနစ္ကို က်င့္သုံးအုပ္ခ်ဳပ္ခဲ့တာပဲ ျဖစ္ပါတယ္။

၁၉၈၈ ခုႏွစ္မွာ ပါတီစုံစနစ္ကို သြားႏိုင္ဖို႔ ဒီမိုကေရစီအေရးလႈပ္ရွားမႈ မ်ားနဲ႔အတူ ေပၚေပါက္လာခဲ့တဲ့ မၿငိမ္မသက္မႈမ်ား ေၾကာင့္ ၁၉၈၈ ခုႏွစ္၊ စက္တင္ဘာလ ၁၈ ရက္ေန႔မွာ တပ္မေတာ္မွ ႏိုင္ငံေတာ္တာဝန္ကို လႊဲေျပာင္းရယူခဲ့ၿပီး ႏိုင္ငံရဲ႕သမိုင္းျဖစ္စဥ္အရ ျပည္ေထာင္စု မၿပိဳကြဲေရး၊ တိုင္းရင္းသား စည္းလုံးညီၫြတ္မႈ မၿပိဳကြဲေရး၊ အခ်ဳပ္အျခာအာဏာ တည္တံ့ခိုင္ၿမဲေရးဆိုတဲ့ ဒို႔တာဝန္အေရး(၃)ပါးကို အမ်ိဳးသားႏိုင္ငံေရးအျဖစ္ ခံယူခဲ့ပါတယ္။ ၿငိမ္းခ်မ္းေရး ဖိတ္ေခၚကမ္းလွမ္းျခင္းေတြကို ေစတနာ မွန္စြာျဖင့္ဖိတ္ေခၚခဲ့ကာ လက္ေတြ႕အေကာင္အထည္ေဖာ္ ေဆာင္႐ြက္ ႏိုင္ခဲ့လို႔လည္း တိုင္းရင္းသား လက္နက္ကိုင္ အဖြဲ႕အစည္းမ်ား တစ္ဖြဲ႕ၿပီးတစ္ဖြဲ႕ ဆက္တိုက္ၿငိမ္းခ်မ္းေရး ရယူႏိုင္ခဲ့လို႔ တစ္ႏိုင္ငံလုံးနီးပါးၿငိမ္းခ်မ္းေရး တည္ေဆာက္ႏိုင္ခဲ့တဲ့အထိ ျဖစ္ခဲ့ရပါတယ္။ တပ္မေတာ္ဟာ တိုင္းရင္းသားလူမ်ိဳး အေရးကို မိမိတို႔ေသြးခ်င္းမ်ားရဲ႕ အေရးလို႔သေဘာပိုက္ၿပီး ေခတ္အဆက္ဆက္ ေဆာင္႐ြက္ခဲ့ေၾကာင္း အသိေပးလိုပါတယ္။

တိုင္းရင္းသားညီအစ္ကိုမ်ားခင္ဗ်ား-

တပ္မေတာ္အစိုးရလက္ထက္ ၿငိမ္းခ်မ္းေရးရယူခဲ့တဲ့ အဖြဲ႕အစည္းေတြအေနနဲ႔ ၿငိမ္းခ်မ္းေရးရယူခဲ့ရာမွာ ယာယီေနထိုင္ေရး နယ္ေျမကန႔္သတ္ သေဘာတူညီခ်က္ေတြ၊ ေဒသဖြံ႕ၿဖိဳးေရးအတြက္ သေဘာတူညီခ်က္ ေတြစတဲ့ Gentleman Agreement ေတြ သာရွိခဲ့ပါတယ္။ ဒါ့အျပင္ လက္နက္စြဲကိုင္ထားၿပီး အပစ္အခတ္ ရပ္စဲထားတဲ့ အေျခအေန၊ အစိုးရအေပၚ ယုံၾကည္လို႔ လက္နက္စြန႔္လႊတ္ၿပီး ၿငိမ္းခ်မ္းေရးကို အစစ္အမွန္ျမတ္ႏိုးတာေၾကာင့္ လက္နက္နဲ႔ ၿငိမ္းခ်မ္းေရး လဲလွယ္တဲ့ အေျခအေနဆိုၿပီး အမ်ိဳးမ်ိဳးကြဲျပားစြာ ၿငိမ္းခ်မ္းေရးကို ေဖာ္ေဆာင္ခဲ့ပါတယ္။ ယေန႔ အခ်ိန္အခါကေတာ့ ၂၀၀၈ ဖြဲ႕စည္းပုံအေျခခံဥပေဒ မူေဘာင္အတြင္းကေန ႏိုင္ငံေရးပါတီမ်ား ထူေထာင္ၿပီး ေ႐ြး ေကာက္ပြဲမ်ားမွာ ဝင္ေရာက္ယွဥ္ၿပိဳင္ဖို႔ ဆုံးျဖတ္ထားတဲ့ ႏိုင္ငံေရးအင္အားစုမ်ားအျပင္ ႏိုင္ငံေရး သေဘာထား ကြဲလြဲမႈေတြကို တျခားေသာနည္းလမ္းနဲ႔ ေျဖရွင္းဖို႔ႀကိဳးပမ္းေနၾကတဲ့ လက္နက္ကိုင္အင္အားစုမ်ားလည္း ရွိေနခဲ့ၾကတာကို သတိျပဳရမွာပဲ ျဖစ္ပါတယ္။ ျပည္သူလူထုလိုလားေတာင့္တတဲ့ ပါတီစုံဒီမိုကေရစီစနစ္နဲ႔ ႏိုင္ငံေတာ္ကို အုပ္ခ်ဳပ္ေနတာ ျဖစ္ပါတယ္။ ပါတီစုံဒီမိုကေရစီစနစ္ဟာ ျပည္သူလူထုရဲ႕ဆႏၵပါ။ ဒီမိုကေရစီနဲ႔ ကိုက္ညီတဲ့အျပဳအမူ၊ အေလ့အထ၊ လုပ္ေဆာင္ခ်က္ေတြရွိဖို႔လိုအပ္ပါတယ္။ ဒါ့ေၾကာင့္ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ေတြကို ဒီမိုကေရစီ စံႏႈန္းေတြအတိုင္း၊ အမ်ားစုက လက္ခံသေဘာတူညီခ်က္ေတြအတိုင္း အေျခခံထားေဆာင္႐ြက္ၾကဖို႔ လိုအပ္ပါတယ္။ ဒီမိုကေရစီနဲ႔အညီ ေဒသအားလုံးတူညီတဲ့ ဒီမိုကေရစီအုပ္ခ်ဳပ္ေရးကိုသြားဖို႔ လိုအပ္ပါတယ္။ ေက်းလက္ေဒသနဲ႔ ၿမိဳ႕ျပေဒသ အၾကား၊ ျပည္နယ္နဲ႔ တိုင္းေဒသႀကီးအၾကား၊ ေဒသတစ္ခုနဲ႔တစ္ခုအၾကား ဆူႀကဳံနိမ့္ျမင့္ကြဲျခားေနမႈကို ကြဲျပားမႈ၊ ကြာျခားမႈမရွိေစေရး ႀကိဳးပမ္းေဆာင္႐ြက္ရမွာ ျဖစ္ပါတယ္။

