နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ညှိနှိုင်းအစည်းအဝေး(၃/၂၀၂၁)သို့ တက်ရောက်အမှာစကားပြောကြား

နေပြည်တော် ဖေဖော်ဝါရီ ၂၂

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ညှိနှိုင်းအစည်းအဝေး(၃/၂၀၂၁)ကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေး ခန်းမ၌ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်အမှာစကား ပြောကြားသည်။

ညှိနှိုင်းအစည်းအဝေးသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့် အတူ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း၊ ကောင်စီအဖွဲ့ဝင်များ ဖြစ်ကြသည့် ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၊ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ မန်းငြိမ်းမောင်၊ ဦးသိန်းညွန့်၊ ဦးခင်မောင်ဆွေ၊ ဒေါ်အေးနုစိန်၊ Jeng Phang နော်တောင်၊ ဦးမောင်းဟာ၊ ဦးစိုင်းလုံးဆိုင် နှင့် စောဒန်နီယယ်၊ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေး၊ တွဲဖက် အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်တို့ တက်ရောက်ကြသည်။

အစည်းအဝေးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က မိမိတို့တာဝန်ယူခဲ့သည်မှာ ၃ ပတ်ခန့်ရှိပြီဖြစ်ပြီး ယခုကာလ အတွင်း ပြုပြင်ပြောင်းလဲမှုများ များစွာရှိကြောင်း၊ ပထမဆုံးအနေဖြင့် နိုင်ငံတော်တည်ငြိမ် အေးချမ်းမှုနှင့်ပတ်သက်၍ ပြီးခဲသည့်ဒုတိယအပတ်နှင့် တတိယအပတ်ကြားကာလတွင် ဆန္ဒပြမှုများရှိခဲ့သော်လည်း မိမိတို့အနေဖြင့် အတတ်နိုင်ဆုံး ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်လျက်ရှိကြောင်း၊ ဒီမိုကရေစီ အလေ့အထနှင့်အတူ ဒီမိုကရေစီနိုင်ငံများ၏ အရေးယူဆောင်ရွက်မှုများအတိုင်းသာ ဆောင်ရွက်ခြင်းဖြစ်ပြီး အခြားနိုင်ငံများ၌လည်း ဆူပူဆန္ဒပြမှုများတွင် မျက်ရည်ယိုဗုံး၊ ရာဘာကျည်ဆံ၊ Water Cannon ကိုအသုံးပြုဆောင်ရွက်ခြင်းနှင့် အင်တာနက် ဖြတ်တောက်မှုများလည်း ရှိပါကြောင်း၊ အခြားနိုင်ငံများတွင် ဖြစ်ပွားသည့် ဆန္ဒပြမှုများကြောင့် သေဆုံးသူ၊ ထိခိုက်ဒဏ်ရာ ရသူများနှင့် နှိုင်းယှဉ်ပါက မိမိတို့နိုင်ငံတွင် ၃ ပတ်တာ ကာလအတွင်း သေဆုံးမှုမှာ ၄ ဦးသာရှိခဲ့ကြောင်း၊ သေဆုံးမှုကို ပြန်ကြည့်လျှင်လည်း သေဆုံးသွားသည့် အမျိုးသမီးမှာ အသက် ၂၀ ခန့်ရှိပြီး ၎င်းကိုယ်တိုင် ဆူပူဆန္ဒပြမှုတွင် ပါဝင်သည်ကို တွေ့ရပါကြောင်း၊ ဆူပူဆန္ဒပြသူများအနေဖြင့် လေးခွ၊ ခဲ၊ ကုန်းသီးတို့ဖြင့် ပစ်ခတ်အသုံးပြုခြင်းများ ရှိသည်ကို တွေ့ရှိရကြောင်း၊ ယင်းဖြစ်စဉ်တွင် ရဲတပ်ဖွဲ့ဝင်များအနေဖြင့် ရာဘာကျည်ဆံ ကိုသာ အသုံးပြု ခဲ့ခြင်းဖြစ်ကြောင်း၊ ခဲသီးနှင့်ပတ်သက်၍ အသုံးပြုခဲ့ခြင်းမရှိ ကြောင်း၊ ဗီဒီယိုမှတ်တမ်းများကို အသေးစိတ်ကြည့်ရှုခဲ့ကြောင်း၊ယင်းမှာ ဖြစ်စဉ်အမှန်ဖြစ် ကြောင်း။

ဝန်ထမ်းများ CDM လှုပ်ရှားဆောင်ရွက်မှုနှင့်ပတ်သက်ပြီး စတင်ဆောင်ရွက်ရန် ပြောကြားဖြန့်ချိခဲ့သူများကို ထိထိရောက်ရောက်အရေးယူ ဆောင်ရွက်သွားမည်ဖြစ် ကြောင်း၊ CDM လှုပ်ရှားမှုတွင် ဝန်ထမ်းအချို့ပါဝင်ကြပြီး အချို့ဝန်ထမ်းများမှာ အကြောက် တရားဖြင့် ပါဝင်ကြရခြင်းဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် CDM ကိစ္စနှင့် ပတ်သက်၍ ပြီးခဲ့သည့် ရက်သတ္တပတ်က ဝန်ထမ်းများ မိမိတို့လုပ်ငန်းတာဝန်ကို ပြန်လည်တာဝန် ထမ်းဆောင်ရန် တိုက်တွန်းခဲ့ကြောင်း၊ နိုင်ငံ့ဝန်ထမ်းများမှာ မိမိတို့၏ လုပ်ဖော်ကိုင်ဖက် များသာဖြစ်ပြီး ဝန်ထမ်းများအနေဖြင့် အခြားအချိန်တွင် မိမိနှစ်သက်ရာကို ဆန္ဒမဲ ပေးနိုင်သော်လည်း တာဝန်အချိန်တွင် နိုင်ငံတော်အတွက်သာ ဦးတည်ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ နိုင်ငံ့ဝန်ထမ်းများအနေဖြင့် ကြိုက်နှစ်သက်သည်၊ မနှစ်သက်သည်ရှိမည် ဖြစ်ကြောင်း၊ ယင်းကို ဒီမိုကရေစီကျင့်စဉ်အရလက်ခံကြောင်း၊ သို့သော်လည်း အခြား အချိန်တွင် ပြည်သူ့ဝန်ထမ်းက ပြည်သူ့ဝန်ထမ်းတာဝန်ကို ထမ်းဆောင်ရမည်ဖြစ်ကြောင်း၊ နိုင်ငံ့ဝန်ထမ်းတာဝန်ကို နိုင်ငံ့ဝန်ထမ်းက ထမ်းဆောင်ရမည်ဖြစ်ကြောင်း၊ ထို့အတူ နိုင်ငံသားများကလည်း နိုင်ငံ့တာဝန်ကို ထမ်းဆောင်ရမည်ဖြစ်ကြောင်း၊ ယခုဖြစ်စဉ်သည် မဲမသမာမှုကြောင့် ဖြစ်ပွားခဲ့ရခြင်းဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် ပြီးခဲ့သည့်အစိုးရ တာဝန်ယူသည့် ကာလတစ်လျောက်လုံး စိတ်ရှည်သည်းခံစွာဖြင့် ပူးပေါင်းဆောင်ရွက်ခဲ့ သော်လည်း အစိုးရအနေဖြင့် နိုင်ငံတော်၏ ပကတိအခြေအနေနှင့် သဟဇာတဖြစ်အောင် ဆောင်ရွက်ခဲ့ခြင်းမရှိခြင်းကြောင့် ပြဿနာများ ဖြစ်ပွားခဲ့ရကြောင်း။

နိုင်ငံ့ဝန်ထမ်းများ တာဝန်ပျက်ကွက်မှုကို ပြီးခဲ့သည့်သောကြာနေ့တွင် စာရင်း ကောက်ယူခဲ့ကြောင်း၊ ဆေးရုံ၊ ဆေးခန်းများတွင် ဆရာဝန်များတာဝန်ပျက်ကွက်လျက် ရှိကြောင်း၊ ဆရာဝန်များမှာ ပြည်သူလူထုကို ကျန်းမာရေးစောင့်ရှောက်ပေးရသည့် ဝန်ထမ်းများဖြစ်ကြောင်း၊ နိုင်ငံတော်တွင် အရေးကြီးသည့် ဝန်ထမ်းသုံးမျိုးရှိကြောင်း၊ ယင်းမှာ ကျန်းမာရေးဝန်ထမ်း၊ ရဲတပ်ဖွဲ့နှင့် တပ်မတော်တို့ဖြစ်ပြီး အမြဲအဆင်သင့် ပြင်ဆင်ထားရသည့်သူများဖြစ်ကြောင်း၊ တပ်မတော်မှာ နိုင်ငံတော်ကာကွယ်ရေးအတွက် တိုင်းဒေသကြီး၊ ပြည်နယ်များရှိ တပ်ရင်း၊ တပ်ဖွဲ့များတွင် အမြဲအဆင်သင့်ဖြစ်ရန် ဆောင်ရွက်ထားကြကြောင်း၊ ရဲတပ်ဖွဲ့ဝင်များသည်လည်း သက်ဆိုင်ရာ တပ်ဖွဲ့များနှင့် ရဲစခန်းများတွင် တစ်စုတစ်စည်းတည်း တာဝန်ထမ်းဆောင်ကြရကြောင်း။

