နေပြည်တော်၊ မတ် – ၃
အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုကော်မတီ အစည်းအဝေး(၁/၂၀၂၁)ကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ အမျိုးသားစည်းလုံးညီညွတ်ရေး နှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ဗဟိုကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက် အမှာစကားပြောကြားသည်။
အစည်းအဝေးသို့ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ဗဟိုကော်မတီ ဒုတိယဥက္ကဋ္ဌ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဌ၊ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ဗဟိုကော်မတီအဖွဲ့ဝင်များဖြစ်ကြသည့် ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ဗိုလ်ချုပ်ကြီးမောင်မောင်ကျော်၊ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ မန်းငြိမ်းမောင်၊ ဒေါ်အေးနုစိန်၊ Jeng Phang နော်တောင်၊ ဦးစိုင်းလုံးဆိုင်၊ စောဒန်နီယယ်၊ ပြည်ထဲရေးဝန်ကြီးဌာနနှင့် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်၊ နယ်စပ်ရေးရာဝန််ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာဒေါ်သီတာဦး၊ ဒုတိယ ဗိုလ်ချုပ်ကြီးရာပြည့်၊ ဗဟိုကော်မတီအတွင်းရေးမှူး ဒုတိယ ဗိုလ်ချုပ်ကြီး အောင်လင်းဒွေးနှင့် တွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး တင်မောင်ဝင်း၊ အမျိုးသားစည်းလုံးညီညွတ်ရေး နှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ အဖွဲ့ဝင်များဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်း၊ ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်၊ ဒုတိယဗိုလ်ချုပ်ကြီးအေးဝင်းနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
အစည်းအဝေးတွင် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ဗဟိုကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌက အဖွင့်အမှာစကား ပြောကြားရာ၌ ယနေ့အစည်းအဝေးသည် မိမိတို့နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ တာဝန်ယူပြီးနောက်ပိုင်းတွင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့်ပတ်သက်ပြီး ပထမဦးဆုံးကျင်းပ သည့် အစည်းအဝေးဖြစ်ကြောင်း၊ မိမိတို့တာဝန်ယူပြီးနောက်တွင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နိုင်ရန် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်း ရေးဖော်ဆောင်မှုဗဟိုကော်မတီ၊ လုပ်ငန်းကော်မတီနှင့် ညှိနှိုင်းရေးကော်မတီများ ဖွဲ့စည်း ဆောင်ရွက်ခဲ့ကြောင်း၊ ငြိမ်းချမ်းရေးနှင့် ပတ်သက်ပါက နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်တွင် “တစ်နိုင်ငံလုံး ထာဝရငြိမ်းချမ်းရေးရရှိစေရန် အတွက် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် NCA ပါသဘော တူညီချက်များအတိုင်း ဖြစ်နိုင်သမျှအလေးထားဆောင်ရွက်သွားမည်”ဟူသည့် လုပ်ငန်းစဉ် ချမှတ်ထားသကဲ့သို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ နိုင်ငံရေးဦးတည်ချက်တွင် လည်း “ တစ်နိုင်ငံလုံးထာဝရငြိမ်းချမ်းရေးရရှိရေးအတွက် တစ်နိုင်ငံလုံးပစ်ခတ်တိုက် ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် NCA ပါအတိုင်း အလေးထားဆောင်ရွက်သွားရေး” ဟူသည့် ဦးတည်ချက်ချမှတ်ပြီး NCA ကို အလေးထားအကောင်အထည်ဖော်ဆောင် ရွက်သွားရန် ဦးတည်ရည်မှန်းထားခြင်းကို တွေ့ရမည်ဖြစ်ကြောင်း။
အမှန်တကယ်တွင် NCA သည် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးမှ တစ်ဆင့်တိုင်းရင်း သားပြည်သူ အားလုံးအလိုရှိနေသည့် ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်တို့ကို အခြေခံသည့် ပြည်ထောင်စု တည်ဆောက်ရေးအတွက် လိုအပ်သော အခင်းအကျင်းများကို အုတ်မြစ် ချထားခြင်းဖြစ်ကြောင်း၊ ယင်းအပေါ်တွင် မိမိတို့အနေဖြင့် ညှိနှိုင်းဆွေးနွေးအဖြေရှာပြီး သဘောတူညီချက်များအရ ဆက်လက်အကောင်အထည်ဖော် တည်ဆောက်သွားနိုင် မှသာ ပြီးပြည့်စုံသည့် ပြည်ထောင်စုပုံသဏ္ဍာန် ပေါ်ပေါက်လာမည်ဖြစ်ကြောင်း၊ ယင်းနေရာတွင် တွေ့ဆုံညှိနှိုင်းအဖြေရှာခြင်းဆိုသည့် ဒီမိုကရေစီ ယဉ်ကျေးမှုကိုလိုက် နာရန် အလွန်အရေးကြီးကြောင်း၊ မည်သို့ပင်ကြီးမားသည့်ပြဿနာများဖြစ်ပါစေ နှစ်ဖက် တွေ့ဆုံညှိနှိုင်းမည်ဆိုပါက အတိုင်းအတာတစ်ခုအထိ လျှော့ချနိုင်မည်ဖြစ်ကြောင်း၊ အလျဉ်းသင့်၍ ယခင်အစိုးရလက်ထက်က အခြေအနေတစ်ခုကို ပြောရပါက မိမိတို့ တပ်မတော်အနေဖြင့် အရပ်ဘက် – စစ်ဘက်ဆက်ဆံရေးကောင်းမွန်စေရန် ဖွဲ့စည်းပုံ အခြေခံဥပဒေက သတ်မှတ်ထားသည့် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ အစည်းအဝေးကိုခေါ်ယူရန် မိမိကိုယ်တိုင် အကြိမ်ကြိမ်တိုက်တွန်းခဲ့သော်လည်း လျစ်လျူ ရှုခံခဲ့ရကြောင်း၊ ထို့ပြင်မဲမသမာမှုများနှင့်ပတ်သက်ပြီး ယခင် UEC နှင့် နိုင်ငံရေးပါတီ များအကြား တွေ့ဆုံညှိနှိုင်းဖြေရှင်းပေးရန်၊ ပြည်ထောင်စုလွှတ်တော် အထူးအစည်းအဝေး