ဒါ့ေၾကာင့္ ၂၀၁၁ ခုႏွစ္ ဒီမိုကေရစီပထမ အစိုးရသက္တမ္းကာလမွာ ေ႐ြးခ်ယ္ခံ အစိုးရအေနနဲ႔ ဒီမိုကေရစီ အသြင္ကူးေျပာင္းေရး ျဖစ္စဥ္ေတြနဲ႔အတူ ျပည္တြင္းၿငိမ္းခ်မ္းမႈ ရရွိေရး ျဖစ္စဥ္ေတြကို သမိုင္းေပးလုပ္ငန္း တာဝန္အေနနဲ႔ ခံယူကာ တစ္ခ်ိန္တည္း တစ္ၿပိဳင္တည္းထား ေဆာင္႐ြက္ခဲ့တာကိုလည္း ေတြ႕ရွိရမွာျဖစ္ပါတယ္။ ဒီမိုကေရစီစနစ္ကို ျပဳျပင္ေျပာင္းလဲတဲ့ေနရာမွာ ၿငိမ္းခ်မ္းေရးမရရွိဘဲ အေျပာင္းအလဲကိုသြားဖို႔ ဆိုတာ ခက္ခဲမွာ ျဖစ္ပါတယ္။ ဒါ့ေၾကာင့္ တစ္ႏိုင္ငံလုံးအတိုင္းအတာနဲ႔ ထာဝရၿငိမ္းခ်မ္းေရး ရရွိရန္အတြက္ ၂၀၁၁ ခုႏွစ္၊ ၾသဂုတ္လ ၁၈ ရက္မွာ တိုင္းရင္းသားလက္နက္ကိုင္ အဖြဲ႕အစည္းေတြကို ၿငိမ္းခ်မ္းေရး ဖိတ္ေခၚကမ္းလွမ္းမႈေတြ ျပဳလုပ္ခဲ့ၿပီး က႑သစ္တစ္ရပ္ ကြၽန္ေတာ္တို႔ ဖြင့္လွစ္ခဲ့ပါတယ္။

