တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကလောတပ်နယ်ရှိ စစ်ဦးစီးတက္ကသိုလ်မှ နည်းပြအရာရှိကြီးများနှင့် သင်တန်းသားအရာရှိကြီးများအား Video Conferencing ဖြင့် အမှာစကားပြောကြား

 

နေပြည်တော်၊ ဇန်နဝါရီ – ၈

တပ်မတော်၏ နိုင်ငံတော်ကာကွယ်ရေးတာဝန်ကို စွမ်းရည်မြင့်မားစွာထမ်းဆောင် နိုင်ရေးအတွက် “အရေအတွက်မှ အရည်အချင်းသို့” ဟူသည့် လေ့ကျင့်ရေးဆောင်ပုဒ် အတိုင်း အင်အားများ၊ အရေအတွက်များကို အရည်အချင်းရှိသူများဖြစ်အောင် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ထို့အတူ “အရည်အချင်းမှ အရေအတွက်သို့” ဆောင်ရွက်ရန်အတွက်လည်း အရည်အချင်းရှိသူများ များပြားလာအောင် ဆက်လက်၍ ဆောင်ရွက်ကြရန်လိုကြောင်းဖြင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယနေ့နံနက်ပိုင်းတွင် ကလောတပ်နယ်ရှိ စစ်ဦးစီးတက္ကသိုလ်မှ နည်းပြအရာရှိကြီးများနှင့် သင်တန်းသားအရာရှိကြီးများအား Video Conferencing ဖြင့် တွေ့ဆုံအမှာစကားပြောကြားစဉ် ထည့်သွင်းပြောကြားသည်။

အဆိုပါ တွေ့ဆုံပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း၊ ရေ၊ လေ)မှ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ ဒုတိယဗိုလ်ချုပ်ကြီး မိုးအောင်၊ ဒုတိယဗိုလ်ချုပ်ကြီး ထွန်းအောင်၊ စစ်ဦးစီးတက္ကသိုလ် ကျောင်းအုပ်ကြီး၊ နည်းပြအရာရှိကြီးများနှင့် သင်တန်းသားအရာရှိကြီးများ တက်ရောက်ကြသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အမှာစကားပြောကြားရာတွင် ယခင် သင်တန်းအမှတ်စဉ်များတွင် စစ်ဦးစီးတက္ကသိုလ်သို့ တစ်နှစ်လျင်နှစ်ကြိမ်ခန့် လာရောက် တွေ့ဆုံအမှာစကားပြောကြားနိုင်ခဲ့သော်လည်း ယခုအခါ မိမိတို့နိုင်ငံ၌ COVID-19 ရောဂါကူးစက်ဖြစ်ပွားမှုအခြေအနေများအရ ယခုကဲ့သို့ Video Conferencing ဖြင့် တွေ့ဆုံအမှာစကားပြောကြားရခြင်းဖြစ်ကြောင်း၊ COVID-19 ရောဂါသည် မိမိတို့နိုင်ငံ ၌ မတ်လ ၂၃ ရက်တွင်စတင်ဖြစ်ပွားခဲ့ပြီး တပ်မတော်တွင်း၌လည်း ကူးစက်ဖြစ်ပွားမှု များရှိခဲ့ကာ ဖြစ်ပွားမှုနှုန်းလျော့နည်းအောင် ထိန်းချုပ်ဆောင်ရွက်လျက်ရှိကြောင်း၊ မည်သို့ပင် ကာကွယ်ကုသဆေးများ ထွက်ပေါ်နေသော်လည်း မိမိကိုယ်ကိုယ် ကူးစက် ခံရခြင်းမရှိအောင် ဆင်ခြင်နေထိုင်ခြင်းသည်သာလျင် အကောင်းဆုံးဖြစ်မည်ဖြစ်ကြောင်း၊ မိမိကိုယ်ကိုယ် ကိုယ်ခံစွမ်းအားကောင်းမွန် အောင်နေထိုင်ခြင်း၊ သွားလာနေထိုင်မှုများကို သတ်မှတ်ထားသည့်၊ ထုတ်ပြန်ထားသည့် စည်းကမ်းသတ်မှတ်ချက်များနှင့်အညီ အတတ်နိုင်ဆုံး လိုက်နာလုပ်ဆောင်ခြင်းအားဖြင့် မိမိကိုယ်ကိုယ်ကာကွယ်ရာရောက်မည် ဖြစ်ကြောင်း၊ မိမိသာမက မိမိကွပ်ကဲအုပ်ချုပ်ရသည့် တပ်ရင်း၊ တပ်ဖွဲ့များမှ အရာရှိ၊ စစ်သည်များကိုလည်း ရောဂါကာကွယ်ရေးနှင့် ပတ်သက်၍ ပြန်လည်ကြည့်ရှုရမည်၊ တတ်စွမ်းသရွေ့ကူညီစောင့်ရှောက်ကြရမည်ဖြစ်ကြောင်း။

