နေပြည်တော်၊ နိုဝင်ဘာ-၄
မေး။ နောက်ထပ်မေးခွန်းတစ်ခုကတော့ အောက်တိုဘာ ၁၅ ရက်နေ့က တပ်မတော်ရေ တိုက်ခိုက်ရေးသင်္ဘောစစ်ရေယာဉ် မင်းရဲသိင်္ခသူပါဝင်တဲ့ စစ်ရေယာဉ်ပင်လယ်ပြင် လက်တွေ့လေ့ကျင့်ခန်း Fleet Exercise 2020 (လေ့ကျင့်ခန်း ဗန္ဓုလ)ကို ဗိုလ်ချုပ်မှူးကြီး တက်ရောက်ပြီးတော့မှ ဂုဏ်ပြုခဲ့တာကိုတွေ့ရပါတယ်။ အဲ့ဒီမိန့်ခွန်းမှာလည်းပဲ ဗိုလ်ချုပ်မှူးကြီးက လွန်ခဲ့တဲ့ဆယ်စုနှစ်တွေကတည်းက ဒီလိုမျိုးခေတ်မီ တပ်မတော်ဖြစ်ဖို့ အတွက်ကို စိတ်ကူးပြီးတော့မှ ကြိုးစားလုပ်ဆောင်ခဲ့တယ်ဆိုတာကိုလည်းပဲ မိန့်ခွန်းထဲမှာ ပြောကြားသွားတာတွေ့ရပါတယ်ရှင်။ ပြည်သူတွေကလည်း ရေငုပ်သင်္ဘောနဲ့ ပတ်သက်ပြီးတော့ စိတ်ဝင်စားမှုအားလည်း တော်တော်မြင့်တက်ခဲ့ပါတယ်။ ဒီလိုရေငုပ် သင်္ဘောပိုင်ဆိုင်ဖို့အတွက် မြန်မာ့တပ်မတော်က ဘယ်လိုများပြင်ဆင်ခဲ့ပါသလဲ။ နောက်တစ်ခုက ဒီလိုမျိုး ရေငုပ်သင်္ဘောပိုင်ဆိုင်ရခြင်းဟာ ဘယ်လိုအခန်းကဏ္ဍတွေအထိ အကျိုးသက်ရောက်မှုမျိုး ရှိမလဲဆိုတာ ပြောပြပေးစေချင်ပါတယ်ရှင်။
ဖြေ။ တပ်မတော်တစ်ခုမှာတော့ စွမ်းရည်ရှိတဲ့ လူသားအရင်းအမြစ်တွေ၊ စွမ်းအားရှိတဲ့ စစ်လက်နက်ပစ္စည်းတွေရှိရေးကတော့ တပ်မတော်တစ်ခုရဲ့လိုအပ်ချက်ပဲ။ ဆိုပါတော့ ကြည်းတပ်မှာလည်း ကြည်းတပ်အလျောက်၊ ရေတပ်လည်း ရေတပ်အလျောက်၊ လေတပ်လည်း လေတပ်အလျောက်ပေါ့။ အဲ့ဒီတော့ ရေတပ်နဲ့ ပတ်သက်ရင်လည်း ရေတပ်မှာဆိုရင်လည်း စွမ်းရည်ရှိတဲ့ရေတပ်ဖွဲ့တစ်ခုဖြစ်ဖို့လိုအပ်ပါတယ်။ ကျွန်တော်တို့ ရေပြင်က အကြမ်းဖျဉ်းအားဖြင့် ပြောရရင်တော့ ကမ်းရိုးတန်းမိုင်ပေါင်း မိုင်အရှည်က ၁၃၈၀ လောက်ရှိပါတယ်။ ပင်လယ်ပြင်ရဲ့အကျယ်ကလည်း စတုရန်းမိုင်ပေါင်း ၁၄၄၀၀၀ ကျော်လောက်ကျယ်တယ်။ တော်တော်ကျယ်ဝန်းတဲ့ဟာပါ။ ဒီပင်လယ်ပြင်ကြီးကို ကာကွယ်ဖို့ဆိုတာတော့ ရေတပ်ဖွဲ့က စွမ်းရည်ရှိမှပဲ ကာကွယ်နိုင်မယ့်အနေအထား ဖြစ်နေတယ်။ ဒါကြောင့် အရင်တပ်မတော်အကြီးအကဲတွေကလည်း တပ်မတော်ရေနဲ့ ပတ်သက်ပြီးတော့ စွမ်းရည်ရှိတဲ့ ရေတပ်ဖွဲ့ ဖြစ်ဖို့ ကြိုးစားခဲ့တာရှိတယ်။ ဒါပေမဲ့ အခြေအနေအမျိုးမျိုးကြောင့် ထိထိရောက်ရောက်တော့ ကျွန်တော်တို့မလုပ်နိုင်ခဲ့ပါဘူး။ မြန်မာ့ရေပိုင်နက်ကိုလည်း ထိထိရောက်ရောက် မကာကွယ်နိုင်ခဲ့တာကို ရိုးသားစွာ ပြောရပါလိမ့်မယ်။ ၁၉၉၀ ပတ်ဝန်းကျင်လောက်ရောက်မှ ခေတ်မီတဲ့ ရေတပ်သင်္ဘောတွေ တိုးချဲ့ဖြည့်ဆည်းပေးနိုင်ခဲ့တာကစပြီး ခေတ်မီရေတပ်မတော်ကို ခြေလှမ်းစလှမ်းခဲ့ဖြစ်တာပေါ့။ အဲ့ဒီမှာ ကျွန်တော်တို့ လိုအပ်ချက်တစ်ခုကဘာလဲဆိုတော့ ရေအောက်ကာကွယ်ရေးစနစ်တွေ လိုနေတာရှိတယ်။ ရေပြင်ပေါ်မှာ ကာကွယ်ရေးစနစ်တွေရှိမယ်၊ ရေအောက်မှာကာကွယ်ရေးစနစ်တွေ ရှိမယ်။ ရေပေါ် ကာကွယ်ရေးစနစ်ကတော့ ဘာပဲပြောပြော အတိုင်းအတာတစ်ခုအထိတော့ ရှိပေမဲ့ ရေအောက်ကာကွယ်ရေးစနစ်ကျတော့ လွယ်တဲ့ကိစ္စလည်း မဟုတ်ဘူး။ ပြောရရင်တော့ ခုနကပြောတဲ့ ရေငုပ်သင်္ဘောပေါ့။ ရေအောက်တပ်ဖွဲ့တွေပေါ့။ တော်တော်ကြီးကို လူသားတွေနဲ့ပတ်သက်ပြီး အရည်အချင်းရှိတဲ့ စစ်သည်တွေ မွေးထုတ်ဖို့အတွက်က အခုလုပ် အခုရတဲ့ကိစ္စမဟုတ်ဘူး။ တော်တော်ကို ပြင်ရဆင်ရတဲ့ကိစ္စဖြစ်ပါတယ်။ အရင်က တပ်မတော်အကြီးအကဲကလည်း ဒီဟာကို ကြိုတင်တွက်ဆပြီးတော့မှ သူတို့ ကြိုးစားခဲ့ရတာရှိပါတယ်။ လွန်ခဲ့တဲ့နှစ်ပေါင်း ၃၀ ကျော်လောက်ကပေါ့။ နှစ်ပေါင်း ၃၀ ကျော် ၄၀ လောက်ကတည်းက ကြိုးစားခဲ့တယ်။ သို့သော်လည်း အကြောင်းအမျိုးမျိုးကြောင့် မအောင်မြင်ခဲ့ပါဘူး။ ကျွန်တော်လည်း ဒီဟာကိုမြင်တယ်။ ရေပြင်ကာကွယ်ရေးကတော့ ရေပေါ်ကာကွယ်ရေးတင်မက ရေအောက်ကာကွယ်ရေးလည်း