နိုင်ငံတစ်နိုင်ငံ၊ လူမျိုးတစ်မျိုး၏ တိုးတက်ထွန်းကားမှုအား ပညာတတ်မြောက်ခြင်းဖြင့် တိုင်းတာကြပါသည်။ မြန်မာ့ ပညာရေး၏ ရှေ့ဆောင်၊ မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ တက္ကသိုလ်၊ ဒီဂရီ ကောလိပ်တို့၏ ရှေးဦးအစ ဖြစ်သော ရန်ကုန် တက္ကသိုလ်ကြီးသည် ၁၉၂ဝ ပြည့်နှစ်၊ ဒီဇင်ဘာလ ၁ ရက်တွင် စတင်မွေးဖွားခဲ့ပါသည်။ ယနေ့ ၂ဝ၂ဝ ပြည့် နှစ်၊ ဒီဇင်ဘာလ ၁ ရက်တွင် နှစ်ပေါင်း ၁ဝဝ ပြည့်မြောက်ပြီဖြစ်ပါသည်။
ရန်ကုန်တက္ကသိုလ်သည် နိုင်ငံ၏ပညာရေးသမိုင်းကြောင်းနှင့် အမျိုးသားနိုင်ငံရေး သမိုင်းကြောင်းတို့တွင် ထင်ရှား သော သမိုင်းမှတ်တိုင် အစဉ်အလာ ကြီးမားသော တက္ကသိုလ်ကြီးလည်းဖြစ်ပါသည်။ ကိုလိုနီခေတ် ၁၉၂ဝ ပြည့်နှစ် မတိုင်မီ မြန်မာနိုင်ငံ၌ မြန်မာလူမျိုးတို့အတွက် ကိုယ်ပိုင်တက္ကသိုလ်ဟူ၍ မရှိခဲ့ဘဲ ကာလကတ္တား တက္ကသိုလ် လက်အောက်ခံ ရန်ကုန်ကောလိပ်နှင့် အမေရိကန်ဘက်ပတစ်သာသနာပြု အဖွဲ့၏ ပညာရေးလုပ်ငန်း များမှ ပေါက်ဖွားလာသော ဘက်ပတစ်ကောလိပ်တို့သာ ရှိခဲ့ပါသည်။ ဘက်ပတစ် ကောလိပ်ကို ၁၉၁၈ ခုနှစ်တွင် အမေရိကန် ခရစ်ယာန် သာသနာပြုဆရာကြီး ဒေါက်တာဂျပ်ဆင်အား ဂုဏ်ပြုသော အားဖြင့် ဂျပ်ဆင်ကောလိပ် သို့မဟုတ် ယုဒသန်ကျောင်းတိုက်ဟု အမည်ပြောင်းလဲခေါ်ဝေါ် ခဲ့ပါသည်။ ထို့ကြောင့် မြန်မာနိုင်ငံတွင် ၁၉၂ဝ ပြည့်နှစ်မတိုင်မီ ရန်ကုန်ကောလိပ်နှင့် ဂျပ်ဆင် ကောလိပ်တို့သာ ရှိခဲ့ပါသည်။
မြန်မာနိုင်ငံတွင်ကာလကတ္တား တက္ကသိုလ်၏ သြဇာအာဏာနှင့် ကြီးကြပ်မှုမှ ကင်းလွတ်သည့် သီးခြား တက္ကသိုလ် တစ်ရပ်ကို ရန်ကုန်မြို့၌ တည်ထောင်ရန်၊ မြန်မာတစ်မျိုးသားလုံး ပညာသင်ယူမှုအခွင့်အလမ်း မညီမျှခြင်းနှင့် တစ်မျိုးသားလုံး အဆင့်မြင့်ပညာသင်ယူ နိုင်ခွင့်နည်းပါးခြင်းတို့ကြောင့် တစ်မျိုးသားလုံးအဆင့် မြင့်ပညာသင် ယူခွင့် ရရှိလာစေနိုင်မည့် အမျိုးသား ပညာရေးစနစ်ဖြစ်ထွန်းလာစေရေးအတွက် ၁၈၉၂ခုနှစ်ခန့်မှစ၍ မြန်မာ့ခေါင်း ဆောင်များ၊ သတင်းစာများ၊ ပညာရေးဆင်ဒီကိတ်အဖွဲ့ဝင်များနှင့် မြန်မာပြည်သူ လူထုတို့က တစိုက်မတ်မတ် ညီညီ ညွတ်ညွတ် တိုက်ပွဲဝင်တောင်းဆိုခဲ့ကြပါသည်။
တစ်မျိုးသားလုံး၏ ညီညွတ်မှုစွမ်းအားကြောင့် ကိုလိုနီအစိုးရသည် ၁၉၂ဝ ပြည့်နှစ်၊ သြဂုတ်လ ၂ဝ ရက်တွင် ရန်ကုန် တက္ကသိုလ်အက်ဥပဒေကြမ်းကို အတည်ပြုပေးခဲ့ရသည်။ အဆိုပါအတည်ပြုချက်များ အရ ၁၉၂ဝ ပြည့်နှစ်၊ ဒီဇင်ဘာလ ၁ ရက်တွင် မလွှဲမရှောင်သာဘဲ ရန်ကုန်တက္ကသိုလ်ကိုတည်ထောင် ပေးခဲ့ရပါသည်။ ရန်ကုန် တက္ကသိုလ် စတင်ပေါ်ပေါက်ခဲ့ပြီးနောက် ရန်ကုန်တက္ကသိုလ် အက်ဥပဒေတွင် အတည်ပြု ပြဋ္ဌာန်းခဲ့သည့် အချက် အလက် အများစုမှာ မြန်မာတိုင်းရင်းသား အများစုကို တက္ကသိုလ်ပညာ ဆက်လက် သင်ယူခွင့်မရအောင် ကန့်သတ် ချုပ်ချယ်ထားသည့် အချက်အလက်များစွာ ပါဝင်ခဲ့ပါသည်။ ထို့ကြောင့် တက္ကသိုလ် ကျောင်းသားကြီးများနှင့် မျိုးချစ်ပြည်သူ များက ဆက်လက်တိုက်ပွဲဝင်ခဲ့ကြသည့်အတွက် ကိုလိုနီအစိုးရသည် တက္ကသိုလ် အက်ဥပဒေကို ပြင်ဆင်ပေးခဲ့ရပါသည်။ မြန်မာအမျိုးသားရေး ကြိုးပမ်းမှုသမိုင်းတွင် ရန်ကုန် တက္ကသိုလ်၏အခန်းကဏ္ဍသည် တစ်ထောင့်တစ်နေရာက ပါဝင်ခဲ့ပါသည်။ မြန်မာ့လွတ်လပ်ရေးကို ဆောင်ကြဉ်း ပေးနိုင်မည့် မျိုးချစ်စိတ်ဓာတ်၊ ဇွဲမာန်သတ္တိအပြည့်အဝရှိသည့် ဗိုလ်ချုပ်အောင်ဆန်းကဲ့သို့သော ပုဂ္ဂိုလ်မျိုး၊ တိုင်းကျိုးပြည်ပြုခေါင်းဆောင်များဖြစ်ကြသည့် ဝန်ကြီးချုပ် ဦးနု၊ အာဇာနည်ခေါင်းဆောင် ဦးရာဇတ်၊ နန်းရင်းဝန် ဒေါက်တာဘမော် စသည့်ပုဂ္ဂိုလ်များ၊ နိုင်ငံ့ဂုဏ်ဆောင် အမျိုးသားစာဆိုကြီးများ ပညာရှင်များဖြစ်ကြသည့် စာရေး ဆရာကြီး ဇော်ဂျီ၊ မင်းသုဝဏ်၊ ပညာမင်းကြီးဦးကောင်း၊ သမိုင်းပညာရှင် ဒေါက်တာသန်းထွန်း၊ မြန်မာစာပညာရှင် ဒေါက်တာလှဘေ၊ ဥပဒေပညာရှင် ဒေါက်တာဘဟန် စသည့် တိုင်းကျိုးပြည်ပြု ခေါင်းဆောင်များနှင့် ပညာတတ် လူငယ်များစွာ မွေးထုတ်ပေးနိုင်ခဲ့ သကဲ့သို့ နိုင်ငံ့ဂုဏ်ဆောင် နိုင်ငံရေးသမား ကမ္ဘာ့ ကုလသမဂ္ဂ အထွေထွေ အတွင်းရေး မှူးချုပ် ဦးသန့် ကဲ့သို့ ကမ္ဘာ့လူသား အကျိုးပြု ခေါင်းဆောင်များကို မွေးထုတ်ပေးနိုင်ခဲ့သည့် အောင်မြေဖြစ် ပါသည်။
ရန်ကုန်တက္ကသိုလ်သည် အင်္ဂလန်နိုင်ငံတက္ကသိုလ်များ၏ စံချိန်စံညွှန်းအတိုင်း ဖွဲ့စည်းထားခြင်း၊ အရည်အသွေးမြင့် မားသော ဆရာများက ပို့ချခြင်း စသည့် အင်္ဂါရပ်များကြောင့် ပညာဝန်းကျင် ကောင်းတစ်ခုဖြစ်ခဲ့ရာ စစ်ကြို ခေတ်နှင့် လွတ်လပ်ရေးရပြီး စကာလများတွင် ပညာရည်အားဖြင့် အရှေ့တောင် အာရှတွင် အကောင်းဆုံး ဖြစ်ခဲ့ရပါသည်။ တက္ကသိုလ်၏ ဥပဓိရုပ်သည်လည်း သာယာသော အင်းလျားကန်နောက်ခံ၊ ခံ့ညားသော ဘွဲ့နှင်း သဘင် အဆောက်အအုံ၊ သက်တမ်းရင့်သစ်ပုပ်ပင်၊ ဖြောင့်တန်းသော အဓိပတိလမ်း၊ စိမ်းလန်းကျယ်ဝန်းသော တက္ကသိုလ် နယ်မြေတို့ကြောင့် အရှေ့တောင် အာရှ၏ အကောင်းဆုံး တက္ကသိုလ်ဖြစ်ခဲ့ပြီး အာရှအဆင့် တွင်လည်း ထိပ်တန်းမှ ရပ်တည်နိုင်ခဲ့ခြင်းကြောင့် အခြားအာရှနိုင်ငံများကပါ အားကျအတုယူစရာ၊ လာရောက်ပညာ ဆည်း ပူးရာ ကျောင်းတော်ကြီး ဖြစ်ခဲ့ပါသည်။ ရန်ကုန်တက္ကသိုလ်ကြီးကို နိုင်ငံတကာ အဆင့်မီ တက္ကသိုလ်ကြီး အဖြစ် ဖြစ်ထွန်း လာစေရေးနှင့် အမျိုးသား အကျိုးစီးပွားကို ဖော်ဆောင်နိုင်မည့် တက္ကသိုလ်ဖြစ်စေရေး တို့ကို အားလုံး အတူတကွ ဝိုင်းဝန်းကြိုးပမ်း ပေါင်းစပ်အကောင်အထည်ဖော် ဆောင်ရွက်သွားရမည်ဖြစ်ပါသည်။
ယခုခေတ်သည် ပညာခေတ်ဖြစ်ပါသည်။ ကမ္ဘာနှင့်ရင်ပေါင်တန်းနိုင်ရန် ပညာတတ်များစွာ လိုအပ်ပါသည်။ ကမ္ဘာတွင် ပညာ၏ အခန်းကဏ္ဍသည် အလွန် အရေးပါနေပါသည်။ ပညာတတ်များသောတိုင်းပြည်သည် အဘက် ဘက်က အသာစီးရနေပါသည်။ ထို့ကြောင့် ပညာအတွက် ငွေကြေးများစွာ အကုန်အကျခံ၍ ရင်းနှီးမြှုပ်နှံနေကြ ပါသည်။ ထို့ကြောင့်လည်း နိုင်ငံ တစ်နိုင်ငံဖွံ့ဖြိုး တိုးတက်ရေးတွင် ပညာရေးသည် အဓိကကဏ္ဍမှ ပါဝင်နေပါသည်။ ၁၉၉၄ ခုနှစ်မှစ၍ ရန်ကုန်တက္ကသိုလ်တွင် ပါရဂူသင်တန်းများကို စတင်ဖွင့်လှစ် သင်ကြား နိုင်ခဲ့ပြီး ၁၉၉၇ ခုနှစ်တွင် ဓာတုဗေဒအထူးပြု ဘာသာရပ်မှ စတင်ကာ ပါရဂူဘွဲ့ ချီးမြှင့်အပ်နှင်းနိုင်ခဲ့ခြင်းဖြင့် ပညာရေး သမိုင်းသစ်ကို ဖွင့်လှစ်နိုင်ခဲ့ပါသည်။ နိုင်ငံတော်အနေဖြင့် ၂ဝ၁၄ခုနှစ်၊ စက်တင်ဘာလတွင် အမျိုးသား ပညာရေး ဥပဒေအားအတည်ပြုနိုင်ခဲ့ပြီး ၂ဝ၁၅ ခုနှစ်တွင် အမျိုးသားပညာရေး ဥပဒေကို ပြင်ဆင်သည့် ဥပဒေအား ထပ်မံ အတည်ပြု ပေးနိုင်ခဲ့ပါသည်။ ထိုသို့ ပြင်ဆင်ခဲ့သည့် အမျိုးသားပညာရေး ဥပဒေအရ မြန်မာ့ပညာရေး စနစ်သည် နိုင်ငံတော်က ဆောင်ရွက်လျက်ရှိသည့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးစနစ်များနှင့် လိုက်လျော ညီထွေ ဖြစ် အောင် ဖော်ဆောင်နိုင်မည်ဖြစ်ပါသည်။
ရန်ကုန် တက္ကသိုလ်သည် မြန်မာ့ပညာရေး၏ အခြေခံ အုတ်မြစ်ပင်ဖြစ်ပါသည်။ ရန်ကုန်တက္ကသိုလ်သည် မြန်မာ့ ပညာရေး ကြိုးပမ်းမှု သမိုင်းကြောင်း၊ မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းကြောင်းတို့နှင့် ယှဉ်တွဲဖြစ်ပေါ် လျက်ရှိသည့် ကောင်းမြတ်သည့် သမိုင်းကြောင်း၊ ကြီးမြတ်သည့်အစဉ်အလာတို့ရှိသည့်အတွက် ယနေ့နှစ်ပေါင်း တစ်ရာသည်သာမက နောင်နှစ်ရာပေါင်း များစွာ၊ ထောင်ပေါင်းများစွာ တိုင်အောင် ဂုဏ်သိက္ခာမြင့်မြင့် ကျက်သရေ မင်္ဂလာတင့်တင့်ဖြင့် ပြည့်စုံဝေဖြာနိုင်ပါစေ၊ အမိရန်ကုန် တက္ကသိုလ်ကြီး အဓွန့်ရှည်တည် တံ့ပါစေကြောင်း ဆန္ဒပြု ဆုတောင်းရင်း သဝဏ်လွှာ ပါးအပ်လိုက်ပါသည်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်
(Zawgyi Version)