ခေါ်ယူဖြေရှင်းပေးရန်နှင့် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ အစည်းအဝေး ခေါ်ယူပေးရန် အကြိမ်ကြိမ်တိုက်တွန်းခဲ့သော်လည်း တွေ့ဆုံဆွေးနွေးသည့် လမ်းကြောင်း ကို ငြင်းပယ်ခဲ့သည့်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေက တာဝန်ပေးအပ်ထားချက်အရ တပ်မတော်ကမလွှဲမရှောင်သာ ဆောင်ရွက်ခဲ့ရခြင်း ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် မိမိတို့ တိုင်းရင်းသားများကြားတွင် မကျေလည်မှုများ၊ သံသယများ၊ မယုံကြည်မှုများ၊ စိုးရိမ်မှု များသည် တွေ့ဆုံဆွေးနွေးညှိနှိုင်း အဖြေရှာခြင်းဆိုသည့် ဒီမိုကရေစီယဉ်ကျေးမှုကို ကျင့်သုံးခြင်းဖြင့် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးကိုဖော် ဆောင်နိုင်မည် ဆိုခြင်းကို မီးမောင်းထိုးပြလိုခြင်းဖြစ်ကြောင်း။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် (၅) ရပ်တွင်လည်း NCA ပါ သဘောတူချက်များအတိုင်း ဖြစ်နိုင်သမျှအလေးထား ဆောင်ရွက်သွားမည်ဟုဖော်ပြ ထားသည့်အတွက် ပြည်ထောင်စုလွှတ်တော်တွင် အတည်ပြုသည့်အဆင့်မှအပ ကျန်သည့် အစိတ်အပိုင်းများ ဆောင်ရွက်၍ရပါကြောင်း၊ လွှတ်တော်ကိုယ်စားလှယ်များ၊ နိုင်ငံရေး ပါတီများ မရှိသည့်အတွက်ကြောင့် ဆောင်ရွက်၍မရဟုထင်မြင်ယူဆနိုင် သော်လည်း ရွေးကောက်ပွဲ ထပ်မံကျင်းပပြီးပါကလက်ရှိရှိနေသည့် နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ် များကသာ ရွေးကောက်ခံကိုယ်စားလှယ်များ ဖြစ်လာမည့်အပြင် အများစုအနိုင်ရသည့် ပါတီကလည်းအစိုးရဖွဲ့စည်းပြီး တာဝန်ယူဆောင်ရွက်ရမည် ဖြစ်သည့်အတွက် လက်ရှိ ရှိနေသည့် နိုင်ငံရေးပါတီအစုအဖွဲ့နှင့် အစိုးရအစုအဖွဲ့တို့ဖြင့် နိုင်ငံရေးအရ တွေ့ဆုံ ဆွေးနွေးမှုများ ဆက်လက်ဆောင်ရွက်သွားနိုင်မည် ဖြစ်ကြောင်း၊ ယင်းသို့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို စဉ်ဆက်မပြတ်ဆောင်ရွက်သွားခြင်းအားဖြင့် မိမိတို့ရည်မှန်းထားသည့် ထာဝရငြိမ်းချမ်းရေး ရရှိရေးအတွက်ပိုမိုအကောင်အထည်ဖော် ဆောင်ရွက်သွားနိုင်မည် ဖြစ်ကြောင်း။
ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်တို့ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက် ရာတွင် ဒီမိုကရေစီနှင့်ပတ်သက်၍လည်းကောင်း၊ ဖက်ဒရယ်နှင့်ပတ်သက်၍လည်း ကောင်း မည်သို့ပင်အယူအဆအမျိုးမျိုးကွဲပြားနေပါစေ မိမိတို့နိုင်ငံနှင့် သဟဇာတဖြစ် သည့် စနစ်မျိုးကို ရွေးချယ်ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ ဒီမိုကရေစီနှင့်ပတ်သက်ပြီး အများဆန္ဒအတိုင်း ဆောင်ရွက်ရသလို လူနည်းစုဆန္ဒကိုလည်း အလေးထားရန်လိုအပ် ကြောင်း၊ မိမိဆန္ဒနှင့် မကိုက်ညီပါက ရန်သူလို့သဘောထားပြီး ခွဲခြားဆက်ဆံမှုများ၊ လူမှုဆက်ဆံရေးအရပြစ်ဒဏ်ခတ်ပြီး လူ့အသိုင်းအဝိုင်းမှ ဖယ်ကြဉ်ထားခြင်းမျိုးသည် ကျေးပိုင်ကျွန်ပိုင်ခေတ်က လူတန်းစားခွဲခြားသည့် အတွေးအခေါ်များဖြစ်ပြီး ဒီမိုကရေ စီနှင့် လုံးဝကိုက်ညီမှုမရှိသည်ကို တွေ့ရကြောင်း၊ ပုဂ္ဂိုလ်ရေးအရ အလွန်အမင်းကိုးကွယ် မှုသည်လည်း လူ့အဖွဲ့အစည်းအတွင်း ကွဲပြားမှုများကို ဖြစ်ပေါ်စေပြီး အမျိုးသားစည်းလုံး ညီညွတ်မှုကို ထိခိုက်စေနိုင်ကြောင်း၊ ထို့ကြောင့် ဒီမိုကရေစီနှင့် ဆန့်ကျင်ဘက်ဖြစ်သည့် ပုဂ္ဂိုလ်ရေးကိုးကွယ်မှုနှင့် ခွဲခြားဆက်ဆံမှုများကို မိမိတို့လူ့အဖွဲ့အစည်းအတွင်းမကျင့် သုံးနိုင်အောင် စဉ်းစားဆောင်ရွက်ရန် လိုအပ်ကြောင်း။
ဖက်ဒရယ်စနစ်နှင့်ပတ်သက်ပြီး မိမိတို့လိုရာကို အဓိပ္ပါယ်အမျိုးမျိုး၊ စံနှုန်း အမျိုးမျိုးဖွင့်ဆိုပြီး ပြောနေကြသော်လည်း အနှစ်သာရအနေဖြင့် ပေါင်းစည်းခြင်းနှင့် သဟဇာတဖြစ်မှုပင် ဖြစ်ကြောင်း၊ ဖက်ဒရယ်သည် မတူကွဲပြားသည့် တိုင်းဒေသကြီးများ၊ ပြည်နယ်များ၊ လူမျိုးများ၊ လူမျိုးစုများ စုစည်းထားရာမှ အချုပ်အခြာအာဏာဖြစ်သည့် အာဏာ(၃)ရပ်ကို ခွဲဝေကျင့်သုံးခြင်းပင်ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် ပြည်ထောင်စု၊ တိုင်းဒေသကြီး၊ ပြည်နယ်အကြား ဖွဲ့စည်းပုံအခြေခံဥပဒေအရ အာဏာခွဲဝေ ဆောင်ရွက် သွားခြင်းဖြင့် တိုင်းဒေသကြီး၊ ပြည်နယ်များသည် ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ ကိုယ်ပိုင် တရားစီရင်ခွင့်၊ ကိုယ်ပိုင်ဥပဒေပြဌာန်းခွင့်ဟူသည့် တိုင်းဒေသကြီး၊ ပြည်နယ်အလိုက် အခြေခံဥပဒေအရ ကိုယ်ပိုင်ပြဌာန်းခွင့် ရရှိမည်ဖြစ်ပါကြောင်း၊ မိမိတို့နိုင်ငံ၏ တိုင်းဒေသကြီး၊ ပြည်နယ်များတွင် လူမျိုးတစ်မျိုးတည်းသာ နေထိုင်သည့် တိုင်းဒေသကြီး၊ ပြည်နယ်ဟူ၍ လုံးဝမရှိကြောင်း၊ လူမျိုးပေါင်းစုံ ရောယှက်နေထိုင်ကြကြောင်း၊ တိုင်းဒေသကြီးများတွင် လည်း တိုင်းရင်းသားများ ပျံ့နှံ့နေထိုင်နေသည်ကို တွေ့ရမည်ဖြစ်ကြောင်း။