လုပ်ဖို့လိုတယ် ဆိုတာမြင်တယ်။ ကျွန်တော်တို့ရေအောက်တွေမှာ သယံဇာတပစ္စည်းတွေလည်း အများကြီးရှိသလို ရေအောက်ကနေပြီးတော့ မြန်မာနိုင်ငံရဲ့လုံခြုံရေးကို ထိပါးနိုင်တဲ့ ကိစ္စမျိုးတွေလည်း အများကြီးဖြစ်နိုင်စရာရှိတယ်။ ပြောရမယ်ဆိုရင် ၁၉၈၈ ခုနှစ်လောက်ကတည်းက ရေပေါ်မှာခြိမ်းခြောက်မှုတွေ ဖြစ်ခဲ့တဲ့သာဓကရှိခဲ့ဖူးပါတယ်။ ဒါကတော့ ကျွန်တော်တို့က နိုင်ငံတော်ကာကွယ်ရေးပိုင်းကို စဉ်းစားတဲ့အခါကျတော့ ပြည့်စုံ လုံလောက်တဲ့ ကာကွယ်ရေးစနစ်ဖြစ်အောင် လုပ်ဖို့အတွက်က ခုနကပြောတဲ့ ရေအောက် ကာကွယ်ရေးစနစ်ပါ ထည့်မှရမယ်ဆိုပြီး တွက်ဆမိတဲ့အတွက်ကြောင့် ကြိုးစားခဲ့တာ ဖြစ်ပါတယ်။ ကျွန်တော်ဆိုရင်လည်း ၂၀၁၂ လောက်ကတည်းက ဒီကိစ္စကို စပြီးတော့ စဉ်းစားပါတယ်။ တိုင်းပြည်ရဲ့ ဘတ်ဂျက်အခြေအနေလည်း ကြည့်ရသေးတယ်လေ။ ကိုယ်လုပ်ချင်တိုင်းလည်း ကိုယ်လုပ်လို့ရတာ မဟုတ်ပါဘူး။ တိုင်းပြည်က ဘယ်လောက် တတ်နိုင်မလဲ။ ဒါလည်း ကျွန်တော်တို့ ကြည့်ရသေးတာ။ ဖြစ်နိုင်တဲ့နည်းလမ်းကတော့ ကျွန်တော်တို့ ရအောင် ကြိုးစားကြည့်တာပေါ့။ သို့သော် မဖြစ်နိုင်တဲ့ဟာကို သွားပြီးတော့ နားပူနားဂျီ သွားလုပ်ရင်လည်း ဘယ်လိုလုပ်သင့်တော်မလဲ။ ဒါကြောင့် တိုင်းပြည်က တတ်နိုင်တဲ့ဟာမျိုးလည်း ဖြစ်ရမယ်။ ကိုယ်လည်းလုပ်နိုင်တဲ့ အနေအထားမျိုးဖြစ်ရမယ်။ ဒီလိုစဉ်းစားတာ။ စဉ်းစားပြီးတော့မှ တစ် အချက်ကတော့ လူဘယ်လိုစမွေးမလဲဆိုတာ၊ လူအရင် စပြီးတည်ဆောက်ဖို့ သင်တန်းတွေကျွန်တော်တို့ပေးပါတယ်။ အရင် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်လက်ထက်မှာလဲ လူသားအရင်းအမြစ်နဲ့ ပတ်သက်ပြီးတော့ စခဲ့တာရှိတယ်။ လူတွေကတော့ ကျွန်တော့်မှာ အထိုက်အသင့်တော့ရှိတယ်။ သို့သော် ကျွန်တော်တို့မှာ ခုနကပြောတဲ့ သင်္ဘောမရှိဘူး။ သင်္ဘောမရှိတော့ သင်္ဘောရှိအောင် ကြိုးစားရတာပေါ့။ သင်္ဘောတစ်စီးရဲ့ တန်ဖိုးဆိုတာလည်း အနည်းဆုံး ဒေါ်လာသန်း ၃၀၀/၄၀၀ လောက်ပေးနိုင်မှ တော်တော်တန်တန် ခေတ်မီတဲ့ရေငုပ်သင်္ဘောရမယ်။ ဒီလိုဆိုတော့ ဒါမျိုးကလည်း လက်ထဲမှာရှိလာပြီးတော့မှ ကိုယ်က လူသားအရင်းအမြစ် မပြည့်စုံလို့ရှိရင်လည်း လုပ်ရကိုင်ရတာလည်းခက်တယ်။ ဒါ့ကြောင့် ကျွန်တော်တို့က ပထမ အချက်အနေနဲ့ လူသားအရင်းအမြစ်တွေကို စပြီးမွေးရပါတယ်။ ဒီလူသားအရင်းအမြစ်တွေကိုလည်း အရန်တွေ၊ အရန်တွေအများကြီးကို ကျွန်တော်တို့စပြီးမွေးရပါတယ်။ Trainning ပေးရတာပေါ့။ ဒီလိုလုပ်နိုင်ဖို့အတွက် ရေတပ်ဖွဲ့ကြီးမှာ အထောက်အကူ ပြုနိုင်ဖို့အတွက် ရေငုပ်သင်္ဘောတစ်စီးကို လေ့ကျင့်ရေးနဲ့စစ်ဆင်ရေး အထောက်အကူပြုဖို့အတွက် စပြီးစဉ်းစားခဲ့တယ်။ စစ်ဆင်ရေးတစ်ခုတည်းအတွက် မဟုတ်ဘူး၊ လေ့ကျင့်ရေးနဲ့ စစ်ဆင်ရေးကို အထောက်အကူပြုနိုင်ဖို့ အတွက်စဉ်းစားခဲ့တယ်။ ဒါ့ကြောင့် အိမ်နီးနားချင်းနိုင်ငံတွေ၊ မိတ်ဆွေနိုင်ငံတွေကနေ ကျွန်တော်တို့ လိုက်ရှာခဲ့တယ်။ နောက်ဆုံး အိန္ဒိယနိုင်ငံကနေတစ်ဆင့် ဝယ်ယူရရှိခဲ့ခြင်းဖြစ်ပါတယ်။ ဒါကလည်း ကျွန်တော်တို့ ထိုက်သင့်တဲ့ငွေကြေးပေးပြီး ဝယ်ခဲ့တဲ့သင်္ဘောဖြစ်ပါတယ်။ ဒါကိုလည်း ကျွန်တော်တို့က အဓိကအနေနဲ့လေ့ကျင့်ရေးအတွက်သုံးပါမယ်။ လိုအပ်မယ်ဆိုရင်တော့ စစ်ဆင်ရေးကိစ္စအတွက် ကျွန်တော်တို့သုံးပါမယ်။ ဒါပေမယ့် ကျွန်တော်တို့အတွက်လည်း အချိန်တစ်ခုတော့ ယူရပါလိမ့်အုန်းမယ်။ ချက်ချင်းတော့ ပြည့်စုံတဲ့ အနေအထားမဟုတ်ပါဘူး။ သို့သော်လည်း ရေငုပ်သင်္ဘောကို တပ်မတော်ရေတပ်မှာ ထည့်သွင်းနိုင်ခဲ့တဲ့အားဖြင့် ရေတပ်အဖွဲ့ရဲ့ ကာကွယ်ရေးစွမ်းပကားကတော့ အတိုင်းအတာတစ်ခုအထိ ရရှိလာတယ်လို့ ပြောလိုပါတယ်။