၂ဝ၂ဝ ျပည့္ႏွစ္၊ ဒီဇင္ဘာလ ၁ ရက္၌ က်ေရာက္သည့္ ရန္ကုန္တကၠသိုလ္ ႏွစ္(၁ဝဝ)ျပည့္ အခမ္းအနားတြင္ တပ္မေတာ္ ကာကြယ္ေရး ဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ ေပးပို႔သည့္ သဝဏ္လႊာ
ႏိုင္ငံတစ္ႏိုင္ငံ၊ လူမ်ိဳးတစ္မ်ိဳး၏ တိုးတက္ထြန္းကားမႈအား ပညာတတ္ေျမာက္ျခင္းျဖင့္ တိုင္းတာၾကပါသည္။ ျမန္မာ့ ပညာေရး၏ ေရွ႕ေဆာင္၊ ျမန္မာႏိုင္ငံတစ္ဝန္းလုံးရွိ တကၠသိုလ္၊ ဒီဂရီ ေကာလိပ္တို႔၏ ေရွးဦးအစ ျဖစ္ေသာ ရန္ကုန္ တကၠသိုလ္ႀကီးသည္ ၁၉၂ဝ ျပည့္ႏွစ္၊ ဒီဇင္ဘာလ ၁ ရက္တြင္ စတင္ေမြးဖြားခဲ့ပါသည္။ ယေန႔ ၂ဝ၂ဝ ျပည့္ ႏွစ္၊ ဒီဇင္ဘာလ ၁ ရက္တြင္ ႏွစ္ေပါင္း ၁ဝဝ ျပည့္ေျမာက္ၿပီျဖစ္ပါသည္။
ရန္ကုန္တကၠသိုလ္သည္ ႏိုင္ငံ၏ပညာေရးသမိုင္းေၾကာင္းႏွင့္ အမ်ိဳးသားႏိုင္ငံေရး သမိုင္းေၾကာင္းတို႔တြင္ ထင္ရွား ေသာ သမိုင္းမွတ္တိုင္ အစဥ္အလာ ႀကီးမားေသာ တကၠသိုလ္ႀကီးလည္းျဖစ္ပါသည္။ ကိုလိုနီေခတ္ ၁၉၂ဝ ျပည့္ႏွစ္ မတိုင္မီ ျမန္မာႏိုင္ငံ၌ ျမန္မာလူမ်ိဳးတို႔အတြက္ ကိုယ္ပိုင္တကၠသိုလ္ဟူ၍ မရွိခဲ့ဘဲ ကာလကတၱား တကၠသိုလ္ လက္ေအာက္ခံ ရန္ကုန္ေကာလိပ္ႏွင့္ အေမရိကန္ဘက္ပတစ္သာသနာျပဳ အဖြဲ႕၏ ပညာေရးလုပ္ငန္း မ်ားမွ ေပါက္ဖြားလာေသာ ဘက္ပတစ္ေကာလိပ္တို႔သာ ရွိခဲ့ပါသည္။ ဘက္ပတစ္ ေကာလိပ္ကို ၁၉၁၈ ခုႏွစ္တြင္ အေမရိကန္ ခရစ္ယာန္ သာသနာျပဳဆရာႀကီး ေဒါက္တာဂ်ပ္ဆင္အား ဂုဏ္ျပဳေသာ အားျဖင့္ ဂ်ပ္ဆင္ေကာလိပ္ သို႔မဟုတ္ ယုဒသန္ေက်ာင္းတိုက္ဟု အမည္ေျပာင္းလဲေခၚေဝၚ ခဲ့ပါသည္။ ထို႔ေၾကာင့္ ျမန္မာႏိုင္ငံတြင္ ၁၉၂ဝ ျပည့္ႏွစ္မတိုင္မီ ရန္ကုန္ေကာလိပ္ႏွင့္ ဂ်ပ္ဆင္ ေကာလိပ္တို႔သာ ရွိခဲ့ပါသည္။
ျမန္မာႏိုင္ငံတြင္ကာလကတၱား တကၠသိုလ္၏ ၾသဇာအာဏာႏွင့္ ႀကီးၾကပ္မႈမွ ကင္းလြတ္သည့္ သီးျခား တကၠသိုလ္ တစ္ရပ္ကို ရန္ကုန္ၿမိဳ႕၌ တည္ေထာင္ရန္၊ ျမန္မာတစ္မ်ိဳးသားလုံး ပညာသင္ယူမႈအခြင့္အလမ္း မညီမွ်ျခင္းႏွင့္ တစ္မ်ိဳးသားလုံး အဆင့္ျမင့္ပညာသင္ယူ ႏိုင္ခြင့္နည္းပါးျခင္းတို႔ေၾကာင့္ တစ္မ်ိဳးသားလုံးအဆင့္ ျမင့္ပညာသင္ ယူခြင့္ ရရွိလာေစႏိုင္မည့္ အမ်ိဳးသား ပညာေရးစနစ္ျဖစ္ထြန္းလာေစေရးအတြက္ ၁၈၉၂ခုႏွစ္ခန႔္မွစ၍ ျမန္မာ့ေခါင္း ေဆာင္မ်ား၊ သတင္းစာမ်ား၊ ပညာေရးဆင္ဒီကိတ္အဖြဲ႕ဝင္မ်ားႏွင့္ ျမန္မာျပည္သူ လူထုတို႔က တစိုက္မတ္မတ္ ညီညီ ၫြတ္ၫြတ္ တိုက္ပြဲဝင္ေတာင္းဆိုခဲ့ၾကပါသည္။
တစ္မ်ိဳးသားလုံး၏ ညီၫြတ္မႈစြမ္းအားေၾကာင့္ ကိုလိုနီအစိုးရသည္ ၁၉၂ဝ ျပည့္ႏွစ္၊ ၾသဂုတ္လ ၂ဝ ရက္တြင္ ရန္ကုန္ တကၠသိုလ္အက္ဥပေဒၾကမ္းကို အတည္ျပဳေပးခဲ့ရသည္။ အဆိုပါအတည္ျပဳခ်က္မ်ား အရ ၁၉၂ဝ ျပည့္ႏွစ္၊ ဒီဇင္ဘာလ ၁ ရက္တြင္ မလႊဲမေရွာင္သာဘဲ ရန္ကုန္တကၠသိုလ္ကိုတည္ေထာင္ ေပးခဲ့ရပါသည္။ ရန္ကုန္ တကၠသိုလ္ စတင္ေပၚေပါက္ခဲ့ၿပီးေနာက္ ရန္ကုန္တကၠသိုလ္ အက္ဥပေဒတြင္ အတည္ျပဳ ျပ႒ာန္းခဲ့သည့္ အခ်က္ အလက္ အမ်ားစုမွာ ျမန္မာတိုင္းရင္းသား အမ်ားစုကို တကၠသိုလ္ပညာ ဆက္လက္ သင္ယူခြင့္မရေအာင္ ကန႔္သတ္ ခ်ဳပ္ခ်ယ္ထားသည့္ အခ်က္အလက္မ်ားစြာ ပါဝင္ခဲ့ပါသည္။ ထို႔ေၾကာင့္ တကၠသိုလ္ ေက်ာင္းသားႀကီးမ်ားႏွင့္ မ်ိဳးခ်စ္ျပည္သူ မ်ားက ဆက္လက္တိုက္ပြဲဝင္ခဲ့ၾကသည့္အတြက္ ကိုလိုနီအစိုးရသည္ တကၠသိုလ္ အက္ဥပေဒကို ျပင္ဆင္ေပးခဲ့ရပါသည္။ ျမန္မာအမ်ိဳးသားေရး ႀကိဳးပမ္းမႈသမိုင္းတြင္ ရန္ကုန္ တကၠသိုလ္၏အခန္းက႑သည္ တစ္ေထာင့္တစ္ေနရာက ပါဝင္ခဲ့ပါသည္။ ျမန္မာ့လြတ္လပ္ေရးကို ေဆာင္ၾကဥ္း ေပးႏိုင္မည့္ မ်ိဳးခ်စ္စိတ္ဓာတ္၊ ဇြဲမာန္သတၱိအျပည့္အဝရွိသည့္ ဗိုလ္ခ်ဳပ္ေအာင္ဆန္းကဲ့သို႔ေသာ ပုဂၢိဳလ္မ်ိဳး၊ တိုင္းက်ိဳးျပည္ျပဳေခါင္းေဆာင္မ်ားျဖစ္ၾကသည့္ ဝန္ႀကီးခ်ဳပ္ ဦးႏု၊ အာဇာနည္ေခါင္းေဆာင္ ဦးရာဇတ္၊ နန္းရင္းဝန္ ေဒါက္တာဘေမာ္ စသည့္ပုဂၢိဳလ္မ်ား၊ ႏိုင္ငံ့ဂုဏ္ေဆာင္ အမ်ိဳးသားစာဆိုႀကီးမ်ား ပညာရွင္မ်ားျဖစ္ၾကသည့္ စာေရး ဆရာႀကီး ေဇာ္ဂ်ီ၊ မင္းသုဝဏ္၊ ပညာမင္းႀကီးဦးေကာင္း၊ သမိုင္းပညာရွင္ ေဒါက္တာသန္းထြန္း၊ ျမန္မာစာပညာရွင္ ေဒါက္တာလွေဘ၊ ဥပေဒပညာရွင္ ေဒါက္တာဘဟန္ စသည့္ တိုင္းက်ိဳးျပည္ျပဳ ေခါင္းေဆာင္မ်ားႏွင့္ ပညာတတ္ လူငယ္မ်ားစြာ ေမြးထုတ္ေပးႏိုင္ခဲ့ သကဲ့သို႔ ႏိုင္ငံ့ဂုဏ္ေဆာင္ ႏိုင္ငံေရးသမား ကမာၻ႔ ကုလသမဂၢ အေထြေထြ အတြင္းေရး မႉးခ်ဳပ္ ဦးသန႔္ ကဲ့သို႔ ကမာၻ႔လူသား အက်ိဳးျပဳ ေခါင္းေဆာင္မ်ားကို ေမြးထုတ္ေပးႏိုင္ခဲ့သည့္ ေအာင္ေျမျဖစ္ ပါသည္။
ရန္ကုန္တကၠသိုလ္သည္ အဂၤလန္ႏိုင္ငံတကၠသိုလ္မ်ား၏ စံခ်ိန္စံၫႊန္းအတိုင္း ဖြဲ႕စည္းထားျခင္း၊ အရည္အေသြးျမင့္ မားေသာ ဆရာမ်ားက ပို႔ခ်ျခင္း စသည့္ အဂၤါရပ္မ်ားေၾကာင့္ ပညာဝန္းက်င္ ေကာင္းတစ္ခုျဖစ္ခဲ့ရာ စစ္ႀကိဳ ေခတ္ႏွင့္ လြတ္လပ္ေရးရၿပီး စကာလမ်ားတြင္ ပညာရည္အားျဖင့္ အေရွ႕ေတာင္ အာရွတြင္ အေကာင္းဆုံး ျဖစ္ခဲ့ရပါသည္။ တကၠသိုလ္၏ ဥပဓိ႐ုပ္သည္လည္း သာယာေသာ အင္းလ်ားကန္ေနာက္ခံ၊ ခံ့ညားေသာ ဘြဲ႕ႏွင္း သဘင္ အေဆာက္အအုံ၊ သက္တမ္းရင့္သစ္ပုပ္ပင္၊ ေျဖာင့္တန္းေသာ အဓိပတိလမ္း၊ စိမ္းလန္းက်ယ္ဝန္းေသာ တကၠသိုလ္ နယ္ေျမတို႔ေၾကာင့္ အေရွ႕ေတာင္ အာရွ၏ အေကာင္းဆုံး တကၠသိုလ္ျဖစ္ခဲ့ၿပီး အာရွအဆင့္ တြင္လည္း ထိပ္တန္းမွ ရပ္တည္ႏိုင္ခဲ့ျခင္းေၾကာင့္ အျခားအာရွႏိုင္ငံမ်ားကပါ အားက်အတုယူစရာ၊ လာေရာက္ပညာ ဆည္း ပူးရာ ေက်ာင္းေတာ္ႀကီး ျဖစ္ခဲ့ပါသည္။ ရန္ကုန္တကၠသိုလ္ႀကီးကို ႏိုင္ငံတကာ အဆင့္မီ တကၠသိုလ္ႀကီး အျဖစ္ ျဖစ္ထြန္း လာေစေရးႏွင့္ အမ်ိဳးသား အက်ိဳးစီးပြားကို ေဖာ္ေဆာင္ႏိုင္မည့္ တကၠသိုလ္ျဖစ္ေစေရး တို႔ကို အားလုံး အတူတကြ ဝိုင္းဝန္းႀကိဳးပမ္း ေပါင္းစပ္အေကာင္အထည္ေဖာ္ ေဆာင္႐ြက္သြားရမည္ျဖစ္ပါသည္။