တပ်မတော်တစ်ရပ်၏ စွမ်းရည်ထက်မြက်ရေးသည် လေ့ကျင့်ရေးပင်ဖြစ်သည့် အတွက် လေ့ကျင့်ရေးုကို ကမ္ဘာ့နိုင်ငံအသီးသီးတွင် အလေးထားဆောင်ရွက်လျက်ရှိသည်ကို လေ့လာတွေ့ရှိကြရမည် ဖြစ်ကြောင်း၊ စစ်ဆင်ရေးဆောင်ရွက်ခြင်းသည် တစ်ဦးတစ်ယောက် တည်းဆောင်ရွက်၍မရသည့်အတွက် လေ့ကျင့်ရေးဆောင်ရွက်ရာတွင် အသင်းအဖွဲ့စနစ်ဖြင့် လုပ်ဆောင်တတ်အောင်လေ့ကျင့်ပေးကြရမည်ဖြစ်ကြောင်း၊ ထို့ကြောင့်လည်း စိတ်ဓာတ် ကျန်းမာကြံ့ခိုင်စေရေး၊ အဖွဲ့အစည်းစိတ်ဓါတ်ဖြင့် စည်းလုံးညီညွတ်စွာဆောင်ရွက် တတ်စေရေး လေ့ကျင့်ဆောင်ရွက်ပေးလျက်ရှိကြောင်းဖြင့် ပြောကြားသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က စစ်ဦးစီးတက္ကသိုလ်မှ သင်ကြား လေ့ကျင့်ပေးလိုက်သည့် အတတ်ပညာနှင့် တွေးခေါ်မြော်မြင်မှုများကို ကြိုးစားအားထုတ် လေ့လာကြရန်နှင့် စာဖတ်ရန်လိုအပ်သည့်အခြေအနေများနှင့် ပတ်သက်၍ ပြောကြား ရာတွင်”တပ်ရင်း တစ်ရင်း၏မူလတာဝန်ဟာ စစ်ဆင်ရေးတာဝန်ထမ်းဆောင်နိုင်ဖို့အတွက် ပေးထားတာ၊ အဲ့တော့ စစ်ဆင်ရေးတာဝန်ထမ်းဆောင်နိုင်ဖို့ဆိုရင် လိုအပ်သည်များကို စစ်ဦးစီး တက္ကသိုလ်မှာ ပိုပြီးတော့မှပြည့်စုံအောင် လုပ်ပေးလိုက်မှာ။ တွေးခေါ် မြော်မြင်မှုတွေကအစ လုပ်ပေးတယ်။ မင်းတို့သာမန်လေး Lecture နားထောင်တာကအစ စဉ်းစားဖို့လိုတယ်။ စစ်ဦးစီးတက္ကသိုလ် ၊ တက္ကသိုလ်ဆိုတာကတော့ (တက္ကသိလာ) အတတ် ပညာ တွေနဲ့တွေးခေါ်မြော်မြင်မှုတွေ ပေါင်းစပ်ပြီးပေးတာ၊ စစ်မှုအတတ်ပညာတွေ မင်းတို့ဒီမှာလုပ်ပေးတယ်။ ပြီးရင် တွေးခေါ်မြော်မြင်မှုတွေလုပ်ပေးတယ်။ အဲတော့ အဓိက ပြောချင်တာက သင်တန်းသားတစ်ယောက်ရဲ့ဘယ်လောက်တွေးခေါ်မြော်မြင်နိုင်စွမ်းရှိတယ် ဆိုတာ ဒီမှာစမ်းတာ။ အဓိကကတော့ မင်းတို့ဖြစ်စဉ်အကြောင်းအရာတစ်ခုကို ဘယ်လို ဖြေရှင်း ဆောင်ရွက်နိုင်စွမ်းရှိသလဲဆိုတာကို ငါတို့ကလုပ်ပေးတာ။ အဲ့တော့ မင်းတို့ ဒီတက္ကသိုလ်ဆိုပြီး တက်ကတည်းက ဒီတွေးခေါ်မြော်မြင်နိုင်စွမ်းတွေပေါ့။ အတတ်ပညာ နဲ့တွေးခေါ်မြော်မြင်နိုင်စွမ်းနှစ်ခုကို ပေါင်းစပ်ပေးလိုက်တာ။ ပညာနဲ့တွေးခေါ်မြော်မြင်မှုကို ပေါင်းစပ်ပေးလိုက်တာ။ မင်းတို့စစ်ဦးစီးတက္ကသိုလ်တင် မဟုတ်ဘူး နိုင်ငံတော်ကာကွယ်ရေး တက္ကသိုလ်လည်း ဒီအတိုင်းပဲ။ အပြင်တက္ကသိုလ်တွေလည်း ဒီအတိုင်းပဲ။ တက္ကသိုလ်ဆိုတာ ကတော့ Study လုပ်တာပိုများတယ်။ Teaching ပိုင်း မဟုတ်ဘူး၊ Learning နဲ့ Study၊ Learning လုပ်မယ်။Study လုပ်မယ်။ စာဖတ်ရမယ်၊ မင်းတို့စာကြည့်တိုက်တွေပေးထား တယ်။ စာကြည့်တိုက်တွေမှာစာဖတ်။ စာဆိုတာကတော့ ကိုယ့်ရဲ့ တွေးခေါ်မြော်မြင်နိုင်စွမ်းကို မြှင့်တင်ပေးတာပဲ။ အဲ့တော့အကျိုးရှိတဲ့စာတွေ ဖတ်ပြီးတော့မှ တကယ်လက်တွေ့နယ်ပယ်မှာ လုပ်ငန်း တာဝန်ထမ်းဆောင်တဲ့အခါမှာ ဒီလက်တွေ့လုပ်ရတဲ့ ကိစ္စရပ်တွေပေါ်မှာ ပိုပြီးတော့ မှ ပိုပြီးတော့ကောင်းတဲ့ ဦးဆောင်မှုမျိုးပေးနိုင်တဲ့သူမျိုးဖြစ်အောင် ခုကတည်းက မင်းတို့ ပြင်ဆင်ထားဖို့လိုလိမ့်မယ်။”