အလားတူ ကျန်းမာရေးဝန်ထမ်းများသည်လည်း ပြည်သူလူထု၏ ကျန်းမာရေး စောင့်ရှောက်မှုများ ဆောင်ရွက်ပေးနိုင်ရေးအတွက်သက်ဆိုင်ရာဆေးရုံ၊ ဆေးခန်းများတွင် တစ်စုတစ်စည်းတည်း တာဝန်ထမ်းဆောင်ကြရကြောင်း၊ ဆရာဝန်များ ၏ ကတိသစ္စာပြု အဓိဌာန် ၉ ချက်တွင် “ကျွန်ုပ်ဆည်းပူး တတ်မြောက်ထားသော ဆေးပညာဖြင့် လူသားတို့၏ ဘဝနှင့်အသက်ကိုတန်ဖိုးထား လေးစားစွာကာကွယ် စောင့်ရှောက်ပါအံ့” ဟုပါရှိကြောင်း၊ ဆရာဝန်များအနေဖြင့် ဆေးကုသမှုမပြုလုပ်ခြင်း သည် ယင်းတို့ကတိ သစ္စာပြုထားသည့် အဓိဌာန်ကို ချိုးဖောက်ခြင်းဖြစ်ကြောင်း၊ အလားတူသူနာပြုဆိုလျှင် လည်း ၎င်းတို့ကတိသစ္စာအဓိဌာန်တွင် “လူသားအားလုံး၏ ကိုယ်ကျန်းမာရေး၊ စိတ်ကျန်းမာရေးကို ကျွန်ုပ်၏အရေးကိစ္စဟု ယူဆပါအံ့”ဟု လည်းကောင်း၊ “လူသားတို့၏ အသက်အန္တရာယ်နှင့် ကျန်းမာရေးထိခိုက်စေမည့် မည်သည့်အပြုအမူမျိုးကိုမဆို တားဆီး ကာကွယ်ပါအံ့” ဟုလည်းကောင်းပါရှိကြောင်း၊ ယင်းအချက်များကို ကြည့်ခြင်းအားဖြင့် ကျန်းမာရေးဝန်ထမ်းများအနေဖြင့် ယခုကဲ့သို့ ဆောင်ရွက်နေမှုများမှာ ကျင့်ဝတ်ကိုများစွာ ချိုးဖောက်ရာရောက်ကြောင်း၊ တစ်နိုင်ငံ လုံးအတိုင်းအတာဖြင့် ဆေးရုံ ၁၂၆၂ ရုံ ရှိသော်လည်း ဆေးရုံဖွင့်လှစ်ပြီး ကုသပေးသည့် ဆေးရုံမှာ ၇၇၈ ရုံ၊ ဆေးရုံဖွင့်ထား သော်လည်း ကုသပေးခြင်း မရှိသည့်ဆေးရုံ ၂၇ ရုံရှိပြီး လုံးဝဆေးရုံပိတ်ထားသည့် ဆေးရုံ ၃၅၇ ရုံ ရှိသည်ကို ယမန်နေ့ညနေ စာရင်းများအရ သိရကြောင်း။

ထို့ကြောင့် ပြည်သူများများစွာ ဒုက္ခရောက်နေမည်ကို စဉ်းစားကြည့်လျှင် သိနိုင်ကြောင်း၊ လူ့အသက်ထက် အရေးကြီးသည်မှာမရှိကြောင်း၊ ထို့အတွက်ကြောင့် မိမိတို့အနေဖြင့် ဆူပူမှုများ ထိန်းသိမ်းအရေးယူ ဆောင်ရွက်ရာတွင်လည်း လူ့အသက်ကို မထိခိုက်အောင် ထိန်းသိမ်းဆောင်ရွက်လျက်ရှိကြောင်း၊ သို့ဖြစ်၍ ဆရာဝန်များနှင့် သူနာပြုများ စည်းကမ်းဖောက်ဖျက်နေမှုကို ဝန်ထမ်းစည်းကမ်းအရ အရေးယူသွားမည် ဖြစ်ကြောင်း၊ ကျန်းမာရေးဝန်ထမ်းများမှာ ကျင့်ဝတ် သစ္စာဆိုပြီး ဆောင်ရွက်သည့် နိုင်ငံ့ဝန်ထမ်းဖြစ်ကြောင်း၊ အလားတူ ရဲတပ်ဖွဲ့ဝင်များနှင့် တပ်မတော်သားများမှာလည်း နိုင်ငံတော်အလံကိုင်၍ သစ္စာဆိုသည့် ပြည်သူ့ဝန်ထမ်းများ ဖြစ်သည့်အတွက် သစ္စာဖောက်ဖျက်၍မရကြောင်း၊ တပ်မတော်တွင်လည်း စည်းကမ်း ထိန်းသိမ်း မှုနှင့်စပ်လျဉ်း၍ ဖောက်ဖျက်လျှင် ထိထိရောက်ရောက် အရေးယူကြောင်း၊ ရဲတပ်ဖွဲ့ ဝင်များလည်း အလားတူဖြစ်ကြောင်း၊ ရဲတပ်ဖွဲ့ဝင်များသည် ပြည်သူကအားကိုး၊ ပြည်သူကလက်ခံ၊ ပြည်သူကယုံကြည်ပြီး နိုင်ငံတော်မှအားထားရသည့် ရဲတပ်ဖွဲ့ဖြစ်ရန် လိုအပ်ကြောင်း၊ ဝန်ထမ်းများအနေဖြင့် သတင်းပို့ရုံးတက်ခြင်းမရှိပါက ဝန်ထမ်း စည်းမျဉ်း စည်းကမ်းများနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း။

ဆရာဝန်များနှင့်ပတ်သက်ပြီး ရရှိသည့်ဘွဲ့အဆင့်အလိုက် ချီးမြှင့်ငွေပေးအပ်ရန် ဆွေးနွေးညှိနှိုင်းလျက်ရှိကြောင်း၊ ပညာရေးနှင့်ပတ်သက်၍ သင်ကြားရေးအပိုင်း အရည် အသွေး မြှင့်တင်ရေးကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ဆရာ၊ ဆရာမများမှာ တိုင်းပြည်အတွက် အရေးကြီးကြောင်း၊ တိုင်းပြည်တွင် လူစွမ်းအား အရင်းအမြစ် မွေးထုတ်ပေးသူများမှာ ဆရာ၊ ဆရာမများဖြစ်ကြောင်း၊ ဆရာ၊ ဆရာမများ၏ အခန်း ကဏ္ဍမှာ အရေးကြီးသည့်အတွက် အရည်အသွေးမြင့်မားရေးကို ဆောင်ရွက်သွားမည်ဖြစ် ကြောင်း၊ သင်ကြားရေးပိုင်းတွင်လည်း ဘွဲ့အဆင့်အလိုက်မူတည်ပြီး ချီးမြှင့်ရန် စဉ်းစားဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံ၏ လူသားအရင်းအမြစ်ထဲတွင် အရေးကြီးသည့် အချက်နှစ်ချက်မှာ ဥပဒေကိုနားလည်ရန် အရေးကြီးကြောင်း၊ တက္ကသိုလ်များတွင် BA(Law) သင်တန်းများ ဖွင့်လှစ်ရန်နှင့် ဒေသအလိုက် စီးပွားရေး နားလည်တတ်ကျွမ်းမှု အခြေခံရရှိရေးအတွက် BA(Eco) ဘာသာရပ်ဖွင့်လှစ်သင်ကြားရန် ဆွေးနွေးလျက်ရှိကြောင်း၊ ပညာရေးဝန်းကျင်ကောင်းမွန်ရေးအတွက် ဆောင်ရွက် ရမည်ဖြစ်ပြီး သို့မှသာကျောင်းသားများအနေဖြင့် စာသင်ချင်စိတ် တိုးပွားလာမည် ဖြစ်ကြောင်း၊ ပညာရေးမြှင့်တင်မှုနှင့် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများကို မြှင့်တင်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ CDM နှင့်ပတ်သက်ပြီး online တွင် လှုံ့ဆော်နေသည့်အဖွဲ့များနှင့် အဆိုပါ အဖွဲ့များနောက်တွင် ပံ့ပိုးနေသူ များရှိကြောင်း၊ ယင်းတို့နောက်တွင် ငွေကြေး စိုက်ထုတ်ပေးသည့် အဖွဲ့များရှိကြောင်း၊ မိမိတို့ကောင်စီအနေဖြင့် လုပ်ဆောင်ရန် ရှိသည်များကို ဥပဒေနှင့်အညီ ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ဆူပူဆန္ဒပြမှုများသည် တိုင်းပြည်ကိုထိခိုက်နစ်နာ စေကြောင်း၊ တိုင်းပြည်ထိခိုက်နစ်နာမှုများ မဖြစ်ပေါ်စေရန် မိမိတို့သည် စိတ်ရှည် သည်းခံပြီး နားလည်အောင် ရှင်းလင်းပြောကြားကာ ပြည်သူများပါအတူပါဝင်ပြီး ပုံမှန် လမ်းကြောင်း ပေါ်တည့်အောင် ဆောင်ရွက်ရန် လိုကြောင်း။