ျပည္ေထာင္စုၿငိမ္းခ်မ္းေရးေဖာ္ေဆာင္ ေရးလုပ္ငန္းေကာ္မတီနဲ႔ တိုင္းရင္းသားလက္နက္ကိုင္ အဖြဲ႕အစည္းမ်ားရဲ႕ ကိုယ္စားလွယ္မ်ားဟာ တစ္ႏိုင္ငံလုံးပစ္ခတ္တိုက္ခိုက္မႈ ရပ္စဲေရးသေဘာတူစာခ်ဳပ္ (Nationwide Ceasefire Agreement-NCA)ကို အတူတကြ ညႇိႏႈိင္း ေရးဆြဲခဲ့ၾကပါတယ္။ ၂၀၁၃ခုႏွစ္၊ ႏိုဝင္ဘာလ ၂ ရက္မွာ လိုင္ဇာညီလာခံကေနစၿပီး တစ္ႏိုင္ငံလုံး ပစ္ခတ္တိုက္ခိုက္မႈရပ္စဲေရး သေဘာတူစာခ်ဳပ္ေရးဆြဲေရး သေဘာတူ ညီမႈရရွိခဲ့ပါတယ္။ ၂၀၁၅ ခုႏွစ္၊ မတ္လ ၃၁ ရက္မွာ တစ္ခုတည္းေသာ တစ္ႏိုင္ငံလုံး ပစ္ခတ္တိုက္ခိုက္မႈ ရပ္စဲေရး သေဘာတူစာခ်ဳပ္ (မူၾကမ္း) ရရွိခဲ့ပါတယ္။ ကြၽန္ေတာ္ဒါေတြကို ထည့္သြင္းေျပာၾကားရျခင္းဟာလည္း ၿငိမ္းခ်မ္းေရးအတြက္ ကြၽန္ေတာ္တို႔ ၿပီးစလြယ္၊ အလ်င္အျမန္ လုပ္ေဆာင္ခဲ့တာ မဟုတ္ဘဲ ဘယ္ေလာက္ ႀကိဳးစားလုပ္ကိုင္ခဲ့ရတယ္။ ေတြ႕ႀကဳံရတဲ့ အခက္အခဲေတြကို ကြၽန္ေတာ္တိုရဲ႕ညီၫြတ္တဲ့ ေပါင္းစည္းစြမ္းအားမ်ားနဲ႔ ဘယ္လိုေက်ာ္ျဖတ္ခဲ့ရတယ္ဆိုတာကို အမွတ္ရေစဖို႔နဲ႔ ေနာင္ဆက္လက္ လုပ္ေဆာင္မယ့္ ၿငိမ္းခ်မ္းေရး လုပ္ငန္းစဥ္ေတြအတြက္ ခြန္အားေတြျဖစ္ေစဖို႔ျဖစ္ပါတယ္။ ပထမစာခ်ဳပ္မူၾကမ္းကေန NCA စာခ်ဳပ္အထိကို သေဘာတူညီမႈရရွိေအာင္ ၆ ႀကိမ္တိုင္တိုင္ ညႇိႏႈိင္းေဆြးေႏြးၾကရာမွာ အခန္းတစ္ခန္းခ်င္း၊ ပုဒ္မတစ္ခုခ်င္း၊ စာပိုဒ္တစ္ပိုဒ္ခ်င္း၊ စာလုံးအသုံးအႏႈန္းတစ္ခုခ်င္းကို အေသးစိတ္အေက်အလည္ ေဆြးေႏြးၿပီး အားလုံး သေဘာတူညီခ်က္ရရွိၿပီးမွ စာခ်ဳပ္မွာ ထည့္သြင္းေရးသားခဲ့တာပဲ ျဖစ္ပါတယ္။

NCA ထဲမွာပါဝင္တဲ့ သေဘာတူညီခ်က္ အားလုံးနီးပါးဟာ တိုင္းရင္းသားလက္နက္ကိုင္မ်ားဘက္က တင္ျပခ်က္မ်ားအေပၚ အေျခခံၿပီး အစိုးရနဲ႔တပ္မေတာ္ဘက္က ညႇိႏႈိင္းေပးခဲ့တာပဲ ျဖစ္ပါတယ္။ အစိုးရ၊ လႊတ္ေတာ္၊ တပ္မေတာ္နဲ႔ တိုင္းရင္းသားလက္နက္ကိုင္ အဖြဲ႕အစည္းမ်ားက ကိုယ္စားလွယ္ေတြရဲ႕ ဝိုင္းဝန္းႀကိဳးပမ္းမႈ၊ သည္းခံမႈ၊ သေဘာထားႀကီးမႈ၊ အနစ္နာခံႀကိဳးစား အားထုတ္မႈေတြေၾကာင့္ တစ္ႏိုင္ငံလုံးပစ္ခတ္ တိုက္ခိုက္မႈရပ္စဲေရး သေဘာတူစာခ်ဳပ္ကို ၂၀၁၅ ခုႏွစ္၊ ေအာက္တိုဘာလ ၁၅ ရက္ေန႔မွာ တိုင္းရင္းသားလက္နက္ကိုင္ အဖြဲ႕အစည္း ၈ ဖြဲ႕နဲ႔သမိုင္းဝင္သေဘာတူ လက္မွတ္ေရးထိုး ႏိုင္ခဲ့ပါတယ္။ ယေန႔ဆိုလွ်င္ (၅)ႏွစ္ျပည့္ေျမာက္ခဲ့ၿပီ ျဖစ္ပါတယ္။

၂၀၁၈ ခုႏွစ္မွာ ႏွစ္ဖြဲ႕နဲ႔ထပ္မံလက္မွတ္ေရးထိုးႏိုင္ခဲ့ပါတယ္။ NCA ျဖစ္ေပၚလာမႈဟာ ခက္ခက္ခဲခဲနက္နက္ ရႈိင္းရႈိင္းနဲ႔ႀကိဳးပမ္း ခဲ့ရတာပဲျဖစ္ပါတယ္။ ဒါ့ေၾကာင့္လည္း ပါဝင္သူမ်ားအားလုံးကို အသိအမွတ္ျပဳ ဂုဏ္ျပဳမွတ္တမ္းတင္ အပ္ပါတယ္။

NCA စာခ်ဳပ္လက္မွတ္ေရးထိုးအၿပီး၄ ႏွစ္တာကာလအတြင္းမွာ ေနာက္ထပ္၂ ဖြဲ႕နဲ႔သာ လက္မွတ္ေရးထိုးႏိုင္ခဲ့ၿပီး ေနာက္ ၅ ႏွစ္တာကာလ အတြင္းမွာေတာ့ ထိထိေရာက္ေရာက္ တိုးတက္မႈမျပႏိုင္ဘဲ ျပည္ေထာင္စု သေဘာတူစာခ်ဳပ္ (Union Accord) ရဲ႕ အစိတ္အပိုင္းမ်ားကိုသာ သေဘာတူညီမႈ ရရွိႏိုင္ခဲ့တာကို ေတြ႕ရွိရပါတယ္။ လက္နက္ကိုင္ပဋိပကၡေတြ ေစာေစာစီးစီးခ်ဳပ္ၿငိမ္းေလ ႏိုင္ငံဖြံ႕ၿဖိဳးတိုးတက္မႈကလည္း ေစာေစာစီးစီး ရမွာျဖစ္တဲ့အတြက္ လက္နက္ကိုင္ပဋိပကၡမ်ား ခ်ဳပ္ၿငိမ္းေရး NCA လမ္းေၾကာင္းကို ေစာႏိုင္သမွ် ေစာေစာေလွ်ာက္လွမ္းဖို႔ တိုက္တြန္းလိုပါတယ္။