သာဓကအားဖြင့် ၂၀၁၄ခုနှစ် လူဦးရေစာရင်းအရ ရှမ်းပြည်နယ်တွင်လူဦးရေ ၅၈ သိန်းကျော်၊ ပျံ့နှံ့နေထိုင်လျက်ရှိပြီး လူဦးရေအချိုးတွင် ရှမ်း ၃၅ ဒသမ ၂၃ရာခိုင်နှုန်း၊ ဗမာ ၁၁ ဒသမ ၄၄ရာခိုင်နှုန်း၊ ပအို့ဝ် ၈ ဒသမ ၉၄ ရာခိုင်နှုန်း၊ ပလောင် ၇ ဒသမ ၀၆ ရာခိုင်နှုန်း၊ ‘ဝ’ ၆ ဒသမ ၄၁ ရာခိုင်နှုန်း၊ ဓနု ၄ ဒသမ ၄ရာခိုင်နှုန်း၊ ကိုးကန့် ၃ ဒသမ ၂၂ရာခိုင်နှုန်း၊ လားဟူ ၄ ဒသမ ၀၅ရာခိုင်နှုန်း၊ ဂျိန်းဖော ၂ ဒသမ ၃၅ရာခိုင်နှုန်းနှင့်ကျန်တိုင်းရင်းသား ၁၆ ဒသမ ၈၄ ရာခိုင်နှုန်း ရောနှောနေထိုင်နေခြင်းကို တွေ့ရကြောင်း၊ အလားတူ ကချင် ပြည်နယ်တွင်ဆိုပါက လူဦးရေ၁၆ သိန်းကျော်ပျံ့နှံ့နေထိုင်လျက်ရှိပြီး လူဦးရေ အချိုး တွင် ဗမာ ၂၉ ဒသမ ၂ ရာခိုင်နှုန်း၊ ရှမ်း ၂၃ ဒသမ ၆ ရာခိုင်နှုန်း၊ ဂျိမ်းဖော ၁၈ ဒသမ ၉၇ ရာခိုင်နှုန်း၊ လီဆူး ၇ ရာခိုင်နှုန်း၊ ရဝမ် ၅ ဒသမ ၅ ရာခိုင်နှုန်း၊ လောဝေါ် ၃ ဒသမ ၃၃ ရာခိုင်နှုန်း၊ လာချိတ် ၂ ဒသမ ၈၉ ရာခိုင်နှုန်း၊ ဇိုက်ဝါး ၁ ဒသမ ၅၇ ရာခိုင်နှုန်းနှင့် ကျန်တိုင်းရင်းသားများ အနေဖြင့် ၈ ရာခိုင်နှုန်းရောနှောနေထိုင်နေသည်ကို တွေ့ရကြောင်း၊ ရှမ်းပြည်နယ်ဟုဆိုသော်လည်း ရှမ်းလူမျိုး ၃၅ရာခိုင်နှုန်းကျော်၊ ကချင်ပြည်နယ် ဟုဆိုသော်လည်း ကချင်လူမျိုး ၃၉ ရာခိုင်နှုန်းသာ ရှိသည့်အတွက် လူမျိုးအလိုက်ပြည် နယ် သတ်မှတ်လိုက်ခြင်းသည် အခြားလူမျိုးများကိုလည်း မိမိတို့လူမျိုးနာမည်နှင့် ပြည်နယ်တောင်းဆိုမှုများ ဖြစ်ပေါ်လာသည်ကိုလည်း ကြုံတွေ့နေရကြောင်း၊ လူမျိုးတစ် မျိုးတည်းက ပိုင်ဆိုင်ခြင်းမဟုတ်ဘဲ ပြည်နယ်အတွင်းတွင် နေထိုင်သည့် လူမျိုးအားလုံး က ပိုင်ဆိုင်ခြင်းဆိုသည့် လက္ခဏာဆောင်သည့် ဒေသအမည်ကို အစွဲပြုသည့် ပြည်နယ် အမည်ဖြစ်ပေါ်လာနိုင်ပါက အမျိုးသားစည်းလုံးညီညွတ်ရေးအတွက် ကြီးမားသော အထောက်အပံ့ ဖြစ်မည်ဟု မိမိယူဆကြောင်း၊ ယင်းနှင့်ပတ်သက်၍လည်း အားလုံးက ဝိုင်းဝန်းစဉ်းစား အဖြေရှာသွားရန် တိုက်တွန်းလိုကြောင်း။
မိမိတို့ယနေ့ ငြိမ်းချမ်းရေး ကြိုးပမ်းဆောင်ရွက်နေခြင်းသည် မိမိတို့၏သားစဉ် မြေးဆက်လူငယ်များအတွက် တည်ငြိမ်သည့် အနာဂတ်နှင့် ဖွံ့ဖြိုးတိုးတက်ပြီး ကမ္ဘာ့ အဆင့်မီ နိုင်ငံတစ်ခုဖြစ်အောင် လက်ဆင့်ကမ်း အမွေပေးနိုင်ရန် အမျိုးသားရေးတာဝန် အဖြစ် ကြိုးပမ်းအကောင်အထည်ဖော် ဆောင်ရွက်နေခြင်းပင် ဖြစ်ကြောင်း၊ ကိုယ်ကျိုးစီးပွား အတွက်၊ တစ်ဦးတစ်ယောက် နာမည်ကောင်းရရန်အတွက် ဖော်ဆောင်နေခြင်း မဟုတ် သည်ကို ပြောကြားလိုကြောင်း။
မိမိတို့အနေဖြင့် ဖွဲ့စည်းပုံ အခြေခံဥပဒေအရ နိုင်ငံတော်တာဝန်လွှဲပြောင်းရယူ ခဲ့ပြီးနောက်တွင် လိုအပ်သော တည်ငြိမ်အေးချမ်းမှုများကို ဆောင်ရွက်ပြီး ရွေးကောက်ပွဲ အနိုင်ရရှိသည်ပါတီကို အစိုးရတစ်ရပ်ဖွဲ့စည်းနိုင်သည်အထိ ပံ့ပိုးဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ တာဝန်ယူစဉ်ကာလအတွင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ အပါအဝင် နယ်မြေအသီးသီးမှ ဆောင်ရွက်ဆဲ လုပ်ငန်းစဉ်များကို အရှိန်အဟုန်မပျက်ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ ထို့ပြင်ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် လွဲချော်နေသည့် လုပ်ငန်းစနစ်များ၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် အမျိုးသားလုံခြုံရေးကိုထိခိုက် စေသည့် လုပ်ငန်းစဉ်များကိုလည်း ဖွဲ့စည်းပုံအခြေခံဥပဒေ၊ တည်ဆဲဥပဒေများနှင့်အညီ ပြန်လည်တည့်မတ်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ ယင်းကဲ့သို့ဆောင်ရွက်ခြင်းသည် တပ်မတော်အနေဖြင့် အမျိုးသားအကျိုးစီးပွားကို ကာကွယ်သည့် အမျိုးသားနိုင်ငံရေးကို ဦးတည်ဆောင်ရွက်နေခြင်းပင် ဖြစ်ကြောင်းပြောကြားသည်။
ထို့နောက် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ဗဟိုကော်မတီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး တင်မောင်ဝင်းကပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံများ ကျင်းပနိုင်ခဲ့မှုနှင့် သဘောတူစာချုပ်များချုပ်ဆိုနိုင်ခဲ့မှု၊ ငြိမ်းချမ်းရေးဆိုင်ရာ ကော်မတီများဖွဲ့စည်းဆောင်ရွက်နိုင်ခဲ့မှု၊ အစိုးရ၊ NCAs-EAO ခေါင်းဆောင်များသီးသန့်ဆွေးနွေးနိုင်ခဲ့မှုများနှင့် သဘောထားထုတ်ပြန်ချက်များထုတ် ပြန်ခဲ့မှု၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အစည်းအဝေးများကျင်းပနိုင်ခဲ့မှု၊ ပြည်ထောင်စု သဘောတူ စာချုပ် အစိတ်အပိုင်း(၃) ချုပ်ဆိုနိုင်ခဲ့မှု၊ ၂၀၂၀ အလွန် အဆင့်အလိုက် ရှေ့လုပ်ငန်းစဉ်များနှင့် အဆင့်အလိုက်အကောင်အထည် ဖော်မှုအခြေအနေ၊ လမ်းညွန် အခြေခံမူသဘောတူညီချက်များ ဆက်လက်ဆွေးနွေးရန် အချက်များကျန်ရှိမှု အခြေ အနေ၊ အစိုးရ၊ လွှတ်တော်၊ တပ်မတော်အစုအဖွဲ့တို့ ငြိမ်းချမ်း ရေးလုပ်ငန်းစဉ် ဆွေးနွေး ခဲ့မှု အခြေအနေတို့နှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။