ယခုအခါမိမိတို့နိုင်ငံတွင် နှစ်စဉ်ဘဏ္ဍာငွေ လိုငွေပြမှုနှင့် ကုန်သွယ်ရေးလိုငွေပြမှု များရှိသည်ကို တွေ့ရကြောင်း၊ မိမိတို့နိုင်ငံ၏ ငွေကြေးတန်ဖိုး ထိခိုက်ကြောင်း၊ ထို့ကြောင့် ငွေကြေးတန်ဖိုးခိုင်မြဲရန်လိုအပ်ကြောင်း၊ ကုန်သွယ်ရေးနှင့်ပတ်သက်၍ စီးပွားရေး ကိုမြှင့်တင်ရန်လိုအပ်ကြောင်း၊ မိမိတို့သည် ဦးတည်ချက် ၅ ရပ် ချပေးထားကြောင်း၊ မိမိတို့ကောင်စီအနေဖြင့် နိုင်ငံတော်၏ ယိုင်နေသည့် စီးပွားရေးကို ပြန်လည်တည့်မတ် အောင် အားထည့်ဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ မိမိတို့အနေဖြင့် စီးပွားရေးကုစားမှု များကို ဆောင်ရွက်ရမည်ဖြစ်ပြီး ကုန်သွယ်မှုလိုငွေလျှော့ချရေးအတွက် ပြည်ပသွင်းကုန်များ လျှော့ချရေးနှင့် ပြည်တွင်းထုတ်ကုန်များတိုးမြှင့်ပို့ဆောင်၍စီးပွားရေးမြှင့်တင် ဆောင်ရွက် ရန်လိုကြောင်း၊ ပြည်တွင်းထုတ်ကုန်များ တိုးမြှင့်ရေးတွင် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ သည် အရေးပါကြောင်း၊ နိုင်ငံတော် ဘဏ္ဍာငွေသုံးစွဲမှုများကိုလည်း တတ်နိုင်သမျှ လျှော့ချရမည်ဖြစ်ကြောင်း၊ နိုင်ငံဖွံ့ဖြိုးရေးအတွက် အဓိကအရေးပါသည့် လျှပ်စစ် ဓာတ်အားထုတ်လုပ်ရေး၊ လမ်းပန်းဆက်သွယ်မှုကောင်းမွန်ရေး၊ ဆက်သွယ်ရေးစနစ်များ ကောင်းမွန်ရေး၊ လူ့စွမ်းအားအရင်အမြစ်များ တိုးတက်ရေးအတွက် လိုအပ်သည့် ပညာသင်ကြားရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ကောင်းမွန်ရေးတို့ကို ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ လျှပ်စစ်ဓာတ်အားခများ သက်သာစေရေးနှင့် လျှပ်စစ် ဓာတ်အား တိုးမြှင့်ထုတ်လုပ်နိုင်ရေးအတွက် ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်များဖြစ်သည့် ရေးအားလျှပ်စစ်ထုတ်လုပ်မှုနှင့် နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အား ထုတ်လုပ် သည့် လုပ်ငန်းရပ်များအား တိုးမြှင့်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ လမ်းပန်းဆက်သွယ်မှု ကောင်းမွန်ရေးအတွက် မီးရထားလမ်းနှင့် မော်တော်ကား လမ်းများအား ပုံမှန်ထိန်းသိမ်း မှုများကို အမှန်တကယ် ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ သောက်သုံးရေးအခက်အခဲ ရှိသည့် မြို့နယ်များတွင် သောက်သုံးရေရရှိရေး နည်းလမ်းရှာဖွေ ဆောင်ရွက်ပေး ရမည်ဖြစ်ကြောင်း၊ တိုင်းရင်းသားများ၏ လူမှုစီးပွားဘ၀ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မိမိတို့အနေဖြင့် မဖြစ်မနေ ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် ကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း၊ ကောင်စီဝင်များ ဖြစ်ကြသည့် ဦးသိန်းညွန့်၊ မန်းငြိမ်းမောင်၊ Jeng Phag နော်တောင်၊ ဒေါ်အေးနုစိန်၊ ဦးမောင်းဟာနှင့် ဦးခင်မောင်ဆွေတို့က ကချင်ပြည်နယ်နှင့် ရခိုင်ပြည်နယ်အတွင်း မိုင်းရှင်းလင်းခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုနှင့် ဆက်လက်ရှင်းလင်း ဆောင်ရွက် နေမှု အခြေအနေများ၊ တပ်မတော်၏ နိုင်ငံတော်တာဝန်ကို ခေတ္တတာဝန်ယူ ထမ်းဆောင် နေမှုအပေါ် နိုင်ငံတကာ၏ သဘောထားအမြင်များ၊ ရခိုင်ပြည်နယ်ဖြစ်စဉ် အခြေအနေ၊ လူပုဂ္ဂိုလ်ကိုးကွယ်မှုများကြောင့် နိုင်ငံရေးရှုပ်ထွေးလာခဲ့မှုအခြေအနေ၊ သာသနာရေး ဆိုင်ရာ အဆောက်အဦများ လျှပ်စစ်မီးသုံးစွဲမှုနှင့် ပတ်သက်၍ဓာတ်အားအသုံးပြုခ လျှော့ပေါ့ပေးရေးကိစ္စ၊ ရုံးလုပ်ငန်းများ နှောင့်နှေးစေရန်အတွက် နိုင်ငံ့ဝန်ထမ်းများအား CDM ပြုလုပ်ရန် ဖိအားပေးမှုများနှင့် စည်းရုံးသိမ်းသွင်းမှုများကို နောက်ကွယ်မှ ပြုလုပ် နေသည့်အဖွဲ့အစည်းများအား ဖော်ထုတ်အရေးယူဆောင်ရွက်ရေးနှင့်တာဝန်ထမ်းဆောင် လျက်ရှိသည့် ဝန်ထမ်းများအား အကာအကွယ်ပေးရန် လိုအပ်သည့် အခြေအနေများအား ရှင်းလင်းဆွေးနွေးတင်ပြကြသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က ကော်မရှင်နှင့် ပတ်သက်သည့်မဲစာရင်းကို အမြန်ဆုံးချပြပေးမည်ဖြစ် ကြောင်း၊ ကော်မရှင်အနေဖြင့် တိုင်ကြားစာတက်သည့် မြိုနယ်များကို ဦးစွာစစ်ဆေး ဆောင်ရွက်လျက်ရှိသည်ဟုသိရှိရကြောင်း၊ စိစစ်တွေ့ရှိသည့် မဲစာရင်းကွာဟမှုများကို ထုတ်ပြန်ပေးလျက်ရှိကြောင်း၊ ကျန်ရှိသည့် မြို့နယ်များကိုလည်း ဆက်လက်စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံသားများမှတ်ပုံတင်ရရှိရေးအတွက် သက်ဆိုင်ရာ ဝန်ကြီးဋ္ဌာနမှကြိုးပမ်း ဆောင်ရွက်ရမည် ဖြစ်ကြောင်းပြောကြားသည်။

မီဒီယာနှင့်ပတ်သက်၍ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီမှတဆင့် မီဒီယာ ကျင့်ဝတ်စည်းကမ်းနှင့်အညီ ဆောင်ရွက်နိုင်ရေးကို ထိန်းသိမ်းကြပ်မတ်ရေး ဆက်လက် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ သတင်းများတွင် အာဏာသိမ်းစစ်အစိုးရဟု အသုံးအနှုံး များကို သတိပေးထားပြီး ဆက်လက်၍သုံးနှုံးရေးသားမည်ဆိုပါက ထုတ်ဝေ ခွင့်ပိတ်သိမ်း သည်အထိ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ရခိုင်ပြည်နယ် ကိစ္စရပ်များနှင့် ပတ်သက်၍ ကိုဖီအာနန်ကော်မရှင်ဆောင်ရွက်ခဲ့မှုများအပေါ်တွင်လည်း စုံစမ်းဖော်ထုတ် မှုများ ဆက်လက်ဆောင်ရွက်မည်ဖြစ်ကြောင်း၊ လူပုဂ္ဂိုလ်တစ်ဦးတစ် ယောက်ကိုသာ ကြည့်ပြီး တိုင်းပြည်၏အကျိုးကိုမကြည့်ပဲ ကိုယ်ကျိုးအတွက်ဆောင်ရွက် ခဲ့မှုများ ကိုလည်းဖော်ထုတ်အရေးယူသွားမည်ဖြစ်ကြောင်း၊ တစ်နိုင်ငံလုံးမီတာခများ သက်သာခွင့် ကိုလျှော့ချပေးထားကြောင်း၊ နိုင်ငံ့ဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် တပ်မတော်သားများ၏ တာဝန်ထမ်းဆောင်မှုအပေါ်မူတည်၍ ချီးမြှင့်ငွေများပေး အပ်လျက်ရှိကြောင်း၊ ကျောင်းများပြန်လည်ဖွင့်လှစ်၍ ကျောင်းများအားထိန်းသိမ်းပြုပြင် ခြင်း၊ ဆရာ၊ ဆရာမများအနေဖြင့် သင်ကြားမှု အထောက်အကူပြုအစည်းအဝေးများ ပြုလုပ်ခြင်းများကို လေ့ကျင့်ဆောင်ရွက်ခြင်းဖြင့် ကျောင်းသား၊ ကျောင်းသူများ ပြန်လည် ပညာသင်ကြားချိန်တွင် အသင့်ဖြစ်စေမည်ဖြစ်ကြောင်း။