တိုင္းရင္းသားညီေနာင္မ်ားခင္ဗ်ား-

NCA စာခ်ဳပ္ဟာ တစ္ႏိုင္ငံလုံးပစ္ခတ္တိုက္ခိုက္မႈရပ္စဲေရး သေဘာတူစာခ်ဳပ္လို႔ အမည္တြင္ေပမယ့္ စာခ်ဳပ္ထဲမွာ ပါဝင္ခဲ့တဲ့ သေဘာတူညီခ်က္ေတြဟာ ပစ္ခတ္တိုက္ခိုက္မႈရပ္စဲေရးဆိုတာထက္ ပိုမိုက်ယ္ျပန႔္ပါတယ္။ NCA ရဲ႕ အေျခခံမူေတြထဲမွာ လက္နက္ကိုင္ပဋိပကၡမ်ား အဆုံးသတ္ႏိုင္ေရး ေဆြးေႏြးညႇိႏႈိင္း အေျဖရွာေရး၊ ႏိုင္ငံေရးျပႆနာကို စစ္ေရးနည္းလမ္းျဖင့္ ေျဖရွင္းျခင္းမျပဳဘဲ ႏိုင္ငံေရးနည္းျဖင့္ ေျဖရွင္းမယ့္ ႏိုင္ငံေရး ယဥ္ေက်းမႈအသစ္တစ္ရပ္ကို ထူေထာင္ၿပီး တန္းတူရည္တူအခြင့္အေရးရရွိမယ့္ ေရရွည္တည္တံ့ခိုင္ၿမဲတဲ့ၿငိမ္းခ်မ္းေရး တည္ေဆာက္ရန္ သေဘာတူထားၾကတာျဖစ္တဲ့အတြက္ NCA မွာပါတဲ့ ႏိုင္ငံေရးလမ္းျပေျမပုံနဲ႔အညီ ႏိုင္ငံေရးေဆြးေႏြးမႈ ရလဒ္မ်ားကေန လုပ္ငန္းစဥ္အလိုက္ ေဆာင္႐ြက္သြားရမွာျဖစ္ပါတယ္။ NCA စာခ်ဳပ္ဟာ လက္နက္ကိုင္လမ္းစဥ္မွသည္ ၿငိမ္းခ်မ္းေရး၊ ၿငိမ္းခ်မ္းေရးမွသည္ ဖက္ဒရယ္စနစ္ကို အေျခခံတဲ့ စစ္မွန္တဲ့ပါတီစုံဒီမိုကေရစီျပည္ေထာင္စုျဖစ္ေစဖို႔ လမ္းခင္းေပးထားတာပဲ ျဖစ္ပါတယ္။

၁၉၄၇ ခုႏွစ္၊ ေဖေဖာ္ဝါရီလ ၁၂ ရက္မွာ ေတာင္တန္း၊ ျပည္မမခြဲျခားဘဲ လြတ္လပ္ေရးရရွိႏိုင္ဖို႔ ႀကိဳးပမ္းခဲ့တဲ့ ပင္လုံစိတ္ဓာတ္(ျပည္ေထာင္စုစိတ္ဓာတ္)ကို အေျခခံၿပီး တညီတၫြတ္တည္းအတည္ျပဳ ျပ႒ာန္းလက္မွတ္ေရးထိုးခဲ့တဲ့ ပင္လုံစာခ်ဳပ္ဟာ လြတ္လပ္ေရးအတြက္ အစဟုဆိုလွ်င္ ယေန႔ကြၽန္ေတာ္တို႔ လက္ထက္မွာ ေပၚေပါက္လာခဲ့တဲ့ NCA ဟာလည္း ၿငိမ္းခ်မ္းေရးရဲ႕အေျခခံအုတ္ျမစ္လို႔ဆိုရမွာျဖစ္ပါတယ္။