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဆက်လက်ပြောကြားရာတွင် ခေါင်းဆောင်မှု ပညာရပ်သည် အလွန်အရေးကြီးပြီး မိမိ၏ခေါင်းဆောင်မှုညံ့ဖျင်းပါက မိမိကိုယ်တိုင်သာ မက မိမိကွပ်ကဲအုပ်ချုပ်ရသူများ၏ အသက်သွေးချွေးများစွာ ဆုံးရှုံးမှုကြီးမားနိုင်မည်ဖြစ် သဖြင့် သင်ကြားပေးသည့်အတတ်ပညာများကို ကျွမ်းကျင်ပိုင်နိုင်မှုရှိအောင် ဆောင်ရွက် ကြရမည်ဖြစ်ကြောင်း၊ နိုင်ငံတော်ကိုကာကွယ်နိုင်ရန်အတွက် မိမိသင်ကြားထားသည့် အတတ် ပညာများကို အသုံးချတတ်ရန်လိုအပ်သကဲ့သို့ အသုံးချနိုင်အောင်လည်း အမြဲ မပြတ် လေ့လာအားထုတ်နေရမည်ဖြစ်ကြောင်း၊ ထို့ပြင် မိမိကိုယ်တိုင်ကစပြီး ကျန်းမာ ကြံ့ခိုင်မှုရှိအောင်၊ ကိုယ်ခံစွမ်းအားပြည့်ဝအောင် နေထိုင်ရမည်ဖြစ်သကဲ့သို့ မိမိ လက်အောက်ကိုလည်း နေထိုင်စေရမည်ဖြစ်ကြောင်း၊ မိမိနှင့် မိမိလက်အောက်ကို စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာကြံ့ခိုင်အောင် လေ့ကျင့်ဆောင်ရွက်ပေးထား နိုင်မှသာလျင် တိုက်စွမ်းရည်၊ တိုက်စွမ်းအား ကောင်းမွန်မြင့်မားအောင်ဖော်ဆောင်နိုင်မည် ဖြစ်ကြောင်း၊ မိမိလက်အောက်ရှိ အရာရှိ၊ စစ်သည်များ၏ စွမ်းဆောင်နိုင်မှုနှင့် အမူအကျင့် များကိုလည်း သိရှိရန်လိုသကဲ့သို့ တစ်ဦးချင်း၏ လုပ်ငန်းတာဝန်ကိုလည်း သိရှိနားလည် ရန်လိုအပ်ကြောင်း၊ ထိုသို့သိရှိမှသာ မှန်ကန်သည့်နေရာချထားမှုကို လုပ်ဆောင်နိုင်မည် ဖြစ်ပြီး လူမှန်နေရာမှန်တာဝန်ပေးအပ်နိုင်မည်ဖြစ်ကြောင်း၊ ခေါင်းဆောင်များအနေဖြင့် မိမိကြုံတွေ့လာရသည့် အကြောင်းကိစ္စရပ်များကို ဘက်ပေါင်းစုံမှ စဉ်းစား၍ဆင်ခြင်တုံ တရားဖြင့် လုပ်ဆောင်ရမည်ဖြစ်ပြီး မိမိတွင်ရှိသည့် အင်အားနှင့် အသုံးအဆောင်ပစ္စည်း များကို စနစ်တကျစီမံ ခန့်ခွဲနိုင်မှသာလျင် အောင်မြင်မှုရရှိနိုင်မည်ဖြစ်ကြောင်း။

ထို့ပြင် စိတ်ဓာတ်ကြံ့ခိုင်မှုနှင့် စည်းလုံးညီညွတ်မှုများကို တည်ဆောက်နိုင်ရမည် ဖြစ်ပြီး မိမိကိုယ်တိုင်နှင့် မိမိလက်အောက်ကို ရရှိသည့်လစာဝင်ငွေနှင့် လျော်ညီအောင် နေထိုင်သုံးစွဲတတ်စေရေး ထိန်းကျောင်းပေးရမည်ဖြစ်ကြောင်း၊ လစာနှင့် ဝင်ဆန့်အောင် သုံးစွဲနိုင်စေရေးအတွက် တပ်မတော်စက်ရုံ၊ အလုပ်ရုံများမှတစ်ဆင့် လူသုံးကုန်ပစ္စည်းများနှင့် စားသောက်ကုန်ပစ္စည်းများကို ဈေးနှုန်းသက်သာစွာဖြင့် ထုတ်လုပ်ရောင်းချပေးလျက် ရှိကြောင်း၊ ထို့ပြင် ဈေးနှုန်းသက်သာစွာဖြင့် ဝယ်ယူစားသောက်နိုင်ရေးအတွက် တပ်ပိုင် စိုက်ပျိုး မွေးမြူရေးလုပ်ငန်းများကိုလည်း အောင်မြင်အောင် ဆောင်ရွက်စေလျက်ရှိကြောင်း၊ မိမိ၏ ဦးဆောင်မှုဖြင့် ပေးအပ်လာသည့်တာဝန်ကို ကျေပွန်စွာထမ်းဆောင်နိုင်ရမည်ဖြစ် ကြောင်း၊ ရိုးသားမှု၊ ပူးပေါင်းဆောင်ရွက်မှု၊ ကြိုးစားအားထုတ်မှုတို့ဖြင့် ရည်မှန်းချက်တာဝန် များကို ကျေပွန်စွာထမ်းဆောင်နိုင်ကြရမည်ဖြစ်ကြောင်း။

ဒီမိုကရေစီစနစ်တွင် ရွေးကောက်ပွဲသည် အနှစ်သာရဖြစ်ပြီး မိမိတို့နိုင်ငံ၌ မကြာ မီက အထွေထွေရွေးကောက်ပွဲကြီးကို အောင်မြင်စွာဖြင့် ကျင်းပနိုင်ခဲ့ကြောင်း၊ တပ်မတော်သားများအနေဖြင့်လည်း လွတ်လွတ်လပ်လပ်ဖြင့် ဆန္ဒမဲများပေးနိုင်ခဲ့ကြ ကြောင်း၊ ရွေးကောက်ပွဲမကျင်းပမီကပင် လွတ်လပ်၍ တရားမျှတသည့်ရွေးကောက်ပွဲ ဖြစ်ရန် လိုအပ်သည်ဟု အကြိမ်ကြိမ်ပြောကြားခဲ့ပြီးဖြစ်ကြောင်း၊ ရွေးကောက်ပွဲကျင်းပပြီးနောက် ပြန်လည်ဆန်းစစ်ရာတွင် တရားမျှတမှုမရှိသည့်အခြေအနေများ၊ မရိုးသားမှုများကို တွေ့ရှိရ သဖြင့် ဝေဖန်ထောက်ပြမှုများကို လုပ်ဆောင်နေရခြင်းဖြစ်ကြောင်း၊ ဥပဒေကို မိမိလိုရာဆွဲ၍ လုပ်ဆောင်ခြင်းများမှာ မသင့်တော်ကြောင်း၊ ဖြစ်ပျက်ခဲ့သည့် အမှားအယွင်းများကို ထောက် ပြရခြင်းမှာ မိမိတို့နိုင်ငံရွေးကောက်ပွဲ၏ ဂုဏ်သိက္ခာကိုများစွာထိခိုက်စေနိုင်မည်ဖြစ်သည့် အတွက် ဝေဖန်ထောက်ပြနေခြင်းဖြစ်ကြောင်း၊ မကြာခင်တွင် လွှတ်တော်အစည်းအဝေး ကို ကျင်းပပြုလုပ်မည်ဖြစ်ပြီး ရွေးကောက်ပွဲကျင်းပပြုလုပ်နိုင်ခြင်းမရှိသေးသည့် ရခိုင် ပြည်နယ်နှင့် ရှမ်းပြည်နယ်အတွင်းရှိ မြို့နယ်များတွင် ရွေးကောက်ပွဲကျင်းပပြု လုပ်နိုင်ရေး ဇန်နဝါရီ ၇ ရက်နေ့တွင် ကြေငြာချက်ထုတ်ပြန်၍ တိုက်တွန်းထားရှိကြောင်း၊ သင်တန်းသား အရာရှိကြီးများအနေဖြင့် သင်တန်းပြီးဆုံးပါက ပေးအပ်လာသည့်တာဝန်များကို ကျေပွန်စွာ ထမ်းဆောင်နိုင်ရေး သင်တန်းတွင် လေ့လာနိုင်သမျှကို လေ့လာသင်ယူသွားကြစေလို ကြောင်းနှင့် မိမိကိုယ်ကိုနှင့် မိမိတပ်ကိုကောင်းမွန်အောင်၊ တိုးတက်အောင်ကြိုးစား ဆောင်ရွက်သွားကြစေလိုကြောင်းဖြင့် ပြောကြားခဲ့သည်။

(Zawgyi Version)

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ ကေလာတပ္နယ္ရွိ စစ္ဦးစီးတကၠသိုလ္မွ နည္းျပအရာရွိႀကီးမ်ားႏွင့္ သင္တန္းသားအရာရွိႀကီးမ်ားအား Video Conferencing ျဖင့္ အမွာစကားေျပာၾကား

ေနျပည္ေတာ္၊ ဇန္နဝါရီ – ၈

တပ္မေတာ္၏ ႏိုင္ငံေတာ္ကာကြယ္ေရးတာဝန္ကို စြမ္းရည္ျမင့္မားစြာထမ္းေဆာင္ ႏိုင္ေရးအတြက္ “အေရအတြက္မွ အရည္အခ်င္းသို႔” ဟူသည့္ ေလ့က်င့္ေရးေဆာင္ပုဒ္ အတိုင္း အင္အားမ်ား၊ အေရအတြက္မ်ားကို အရည္အခ်င္းရွိသူမ်ားျဖစ္ေအာင္ ေဆာင္႐ြက္ၾကရမည္ျဖစ္ေၾကာင္း၊ ထို႔အတူ “အရည္အခ်င္းမွ အေရအတြက္သို႔” ေဆာင္႐ြက္ရန္အတြက္လည္း အရည္အခ်င္းရွိသူမ်ား မ်ားျပားလာေအာင္ ဆက္လက္၍ ေဆာင္႐ြက္ၾကရန္လိုေၾကာင္းျဖင့္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က ယေန႔နံနက္ပိုင္းတြင္ ကေလာတပ္နယ္ရွိ စစ္ဦးစီးတကၠသိုလ္မွ နည္းျပအရာရွိႀကီးမ်ားႏွင့္ သင္တန္းသားအရာရွိႀကီးမ်ားအား Video Conferencing ျဖင့္ ေတြ႕ဆုံအမွာစကားေျပာၾကားစဥ္ ထည့္သြင္းေျပာၾကားသည္။