မိမိတို့နိုင်ငံသည် စိုက်ပျိုး၊ မွေးမြူရေးနိုင်ငံဖြစ်သဖြင့် ၎င်းလုပ်ငန်းများနှင့် ပတ်သက်၍ သင်တန်းကျောင်းများ၊ ကောလိပ်များ၊ တက္ကသိုလ်များကို တိုးချဲ့ဖွင့်လှစ်၍ လိုအပ်သည့်စိုက်မွေး ပညာရှင်များမွေးထုတ်ပေးရန်လိုကြောင်း၊ ဒေသအလိုက်ကိုက်ညီ သည့် စိုက်ပျိုးရေး ထုတ်ကုန်များ ရရှိအောင် သုတေသနပြု၍ ထိရောက်စွာ ဆောင်ရွက် ရမည်ဖြစ်ကြောင်း၊ ပြည်နယ်များအလိုက် ရေအားလျှပ်စစ် ဓာတ်အားထုတ်လုပ်ရေး စီမံကိန်းများကိုအကောင် အထည်ဖော်ဆောင်ရွက်ရန်လိုပြီး ပြည်နယ်များအလိုက် လျှပ်စစ်ဓာတ်အားရရှိရေး ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ လျှပ်စစ်ဓာတ်အားသည် လူမှုဘဝဖွံ့ဖြိုးတိုးတက်မှုအတွက် များစွာအရေးပါသဖြင့် ဒေသအလိုက်သဘာဝ ပတ်ဝန်းကျင်မထိခိုက်စေသည့် ရေအားလျှပ်စစ် စီမံကိန်းများကို ဆောင်ရွက်သွား ရမည်ဖြစ်ကြောင်း၊ ရေသည်လူသားများ၏ နေ့စဉ်လူနေမှုဘဝအတွက် အရေးအကြီးဆုံး လိုအပ်ချက်တစ်ခု ဖြစ်သောကြောင့် မြေအောက်ရေ သုံးစွဲမှုနှင့်ပတ်သက်၍ မိုးနည်းသည့် ဒေသများတွင် မြေအောက်ရေအလွန်အကျွံ သုံးစွဲခြင်းသည် ရေရှားပါးမှုကိုပိုမို ဖြစ်ပေါ်စေနိုင်သဖြင့် ထိန်းသိမ်းဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ဘဏ်လုပ်ငန်းများ ပြန်လည်လည်ပတ်နိုင်ရေးအတွက်လည်း တိုက်တွန်း ဆောင်ရွက်လျက်ရှိပြီး လုံခြုံရေး လုပ်ငန်းများကို တတ်နိုင်သမျှ ဆောင်ရွက်ပေးသွား မည်ဖြစ်ကြောင်း၊ ပြည်သူလူထု၏ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများသည် အရေးကြီးသဖြင့် ကျန်းမာရေးဝန်ထမ်းများ လုပ်ငန်းတာဝန်များပြန်လည်ထမ်းဆောင် နိုင်ရေး အတွက် ဆောင်ရွက်ပေးရန်လိုအပ်ပြီး ဖိအားပေးနှောင့်ယှက်နေသူများကိုလည်း ဖော်ထုတ်၍ ဥပဒေအရအရေးယူနိုင်ရေး ဆောင်ရွက်ရန်လိုကြောင်းဖြင့် မှာကြားခဲ့ပါသည်။

 

(Zawgyi Version)

ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒၊ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ ညႇိႏႈိင္းအစည္းအေဝး(၃/၂၀၂၁)သို႔ တက္ေရာက္အမွာစကားေျပာၾကား

ေနျပည္ေတာ္ ေဖေဖာ္ဝါရီ ၂၂

ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ ညႇိႏႈိင္းအစည္းအေဝး(၃/၂၀၂၁)ကို ယေန႔ နံနက္ပိုင္းတြင္ ေနျပည္ေတာ္ရွိ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒႐ုံး အစည္းအေဝး ခန္းမ၌က်င္းပရာ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒၊ တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္ တက္ေရာက္အမွာစကား ေျပာၾကားသည္။

ညႇိႏႈိင္းအစည္းအေဝးသို႔ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒ႏွင့္ အတူ ႏိုင္ငံေတာ္ စီမံအုပ္ခ်ဳပ္ေရးေကာင္စီ ဒုတိယဥကၠ႒၊ ဒုတိယတပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္၊ ကာကြယ္ေရးဦးစီးခ်ဳပ္(ၾကည္း) ဒုတိယဗိုလ္ခ်ဳပ္မႉးႀကီးစိုးဝင္း၊ ေကာင္စီအဖြဲ႕ဝင္မ်ား ျဖစ္ၾကသည့္ ဗိုလ္ခ်ဳပ္ႀကီး ျမထြန္းဦး၊ ဗိုလ္ခ်ဳပ္ႀကီး တင္ေအာင္စန္း၊ ဗိုလ္ခ်ဳပ္ႀကီး ေမာင္ေမာင္ေက်ာ္၊ ဒုတိယဗိုလ္ခ်ဳပ္ႀကီး မိုးျမင့္ထြန္း၊ မန္းၿငိမ္းေမာင္၊ ဦးသိန္းၫြန႔္၊ ဦးခင္ေမာင္ေဆြ၊ ေဒၚေအးႏုစိန္၊ Jeng Phang ေနာ္ေတာင္၊ ဦးေမာင္းဟာ၊ ဦးစိုင္းလုံးဆိုင္ ႏွင့္ ေစာဒန္နီယယ္၊ အတြင္းေရးမႉး ဒုတိယဗိုလ္ခ်ဳပ္ႀကီး ေအာင္လင္းေဒြး၊ တြဲဖက္ အတြင္းေရးမႉး ဒုတိယဗိုလ္ခ်ဳပ္ႀကီး ရဲဝင္းဦးႏွင့္ ျပည္ထဲေရးဝန္ႀကီးဌာန ျပည္ေထာင္စု ဝန္ႀကီး ဒုတိယဗိုလ္ခ်ဳပ္ႀကီး စိုးထြဋ္တို႔ တက္ေရာက္ၾကသည္။