ယင်းနောက် ဗဟိုကော်မတီဝင်များဖြစ်ကြသည့် Jeng Phang နော်တောင်၊ မန်းငြိမ်းမောင်၊ ဒေါ်အေးနုစိန်၊ စောဒန်နီယယ်နှင့် ဦးစိုင်းလုံးဆိုင်က ကချင်ပြည်နယ် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ ပိုမိုအောင်မြင်စေရေးအတွက် ငြိမ်းချမ်းရေးအကျိုး ဆောင်အဖွဲ့ ကိုတိုးချဲ့ဖွဲ့စည်းပေးရေး၊ တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့အစည်းများ နှင့် အလွတ်သဘောတွေ့ဆုံ ဆွေးနွေးမှုများ ပြုလုပ်နိုင်ရေးနှင့် မကြာခဏတွေ့ဆုံဆွေးနွေး နိုင်ရေး၊ တိုက်ပွဲရှောင်ပြည်သူများ အမိုးအကာအောက်ပြန် လည်ရောက်ရှိရေး၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ တာဝန်ယူထားသည့်ကာလတွင် တိုင်းရင်းသား အားလုံး NCA တွင်ပါဝင်လက်မှတ်ရေးထိုးနိုင်ရေး၊ ရခိုင်ပြည်နယ်အတွင်း ယာယီအပစ် အခတ်ရပ်စဲရေးမှ ထာဝရငြိမ်းချမ်းရေးရရှိသည်အထိ ဆက်လက်ဆောင်ရွက်သွားရေး၊ တိုက်ပွဲရှောင်ပြည်သူများ နေရပ်ပြန်နိုင်ရေး၊ ကောလာဟလသတင်းများ နှင့်ပတ်သက်၍ သတင်းအမှန်အား အချိန်နှင့်တစ်ပြေးညီထုတ်ပြန်သွားရေး၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် များနှင့်စပ်လျဉ်း၍ ယုံကြည်မှုတည်ဆောက်ရန်၊ ပြည်နယ်အဆင့်ကော်မတီများ ပြန်လည် ဖွဲ့စည်းရေး၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များတွင် တိုင်းရင်းသားအားလုံး ပါဝင်နိုင်ရေးတို့ကို ဆက်လက် ဆွေးနွေးကြသည်။
ထို့နောက် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုကော်မတီ ဥက္ကဋ္ဌ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌက ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ ပြည်နယ်အဆင့်ကော်မတီများကို ပြန်လည်ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း၊ တိုက်ပွဲရှောင်စခန်းများမှ ပြည်သူများနေရပ်ပြန်နိုင်ရေးနှင့် နေထိုင်မှုအဆင်ပြေစေရေး အတွက် အမြန်ဆုံးဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအနေဖြင့် တပ်မတော်အပေါ်သဘောထားအမြင် ကွဲလွဲနေမှုအပေါ် ဆွေးနွေးသွားမည်ဖြစ်ကြောင်း၊ တပ်မတော်အနေဖြင့် နိုင်ငံတော်ကာကွယ်ရေးအတွက် ပုံမှန်လုပ်ငန်းများသာဆောင်ရွက်လျက်ရှိကြောင်း၊ NCA တွင်လက်မှတ်ရေးထိုးရန် ကျန်ရှိ နေသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ ပါဝင်လက်မှတ်ရေးထိုးနိုင်ရေး အတွက် ကြိုးစားဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ အစည်းများအနေဖြင့် ငြိမ်းချမ်းရေးလမ်းကြောင်းအပေါ် လျှောက်လှမ်းရန်လိုအပ် ကြောင်း၊ ဒီမိုကရေစီအခွင့်အရေးကို တိုင်းရင်းသားအားလုံး ခံစားစေလိုကြောင်း။
လက်ရှိရောက်ရှိနေသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များရ တွေ့ဆုံဆွေးနွေးမှုများကို အပိုင်း(၄)ပိုင်းခွဲပြီး စဉ်ဆက်မပြတ် ညှိနှိုင်ဆောင်ရွက်နေရန်လိုအပ်ကြောင်း၊ အလွတ် သဘောတွေ့ဆုံဆွေးနွေးမှုများ၊ တရားဝင် ဆွေးနွေးမှုများကိုလည်း လိုအပ်သလို ညှိနှိုင်း ဆောင်ရွက်သွားရန် လိုကြောင်း၊ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးခိုင်မာစေရေးအတွက် Bilateral ဆွေးနွေးပွဲများကို သတ်မှတ်ချက်နှင့်အညီ စဉ်ဆက်မပြတ်ဆောင်ရွက်ရန်လို အပ်ကြောင်း၊ NCAအရ တရားဝင်အစည်းအဝေးများနှင့် ငြိမ်းချမ်းရေးညီလာခံကျင်းပနိုင် သည်အထိ ညှိနှိုင်းဆောင်ရွက်သွားရန်လိုကြောင်း၊ အမျိုးသားစည်းလုံးညီညွတ်ရေး၊ ငြိမ်းချမ်းရေးဖော်ဆောင်ရေးနှင့်ပတ်သက်ပြီး (က) ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်တို့ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရန်၊ (ခ) တွေ့ဆုံဆွေးနွေး ညှိနှိုင်းအဖြေရှာခြင်း ဆိုသည့် ဒီမိုကရေစီယဉ်ကျေးမှုကိုကျင့်သုံးခြင်းဖြင့် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးကိုဖော်ဆောင်ရန်၊ (ဂ) အမျိုးသားစည်းလုံးညီညွတ်ရေးအတွက် လိုအပ် သည့် မဟာဗျူဟာများ ချမှတ်ဆောင်ရွက်ရန်၊ (ဃ) ငြိမ်းချမ်းရေးဖော်ဆောင်မှုနှင့်အတူ ပြန်လည်ထူထောင်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများကိုလည်း စီမံချက်များချမှတ်ဆောင်ရွက် ရန်နှင့် (င)လူ့အဖွဲ့အစည်းအတွင်းတွင် ကွဲပြားစေမည့်အခြေခံအကြောင်းအရာများကို သုတေသနပြုဖော်ထုတ်ပြီး ကာကွယ်တားဆီးဆောင်ရွက်သွားရန် စသည့်လမ်းညွှန်ချက် (၅)ရပ် ကိုဆက်လက် အကောင်အထည်ဖော်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း။
လုပ်ငန်းကော်မတီအနေဖြင့် လိုအပ်သည့်အချိန်ဇယားနှင့် မဟာဗျူဟာများကို ချမှတ်ပေးပြီး ညှိနှိုင်းရေးကော်မတီက လက်တွေ့အကောင်အထည်ဖော်ဆောင်ရွက် သွားရန်လိုကြောင်း၊ ဗဟိုကော်မတီအစည်းအဝေးကို လိုအပ်ချက်အပေါ်မူတည်ပြီး အခါ အားလျော်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း၊ လုပ်ငန်းကော်မတီသည် ဖွံ့ဖြိုးရေးကိစ္စများ၊ IDP ကိစ္စများ၊ NCA အခန်း(၆)တွင်ပါဝင်သည့် ကြားကာလဆိုင်ရာကိစ္စရပ်များကို သက်ဆိုင်ရာပြည်ထောင်စုဝန်ကြီးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဌများနှင့် ညှိနှိုင်းပြီး အကောင်အထည်ဖော် ဆောင်ရွက်ကြရန်လိုကြောင်း၊ အသေးစိတ်ဆောင်ရွက်ရမည့် ညှိနှိုင်းမှုများကို ညှိနှိုင်းရေးကော်မတီက ဆက်လက် ဆောင်ရွက်ကြရန်ဖြစ်ကြောင်း၊ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးသည် တိုက်ရိုက် အချိုးကျနေသည့်အတွက် ဟန်ချက်ညီအကောင် အထည်ဖော်ဆောင်ရွက်သွားရန်လိုကြောင်းဖြင့် ပြောကြားခဲ့သည်။
