မေး။ ။ အခုလတ်တလောမှာပဲ ဗိုလ်ချုပ်မှူးကြီးကို မီဒီယာများမှာ မြင်ရတာ လန်းလန်းဆန်းဆန်းနဲ့ ကျန်းကျန်းမာမာရှိတာ တွေ့ရပါတယ်။
ဖြေ။ ။ နေကောင်းပါတယ်။ ခရီးလည်းသွားနေတာဖြစ်တဲ့အတွက်ကြောင့် နောက်တစ်ခုက ပြည်သူနဲ့ ထိတွေ့မှုရှိတာလည်း ပိုကောင်းတယ်လို့ ယူဆတဲ့အ တွက်ကြောင့် ကျွန်တော်ကလည်း ပြောစရာရှိတာပြော၊ သွားစရာရှိတာသွား၊ လုပ်စ ရာရှိတာ လုပ်နေပါတယ်။
မေး။ ။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မင်္ဂလာပါရှင်။ အခု ကမ္ဘာ့အပြင်ဘက် မှာ ပြောဆိုနေကြတဲ့ အတိုင်း မြန်မာပြည်ဟာ ဖေဖော်ဝါရီလမှာ ဖြစ်ပေါ်ပြောင်းလဲ မှုတွေကို သူတို့အနေနဲ့ သတိထားမိပါတယ်။ အဲ့ဒီအပေါ်မှာ အပြင်ကလူတွေဟာ ပြောကြားနေတာကတော့ စစ်အာဏာသိမ်းမှုလို့ ပြောဆိုနေကြတာရှိပါတယ်။ အဲ့ဒီ အပေါ်မှာ အဆွေတော် ဗိုလ်ချုပ်မှူးကြီးအနေနဲ့ ဘယ်လိုများ တုန့်ပြန်ပြောဆိုချင်ပါ သလဲ။
ဖြေ။ ။ ဒါသူတို့အမြင်ပြောတာပါ။ သေချာတာက မြန်မာနိုင်ငံရဲ့ ဖွဲ့စည်းပုံအခြေ ခံ ဥပဒေကို နားမလည်ဘူးဆိုတာတော့ ထင်ရှားပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေကို နားမလည်ဘူးဆိုတာ တစ်ချက်ပေါ့။ နောက် ကျွန်တော်တို့မှာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေက ပေးအပ်ထားတဲ့ အခွင့်အရေးတွေရှိတယ်။ အဲ့ဒီအခွင့်အရေးတွေက လုပ်လို့ ရတာတွေ အများကြီးရှိပါတယ်။
နောက်တစ်ခုက အာဏာသိမ်းတာနဲ့ အာဏာထိန်းသိမ်းတာ မတူဘူး ဆိုတာ ကျွန်တော် ခွဲခြားပြီးပြောချင်တယ်။ ကျွန်တော်တို့ရဲ့ အခြေခံဥပဒေပုဒ်မ ၄၁၇ မှာ ပြဌာန်းထားတဲ့ တစ်ချက်ရှိတယ်။ အဲ့ဒီမှာ အရေးပေါ်အခြေအနေဖြစ် ပေါ်လာရင် တပ်မတော်ကနေ နိုင်ငံတော်ကို ထိန်းသိမ်းပေးဖို့အတွက် တာဝန်ရှိတဲ့ တစ်ချက် ပါပါတယ်။ ဒီတာဝန်အရ ကျွန်တော်တို့က နိုင်ငံတော်ရဲ့ တာဝန်ကိုယူရတာပါ။ ဒါကို ပြန်ပြီး အသေးစိတ်ပြောရရင် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၆ မှာ တပ်မတော်သည် အမျိုးသားနိုင်ငံရေးတာဝန်ကို ထမ်းဆောင်ရမယ်ဆိုတဲ့ တစ်ချက် ဖော်ပြထားတယ်။ ပုဒ်မ ၂၀ မှာ ဖွဲ့စည်းပုံအခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ရမယ်ဆိုပြီး ဖော်ပြထားတာ တစ်ချက်ရှိတယ်။ ပုဒ်မ ၄၁၇ မှာ နိုင်ငံတော်မှာ အရေးပေါ် အခြေ အနေ ဖြစ်ပေါ်လာရင် တပ်မတော်က ဝင်ရောက် ထိန်းသိမ်းနိုင်တဲ့ အခွင့်အရေးရှိ တယ်ဆိုတာ ဖော်ပြထားတယ်။ ဒီအချက်ကြောင့် ကျွန်တော်တို့က အာဏာသိမ်း စရာမလိုဘဲနဲ့ တိုင်းပြည်ကို ဝင်ရောက်ထိန်းသိမ်းပေးတာဖြစ်တယ်ဆိုတာကို ကျွန်တော် ကနဦးရှင်းပြလိုပါတယ်။
အရေးပေါ်အခြေအနေ ကြေညာပြီး တိုင်းပြည်ထိန်းသိမ်းတဲ့အခါမှာ တပ်မတော်က ထိန်းသိမ်းတဲ့ အစိုးရ တစ်ခုဖွဲ့စည်းထားပါတယ်။ အဲ့အစိုးရထဲမှာ တပ်မတော်ကလည်းပါတယ်၊ အရပ်ဖက် ကျွမ်းကျင်တဲ့ ပုဂ္ဂိုလ်တွေ၊ သြဇာအာဏာ ရှိတဲ့ပုဂ္ဂိုလ်တွေလည်းပါပါတယ်။ တပ်မတော်သားချည်း အားလုံးက တာဝန်ယူထား တာ မဟုတ်ဘူး။ နံပါတ်(၁) အချက်အနေဖြင့် ခင်ဗျားတွေ့ရလိမ့်မယ်။ ဒုတိယ အချက်အနေနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေအတိုင်းပဲ ကျွန်တော်တို့သွားပါတယ်။ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို မပယ်ဖျက်ဘူး ဥပဒေကြီး ရှိနေတယ်။
မေး။ ။ အခုမေးချင်တဲ့ မေးခွန်းအတိုလေးက အခုလိုမျိုး တာဝန်ယူရတယ်ဆို တာ မြန်မာပြည်ရဲ့ အခြေခံဥပဒေကို ကာကွယ်ဖို့အတွက် ဆောင်ရွက်တယ်လို့ ဆိုလို ချင်တာလား။
ဖြေ။ ။ ဟုတ်ပါတယ်။ မှန်ပါတယ်။
မေး။ ။ အဲ့လိုမျိုး အချုပ်အခြာအာဏာကို ခြိမ်းခြောက်မှုပုံစံမျိုး ဖြစ်လာတယ် ဆိုတာ ဘယ်လိုအခြေအနေမျိုးတွေကို ပြောလိုပါသလဲ။ အဲ့အခြေအနေတွေကြောင့် အခြေခံဥပဒေကို ကာကွယ်တယ်လို့ ဆိုလိုခြင်းဖြစ်ပါသလား။
ဖြေ။ ။ ဟုတ်တယ်။ နိုင်ငံတော်၏အာဏာကို အဓမ္မနည်းနဲ့ယူတယ်ဆိုတာ လည်း ခြိမ်းခြောက်မှုတစ်ခုပါ။ ကျွန်တော်တို့က ရွေးကောက်ပွဲမှာ ဖြစ်လာတဲ့ ရလဒ် တွေအရ ဒါတွေဟာ ဥပဒေနဲ့ မညီဘူးဆိုတာ ဖြစ်ပေါ်လာတဲ့အတွက်ကြောင့် ဒါကို ဥပဒေနဲ့အညီ ရှင်းဖို့လုပ်တဲ့ အချိန်မှာ အနိုင်ရတဲ့ပါတီက ဒီဟာကို ရှင်းလင်းဖို့ မကြိုး စားဘဲနဲ့ လွှတ်တော်ခေါ်ပြီးတော့မှ အာဏာကိုဆက်ပြီး တည်မြဲအောင်လုပ်ဖို့ ကြိုး စားတဲ့အတွက်ကြောင့် အဓမ္မနည်းနဲ့ အာဏာယူဖို့ ဆောင်ရွက်ခြင်းဖြစ်တယ်။ ဒါကို ကျွန်တော်တို့က ကာကွယ်ခဲ့ခြင်းဖြစ်ပါတယ်။
မေး။ ။ ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ NLD အစိုးရအနေနဲ့ သူတို့ဖက်က ကြေညာ တာက ၈၀ ရာခိုင်နှုန်းလောက်အထိကိုနိုင်တယ်လို့ ပြောပါတယ်။ အဲ့တော့ တပ်မတော်ဖက်က ဘယ်လိုကိန်းဂဏန်းတွေအရ သူတို့သည် မဲမသမာမှုလုပ်သွား တယ်လို့ ပြောဆိုနိုင်ပါသလဲ။
ဖြေ။ ။ သူတို့ပြောတာကတော့ ၈၀ ရာခိုင်နှုန်းနီးပါးအထိ နိုင်တယ်လို့ ပြောတာ ပေါ့။ ဒါကတော့ သူတို့ရဲ့ ရွေးကောက်ပွဲရလဒ်ကို ပြောတာ။ ဒါပေမယ့် ရွေးကောက်ပွဲ လုပ်တဲ့အချိန်မှာ မဲပေးခဲ့တဲ့ မဲစာရင်းတွေဟာ လုံးဝမှားယွင်းနေတာကို တွေ့ရတယ်။ မြန်မာနိုင်ငံမှာ မဲပေးခွင့်ရှိတဲ့သူဟာ UEC လို့ခေါ်တဲ့ Union Election Commission ကြေညာတဲ့ မဲပေးပိုင်ခွင့်ရှိတဲ့သူသည် ၃၈ ဒသမ ၂၇ သန်းရှိတယ်။ ဒါပေမယ့် အဲ့လူ တွေကို စာရင်းစစ်ကြည့်တဲ့အခါမှာ ၁၀ ဒသမ ၄၈ သန်းက စာရင်းမှားနေတာကို တွေ့ရတယ်။
ဒီမိုကရေစီမှာ ရွေးကောက်ပွဲသည် တစ်ကယ့်အရေးကြီးတဲ့ စနစ်တစ်ခု ပါပဲ။ ဒီမိုကရေစီတင်မဟုတ်ဘူး တစ်ပါတီ ဆိုရှယ်လစ်စနစ်မှာလည်း ရွေးကောက်ပွဲ နဲ့သွားတယ်။ ပါတီစုံစနစ်မှာလည်း ရွေးကောက်ပွဲနဲ့သွားတယ်။ ရွေးကောက်ပွဲလုပ် တဲ့အခါမှာ မဲစာရင်းတွေမှန်ကန်ဖို့က သိပ်အရေးကြီးတယ်။ မဲစာရင်းတွေမမှန်မကန် ဘဲနဲ့ ရွေးကောက်ပွဲကို လုပ်လိုက်ရင် ရလဒ်တွေက ဘယ်လိုမှကို အနှစ်သာရပြည့်ဝ တဲ့ ရွေးကောက်ပွဲတစ်ခု မဖြစ်နိုင်ဘူးဆိုတာ နိုင်ငံတိုင်းက လက်ခံထားတယ်။
မေး။ ။ အခုလိုမျိုး ဗိုလ်ချုပ်မှူးကြီးဘက်က ပြန်ဖြေတာကိုလည်း နားလည်ပါ တယ်။ တစ်ကယ်တမ်းပြောရရင် NLD ဘက်ကနေပြီးတော့ မဲစာရင်းတွေကို တမင် တကာ ဒီလိုမျိုး လုပ်သွားတယ်ဆိုတဲ့ သဘောမျိုးပြောလိုပါသလား။
ဖြေ။ ။ မဲစာရင်းအမှားတွေကို အများကြီးပြုစုထားတာရှိတယ်။ မဲစာရင်းကို စစ် တဲ့အခါမှာ ၁၀ ဒသမ ၄၈ သန်း မဲစာရင်းမှားတယ်။ အဲ့မှာ နိုင်ငံသားစိစစ်ရေး ကဒ်တစ်ခုတည်းမှာ နာမည်တွေ မျိုးစုံထပ်နေတာရှိတယ်။ အဖေတူတယ် အမေ မတူဘူး။ အမေတူတယ် အဖေမတူဘူး စသည်ဖြင့် ဒီလိုဟာတွေက ၅ သန်းကျော် ရှိတယ်။ နောက်တခါ အသက် ၁၀၀ ကျော်နေတဲ့ ပုဂ္ဂိုလ်တွေပါတယ်။ မှတ်ပုံတင် မရှိတဲ့သူတွေပါတယ်။ ဒါတွေက ၄ သန်းကျော်ရှိတယ်။ ပေါင်းလိုက်ရင် ၁၀ ဒသမ ၄၈ သန်းရှိတယ်။ ဒီလူတွေရဲ့ စာရင်းဇယားမမှန်ကန်မှုက ဘယ်လိုလုပ် မဲစာရင်း မှန်ကန် မှု ဖြစ်နိုင်မလဲ ခင်ဗျားတို့ စဉ်းစားကြည့်လို့ရတယ်။