အဆိုပါ ေတြ႕ဆုံပြဲသို႔ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အတူ ကာကြယ္ေရး ဦးစီးခ်ဳပ္႐ုံး (ၾကည္း၊ ေရ၊ ေလ)မွ ဒုတိယဗိုလ္ခ်ဳပ္ႀကီး မိုးျမင့္ထြန္း၊ ဒုတိယဗိုလ္ခ်ဳပ္ႀကီး မိုးေအာင္၊ ဒုတိယဗိုလ္ခ်ဳပ္ႀကီး ထြန္းေအာင္၊ စစ္ဦးစီးတကၠသိုလ္ ေက်ာင္းအုပ္ႀကီး၊ နည္းျပအရာရွိႀကီးမ်ားႏွင့္ သင္တန္းသားအရာရွိႀကီးမ်ား တက္ေရာက္ၾကသည္။

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က အမွာစကားေျပာၾကားရာတြင္ ယခင္ သင္တန္းအမွတ္စဥ္မ်ားတြင္ စစ္ဦးစီးတကၠသိုလ္သို႔ တစ္ႏွစ္လ်င္ႏွစ္ႀကိမ္ခန႔္ လာေရာက္ ေတြ႕ဆုံအမွာစကားေျပာၾကားႏိုင္ခဲ့ေသာ္လည္း ယခုအခါ မိမိတို႔ႏိုင္ငံ၌ COVID-19 ေရာဂါကူးစက္ျဖစ္ပြားမႈအေျခအေနမ်ားအရ ယခုကဲ့သို႔ Video Conferencing ျဖင့္ ေတြ႕ဆုံအမွာစကားေျပာၾကားရျခင္းျဖစ္ေၾကာင္း၊ COVID-19 ေရာဂါသည္ မိမိတို႔ႏိုင္ငံ ၌ မတ္လ ၂၃ ရက္တြင္စတင္ျဖစ္ပြားခဲ့ၿပီး တပ္မေတာ္တြင္း၌လည္း ကူးစက္ျဖစ္ပြားမႈ မ်ားရွိခဲ့ကာ ျဖစ္ပြားမႈႏႈန္းေလ်ာ့နည္းေအာင္ ထိန္းခ်ဳပ္ေဆာင္႐ြက္လ်က္ရွိေၾကာင္း၊ မည္သို႔ပင္ ကာကြယ္ကုသေဆးမ်ား ထြက္ေပၚေနေသာ္လည္း မိမိကိုယ္ကိုယ္ ကူးစက္ ခံရျခင္းမရွိေအာင္ ဆင္ျခင္ေနထိုင္ျခင္းသည္သာလ်င္ အေကာင္းဆုံးျဖစ္မည္ျဖစ္ေၾကာင္း၊ မိမိကိုယ္ကိုယ္ ကိုယ္ခံစြမ္းအားေကာင္းမြန္ ေအာင္ေနထိုင္ျခင္း၊ သြားလာေနထိုင္မႈမ်ားကို သတ္မွတ္ထားသည့္၊ ထုတ္ျပန္ထားသည့္ စည္းကမ္းသတ္မွတ္ခ်က္မ်ားႏွင့္အညီ အတတ္ႏိုင္ဆုံး လိုက္နာလုပ္ေဆာင္ျခင္းအားျဖင့္ မိမိကိုယ္ကိုယ္ကာကြယ္ရာေရာက္မည္ ျဖစ္ေၾကာင္း၊ မိမိသာမက မိမိကြပ္ကဲအုပ္ခ်ဳပ္ရသည့္ တပ္ရင္း၊ တပ္ဖြဲ႕မ်ားမွ အရာရွိ၊ စစ္သည္မ်ားကိုလည္း ေရာဂါကာကြယ္ေရးႏွင့္ ပတ္သက္၍ ျပန္လည္ၾကည့္ရႈရမည္၊ တတ္စြမ္းသေ႐ြ႕ကူညီေစာင့္ေရွာက္ၾကရမည္ျဖစ္ေၾကာင္း။

တပ္မေတာ္တစ္ရပ္၏ စြမ္းရည္ထက္ျမက္ေရးသည္ ေလ့က်င့္ေရးပင္ျဖစ္သည့္ အတြက္ ေလ့က်င့္ေရးုကို ကမာၻ႔ႏိုင္ငံအသီးသီးတြင္ အေလးထားေဆာင္႐ြက္လ်က္ရွိသည္ကို ေလ့လာေတြ႕ရွိၾကရမည္ ျဖစ္ေၾကာင္း၊ စစ္ဆင္ေရးေဆာင္႐ြက္ျခင္းသည္ တစ္ဦးတစ္ေယာက္ တည္းေဆာင္႐ြက္၍မရသည့္အတြက္ ေလ့က်င့္ေရးေဆာင္႐ြက္ရာတြင္ အသင္းအဖြဲ႕စနစ္ျဖင့္ လုပ္ေဆာင္တတ္ေအာင္ေလ့က်င့္ေပးၾကရမည္ျဖစ္ေၾကာင္း၊ ထို႔ေၾကာင့္လည္း စိတ္ဓာတ္ က်န္းမာႀကံ့ခိုင္ေစေရး၊ အဖြဲ႕အစည္းစိတ္ဓါတ္ျဖင့္ စည္းလုံးညီၫြတ္စြာေဆာင္႐ြက္ တတ္ေစေရး ေလ့က်င့္ေဆာင္႐ြက္ေပးလ်က္ရွိေၾကာင္းျဖင့္ ေျပာၾကားသည္။