တိုင္းရင္းသားညီေနာင္မ်ားခင္ဗ်ား-

၂၀၀၈ ခုႏွစ္ ဖြဲ႕စည္းပုံအေျခခံဥပေဒမွာ တိုင္းရင္းသားအေရးကိစၥႏွင့္ ပတ္သက္၍ ပုဒ္မ -၂၂ မွာ တိုင္းရင္းသားဘာသာစကား၊ စာေပ၊ အႏုပညာ၊ ယဥ္ေက်းမႈေတြကို ဖြံ႕ၿဖိဳးတိုးတက္ေစဖို႔၊ တိုင္းရင္းသား အခ်င္းခ်င္း စည္းလုံးညီၫြတ္ေရး၊ ခ်စ္ၾကည္ေလးစားေရးနဲ႔ ႐ိုင္းပင္းကူညီေရးတို႔ တိုးတက္ျဖစ္ထြန္းေစဖို႔၊ တိုးတက္ဖြံ႕ၿဖိဳးမႈ နည္းပါးေနတဲ့ တိုင္းရင္းသားမ်ားရဲ႕ ပညာေရး၊ က်န္းမာေရး၊ စီးပြားေရး၊ လမ္းပန္းဆက္သြယ္ေရး စတာေတြပါဝင္တဲ့ လူမႈစီးပြားဘဝဖြံ႕ၿဖိဳးတိုးတက္မႈတို႔အတြက္ ႏိုင္ငံေတာ္က ကူညီရမယ္။ ပုဒ္မ-၄၉ မွာ တိုင္းေဒသႀကီး၊ ျပည္နယ္နဲ႔ ျပည္ေထာင္စုနယ္ေျမမ်ားအျဖစ္ ခြဲျခားသတ္မွတ္ေပးျခင္း၊ ပုဒ္မ-၅၆ အရ ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရ တိုင္း/ေဒသမ်ား သတ္မွတ္ေပးျခင္း၊ ပုဒ္မ-၂၆၁(ခ)(ဂ)အရ တိုင္းေဒသႀကီး သို႔မဟုတ္ ျပည္နယ္ဝန္ႀကီးခ်ဳပ္ ခန႔္အပ္တာဝန္ေပးျခင္းနဲ႔ အခန္း(၈) “ႏိုင္ငံသူ၊ ႏိုင္ငံသားမ်ားရဲ႕ မူလအခြင့္အေရးနဲ႔တာဝန္မ်ား” ပါအခ်က္ေတြအရ တိုင္းရင္းသားမ်ားအားလုံးကို အခြင့္အေရးတူ ေပးအပ္ထားပါတယ္။ ေဒသအႀကီးအေသးကြဲျပားျခားနားတာ၊ လူဦးေရနဲ႔မ်ိဳးႏြယ္စု ကြဲျပားျခားနားတာေတြ ရွိေနေပမယ့္ တိုင္းရင္းသားအားလုံး ရရွိခံစားရတဲ့ အခြင့္အေရးကေတာ့ တန္းတူညီမွ် ရွိတယ္လို႔ ဆိုႏိုင္ပါတယ္။

ကြၽန္ေတာ္တို႔တပ္မေတာ္အေနနဲ႔ တိုင္းေဒသႀကီးနဲ႔ျပည္နယ္ေတြမွာ မိမိတို႔ေဒသအက်ိဳးကို မိမိတို႔ကိုယ္တိုင္ ပိုမိုေဖာ္ေဆာင္ႏိုင္ဖို႔၊ သက္ဆိုင္ရာေဒသခံျပည္သူ မ်ားအေနနဲ႔ ဒီမိုကေရစီအႏွစ္သာရကို ပိုမိုရရွိခံစားႏိုင္ဖို႔ တိုင္းေဒသႀကီးနဲ႔ ျပည္နယ္အစိုးရဝန္ႀကီးခ်ဳပ္ေတြကို သက္ဆိုင္ရာ တိုင္းေဒသႀကီး၊ ျပည္နယ္လႊတ္ေတာ္က ေ႐ြးခ်ယ္ခန႔္ထားႏိုင္ဖို႔ လိုလားပါတယ္။ ဒီေနရာမွာ ျပည္သူလူထုက ဒီမိုကေရစီစနစ္အရ ေ႐ြးခ်ယ္တင္ေျမႇာက္တာကို လက္ခံရမွာပဲျဖစ္ပါတယ္။ ဒီမိုကေရစီအသြင္ေျပာင္းလဲေရး ပထမကာလမွာပဲ တိုင္းရင္းသားျပည္သူလူထုရဲ႕အက်ိဳးကို ေရွးရႈၿပီး ပထမလႊတ္ေတာ္သက္တမ္းကာလ အတြင္းမွာ ဖြဲ႕စည္းပုံ အေျခခံဥပေဒထဲက အခ်ိဳ႕အခ်က္ေတြကို ျပင္ဆင္၊ ျဖည့္စြက္ေပးႏိုင္ခဲ့ပါတယ္။

ႏိုင္ငံအတြင္းမွာ တိုင္းရင္းသား လူမ်ိဳးေပါင္းစုံရွိသလို ႏိုင္ငံေရးမူဝါဒကို အေျခခံဖြဲ႕စည္းထားတဲ့ ႏိုင္ငံေရးပါတီေတြ၊ နယ္ေျမေဒသနဲ႔ တိုင္းရင္းသားလူမ်ိဳးေတြကို အေျခခံၿပီး ဖြဲ႕စည္းထားတဲ့ ႏိုင္ငံေရးပါတီမ်ားဆိုၿပီး မ်ိဳးစုံရွိၾကပါတယ္။ အင္အားႀကီးပါတီဟာ ၂ ခုထက္မကရွိသလို ပါတီငယ္မ်ားစြာလည္း ရွိေနပါတယ္။ တိုင္းရင္းသားလူမ်ိဳးေတြ ေပါင္းစည္းစုစည္းေနထိုင္တဲ့ ျပည္ေထာင္စုလည္းျဖစ္ပါတယ္။ ဒါ့ေၾကာင့္တိုင္းရင္းသား လူမ်ိဳးေပါင္းစုံနဲ႔ ႏိုင္ငံ့အေရးကို ေဆာင္႐ြက္ၾကမယ့္ ႏိုင္ငံေရးပါတီမ်ားဟာ ႏိုင္ငံေတာ္တည္ေဆာက္ေရးမွာ က်ယ္က်ယ္ျပန႔္ျပန႔္ ကိုယ္စားျပဳ ပါဝင္ေဆာင္႐ြက္ႏိုင္ ဖို႔လိုပါလိမ့္မယ္။ အခ်ိဳးက် ကိုယ္စားျပဳျခင္း စနစ္ကို ေျပာင္းလဲက်င့္သုံးျခင္းအားျဖင့္ တိုင္းရင္းသား ျပည္သူမ်ား ဥပေဒျပဳလႊတ္ေတာ္ေတြမွာ ပိုမိုကိုယ္စားျပဳခြင့္ရရွိမွာ ျဖစ္ၿပီး ေျပာေရးဆိုခြင့္လည္း ရရွိလာမွာျဖစ္ပါတယ္။ တိုင္းရင္းသားလူမ်ိဳးစုႀကီးမ်ားသာမက တိုင္းရင္းသားလူမ်ိဳးစုငယ္မ်ားအေနနဲ႔လည္း သက္ဆိုင္ရာတိုင္းေဒသႀကီး၊ ျပည္နယ္လႊတ္ေတာ္ေတြမွာသာမက ျပည္သူ႔လႊတ္ေတာ္၊ အမ်ိဳးသားလႊတ္ေတာ္ေတြမွာ ပါဝင္ႏိုင္တဲ့ အခြင့္အေရးပိုမိုရရွိၿပီး မိမိေဒသအက်ိဳး၊ လူမ်ိဳးအက်ိဳးကို ထိထိေရာက္ေရာက္ ေဆာင္႐ြက္ႏိုင္ခြင့္ရရွိႏိုင္မွာ ျဖစ္ပါတယ္။