မေး။ ။ ပြီးခဲ့တဲ့ နိုင်ငံရေးဖြစ်စဉ်အပြီးမှာတော့ ပြည်သူတွေရဲ့ တုန့်ပြန်မှုတွေက နည်းနည်းလေး ပြင်းထန်လာတာမျိုးတွေ တွေ့ရပါတယ်။ အဲ့အတွက်ကော အဆွေ တော်ဖက်က မှန်းဆခဲ့တာမျိုး၊ ကြိုတင်ပြီးတော့ မျှော်မှန်းခဲ့တဲ့ အခြေအနေမျိုးကော ရှိခဲ့ပါသလား။
ဖြေ။ ။ ပြောရရင် အဲ့လောက်ထိတော့ များလိမ့်မယ်လို့မထင်ခဲ့ဘူး။ ခံစားချက် တော့ရှိပါလိမ့်မယ်။ အဲ့လိုမျိုးဖြစ်စဉ်တစ်ခုနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံမှာ ဖြစ်ခဲ့တဲ့ ဖြစ်စဉ်တစ်ခုရှိခဲ့ဖူးတာကို ကျွန်တော် ဥပမာတစ်ခုပြောချင်တယ်။
၁၉၅၆ ခုနှစ်က ကျွန်တော်တို့ဆီမှာအစိုးရကလုပ်တဲ့ စာမေးပွဲတစ်ခုရှိ တယ်။ ၇ တန်းစာမေးပွဲ။ မေးခွန်းတွေပေါက်တဲ့အတွက်ကြောင့် စာမေးပွဲမှာ ပြဿနာတွေတက်ပြီးတော့ စာမေးပွဲဖြေတဲ့အတွင်းမှာပဲ အစိုးရက ဒီစာမေးပွဲကို ရွှေ့ဆိုင်းခဲ့တယ်။ ရွှေ့ဆိုင်းလိုက်တယ်။ ရွှေ့ဆိုင်းလိုက်တော့ စာမေးပွဲဖြေတဲ့ ကျောင်းသားတွေမှာ ပြဿနာတက်ကြတယ်။ တစ်နှစ်လုံး စာကြိုးစားလာခဲ့တဲ့ ကလေးတွေက စာမေးပွဲကိုဖျက်လိုက်တဲ့အခါမှာ သူတို့မကျေနပ်လို့ ဆန္ဒပြတာ ရှိတယ်။ ဘာကြောင့် စာမေးပွဲရွှေ့လည်းဆိုရင် မေးခွန်းပေါက်တဲ့အတွက်ကြောင့် ရွှေ့လိုက်တာ။ မေးခွန်းမတရားနည်းနဲ့ ရလိုက်တဲ့ လူတွေကျတော့၊ ပိုက်ဆံပေးပြီး ယူထားတဲ့ မေးခွန်းရတဲ့လူတွေကလည်း သူတို့ ပိုက်ဆံအကုန်အကျခံပြီးတော့ စာမေးပွဲဖြေတဲ့အချိန်မှာ စာမေးပွဲ ပယ်ဖျက်ခြင်းခံလိုက်ရတဲ့အတွက်ကြောင့် မကျေနပ်ဘူး။ အဲ့တော့ ရိုးရိုးသားသား ဖြေတဲ့သူကလည်း မကျေနပ်ဘူး။ မရိုးမသားနဲ့ လုပ်ပြီးယူတဲ့လူကလည်း မကျေနပ်ဘူး။ အစိုးရကို ဆန္ဒပြလို့ ရဲကနှိမ်နှင်းတဲ့အခါမှာ ကျောင်းသားတစ်ယောက်သေသွားခဲ့ဖူးတဲ့ ဖြစ်စဉ်ရှိတယ်။ ဒီဖြစ်စဉ်လည်း ဒီလိုပဲ ရိုးရိုးသားသား ဖြေတဲ့ထောက်ခံတဲ့သူတွေကလည်း သူတို့ ရိုးရိုးသားဖြေတဲ့ ထောက်ခံတဲ့ဟာတွေကို ကျွန်တော်တို့က ဒါတွေမဟုတ်ဘူးဆို ပြီးတော့ မမှန်ဘူးလို့ပြောတဲ့အချိန်မှာ သူတို့မကျေနပ်လို့ ဆန္ဒပြတာလည်းရှိလိမ့် မယ်။ မရိုးမသားလုပ်တဲ့သူတွေကလည်း မရိုးမသား လုပ်တာတွေကို မဟုတ်ဘူးလို့ ပြောတဲ့အချိန်မှာ သက်မပြနိုင်ရင် သူတို့တရားစွဲခံရမယ်။ ဒါကိုပျောက်အောင်ဆိုပြီး ဆန္ဒပြတဲ့ ဖြစ်စဉ်မျိုးတွေဖြစ်တယ်။ ဒါကြောင့် ဒါဟာ အင်အား အင်မတန်ကြီးမား လာတာဖြစ်ပါတယ်။
မေး။ ။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ပြောသလိုပါပဲ။ ဆန္ဒပြတဲ့သူထဲမှာ နှစ်ပိုင်းခွဲပြီး မြင်ရမယ်လို့ မိမိအနေနဲ့ မျက်လုံးထဲပေါ်ပါတယ်။ တစ်ခုကတော့ သူတို့ ရိုးရိုးသားသားနဲ့ မဲပေးပြီးတော့ ဒီလိုဖြစ်ရပ်ဖြစ်သွားတာကို မကျေနပ်လို့ ဆန္ဒပြတဲ့ လူရှိသလို တစ်ချို့ကတော့ သူတို့ ရည်ရွယ်ချက်ရှိရှိနဲ့ လုပ်ပေမယ့် မအောင်မြင်လို့ ဆန္ဒပြတာ ဒီလိုပဲ နားလည်တယ်လို့ ပြန်ပြောလိုပါတယ်။
ဖြေ။ ။ ဟုတ်ပါတယ်၊ အဲ့ဒီအတိုင်းပါပဲ။
မေး။ ။ ကျွန်မတို့သတိပြုမိတာက ဒီနိုင်ငံရေးဖြစ်စဉ်မှာ မီဒီယာတွေပြောကြားမှု အရတော့ သေဆုံးရသူပေါင်း ၇၀၀ ကျော်ရှိတယ်လို့ ပြောပါတယ်။ အဲ့ဒီအတွက် ဘယ်လိုအဖွဲ့အစည်းအနေနဲ့ တာဝန်ရှိပါသလဲ၊ နောင်ရော ဒီလိုမျိုးသေကြေမှုတွေ ကို ရှောင်ရှားနိုင်ဖို့အတွက် ဘယ်လိုများ ဆောင်ရွက်သွားမယ်လို့ ယူဆပါသလဲ။
ဖြေ။ ။ ၇၀၀ ကျော်လို့ ပြောတယ်၊ သူတို့ပြောတဲ့စာရင်းက ဘယ်ဟာကို အထောက်အထားယူပြီးတော့ အတည်ပြုပြီးပြောသလဲ ပြန်ပြီးမေးလို့ရပါတယ်။ ခင်ဗျားတို့ကလည်း ဒီ ၇၀၀ ကို ဘယ်လိုမျိုးအတည်ပြုလို့ ရမလဲ။ ကျွန်တော်တို့ လုံးဝအတည်ပြုလို့မရဘူး။ တကယ်သေတာကတော့ ၃၀၀ နီးပါးလောက်တော့ရှိ ပါတယ်။ အားလုံးလည်းကြေညာထားပါတယ်။ အကြမ်းဖက်လို့ သေတာတွေရှိပါ တယ်။ အကြမ်းဖက်မှာလည်း စတဲ့အချိန်တုန်းက ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ဆန္ဒပြတာ ရှိတယ်။ ဒါကို ကျွန်တော်တို့ ဘာမှပြန်မလုပ်ဘူး။ ဘေးကနေပဲ ကြည့်နေတယ်။ အဲဒီကနေ လူစုလူဝေးနဲ့ ဆန္ဒပြတာတွေ ဖြစ်လာတယ်။ နည်းနည်း Riot အဆင့်ကို ပြောင်းလာတယ်။ အဲ့ကနေ အကြမ်းဖက်တဲ့ အဆင့်ကို ပြောင်းလာတယ်။ Anarchy Mob လို့ဖြစ်လာကြတယ်။ အဲ့ဒီကနေ ဘာဖြစ်လာလည်းဆိုတော့ လက်နက်နဲ့ တိုက်ခိုက်လာတယ်။ အဲဒီတော့ Terrorism အဆင့်ကို ရောက်လာတယ်။ အဲဒီတော့ လက်နက်နဲ့ တိုက်လာတဲ့လူ၊ အကြမ်းဖက်ဆူပူဆန္ဒပြမှုနဲ့ဖြစ်လာတယ်ဆိုရင် ရဲက ဒီအတိုင်းတော့ ကြည့်နေလို့မရတော့ဘူး လိုအပ်တဲ့တုန့်ပြန်မှုတော့ လုပ်ရမယ်။ လိုအပ်တဲ့တုန့်ပြန်မှု လုပ်တဲ့အခါကျတော့ ထိခိုက်သေဆုံးမှုတော့ ရှိမှာပါ။ ရဲမှာ လည်း သေတဲ့သူတွေ အများကြီးရှိတယ်။ ရဲမှာလည်း ၄၇ ယောက်သေခဲ့တယ်။ ၂၀၀ ကျော် ဒဏ်ရာရ တယ်။ ဒီလူစုလူဝေးတွေ၊ ဆူပူဆန္ဒပြမှုတွေ၊ အကြမ်းဖက်မှုတွေကို တုန့်ပြန်ရင်း ရဲတွေသေသွားတယ်။ ရဲတွေအသက်ပေးပြီး ကာကွယ်တာကျတော့ ဘာမှမပြောဘဲ စာရင်းမရှိ အင်းမရှိပြောကြတဲ့ ၇၀၀ လောက်သေတဲ့ ကိစ္စကို မီဒီယာတွေက ထည့်ပြောတာက မျှတမှုမရှိဘူးလို့ပြောလိုတယ်။ ပြောချင်တာက ဒီအကြမ်းဖက်မှုနဲ့ကိစ္စနဲ့ပြောရရင် လူသေဆုံးမှု မဖြစ်အောင်ဆိုရင် တစ်ဖက်နဲ့ တစ်ဖက်၊ တစ်ဖက်ကလည်း အကြမ်းဖက်မှု မလုပ်ဖို့တော့လိုတယ်။ ဥပမာ- အကြမ်းဖက်မှုလုပ်ရင် အကြမ်းဖက်မှုနဲ့ လျော်ညီတဲ့ တုန့်ပြန်မှု၊ ထိန်းသိမ်းမှုတော့ ရှိမှာပေါ့။ တစ်ဖက်က အကြမ်းဖက်မှု မလုပ်ဘူး၊ ဗုံးတွေမခွဲဘူး၊ မီးတွေမရှို့ဘူး၊ လူ အန္တရာယ်မပြုဘူးဆိုရင် ကျွန်တော်တို့ ဒီဖက်ကလည်း ထိန်းသိမ်းတဲ့အဖွဲ့တွေက လည်း ဥပဒေနဲ့အညီ ထိန်းသိမ်းတဲ့အခါမှာလည်း ဘယ်လိုမှ လွန်လွန် ကျူးကျူး လုပ်စရာ အကြောင်းမရှိဘူး၊ တုန့်ပြန်စရာအကြောင်းမရှိဘူး။ တစ်ဖက်ကလည်း ဒါတွေ မလုပ်ဖို့လည်း လိုပါတယ်။ ဒါဆိုရင်သေဆုံးမှုတွေက ရှေ့ဆက်ဖြစ် လာစရာ အကြောင်းမရှိဘူးလို့ ကျွန်တော်ပြောချင်တယ်။
မေး။ ။ ဒါ့အပြင် မေးခွန်းမေးချင်တာတော့ ထိန်းသိမ်းထားတဲ့သူ အားလုံး ပေါင်းက ၃၀၀၀ ကျော်တာတွေ့ရပါတယ်။ တစ်ချို့ကျတော့ အရင်တုန်းက အမတ်ဟောင်းတွေ၊ နိုင်ငံရေးသမားဟောင်းတွေပါတယ်။ တစ်ချို့ကျတော့လည်း အနုပညာရှင်တို့၊ သာမာန်ပြည်သူတွေပါပါတယ်။ အဲ့ဒီသူတွေအတွက်ကော ရေရှည် ဘယ်လိုများ စဉ်းစားမှု၊ ဘယ်လိုများ ကိုင်တွယ်မှုရှိနိုင်မလဲ သိလိုပါတယ်။