(Zawgyi Version)
အမ်ိဳးသားစည္းလုံးညီၫြတ္ေရးႏွင့္ၿငိမ္းခ်မ္းေရးေဖာ္ေဆာင္မႈဗဟိုေကာ္မတီ အစည္းအေဝး(၁/၂၀၂၁) က်င္းပ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒၊ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္တက္ေရာက္အမွာစကားေျပာၾကား
ေနျပည္ေတာ္၊ မတ္ – ၃
အမ်ိဳးသားစည္းလုံးညီၫြတ္ေရးႏွင့္ ၿငိမ္းခ်မ္းေရးေဖာ္ေဆာင္မႈဗဟိုေကာ္မတီ အစည္းအေဝး(၁/၂၀၂၁)ကို ယေန႔မြန္းလြဲပိုင္းတြင္ ေနျပည္ေတာ္ရွိ ႏိုင္ငံေတာ္စီမံ အုပ္ခ်ဳပ္ေရးေကာင္စီ႐ုံး အစည္းအေဝးခန္းမ၌က်င္းပရာ အမ်ိဳးသားစည္းလုံးညီၫြတ္ေရး ႏွင့္ ၿငိမ္းခ်မ္းေရးေဖာ္ေဆာင္မႈ ဗဟိုေကာ္မတီဥကၠ႒၊ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ ဥကၠ႒၊ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္ တက္ေရာက္ အမွာစကားေျပာၾကားသည္။
အစည္းအေဝးသို႔ အမ်ိဳးသားစည္းလုံးညီၫြတ္ေရးႏွင့္ ၿငိမ္းခ်မ္းေရးေဖာ္ေဆာင္မႈ ဗဟိုေကာ္မတီ ဒုတိယဥကၠ႒၊ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ ဒုတိယဥကၠဌ၊ ဒုတိယ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္၊ ကာကြယ္ေရးဦးစီးခ်ဳပ္(ၾကည္း) ဒုတိယဗိုလ္ခ်ဳပ္မႉးႀကီး စိုးဝင္း၊ ဗဟိုေကာ္မတီအဖြဲ႕ဝင္မ်ားျဖစ္ၾကသည့္ ဗိုလ္ခ်ဳပ္ႀကီး ျမထြန္းဦး၊ ဗိုလ္ခ်ဳပ္ႀကီး တင္ေအာင္စန္း၊ ဗိုလ္ခ်ဳပ္ႀကီးေမာင္ေမာင္ေက်ာ္၊ ဒုတိယဗိုလ္ခ်ဳပ္ႀကီး မိုးျမင့္ထြန္း၊ မန္းၿငိမ္းေမာင္၊ ေဒၚေအးႏုစိန္၊ Jeng Phang ေနာ္ေတာင္၊ ဦးစိုင္းလုံးဆိုင္၊ ေစာဒန္နီယယ္၊ ျပည္ထဲေရးဝန္ႀကီးဌာနႏွင့္ ျပည္ေထာင္စုအစိုးရအဖြဲ႕႐ုံးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဒုတိယဗိုလ္ခ်ဳပ္ႀကီး စိုးထြဋ္၊ နယ္စပ္ေရးရာဝန္္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဒုတိယ ဗိုလ္ခ်ဳပ္ႀကီး ထြန္းထြန္းေနာင္၊ ျပည္ေထာင္စုေရွ႕ေနခ်ဳပ္ ေဒါက္တာေဒၚသီတာဦး၊ ဒုတိယ ဗိုလ္ခ်ဳပ္ႀကီးရာျပည့္၊ ဗဟိုေကာ္မတီအတြင္းေရးမႉး ဒုတိယ ဗိုလ္ခ်ဳပ္ႀကီး ေအာင္လင္းေဒြးႏွင့္ တြဲဖက္အတြင္းေရးမႉး ဒုတိယဗိုလ္ခ်ဳပ္ႀကီး တင္ေမာင္ဝင္း၊ အမ်ိဳးသားစည္းလုံးညီၫြတ္ေရး ႏွင့္ ၿငိမ္းခ်မ္းေရးေဖာ္ေဆာင္မႈညႇိႏႈိင္းေရးေကာ္မတီ အဖြဲ႕ဝင္မ်ားျဖစ္ၾကသည့္ ဒုတိယဗိုလ္ခ်ဳပ္ႀကီး စိန္ဝင္း၊ ဒုတိယဗိုလ္ခ်ဳပ္ႀကီး ရဲေအာင္၊ ဒုတိယဗိုလ္ခ်ဳပ္ႀကီးေအးဝင္းႏွင့္ တာဝန္ရွိသူမ်ား တက္ေရာက္ၾကသည္။
အစည္းအေဝးတြင္ အမ်ိဳးသားစည္းလုံးညီၫြတ္ေရးႏွင့္ ၿငိမ္းခ်မ္းေရးေဖာ္ေဆာင္မႈ ဗဟိုေကာ္မတီဥကၠ႒၊ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရး ေကာင္စီ ဥကၠ႒က အဖြင့္အမွာစကား ေျပာၾကားရာ၌ ယေန႔အစည္းအေဝးသည္ မိမိတို႔ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ တာဝန္ယူၿပီးေနာက္ပိုင္းတြင္ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ႏွင့္ပတ္သက္ၿပီး ပထမဦးဆုံးက်င္းပ သည့္ အစည္းအေဝးျဖစ္ေၾကာင္း၊ မိမိတို႔တာဝန္ယူၿပီးေနာက္တြင္ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ကို က်ယ္က်ယ္ျပန႔္ျပန႔္ ေဆာင္႐ြက္ႏိုင္ရန္ အမ်ိဳးသားစည္းလုံးညီၫြတ္ေရးႏွင့္ ၿငိမ္းခ်မ္း ေရးေဖာ္ေဆာင္မႈဗဟိုေကာ္မတီ၊ လုပ္ငန္းေကာ္မတီႏွင့္ ညႇိႏႈိင္းေရးေကာ္မတီမ်ား ဖြဲ႕စည္း ေဆာင္႐ြက္ခဲ့ေၾကာင္း၊ ၿငိမ္းခ်မ္းေရးႏွင့္ ပတ္သက္ပါက ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရး ေကာင္စီ၏ ေရွ႕လုပ္ငန္းစဥ္(၅)ရပ္တြင္ “တစ္ႏိုင္ငံလုံး ထာဝရၿငိမ္းခ်မ္းေရးရရွိေစရန္ အတြက္ တစ္ႏိုင္ငံလုံး ပစ္ခတ္တိုက္ခိုက္မႈရပ္စဲေရး သေဘာတူစာခ်ဳပ္ NCA ပါသေဘာ တူညီခ်က္မ်ားအတိုင္း ျဖစ္ႏိုင္သမွ်အေလးထားေဆာင္႐ြက္သြားမည္”ဟူသည့္ လုပ္ငန္းစဥ္ ခ်မွတ္ထားသကဲ့သို႔ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ၏ ႏိုင္ငံေရးဦးတည္ခ်က္တြင္ လည္း “ တစ္ႏိုင္ငံလုံးထာဝရၿငိမ္းခ်မ္းေရးရရွိေရးအတြက္ တစ္ႏိုင္ငံလုံးပစ္ခတ္တိုက္ ခိုက္မႈရပ္စဲေရး သေဘာတူစာခ်ဳပ္ NCA ပါအတိုင္း အေလးထားေဆာင္႐ြက္သြားေရး” ဟူသည့္ ဦးတည္ခ်က္ခ်မွတ္ၿပီး NCA ကို အေလးထားအေကာင္အထည္ေဖာ္ေဆာင္ ႐ြက္သြားရန္ ဦးတည္ရည္မွန္းထားျခင္းကို ေတြ႕ရမည္ျဖစ္ေၾကာင္း။