(Zawgyi Version)
ေနျပည္ေတာ္၊ ႏိုဝင္ဘာ-၄
ေမး။ ေနာက္ထပ္ေမးခြန္းတစ္ခုကေတာ့ ေအာက္တိုဘာ ၁၅ ရက္ေန႔က တပ္မေတာ္ေရ တိုက္ခိုက္ေရးသေဘၤာစစ္ေရယာဥ္ မင္းရဲသိခၤသူပါဝင္တဲ့ စစ္ေရယာဥ္ပင္လယ္ျပင္ လက္ေတြ႕ေလ့က်င့္ခန္း Fleet Exercise 2020 (ေလ့က်င့္ခန္း ဗႏၶဳလ)ကို ဗိုလ္ခ်ဳပ္မႉးႀကီး တက္ေရာက္ၿပီးေတာ့မွ ဂုဏ္ျပဳခဲ့တာကိုေတြ႕ရပါတယ္။ အဲ့ဒီမိန႔္ခြန္းမွာလည္းပဲ ဗိုလ္ခ်ဳပ္မႉးႀကီးက လြန္ခဲ့တဲ့ဆယ္စုႏွစ္ေတြကတည္းက ဒီလိုမ်ိဳးေခတ္မီ တပ္မေတာ္ျဖစ္ဖို႔ အတြက္ကို စိတ္ကူးၿပီးေတာ့မွ ႀကိဳးစားလုပ္ေဆာင္ခဲ့တယ္ဆိုတာကိုလည္းပဲ မိန႔္ခြန္းထဲမွာ ေျပာၾကားသြားတာေတြ႕ရပါတယ္ရွင္။ ျပည္သူေတြကလည္း ေရငုပ္သေဘၤာနဲ႔ ပတ္သက္ၿပီးေတာ့ စိတ္ဝင္စားမႈအားလည္း ေတာ္ေတာ္ျမင့္တက္ခဲ့ပါတယ္။ ဒီလိုေရငုပ္ သေဘၤာပိုင္ဆိုင္ဖို႔အတြက္ ျမန္မာ့တပ္မေတာ္က ဘယ္လိုမ်ားျပင္ဆင္ခဲ့ပါသလဲ။ ေနာက္တစ္ခုက ဒီလိုမ်ိဳး ေရငုပ္သေဘၤာပိုင္ဆိုင္ရျခင္းဟာ ဘယ္လိုအခန္းက႑ေတြအထိ အက်ိဳးသက္ေရာက္မႈမ်ိဳး ရွိမလဲဆိုတာ ေျပာျပေပးေစခ်င္ပါတယ္ရွင္။
ေျဖ။ တပ္မေတာ္တစ္ခုမွာေတာ့ စြမ္းရည္ရွိတဲ့ လူသားအရင္းအျမစ္ေတြ၊ စြမ္းအားရွိတဲ့ စစ္လက္နက္ပစၥည္းေတြရွိေရးကေတာ့ တပ္မေတာ္တစ္ခုရဲ႕လိုအပ္ခ်က္ပဲ။ ဆိုပါေတာ့ ၾကည္းတပ္မွာလည္း ၾကည္းတပ္အေလ်ာက္၊ ေရတပ္လည္း ေရတပ္အေလ်ာက္၊ ေလတပ္လည္း ေလတပ္အေလ်ာက္ေပါ့။ အဲ့ဒီေတာ့ ေရတပ္နဲ႔ ပတ္သက္ရင္လည္း ေရတပ္မွာဆိုရင္လည္း စြမ္းရည္ရွိတဲ့ေရတပ္ဖြဲ႕တစ္ခုျဖစ္ဖို႔လိုအပ္ပါတယ္။ ကြၽန္ေတာ္တို႔ ေရျပင္က အၾကမ္းဖ်ဥ္းအားျဖင့္ ေျပာရရင္ေတာ့ ကမ္း႐ိုးတန္းမိုင္ေပါင္း မိုင္အရွည္က ၁၃၈၀ ေလာက္ရွိပါတယ္။ ပင္လယ္ျပင္ရဲ႕အက်ယ္ကလည္း စတုရန္းမိုင္ေပါင္း ၁၄၄၀၀၀ ေက်ာ္ေလာက္က်ယ္တယ္။ ေတာ္ေတာ္က်ယ္ဝန္းတဲ့ဟာပါ။ ဒီပင္လယ္ျပင္ႀကီးကို