ဖြေ။ ။ ကျွန်တော်က နည်းနည်း ခွဲတော့ ခွဲခြားထားတယ်။ ဒီမိုကရေစီမှာတော့ အစိုးရတစ်ရပ်ကို မကျေနပ်ရင် ဆန္ဒပြရမှာတော့ သူ့သဘာဝပဲ။ ရိုးရိုးဆန္ဒပြတာ တော့ ကျွန်တော် ဘာမှပြောစရာအကြောင်းမရှိဘူး။ သို့သော် ဆူပူမှုဖြစ်လာအောင်၊ အကြမ်းဖက်မှုဖြစ်လာအောင် လှုံ့ဆော်တာကျတော့ ရာဇဝတ်မှု၊ ပြစ်မှုများလာတယ်၊ ပြစ်မှုကျူးလွန်လာတယ်။ ဒါကျတော့ လိုအပ်တဲ့ အရေးယူမှုတွေ လုပ်ရမှာပေါ့။ ကျွန် တော် အရေးယူမှုကလည်း နှစ်ပိုင်းခွဲထားတယ်။ သာမန်လေး လှုံ့ဆော်တာတို့၊ ဝန် ထမ်းဆိုလည်း သတိပေးတာလောက် လုပ်ပါတယ်။ ဒါမှမဟုတ် သာမန်ပြည်သူထဲ ကဆိုရင် ဆိုဆုံးမမှုတွေပြုလုပ်တယ်။ သူတို့ရဲ့ ပြစ်မှုကျူးလွန်မှု အပေါ်မူတည်ပြီး ဥပဒေအရ အရေးယူတာတွေရှိတယ်။ တိုင်းပြည်ကို ထိန်းသိမ်းလို့ မရအောင် ဆူပူ ဆန္ဒပြမှုတွေဖြစ်လာအောင် လှုံ့ဆော်တာကို ကျွန်တော်တို့က ဒီအတိုင်းတော့ ခွင့် လွှတ်လို့တော့မရဘူး။ အတိုင်းအတာတစ်ခုတော့ အရေးယူရမှာရှိတယ်။ သို့သော် အရမ်းကာရော တစ်ဖက်သတ်ကြီး ကြောက်သွားအောင် လုပ်တာမျိုးတော့ ကျွန်တော်တို့ မလုပ်ပါဘူး။ ထိန်းထိန်းသိမ်းသိမ်း လုပ်တာကို ပြောလိုပါတယ်။ အခုချိန်က ကိုဗစ်-၁၉ရောဂါဖြစ်ပွားနေသည့်ကာလ ဖြစ်တယ်။ ကျွန်တော်တို့က ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက်လို့ ကန့်သတ်ချက်အများကြီး ပေးထားပါတယ်။ လူ ဘယ်နှစ်ယောက်ထက်ပိုပြီးမစုရဘူး။ တစ်ယောက်နှင့် တစ်ယောက် ဘယ်လောက် အကွာအဝေးမှာ ရှိရမယ်။ Social distancing စနစ်နဲ့ ပေးထားတယ်။ ဒါတွေ အ ကုန်လုံးချိုးဖောက်နေတယ်။ ဒါတွေ ချိုးဖောက်တဲ့ အချိန်မှာ သည်းခံနေရတယ်။ ဒီလိုချိုးဖောက်တာတွေကို အရေးယူမည်ဆိုလျှင် အများကြီး ရှိပါတယ်။ ဒါပေမယ့် ကျွန်တော်ဘာမှမလုပ်ခဲ့ပါဘူး။
မေး။ ။ မြန်မာနိုင်ငံမှာ ကြိုးမဲ့အင်တာနက်တို့၊ မိုဘိုင်းစနစ်တွေ ဖြတ်တောက်ခဲ့ တယ်လို့ သိရပါတယ်။ အဲဒီအခြေအနေဘယ်လိုများ ရှိနေပါသလဲ၊ ပုံမှန်အနေ အထားကို ရောက်နေပြီလို့ပြောနိုင်ပါသလား။
ဖြေ။ ။ စဖြစ်တဲ့အချိန်မှာ Social media ကနေပြီး သတင်းမှားများကို ဖြန့် တယ်။ ဒါတွေကို ကျွန်တော်တို့ ထိန်းဖို့အတွက် Media ဖြတ်ခဲ့တာရှိပါတယ်။ Media က ပြည်သူ့အတွက် ဖြစ်ရမယ်လို့ ကျွန်တော်တို့ခံယူထားတယ်။ ကျွန်တော့်၏ ခံယူချက် တစ်ခုကိုပြောရရင် ပြည်သူရယ်၊ အစိုးရရယ်၊ လွှတ်တော်က မဏ္ဍိုင်သုံးရပ်ရှိတယ်။ ဒါကိုထိန်းတာက Media ကထိန်းပေးတယ်။ ဒါကြောင့် မီဒီယာကို ကျွန်တော်က စတုတ္ထမဏ္ဍိုင်လို့ အမြဲသတ်မှတ်တယ်။ မီဒီယာနဲ့ ပတ်သက်လို့ လွတ်လွတ်လပ်လပ် ပေးထားပါတယ်။ သို့သော် မီဒီယာက တလွှဲ လုပ်လာရင်တော့ တိုင်းပြည်အတွက် တော်တော်လေးကိုပြင်းထန်တဲ့ သက်ရောက်မှု တွေ ရှိပါတယ်။ ဒါကြောင့် ကျွန်တော်က မီဒီယာကိုထိန်းလိုက်တာဖြစ်တယ်။ မီဒီယာ ကိုထိန်းဖို့အတွက် အင်တာနက်ကို ကျွန်တော်ရအောင်ထိန်းလိုက်တာဖြစ်တယ်။ ခင်ဗျားတို့လည်း အင်တာနက်မှာ အများကြီးအတွေ့ အကြုံရှိပါတယ်။ Facebook ပေါ်မှာ မဟုတ်တဲ့သတင်းတွေ လူမှုကွန်ယက်ပေါ်မှာ အများကြီးလှုံ့ဆော်မှုတွေ အများကြီး တွေ့ရတယ်။ ခုနကပြောတဲ့ အရေးယူမှု ဖြစ်စဉ်တွေအပေါ်မှာ Facebook ကနေပြီးတော့ မဟုတ်တဲ့ဝါဒဖြန့်ဝေတဲ့လူတွေကို အရေးယူတဲ့လူတွေအများကြီး ရှိတယ်။ အခု အခြေအနေက တည်ငြိမ်တဲ့ အခြေအနေဖြစ်လာတဲ့ အတွက်ကြောင့် တချို့ လိုက်လျောမှုတွေလည်း အများကြီး ဖြေလျော့ပေးတာဖြစ်ပြီး ပုံမှန်နီးပါး လောက် ဖြစ်နေပြီလို့ ပြောချင်ပါတယ်။
မေး။ ။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီလို့ပဲ ပြောပြော တပ်မတော်က တာဝန်ယူထိန်းသိမ်းထားတယ်လို့ပဲပြောပြော အခုလို အာဏာထိန်း သိမ်းထားမှု အခြေအနေဘယ်လောက်ထိကြာမြင့်နိုင်မယ်လို့ မှန်းဆပါသလဲ။
ဖြေ။ ။ ဖွဲ့စည်းပုံအခြေခံဉပဒေအရ ပြောရရင်တော့ အရေးပေါ် အခြေအနေက တစ်နှစ်ပဲလုပ်လို့ရတယ်။ တစ်ကယ်လို့အရေးပေါ်အခြေအနေအတွင်းမှာ တာဝန် မ ပြီးဆုံးသေးဘူး ဆိုရင် သမ္မတ(သို့မဟုတ်) ယာယီသမ္မတကနေ ခြောက်လတစ်ကြိမ်၊ခြောက်လ တစ်ကြိမ်။ နှစ်ကြိမ်ခွင့်ပြုပေးတယ်။ နှစ်နှစ်ထက်ပိုပြီးလုပ်လို့မရဘူး။ ဒါကြောင့် ကျွန်တော်တို့သည် အများဆုံးက နှစ်နှစ်ပဲ ဖြစ်ပါတယ်။ နှစ်နှစ် ထက် ပိုလုပ်လို့ မရပါဘူး။
မေး။ ။ အကယ်၍ ဒီကြားထဲမှာ ထောက်ခံလာသူတွေက တိုးတက်လာတယ်၊ အခြေအနေက တည်ငြိမ်လာတယ်ဆိုရင် ဗိုလ်ချုပ်မှူးကြီး အနေနဲ့ တခြား ပြောင်းလဲချင်တဲ့အခြေအနေများ စဉ်းစားထားမှု ရှိပါသလား။
ဖြေ။ ။ ကျွန်တော်တို့တပ်မတော်က လက်ခံထားတာသည် ပါတီစုံဒီမိုကရေစီ စနစ်နှင့် ဖက်ဒရယ်ကိုအခြေခံတဲ့ ပြည်ထောင်စုကိုသွားဖို့ပါ။ ဒီစနစ်ကိုသွားနိုင်ဖို့ အတွက် စိတ်ချရတဲ့အခြေအနေရှိတယ်ဆိုရင် ကျွန်တော်တို့လုပ်မှာပါ။ တစ်ကယ်လို့ တစ်နှစ်အတွင်းမှာရသွားရင် တစ်နှစ်အတွင်းပေါ့၊ နောက်ထပ်ခြောက်လတိုးပြီး ခြောက်လအတွင်းမှ ရရင်လည်း ရပေါ့။ ဒါပေမယ့် လက်ရှိအခြေအနေအရဆိုရင် တစ်နှစ်အတွင်းမှာပြင်းပြင်းထန်ထန် လုပ်ရမယ့်အနေအထားရှိတယ်။ နောက်ထပ် ခြောက်လတော့ ကျွန်တော်မပြောနိုင်ဘူး။ ပြည်သူလူထုရဲ့ပူးပေါင်းဆောင်ရွက်မှု၊ နိုင်ငံရေးပါတီတွေရဲ့ပူးပေါင်းဆောင်ရွက်မှု၊ နိုင်ငံတကာရဲ့ နားလည်ပူးပေါင်းဆောင် ရွက်မှုအပေါ်မှာလည်း တည်လိမ့်မယ်လို့ ကျွန်တော်ပြောလိုပါတယ်။
မေး။ ။ အကယ်၍ နှစ်နှစ် ပြီးမြောက်သွားရင်ရော ဗိုလ်ချုပ်မှူးကြီး စဉ်းစား ထားတာမျိုး ရှိသေးလား။ ဒါမှမဟုတ် တခြားအစီအစဉ်များ ရှိပါသလား။
ဖြေ။ ။ ကျွန်တော်ကတော့ တိုင်းပြည်ကို ကောင်းအောင် လုပ်ပေးဖို့၊ တိုင်းပြည် ကို ဒီမိုကရေစီစနစ်အရ မှန်မှန်ကန်ကန် တည်တည်ငြိမ်ငြိမ် အေးအေးချမ်းချမ်းနဲ့ တိုးတက်ဖို့ပဲ။ ကျွန်တော့်ရဲ့ လိုလားချက်ကတော့ ရိုးသားတဲ့ နိုင်ငံရေး၊ စစ်မှန်တဲ့ ဒီမိုကရေစီကို ကျွန်တော်လိုချင်တယ်။ ဒါက ကျွန်တော်ရွေးတာ မဟုတ်ဘူး။ ပြည်သူ က ရွေးချယ်ထားတဲ့ လမ်းကြောင်းပေါ့နော်။ ပြည်သူကနေ ၁၉၈၈ ခုနှစ် အရေး အခင်းဖြစ်တဲ့အချိန်မှာ ပါတီစုံလမ်းကြောင်းကို သွားမယ်ဆိုပြီး ရွေးချယ်တဲ့ အတွက် ကြောင့် တပ်မတော်က ဒီလမ်းကြောင်းအပေါ်မှာ ရောက်အောင် တင်ပေးထားခဲ့တာ။ ပြည်သူတွေ ရွေးချယ်တဲ့အတွက်ကြောင့် ကျွန်တော် ဖျက်လို့မရဘူး။ ပြည်သူရဲ့ ဆန္ဒအတိုင်းပဲဖြစ်ရမယ်။ ဒါကြောင့်လည်း ဖွဲ့စည်းပုံအခြေခံ ဉပဒေကို ကျွန်တော် မဖျက်ဘဲနဲ့ ဖွဲ့စည်းပုံအခြေခံဉပဒေအတိုင်းပဲ ကျွန်တော် သွားခြင်းဖြစ်ပါတယ်။ ဒါကို ကြည့်မယ်ဆိုရင် ကျွန်တော်တို့သည် မြန်မာနိုင်ငံသူ၊ နိုင်ငံသားတွေရဲ့ ရွေးချယ်တဲ့ လမ်းကြောင်းမှာ ကျွန်တော်တို့ ရပ်တည်တယ်ဆိုတာကိုလည်း ခင်ဗျား သတိပြု နိုင်ပါတယ်။
မေး။ ဒီတစ်နှစ် နှစ်နှစ်အတွင်းမှာရော Constitution ကို ပြောင်းမယ့်အပိုင်း မှာရော စဉ်းစားထားတာမျိုး ရှိပါသလား။ ပြင်ဆင်ဖို့ ရှိပါသလား။
ဖြေ။ ကျွန်တော်တို့ ပြီးခဲ့တဲ့ ၂၀၁၁ ခုနှစ်ကတည်းက Constitution ပြင်ဖို့ လိုတဲ့အချက်တွေ ပြင်ဖို့ကြိုးစားခဲ့တယ်ဗျ။ ၂၀၁၁ ခုနှစ်ကနေ ၂၀၁၅ အထိလည်း ပြင်ခဲ့တယ်။ အချက်တွေ တော်တော်များများလည်း ပြင်ပေးနိုင်ခဲ့တယ်။ တစ်ချို့က လည်း referendum လုပ်ရမယ့်ကိစ္စတွေဖြစ်တယ်။ referendum မလုပ်နိုင်သေးလို့ အတည်မပြုရသေးတာတွေ ရှိတာပေါ့။ ကျွန်တော်တို့ အရမ်းပြင်လို့မရပါဘူး။ အခြေခံဉပဒေထဲမှာ အခန်း (၁၂)မှာ ဖွဲ့စည်းပုံအခြေခံဉပဒေကို ဘယ်လိုပြင်ရမလဲ ဆိုတာ သူ့ရဲ့ပြဌာန်းချက်တွေရှိတယ်။ ဒီအတိုင်းပဲ သွားလို့ရတယ်။ အဲ့ဒါတွေက လွှတ်တော်လမ်းကြောင်းကနေပဲ သွားလို့ရတယ်။ လွှတ်တော်လမ်းကြောင်းမှာပဲ သွားလို့ရတဲ့အတွက်ကြောင့် ကျွန်တော်က သွားပြင်လို့ မရဘူး။ ရွေးကောက်ပွဲပြီးမှပဲ ဒီဟာကို ပြင်ရမယ့်သဘောကိုတော့ အခြေခံဉပဒေအရ ပြဌာန်းထားတယ်ဆိုတာ လေးကိုတော့ နားလည်စေချင်တယ်။