ထို႔ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က စစ္ဦးစီးတကၠသိုလ္မွ သင္ၾကား ေလ့က်င့္ေပးလိုက္သည့္ အတတ္ပညာႏွင့္ ေတြးေခၚေျမာ္ျမင္မႈမ်ားကို ႀကိဳးစားအားထုတ္ ေလ့လာၾကရန္ႏွင့္ စာဖတ္ရန္လိုအပ္သည့္အေျခအေနမ်ားႏွင့္ ပတ္သက္၍ ေျပာၾကား ရာတြင္”တပ္ရင္း တစ္ရင္း၏မူလတာဝန္ဟာ စစ္ဆင္ေရးတာဝန္ထမ္းေဆာင္ႏိုင္ဖို႔အတြက္ ေပးထားတာ၊ အဲ့ေတာ့ စစ္ဆင္ေရးတာဝန္ထမ္းေဆာင္ႏိုင္ဖို႔ဆိုရင္ လိုအပ္သည္မ်ားကို စစ္ဦးစီး တကၠသိုလ္မွာ ပိုၿပီးေတာ့မွျပည့္စုံေအာင္ လုပ္ေပးလိုက္မွာ။ ေတြးေခၚ ေျမာ္ျမင္မႈေတြကအစ လုပ္ေပးတယ္။ မင္းတို႔သာမန္ေလး Lecture နားေထာင္တာကအစ စဥ္းစားဖို႔လိုတယ္။ စစ္ဦးစီးတကၠသိုလ္ ၊ တကၠသိုလ္ဆိုတာကေတာ့ (တကၠသိလာ) အတတ္ ပညာ ေတြနဲ႔ေတြးေခၚေျမာ္ျမင္မႈေတြ ေပါင္းစပ္ၿပီးေပးတာ၊ စစ္မႈအတတ္ပညာေတြ မင္းတို႔ဒီမွာလုပ္ေပးတယ္။ ၿပီးရင္ ေတြးေခၚေျမာ္ျမင္မႈေတြလုပ္ေပးတယ္။ အဲေတာ့ အဓိက ေျပာခ်င္တာက သင္တန္းသားတစ္ေယာက္ရဲ႕ဘယ္ေလာက္ေတြးေခၚေျမာ္ျမင္ႏိုင္စြမ္းရွိတယ္ ဆိုတာ ဒီမွာစမ္းတာ။ အဓိကကေတာ့ မင္းတို႔ျဖစ္စဥ္အေၾကာင္းအရာတစ္ခုကို ဘယ္လို ေျဖရွင္း ေဆာင္႐ြက္ႏိုင္စြမ္းရွိသလဲဆိုတာကို ငါတို႔ကလုပ္ေပးတာ။ အဲ့ေတာ့ မင္းတို႔ ဒီတကၠသိုလ္ဆိုၿပီး တက္ကတည္းက ဒီေတြးေခၚေျမာ္ျမင္ႏိုင္စြမ္းေတြေပါ့။ အတတ္ပညာ နဲ႔ေတြးေခၚေျမာ္ျမင္ႏိုင္စြမ္းႏွစ္ခုကို ေပါင္းစပ္ေပးလိုက္တာ။ ပညာနဲ႔ေတြးေခၚေျမာ္ျမင္မႈကို ေပါင္းစပ္ေပးလိုက္တာ။ မင္းတို႔စစ္ဦးစီးတကၠသိုလ္တင္ မဟုတ္ဘူး ႏိုင္ငံေတာ္ကာကြယ္ေရး တကၠသိုလ္လည္း ဒီအတိုင္းပဲ။ အျပင္တကၠသိုလ္ေတြလည္း ဒီအတိုင္းပဲ။ တကၠသိုလ္ဆိုတာ ကေတာ့ Study လုပ္တာပိုမ်ားတယ္။ Teaching ပိုင္း မဟုတ္ဘူး၊ Learning နဲ႔ Study၊ Learning လုပ္မယ္။Study လုပ္မယ္။ စာဖတ္ရမယ္၊ မင္းတို႔စာၾကည့္တိုက္ေတြေပးထား တယ္။ စာၾကည့္တိုက္ေတြမွာစာဖတ္။ စာဆိုတာကေတာ့ ကိုယ့္ရဲ႕ ေတြးေခၚေျမာ္ျမင္ႏိုင္စြမ္းကို ျမႇင့္တင္ေပးတာပဲ။ အဲ့ေတာ့အက်ိဳးရွိတဲ့စာေတြ ဖတ္ၿပီးေတာ့မွ တကယ္လက္ေတြ႕နယ္ပယ္မွာ လုပ္ငန္း တာဝန္ထမ္းေဆာင္တဲ့အခါမွာ ဒီလက္ေတြ႕လုပ္ရတဲ့ ကိစၥရပ္ေတြေပၚမွာ ပိုၿပီးေတာ့ မွ ပိုၿပီးေတာ့ေကာင္းတဲ့ ဦးေဆာင္မႈမ်ိဳးေပးႏိုင္တဲ့သူမ်ိဳးျဖစ္ေအာင္ ခုကတည္းက မင္းတို႔ ျပင္ဆင္ထားဖို႔လိုလိမ့္မယ္။”