အစည္းအေဝးတြင္ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရး ေကာင္စီဥကၠ႒၊ တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္က မိမိတို႔တာဝန္ယူခဲ့သည္မွာ ၃ ပတ္ခန႔္ရွိၿပီျဖစ္ၿပီး ယခုကာလ အတြင္း ျပဳျပင္ေျပာင္းလဲမႈမ်ား မ်ားစြာရွိေၾကာင္း၊ ပထမဆုံးအေနျဖင့္ ႏိုင္ငံေတာ္တည္ၿငိမ္ ေအးခ်မ္းမႈႏွင့္ပတ္သက္၍ ၿပီးခဲသည့္ဒုတိယအပတ္ႏွင့္ တတိယအပတ္ၾကားကာလတြင္ ဆႏၵျပမႈမ်ားရွိခဲ့ေသာ္လည္း မိမိတို႔အေနျဖင့္ အတတ္ႏိုင္ဆုံး ထိန္းထိန္းသိမ္းသိမ္း ေဆာင္႐ြက္လ်က္ရွိေၾကာင္း၊ ဒီမိုကေရစီ အေလ့အထႏွင့္အတူ ဒီမိုကေရစီႏိုင္ငံမ်ား၏ အေရးယူေဆာင္႐ြက္မႈမ်ားအတိုင္းသာ ေဆာင္႐ြက္ျခင္းျဖစ္ၿပီး အျခားႏိုင္ငံမ်ား၌လည္း ဆူပူဆႏၵျပမႈမ်ားတြင္ မ်က္ရည္ယိုဗုံး၊ ရာဘာက်ည္ဆံ၊ Water Cannon ကိုအသုံးျပဳေဆာင္႐ြက္ျခင္းႏွင့္ အင္တာနက္ ျဖတ္ေတာက္မႈမ်ားလည္း ရွိပါေၾကာင္း၊ အျခားႏိုင္ငံမ်ားတြင္ ျဖစ္ပြားသည့္ ဆႏၵျပမႈမ်ားေၾကာင့္ ေသဆုံးသူ၊ ထိခိုက္ဒဏ္ရာ ရသူမ်ားႏွင့္ ႏႈိင္းယွဥ္ပါက မိမိတို႔ႏိုင္ငံတြင္ ၃ ပတ္တာ ကာလအတြင္း ေသဆုံးမႈမွာ ၄ ဦးသာရွိခဲ့ေၾကာင္း၊ ေသဆုံးမႈကို ျပန္ၾကည့္လွ်င္လည္း ေသဆုံးသြားသည့္ အမ်ိဳးသမီးမွာ အသက္ ၂၀ ခန႔္ရွိၿပီး ၎ကိုယ္တိုင္ ဆူပူဆႏၵျပမႈတြင္ ပါဝင္သည္ကို ေတြ႕ရပါေၾကာင္း၊ ဆူပူဆႏၵျပသူမ်ားအေနျဖင့္ ေလးခြ၊ ခဲ၊ ကုန္းသီးတို႔ျဖင့္ ပစ္ခတ္အသုံးျပဳျခင္းမ်ား ရွိသည္ကို ေတြ႕ရွိရေၾကာင္း၊ ယင္းျဖစ္စဥ္တြင္ ရဲတပ္ဖြဲ႕ဝင္မ်ားအေနျဖင့္ ရာဘာက်ည္ဆံ ကိုသာ အသုံးျပဳ ခဲ့ျခင္းျဖစ္ေၾကာင္း၊ ခဲသီးႏွင့္ပတ္သက္၍ အသုံးျပဳခဲ့ျခင္းမရွိ ေၾကာင္း၊ ဗီဒီယိုမွတ္တမ္းမ်ားကို အေသးစိတ္ၾကည့္ရႈခဲ့ေၾကာင္း၊ယင္းမွာ ျဖစ္စဥ္အမွန္ျဖစ္ ေၾကာင္း။

ဝန္ထမ္းမ်ား CDM လႈပ္ရွားေဆာင္႐ြက္မႈႏွင့္ပတ္သက္ၿပီး စတင္ေဆာင္႐ြက္ရန္ ေျပာၾကားျဖန႔္ခ်ိခဲ့သူမ်ားကို ထိထိေရာက္ေရာက္အေရးယူ ေဆာင္႐ြက္သြားမည္ျဖစ္ ေၾကာင္း၊ CDM လႈပ္ရွားမႈတြင္ ဝန္ထမ္းအခ်ိဳ႕ပါဝင္ၾကၿပီး အခ်ိဳ႕ဝန္ထမ္းမ်ားမွာ အေၾကာက္ တရားျဖင့္ ပါဝင္ၾကရျခင္းျဖစ္ေၾကာင္း၊ မိမိတို႔အေနျဖင့္ CDM ကိစၥႏွင့္ ပတ္သက္၍ ၿပီးခဲ့သည့္ ရက္သတၱပတ္က ဝန္ထမ္းမ်ား မိမိတို႔လုပ္ငန္းတာဝန္ကို ျပန္လည္တာဝန္ ထမ္းေဆာင္ရန္ တိုက္တြန္းခဲ့ေၾကာင္း၊ ႏိုင္ငံ့ဝန္ထမ္းမ်ားမွာ မိမိတို႔၏ လုပ္ေဖာ္ကိုင္ဖက္ မ်ားသာျဖစ္ၿပီး ဝန္ထမ္းမ်ားအေနျဖင့္ အျခားအခ်ိန္တြင္ မိမိႏွစ္သက္ရာကို ဆႏၵမဲ ေပးႏိုင္ေသာ္လည္း တာဝန္အခ်ိန္တြင္ ႏိုင္ငံေတာ္အတြက္သာ ဦးတည္ေဆာင္႐ြက္ရမည္ ျဖစ္ေၾကာင္း၊ ႏိုင္ငံ့ဝန္ထမ္းမ်ားအေနျဖင့္ ႀကိဳက္ႏွစ္သက္သည္၊ မႏွစ္သက္သည္ရွိမည္ ျဖစ္ေၾကာင္း၊ ယင္းကို ဒီမိုကေရစီက်င့္စဥ္အရလက္ခံေၾကာင္း၊ သို႔ေသာ္လည္း အျခား အခ်ိန္တြင္ ျပည္သူ႔ဝန္ထမ္းက ျပည္သူ႔ဝန္ထမ္းတာဝန္ကို ထမ္းေဆာင္ရမည္ျဖစ္ေၾကာင္း၊ ႏိုင္ငံ့ဝန္ထမ္းတာဝန္ကို ႏိုင္ငံ့ဝန္ထမ္းက ထမ္းေဆာင္ရမည္ျဖစ္ေၾကာင္း၊ ထို႔အတူ ႏိုင္ငံသားမ်ားကလည္း ႏိုင္ငံ့တာဝန္ကို ထမ္းေဆာင္ရမည္ျဖစ္ေၾကာင္း၊ ယခုျဖစ္စဥ္သည္ မဲမသမာမႈေၾကာင့္ ျဖစ္ပြားခဲ့ရျခင္းျဖစ္ေၾကာင္း၊ မိမိတို႔အေနျဖင့္ ၿပီးခဲ့သည့္အစိုးရ တာဝန္ယူသည့္ ကာလတစ္ေလ်ာက္လုံး စိတ္ရွည္သည္းခံစြာျဖင့္ ပူးေပါင္းေဆာင္႐ြက္ခဲ့ ေသာ္လည္း အစိုးရအေနျဖင့္ ႏိုင္ငံေတာ္၏ ပကတိအေျခအေနႏွင့္ သဟဇာတျဖစ္ေအာင္ ေဆာင္႐ြက္ခဲ့ျခင္းမရွိျခင္းေၾကာင့္ ျပႆနာမ်ား ျဖစ္ပြားခဲ့ရေၾကာင္း။

ႏိုင္ငံ့ဝန္ထမ္းမ်ား တာဝန္ပ်က္ကြက္မႈကို ၿပီးခဲ့သည့္ေသာၾကာေန႔တြင္ စာရင္း ေကာက္ယူခဲ့ေၾကာင္း၊ ေဆး႐ုံ၊ ေဆးခန္းမ်ားတြင္ ဆရာဝန္မ်ားတာဝန္ပ်က္ကြက္လ်က္ ရွိေၾကာင္း၊ ဆရာဝန္မ်ားမွာ ျပည္သူလူထုကို က်န္းမာေရးေစာင့္ေရွာက္ေပးရသည့္ ဝန္ထမ္းမ်ားျဖစ္ေၾကာင္း၊ ႏိုင္ငံေတာ္တြင္ အေရးႀကီးသည့္ ဝန္ထမ္းသုံးမ်ိဳးရွိေၾကာင္း၊ ယင္းမွာ က်န္းမာေရးဝန္ထမ္း၊ ရဲတပ္ဖြဲ႕ႏွင့္ တပ္မေတာ္တို႔ျဖစ္ၿပီး အၿမဲအဆင္သင့္ ျပင္ဆင္ထားရသည့္သူမ်ားျဖစ္ေၾကာင္း၊ တပ္မေတာ္မွာ ႏိုင္ငံေတာ္ကာကြယ္ေရးအတြက္ တိုင္းေဒသႀကီး၊ ျပည္နယ္မ်ားရွိ တပ္ရင္း၊ တပ္ဖြဲ႕မ်ားတြင္ အၿမဲအဆင္သင့္ျဖစ္ရန္ ေဆာင္႐ြက္ထားၾကေၾကာင္း၊ ရဲတပ္ဖြဲ႕ဝင္မ်ားသည္လည္း သက္ဆိုင္ရာ တပ္ဖြဲ႕မ်ားႏွင့္ ရဲစခန္းမ်ားတြင္ တစ္စုတစ္စည္းတည္း တာဝန္ထမ္းေဆာင္ၾကရေၾကာင္း။