အမွန္တကယ္တြင္ NCA သည္ ပစ္ခတ္တိုက္ခိုက္မႈရပ္စဲေရးမွ တစ္ဆင့္တိုင္းရင္း သားျပည္သူ အားလုံးအလိုရွိေနသည့္ ဒီမိုကေရစီႏွင့္ဖက္ဒရယ္စနစ္တို႔ကို အေျခခံသည့္ ျပည္ေထာင္စု တည္ေဆာက္ေရးအတြက္ လိုအပ္ေသာ အခင္းအက်င္းမ်ားကို အုတ္ျမစ္ ခ်ထားျခင္းျဖစ္ေၾကာင္း၊ ယင္းအေပၚတြင္ မိမိတို႔အေနျဖင့္ ညႇိႏႈိင္းေဆြးေႏြးအေျဖရွာၿပီး သေဘာတူညီခ်က္မ်ားအရ ဆက္လက္အေကာင္အထည္ေဖာ္ တည္ေဆာက္သြားႏိုင္ မွသာ ၿပီးျပည့္စုံသည့္ ျပည္ေထာင္စုပုံသ႑ာန္ ေပၚေပါက္လာမည္ျဖစ္ေၾကာင္း၊ ယင္းေနရာတြင္ ေတြ႕ဆုံညႇိႏႈိင္းအေျဖရွာျခင္းဆိုသည့္ ဒီမိုကေရစီ ယဥ္ေက်းမႈကိုလိုက္ နာရန္ အလြန္အေရးႀကီးေၾကာင္း၊ မည္သို႔ပင္ႀကီးမားသည့္ျပႆနာမ်ားျဖစ္ပါေစ ႏွစ္ဖက္ ေတြ႕ဆုံညႇိႏႈိင္းမည္ဆိုပါက အတိုင္းအတာတစ္ခုအထိ ေလွ်ာ့ခ်ႏိုင္မည္ျဖစ္ေၾကာင္း၊ အလ်ဥ္းသင့္၍ ယခင္အစိုးရလက္ထက္က အေျခအေနတစ္ခုကို ေျပာရပါက မိမိတို႔ တပ္မေတာ္အေနျဖင့္ အရပ္ဘက္ – စစ္ဘက္ဆက္ဆံေရးေကာင္းမြန္ေစရန္ ဖြဲ႕စည္းပုံ အေျခခံဥပေဒက သတ္မွတ္ထားသည့္ အမ်ိဳးသားကာကြယ္ေရးႏွင့္ လုံၿခဳံေရးေကာင္စီ အစည္းအေဝးကိုေခၚယူရန္ မိမိကိုယ္တိုင္ အႀကိမ္ႀကိမ္တိုက္တြန္းခဲ့ေသာ္လည္း လ်စ္လ်ဴ ရႈခံခဲ့ရေၾကာင္း၊ ထို႔ျပင္မဲမသမာမႈမ်ားႏွင့္ပတ္သက္ၿပီး ယခင္ UEC ႏွင့္ ႏိုင္ငံေရးပါတီ မ်ားအၾကား ေတြ႕ဆုံညႇိႏႈိင္းေျဖရွင္းေပးရန္၊ ျပည္ေထာင္စုလႊတ္ေတာ္ အထူးအစည္းအေဝး ေခၚယူေျဖရွင္းေပးရန္ႏွင့္ အမ်ိဳးသားကာကြယ္ေရးႏွင့္ လုံၿခဳံေရးေကာင္စီ အစည္းအေဝး ေခၚယူေပးရန္ အႀကိမ္ႀကိမ္တိုက္တြန္းခဲ့ေသာ္လည္း ေတြ႕ဆုံေဆြးေႏြးသည့္ လမ္းေၾကာင္း ကို ျငင္းပယ္ခဲ့သည့္အတြက္ ဖြဲ႕စည္းပုံအေျခခံဥပေဒက တာဝန္ေပးအပ္ထားခ်က္အရ တပ္မေတာ္ကမလႊဲမေရွာင္သာ ေဆာင္႐ြက္ခဲ့ရျခင္း ျဖစ္ေၾကာင္း၊ မိမိတို႔အေနျဖင့္ မိမိတို႔ တိုင္းရင္းသားမ်ားၾကားတြင္ မေက်လည္မႈမ်ား၊ သံသယမ်ား၊ မယုံၾကည္မႈမ်ား၊ စိုးရိမ္မႈ မ်ားသည္ ေတြ႕ဆုံေဆြးေႏြးညႇိႏႈိင္း အေျဖရွာျခင္းဆိုသည့္ ဒီမိုကေရစီယဥ္ေက်းမႈကို က်င့္သုံးျခင္းျဖင့္ အမ်ိဳးသားစည္းလုံးညီၫြတ္ေရးႏွင့္ ၿငိမ္းခ်မ္းေရးကိုေဖာ္ ေဆာင္ႏိုင္မည္ ဆိုျခင္းကို မီးေမာင္းထိုးျပလိုျခင္းျဖစ္ေၾကာင္း။
ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ၏ ေရွ႕လုပ္ငန္းစဥ္ (၅) ရပ္တြင္လည္း NCA ပါ သေဘာတူခ်က္မ်ားအတိုင္း ျဖစ္ႏိုင္သမွ်အေလးထား ေဆာင္႐ြက္သြားမည္ဟုေဖာ္ျပ ထားသည့္အတြက္ ျပည္ေထာင္စုလႊတ္ေတာ္တြင္ အတည္ျပဳသည့္အဆင့္မွအပ က်န္သည့္ အစိတ္အပိုင္းမ်ား ေဆာင္႐ြက္၍ရပါေၾကာင္း၊ လႊတ္ေတာ္ကိုယ္စားလွယ္မ်ား၊ ႏိုင္ငံေရး ပါတီမ်ား မရွိသည့္အတြက္ေၾကာင့္ ေဆာင္႐ြက္၍မရဟုထင္ျမင္ယူဆႏိုင္ ေသာ္လည္း ေ႐ြးေကာက္ပြဲ ထပ္မံက်င္းပၿပီးပါကလက္ရွိရွိေနသည့္ ႏိုင္ငံေရးပါတီမ်ားမွ ကိုယ္စားလွယ္ မ်ားကသာ ေ႐ြးေကာက္ခံကိုယ္စားလွယ္မ်ား ျဖစ္လာမည့္အျပင္ အမ်ားစုအႏိုင္ရသည့္ ပါတီကလည္းအစိုးရဖြဲ႕စည္းၿပီး တာဝန္ယူေဆာင္႐ြက္ရမည္ ျဖစ္သည့္အတြက္ လက္ရွိ ရွိေနသည့္ ႏိုင္ငံေရးပါတီအစုအဖြဲ႕ႏွင့္ အစိုးရအစုအဖြဲ႕တို႔ျဖင့္ ႏိုင္ငံေရးအရ ေတြ႕ဆုံ ေဆြးေႏြးမႈမ်ား ဆက္လက္ေဆာင္႐ြက္သြားႏိုင္မည္ ျဖစ္ေၾကာင္း၊ ယင္းသို႔ ၿငိမ္းခ်မ္းေရး လုပ္ငန္းစဥ္ကို စဥ္ဆက္မျပတ္ေဆာင္႐ြက္သြားျခင္းအားျဖင့္ မိမိတို႔ရည္မွန္းထားသည့္ ထာဝရၿငိမ္းခ်မ္းေရး ရရွိေရးအတြက္ပိုမိုအေကာင္အထည္ေဖာ္ ေဆာင္႐ြက္သြားႏိုင္မည္ ျဖစ္ေၾကာင္း။
ဒီမိုကေရစီႏွင့္ ဖက္ဒရယ္စနစ္တို႔ကို အေျခခံသည့္ ျပည္ေထာင္စုတည္ေဆာက္ ရာတြင္ ဒီမိုကေရစီႏွင့္ပတ္သက္၍လည္းေကာင္း၊ ဖက္ဒရယ္ႏွင့္ပတ္သက္၍လည္း ေကာင္း မည္သို႔ပင္အယူအဆအမ်ိဳးမ်ိဳးကြဲျပားေနပါေစ မိမိတို႔ႏိုင္ငံႏွင့္ သဟဇာတျဖစ္ သည့္ စနစ္မ်ိဳးကို ေ႐ြးခ်ယ္ေဆာင္႐ြက္ရန္လိုအပ္ေၾကာင္း၊ ဒီမိုကေရစီႏွင့္ပတ္သက္ၿပီး အမ်ားဆႏၵအတိုင္း ေဆာင္႐ြက္ရသလို လူနည္းစုဆႏၵကိုလည္း အေလးထားရန္လိုအပ္ ေၾကာင္း၊ မိမိဆႏၵႏွင့္ မကိုက္ညီပါက ရန္သူလို႔သေဘာထားၿပီး ခြဲျခားဆက္ဆံမႈမ်ား၊ လူမႈဆက္ဆံေရးအရျပစ္ဒဏ္ခတ္ၿပီး လူ႔အသိုင္းအဝိုင္းမွ ဖယ္ၾကဥ္ထားျခင္းမ်ိဳးသည္ ေက်းပိုင္ကြၽန္ပိုင္ေခတ္က လူတန္းစားခြဲျခားသည့္ အေတြးအေခၚမ်ားျဖစ္ၿပီး ဒီမိုကေရ စီႏွင့္ လုံးဝကိုက္ညီမႈမရွိသည္ကို ေတြ႕ရေၾကာင္း၊ ပုဂၢိဳလ္ေရးအရ အလြန္အမင္းကိုးကြယ္ မႈသည္လည္း လူ႔အဖြဲ႕အစည္းအတြင္း ကြဲျပားမႈမ်ားကို ျဖစ္ေပၚေစၿပီး အမ်ိဳးသားစည္းလုံး ညီၫြတ္မႈကို ထိခိုက္ေစႏိုင္ေၾကာင္း၊ ထို႔ေၾကာင့္ ဒီမိုကေရစီႏွင့္ ဆန႔္က်င္ဘက္ျဖစ္သည့္ ပုဂၢိဳလ္ေရးကိုးကြယ္မႈႏွင့္ ခြဲျခားဆက္ဆံမႈမ်ားကို မိမိတို႔လူ႔အဖြဲ႕အစည္းအတြင္းမက်င့္ သုံးႏိုင္ေအာင္ စဥ္းစားေဆာင္႐ြက္ရန္ လိုအပ္ေၾကာင္း။
ဖက္ဒရယ္စနစ္ႏွင့္ပတ္သက္ၿပီး မိမိတို႔လိုရာကို အဓိပၸါယ္အမ်ိဳးမ်ိဳး၊ စံႏႈန္း အမ်ိဳးမ်ိဳးဖြင့္ဆိုၿပီး ေျပာေနၾကေသာ္လည္း အႏွစ္သာရအေနျဖင့္ ေပါင္းစည္းျခင္းႏွင့္ သဟဇာတျဖစ္မႈပင္ ျဖစ္ေၾကာင္း၊ ဖက္ဒရယ္သည္ မတူကြဲျပားသည့္ တိုင္းေဒသႀကီးမ်ား၊ ျပည္နယ္မ်ား၊ လူမ်ိဳးမ်ား၊ လူမ်ိဳးစုမ်ား စုစည္းထားရာမွ အခ်ဳပ္အျခာအာဏာျဖစ္သည့္ အာဏာ(၃)ရပ္ကို ခြဲေဝက်င့္သုံးျခင္းပင္ျဖစ္ေၾကာင္း၊ ထိုသို႔ေဆာင္႐ြက္ရာတြင္ ျပည္ေထာင္စု၊ တိုင္းေဒသႀကီး၊ ျပည္နယ္အၾကား ဖြဲ႕စည္းပုံအေျခခံဥပေဒအရ အာဏာခြဲေဝ ေဆာင္႐ြက္ သြားျခင္းျဖင့္ တိုင္းေဒသႀကီး၊ ျပည္နယ္မ်ားသည္ ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္၊ ကိုယ္ပိုင္ တရားစီရင္ခြင့္၊ ကိုယ္ပိုင္ဥပေဒျပဌာန္းခြင့္ဟူသည့္ တိုင္းေဒသႀကီး၊ ျပည္နယ္အလိုက္ အေျခခံဥပေဒအရ ကိုယ္ပိုင္ျပဌာန္းခြင့္ ရရွိမည္ျဖစ္ပါေၾကာင္း၊ မိမိတို႔ႏိုင္ငံ၏ တိုင္းေဒသႀကီး၊ ျပည္နယ္မ်ားတြင္ လူမ်ိဳးတစ္မ်ိဳးတည္းသာ ေနထိုင္သည့္ တိုင္းေဒသႀကီး၊ ျပည္နယ္ဟူ၍ လုံးဝမရွိေၾကာင္း၊ လူမ်ိဳးေပါင္းစုံ ေရာယွက္ေနထိုင္ၾကေၾကာင္း၊ တိုင္းေဒသႀကီးမ်ားတြင္ လည္း တိုင္းရင္းသားမ်ား ပ်ံ႕ႏွံ႔ေနထိုင္ေနသည္ကို ေတြ႕ရမည္ျဖစ္ေၾကာင္း။