ကာကြယ္ဖို႔ဆိုတာေတာ့ ေရတပ္ဖြဲ႕က စြမ္းရည္ရွိမွပဲ ကာကြယ္ႏိုင္မယ့္အေနအထား ျဖစ္ေနတယ္။ ဒါေၾကာင့္ အရင္တပ္မေတာ္အႀကီးအကဲေတြကလည္း တပ္မေတာ္ေရနဲ႔ ပတ္သက္ၿပီးေတာ့ စြမ္းရည္ရွိတဲ့ ေရတပ္ဖြဲ႕ ျဖစ္ဖို႔ ႀကိဳးစားခဲ့တာရွိတယ္။ ဒါေပမဲ့ အေျခအေနအမ်ိဳးမ်ိဳးေၾကာင့္ ထိထိေရာက္ေရာက္ေတာ့ ကြၽန္ေတာ္တို႔မလုပ္ႏိုင္ခဲ့ပါဘူး။ ျမန္မာ့ေရပိုင္နက္ကိုလည္း ထိထိေရာက္ေရာက္ မကာကြယ္ႏိုင္ခဲ့တာကို ႐ိုးသားစြာ ေျပာရပါလိမ့္မယ္။ ၁၉၉၀ ပတ္ဝန္းက်င္ေလာက္ေရာက္မွ ေခတ္မီတဲ့ ေရတပ္သေဘၤာေတြ တိုးခ်ဲ႕ျဖည့္ဆည္းေပးႏိုင္ခဲ့တာကစၿပီး ေခတ္မီေရတပ္မေတာ္ကို ေျခလွမ္းစလွမ္းခဲ့ျဖစ္တာေပါ့။ အဲ့ဒီမွာ ကြၽန္ေတာ္တို႔ လိုအပ္ခ်က္တစ္ခုကဘာလဲဆိုေတာ့ ေရေအာက္ကာကြယ္ေရးစနစ္ေတြ လိုေနတာရွိတယ္။ ေရျပင္ေပၚမွာ ကာကြယ္ေရးစနစ္ေတြရွိမယ္၊ ေရေအာက္မွာကာကြယ္ေရးစနစ္ေတြ ရွိမယ္။ ေရေပၚ ကာကြယ္ေရးစနစ္ကေတာ့ ဘာပဲေျပာေျပာ အတိုင္းအတာတစ္ခုအထိေတာ့ ရွိေပမဲ့ ေရေအာက္ကာကြယ္ေရးစနစ္က်ေတာ့ လြယ္တဲ့ကိစၥလည္း မဟုတ္ဘူး။ ေျပာရရင္ေတာ့ ခုနကေျပာတဲ့ ေရငုပ္သေဘၤာေပါ့။ ေရေအာက္တပ္ဖြဲ႕ေတြေပါ့။ ေတာ္ေတာ္ႀကီးကို လူသားေတြနဲ႔ပတ္သက္ၿပီး အရည္အခ်င္းရွိတဲ့ စစ္သည္ေတြ ေမြးထုတ္ဖို႔အတြက္က အခုလုပ္ အခုရတဲ့ကိစၥမဟုတ္ဘူး။ ေတာ္ေတာ္ကို ျပင္ရဆင္ရတဲ့ကိစၥျဖစ္ပါတယ္။ အရင္က တပ္မေတာ္အႀကီးအကဲကလည္း ဒီဟာကို ႀကိဳတင္တြက္ဆၿပီးေတာ့မွ သူတို႔ ႀကိဳးစားခဲ့ရတာရွိပါတယ္။ လြန္ခဲ့တဲ့ႏွစ္ေပါင္း ၃၀ ေက်ာ္ေလာက္ကေပါ့။ ႏွစ္ေပါင္း ၃၀ ေက်ာ္ ၄၀ ေလာက္ကတည္းက ႀကိဳးစားခဲ့တယ္။ သို႔ေသာ္လည္း အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ မေအာင္ျမင္ခဲ့ပါဘူး။ ကြၽန္ေတာ္လည္း ဒီဟာကိုျမင္တယ္။ ေရျပင္ကာကြယ္ေရးကေတာ့ ေရေပၚကာကြယ္ေရးတင္မက