မေး။ အကယ်၍ ဒီဟာအားလုံး ရွေးကောက်ပွဲပြီးသွားမယ်၊ ပြီးတော့ လွှတ်တော် နောက် တစ်ရပ်ပေါ်လာလို့ အခြေခံဉပဒေကိုပြင်ဆင်လိုတဲ့ သူတို့ဆန္ဒတွေပေါ် လာရင်ရော တပ်မတော်ရဲ့ ရပ်တည်ချက်အနေအထားက ဘယ်လိုရှိပါသလဲ။
ဖြေ။ ပြည်သူရဲ့ဆန္ဒအတိုင်းပဲ ပြင်ဖို့ရှိတဲ့အချက်တွေ ကျွန်တော်တို့ ပြင်မယ်။ ပြင်ဖို့လိုတဲ့အချက်တွေလည်း ကျွန်တော်တွေ့တယ်။
မေး။ တပ်မတော်က နိုင်ငံအတွက် အရေးကြီးတဲ့အဖွဲ့အစည်း ဖြစ်ပါတယ်။ အဲ့ဒီတော့ အခုလက်ရှိ မြန်မာပြည်ရဲ့အခြေအနေနဲ့ပြောရင် နိုင်ငံတော် ကာကွယ်ရေး က နံပါတ်(၁)လို့ ပြောနိုင်ပါသလား။ ဒါမှမဟုတ် အခြေခံဉပဒေကို ကာကွယ်ဖို့က နံပါတ် (၁)လို့ ပြောနိုင်ပါသလား။ ဘယ်ဟာက ပိုအရေးကြီးပါသလဲ။ အခု မေးချင်တဲ့ မေးခွန်းကတော့ အဓိကကတော့ နိုင်ငံတော်ကို ကာကွယ်မယ်၊ ပြည်သူကို ကာကွယ် မယ် ဆိုတဲ့ မူရင်းတာဝန်အပြင်ကို အခြေခံဉပဒေကို ထိန်းသိမ်းမယ်ဆိုတဲ့ တာဝန် လည်းရှိပါတယ်။ ဘယ်ဟာက ပိုပြီး အရေးကြီးတယ်လို့ ယူဆပါသလဲ။
ဖြေ။ ။ နိုင်ငံရေးအရပြောရမယ်ဆိုရင်တော့ အခြေခံဉပဒေကို ကာကွယ်ရေးက ပိုပြီးအရေးကြီးတာပေါ့။ နိုင်ငံနဲ့ပြောမယ်ဆိုရင်တော့ နိုင်ငံတော်ကာကွယ်ဖို့က ပိုပြီး အရေးကြီးတယ်လို့ပဲ ပြောရမယ်။
မေး။ ။ အခု NLD ဘက်ကလည်း အမျိုးသားစည်းရုံးရေး အစိုးရအနေနဲ့ ဖွဲ့စည်း တာတွေလည်းရှိသလို လက်နက်ကိုင်အဖွဲ့အစည်းတွေလည်း ဖွဲ့စည်းမယ်ဆိုတဲ့ ပြောဆိုချက်တွေလည်း ကြားနေရပါတယ်။ အဲ့ဒီတော့ နိုင်ငံရဲ့ တရားဝင် တပ်မတော်အနေနဲ့ ဘယ်လိုထင်မြင်ယူဆချက်ရှိပါသလဲ။
ဖြေ။ ။ သူတို့ကတော့ တကယ်တမ်းပြောရရင်တော့ မတရားအသင်းပါပဲ။ မတရားအသင်းကြေညာထားတယ်။ အကြမ်းဖက်အဖွဲ့လို့လည်း ကြေညာထားတယ်။ ပထမတော့ နိုင်ငံရေးအရ လုပ်လာတဲ့အခါမှာ မတရားအသင်းလို့ ကြေညာတယ်။ နောက်တော့ လက်နက်ကိုင်ပြီးတော့ ဆန့်ကျင်တာတွေဖြစ်လာတဲ့အတွက်ကြောင့်၊ အဖျက်လုပ်ငန်းတွေ ပါလာတဲ့အတွက်ကြောင့် အကြမ်းဖက်အဖွဲ့လို့ ကြေညာ ထားတယ်။ နိုင်ငံတကာမှာ မတရားအသင်းကြေညာထားတယ်၊ အကြမ်းဖက်အဖွဲ့ လို့ ကြေညာထားတယ်ဆိုရင် လုံးဝ အသိအမှတ်ပြုလို့မရပါဘူး။ ကျွန်တော်တို့က သူတို့ကိုလည်း လုံးဝအသိအမှတ်မပြုပါဘူး။ သူတို့က လေထဲမှာလုပ်နေတဲ့ အဖွဲ့ တွေပဲ ဖြစ်ပါတယ်။
မေး။ ။ ဒီလိုမျိုးဖြစ်နေတဲ့အတွက် ပြည်တွင်းစစ်ပုံစံမျိုးတွေရော ဖြစ်ပေါ်လာ နိုင်တဲ့ အနေအထားမျိုးတွေ ရောက်လာနိုင်ပါသလား။ ဘယ်လိုများထင်မြင်ပါသလဲ။
ဖြေ။ ။ ကျွန်တော်ကတော့ မထင်ပါဘူး။ ကျွန်တော်တို့ နိုင်ငံရဲ့ လက်ရှိ မြန်မာ ပြည်တွင်းရဲ့အခြေအနေဟာ နယ်စပ်ဒေသနဲ့ နယ်အချို့မှာပဲ ပဋိပက္ခဖြစ်တာပဲ ရှိတာ။ အားလုံးတည်ငြိမ်အေးချမ်းလျက်ရှိတယ်။ ကျွန်တော်တို့ တိုင်းရင်းသား လက်နက်ကိုင်ပဋိပက္ခဖြစ်လာတာ ၁၉၄၈ ခုနှစ် လွတ်လပ်ရေးရကတည်းက ဖြစ်လာ တယ်။ အဲ့ဒီကနေပြီးတော့ လက်ရှိ ၂၀၁၁ ခုနှစ်မှာ ကျွန်တော်တို့ ဒီမိုကရေစီ လမ်းကြောင်းပေါ်မှာ တင်နိုင်ခဲ့ပြီးဖြစ်တယ်။ ငြိမ်းချမ်းရေးတွေလည်း ကျွန်တော်တို့ ယူခဲ့ပြီးဖြစ်တယ်။ ငြိမ်းချမ်းရေးလည်း ၂၀၁၂ ခုနှစ်မှာ ဆွေးနွေးပြီးတော့ ၂၀၁၅ ခုနှစ်မှာ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် ချုပ်ခဲ့ပြီးဖြစ် တယ်။ အဲ့ဒီအချိန်အထိ တိုင်းရင်းသားလက်နက်ကိုင် ပဋိပက္ခပဲဖြစ်တယ်။ ပြည်တွင်း စစ်မဖြစ်ခဲ့ဘူး။ အခုက အဲ့ဒီအခြေအနေတွေထက် အများကြီးကောင်းပါတယ်။ ဒါကြောင့် လက်နက်ကိုင်ပဋိပက္ခဖြစ်တယ်ဆိုတာတော့ ရှိတော့ရှိမယ်။ ဘာလို့လဲ ဆိုတော့ EAOsတွေ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေ ရှိနေသေးတာ ကိုး။ သူတို့ နယ်စပ်ဒေသမှာ အများကြီးရှိနေသေးတယ်။ ဒါကြောင့် ပြဿနာတော့ ရှိကောင်းရှိနိုင်သေးတယ်။ ပြည်တွင်းစစ်ဖြစ်လောက်တဲ့ အခြေအနေမျိုးတော့ လုံးဝ မဖြစ်နိုင်ဘူး။
မေး။ ။ အဲ့ဒီတော့ အခု သူတို့ပြန်ပြီးတော့ အသစ်ဖွဲ့ထားတယ်ဆိုတဲ့ဟာတွေ လည်း ရှိကြပါတယ်။ အဲ့ဒီသူတွေဆီကို ရောက်နေတဲ့ အထောက်အကူပြုပစ္စည်းတွေ၊ နောက်ပြီး သူတို့ဆီမှာ ရောက်နေတဲ့လက်နက်တွေ အဲ့ဒီအရင်းအမြစ်ကိုရော ဘယ်လိုများ မှန်းဆနိုင်ပါသလဲ။
ဖြေ။ ။ သူတို့တကယ် တိုက်ပွဲဝင်နေသည့်လက်နက်တွေကတော့နယ်စပ်မှာ ရှိတဲ့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေဆီက ရနိုင်တာလည်း ရှိတယ်။ ဝယ်လို့ရတာလည်းရှိတယ်။ နိုင်ငံတကာမှာလည်း လက်နက်တွေ အများကြီး ဝယ်လို့ ရတာ မှောင်ခိုဝယ်လို့ရတာအများကြီးရှိတယ်။ ကိုယ်ကိုယ်တိုင်လုပ်လို့ရတဲ့ လုပ် သေနတ်တွေ ရှိတယ်။ ဒါတွေကြောင့် ရတယ်လို့ကျွန်တော်ယူဆပါတယ်။ လက်နက် တွေ ဝယ်လို့ရတာတော့အမှန်ပဲ။
မေး။ ။ နောက်ထပ်မေးချင်တာကတော့ ဒေါ်အောင်ဆန်းစုကြည်အခြေအနေကို သိချင်ပါတယ်ခင်ဗျ။ နောက်ပြီးသူ့အနေနဲ့ကကော အခြားအပြင်ထွက်ပြီး တရား ရင်ဆိုင်တာတို့ အခြားအပြင်ထွက်လာနိုင်တဲ့အခြေအနေမျိုးတွေ ရှိလားဆိုတာ သိချင်ပါတယ်။
ဖြေ။ ။ ဒေါ်အောင်ဆန်းစုကြည်ကျန်းမာရေးကောင်းပါတယ်။ သူရဲ့အိမ်မှာပဲ စနစ်တကျရှိပါတယ်။ ကျန်းကျန်းမာမာလည်းရှိပါတယ်။ မကြာခင်ရက်ပိုင်းတွင်း တရားရုံးမှာပဲ သူတို့တရားဥပဒေအရ ရင်ဆိုင်ဖို့ရှိပါတယ်။ ရက်ပိုင်းတွင်းမှ သူထွက် လာဖို့ရှိပါတယ်။
မေး။ ။ သူရဲ့တရားခံဖက်ကရှေ့နေရော သူနဲ့တွေ့ခွင့်ရှိပါသလား။
ဖြေ။ ။ ရှိပါတယ်။
မေး။ ။ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ မြန်မာပြည်တွင်း သာမက ပြည်ပမှာ လည်းထောက်ခံသူတွေရှိပါတယ်။ နောက်သူက နိုဗယ်ဆုရှင်တစ်ယောက်လည်း ဖြစ်တယ်။ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ငြိမ်းချမ်းရေးနဲ့ပတ်သက်၍သော် လည်း ကောင်း၊ သူရဲ့နိုင်ငံခြားဆက်ဆံရေးဆောင်ရွက်ခဲ့တဲ့ အနေအထားပေါ်မှာ ဗိုလ်ချုပ် မှူးကြီး အနေနဲ့ ဘယ်လိုများမှတ်ချက်ပြုလိုပါသလဲ။
ဖြေ။ ။ သူလည်းသူရဲ့အသက်အရွယ်၊ သူ့ရဲ့အတွေ့အကြုံ၊ တတ်စွမ်းသမျှ လုပ်တယ်လို့ပဲကျွန်တော်ပြောလိုပါတယ်။ ကျွန်တော်တို့တာဝန်ယူပြီး လေးလ လောက်ရှိပါပြီ။ ကျွန်တော်တို့ပြီးခဲ့သည့်အစိုးရလုပ်ဆောင်ချက်တွေကို အကုန်လုံး ဆန်းစစ်ကြည့်လိုက်ရင်တော့ ခုနကကျွန်တော် ပြောတဲ့အတိုင်းပဲ သူ့ရဲ့အတွေအကြုံ၊ သူရဲ့အသက်အရွယ်အရ သူတတ်စွမ်းသမျှ၊ တတ်နိုင်သမျှ သူလုပ်ခဲ့တယ် ဆိုတာ ကိုကျွန်တော် တွေ့ပါတယ်။
မေး။ ။ သူကငြိမ်းချမ်းရေးကိုတကယ်လုပ်နိုင်ခဲ့သလား။ မလုပ်နိုင်ခဲ့ဘူးလား။
ဖြေ။ ။ ခုနကကျွန်တော် ပြောသလိုပဲ။ သူရဲ့အတွေ့အကြုံ၊ သူတတ်စွမ်းသမျှ တတ်နိုင်သမျှ လုပ်ခဲ့တာကို ကျွန်တော်တွေ့ပါတယ်။
မေး။ ။ ဗိုလ်ချုပ်မှူးကြီးအနေနဲ့ ပြောချင်တာက သူတတ်နိုင်သမျှလုပ်ခဲ့တယ် လို့ပဲ ဆိုလိုတာပေါ့။
ဖြေ။ ။ ဟုတ်ပါတယ်။
