နေပြည်တော်၊ နိုဝင်ဘာ-၄
မေး။ နိုဝင်ဘာ ၂ ရက်နေ့ ညက တပ်မတော်က ကြေညာချက်နှစ်ခုကို ထုတ်ပြန်ခဲ့တာရှိပါတယ်။ တစ်ခုကတော့ ရွေးကောက်ပွဲအကြိုကာလမှာ ဖြစ်ပေါ်နေတာနဲ့ပတ်သက်ပြီးတော့ တပ်မတော်ရဲ့သဘောထားကို ထုတ်ပြန်တာဖြစ်တယ်။ နောက်တစ်ခုကတော့ ရွေးကောက်ပွဲနှင့်ဆက်စပ်ပြီး တိုင်းရင်းသားလက်နက်ကိုင်တွေကို တပ်မတော်ရဲ့သဘောထားထုတ်ပြန်တာရှိတယ်။ အဲဒီနှစ်ခုကို ထုတ်ပြန်ခဲ့တာတွေ့ရပါတယ်။ ဘာဖြစ်လို့ ဒီလိုအခြေအနေမျိုးမှာ ဒီလိုသဘောထားတွေ ထုတ်ပြန်ရတာလဲဆိုတာကို သိခွင့်ရမလားရှင်။
ဖြေ။ တပ်မတော်ဆိုတာကတော့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ဖို့တာဝန်ရှိတယ်။ နံပါတ်တစ်အချက်ပေါ့။ နောက်တစ်ခုကတော့ ၂၀၁၀ ပြည့်နှစ်ကျမှသာ ပါတီစုံဒီမိုကရေစီလမ်းကြောင်းဘက် အသွင်စပြီးကူးပြောင်းတာဖြစ်တယ်။ ၂၀၁၀ မှာ Election စလိုက်တာပေါ့။ အသွင်ကူးပြောင်းတယ်ဆိုတာ ၁၀ နှစ်တာကာလအတွင်း ပါတီစုံဒီမိုကရေစီလမ်းကြောင်းကိုသွားနိုင်မယ့် အတွေ့အကြုံက နည်းပါသေးတယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ပါတီစုံဒီမိုကရေစီစနစ်ကိုသွားနိုင်ဖို့အတွက် ခိုင်ခိုင်မာမာဖြစ်စေချင်တယ်။ ကာလပေါင်းများစွာ၊ အတွေ့အကြုံပေါင်းများစွာရှိခဲ့ပြီး တော်တော်များများနေခဲ့ရတာက ဗဟိုဦးစီးစနစ်အောက်မှာ နေခဲ့ကြရတယ်။ ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်မှာ နေခဲ့တဲ့ကာလက နည်းပါတယ်။ ဒါကြောင့် အခုလက်ရှိပြည်သူက ရွေးချယ်ထားတဲ့ ပါတီစုံလမ်းကြောင်းပေါ်မှာ ခိုင်ခိုင်မာမာရှိဖို့က ကျွန်တော်တို့တပ်မတော်ရဲ့လိုလားချက် ဖြစ်ပါတယ်။ ဒီအတိုင်းသွားစေချင်တယ်။ ဒီမိုကရေစီစနစ်မှာလည်း ရွေးချယ်တင်မြှောက်ဖို့ကလည်း တော်တော်အရေးကြီးတဲ့ကဏ္ဍတစ်ခုဖြစ်တယ်။ ဒီရွေးချယ်တင်မြှောက်ပွဲက