အလားတူ က်န္းမာေရးဝန္ထမ္းမ်ားသည္လည္း ျပည္သူလူထု၏ က်န္းမာေရး ေစာင့္ေရွာက္မႈမ်ား ေဆာင္႐ြက္ေပးႏိုင္ေရးအတြက္သက္ဆိုင္ရာေဆး႐ုံ၊ ေဆးခန္းမ်ားတြင္ တစ္စုတစ္စည္းတည္း တာဝန္ထမ္းေဆာင္ၾကရေၾကာင္း၊ ဆရာဝန္မ်ား ၏ ကတိသစၥာျပဳ အဓိဌာန္ ၉ ခ်က္တြင္ “ကြၽႏ္ုပ္ဆည္းပူး တတ္ေျမာက္ထားေသာ ေဆးပညာျဖင့္ လူသားတို႔၏ ဘဝႏွင့္အသက္ကိုတန္ဖိုးထား ေလးစားစြာကာကြယ္ ေစာင့္ေရွာက္ပါအံ့” ဟုပါရွိေၾကာင္း၊ ဆရာဝန္မ်ားအေနျဖင့္ ေဆးကုသမႈမျပဳလုပ္ျခင္း သည္ ယင္းတို႔ကတိ သစၥာျပဳထားသည့္ အဓိဌာန္ကို ခ်ိဳးေဖာက္ျခင္းျဖစ္ေၾကာင္း၊ အလားတူသူနာျပဳဆိုလွ်င္ လည္း ၎တို႔ကတိသစၥာအဓိဌာန္တြင္ “လူသားအားလုံး၏ ကိုယ္က်န္းမာေရး၊ စိတ္က်န္းမာေရးကို ကြၽႏ္ုပ္၏အေရးကိစၥဟု ယူဆပါအံ့”ဟု လည္းေကာင္း၊ “လူသားတို႔၏ အသက္အႏၲရာယ္ႏွင့္ က်န္းမာေရးထိခိုက္ေစမည့္ မည္သည့္အျပဳအမူမ်ိဳးကိုမဆို တားဆီး ကာကြယ္ပါအံ့” ဟုလည္းေကာင္းပါရွိေၾကာင္း၊ ယင္းအခ်က္မ်ားကို ၾကည့္ျခင္းအားျဖင့္ က်န္းမာေရးဝန္ထမ္းမ်ားအေနျဖင့္ ယခုကဲ့သို႔ ေဆာင္႐ြက္ေနမႈမ်ားမွာ က်င့္ဝတ္ကိုမ်ားစြာ ခ်ိဳးေဖာက္ရာေရာက္ေၾကာင္း၊ တစ္ႏိုင္ငံ လုံးအတိုင္းအတာျဖင့္ ေဆး႐ုံ ၁၂၆၂ ႐ုံ ရွိေသာ္လည္း ေဆး႐ုံဖြင့္လွစ္ၿပီး ကုသေပးသည့္ ေဆး႐ုံမွာ ၇၇၈ ႐ုံ၊ ေဆး႐ုံဖြင့္ထား ေသာ္လည္း ကုသေပးျခင္း မရွိသည့္ေဆး႐ုံ ၂၇ ႐ုံရွိၿပီး လုံးဝေဆး႐ုံပိတ္ထားသည့္ ေဆး႐ုံ ၃၅၇ ႐ုံ ရွိသည္ကို ယမန္ေန႔ညေန စာရင္းမ်ားအရ သိရေၾကာင္း။
ထို႔ေၾကာင့္ ျပည္သူမ်ားမ်ားစြာ ဒုကၡေရာက္ေနမည္ကို စဥ္းစားၾကည့္လွ်င္ သိႏိုင္ေၾကာင္း၊ လူ႔အသက္ထက္ အေရးႀကီးသည္မွာမရွိေၾကာင္း၊ ထို႔အတြက္ေၾကာင့္ မိမိတို႔အေနျဖင့္ ဆူပူမႈမ်ား ထိန္းသိမ္းအေရးယူ ေဆာင္႐ြက္ရာတြင္လည္း လူ႔အသက္ကို မထိခိုက္ေအာင္ ထိန္းသိမ္းေဆာင္႐ြက္လ်က္ရွိေၾကာင္း၊ သို႔ျဖစ္၍ ဆရာဝန္မ်ားႏွင့္ သူနာျပဳမ်ား စည္းကမ္းေဖာက္ဖ်က္ေနမႈကို ဝန္ထမ္းစည္းကမ္းအရ အေရးယူသြားမည္ ျဖစ္ေၾကာင္း၊ က်န္းမာေရးဝန္ထမ္းမ်ားမွာ က်င့္ဝတ္ သစၥာဆိုၿပီး ေဆာင္႐ြက္သည့္ ႏိုင္ငံ့ဝန္ထမ္းျဖစ္ေၾကာင္း၊ အလားတူ ရဲတပ္ဖြဲ႕ဝင္မ်ားႏွင့္ တပ္မေတာ္သားမ်ားမွာလည္း ႏိုင္ငံေတာ္အလံကိုင္၍ သစၥာဆိုသည့္ ျပည္သူ႔ဝန္ထမ္းမ်ား ျဖစ္သည့္အတြက္ သစၥာေဖာက္ဖ်က္၍မရေၾကာင္း၊ တပ္မေတာ္တြင္လည္း စည္းကမ္း ထိန္းသိမ္း မႈႏွင့္စပ္လ်ဥ္း၍ ေဖာက္ဖ်က္လွ်င္ ထိထိေရာက္ေရာက္ အေရးယူေၾကာင္း၊ ရဲတပ္ဖြဲ႕ ဝင္မ်ားလည္း အလားတူျဖစ္ေၾကာင္း၊ ရဲတပ္ဖြဲ႕ဝင္မ်ားသည္ ျပည္သူကအားကိုး၊ ျပည္သူကလက္ခံ၊ ျပည္သူကယုံၾကည္ၿပီး ႏိုင္ငံေတာ္မွအားထားရသည့္ ရဲတပ္ဖြဲ႕ျဖစ္ရန္ လိုအပ္ေၾကာင္း၊ ဝန္ထမ္းမ်ားအေနျဖင့္ သတင္းပို႔႐ုံးတက္ျခင္းမရွိပါက ဝန္ထမ္း စည္းမ်ဥ္း စည္းကမ္းမ်ားႏွင့္အညီ အေရးယူေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း။
ဆရာဝန္မ်ားႏွင့္ပတ္သက္ၿပီး ရရွိသည့္ဘြဲ႕အဆင့္အလိုက္ ခ်ီးျမႇင့္ေငြေပးအပ္ရန္ ေဆြးေႏြးညႇိႏႈိင္းလ်က္ရွိေၾကာင္း၊ ပညာေရးႏွင့္ပတ္သက္၍ သင္ၾကားေရးအပိုင္း အရည္ အေသြး ျမႇင့္တင္ေရးကို ေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း၊ ဆရာ၊ ဆရာမမ်ားမွာ တိုင္းျပည္အတြက္ အေရးႀကီးေၾကာင္း၊ တိုင္းျပည္တြင္ လူစြမ္းအား အရင္းအျမစ္ ေမြးထုတ္ေပးသူမ်ားမွာ ဆရာ၊ ဆရာမမ်ားျဖစ္ေၾကာင္း၊ ဆရာ၊ ဆရာမမ်ား၏ အခန္း က႑မွာ အေရးႀကီးသည့္အတြက္ အရည္အေသြးျမင့္မားေရးကို ေဆာင္႐ြက္သြားမည္ျဖစ္ ေၾကာင္း၊ သင္ၾကားေရးပိုင္းတြင္လည္း ဘြဲ႕အဆင့္အလိုက္မူတည္ၿပီး ခ်ီးျမႇင့္ရန္ စဥ္းစားေဆာင္႐ြက္ရမည္ျဖစ္ေၾကာင္း၊ မိမိတို႔ႏိုင္ငံ၏ လူသားအရင္းအျမစ္ထဲတြင္ အေရးႀကီးသည့္ အခ်က္ႏွစ္ခ်က္မွာ ဥပေဒကိုနားလည္ရန္ အေရးႀကီးေၾကာင္း၊ တကၠသိုလ္မ်ားတြင္ BA(Law) သင္တန္းမ်ား ဖြင့္လွစ္ရန္ႏွင့္ ေဒသအလိုက္ စီးပြားေရး နားလည္တတ္ကြၽမ္းမႈ အေျခခံရရွိေရးအတြက္ BA(Eco) ဘာသာရပ္ဖြင့္လွစ္သင္ၾကားရန္ ေဆြးေႏြးလ်က္ရွိေၾကာင္း၊ ပညာေရးဝန္းက်င္ေကာင္းမြန္ေရးအတြက္ ေဆာင္႐ြက္ ရမည္ျဖစ္ၿပီး သို႔မွသာေက်ာင္းသားမ်ားအေနျဖင့္ စာသင္ခ်င္စိတ္ တိုးပြားလာမည္ ျဖစ္ေၾကာင္း၊ ပညာေရးျမႇင့္တင္မႈႏွင့္ က်န္းမာေရးေစာင့္ေရွာက္မႈ လုပ္ငန္းမ်ားကို ျမႇင့္တင္ေဆာင္႐ြက္သြားရမည္ျဖစ္ေၾကာင္း၊ CDM ႏွင့္ပတ္သက္ၿပီး online တြင္ လႈံ႕ေဆာ္ေနသည့္အဖြဲ႕မ်ားႏွင့္ အဆိုပါ အဖြဲ႕မ်ားေနာက္တြင္ ပံ့ပိုးေနသူ မ်ားရွိေၾကာင္း၊ ယင္းတို႔ေနာက္တြင္ ေငြေၾကး စိုက္ထုတ္ေပးသည့္ အဖြဲ႕မ်ားရွိေၾကာင္း၊ မိမိတို႔ေကာင္စီအေနျဖင့္ လုပ္ေဆာင္ရန္ ရွိသည္မ်ားကို ဥပေဒႏွင့္အညီ ဆက္လက္ ေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း၊ ဆူပူဆႏၵျပမႈမ်ားသည္ တိုင္းျပည္ကိုထိခိုက္နစ္နာ ေစေၾကာင္း၊ တိုင္းျပည္ထိခိုက္နစ္နာမႈမ်ား မျဖစ္ေပၚေစရန္ မိမိတို႔သည္ စိတ္ရွည္ သည္းခံၿပီး နားလည္ေအာင္ ရွင္းလင္းေျပာၾကားကာ ျပည္သူမ်ားပါအတူပါဝင္ၿပီး ပုံမွန္ လမ္းေၾကာင္း ေပၚတည့္ေအာင္ ေဆာင္႐ြက္ရန္ လိုေၾကာင္း။