မေး။ ။ အစိုးရအနေနဲ့ အာဆီယံအထူး အစည်းအဝေးကိုတက်ရောက်ခဲ့တယ်။ အာဆီယံရဲ့ဘုံသဘောတူညီချက်အချက် ငါးချက်ကိုလည်း ချမှတ်နိုင်ခဲ့တာကိုလည်း တွေ့ရပါတယ်။အဓိက ကတော့ ပြဿနာတွေအဆုံးသတ်ဖို့ သက်ဆိုင်ရာ အဖွဲ့ အစည်း တွေကြားမှာ ဆွေးနွေးမှုတွေပေါ်ထွက်ဖို့၊ အာဆီယံရဲ့ အထူးကိုယ်စားလှယ် စေလွှတ်ဖို့နဲ့ သူနဲ့ဆွေးနွေးဖို့၊ အကူအညီပေးဖို့ဆိုတဲ့ ဒီအချက်တွေပါဝင်တယ် ဆိုတဲ့အကြောင်း သူတို့အနေနဲ့ လေ့လာသိရှိရပါတယ်။ အဲဒီတော့ ဒီအချက်ငါးချက် ကို လက်တွေ့တိတိကျကျအကောင်အထည်ဖော်ဖို့ အတွက် ဗိုလ်ချုပ်မှူးကြီးအနေနဲ့ ဒီဟာကိုခက်ခဲတယ်လို့ယူဆနိုင်ပါသလား။
ဖြေ။ ။ တစ်ကယ်တော့ ခက်ခက်ခဲခဲလုပ်ရတာတော့ မရှိပါဘူး။ သို့သော် အခြေ အနေ အချိန်အခါပေါ်မှာတော့ ကြည့်ပြီးလုပ်ရမှာရှိတယ်။ ချက်ချင်းကြီး လုပ်ရမယ့် ကိစ္စ မဟုတ်ဘူး။ အချိန်ယူပြီးတော့မှ တိုင်းပြည်အခြေအနေ၊ အာဆီယံ၏ အခြေ အနေ၊ နိုင်ငံတကာရဲ့အခြေအနေကို မူတည်ပြီးပြောဆိုလုပ်ကိုင်တဲ့အခါ ဘာမှ ခက်ခဲ တာမရှိပါဘူး။ ဒါကြောင့် ကျွန်တော်ပြောခဲ့တယ်။ သူတို့ ပြောတဲ့ အကြံပြုချက်များ က ကောင်းမွန်တဲ့အကြံပြုချက်များဖြစ်ပါတယ်။ သို့သော်လည်း မြန်မာနိုင်ငံရဲ့ လတ်တလောဖြစ်ပျက်နေတဲ့အခြေအနေအပေါ်မှာအလေးထားစဉ်းစား ဆောင်ရွက် သွားမယ်လို့ ကျွန်တော်ပြောခဲ့တာရှိပါတယ်။ နိုင်ငံအတွင်းမှာ တည်ငြိမ် အေးချမ်းမှု ရှိဖို့လိုတယ်။ နိုင်ငံရေးတည်ငြိမ်အေးချမ်းမှုမရှိဘဲ ပြင်ပကနေ လာရောက်ပြီး ပြောဆို လုပ်ကိုင်လာရင် ကောင်းတာဖြစ်နိုင်သလို၊ မကောင်းတာလည်း ဖြစ်နိုင်တယ်။ ကျွန်တော်တို့ကလည်း အခြေအနေအချိန်အခါပေါ်မှာမူတည်ပြီး၊ တိုင်းပြည် တည်ငြိမ်အေးချမ်းမှုကို မူတည်ပြီး ဆောင်ရွက်သွားမယ်လို့ ပြောခဲ့ တာရှိပါတယ်။ အာဆီယံ Charters, အာဆီယံ Ways, အာဆီယံ spirits ဒီသုံးခု ရှိပါတယ်။ ဒီအပေါ်မှာ အခြေခံပြီး လုပ်ဖို့လည်း လိုပါတယ်။ ဒီလိုမဟုတ်ဘဲ တခြား လမ်းကြောင်းရွေးပြီးလုပ်ရင်တော့ အခက်အခဲရှိတယ်။ ဒါကြောင့် ကျွန်တော်တို့ ဘက်က ပြန်ကြည့်ရင် ခက်ခဲတာမရှိပါဘူး။ နှစ်ဘက်လုံးကနေပြီး ဒီအပေါ်မှာ နားလည်မှုရှိရှိနဲ့ လုပ်မယ်ဆိုရင် လုပ်လို့ရတဲ့အပိုင်းတွေ ရှိပါတယ်။
မေး။ ။ ဆိုလိုချင်တာက ဒီငါးချက်ကိုလုပ်ဖို့အတွက် မြန်မာပြည်၏နိုင်ငံရေး အခြေအနေတည်ငြိမ်မှုက အရေးကြီးဆုံးလို့ ပြောချင်တာပါလား။
ဖြေ။ ။ မှန်ပါတယ်။
မေး။ ။ အခုလက်ရှိမြန်မာနိုင်ငံဖြစ်ပေါ်နေသည့်အခြေအနေကို ဗိုလ်ချုပ်မှူးကြီး အနေနဲ့ ထိန်းချုပ်နိုင်မှုအောက်မှာ ရှိတယ်လို့ဆိုလိုချင်တာပါလား။
ဖြေ။ ။ ၁၀၀ ရာခိုင်နှုန်းထိန်းချုပ်နိုင်ပြီလို့ မပြောနိုင်ဘူး။ တစ်ချို့နေရာတွေမှာ အဖျက်လုပ်ငန်းတွေ ရှိနေဆဲ ဖြစ်ပါတယ်။
မေး။ ။ အခုအနေအထားပြောရရင် တည်ငြိမ်မှုတစ်ရာရာခိုင်နှုန်းမရှိသေးဘူး ဆိုတဲ့အတွက် ဒီအချက်ငါးချက်ကို စပြီးအကောင်အထည်ဖော်ဖို့အတွက် အသင့် မဖြစ်သေးဘူးလို့ ဆိုနိုင်ပါသလား။
ဖြေ။ ။ မှန်ပါတယ်။
မေး။ ။ အဲဒီတော့အခြားနိုင်ငံတွေ၏ ယူဆချက်တွေကို ဗိုလ်ချုပ်မှူးကြီးအနေ ဖြင့် ဘယ်လိုများထင်မြင်ချက်တွေရှိပါသလဲ။
ဖြေ။ ။ သူတို့လည်း သူတို့ဘက်ကအမြင်ပေါ့။ သူတို့နိုင်ငံဘက်က အမြင်၊ သူတို့ ကျင့်သုံးတဲ့ နိုင်ငံရေးလမ်းကြောင်းပေါ်မှာ အမြင်အမျိုးမျိုးရှိကြပါတယ်။ တစ်နိုင်ငံ နှင့် တစ်နိုင်ငံမတူကြပါဘူး။ အဓိကကတော့ သူတို့လိုချင်တာက ဒီမိုကရေစီ နည်းလမ်းတကျ အစိုးရတစ်ရပ်ကို ဖြစ်စေချင်တဲ့သဘောပါ။ ပထမဉီးဆုံး ခင်ဗျား ကျွန်တော်ကို စမေးတဲ့ အာဏာသိမ်းတဲ့ဖြစ်စဉ်ကိုမေးတဲ့အချိန်မှာ သူတို့အခြေခံ ဉပဒေကို နားမလည်ဘူးလို့ ကျွန်တော်ပြောခဲ့တာရှိတယ်။ ဒီလိုအခြေအနေပေါ်မှာ မူတည်ပြီး နိုင်ငံကြီးတွေရဲ့ အမြင်ကလည်း ဒီလိုဖြစ်နေတယ်လို့ ကျွန်တော်ပြောလိုပါ တယ်။
မေး။ ။ အကယ်၍ အာဆီယံပဲပြောရင် အာဆီယံက မြန်မာပြည်ကို ဖြစ်စေ ချင်တဲ့ဆန္ဒကရော ခုနကသဘောထဲမှာ ပါဝင်ပါသလား။
ဖြေ။ ။ ပါပါတယ်။ အာဆီယံနိုင်ငံတွေက မြန်မာနိုင်ငံ၏တည်ငြိမ်အေးချမ်းမှုကို လိုချင်တယ်။ ပြည်သူပြည်သားတွေ စည်းစည်းလုံးလုံးရှိတာကို လိုချင်တယ်။ သူတို့ ခေါင်းဆောင်တွေပြောတဲ့စကားထဲမှာ ဒီလိုပဲ မြင်ပါတယ်။
မေး။ ။ အာဆီယံရဲ့ ငြိမ်းချမ်းမှုအဆိုပြုချက်များကို သဘောတူပါသလား။
ဖြေ။ ။ မူအားဖြင့် သဘောတူပါတယ်။ ကျွန်တော်က သဘောမတူစရာ အကြောင်းမရှိပါဘူး။ မြန်မာနိုင်ငံရဲ့တည်ငြိမ်အေးချမ်းမှုကိုမူတည်ပြီးတော့ ဆက်လက် ဆောင်ရွက်ဖို့ ကျွန်တော်ပြောခဲ့တာပါ။
မေး။ ။ နိုင်ငံတော်ကောင်စီဝင်နဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယိ ကလည်း မြန်မာပြည်ကိုထောက်ခံမှုသုံးခုနှင့် ရှောင်ရှားမှုအချက်သုံးချက်ကို အဆိုပြု အကြံပြုခဲ့တာ ရှိပါတယ်။ အဆွေတော်အနေနဲ့ ဘယ်လိုများ အမြင်ရှိပါသလဲ။
ဖြေ။ ။ နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယိပြောခဲ့တာကလည်း အပြုသဘော ဆောင်တဲ့ ဟာတွေဖြစ်ပါတယ်။ တကယ်လည်း ကောင်းမွန်တဲ့အချက်တွေ ဖြစ်ပါ တယ်။ မြန်မာနိုင်ငံအနေနဲ့ ဒါတွေကို လက်ခံပါတယ်။ သဘာဝလည်းကျပါတယ်။ လက်တွေ့လည်း ကျပါတယ်။
မေး။ ။ တရုတ်ကုမ္ပဏီတွေအနေနဲ့ မြန်မာနိုင်ငံမှာဖြစ်ပျက်ခဲ့တဲ့ကိစ္စကိုလည်း သူတို့အနေနဲ့ တွေ့ရှိရပါတယ်။ အဆွေတော်အနေနဲ့ ဒီကုမ္ပဏီအပေါ်မှာ လုံခြုံမှု ကိစ္စကို ဘယ်လိုများ စီမံဆောင်ရွက်ပေးမလဲ၊ ဘယ်လိုများအလေးထားလဲ၊ ဘယ်လို များ အမြင်ရှိပါသလဲ၊ အဲဒါတွေကို ဆွေးနွေးပေးဖို့ ဖိတ်ခေါ်ပါတယ်။
ဖြေ။ ။ တရုတ်နိုင်ငံက ကုမ္ပဏီရင်းနှီးမြှပ်နှံမှု အားလုံးပေါင်း လုပ်ငန်းပေါင်း ငါးရာကျော်လောက်ရှိပါတယ်။ အကြမ်းဖျဉ်းအားဖြင့် ဒေါ်လာ ၂၁ ဘီလီယံကျော် လောက်ရှိပါတယ်။ ပြီးခဲ့သည့် ဖြစ်စဉ်ကာလမှာ တရုတ်လုပ်ငန်း စက်ရုံ၊ အလုပ်ရုံ ၁၃ ခု၊ ၁၄ ခု လောက်ပါတယ်။ အားလုံးပေါင်း မီးရှို့ခံရတာ ၂၁ ခုလောက် ရှိပါတယ်။ တရုတ်နိုင်ငံသားတွေနှင့် လုပ်နေတာ ၁၃ ခု၊ ၁၄ ခုလောက်ရှိပါတယ်။ တရုတ် နိုင်ငံတင်မဟုတ်ဘူး။ တခြားနိုင်ငံနဲ့လည်း မြန်မာနိုင်ငံမှာ ရင်းနှီးမြှပ်နှံမှုတွေ အများကြီးရှိပါတယ်။ တချို့လည်း ဖျက်ဆီးခံရတဲ့ အထဲမှာ ပါတာတွေလဲ ရှိတယ်။ ကျွန်တော်တို့ကတော့ ပြင်ပရင်းနှီးမြှပ်နှံမှုတွေ အကုန်လုံးကို ကာကွယ်ပေးထားပါ တယ်။ လက်ရှိကျွန်တော်ကိုယ်တိုင်လည်း သွားရောက်ကြည့်ရှုပြီးတော့မှ လိုအပ် တာတွေကို အမြန်ဆုံးပြန်ပြီး လုပ်ငန်းလည်ပတ်နိုင်ဖို့ ကူညီဆောင်ရွက်နိုင်ဖို့ ဆောင်ရွက်ပေးပါတယ်။ လိုအပ်တဲ့လုံခြုံမှုတွေကို ဆောင်ရွက်ပေးလျက်ရှိပါတယ်။
မေး။ ။ တချို့မြန်မာလူမျိုးတွေအနေနဲ့ တရုတ်ရင်းနှီးမြှပ်နှုံမှုမှာ အမြင်နည်း နည်း စောင်းနေတာတွေ့ရတယ်။ အဲဒီအပေါ်မှာ ဘယ်လိုများ မှတ်ချက်ပြုလိုပါ သလဲ။