စနစ်တကျမဟုတ်ဘဲနဲ့ နည်းလမ်းမကျ စည်းကမ်းချိုးဖောက်မှုတွေများလာလို့ရှိရင် တည်ငြိမ်တဲ့ဒီမိုကရေစီစနစ်ကို ဖြစ်ဖို့ဆိုတာ ခဲယဉ်းပါတယ်။ ကမ္ဘာမှာဖြစ်နေတဲ့ အဖြစ်အပျက်တွေကြည့်ရင် တွေ့နိုင်ပါတယ်။ မကြာသေးခင်ကပဲ ဥရောပမှာဖြစ်ခဲ့တဲ့ ရွေးကောက်ပွဲနှင့်ပတ်သက်ပြီး အငြင်းပွားနေသည့်ဖြစ်စဉ် နှစ်ခုရှိတယ်။ ကျွန်တော်တို့ ဒါကိုစောင့်ကြည့်နေတယ်။ တပ်မတော်အနေဖြင့် စောင့်ထိန်းပေးဖို့ တာဝန်ရှိတယ်။ ဒါကြောင့် တတိယအကြိမ်ပြုလုပ်မယ့် ရွေးကောက်ပွဲနှင့်ပတ်သက်ရင် စပြီးကြေငြာတဲ့အချိန်ကစပြီး ကျွန်တော်တို့လည်း သတိကြီးစွာစောင့်ကြည့်လာခဲ့တယ်။ ကျွန်တော်တို့ တော်ယုံတန်ယုံတော့မပြောပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ နိုင်ငံတော်အစိုးရဦးဆောင်မှုနဲ့ နိုင်ငံတော်ကလုပ်နေတယ်။ သိပ်ပြီးတော့လိုအပ်လို့ရှိရင် အသိပေးသင့်တဲ့ကိစ္စများကို အသိပေးတာရှိပါတယ်။ ဒါကလည်း ရွေးကောက်ပွဲကလည်း သိပ်ပြီးအရေးကြီးတယ်။ ဒီမိုကရေစီရဲ့အနှစ်သာရကလည်း ရွေးကောက်ပွဲရဲ့ အနှစ်သာရပဲ။ အစိုးရကလည်း ဒီအပေါ်မှာအဆုံးအဖြတ်ပေးရမယ့် ကိစ္စဖြစ်နေတယ်။ မှတ်ကျောက်တင်ရမယ့် ကိစ္စလည်းဖြစ်တယ်။ ဒီမှာ အားနည်းချက်တွေကတော်တော်များများ တွေ့ရတယ်။ စတွေ့တာက ဩဂုတ်လ ၈ ရက်နေ့ နောက်ပိုင်း မဲဆွယ်စည်းရုံးမှု စတင်သည့်ကာလကနေစပြီး အားနည်းချက်တွေကို သတိပြုမိတယ်။ COVID-19 ဖြစ်နေတဲ့ကာလဆိုတော့ ပိုပြီးသတိထားရတာပေါ့။ မဲပေးခွင့်နှင့်ပတ်သက်ပြီး ဆောင်ရွက်တဲ့အခါမှာလည်း တော်တော်မှားယွင်းမှုတွေတွေ့ရတယ်။ မဲစာရင်းကြေညာတဲ့အခါ အမှားအယွင်းတွေ တော်တော်များများပါတယ်။ မှားသင့်မှားထိုက်တဲ့ ကိစ္စဆိုရင်တော့ ကိစ္စမရှိဘူး။ သို့သော်လည်း မမှားသင့်တဲ့ကိစ္စတွေ ဖြစ်နေတယ်။ ပြင်ဆင်ချိန်တွေ အများကြီးရတယ်။ ရွေးကောက်ပွဲကော်မရှင်ဖွဲ့တာ ၄ နှစ်ကျော်ကာလဖြစ်သွားပြီ။ ၂၀၁၆ ခုနှစ် မတ်လ ၃၀ ရက်နေ့မှာ ကော်မရှင်စတင်ဖွဲ့စည်းတယ်။ လေးနှစ်ကျော်ကာလ ပြင်ဆင်ချိန်တွေရပါတယ်။ နောက်ပြီး ၂၀၁၀ ပြည့်နှစ် နှင့် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲ ၂ ခုလုပ်ခဲ့ပြီးပြီ။ ရွေးကောက်ပွဲမှာလည်း အတွေ့အကြုံတွေ အများကြီးရခဲ့ပြီးပြီ။ ဒီအပေါ်မှာ ပိုပြီးကောင်းတဲ့ရွေးကောက်ပွဲကို ကျွန်တော်တို့ တပ်မတော်လည်း မျှော်လင့်ထားခဲ့တယ်။ တကယ်လိုလို လားလားဖြစ်ပါတယ်။ တပ်မတော်ဘက်က ဖြစ်နိုင်တဲ့နည်းလမ်းတွေကို တတ်နိုင်သလောက် အကောင်းဆုံးကူညီပေးပါတယ်။ ဒါပေမယ့်ကော်မရှင်ရဲ့လုပ်ပိုင်ခွင့်နဲ့ လုပ်တဲ့အရာတွေမှာတော့ ကျွန်တော်တို့ ဝင်စွက်ဖက်ပိုင်ခွင့်မရှိပါဘူး။ ကော်မရှင်ရဲ့အဆုံးအဖြတ်အတိုင်းဖြစ်ပါတယ်။ ဥပဒေအရပြောတဲ့စကားကိုပဲ လက်ခံပါတယ်။ ဒီအားနည်းချက်တွေ တွေ့လာတယ်၊ ကျွန်တော်တို့ မြင်ရတာရှိတယ်။ ပါတီတွေရဲ့ ထုတ်ပြန်ချက်တွေရှိတယ်။ ကျွန်တော့်ဆီကို စာရေး တင်ပြချက်တွေ အများကြီးရှိတယ်။ ဒါတွေကိုလည်း ကျွန်တော်တို့စဉ်းစားရတာပေါ့။ တတ်နိုင်သလောက်တော့ ဒါကိုထိန်းထိန်းသိမ်းသိမ်းလုပ်နိုင်ဖို့ပြောပါတယ်။ သတိပေးပါတယ်။ မနေ့ကတော့ Statement မှာ ထည့်မရေးဘူး။ လူမှုကွန်ရက်ပေါ်မှာ ပြောနေတာတွေက တော်တော်ကို တဖက်သတ်ဆန်လွန်းပြီးတော့ ဆိုးလည်းဆိုးပါတယ်။ တချို့ရေးတာတွေက တော်တော်လေး ဆိုးတယ်။ ဒါတွေက ရွေးကောက်ပွဲအပေါ် လူတွေရဲ့သံသယဖြစ်မှုတွေပိုပြီး ကြီးထွားလာစေတယ်လို့ ကျွန်တော်တို့ယုံကြည်တယ်။ ဒါကြောင့် ကျွန်တော်တို့က ဒါတွေမဖြစ်အောင် ဆိုပြီးတော့ ကော်မရှင်အနေဖြင့် ထိန်းသိမ်းဆောင်ရွက်နိုင်ဖို့အတွက်ပြောတာပါ။ ကျွန်တော်တို့ လိုလားချက်ကတော့ လွတ်လပ်ပြီးတော့ တရားမျှတတဲ့ရွေးကောက်ပွဲ ဖြစ်ဖို့ပါပဲ။ ၂၀၁၅ ခုနှစ် မဲပေးတဲ့အချိန်မှာ မဲပေးတဲ့ကိစ္စနဲ့ပတ်သက်ပြီး အင်တာဗျူးတစ်ခုမှာ ကျွန်တော့်ကို မေးခဲ့တယ်။ ဘယ်လို လုပ်မလဲ ဆိုပြီးတော့။ ခင်များဗျာ ကော်မရှင်ကနေပြီးတော့ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး ကြေညာချက်ထုတ်တယ်။ တရားမျှတတဲ့ ရွေးကောက်ပွဲ အဲ့သဘောပေါ့လေ ရွေးကောက်ပွဲမှာ result ကို ကြေညာတဲ့အတွက် ကျွန်တော်တို့ လက်ခံနိုင်တယ်လို့ပြောခဲ့တာ ရှိတယ်။ အခုဆိုရင် တော်တော်လေးသတိထားရတဲ့ အခြေအနေဖြစ်လာတယ်။ အခုလိုမျိုးတွေ ကျွန်တော်မဖြစ်စေချင်ဘူး။ ဒါကြောင့် သတိထားပြီး လုပ်လို့ရအောင် သတိပေးတဲ့သဘော ပြောတာပါ။
မေး။ ဟုတ်ကဲ့ပါ။ လက်ရှိအစိုးရရဲ့ Government ထဲမှာ ပါဝင်နေတဲ့ တပ်မတော်အနေဖြင့် ကော်မရှင်ကို သတိပေးတဲ့အကြောင်းအရာက ဥပဒေအကြောင်းအရ ညီညွတ်ပါသလားရှင်။
ဖြေ။ ဘာလို့ မညီညွတ်မလဲ။ တပ်မတော်က နိုင်ငံတော်ကိုကာကွယ် စောင့်ရှောက်ဖို့တာဝန်ရှိတယ်။ နောက် အခြေခံဥပဒေကိုကာကွယ်စောင့်ရှောက်ရမယ်လို့ ပြဋ္ဌာန်းပေးထားတယ်။ ဒီဟာက အခြေခံဥပဒေကပဲ ပါတီစုံဒီမိုကရေစီလမ်းကြောင်းကိုသွားနေတာ၊ နိုင်ငံတော်ကြီးတည်ဆောက်ထားတာ။ ဒီပေါ်မှာ ခိုင်ခိုင်မာမာဖြစ်ဖို့ တပ်မတော်က ပြောဖို့တာဝန်ရှိတယ်။ ကျွန်တော်တို့မပြောလို့ရှိရင် ဘယ်သူပြောမလဲ။ အခုနိုင်ငံတကာကလည်း ကျွန်တော်တို့အပေါ် ဝေဖန်မှုတွေတဖြည်းဖြည်းနဲ့ရှိလာတယ်။ ပြောရလို့ရှိရင် နိုင်ငံရဲ့သိက္ခာရှိတယ်။ နိုင်ငံရဲ့သိက္ခာကို အထိအခိုက်မခံနိုင်ဘူး။ ဒါကြောင့် ကျွန်တော်မဖြစ်စေချင်လို့ ထုတ်ပြောတာ။ တော်ရုံတန်ရုံဆိုရင် ကျွန်တော်ပြောခဲပါတယ်။ မဖြစ်စေချင်လို့ သတိပေးတာပါ။ ဒီကိစ္စကို တာဝန်ယူရမှာကတော့ အစိုးရကတာဝန်ယူရလိမ့်မယ်။
(Zawgyi Version)
တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ Asian Fame Media ၏ ေပၚျပဴလာနယူးစ္ဂ်ာနယ္မွ ေမးျမန္းမႈမ်ားအား Video Teleconference မွတစ္ဆင့္ လက္ခံေတြ႕ဆုံေျဖၾကားမႈမ်ား အပိုင္း(၆)
ေနျပည္ေတာ္၊ ႏိုဝင္ဘာ-၄
ေမး။ ႏိုဝင္ဘာ ၂ ရက္ေန႔ ညက တပ္မေတာ္က ေၾကညာခ်က္ႏွစ္ခုကို ထုတ္ျပန္ခဲ့တာရွိပါတယ္။ တစ္ခုကေတာ့ ေ႐ြးေကာက္ပြဲအႀကိဳကာလမွာ ျဖစ္ေပၚေနတာနဲ႔ပတ္သက္ၿပီးေတာ့ တပ္မေတာ္ရဲ႕သေဘာထားကို ထုတ္ျပန္တာျဖစ္တယ္။ ေနာက္တစ္ခုကေတာ့ ေ႐ြးေကာက္ပြဲႏွင့္ဆက္စပ္ၿပီး တိုင္းရင္းသားလက္နက္ကိုင္ေတြကို တပ္မေတာ္ရဲ႕သေဘာထားထုတ္ျပန္တာရွိတယ္။ အဲဒီႏွစ္ခုကို ထုတ္ျပန္ခဲ့တာေတြ႕ရပါတယ္။ ဘာျဖစ္လို႔ ဒီလိုအေျခအေနမ်ိဳးမွာ ဒီလိုသေဘာထားေတြ ထုတ္ျပန္ရတာလဲဆိုတာကို သိခြင့္ရမလားရွင္။
ေျဖ။ တပ္မေတာ္ဆိုတာကေတာ့ ဖြဲ႕စည္းပုံအေျခခံဥပေဒကို ကာကြယ္ေစာင့္ေရွာက္ဖို႔တာဝန္ရွိတယ္။ နံပါတ္တစ္အခ်က္ေပါ့။ ေနာက္တစ္ခုကေတာ့ ၂၀၁၀ ျပည့္ႏွစ္က်မွသာ ပါတီစုံဒီမိုကေရစီလမ္းေၾကာင္းဘက္ အသြင္စၿပီးကူးေျပာင္းတာျဖစ္တယ္။ ၂၀၁၀ မွာ Election စလိုက္တာေပါ့။ အသြင္ကူးေျပာင္းတယ္ဆိုတာ ၁၀ ႏွစ္တာကာလအတြင္း ပါတီစုံဒီမိုကေရစီလမ္းေၾကာင္းကိုသြားႏိုင္မယ့္ အေတြ႕အႀကဳံက နည္းပါေသးတယ္။ ဖြဲ႕စည္းပုံ အေျခခံဥပေဒအရ ပါတီစုံဒီမိုကေရစီစနစ္ကိုသြားႏိုင္ဖို႔အတြက္ ခိုင္ခိုင္မာမာျဖစ္ေစခ်င္တယ္။ ကာလေပါင္းမ်ားစြာ၊ အေတြ႕အႀကဳံေပါင္းမ်ားစြာရွိခဲ့ၿပီး ေတာ္ေတာ္မ်ားမ်ားေနခဲ့ရတာက ဗဟိုဦးစီးစနစ္ေအာက္မွာ ေနခဲ့ၾကရတယ္။ ပါတီစုံဒီမိုကေရစီလမ္းေၾကာင္းေပၚမွာ ေနခဲ့တဲ့ကာလက နည္းပါတယ္။ ဒါေၾကာင့္ အခုလက္ရွိျပည္သူက ေ႐ြးခ်ယ္ထားတဲ့ ပါတီစုံလမ္းေၾကာင္းေပၚမွာ ခိုင္ခိုင္မာမာရွိဖို႔က ကြၽန္ေတာ္တို႔တပ္မေတာ္ရဲ႕လိုလားခ်က္ ျဖစ္ပါတယ္။ ဒီအတိုင္းသြားေစခ်င္တယ္။ ဒီမိုကေရစီစနစ္မွာလည္း ေ႐ြးခ်ယ္တင္ေျမႇာက္ဖို႔ကလည္း ေတာ္ေတာ္အေရးႀကီးတဲ့က႑တစ္ခုျဖစ္တယ္။ ဒီေ႐ြးခ်ယ္တင္ေျမႇာက္ပြဲက စနစ္တက်မဟုတ္ဘဲနဲ႔ နည္းလမ္းမက် စည္းကမ္းခ်ိဳးေဖာက္မႈေတြမ်ားလာလို႔ရွိရင္ တည္ၿငိမ္တဲ့ဒီမိုကေရစီစနစ္ကို ျဖစ္ဖို႔ဆိုတာ ခဲယဥ္းပါတယ္။ ကမာၻမွာျဖစ္ေနတဲ့ အျဖစ္အပ်က္ေတြၾကည့္ရင္ ေတြ႕ႏိုင္ပါတယ္။ မၾကာေသးခင္ကပဲ ဥေရာပမွာျဖစ္ခဲ့တဲ့ ေ႐ြးေကာက္ပြဲႏွင့္ပတ္သက္ၿပီး အျငင္းပြားေနသည့္ျဖစ္စဥ္ ႏွစ္ခုရွိတယ္။ ကြၽန္ေတာ္တို႔ ဒါကိုေစာင့္ၾကည့္ေနတယ္။ တပ္မေတာ္အေနျဖင့္ ေစာင့္ထိန္းေပးဖို႔ တာဝန္ရွိတယ္။ ဒါေၾကာင့္ တတိယအႀကိမ္ျပဳလုပ္မယ့္ ေ႐ြးေကာက္ပြဲႏွင့္ပတ္သက္ရင္ စၿပီးေၾကျငာတဲ့အခ်ိန္ကစၿပီး ကြၽန္ေတာ္တို႔လည္း သတိႀကီးစြာေစာင့္ၾကည့္လာခဲ့တယ္။ ကြၽန္ေတာ္တို႔ ေတာ္ယုံတန္ယုံေတာ့မေျပာပါဘူး။ ဘာျဖစ္လို႔လဲဆိုေတာ့ ႏိုင္ငံေတာ္အစိုးရဦးေဆာင္မႈနဲ႔ ႏိုင္ငံေတာ္ကလုပ္ေနတယ္။ သိပ္ၿပီးေတာ့လိုအပ္လို႔ရွိရင္ အသိေပးသင့္တဲ့ကိစၥမ်ားကို အသိေပးတာရွိပါတယ္။ ဒါကလည္း ေ႐ြးေကာက္ပြဲကလည္း သိပ္ၿပီးအေရးႀကီးတယ္။ ဒီမိုကေရစီရဲ႕အႏွစ္သာရကလည္း ေ႐ြးေကာက္ပြဲရဲ႕ အႏွစ္သာရပဲ။ အစိုးရကလည္း ဒီအေပၚမွာအဆုံးအျဖတ္ေပးရမယ့္ ကိစၥျဖစ္ေနတယ္။ မွတ္ေက်ာက္တင္ရမယ့္ ကိစၥလည္းျဖစ္တယ္။ ဒီမွာ အားနည္းခ်က္ေတြကေတာ္ေတာ္မ်ားမ်ား ေတြ႕ရတယ္။ စေတြ႕တာက ဩဂုတ္လ ၈ ရက္ေန႔ ေနာက္ပိုင္း မဲဆြယ္စည္း႐ုံးမႈ စတင္သည့္ကာလကေနစၿပီး အားနည္းခ်က္ေတြကို သတိျပဳမိတယ္။ COVID-19 ျဖစ္ေနတဲ့ကာလဆိုေတာ့ ပိုၿပီးသတိထားရတာေပါ့။ မဲေပးခြင့္ႏွင့္ပတ္သက္ၿပီး ေဆာင္႐ြက္တဲ့အခါမွာလည္း ေတာ္ေတာ္မွားယြင္းမႈေတြေတြ႕ရတယ္။ မဲစာရင္းေၾကညာတဲ့အခါ အမွားအယြင္းေတြ ေတာ္ေတာ္မ်ားမ်ားပါတယ္။ မွားသင့္မွားထိုက္တဲ့ ကိစၥဆိုရင္ေတာ့ ကိစၥမရွိဘူး။ သို႔ေသာ္လည္း မမွားသင့္တဲ့ကိစၥေတြ ျဖစ္ေနတယ္။ ျပင္ဆင္ခ်ိန္ေတြ အမ်ားႀကီးရတယ္။ ေ႐ြးေကာက္ပြဲေကာ္မရွင္ဖြဲ႕တာ ၄ ႏွစ္ေက်ာ္ကာလျဖစ္သြားၿပီ။ ၂၀၁၆ ခုႏွစ္ မတ္လ ၃၀ ရက္ေန႔မွာ ေကာ္မရွင္စတင္ဖြဲ႕စည္းတယ္။ ေလးႏွစ္ေက်ာ္ကာလ ျပင္ဆင္ခ်ိန္ေတြရပါတယ္။ ေနာက္ၿပီး ၂၀၁၀ ျပည့္ႏွစ္ ႏွင့္ ၂၀၁၅ ခုႏွစ္ ေ႐ြးေကာက္ပြဲ ၂ ခုလုပ္ခဲ့ၿပီးၿပီ။ ေ႐ြးေကာက္ပြဲမွာလည္း အေတြ႕အႀကဳံေတြ အမ်ားႀကီးရခဲ့ၿပီးၿပီ။ ဒီအေပၚမွာ ပိုၿပီးေကာင္းတဲ့ေ႐ြးေကာက္ပြဲကို ကြၽန္ေတာ္တို႔ တပ္မေတာ္လည္း ေမွ်ာ္လင့္ထားခဲ့တယ္။ တကယ္လိုလို လားလားျဖစ္ပါတယ္။ တပ္မေတာ္ဘက္က ျဖစ္ႏိုင္တဲ့နည္းလမ္းေတြကို တတ္ႏိုင္သေလာက္ အေကာင္းဆုံးကူညီေပးပါတယ္။ ဒါေပမယ့္ေကာ္မရွင္ရဲ႕လုပ္ပိုင္ခြင့္နဲ႔ လုပ္တဲ့အရာေတြမွာေတာ့ ကြၽန္ေတာ္တို႔ ဝင္စြက္ဖက္ပိုင္ခြင့္မရွိပါဘူး။ ေကာ္မရွင္ရဲ႕အဆုံးအျဖတ္အတိုင္းျဖစ္ပါတယ္။ ဥပေဒအရေျပာတဲ့စကားကိုပဲ လက္ခံပါတယ္။ ဒီအားနည္းခ်က္ေတြ ေတြ႕လာတယ္၊ ကြၽန္ေတာ္တို႔ ျမင္ရတာရွိတယ္။ ပါတီေတြရဲ႕ ထုတ္ျပန္ခ်က္ေတြရွိတယ္။ ကြၽန္ေတာ့္ဆီကို စာေရး တင္ျပခ်က္ေတြ အမ်ားႀကီးရွိတယ္။ ဒါေတြကိုလည္း ကြၽန္ေတာ္တို႔စဥ္းစားရတာေပါ့။ တတ္ႏိုင္သေလာက္ေတာ့ ဒါကိုထိန္းထိန္းသိမ္းသိမ္းလုပ္ႏိုင္ဖို႔ေျပာပါတယ္။ သတိေပးပါတယ္။ မေန႔ကေတာ့ Statement မွာ ထည့္မေရးဘူး။ လူမႈကြန္ရက္ေပၚမွာ ေျပာေနတာေတြက ေတာ္ေတာ္ကို တဖက္သတ္ဆန္လြန္းၿပီးေတာ့ ဆိုးလည္းဆိုးပါတယ္။ တခ်ိဳ႕ေရးတာေတြက ေတာ္ေတာ္ေလး ဆိုးတယ္။ ဒါေတြက ေ႐ြးေကာက္ပြဲအေပၚ လူေတြရဲ႕သံသယျဖစ္မႈေတြပိုၿပီး ႀကီးထြားလာေစတယ္လို႔ ကြၽန္ေတာ္တို႔ယုံၾကည္တယ္။ ဒါေၾကာင့္ ကြၽန္ေတာ္တို႔က ဒါေတြမျဖစ္ေအာင္ ဆိုၿပီးေတာ့ ေကာ္မရွင္အေနျဖင့္ ထိန္းသိမ္းေဆာင္႐ြက္ႏိုင္ဖို႔အတြက္ေျပာတာပါ။ ကြၽန္ေတာ္တို႔ လိုလားခ်က္ကေတာ့ လြတ္လပ္ၿပီးေတာ့ တရားမွ်တတဲ့ေ႐ြးေကာက္ပြဲ ျဖစ္ဖို႔ပါပဲ။ ၂၀၁၅ ခုႏွစ္ မဲေပးတဲ့အခ်ိန္မွာ မဲေပးတဲ့ကိစၥနဲ႔ပတ္သက္ၿပီး အင္တာဗ်ဴးတစ္ခုမွာ ကြၽန္ေတာ့္ကို ေမးခဲ့တယ္။ ဘယ္လို လုပ္မလဲ ဆိုၿပီးေတာ့။ ခင္မ်ားဗ်ာ ေကာ္မရွင္ကေနၿပီးေတာ့ ေ႐ြးေကာက္ပြဲနဲ႔ပတ္သက္ၿပီး ေၾကညာခ်က္ထုတ္တယ္။ တရားမွ်တတဲ့ ေ႐ြးေကာက္ပြဲ အဲ့သေဘာေပါ့ေလ ေ႐ြးေကာက္ပြဲမွာ result ကို ေၾကညာတဲ့အတြက္ ကြၽန္ေတာ္တို႔ လက္ခံႏိုင္တယ္လို႔ေျပာခဲ့တာ ရွိတယ္။ အခုဆိုရင္ ေတာ္ေတာ္ေလးသတိထားရတဲ့ အေျခအေနျဖစ္လာတယ္။ အခုလိုမ်ိဳးေတြ ကြၽန္ေတာ္မျဖစ္ေစခ်င္ဘူး။ ဒါေၾကာင့္ သတိထားၿပီး လုပ္လို႔ရေအာင္ သတိေပးတဲ့သေဘာ ေျပာတာပါ။
ေမး။ ဟုတ္ကဲ့ပါ။ လက္ရွိအစိုးရရဲ႕ Government ထဲမွာ ပါဝင္ေနတဲ့ တပ္မေတာ္အေနျဖင့္ ေကာ္မရွင္ကို သတိေပးတဲ့အေၾကာင္းအရာက ဥပေဒအေၾကာင္းအရ ညီၫြတ္ပါသလားရွင္။
ေျဖ။ ဘာလို႔ မညီၫြတ္မလဲ။ တပ္မေတာ္က ႏိုင္ငံေတာ္ကိုကာကြယ္ ေစာင့္ေရွာက္ဖို႔တာဝန္ရွိတယ္။ ေနာက္ အေျခခံဥပေဒကိုကာကြယ္ေစာင့္ေရွာက္ရမယ္လို႔ ျပ႒ာန္းေပးထားတယ္။ ဒီဟာက အေျခခံဥပေဒကပဲ ပါတီစုံဒီမိုကေရစီလမ္းေၾကာင္းကိုသြားေနတာ၊ ႏိုင္ငံေတာ္ႀကီးတည္ေဆာက္ထားတာ။ ဒီေပၚမွာ ခိုင္ခိုင္မာမာျဖစ္ဖို႔ တပ္မေတာ္က ေျပာဖို႔တာဝန္ရွိတယ္။ ကြၽန္ေတာ္တို႔မေျပာလို႔ရွိရင္ ဘယ္သူေျပာမလဲ။ အခုႏိုင္ငံတကာကလည္း ကြၽန္ေတာ္တို႔အေပၚ ေဝဖန္မႈေတြတျဖည္းျဖည္းနဲ႔ရွိလာတယ္။ ေျပာရလို႔ရွိရင္ ႏိုင္ငံရဲ႕သိကၡာရွိတယ္။ ႏိုင္ငံရဲ႕သိကၡာကို အထိအခိုက္မခံႏိုင္ဘူး။ ဒါေၾကာင့္ ကြၽန္ေတာ္မျဖစ္ေစခ်င္လို႔ ထုတ္ေျပာတာ။ ေတာ္႐ုံတန္႐ုံဆိုရင္ ကြၽန္ေတာ္ေျပာခဲပါတယ္။ မျဖစ္ေစခ်င္လို႔ သတိေပးတာပါ။ ဒီကိစၥကို တာဝန္ယူရမွာကေတာ့ အစိုးရကတာဝန္ယူရလိမ့္မယ္။