သာဓကအားျဖင့္ ၂၀၁၄ခုႏွစ္ လူဦးေရစာရင္းအရ ရွမ္းျပည္နယ္တြင္လူဦးေရ ၅၈ သိန္းေက်ာ္၊ ပ်ံ႕ႏွံ႔ေနထိုင္လ်က္ရွိၿပီး လူဦးေရအခ်ိဳးတြင္ ရွမ္း ၃၅ ဒသမ ၂၃ရာခိုင္ႏႈန္း၊ ဗမာ ၁၁ ဒသမ ၄၄ရာခိုင္ႏႈန္း၊ ပအို႔ဝ္ ၈ ဒသမ ၉၄ ရာခိုင္ႏႈန္း၊ ပေလာင္ ၇ ဒသမ ၀၆ ရာခိုင္ႏႈန္း၊ ‘ဝ’ ၆ ဒသမ ၄၁ ရာခိုင္ႏႈန္း၊ ဓႏု ၄ ဒသမ ၄ရာခိုင္ႏႈန္း၊ ကိုးကန႔္ ၃ ဒသမ ၂၂ရာခိုင္ႏႈန္း၊ လားဟူ ၄ ဒသမ ၀၅ရာခိုင္ႏႈန္း၊ ဂ်ိန္းေဖာ ၂ ဒသမ ၃၅ရာခိုင္ႏႈန္းႏွင့္က်န္တိုင္းရင္းသား ၁၆ ဒသမ ၈၄ ရာခိုင္ႏႈန္း ေရာေႏွာေနထိုင္ေနျခင္းကို ေတြ႕ရေၾကာင္း၊ အလားတူ ကခ်င္ ျပည္နယ္တြင္ဆိုပါက လူဦးေရ၁၆ သိန္းေက်ာ္ပ်ံ႕ႏွံ႔ေနထိုင္လ်က္ရွိၿပီး လူဦးေရ အခ်ိဳး တြင္ ဗမာ ၂၉ ဒသမ ၂ ရာခိုင္ႏႈန္း၊ ရွမ္း ၂၃ ဒသမ ၆ ရာခိုင္ႏႈန္း၊ ဂ်ိမ္းေဖာ ၁၈ ဒသမ ၉၇ ရာခိုင္ႏႈန္း၊ လီဆူး ၇ ရာခိုင္ႏႈန္း၊ ရဝမ္ ၅ ဒသမ ၅ ရာခိုင္ႏႈန္း၊ ေလာေဝၚ ၃ ဒသမ ၃၃ ရာခိုင္ႏႈန္း၊ လာခ်ိတ္ ၂ ဒသမ ၈၉ ရာခိုင္ႏႈန္း၊ ဇိုက္ဝါး ၁ ဒသမ ၅၇ ရာခိုင္ႏႈန္းႏွင့္ က်န္တိုင္းရင္းသားမ်ား အေနျဖင့္ ၈ ရာခိုင္ႏႈန္းေရာေႏွာေနထိုင္ေနသည္ကို ေတြ႕ရေၾကာင္း၊ ရွမ္းျပည္နယ္ဟုဆိုေသာ္လည္း ရွမ္းလူမ်ိဳး ၃၅ရာခိုင္ႏႈန္းေက်ာ္၊ ကခ်င္ျပည္နယ္ ဟုဆိုေသာ္လည္း ကခ်င္လူမ်ိဳး ၃၉ ရာခိုင္ႏႈန္းသာ ရွိသည့္အတြက္ လူမ်ိဳးအလိုက္ျပည္ နယ္ သတ္မွတ္လိုက္ျခင္းသည္ အျခားလူမ်ိဳးမ်ားကိုလည္း မိမိတို႔လူမ်ိဳးနာမည္ႏွင့္ ျပည္နယ္ေတာင္းဆိုမႈမ်ား ျဖစ္ေပၚလာသည္ကိုလည္း ႀကဳံေတြ႕ေနရေၾကာင္း၊ လူမ်ိဳးတစ္ မ်ိဳးတည္းက ပိုင္ဆိုင္ျခင္းမဟုတ္ဘဲ ျပည္နယ္အတြင္းတြင္ ေနထိုင္သည့္ လူမ်ိဳးအားလုံး က ပိုင္ဆိုင္ျခင္းဆိုသည့္ လကၡဏာေဆာင္သည့္ ေဒသအမည္ကို အစြဲျပဳသည့္ ျပည္နယ္ အမည္ျဖစ္ေပၚလာႏိုင္ပါက အမ်ိဳးသားစည္းလုံးညီၫြတ္ေရးအတြက္ ႀကီးမားေသာ အေထာက္အပံ့ ျဖစ္မည္ဟု မိမိယူဆေၾကာင္း၊ ယင္းႏွင့္ပတ္သက္၍လည္း အားလုံးက ဝိုင္းဝန္းစဥ္းစား အေျဖရွာသြားရန္ တိုက္တြန္းလိုေၾကာင္း။
မိမိတို႔ယေန႔ ၿငိမ္းခ်မ္းေရး ႀကိဳးပမ္းေဆာင္႐ြက္ေနျခင္းသည္ မိမိတို႔၏သားစဥ္ ေျမးဆက္လူငယ္မ်ားအတြက္ တည္ၿငိမ္သည့္ အနာဂတ္ႏွင့္ ဖြံ႕ၿဖိဳးတိုးတက္ၿပီး ကမာၻ႔ အဆင့္မီ ႏိုင္ငံတစ္ခုျဖစ္ေအာင္ လက္ဆင့္ကမ္း အေမြေပးႏိုင္ရန္ အမ်ိဳးသားေရးတာဝန္ အျဖစ္ ႀကိဳးပမ္းအေကာင္အထည္ေဖာ္ ေဆာင္႐ြက္ေနျခင္းပင္ ျဖစ္ေၾကာင္း၊ ကိုယ္က်ိဳးစီးပြား အတြက္၊ တစ္ဦးတစ္ေယာက္ နာမည္ေကာင္းရရန္အတြက္ ေဖာ္ေဆာင္ေနျခင္း မဟုတ္ သည္ကို ေျပာၾကားလိုေၾကာင္း။
မိမိတို႔အေနျဖင့္ ဖြဲ႕စည္းပုံ အေျခခံဥပေဒအရ ႏိုင္ငံေတာ္တာဝန္လႊဲေျပာင္းရယူ ခဲ့ၿပီးေနာက္တြင္ လိုအပ္ေသာ တည္ၿငိမ္ေအးခ်မ္းမႈမ်ားကို ေဆာင္႐ြက္ၿပီး ေ႐ြးေကာက္ပြဲ အႏိုင္ရရွိသည္ပါတီကို အစိုးရတစ္ရပ္ဖြဲ႕စည္းႏိုင္သည္အထိ ပံ့ပိုးေဆာင္႐ြက္သြားမည္ ျဖစ္ေၾကာင္း၊ တာဝန္ယူစဥ္ကာလအတြင္း ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္မ်ား အပါအဝင္ နယ္ေျမအသီးသီးမွ ေဆာင္႐ြက္ဆဲ လုပ္ငန္းစဥ္မ်ားကို အရွိန္အဟုန္မပ်က္ဆက္လက္ ေဆာင္႐ြက္သြားမည္ ျဖစ္ေၾကာင္း၊ ထို႔ျပင္ဖြဲ႕စည္းပုံအေျခခံဥပေဒႏွင့္ လြဲေခ်ာ္ေနသည့္ လုပ္ငန္းစနစ္မ်ား၊ အမ်ိဳးသားစည္းလုံးညီၫြတ္ေရးႏွင့္ အမ်ိဳးသားလုံၿခဳံေရးကိုထိခိုက္ ေစသည့္ လုပ္ငန္းစဥ္မ်ားကိုလည္း ဖြဲ႕စည္းပုံအေျခခံဥပေဒ၊ တည္ဆဲဥပေဒမ်ားႏွင့္အညီ ျပန္လည္တည့္မတ္ေဆာင္႐ြက္သြားမည္ ျဖစ္ေၾကာင္း၊ ယင္းကဲ့သို႔ေဆာင္႐ြက္ျခင္းသည္ တပ္မေတာ္အေနျဖင့္ အမ်ိဳးသားအက်ိဳးစီးပြားကို ကာကြယ္သည့္ အမ်ိဳးသားႏိုင္ငံေရးကို ဦးတည္ေဆာင္႐ြက္ေနျခင္းပင္ ျဖစ္ေၾကာင္းေျပာၾကားသည္။
ထို႔ေနာက္ အမ်ိဳးသားစည္းလုံးညီၫြတ္ေရးႏွင့္ ၿငိမ္းခ်မ္းေရးေဖာ္ေဆာင္မႈ ဗဟိုေကာ္မတီတြဲဖက္အတြင္းေရးမႉး ဒုတိယဗိုလ္ခ်ဳပ္ႀကီး တင္ေမာင္ဝင္းကျပည္ေထာင္စု ၿငိမ္းခ်မ္းေရးညီလာခံမ်ား က်င္းပႏိုင္ခဲ့မႈႏွင့္ သေဘာတူစာခ်ဳပ္မ်ားခ်ဳပ္ဆိုႏိုင္ခဲ့မႈ၊ ၿငိမ္းခ်မ္းေရးဆိုင္ရာ ေကာ္မတီမ်ားဖြဲ႕စည္းေဆာင္႐ြက္ႏိုင္ခဲ့မႈ၊ အစိုးရ၊ NCAs-EAO ေခါင္းေဆာင္မ်ားသီးသန႔္ေဆြးေႏြးႏိုင္ခဲ့မႈမ်ားႏွင့္ သေဘာထားထုတ္ျပန္ခ်က္မ်ားထုတ္ ျပန္ခဲ့မႈ၊ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ အစည္းအေဝးမ်ားက်င္းပႏိုင္ခဲ့မႈ၊ ျပည္ေထာင္စု သေဘာတူ စာခ်ဳပ္ အစိတ္အပိုင္း(၃) ခ်ဳပ္ဆိုႏိုင္ခဲ့မႈ၊ ၂၀၂၀ အလြန္ အဆင့္အလိုက္ ေရွ႕လုပ္ငန္းစဥ္မ်ားႏွင့္ အဆင့္အလိုက္အေကာင္အထည္ ေဖာ္မႈအေျခအေန၊ လမ္းၫြန္ အေျခခံမူသေဘာတူညီခ်က္မ်ား ဆက္လက္ေဆြးေႏြးရန္ အခ်က္မ်ားက်န္ရွိမႈ အေျခ အေန၊ အစိုးရ၊ လႊတ္ေတာ္၊ တပ္မေတာ္အစုအဖြဲ႕တို႔ ၿငိမ္းခ်မ္း ေရးလုပ္ငန္းစဥ္ ေဆြးေႏြး ခဲ့မႈ အေျခအေနတို႔ႏွင့္စပ္လ်ဥ္း၍ ရွင္းလင္းေျပာၾကားသည္။