ဖြေ။ ။ အဲဒါကတော့ နိုင်ငံရေးပါပါတယ်။ လှုံဆော်မှုကြောင့် ဖြစ်တယ်။ မြန်မာ နိုင်ငံမှာတရုတ်နိုင်ငံသားတင် မကဘူး။ တခြား နိုင်ငံသား ရင်းနှီးမြှပ်နှုံမှုတွေလည်း အများကြီးရှိပါတယ်။ အခုမှရှိတာမဟုတ်ဘူး။ ဟိုးအရင်လွတ်လပ်ရေးရကတည်းက တရုတ်နိုင်ငံသားတွေရဲ့ စီးပွားရေး လုပ်ငန်းတွေရှိတယ်။ အိန္ဒိယနိုင်ငံသားတွေရဲ့ စီးပွားလုပ်ငန်းတွေ၊ မျိုးစုံရှိကြတယ်။ အရင်တုန်းက အိန္ဒိယရင်းနှီးမြုပ်နှံမှုတွေ လုပ် ထားတဲ့ စီးပွားရေးလုပ်ငန်းများမှာ အဓိကရုဏ်းတွေဖြစ်ခဲ့တဲ့ သာဓကတွေ ရှိတယ်။ ဟိုအရင်တုန်းကလည်း ရှိခဲ့ဖူးတယ်။ ဒီဘက်မှာလဲ ရှိပါတယ်။ ဒါပေမယ့် နိုင်ငံရေး လို့ပဲ ကျွန်တော်ကမြင်တယ်။ နိုင်ငံသားတွေက တရုတ်မုန်းတီးရေးလုပ်တာ မဟုတ် ဘူး။ နိုင်ငံရေးအရ မုန်းတီးအောင် လုပ်လာတဲ့ ကိစ္စရပ်တွေသာ ဖြစ်တယ်။ အခံမှာ တော့ ဘာမှမရှိဘူး။ မြန်မာနိုင်ငံတွင် တရုတ်နိုင်ငံက အခုမှရင်းနှီးမြုပ်နှံခြင်း မဟုတ် ဘဲ မြန်မာနိုင်ငံမှာ ရှိတဲ့မြန်မာနိုင်ငံသား/တရုတ်တွေရှိတယ်။ မြန်မာနိုင်ငံမှာ မွေးဖွား တဲ့တရုတ်တွေရှိတယ်။ မြန်မာနိုင်ငံသား/တရုတ်ရှိတယ်။ သူတို့ရင်းနှီးမြုပ်နှံတဲ့ လုပ်ငန်းတွေက ဟိုးအရင်ကတည်းက ရှိခဲ့တယ်။ အခုလည်း အများကြီးရှိတယ်။ သူတို့ ဘာမှမဖြစ်ပါဘူး။ လက်ရှိမှာ စီးပွားလုပ်ကိုင်နေကြတယ်။ နိုင်ငံရေးအရ လုပ်တာ ဖြစ်ပါတယ်။
မေး။ ။ ဗိုလ်ချုပ်မှူးကြီး ပြောတာကို နားလည်ပါတယ်။ နိုင်ငံရေးအရ လှုံဆော် တဲ့ဟာကို နည်းနည်း ပေါ်လွင်စေတဲ့အချက်ကို ပြောပြပေးလို့ရနိုင်မလား။
ဖြေ။ ။ လှုံဆော်တယ်ဆိုတာဟာ ဥပမာအားဖြင့် ဒီလူတွေရဲ့လုပ်ငန်းတွေကို ပျက်စီးအောင် လိုက်လုပ်တယ်။ တခြားလုပ်ငန်းတွေကို မလုပ်ဘူး။ တရုတ်နိုင်ငံက ရင်းနှီးမြုပ်နှံမှု ၅၀၀ ကျော်လောက်ရှိတာကို ၅၀၀ ကျော်လုံးဖျက်ဆီးတာမဟုတ်ဘဲ ဆယ့်ဂဏန်းလောက်သာ ဖျက်ဆီးတာဖြစ်တယ်။ ဒါကိုကြည့်လိုက်လျှင် နိုင်ငံရေး အရ လုပ်တယ်လို့ ပြောလို့ရတယ်။ စီးပွားရေးအရ လုပ်ချင်လို့ရှိရင် အကုန်လုံးကို ရအောင် တိုက်မှာပေါ့။
မေး။ ။ အဲဒီတော့ နိုင်ငံရေးအရ လှုံ့ဆော်တဲ့ တရုတ်စက်ရုံတွေအပေါ်မှာ လုပ် သွားတဲ့လုပ်ရပ်တွေက မြန်မာပြည်ထဲကလူတွေပဲလား။ အခြားသော ပြင်ပက ဆက် သွယ်ပြီး လုပ်နေတဲ့ အဖွဲ့အစည်းတွေ ရှိနိုင်လား။
ဖြေ။ ။ ခိုင်မာတဲ့သက်သေတော့ မပြနိုင်သေးပါဘူး။
မေး။ ။ နောင်အချိန်ကျရင်တော့ အပြင်ကနေ လှုံ့ဆော်မှုကြောင့် ဖြစ်တဲ့ အချက် အလက်တွေကို ထုတ်ပြန်နိုင်တဲ့အချိန်ကျရင် ထုတ်ပြန်ပေးနိုင်မလား။
ဖြေ။ ။ အသိပေးသင့်တဲ့ကိစ္စဆိုရင် ကျွန်တော်တို့ အသိပေးမှာပါ။ တကယ် တော့ အခုလုပ်တဲ့ကိစ္စကို ကြည့်လိုက်လျှင် တိုင်းပြည်စီးပွားပျက်အောင် လုပ်တာပါ။ တရုတ်နိုင်ငံသားစက်ရုံကို ဖျက်တာက တရုတ်တွေ မြန်မာနိုင်ငံမှာ ရင်းနှီးမြုပ်နှံ့မှု နောက်ဆုတ်သွားလိမ့်မယ်။ ဒါကြောင့် နိုင်ငံရေးအရ လုပ်တာ ဖြစ်တယ်။ အခုဆိုရင် မြန်မာနိုင်ငံမှာ ရှိတဲ့တချို့စက်ရုံတွေက တခြားနိုင်ငံကိုရွေ့ဖို့ ကြံစည်နေတယ်ဆိုတဲ့ သတင်းတွေကို အွန်လိုင်း က ဖြန့်နေကြတာ ရှိတယ်။ ဒါတွေက နိုင်ငံရေးပါ။
မေး။ ။ အခုထပ်မေးလိုတာကတော့ ရခိုင်ပြည်နယ်က ရိုဟင်ဂျာလို့ ပြောနေတဲ့ ဒုက္ခသည်ကိစ္စပဲ ဖြစ်ပါတယ်။ အဲဒီမှာရှိတဲ့ မူဆလင်ဘာသာဝင်တွေ နိုင်ငံသား မရသေး တဲ့သူတွေလည်း ရှိနေပါတယ်။ မြန်မာနိုင်ငံအနေနဲ့ သူတို့ကို ဘယ်လိုများ သုံးနှုန်း ခေါ်ဆိုပါသလဲ။ သူတို့ကို သူတို့ကတော့ ရိုဟင်ဂျာလို့ ပြောနေတာ ရှိပါတယ်။ အဲဒီအပေါ်မှာ ဗိုလ်ချုပ်မှူးကြီးရဲ့အမြင်လေးကို ပြောပြပေးဖို့ ဖိတ်ခေါ်ပါတယ်။
ဖြေ။ ။ ပြောရရင် ရိုဟင်ဂျာဆိုတာ မရှိဘူး။ စိတ်ကူးယဉ်ပြီး ပြောတဲ့ နာမည် တစ်ခုပဲ။ တကယ်တော့ အရှေ့ဘင်္ဂလားနယ်ရဲ့စစ်တကောင်းဒေသ က လာတဲ့ သူတွေကို သူတို့ကိုသူတို့ ရိုဟင်ဂျာ လို့ ပြောနေကြတာ ဖြစ်တယ်။ ဘယ်ခေတ် အဆက်ဆက်မှ ရိုဟင်ဂျာလို့ မခေါ်ခဲ့ဘူး။ ကျွန်တော်တို့က အင်္ဂလိပ်ရဲ့ကိုလိုနီ လက်အောက်ရောက်ခဲ့ပါတယ်။ အင်္ဂလိပ်အုပ်ချုပ်မှုအောက်မှာ နေခဲ့ရတယ်။ အဲဒီ တော့ အင်္ဂလိပ်တွေခေတ်က သန်းခေါင် စာရင်း ကောက်တယ်။ ၁၉၁၁ ခုနှစ်၊ ၁၉၂၁ ခုနှစ်၊ ၁၉၃၁ ခုနှစ် ကောက်ခဲ့တဲ့ သန်းခေါင်စာရင်းတွေမှာ ဘင်္ဂလီဆိုတဲ့စကား၊ စစ်တကောင်းသားဆိုတဲ့စကားတွေဘဲ တွေ့တယ်။ ရိုဟင်ဂျာလို့ မတွေ့ဘူး။ လွတ်လပ်ရေးရပြီးတဲ့နောက်ပိုင်း ကောက်ခဲ့တဲ့ စာရင်းမှ ဘင်္ဂလီဆိုတဲ့ စကားရယ်၊ ပါကစ္စတန်ဆိုတဲ့စကားရယ်၊ နောက်တစ်ခါ စစ်တကောင်းသားဆိုတဲ့စကားပဲ ကျွန်တော်တို့တွေ့တယ်။ ရိုဟင်ဂျာ ဆိုတာမရှိဘူး။ ရိုဟင်ဂျာဆိုတာကို ကျွန်တော် တို့ လက်လဲ လက်မခံဘူး။ မြန်မာ နိုင်ငံရဲ့ တိုင်းရင်းသား တရားဝင်လက်ခံ ထားတာ ၁၃၅ မျိုး ရှိပါတယ်။ သို့သော်လည်း ဒါကတော့ နည်းနည်းအပြောင်းအလဲ ရှိနိုင် ပါတယ်။ ၁၃၅ မျိုးထဲမှာ ရိုဟင်ဂျာ မပါပါဘူး။ ဘင်္ဂလီလည်း မပါပါဘူး။ တရားဝင် တိုင်းရင်းသားလည်း မဟုတ်ပါဘူး။ သူတို့ဘာသာ သူတို့စိတ်ကူးနဲ့ ခေါ်ထားတဲ့ နာမည်တစ်ခုဖြစ်တယ်။ ကျွန်တော်တို့ ဒါကို အသိအမှတ် မပြုပါဘူး။
မေး။ ။ မြန်မာအစိုးရတွေအနေနဲ့ ရိုဟင်ဂျာဆိုတာ တရားဝင် မရှိဘူး။ လက်ခံ ထားခြင်းလည်း မရှိဘူးလို့ သူတို့နားလည်လိုက်ပါတယ်။ အနောက်နိုင်ငံတွေအနေနဲ့ ဘင်္ဂလီရှင်သန်နေထိုင်မှုအပေါ် စိတ်ဝင်စားမှု မြင့်မားတယ်။ သူတို့က ရိုဟင်ဂျာ လို့ ပြောကြတယ်။ ဒေသခံနဲ့ သူတို့ကြားမှာ ဖြစ်တဲ့ပြဿနာအရင်းအခံကိုရော အဆွေ တော်အနေနဲ့ ဘယ်လိုများ ထင်မြင်ယူဆချက် ရှိပါသလဲ။
ဖြေ။ ။ သူတို့ကတော့ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ နေတဲ့သူတွေက သူတို့ ဘာသာ သူတို့နေတယ်။ နှစ်ပေါင်းများစွာလည်း ရှိနေပြီး ဘာမှပြဿနာမရှိဘူး။ အဲဒီဒေသမှာ ရှိတဲ့ ရခိုင်တွေလည်း ဘင်္ဂလီတွေနဲ့ အတူတူနေကြတယ်။ ဘာမှ ပြဿနာ မရှိဘူး။ ဘင်္ဂလီမှာလည်း နှစ်ပိုင်းရှိတယ်။ ဘင်္ဂလီ/ဟိန္နူ၊ ဘင်္ဂလီ/အစ္စလာမ် ဆိုပြီး နှစ်ပိုင်းရှိတယ်။ ကျွန်တော်တို့ မေးခဲ့ပြီး ဒီအရာတွေရှိတာကို တွေ့ခဲ့ပြီးပြီ။ ဒီလူတွေနဲ့နေကြတဲ့ ဒေသခံတိုင်းရင်းသားတေွနဲ့ အတူတူနေကြတာ ဘာမှ ပြဿနာမရှိပါဘူး။ ဒီအတိုင်းပဲ နေကြပါတယ်။ လှုံ့ဆော်လို့ ဖြစ်လာတဲ့ ပြဿနာ တွေကြောင့်သာ ဒေသမှာ ပဋိပက္ခတွေ ဖြစ်လာတာ။ နောက်တစ်ခုက နဂိုမူလ ကတည်းက ရောက်နေတဲ့သူတွေရှိတယ်။ သူတို့က စူးအက်တူးမြောင်း လုပ်တဲ့ အချိန်မှာ ဆန်စပါးဈေးတွေ ကောင်းလာတဲ့အခါ အရှေ့ဘင်္ဂလားမှာ ရှိတဲ့ဘင်္ဂလီ တွေကို မြန်မာနိုင်ငံကို ခေါ်ပြီးတော့ အင်္ဂလိပ်တွေက လယ်စိုက်ခိုင်းတယ်။ အဲဒီ အချိန်ကတည်းက မပြန်တော့ဘဲ သူတို့တွေက ကျန်ခဲ့တဲ့အတွက် အခုလို အခြေ အနေဖြစ်လာတယ်။ တဖြည်းဖြည်းနဲ့ များလာတဲ့လူတွေ ဖြစ်တယ်။ ဒီလူတွေ ရှိနေ တဲ့ အခြေအနေမှာလည်း အရင်ကတော့ ပဋိပက္ခတော့ ဖြစ်ခဲ့ဖူးတယ်။ သို့သော် လည်း နောက်ပိုင်းမှာ ပဋိပက္ခတွေမရှိဘဲ အေးအေးချမ်းချမ်းပဲနေကြတယ်။ အထိုက် အလျောက် ပဋိပက္ခတွေ ရှိတယ်။ သို့သော်လည်း တကယ်ကို ပြင်းပြင်းထန်ထန်နဲ့ ဖြစ်တဲ့ပြဿနာ မရှိဘူး။ ဖြစ်ခဲ့တဲ့ ဖြစ်စဉ် တစ်ခုပဲရှိတယ်။ ၁၉၄၂ ခုနှစ်က အလယ်သံကျော် အရေးအခင်းဆိုတာ ဖြစ်ခဲ့တယ်။ ၁၉၄၂ ခုနှစ် အဖြစ်အပျက်က တော်တော်လေး ဆိုးပါတယ်။ ဒီနောက်ပိုင်းမှာ အဲဒီလောက်ဆိုးတဲ့ ဖြစ်စဉ်မျိုး မရှိခဲ့ပါဘူး။