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က ဆက္လက္ေျပာၾကားရာတြင္ ေခါင္းေဆာင္မႈ ပညာရပ္သည္ အလြန္အေရးႀကီးၿပီး မိမိ၏ေခါင္းေဆာင္မႈညံ့ဖ်င္းပါက မိမိကိုယ္တိုင္သာ မက မိမိကြပ္ကဲအုပ္ခ်ဳပ္ရသူမ်ား၏ အသက္ေသြးေခြၽးမ်ားစြာ ဆုံးရႈံးမႈႀကီးမားႏိုင္မည္ျဖစ္ သျဖင့္ သင္ၾကားေပးသည့္အတတ္ပညာမ်ားကို ကြၽမ္းက်င္ပိုင္ႏိုင္မႈရွိေအာင္ ေဆာင္႐ြက္ ၾကရမည္ျဖစ္ေၾကာင္း၊ ႏိုင္ငံေတာ္ကိုကာကြယ္ႏိုင္ရန္အတြက္ မိမိသင္ၾကားထားသည့္ အတတ္ ပညာမ်ားကို အသုံးခ်တတ္ရန္လိုအပ္သကဲ့သို႔ အသုံးခ်ႏိုင္ေအာင္လည္း အၿမဲ မျပတ္ ေလ့လာအားထုတ္ေနရမည္ျဖစ္ေၾကာင္း၊ ထို႔ျပင္ မိမိကိုယ္တိုင္ကစၿပီး က်န္းမာ ႀကံ့ခိုင္မႈရွိေအာင္၊ ကိုယ္ခံစြမ္းအားျပည့္ဝေအာင္ ေနထိုင္ရမည္ျဖစ္သကဲ့သို႔ မိမိ လက္ေအာက္ကိုလည္း ေနထိုင္ေစရမည္ျဖစ္ေၾကာင္း၊ မိမိႏွင့္ မိမိလက္ေအာက္ကို စိတ္ပိုင္းဆိုင္ရာ၊ ႐ုပ္ပိုင္းဆိုင္ရာ က်န္းမာႀကံ့ခိုင္ေအာင္ ေလ့က်င့္ေဆာင္႐ြက္ေပးထား ႏိုင္မွသာလ်င္ တိုက္စြမ္းရည္၊ တိုက္စြမ္းအား ေကာင္းမြန္ျမင့္မားေအာင္ေဖာ္ေဆာင္ႏိုင္မည္ ျဖစ္ေၾကာင္း၊ မိမိလက္ေအာက္ရွိ အရာရွိ၊ စစ္သည္မ်ား၏ စြမ္းေဆာင္ႏိုင္မႈႏွင့္ အမူအက်င့္ မ်ားကိုလည္း သိရွိရန္လိုသကဲ့သို႔ တစ္ဦးခ်င္း၏ လုပ္ငန္းတာဝန္ကိုလည္း သိရွိနားလည္ ရန္လိုအပ္ေၾကာင္း၊ ထိုသို႔သိရွိမွသာ မွန္ကန္သည့္ေနရာခ်ထားမႈကို လုပ္ေဆာင္ႏိုင္မည္ ျဖစ္ၿပီး လူမွန္ေနရာမွန္တာဝန္ေပးအပ္ႏိုင္မည္ျဖစ္ေၾကာင္း၊ ေခါင္းေဆာင္မ်ားအေနျဖင့္ မိမိႀကဳံေတြ႕လာရသည့္ အေၾကာင္းကိစၥရပ္မ်ားကို ဘက္ေပါင္းစုံမွ စဥ္းစား၍ဆင္ျခင္တုံ တရားျဖင့္ လုပ္ေဆာင္ရမည္ျဖစ္ၿပီး မိမိတြင္ရွိသည့္ အင္အားႏွင့္ အသုံးအေဆာင္ပစၥည္း မ်ားကို စနစ္တက်စီမံ ခန႔္ခြဲႏိုင္မွသာလ်င္ ေအာင္ျမင္မႈရရွိႏိုင္မည္ျဖစ္ေၾကာင္း။

ထို႔ျပင္ စိတ္ဓာတ္ႀကံ့ခိုင္မႈႏွင့္ စည္းလုံးညီၫြတ္မႈမ်ားကို တည္ေဆာက္ႏိုင္ရမည္ ျဖစ္ၿပီး မိမိကိုယ္တိုင္ႏွင့္ မိမိလက္ေအာက္ကို ရရွိသည့္လစာဝင္ေငြႏွင့္ ေလ်ာ္ညီေအာင္ ေနထိုင္သုံးစြဲတတ္ေစေရး ထိန္းေက်ာင္းေပးရမည္ျဖစ္ေၾကာင္း၊ လစာႏွင့္ ဝင္ဆန႔္ေအာင္ သုံးစြဲႏိုင္ေစေရးအတြက္ တပ္မေတာ္စက္႐ုံ၊ အလုပ္႐ုံမ်ားမွတစ္ဆင့္ လူသုံးကုန္ပစၥည္းမ်ားႏွင့္ စားေသာက္ကုန္ပစၥည္းမ်ားကို ေဈးႏႈန္းသက္သာစြာျဖင့္ ထုတ္လုပ္ေရာင္းခ်ေပးလ်က္ ရွိေၾကာင္း၊ ထို႔ျပင္ ေဈးႏႈန္းသက္သာစြာျဖင့္ ဝယ္ယူစားေသာက္ႏိုင္ေရးအတြက္ တပ္ပိုင္ စိုက္ပ်ိဳး ေမြးျမဴေရးလုပ္ငန္းမ်ားကိုလည္း ေအာင္ျမင္ေအာင္ ေဆာင္႐ြက္ေစလ်က္ရွိေၾကာင္း၊ မိမိ၏ ဦးေဆာင္မႈျဖင့္ ေပးအပ္လာသည့္တာဝန္ကို ေက်ပြန္စြာထမ္းေဆာင္ႏိုင္ရမည္ျဖစ္ ေၾကာင္း၊ ႐ိုးသားမႈ၊ ပူးေပါင္းေဆာင္႐ြက္မႈ၊ ႀကိဳးစားအားထုတ္မႈတို႔ျဖင့္ ရည္မွန္းခ်က္တာဝန္ မ်ားကို ေက်ပြန္စြာထမ္းေဆာင္ႏိုင္ၾကရမည္ျဖစ္ေၾကာင္း။

ဒီမိုကေရစီစနစ္တြင္ ေ႐ြးေကာက္ပြဲသည္ အႏွစ္သာရျဖစ္ၿပီး မိမိတို႔ႏိုင္ငံ၌ မၾကာ မီက အေထြေထြေ႐ြးေကာက္ပြဲႀကီးကို ေအာင္ျမင္စြာျဖင့္ က်င္းပႏိုင္ခဲ့ေၾကာင္း၊ တပ္မေတာ္သားမ်ားအေနျဖင့္လည္း လြတ္လြတ္လပ္လပ္ျဖင့္ ဆႏၵမဲမ်ားေပးႏိုင္ခဲ့ၾက ေၾကာင္း၊ ေ႐ြးေကာက္ပြဲမက်င္းပမီကပင္ လြတ္လပ္၍ တရားမွ်တသည့္ေ႐ြးေကာက္ပြဲ ျဖစ္ရန္ လိုအပ္သည္ဟု အႀကိမ္ႀကိမ္ေျပာၾကားခဲ့ၿပီးျဖစ္ေၾကာင္း၊ ေ႐ြးေကာက္ပြဲက်င္းပၿပီးေနာက္ ျပန္လည္ဆန္းစစ္ရာတြင္ တရားမွ်တမႈမရွိသည့္အေျခအေနမ်ား၊ မ႐ိုးသားမႈမ်ားကို ေတြ႕ရွိရ သျဖင့္ ေဝဖန္ေထာက္ျပမႈမ်ားကို လုပ္ေဆာင္ေနရျခင္းျဖစ္ေၾကာင္း၊ ဥပေဒကို မိမိလိုရာဆြဲ၍ လုပ္ေဆာင္ျခင္းမ်ားမွာ မသင့္ေတာ္ေၾကာင္း၊ ျဖစ္ပ်က္ခဲ့သည့္ အမွားအယြင္းမ်ားကို ေထာက္ ျပရျခင္းမွာ မိမိတို႔ႏိုင္ငံေ႐ြးေကာက္ပြဲ၏ ဂုဏ္သိကၡာကိုမ်ားစြာထိခိုက္ေစႏိုင္မည္ျဖစ္သည့္ အတြက္ ေဝဖန္ေထာက္ျပေနျခင္းျဖစ္ေၾကာင္း၊ မၾကာခင္တြင္ လႊတ္ေတာ္အစည္းအေဝး ကို က်င္းပျပဳလုပ္မည္ျဖစ္ၿပီး ေ႐ြးေကာက္ပြဲက်င္းပျပဳလုပ္ႏိုင္ျခင္းမရွိေသးသည့္ ရခိုင္ ျပည္နယ္ႏွင့္ ရွမ္းျပည္နယ္အတြင္းရွိ ၿမိဳ႕နယ္မ်ားတြင္ ေ႐ြးေကာက္ပြဲက်င္းပျပဳ လုပ္ႏိုင္ေရး ဇန္နဝါရီ ၇ ရက္ေန႔တြင္ ေၾကျငာခ်က္ထုတ္ျပန္၍ တိုက္တြန္းထားရွိေၾကာင္း၊ သင္တန္းသား အရာရွိႀကီးမ်ားအေနျဖင့္ သင္တန္းၿပီးဆုံးပါက ေပးအပ္လာသည့္တာဝန္မ်ားကို ေက်ပြန္စြာ ထမ္းေဆာင္ႏိုင္ေရး သင္တန္းတြင္ ေလ့လာႏိုင္သမွ်ကို ေလ့လာသင္ယူသြားၾကေစလို ေၾကာင္းႏွင့္ မိမိကိုယ္ကိုႏွင့္ မိမိတပ္ကိုေကာင္းမြန္ေအာင္၊ တိုးတက္ေအာင္ႀကိဳးစား ေဆာင္႐ြက္သြားၾကေစလိုေၾကာင္းျဖင့္ ေျပာၾကားခဲ့သည္။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။