ယင္းေနာက္ ဗဟိုေကာ္မတီဝင္မ်ားျဖစ္ၾကသည့္ Jeng Phang ေနာ္ေတာင္၊ မန္းၿငိမ္းေမာင္၊ ေဒၚေအးႏုစိန္၊ ေစာဒန္နီယယ္ႏွင့္ ဦးစိုင္းလုံးဆိုင္က ကခ်င္ျပည္နယ္ ၿငိမ္းခ်မ္းေရး လုပ္ငန္းစဥ္မ်ား ပိုမိုေအာင္ျမင္ေစေရးအတြက္ ၿငိမ္းခ်မ္းေရးအက်ိဳး ေဆာင္အဖြဲ႕ ကိုတိုးခ်ဲ႕ဖြဲ႕စည္းေပးေရး၊ တိုင္းရင္း သားလက္နက္ကိုင္အဖြဲ႕အစည္းမ်ား ႏွင့္ အလြတ္သေဘာေတြ႕ဆုံ ေဆြးေႏြးမႈမ်ား ျပဳလုပ္ႏိုင္ေရးႏွင့္ မၾကာခဏေတြ႕ဆုံေဆြးေႏြး ႏိုင္ေရး၊ တိုက္ပြဲေရွာင္ျပည္သူမ်ား အမိုးအကာေအာက္ျပန္ လည္ေရာက္ရွိေရး၊ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ တာဝန္ယူထားသည့္ကာလတြင္ တိုင္းရင္းသား အားလုံး NCA တြင္ပါဝင္လက္မွတ္ေရးထိုးႏိုင္ေရး၊ ရခိုင္ျပည္နယ္အတြင္း ယာယီအပစ္ အခတ္ရပ္စဲေရးမွ ထာဝရၿငိမ္းခ်မ္းေရးရရွိသည္အထိ ဆက္လက္ေဆာင္႐ြက္သြားေရး၊ တိုက္ပြဲေရွာင္ျပည္သူမ်ား ေနရပ္ျပန္ႏိုင္ေရး၊ ေကာလာဟလသတင္းမ်ား ႏွင့္ပတ္သက္၍ သတင္းအမွန္အား အခ်ိန္ႏွင့္တစ္ေျပးညီထုတ္ျပန္သြားေရး၊ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ မ်ားႏွင့္စပ္လ်ဥ္း၍ ယုံၾကည္မႈတည္ေဆာက္ရန္၊ ျပည္နယ္အဆင့္ေကာ္မတီမ်ား ျပန္လည္ ဖြဲ႕စည္းေရး၊ ၿငိမ္းခ်မ္းေရး လုပ္ငန္းစဥ္မ်ားတြင္ တိုင္းရင္းသားအားလုံး ပါဝင္ႏိုင္ေရးတို႔ကို ဆက္လက္ ေဆြးေႏြးၾကသည္။
ထို႔ေနာက္ အမ်ိဳးသားစည္းလုံးညီၫြတ္ေရးႏွင့္ ၿငိမ္းခ်မ္းေရးေဖာ္ေဆာင္မႈဗဟိုေကာ္မတီ ဥကၠ႒၊ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရး ေကာင္စီဥကၠ႒က ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္မ်ားႏွင့္ စပ္လ်ဥ္း၍ ျပည္နယ္အဆင့္ေကာ္မတီမ်ားကို ျပန္လည္ဖြဲ႕စည္းသြားမည္ျဖစ္ေၾကာင္း၊ တိုက္ပြဲေရွာင္စခန္းမ်ားမွ ျပည္သူမ်ားေနရပ္ျပန္ႏိုင္ေရးႏွင့္ ေနထိုင္မႈအဆင္ေျပေစေရး အတြက္ အျမန္ဆုံးေဆာင္႐ြက္ေပးသြားမည္ျဖစ္ေၾကာင္း၊ တိုင္းရင္းသားလက္နက္ကိုင္ အဖြဲ႕အစည္းမ်ားအေနျဖင့္ တပ္မေတာ္အေပၚသေဘာထားအျမင္ ကြဲလြဲေနမႈအေပၚ ေဆြးေႏြးသြားမည္ျဖစ္ေၾကာင္း၊ တပ္မေတာ္အေနျဖင့္ ႏိုင္ငံေတာ္ကာကြယ္ေရးအတြက္ ပုံမွန္လုပ္ငန္းမ်ားသာေဆာင္႐ြက္လ်က္ရွိေၾကာင္း၊ NCA တြင္လက္မွတ္ေရးထိုးရန္ က်န္ရွိ ေနသည့္ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕အစည္းမ်ား ပါဝင္လက္မွတ္ေရးထိုးႏိုင္ေရး အတြက္ ႀကိဳးစားေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း၊ တိုင္းရင္းသားလက္နက္ကိုင္ အဖြဲ႕ အစည္းမ်ားအေနျဖင့္ ၿငိမ္းခ်မ္းေရးလမ္းေၾကာင္းအေပၚ ေလွ်ာက္လွမ္းရန္လိုအပ္ ေၾကာင္း၊ ဒီမိုကေရစီအခြင့္အေရးကို တိုင္းရင္းသားအားလုံး ခံစားေစလိုေၾကာင္း။
လက္ရွိေရာက္ရွိေနသည့္ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္မ်ားရ ေတြ႕ဆုံေဆြးေႏြးမႈမ်ားကို အပိုင္း(၄)ပိုင္းခြဲၿပီး စဥ္ဆက္မျပတ္ ညႇိႏႈိင္ေဆာင္႐ြက္ေနရန္လိုအပ္ေၾကာင္း၊ အလြတ္ သေဘာေတြ႕ဆုံေဆြးေႏြးမႈမ်ား၊ တရားဝင္ ေဆြးေႏြးမႈမ်ားကိုလည္း လိုအပ္သလို ညႇိႏႈိင္း ေဆာင္႐ြက္သြားရန္ လိုေၾကာင္း၊ ပစ္ခတ္တိုက္ခိုက္မႈရပ္စဲေရးခိုင္မာေစေရးအတြက္ Bilateral ေဆြးေႏြးပြဲမ်ားကို သတ္မွတ္ခ်က္ႏွင့္အညီ စဥ္ဆက္မျပတ္ေဆာင္႐ြက္ရန္လို အပ္ေၾကာင္း၊ NCAအရ တရားဝင္အစည္းအေဝးမ်ားႏွင့္ ၿငိမ္းခ်မ္းေရးညီလာခံက်င္းပႏိုင္ သည္အထိ ညႇိႏႈိင္းေဆာင္႐ြက္သြားရန္လိုေၾကာင္း၊ အမ်ိဳးသားစည္းလုံးညီၫြတ္ေရး၊ ၿငိမ္းခ်မ္းေရးေဖာ္ေဆာင္ေရးႏွင့္ပတ္သက္ၿပီး (က) ဒီမိုကေရစီႏွင့္ဖက္ဒရယ္စနစ္တို႔ကို အေျခခံသည့္ ျပည္ေထာင္စုတည္ေဆာက္ရန္၊ (ခ) ေတြ႕ဆုံေဆြးေႏြး ညႇိႏႈိင္းအေျဖရွာျခင္း ဆိုသည့္ ဒီမိုကေရစီယဥ္ေက်းမႈကိုက်င့္သုံးျခင္းျဖင့္ အမ်ိဳးသားစည္းလုံးညီၫြတ္ေရးႏွင့္ ၿငိမ္းခ်မ္းေရးကိုေဖာ္ေဆာင္ရန္၊ (ဂ) အမ်ိဳးသားစည္းလုံးညီၫြတ္ေရးအတြက္ လိုအပ္ သည့္ မဟာဗ်ဴဟာမ်ား ခ်မွတ္ေဆာင္႐ြက္ရန္၊ (ဃ) ၿငိမ္းခ်မ္းေရးေဖာ္ေဆာင္မႈႏွင့္အတူ ျပန္လည္ထူေထာင္ေရးႏွင့္ ဖြံ႕ၿဖိဳးေရးလုပ္ငန္းမ်ားကိုလည္း စီမံခ်က္မ်ားခ်မွတ္ေဆာင္႐ြက္ ရန္ႏွင့္ (င)လူ႔အဖြဲ႕အစည္းအတြင္းတြင္ ကြဲျပားေစမည့္အေျခခံအေၾကာင္းအရာမ်ားကို သုေတသနျပဳေဖာ္ထုတ္ၿပီး ကာကြယ္တားဆီးေဆာင္႐ြက္သြားရန္ စသည့္လမ္းၫႊန္ခ်က္ (၅)ရပ္ ကိုဆက္လက္ အေကာင္အထည္ေဖာ္ေဆာင္႐ြက္သြားရမည္ျဖစ္ေၾကာင္း။
လုပ္ငန္းေကာ္မတီအေနျဖင့္ လိုအပ္သည့္အခ်ိန္ဇယားႏွင့္ မဟာဗ်ဴဟာမ်ားကို ခ်မွတ္ေပးၿပီး ညႇိႏႈိင္းေရးေကာ္မတီက လက္ေတြ႕အေကာင္အထည္ေဖာ္ေဆာင္႐ြက္ သြားရန္လိုေၾကာင္း၊ ဗဟိုေကာ္မတီအစည္းအေဝးကို လိုအပ္ခ်က္အေပၚမူတည္ၿပီး အခါ အားေလ်ာ္စြာ က်င္းပသြားမည္ျဖစ္ေၾကာင္း၊ လုပ္ငန္းေကာ္မတီသည္ ဖြံ႕ၿဖိဳးေရးကိစၥမ်ား၊ IDP ကိစၥမ်ား၊ NCA အခန္း(၆)တြင္ပါဝင္သည့္ ၾကားကာလဆိုင္ရာကိစၥရပ္မ်ားကို သက္ဆိုင္ရာျပည္ေထာင္စုဝန္ႀကီးမ်ား၊ တိုင္းေဒသႀကီးႏွင့္ ျပည္နယ္စီမံအုပ္ခ်ဳပ္ေရး ေကာင္စီဥကၠဌမ်ားႏွင့္ ညႇိႏႈိင္းၿပီး အေကာင္အထည္ေဖာ္ ေဆာင္႐ြက္ၾကရန္လိုေၾကာင္း၊ အေသးစိတ္ေဆာင္႐ြက္ရမည့္ ညႇိႏႈိင္းမႈမ်ားကို ညႇိႏႈိင္းေရးေကာ္မတီက ဆက္လက္ ေဆာင္႐ြက္ၾကရန္ျဖစ္ေၾကာင္း၊ ၿငိမ္းခ်မ္းေရးႏွင့္ ဖြံ႕ၿဖိဳးတိုးတက္ေရးသည္ တိုက္႐ိုက္ အခ်ိဳးက်ေနသည့္အတြက္ ဟန္ခ်က္ညီအေကာင္ အထည္ေဖာ္ေဆာင္႐ြက္သြားရန္လိုေၾကာင္းျဖင့္ ေျပာၾကားခဲ့သည္။