ယခုေခတ္သည္ ပညာေခတ္ျဖစ္ပါသည္။ ကမာၻႏွင့္ရင္ေပါင္တန္းႏိုင္ရန္ ပညာတတ္မ်ားစြာ လိုအပ္ပါသည္။ ကမာၻတြင္ ပညာ၏ အခန္းက႑သည္ အလြန္ အေရးပါေနပါသည္။ ပညာတတ္မ်ားေသာတိုင္းျပည္သည္ အဘက္ ဘက္က အသာစီးရေနပါသည္။ ထို႔ေၾကာင့္ ပညာအတြက္ ေငြေၾကးမ်ားစြာ အကုန္အက်ခံ၍ ရင္းႏွီးျမႇဳပ္ႏွံေနၾက ပါသည္။ ထို႔ေၾကာင့္လည္း ႏိုင္ငံ တစ္ႏိုင္ငံဖြံ႕ၿဖိဳး တိုးတက္ေရးတြင္ ပညာေရးသည္ အဓိကက႑မွ ပါဝင္ေနပါသည္။ ၁၉၉၄ ခုႏွစ္မွစ၍ ရန္ကုန္တကၠသိုလ္တြင္ ပါရဂူသင္တန္းမ်ားကို စတင္ဖြင့္လွစ္ သင္ၾကား ႏိုင္ခဲ့ၿပီး ၁၉၉၇ ခုႏွစ္တြင္ ဓာတုေဗဒအထူးျပဳ ဘာသာရပ္မွ စတင္ကာ ပါရဂူဘြဲ႕ ခ်ီးျမႇင့္အပ္ႏွင္းႏိုင္ခဲ့ျခင္းျဖင့္ ပညာေရး သမိုင္းသစ္ကို ဖြင့္လွစ္ႏိုင္ခဲ့ပါသည္။ ႏိုင္ငံေတာ္အေနျဖင့္ ၂ဝ၁၄ခုႏွစ္၊ စက္တင္ဘာလတြင္ အမ်ိဳးသား ပညာေရး ဥပေဒအားအတည္ျပဳႏိုင္ခဲ့ၿပီး ၂ဝ၁၅ ခုႏွစ္တြင္ အမ်ိဳးသားပညာေရး ဥပေဒကို ျပင္ဆင္သည့္ ဥပေဒအား ထပ္မံ အတည္ျပဳ ေပးႏိုင္ခဲ့ပါသည္။ ထိုသို႔ ျပင္ဆင္ခဲ့သည့္ အမ်ိဳးသားပညာေရး ဥပေဒအရ ျမန္မာ့ပညာေရး စနစ္သည္ ႏိုင္ငံေတာ္က ေဆာင္႐ြက္လ်က္ရွိသည့္ ႏိုင္ငံေရး၊ စီးပြားေရး၊ လူမႈေရးစနစ္မ်ားႏွင့္ လိုက္ေလ်ာ ညီေထြ ျဖစ္ ေအာင္ ေဖာ္ေဆာင္ႏိုင္မည္ျဖစ္ပါသည္။
ရန္ကုန္ တကၠသိုလ္သည္ ျမန္မာ့ပညာေရး၏ အေျခခံ အုတ္ျမစ္ပင္ျဖစ္ပါသည္။ ရန္ကုန္တကၠသိုလ္သည္ ျမန္မာ့ ပညာေရး ႀကိဳးပမ္းမႈ သမိုင္းေၾကာင္း၊ ျမန္မာ့လြတ္လပ္ေရးႀကိဳးပမ္းမႈသမိုင္းေၾကာင္းတို႔ႏွင့္ ယွဥ္တြဲျဖစ္ေပၚ လ်က္ရွိသည့္ ေကာင္းျမတ္သည့္ သမိုင္းေၾကာင္း၊ ႀကီးျမတ္သည့္အစဥ္အလာတို႔ရွိသည့္အတြက္ ယေန႔ႏွစ္ေပါင္း တစ္ရာသည္သာမက ေနာင္ႏွစ္ရာေပါင္း မ်ားစြာ၊ ေထာင္ေပါင္းမ်ားစြာ တိုင္ေအာင္ ဂုဏ္သိကၡာျမင့္ျမင့္ က်က္သေရ မဂၤလာတင့္တင့္ျဖင့္ ျပည့္စုံေဝျဖာႏိုင္ပါေစ၊ အမိရန္ကုန္ တကၠသိုလ္ႀကီး အဓြန႔္ရွည္တည္ တံ့ပါေစေၾကာင္း ဆႏၵျပဳ ဆုေတာင္းရင္း သဝဏ္လႊာ ပါးအပ္လိုက္ပါသည္။
ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္
တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္