မေး။ ။ အခုက အနောက်နိုင်ငံတွေက ဒီလူတွေကို နိုင်ငံသားအဖြစ် စဉ်းစား ပေးဖို့၊ နေရာချထားပေးဖို့ကို တစိုက်မတ်မတ် တောင်းဆိုနေတာ ရှိတယ်။ အကယ်၍ ဒီလူတွေကို လက်ခံမယ်ဆိုရင် လက်ခံဖို့ အစီအစဉ်ရော ရှိပါသလား။ အကယ်၍ လက်ခံမယ်ဆိုရင် ဘယ်လိုအချက်အလက်တွေအပေါ် အခြေခံပြီး လက်ခံမှုပြုသွား မလဲ။
ဖြေ။ ။ ဒီလူတွေနဲ့ ပတ်သက်ပြီး ကျွန်တော်တို့မှ သူတို့တင် မဟုတ်ဘဲ အိမ်နီး နားချင်း ၅ နိုင်ငံ ရှိတယ်။ အင်္ဂလိပ်ရဲ့ ကိုလိုနီ ဖြစ်ခဲ့တဲ့အတွက်ကြောင့် ကျွန်တော် တို့နိုင်ငံမှာ အကြောင်းအမျိုးမျိုးနဲ့ ရောက်နေတဲ့ နိုင်ငံခြားသားတွေ အများကြီးရှိ တယ်။ အဲဒီအတွက် ရည်ရွယ်ပြီး ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဉပဒေ ရေးခဲ့တာ ရှိတယ်။ မြန်မာနိုင်ငံသားဉပဒေအရ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးသွားတဲ့ဘင်္ဂလီ တွေနဲ့ ပတ်သက်ပြီးအကျုံးဝင်တဲ့သူတွေကို သူစည်းကမ်းနဲ့အညီ ပြန်လက်ခံဖို့ လုပ်ထားတာရှိတယ်။ ကျွန်တော်တို့သဘောတူပါတယ်။ လက်မခံစရာ အကြောင်း မရှိပါဘူး။ မြန်မာနိုင်ငံမှာ သတ်မှတ်ထားတဲ့စည်းကမ်းချက်နဲ့အတူ နေခဲ့ပြီး ကိုက်ညီ ရင် ပြန်လက်ခံဖို့ လုပ်နေတာ ရှိတယ်။ ဒါလည်း သဘောတူလို့ ဆွေးနွေးနေတာ ရှိတယ်။ အကြောင်းအမျိုးမျိုးကြောင့် နှောင့်နှေးနေတာတွေ ရှိတယ်။ ကျွန်တော်တို့ အနေနဲ့ လက်မခံစရာ အကြောင်းမရှိဘူးလို့ ကျွန်တော် ပြောလိုပါတယ်။
မေး။ ။ အကယ်၍ ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဉပဒေအရ ချမှတ်ထားတာ ရှင်းလင်းပါတယ်။ တချို့သောအကျုံးမဝင်တဲ့သူတွေရော ဘယ်လိုများ စဉ်းစားနိုင် ပါသလဲ။
ဖြေ။ ။ ကမ္ဘာမှာရှိတဲ့ဘယ်နိုင်ငံမှ သူတို့လူဝင်မှုကြီးကြပ်ရေးဉပဒေကို ကျော် လွန်ပြီးတော့ မလုပ်ကြဘူးလို့ ကျွန်တော် ယုံကြည်ပါတယ်။
မေး။ ။ ဥပဒေအတိုင်းဘဲ လုပ်မယ်။ နိုင်ငံတကာ တောင်းဆိုမှုရှိလာရင်လည်း ဒီဟာတွေကို ရှင်းပြပေးသွားမယ်လို့ နားလည်ပါတယ်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီစပြီးဖွဲ့စည်းတဲ့အချိန်ကတည်းက ဥက္ကဋ္ဌအနေနဲ့ ပြင်ပမီဒီယာကို လက်ခံပြီး ဖြေကြားပေးတာ ဒါပထမဦးဆုံးအကြိမ်လို့ သိထားပါတယ်။ အဲဒါမှန်တယ်ဆိုရင် ဘာကြောင့် တရုတ်မီဒီယာကို ပထမဦးဆုံးအကြိမ်လက်ခံပေးတဲ့အကြောင်းကို ဖြည့်စွက်ပြီး ဆွေးနွေးပေးပါ။
ဖြေ။ ။ အမေးရှိရင် အဖြေရှိပါတယ်။ ကျွန်တော်အနေနဲ့ကတော့ ကိုယ်ရဲ့ ပြောဆိုချက်တွေကိုမှန်မှန်ကန်ကန်နဲ့ဆောင်ရွက်ပေးနိုင်မယ်လို့ ယုံကြည်တဲ့အတွက် ကြောင့် ဖြေကြားပေးတာပါ။ နောက်တစ်ခုလည်း ပြောလိုတာ ရှိပါတယ်။ ခင်ဗျား တို့နဲ့ ဖြေတာက ပထမဦးဆုံး အကြိမ်တော့ မဟုတ်ပါဘူး။ တခြားမီဒီယာနဲ့ ဖြေခဲ့ တာတွေ ရှိတယ်။ အကြောင်း အမျိုးမျိုးကြောင့် မပါလာသေးတာဘဲ ဖြစ်မှာပါ။
မေး။ ။ ဆက်မေးချင်တာက တရုတ်-မြန်မာဆက်ဆံရေးအပေါ်ကို ဗိုလ်ချုပ် မှူးကြီးအနေနဲ့ ဘယ်လိုမျိုး ထင်မြင်ချက် ရှိပါသလဲ။ ရှေ့လျှောက်ပြီးတော့ တရုတ်- မြန်မာ ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေးအပေါ်ကို ဘယ်လိုမျိုးမြှင့်တင်ဆောင်ရွက်ဖို့ ဆန္ဒရှိပါသလဲ။
ဖြေ။ ။ မြန်မာနိုင်ငံနဲ့ တရုတ်နိုင်ငံဟာ နယ်နိမိတ်ချင်း ထိစပ်နေတယ်။ ကီလို မီတာပေါင်း ၂၂၀၀ ကျော်လောက် ထိစပ်နေတဲ့ နိုင်ငံဖြစ်တယ်။ နောက်တစ်ခါ ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရင်းနှီးမှုရှိပြီး နယ်စပ်မှာနေတဲ့ တိုင်းရင်းသားတွေက လည်း တူညီမှုရှိကြတယ်။ ခင်ဗျားတို့ဆီမှာ ဂျိန်းဖောရှိမယ်၊ ကျွန်တော်တို့ဆီမှာ ကချင်ရှိမယ်။ ခင်ဗျားတို့ ဆီမှာ ‘ဝ’ ရှိမယ်။ ကျွန်တော်တို့ဆီမှာ ‘ဝ’ ရှိတယ်။ ခင်ဗျား တို့ဆီမှာ ရှမ်းရှိတယ်။ ကျွန်တော်တို့ဆီမှာ ရှမ်းရှိတယ်။ ခင်ဗျားတို့ဆီမှာ လားဟူ ရှိတယ်။ ကျွန်တော်တို့ဆီမှာ လားဟူရှိတယ်။ တော်တော်လေးနီးစပ်မှု လူနေမှု တူညီ ကြတယ်။ သမိုင်းကြောင်းပြန်ကြည့်ရင်လည်း ၁၉၄၅-၁၉၅၀ တရုတ်နိုင်ငံရဲ့ နိုင်ငံရေးပြောင်းလဲမှု ဖြစ်စဉ်တွေမှာ မြန်မာနယ်စပ်နဲ့ မြန်မာနိုင်ငံမှာလည်း ရိုက်ခတ်မှုတွေ ရှိခဲ့တယ်။ ထို့အတူပဲ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးဖြစ်ပေါ်ပြောင်းလဲမှု ဖြစ်စဉ်တွေမှာလည်း မြန်မာနိုင်ငံ၊ တရုတ်နယ်စပ်နဲ့ တရုတ်နိုင်ငံမှာလည်း ရိုက်ခတ် မှုတွေ ရှိခဲ့တယ်။ ဒါဟာထူးခြားတဲ့ဟာဖြစ်တယ်။ ကျွန်တော်တို့က နှစ်နိုင်ငံပူးပေါင်း ဆက်ဆံရေးကို ယုံကြည်မှုနဲ့ ချစ်ချစ်ခင်ခင်နေတာက အကောင်းဆုံးလို့ ကျွန်တော် ကခံယူထားတယ်။ အိမ်နီးနားချင်းထက် စိတ်ချရတဲ့မိတ်ဆွေနိုင်ငံဆိုတာမရှိဘူး။ အိမ်နီးချင်းဆိုတာ အရင်းနှီးဆုံးနိုင်ငံဖြစ်ရမယ်။ အိမ်နီးချင်းကောင်းပဲ ဖြစ်ရမယ်။ နိုင်ငံအားလုံးနဲ့ အိမ်နီးနားချင်း ငါးနိုင်ငံနဲ့ ချစ်ကြည်အောင်ဆောင်ရွက်ပါတယ်။ တရုတ်နဲ့ မြန်မာကလည်း ငြိမ်းချမ်းစွာအတူယှဉ်တွဲရေးမူငါးချက်ကို ကမာ္ဘမှာ စပြီးလက်မှတ် ထိုးခဲ့တဲ့နိုင်ငံတွေဖြစ်တယ်။ ဒါကတော့ ထူးခြားတဲ့ဟာပါ။
မေး။ ။ ခုတရုတ်ဘက်ကနေ လုပ်ကိုင်နေတဲ့ စီးပွားရေးရပ်ဝန်းနဲ့လမ်းကြောင်း အပေါ်မှာကောမြန်မာဘက်ကနေပူးပေါင်းဆောင်ရွက်ဖို့ အားဖြည့်ဖို့အတွက် စဉ်းစား ထားမှုလေး ရှိရင် အတိုချုပ်မှတ်ချက်ပြုပေးပါ။
ဖြေ။ ။ တရုတ်ကအခုလုပ်နေတဲ့စီးပွားရေးစင်္ကြန်လမ်းကြောင်းက အခုမှမြန်မာ နိုင်ငံနဲ့လုပ်တာမဟုတ်ဘူး။ ဟိုးရှေးကာလကတည်းကပူးပေါင်းပြီးလုပ်လာခဲ့တယ်။ အဲဒီကတည်းက နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုကဏ္ဍပေါင်းစုံ ရှိတယ်။ ခုကတော့ ပိုပြီးတော့မှ တစ်ကမာ္ဘလုံးနဲ့ဆက်သွယ်ပြီးလုပ်လာတဲ့ကိစ္စတွေက ပိုပြီးတော့ လေးနက်လာတဲ့ သဘောရှိတယ်။ မြန်မာနိုင်ငံကတော့ အခုမှလုပ်တာမဟုတ်ဘူး။ လုပ်လာတာ ကြာလှပြီ။ ပူးပေါင်းဆောင်ရွက်မှုကတော့ ဒီထက်ပိုပြီးကောင်းအောင် လုပ်ဖို့ပဲရှိတယ်။ မြန်မာပြည်သူတွေရဲ့အကျိုးရှိမယ်။ မြန်မာနိုင်ငံအတွက် အကျိုး ရှိမယ်ဆိုရင် ကျွန်တော်တို့ကပူးပေါင်းဆောင်ရွက်မှုလုပ်မှာဘဲ ဖြစ်တယ်လို့ ပြောချင် တယ်။
မေး။ ။ မေးခွန်းနှစ်ခုပေါင်းရမယ်ဆိုရင်တော့ မြန်မာနိုင်ငံနဲ့တရုတ်အကြား နယ်စပ်တည်ငြိမ်ရေးကို အဆွေတော်အနေနဲ့ဘယ်လိုဆက်လက်ပြီး ထိန်းသိမ်းမလဲ။ မြှင့်တင်မလဲဆိုတာ ထင်မြင်ချက်ရှိမလဲ။ နောက်တစ်ခုက နယ်စပ်ဒေသမှာ ကိုဗစ် ပြန့်ပွားမှုတွေအပေါ်မှာကော ဘယ်လိုမျိုးပူးပေါင်းဆောင်ရွက်မလဲ။