ယခုအခါမိမိတို႔ႏိုင္ငံတြင္ ႏွစ္စဥ္ဘ႑ာေငြ လိုေငြျပမႈႏွင့္ ကုန္သြယ္ေရးလိုေငြျပမႈ မ်ားရွိသည္ကို ေတြ႕ရေၾကာင္း၊ မိမိတို႔ႏိုင္ငံ၏ ေငြေၾကးတန္ဖိုး ထိခိုက္ေၾကာင္း၊ ထို႔ေၾကာင့္ ေငြေၾကးတန္ဖိုးခိုင္ၿမဲရန္လိုအပ္ေၾကာင္း၊ ကုန္သြယ္ေရးႏွင့္ပတ္သက္၍ စီးပြားေရး ကိုျမႇင့္တင္ရန္လိုအပ္ေၾကာင္း၊ မိမိတို႔သည္ ဦးတည္ခ်က္ ၅ ရပ္ ခ်ေပးထားေၾကာင္း၊ မိမိတို႔ေကာင္စီအေနျဖင့္ ႏိုင္ငံေတာ္၏ ယိုင္ေနသည့္ စီးပြားေရးကို ျပန္လည္တည့္မတ္ ေအာင္ အားထည့္ေဆာင္႐ြက္သြားရန္ လိုအပ္ေၾကာင္း၊ မိမိတို႔အေနျဖင့္ စီးပြားေရးကုစားမႈ မ်ားကို ေဆာင္႐ြက္ရမည္ျဖစ္ၿပီး ကုန္သြယ္မႈလိုေငြေလွ်ာ့ခ်ေရးအတြက္ ျပည္ပသြင္းကုန္မ်ား ေလွ်ာ့ခ်ေရးႏွင့္ ျပည္တြင္းထုတ္ကုန္မ်ားတိုးျမႇင့္ပို႔ေဆာင္၍စီးပြားေရးျမႇင့္တင္ ေဆာင္႐ြက္ ရန္လိုေၾကာင္း၊ ျပည္တြင္းထုတ္ကုန္မ်ား တိုးျမႇင့္ေရးတြင္ စိုက္ပ်ိဳးေမြးျမဴေရးလုပ္ငန္းမ်ား သည္ အေရးပါေၾကာင္း၊ ႏိုင္ငံေတာ္ ဘ႑ာေငြသုံးစြဲမႈမ်ားကိုလည္း တတ္ႏိုင္သမွ် ေလွ်ာ့ခ်ရမည္ျဖစ္ေၾကာင္း၊ ႏိုင္ငံဖြံ႕ၿဖိဳးေရးအတြက္ အဓိကအေရးပါသည့္ လွ်ပ္စစ္ ဓာတ္အားထုတ္လုပ္ေရး၊ လမ္းပန္းဆက္သြယ္မႈေကာင္းမြန္ေရး၊ ဆက္သြယ္ေရးစနစ္မ်ား ေကာင္းမြန္ေရး၊ လူ႔စြမ္းအားအရင္အျမစ္မ်ား တိုးတက္ေရးအတြက္ လိုအပ္သည့္ ပညာသင္ၾကားေရးႏွင့္ က်န္းမာေရးေစာင့္ေရွာက္မႈလုပ္ငန္းမ်ား ေကာင္းမြန္ေရးတို႔ကို ေဆာင္႐ြက္ရမည္ျဖစ္ေၾကာင္း၊ လွ်ပ္စစ္ဓာတ္အားခမ်ား သက္သာေစေရးႏွင့္ လွ်ပ္စစ္ ဓာတ္အား တိုးျမႇင့္ထုတ္လုပ္ႏိုင္ေရးအတြက္ ျပန္လည္ျပည့္ၿဖိဳးၿမဲ စြမ္းအင္မ်ားျဖစ္သည့္ ေရးအားလွ်ပ္စစ္ထုတ္လုပ္မႈႏွင့္ ေနေရာင္ျခည္စြမ္းအင္သုံး လွ်ပ္စစ္ဓာတ္အား ထုတ္လုပ္ သည့္ လုပ္ငန္းရပ္မ်ားအား တိုးျမႇင့္ေဆာင္႐ြက္ရမည္ျဖစ္ေၾကာင္း၊ လမ္းပန္းဆက္သြယ္မႈ ေကာင္းမြန္ေရးအတြက္ မီးရထားလမ္းႏွင့္ ေမာ္ေတာ္ကား လမ္းမ်ားအား ပုံမွန္ထိန္းသိမ္း မႈမ်ားကို အမွန္တကယ္ ေဆာင္႐ြက္ရန္လိုအပ္ေၾကာင္း၊ ေသာက္သုံးေရးအခက္အခဲ ရွိသည့္ ၿမိဳ႕နယ္မ်ားတြင္ ေသာက္သုံးေရရရွိေရး နည္းလမ္းရွာေဖြ ေဆာင္႐ြက္ေပး ရမည္ျဖစ္ေၾကာင္း၊ တိုင္းရင္းသားမ်ား၏ လူမႈစီးပြားဘ၀ ဖြံ႕ၿဖိဳးတိုးတက္ေရးအတြက္ မိမိတို႔အေနျဖင့္ မျဖစ္မေန ေဆာင္႐ြက္ေပးရမည္ျဖစ္ေၾကာင္း ေျပာၾကားသည္။
ထို႔ေနာက္ ေကာင္စီဒုတိယဥကၠ႒ ဒုတိယတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ကာကြယ္ေရးဦးစီးခ်ဳပ္(ၾကည္း) ဒုတိယဗိုလ္ခ်ဳပ္မႉးႀကီးစိုးဝင္း၊ ေကာင္စီဝင္မ်ား ျဖစ္ၾကသည့္ ဦးသိန္းၫြန႔္၊ မန္းၿငိမ္းေမာင္၊ Jeng Phag ေနာ္ေတာင္၊ ေဒၚေအးႏုစိန္၊ ဦးေမာင္းဟာႏွင့္ ဦးခင္ေမာင္ေဆြတို႔က ကခ်င္ျပည္နယ္ႏွင့္ ရခိုင္ျပည္နယ္အတြင္း မိုင္းရွင္းလင္းျခင္းလုပ္ငန္းမ်ား ေဆာင္႐ြက္ၿပီးစီးမႈႏွင့္ ဆက္လက္ရွင္းလင္း ေဆာင္႐ြက္ ေနမႈ အေျခအေနမ်ား၊ တပ္မေတာ္၏ ႏိုင္ငံေတာ္တာဝန္ကို ေခတၱတာဝန္ယူ ထမ္းေဆာင္ ေနမႈအေပၚ ႏိုင္ငံတကာ၏ သေဘာထားအျမင္မ်ား၊ ရခိုင္ျပည္နယ္ျဖစ္စဥ္ အေျခအေန၊ လူပုဂၢိဳလ္ကိုးကြယ္မႈမ်ားေၾကာင့္ ႏိုင္ငံေရးရႈပ္ေထြးလာခဲ့မႈအေျခအေန၊ သာသနာေရး ဆိုင္ရာ အေဆာက္အဦမ်ား လွ်ပ္စစ္မီးသုံးစြဲမႈႏွင့္ ပတ္သက္၍ဓာတ္အားအသုံးျပဳခ ေလွ်ာ့ေပါ့ေပးေရးကိစၥ၊ ႐ုံးလုပ္ငန္းမ်ား ေႏွာင့္ေႏွးေစရန္အတြက္ ႏိုင္ငံ့ဝန္ထမ္းမ်ားအား CDM ျပဳလုပ္ရန္ ဖိအားေပးမႈမ်ားႏွင့္ စည္း႐ုံးသိမ္းသြင္းမႈမ်ားကို ေနာက္ကြယ္မွ ျပဳလုပ္ ေနသည့္အဖြဲ႕အစည္းမ်ားအား ေဖာ္ထုတ္အေရးယူေဆာင္႐ြက္ေရးႏွင့္တာဝန္ထမ္းေဆာင္ လ်က္ရွိသည့္ ဝန္ထမ္းမ်ားအား အကာအကြယ္ေပးရန္ လိုအပ္သည့္ အေျခအေနမ်ားအား ရွင္းလင္းေဆြးေႏြးတင္ျပၾကသည္။