ဒါမွလည္း ကြၽန္ေတာ္တို႔ႏိုင္ငံဟာ ထာဝရၿငိမ္းခ်မ္းေရးမွ ဒီမိုကေရစီနဲ႔ဖက္ဒရယ္စနစ္ကို အေျခခံတဲ့ ျပည္ေထာင္စုစနစ္ကို အျမန္ဆုံးသြားေရာက္ႏိုင္မွာ ျဖစ္ပါတယ္။

တပ္မေတာ္အေနနဲ႔ ၿငိမ္းခ်မ္းေရးနဲ႔ ပတ္သက္လာရင္ ကြၽန္ေတာ္တို႔မွာရွိတဲ့ စြမ္းအားေတြကို ထိထိေရာက္ေရာက္ အသုံးခ်ၿပီး ခိုင္မာမႈရွိေအာင္ ေဆာင္႐ြက္ေပးလ်က္ရွိေနပါတယ္။ ျပည္သူေတြလူမႈဘဝ ေအးခ်မ္းစြာ ေနထိုင္ေစဖို႔ ေတာင္ေပၚေျမျပန႔္မခြဲျခားဘဲ လမ္းပန္းဆက္သြယ္ေရးခက္ခဲတဲ့ တိုင္းရင္းသားေဒသမ်ားကို သြားေရာက္ၿပီးေတာ့ လက္ေတြ႕ပါတဲ့ လုပ္ငန္းေတြကို ေဆာင္႐ြက္ေပးလ်က္ရွိပါတယ္။ ယေန႔ကမာၻမွာ COVID-19 ေရာဂါျဖစ္ပြားလ်က္ရွိရာ တပ္မေတာ္အေနနဲ႔ COVID-19 ေရာဂါႀကိဳတင္ကာကြယ္၊ ထိန္းခ်ဳပ္၊ ကုသေရးလုပ္ငန္းေတြမွာ အသုံးျပဳႏိုင္ဖို႔အတြက္ အေထာက္အကူျပဳပစၥည္းမ်ားကို (NMSP) မြန္အဖြဲ႕၊ UWSA (ဝ)အဖြဲ႕၊ KIO/KIA အဖြဲ႕၊ KNU အဖြဲ႕၊ KNU/KNLA(PC) အဖြဲ႕၊ KKO အဖြဲ႕၊ SSPP/SSA အဖြဲ႕၊ KNPP အဖြဲ႕၊ RCSS/SSA အဖြဲ႕၊ NDAA (မိုင္းလား) အဖြဲ႕ေတြသာမက နာဂ၊ ပအိုဝ္း၊ ဓႏု၊ ပေလာင္၊ ကိုးကန႔္၊ “ဝ” ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသရွိ တိုင္းရင္းသားမ်ား၊ အင္းေလးေဒသမွ တိုင္းရင္းသားမ်ားအတြက္ တပ္မေတာ္က ၎တို႔ရွိရာ ေဒသသို႔ သြားေရာက္ ကူညီေထာက္ပံ့ေပးျခင္းျဖင့္ တိုင္းရင္းသား ေတြအေပၚမွာ အၿမဲအေလးထားလ်က္ရွိပါတယ္။ ၂၀၂၀ ျပည့္ႏွစ္အလြန္ကာလမွာ ႏိုင္ငံေတာ္ကို ဒီမိုကေရစီနဲ႔ ဖက္ဒရယ္စနစ္ကို အေျခခံတဲ့ ျပည္ေထာင္စုအျဖစ္ ဖြဲ႕စည္းတည္ေဆာက္ႏိုင္ေရးအတြက္ ျပည္ေထာင္စု သေဘာတူစာခ်ဳပ္အပိုင္း ၃ ကို ၂၀၂၀ ျပည့္ႏွစ္၊ ၾသဂုတ္လ ၂၁ ရက္ေန႔မွာ လက္မွတ္ေရးထိုးႏိုင္ခဲ့ပါတယ္။ သေဘာတူညီခဲ့ၿပီးျဖစ္တဲ့ ျပည္ေထာင္စု သေဘာတူစာခ်ဳပ္ (Union Accord) အစိတ္အပိုင္း ၃ ပိုင္းမွာသေဘာတူညီခ်က္စုစုေပါင္း ၅၄ ခ်က္ ခ်မွတ္ၿပီး ေရရွည္တည္တံ့ခိုင္ၿမဲတဲ့ ၿငိမ္းခ်မ္းေရး ေဖာ္ေဆာင္ေပးႏိုင္ဖို႔၊ ဒီမိုကေရစီနဲ႔ဖက္ဒရယ္စနစ္တို႔ကို အေျခခံတဲ့ ျပည္ေထာင္စု တည္ေဆာက္ႏိုင္ဖို႔တို႔အတြက္ ဒီျပည္ေထာင္စုသေဘာတူညီခ်က္စာခ်ဳပ္ အစိတ္အပိုင္းမ်ားကို လႊတ္ေတာ္မွာ ဆက္လက္ေဆြးေႏြးၿပီး ေဆာင္႐ြက္သြားၾကမွာ ျဖစ္ပါတယ္။