ေရေအာက္ကာကြယ္ေရးလည္း လုပ္ဖို႔လိုတယ္ ဆိုတာျမင္တယ္။ ကြၽန္ေတာ္တို႔ေရေအာက္ေတြမွာ သယံဇာတပစၥည္းေတြလည္း အမ်ားႀကီးရွိသလို ေရေအာက္ကေနၿပီးေတာ့ ျမန္မာႏိုင္ငံရဲ႕လုံၿခဳံေရးကို ထိပါးႏိုင္တဲ့ ကိစၥမ်ိဳးေတြလည္း အမ်ားႀကီးျဖစ္ႏိုင္စရာရွိတယ္။ ေျပာရမယ္ဆိုရင္ ၁၉၈၈ ခုႏွစ္ေလာက္ကတည္းက ေရေပၚမွာၿခိမ္းေျခာက္မႈေတြ ျဖစ္ခဲ့တဲ့သာဓကရွိခဲ့ဖူးပါတယ္။ ဒါကေတာ့ ကြၽန္ေတာ္တို႔က ႏိုင္ငံေတာ္ကာကြယ္ေရးပိုင္းကို စဥ္းစားတဲ့အခါက်ေတာ့ ျပည့္စုံ လုံေလာက္တဲ့ ကာကြယ္ေရးစနစ္ျဖစ္ေအာင္ လုပ္ဖို႔အတြက္က ခုနကေျပာတဲ့ ေရေအာက္ ကာကြယ္ေရးစနစ္ပါ ထည့္မွရမယ္ဆိုၿပီး တြက္ဆမိတဲ့အတြက္ေၾကာင့္ ႀကိဳးစားခဲ့တာ ျဖစ္ပါတယ္။ ကြၽန္ေတာ္ဆိုရင္လည္း ၂၀၁၂ ေလာက္ကတည္းက ဒီကိစၥကို စၿပီးေတာ့ စဥ္းစားပါတယ္။ တိုင္းျပည္ရဲ႕ ဘတ္ဂ်က္အေျခအေနလည္း ၾကည့္ရေသးတယ္ေလ။ ကိုယ္လုပ္ခ်င္တိုင္းလည္း ကိုယ္လုပ္လို႔ရတာ မဟုတ္ပါဘူး။ တိုင္းျပည္က ဘယ္ေလာက္ တတ္ႏိုင္မလဲ။ ဒါလည္း ကြၽန္ေတာ္တို႔ ၾကည့္ရေသးတာ။ ျဖစ္ႏိုင္တဲ့နည္းလမ္းကေတာ့ ကြၽန္ေတာ္တို႔ ရေအာင္ ႀကိဳးစားၾကည့္တာေပါ့။ သို႔ေသာ္ မျဖစ္ႏိုင္တဲ့ဟာကို သြားၿပီးေတာ့ နားပူနားဂ်ီ သြားလုပ္ရင္လည္း ဘယ္လိုလုပ္သင့္ေတာ္မလဲ။ ဒါေၾကာင့္ တိုင္းျပည္က တတ္ႏိုင္တဲ့ဟာမ်ိဳးလည္း ျဖစ္ရမယ္။ ကိုယ္လည္းလုပ္ႏိုင္တဲ့ အေနအထားမ်ိဳးျဖစ္ရမယ္။ ဒီလိုစဥ္းစားတာ။ စဥ္းစားၿပီးေတာ့မွ တစ္ အခ်က္ကေတာ့ လူဘယ္လိုစေမြးမလဲဆိုတာ၊ လူအရင္ စၿပီးတည္ေဆာက္ဖို႔ သင္တန္းေတြကြၽန္ေတာ္တို႔ေပးပါတယ္။ အရင္ တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္လက္ထက္မွာလဲ လူသားအရင္းအျမစ္နဲ႔ ပတ္သက္ၿပီးေတာ့ စခဲ့တာရွိတယ္။ လူေတြကေတာ့ ကြၽန္ေတာ့္မွာ အထိုက္အသင့္ေတာ့ရွိတယ္။ သို႔ေသာ္ ကြၽန္ေတာ္တို႔မွာ ခုနကေျပာတဲ့ သေဘၤာမရွိဘူး။ သေဘၤာမရွိေတာ့ သေဘၤာရွိေအာင္ ႀကိဳးစားရတာေပါ့။ သေဘၤာတစ္စီးရဲ႕ တန္ဖိုးဆိုတာလည္း အနည္းဆုံး ေဒၚလာသန္း ၃၀၀/၄၀၀ ေလာက္ေပးႏိုင္မွ ေတာ္ေတာ္တန္တန္ ေခတ္မီတဲ့ေရငုပ္သေဘၤာရမယ္။ ဒီလိုဆိုေတာ့ ဒါမ်ိဳးကလည္း လက္ထဲမွာရွိလာၿပီးေတာ့မွ ကိုယ္က လူသားအရင္းအျမစ္ မျပည့္စုံလို႔ရွိရင္လည္း လုပ္ရကိုင္ရတာလည္းခက္တယ္။ ဒါ့ေၾကာင့္ ကြၽန္ေတာ္တို႔က ပထမ အခ်က္အေနနဲ႔ လူသားအရင္းအျမစ္ေတြကို စၿပီးေမြးရပါတယ္။ ဒီလူသားအရင္းအျမစ္ေတြကိုလည္း အရန္ေတြ၊ အရန္ေတြအမ်ားႀကီးကို ကြၽန္ေတာ္တို႔စၿပီးေမြးရပါတယ္။ Trainning ေပးရတာေပါ့။ ဒီလိုလုပ္ႏိုင္ဖို႔အတြက္ ေရတပ္ဖြဲ႕ႀကီးမွာ အေထာက္အကူ ျပဳႏိုင္ဖို႔အတြက္ ေရငုပ္သေဘၤာတစ္စီးကို ေလ့က်င့္ေရးနဲ႔စစ္ဆင္ေရး အေထာက္အကူျပဳဖို႔အတြက္ စၿပီးစဥ္းစားခဲ့တယ္။ စစ္ဆင္ေရးတစ္ခုတည္းအတြက္ မဟုတ္ဘူး၊ ေလ့က်င့္ေရးနဲ႔ စစ္ဆင္ေရးကို အေထာက္အကူျပဳႏိုင္ဖို႔ အတြက္စဥ္းစားခဲ့တယ္။ ဒါ့ေၾကာင့္ အိမ္နီးနားခ်င္းႏိုင္ငံေတြ၊ မိတ္ေဆြႏိုင္ငံေတြကေန ကြၽန္ေတာ္တို႔ လိုက္ရွာခဲ့တယ္။ ေနာက္ဆုံး အိႏၵိယႏိုင္ငံကေနတစ္ဆင့္ ဝယ္ယူရရွိခဲ့ျခင္းျဖစ္ပါတယ္။ ဒါကလည္း ကြၽန္ေတာ္တို႔ ထိုက္သင့္တဲ့ေငြေၾကးေပးၿပီး ဝယ္ခဲ့တဲ့သေဘၤာျဖစ္ပါတယ္။ ဒါကိုလည္း ကြၽန္ေတာ္တို႔က အဓိကအေနနဲ႔ေလ့က်င့္ေရးအတြက္သုံးပါမယ္။ လိုအပ္မယ္ဆိုရင္ေတာ့ စစ္ဆင္ေရးကိစၥအတြက္ ကြၽန္ေတာ္တို႔သုံးပါမယ္။ ဒါေပမယ့္ ကြၽန္ေတာ္တို႔အတြက္လည္း အခ်ိန္တစ္ခုေတာ့ ယူရပါလိမ့္အုန္းမယ္။ ခ်က္ခ်င္းေတာ့ ျပည့္စုံတဲ့ အေနအထားမဟုတ္ပါဘူး။ သို႔ေသာ္လည္း ေရငုပ္သေဘၤာကို တပ္မေတာ္ေရတပ္မွာ ထည့္သြင္းႏိုင္ခဲ့တဲ့အားျဖင့္ ေရတပ္အဖြဲ႕ရဲ႕ ကာကြယ္ေရးစြမ္းပကားကေတာ့ အတိုင္းအတာတစ္ခုအထိ ရရွိလာတယ္လို႔ ေျပာလိုပါတယ္။