ယင္းေနာက္ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရး ေကာင္စီဥကၠ႒၊ တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္က ေကာ္မရွင္ႏွင့္ ပတ္သက္သည့္မဲစာရင္းကို အျမန္ဆုံးခ်ျပေပးမည္ျဖစ္ ေၾကာင္း၊ ေကာ္မရွင္အေနျဖင့္ တိုင္ၾကားစာတက္သည့္ ၿမိဳနယ္မ်ားကို ဦးစြာစစ္ေဆး ေဆာင္႐ြက္လ်က္ရွိသည္ဟုသိရွိရေၾကာင္း၊ စိစစ္ေတြ႕ရွိသည့္ မဲစာရင္းကြာဟမႈမ်ားကို ထုတ္ျပန္ေပးလ်က္ရွိေၾကာင္း၊ က်န္ရွိသည့္ ၿမိဳ႕နယ္မ်ားကိုလည္း ဆက္လက္စစ္ေဆး ေဆာင္႐ြက္လ်က္ရွိေၾကာင္း၊ ႏိုင္ငံသားမ်ားမွတ္ပုံတင္ရရွိေရးအတြက္ သက္ဆိုင္ရာ ဝန္ႀကီး႒ာနမွႀကိဳးပမ္း ေဆာင္႐ြက္ရမည္ ျဖစ္ေၾကာင္းေျပာၾကားသည္။

မီဒီယာႏွင့္ပတ္သက္၍ ျမန္မာႏိုင္ငံသတင္းမီဒီယာေကာင္စီမွတဆင့္ မီဒီယာ က်င့္ဝတ္စည္းကမ္းႏွင့္အညီ ေဆာင္႐ြက္ႏိုင္ေရးကို ထိန္းသိမ္းၾကပ္မတ္ေရး ဆက္လက္ ေဆာင္႐ြက္ရမည္ျဖစ္ေၾကာင္း၊ သတင္းမ်ားတြင္ အာဏာသိမ္းစစ္အစိုးရဟု အသုံးအႏႈံး မ်ားကို သတိေပးထားၿပီး ဆက္လက္၍သုံးႏႈံးေရးသားမည္ဆိုပါက ထုတ္ေဝ ခြင့္ပိတ္သိမ္း သည္အထိ အေရးယူေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း၊ ရခိုင္ျပည္နယ္ ကိစၥရပ္မ်ားႏွင့္ ပတ္သက္၍ ကိုဖီအာနန္ေကာ္မရွင္ေဆာင္႐ြက္ခဲ့မႈမ်ားအေပၚတြင္လည္း စုံစမ္းေဖာ္ထုတ္ မႈမ်ား ဆက္လက္ေဆာင္႐ြက္မည္ျဖစ္ေၾကာင္း၊ လူပုဂၢိဳလ္တစ္ဦးတစ္ ေယာက္ကိုသာ ၾကည့္ၿပီး တိုင္းျပည္၏အက်ိဳးကိုမၾကည့္ပဲ ကိုယ္က်ိဳးအတြက္ေဆာင္႐ြက္ ခဲ့မႈမ်ား ကိုလည္းေဖာ္ထုတ္အေရးယူသြားမည္ျဖစ္ေၾကာင္း၊ တစ္ႏိုင္ငံလုံးမီတာခမ်ား သက္သာခြင့္ ကိုေလွ်ာ့ခ်ေပးထားေၾကာင္း၊ ႏိုင္ငံ့ဝန္ထမ္းမ်ား၊ ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕ဝင္မ်ားႏွင့္ တပ္မေတာ္သားမ်ား၏ တာဝန္ထမ္းေဆာင္မႈအေပၚမူတည္၍ ခ်ီးျမႇင့္ေငြမ်ားေပး အပ္လ်က္ရွိေၾကာင္း၊ ေက်ာင္းမ်ားျပန္လည္ဖြင့္လွစ္၍ ေက်ာင္းမ်ားအားထိန္းသိမ္းျပဳျပင္ ျခင္း၊ ဆရာ၊ ဆရာမမ်ားအေနျဖင့္ သင္ၾကားမႈ အေထာက္အကူျပဳအစည္းအေဝးမ်ား ျပဳလုပ္ျခင္းမ်ားကို ေလ့က်င့္ေဆာင္႐ြက္ျခင္းျဖင့္ ေက်ာင္းသား၊ ေက်ာင္းသူမ်ား ျပန္လည္ ပညာသင္ၾကားခ်ိန္တြင္ အသင့္ျဖစ္ေစမည္ျဖစ္ေၾကာင္း။

မိမိတို႔ႏိုင္ငံသည္ စိုက္ပ်ိဳး၊ ေမြးျမဴေရးႏိုင္ငံျဖစ္သျဖင့္ ၎လုပ္ငန္းမ်ားႏွင့္ ပတ္သက္၍ သင္တန္းေက်ာင္းမ်ား၊ ေကာလိပ္မ်ား၊ တကၠသိုလ္မ်ားကို တိုးခ်ဲ႕ဖြင့္လွစ္၍ လိုအပ္သည့္စိုက္ေမြး ပညာရွင္မ်ားေမြးထုတ္ေပးရန္လိုေၾကာင္း၊ ေဒသအလိုက္ကိုက္ညီ သည့္ စိုက္ပ်ိဳးေရး ထုတ္ကုန္မ်ား ရရွိေအာင္ သုေတသနျပဳ၍ ထိေရာက္စြာ ေဆာင္႐ြက္ ရမည္ျဖစ္ေၾကာင္း၊ ျပည္နယ္မ်ားအလိုက္ ေရအားလွ်ပ္စစ္ ဓာတ္အားထုတ္လုပ္ေရး စီမံကိန္းမ်ားကိုအေကာင္ အထည္ေဖာ္ေဆာင္႐ြက္ရန္လိုၿပီး ျပည္နယ္မ်ားအလိုက္ လွ်ပ္စစ္ဓာတ္အားရရွိေရး ေဆာင္႐ြက္ေပးမည္ျဖစ္ေၾကာင္း၊ လွ်ပ္စစ္ဓာတ္အားသည္ လူမႈဘဝဖြံ႕ၿဖိဳးတိုးတက္မႈအတြက္ မ်ားစြာအေရးပါသျဖင့္ ေဒသအလိုက္သဘာဝ ပတ္ဝန္းက်င္မထိခိုက္ေစသည့္ ေရအားလွ်ပ္စစ္ စီမံကိန္းမ်ားကို ေဆာင္႐ြက္သြား ရမည္ျဖစ္ေၾကာင္း၊ ေရသည္လူသားမ်ား၏ ေန႔စဥ္လူေနမႈဘဝအတြက္ အေရးအႀကီးဆုံး လိုအပ္ခ်က္တစ္ခု ျဖစ္ေသာေၾကာင့္ ေျမေအာက္ေရ သုံးစြဲမႈႏွင့္ပတ္သက္၍ မိုးနည္းသည့္ ေဒသမ်ားတြင္ ေျမေအာက္ေရအလြန္အကြၽံ သုံးစြဲျခင္းသည္ ေရရွားပါးမႈကိုပိုမို ျဖစ္ေပၚေစႏိုင္သျဖင့္ ထိန္းသိမ္းေဆာင္႐ြက္ရမည္ျဖစ္ေၾကာင္း၊ ဘဏ္လုပ္ငန္းမ်ား ျပန္လည္လည္ပတ္ႏိုင္ေရးအတြက္လည္း တိုက္တြန္း ေဆာင္႐ြက္လ်က္ရွိၿပီး လုံၿခဳံေရး လုပ္ငန္းမ်ားကို တတ္ႏိုင္သမွ် ေဆာင္႐ြက္ေပးသြား မည္ျဖစ္ေၾကာင္း၊ ျပည္သူလူထု၏ က်န္းမာေရးေစာင့္ေရွာက္မႈလုပ္ငန္းမ်ားသည္ အေရးႀကီးသျဖင့္ က်န္းမာေရးဝန္ထမ္းမ်ား လုပ္ငန္းတာဝန္မ်ားျပန္လည္ထမ္းေဆာင္ ႏိုင္ေရး အတြက္ ေဆာင္႐ြက္ေပးရန္လိုအပ္ၿပီး ဖိအားေပးေႏွာင့္ယွက္ေနသူမ်ားကိုလည္း ေဖာ္ထုတ္၍ ဥပေဒအရအေရးယူႏိုင္ေရး ေဆာင္႐ြက္ရန္လိုေၾကာင္းျဖင့္ မွာၾကားခဲ့ပါသည္။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။