ယခု ေလာေလာဆယ္မွာ ကြၽန္ေတာ္တို႔ ျဖတ္သန္းရမယ့္ လတ္တေလာအေရး ကိစၥႏွစ္ခု ရွိပါတယ္။ COVID-19 ေရာဂါကိစၥနဲ႔ ေ႐ြးေကာက္ပြဲတို႔ပဲျဖစ္ပါတယ္။ COVID-19 ေရာဂါဟာ ကြၽန္ေတာ္တို႔ႏိုင္ငံမွာ ယခုႏွစ္ စက္တင္ဘာလဆန္းပိုင္းမွ စတင္ၿပီး Second Wave အျဖစ္ ျပန္လည္ျဖစ္ပြားလ်က္ရွိကာ ေရာဂါပိုးေတြ႕ရွိသူ ေသာင္းဂဏန္းေက်ာ္ႏွင့္ ေသဆုံးသူမ်ားလည္း ရာဂဏန္းေက်ာ္သြားၿပီ ျဖစ္ပါတယ္။ သို႔ေသာ္လည္း ယခုလိုေရာဂါကူးစက္ျပန႔္ပြားမႈကို ေၾကာက္႐ြံ႕မေနဖို႔နဲ႔ ေရာဂါကာကြယ္ ကုသေဆးျပည့္ျပည့္စုံစုံ မရရွိေသးတာကိုလည္း လက္မႈိင္ခ်ၿပီး စိတ္ဓာတ္က်ေနဖို႔ မလိုေၾကာင္း အားေပးေျပာၾကားလိုပါတယ္။ COVID-19 ေရာဂါကူးစက္မႈကို ကာကြယ္ ႏိုင္ဖို႔အတြက္ ထုတ္ျပန္ထားတဲ့စည္းမ်ဥ္း စည္းကမ္းေတြကို အေလးထားၿပီး တိက်စြာ စနစ္တက် လိုက္နာ ေဆာင္႐ြက္ျခင္းျဖင့္ စည္းကမ္းေကာင္းတဲ့ ႏိုင္ငံသားမ်ားအျဖစ္နဲ႔ ကြၽန္ေတာ္တို႔ ေက်ာ္လႊားသြားႏိုင္မွာပဲ ျဖစ္ ပါတယ္။ ကမာၻတစ္ဝန္းလုံးျဖစ္ပြားေနတဲ့ အတြက္ သန္း ၇၀၀၀ ေသာ လူသားမ်ားရဲ႕ လူမႈစီးပြားေတြက်ဆင္းတယ္ဆိုေသာ္လည္း စားနပ္ရိကၡာေရာင္းဝယ္မႈဟာ မက်ဆင္း ပါဘူး။ စားေရးဟာ လူတိုင္းအတြက္ လိုအပ္တာျဖစ္လို႔ စားေသာက္ကုန္ ထုတ္လုပ္မႈလုပ္ငန္းမ်ားကို ေဒသအလိုက္ ရႏိုင္သေ႐ြ႕ ႀကိဳးစားထုတ္လုပ္ၿပီး တစ္ဦးခ်င္းဝင္ေငြ၊ ႏိုင္ငံ့ဝင္ေငြရရွိေအာင္ လုပ္ေဆာင္ၾကဖို႔ တိုက္တြန္းလိုပါတယ္။ ကပ္ေရာဂါျဖစ္ပြား စဥ္ကာလအတြင္း မိဘျပည္သူမ်ားရဲ႕ လူမႈ စီးပြားဘဝ တိုးတက္ေရးအတြက္ တပ္မေတာ္အေနနဲ႔ စြမ္းအားရွိသမွ် ျပည္သူမ်ားနဲ႔အတူ လက္တြဲပူးေပါင္း ေဆာင္႐ြက္သြားမွာ ျဖစ္ပါတယ္။

မၾကာခင္ကာလမွာ ၂၀၂၀ ျပည့္ႏွစ္ ပါတီစုံအေထြေထြေ႐ြး ေကာက္ပြဲကို က်င္းပေတာ့မွာ ျဖစ္ပါတယ္။ ပါတီစုံဒီမိုကေရစီ စနစ္မွာ ေ႐ြးေကာက္ပြဲဟာ ဒီစနစ္ရဲ႕ အသက္ပဲျဖစ္ပါတယ္။ က်င္းပျပဳလုပ္မယ့္ ေ႐ြးေကာက္ပြဲဟာ လြတ္လပ္ၿပီး တရားမွ်တတဲ့ ေ႐ြးေကာက္ပြဲျဖစ္ဖို႔ လိုအပ္ပါတယ္။ ဒီေ႐ြးေကာက္ပြဲမွာ “ျပည္ေထာင္စုစိတ္ဓာတ္ စစ္စစ္နဲ႔ တိုင္းျပည္ေကာင္းေအာင္ ေစတနာထားလုပ္မယ့္၊ ဥပေဒကို စိတ္ဝင္စားအေလး ထားတဲ့ ကိုယ္စားလွယ္ေကာင္းေတြ ရရွိေရး ဂ႐ုတစိုက္စိစစ္ေ႐ြးခ်ယ္သြားဖို႔” ကြၽန္ေတာ္အသိေပးလိုပါတယ္။ ဒါမွသာ တိုင္းရင္းသားေတြ လိုလားတဲ့ ဖြံ႕ၿဖိဳးေရး၊ ဒီမိုကေရစီေရး၊ ၿငိမ္းခ်မ္းေရးတို႔ကို ျပည့္ျပည့္၀၀ခံစားႏိုင္မွာပဲ ျဖစ္ပါတယ္။

တိုင္းရင္းသားညီအစ္ကို ေမာင္ႏွမမ်ား ခင္ဗ်ား-

ကြၽန္ေတာ္တို႔ျဖတ္သန္းလာခဲ့ရတဲ့ NCA သမိုင္းေၾကာင္းဟာ ကာလအတိုင္းအတာ တစ္ခုအထိ ေရာက္ရွိေနၿပီ ျဖစ္ပါတယ္။

တပ္မေတာ္အေနနဲ႔– တိုင္းျပည္တစ္ခု ဖြံ႕ၿဖိဳးတိုးတက္ဖို႔ဆိုရင္ တည္ၿငိမ္ေအးခ်မ္းမႈရွိေရးဟာ အဓိက က်တဲ့ အတြက္ ထာဝရၿငိမ္းခ်မ္းေရး ရရွိေရးကို ဒို႔တာဝန္အေရး (၃)ပါးမူေဘာင္ကလည္း မလြတ္ကင္း၊ NCA လမ္းေၾကာင္း မွလည္း ေသြဖည္မသြားဘဲ တိုင္းရင္းသားညီေနာင္မ်ားနဲ႔ အတူလက္တြဲ ေဆာင္႐ြက္သြားမွာျဖစ္ၿပီး တိုင္းရင္းသား ညီေနာင္မ်ားကလည္း ပူးေပါင္းပါဝင္သြားၾကပါ။

– NCA စာခ်ဳပ္မွာ လက္မွတ္ေရးထိုးဖို႔ က်န္ရွိေနေသးတဲ့ တိုင္းရင္းသား လက္နက္ကိုင္ အဖြဲ႕အစည္းမ်ားအေနနဲ႔လည္း တိုင္းရင္းသား ျပည္သူလူထုရဲ႕ ၿငိမ္းခ်မ္းေရးဆႏၵကို တန္ဖိုးထားၿပီး မိမိတို႔လက္ထက္မွာ ဒီမိုကေရစီနဲ႔ ဖက္ဒရယ္စနစ္ကို အေျခခံတဲ့ ပါတီစုံဒီမိုကေရစီႏိုင္ငံ ပီျပင္စြာ ေပၚထြန္းလာေစေရး လက္မွတ္ ေရးထိုး သြားၾကဖို႔နဲ႔ လက္မွတ္ေရးထိုး ထားၿပီးသား အဖြဲ႕မ်ားအေနနဲ႔လည္း NCA လမ္းေၾကာင္းေပၚ ဆက္လက္ ေလွ်ာက္လွမ္းကာ အနာဂတ္ဒီမို ကေရစီႏိုင္ငံေတာ္ တည္ေဆာက္ေရးတြင္ ခိုင္မာတဲ့အင္အားသစ္မ်ားအျဖစ္ လက္တြဲ ေဆာင္႐ြက္ၾကပါ။

– ပင္လုံစာခ်ဳပ္ဟာ ကြၽန္ေတာ္တို႔ တိုင္းရင္းသားညီအစ္ကိုေမာင္ႏွမေတြရဲ႕ စည္းလုံးညီၫြတ္မႈကို အသိအမွတ္ျပဳတဲ့ ျပယုဂ္ျဖစ္သလို NCA ဟာလည္း ႏွစ္ကာလမ်ားစြာက ျဖစ္ေပၚခဲ့တဲ့ ပဋိပကၡေတြ၊ ယုံမွားသံသယေတြ ကင္းစင္လြင့္ေပ်ာက္ေစတဲ့ ၿငိမ္းခ်မ္းေရးရဲ႕ျပယုဂ္လို႔ သေဘာထား အသိအမွတ္ျပဳကာ စာခ်ဳပ္ပါ အခ်က္မ်ားအတိုင္း လိုက္နာေဆာင္ ႐ြက္အေကာင္အထည္ေဖာ္ၾကပါ။

– အေျခခံဥပေဒမွာ ျပင္ဆင္သင့္တာမ်ား ျပင္ဆင္ျခင္းျဖင့္ တိုင္းရင္းသားမ်ားရဲ႕ ကိုယ္စားျပဳမႈကို က်ယ္က်ယ္ ျပန႔္ျပန႔္ ရရွိႏိုင္မွာျဖစ္ၿပီး မိမိေဒသအက်ိဳး၊ လူမ်ိဳးအက်ိဳးကို ထိထိေရာက္ေရာက္ ေဆာင္႐ြက္ခြင့္ရရွိႏိုင္မွာျဖစ္ တဲ့အတြက္ ပူးေပါင္း ပါဝင္ေဆာင္႐ြက္ၾကပါလို႔ တိုက္တြန္းေျပာၾကားရင္း နိဂုံးခ်ဳပ္လိုက္ပါတယ္။

– အားလုံးကို ေက်းဇူးတင္ပါတယ္။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။