ဖြေ။ ။ နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးကတော့ နယ်စပ်ဒေသမှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေ မြန်မာနိုင်ငံကဆောင်ရွက်နေတဲ့ ငြိမ်းချမ်းရေး လမ်းကြောင်းအပေါ်မှာ အပြည့်အဝဆောင်ရွက်သွားမယ်ဆိုရင်တော့ လုံးဝကို တည်ငြိမ်အေးချမ်းတဲ့ အခြေအနေရောက်သွားမယ်။ တရုတ်နယ်စပ်ပဲ မဟုတ်ပါဘူး။ ထိုင်းနိုင်ငံနယ်စပ်တွေမှာလည်းရှိပါတယ်။ လာအိုနိုင်ငံနယ်စပ်တွေမှာ လည်း ရှိပါတယ်။ အိန္ဒိယနယ်စပ်မှာလည်းရှိပါတယ်။ အခုဘင်္ဂလားနယ်စပ်မှာ လည်းရှိပါတယ်။ နယ်စပ်တွေ တည်ငြိမ်ဖို့ကတော့ နယ်စပ်ဒေမှာရှိတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေမရှိအောင် သူတို့မြန်မာနိုင်ငံရဲ့လျှောက်လှမ်းနေတဲ့ နိုင်ငံရေးလမ်းကြောင်းပေါ်မှာ မှန်မှန်ကန်ကန် ပူးပေါင်းဆောင်ရွက်နိုင်အောင် ဖြစ်လာတယ်ဆိုရင်တော့ ကျွန်တော်တို့ နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေးနဲ့ ပူးပေါင်းဆောင်ရွက်ရေးကတော့ ခိုင်ခိုင်မာမာရှိတယ်လို့ပြောချင်ပါတယ်။ အဲ့ဒီ တော့ ဒီမှာလည်း နယ်စပ်ဒေသမှာရှိတဲ့ တိုင်းရင်းသားတွေရဲ့ လူမှုစီးပွားရေး တိုးတက် အောင် ဆောင်ရွက်ပေးရမယ်။ ဒါလည်းမဖြစ်မနေလုပ်ပေးရမယ်။ တရုတ်ဘက်က နိုင်ငံရေးအခြေအနေနဲ့ကျွန်တော်တို့ဘက်က နိုင်ငံရေးအခြေအနေနဲ့ ကွာဟနေလို့ မရဘူး။ အဲဒီလိုကွာဟနေတယ်ဆိုရင်တော့ ပြဿနာရှိမယ်ပေါ့။ ကွာဟမှုမရှိ အောင်တော့ ကျွန်တော်တို့ဘက်က ကြိုးစားရမယ်။ တစ်ဘက်ကလည်း တည်ငြိမ် အောင်ကြိုးစားရမယ်။ ဒီဘက်ကလည်း တိုးတက်အောင်ကြိုးစားရမယ်။ ဒီနှစ်ခု ရှိမှာသာ နှစ်နိုင်ငံဆက်ဆံရေးအခိုင်အမာရှိလိမ့်မယ်လို့ ကျွန်တော်တော့မြင်တယ်။ နောက်တစ်ခုကခင်ဗျားမေးတဲ့ အထဲမှာ ကိုဗစ်-၁၉ ပါတယ်နော်။ ကိုဗစ်-၁၉ ကတော့ ကျွန်တော်တို့ မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီ၊ မတ်၊ ဧပြီမှာ ထိန်းနိုင်ပြီ။ ကျွန်တော်တို့ တော်တော်လေးထိန်းနိုင်တဲ့ အနေအထားရှိပါတယ်။ Second Wave ကတော့ ကျွန်တော်တို့ အများကြီး ဖြစ်ခဲ့ပါတယ်။ Third Wave မှာဖြစ်စဉ်က တော်တော်လေးနည်းပါတယ်။ သို့သော်လည်း လုံးဝပျောက်ပြီတော့မဟုတ်ဘူး။ ကျွန်တော်တို့ ကြိုးစားပြီး ထိန်းရလိမ့်မယ်။ နယ်စပ်ဒေသမှာ ကိုဗစ်မဖြစ်ပွားရေး နဲ့ပတ်သက်ရင် သူ့စည်းကမ်း ချက်တွေကို တိတိကျကျလိုက်နာဖို့တော့လိုတယ်။ အားနာလို့တော့ မရဘူး။ ခင်ဗျားတို့ဖက်က စည်းကမ်းထိန်းသိမ်းရေးအပိုင်းက လည်း သူ့စည်းကမ်းနဲ့ ထိန်းဖို့လိုတယ်။ ကျွန်တော်တို့ဘက်ကလည်း ထိန်းဖို့လိုပါ တယ်။ သူ့ရဲ့သတ်မှတ်တဲ့ စည်းကမ်း ချက်တွေရှိတယ်။ နောက်တစ်ခုက လူတွေက ဒါနဲ့ပတ်သက်ပြီးအသိရှိဖို့ လိုတယ်။ ကိုယ့်အသိနဲ့ကိုယ် မလိုက်နာဘူးဆိုရင် တားလို့ဆီးလို့မရတဲ့ရောဂါဖြစ်တဲ့အတွက် ပြဿနာတော့ရှိလာဖို့မြင်တယ်။ နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်ရေးကလည်း တော်တော်အရေးကြီးတယ်လို့မြင်တယ်။
မေး။ ။ နောက်ဆုံးအနေနဲ့ ပြောလိုတာကတော့ စိတ်ရှည်လက်ရှည်ဖြေကြား ပေးတဲ့အတွက် လွန်စွာဘဲတန်ဖိုးထားပါတယ်။ အလေးအမြတ်ထားပါတယ်။ နောက်တစ်ခုကတော့ ခုနကပြောသလိုဘဲ နှစ်နိုင်ငံတည်ရှိနေတဲ့ သမိုင်းကြောင်း တည်ရှိနေတဲ့ Background တွေအရ နှစ်ဘက်ကဦးစားပေးပြီးတော့ ပူးပေါင်း ဆောင်ရွက်ရမယ် ဆိုတာယုံကြည်ပါတယ်ဆိုတာ Phoenix က နိဂုံးချုပ်ပြောလိုပါ တယ်။
ဖြေ။ ။ ကောင်းပါပြီ။ ပြည့်စုံပါတယ်။ ကျွန်တော့အနေနဲ့လည်း မြန်မာနိုင်ငံရဲ့ အခြေအနေနဲ့ ကျွန်တော်ဦးဆောင်တဲ့အဖွဲ့ရဲ့ ထားရှိတဲ့အနေအထား၊ ထားရှိတဲ့ သဘောထား တွေကို ကျွန်တော်ပြောခွင့်ရတဲ့အတွက် အများကြီး ကျေးဇူးတင်ပါ တယ်။ ကျွန်တော် ပြောတဲ့ဆိုတဲ့အချက်တွေပေါ်မူတည်ပြီး နိုင်ငံတကာကိုလည်း အားလုံးသိရှိအောင် ဆောင်ရွက်ပေးနိုင်မယ်လို့အပြည့်အဝယုံကြည်ပါတယ်။
(Zawgyi Version)
ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠဌ၊ တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ အား တ႐ုတ္ျပည္သူ႔သမၼတႏိုင္ငံ၊ Phoenix ႐ုပ္သံမီဒီယာမွ ေတြ႕ဆုံေမးျမန္းျခင္း
ေမး။ ။ အခုလတ္တေလာမွာပဲ ဗိုလ္ခ်ဳပ္မႉးႀကီးကို မီဒီယာမ်ားမွာ ျမင္ရတာ လန္းလန္းဆန္းဆန္းနဲ႔ က်န္းက်န္းမာမာရွိတာ ေတြ႕ရပါတယ္။
ေျဖ။ ။ ေနေကာင္းပါတယ္။ ခရီးလည္းသြားေနတာျဖစ္တဲ့အတြက္ေၾကာင့္ ေနာက္တစ္ခုက ျပည္သူနဲ႔ ထိေတြ႕မႈရွိတာလည္း ပိုေကာင္းတယ္လို႔ ယူဆတဲ့အ တြက္ေၾကာင့္ ကြၽန္ေတာ္ကလည္း ေျပာစရာရွိတာေျပာ၊ သြားစရာရွိတာသြား၊ လုပ္စ ရာရွိတာ လုပ္ေနပါတယ္။
ေမး။ ။ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ မဂၤလာပါရွင္။ အခု ကမာၻ႔အျပင္ဘက္ မွာ ေျပာဆိုေနၾကတဲ့ အတိုင္း ျမန္မာျပည္ဟာ ေဖေဖာ္ဝါရီလမွာ ျဖစ္ေပၚေျပာင္းလဲ မႈေတြကို သူတို႔အေနနဲ႔ သတိထားမိပါတယ္။ အဲ့ဒီအေပၚမွာ အျပင္ကလူေတြဟာ ေျပာၾကားေနတာကေတာ့ စစ္အာဏာသိမ္းမႈလို႔ ေျပာဆိုေနၾကတာရွိပါတယ္။ အဲ့ဒီ အေပၚမွာ အေဆြေတာ္ ဗိုလ္ခ်ဳပ္မႉးႀကီးအေနနဲ႔ ဘယ္လိုမ်ား တုန႔္ျပန္ေျပာဆိုခ်င္ပါ သလဲ။
ေျဖ။ ။ ဒါသူတို႔အျမင္ေျပာတာပါ။ ေသခ်ာတာက ျမန္မာႏိုင္ငံရဲ႕ ဖြဲ႕စည္းပုံအေျခ ခံ ဥပေဒကို နားမလည္ဘူးဆိုတာေတာ့ ထင္ရွားပါတယ္။ ဖြဲ႕စည္းပုံအေျခခံဥပေဒကို နားမလည္ဘူးဆိုတာ တစ္ခ်က္ေပါ့။ ေနာက္ ကြၽန္ေတာ္တို႔မွာ ဖြဲ႕စည္းပုံ အေျခခံ ဥပေဒက ေပးအပ္ထားတဲ့ အခြင့္အေရးေတြရွိတယ္။ အဲ့ဒီအခြင့္အေရးေတြက လုပ္လို႔ ရတာေတြ အမ်ားႀကီးရွိပါတယ္။
ေနာက္တစ္ခုက အာဏာသိမ္းတာနဲ႔ အာဏာထိန္းသိမ္းတာ မတူဘူး ဆိုတာ ကြၽန္ေတာ္ ခြဲျခားၿပီးေျပာခ်င္တယ္။ ကြၽန္ေတာ္တို႔ရဲ႕ အေျခခံဥပေဒပုဒ္မ ၄၁၇ မွာ ျပဌာန္းထားတဲ့ တစ္ခ်က္ရွိတယ္။ အဲ့ဒီမွာ အေရးေပၚအေျခအေနျဖစ္ ေပၚလာရင္ တပ္မေတာ္ကေန ႏိုင္ငံေတာ္ကို ထိန္းသိမ္းေပးဖို႔အတြက္ တာဝန္ရွိတဲ့ တစ္ခ်က္ ပါပါတယ္။ ဒီတာဝန္အရ ကြၽန္ေတာ္တို႔က ႏိုင္ငံေတာ္ရဲ႕ တာဝန္ကိုယူရတာပါ။ ဒါကို ျပန္ၿပီး အေသးစိတ္ေျပာရရင္ ဖြဲ႕စည္းပုံအေျခခံဥပေဒ ပုဒ္မ ၆ မွာ တပ္မေတာ္သည္ အမ်ိဳးသားႏိုင္ငံေရးတာဝန္ကို ထမ္းေဆာင္ရမယ္ဆိုတဲ့ တစ္ခ်က္ ေဖာ္ျပထားတယ္။ ပုဒ္မ ၂၀ မွာ ဖြဲ႕စည္းပုံအေျခခံဥပေဒကို ကာကြယ္ေစာင့္ေရွာက္ရမယ္ဆိုၿပီး ေဖာ္ျပထားတာ တစ္ခ်က္ရွိတယ္။ ပုဒ္မ ၄၁၇ မွာ ႏိုင္ငံေတာ္မွာ အေရးေပၚ အေျခ အေန ျဖစ္ေပၚလာရင္ တပ္မေတာ္က ဝင္ေရာက္ ထိန္းသိမ္းႏိုင္တဲ့ အခြင့္အေရးရွိ တယ္ဆိုတာ ေဖာ္ျပထားတယ္။ ဒီအခ်က္ေၾကာင့္ ကြၽန္ေတာ္တို႔က အာဏာသိမ္း စရာမလိုဘဲနဲ႔ တိုင္းျပည္ကို ဝင္ေရာက္ထိန္းသိမ္းေပးတာျဖစ္တယ္ဆိုတာကို ကြၽန္ေတာ္ ကနဦးရွင္းျပလိုပါတယ္။
အေရးေပၚအေျခအေန ေၾကညာၿပီး တိုင္းျပည္ထိန္းသိမ္းတဲ့အခါမွာ တပ္မေတာ္က ထိန္းသိမ္းတဲ့ အစိုးရ တစ္ခုဖြဲ႕စည္းထားပါတယ္။ အဲ့အစိုးရထဲမွာ တပ္မေတာ္ကလည္းပါတယ္၊ အရပ္ဖက္ ကြၽမ္းက်င္တဲ့ ပုဂၢိဳလ္ေတြ၊ ၾသဇာအာဏာ ရွိတဲ့ပုဂၢိဳလ္ေတြလည္းပါပါတယ္။ တပ္မေတာ္သားခ်ည္း အားလုံးက တာဝန္ယူထား တာ မဟုတ္ဘူး။ နံပါတ္(၁) အခ်က္အေနျဖင့္ ခင္ဗ်ားေတြ႕ရလိမ့္မယ္။ ဒုတိယ အခ်က္အေနနဲ႔ ဖြဲ႕စည္းပုံအေျခခံဥပေဒအတိုင္းပဲ ကြၽန္ေတာ္တို႔သြားပါတယ္။ ဖြဲ႕စည္းပုံအေျခခံ ဥပေဒကို မပယ္ဖ်က္ဘူး ဥပေဒႀကီး ရွိေနတယ္။
ေမး။ ။ အခုေမးခ်င္တဲ့ ေမးခြန္းအတိုေလးက အခုလိုမ်ိဳး တာဝန္ယူရတယ္ဆို တာ ျမန္မာျပည္ရဲ႕ အေျခခံဥပေဒကို ကာကြယ္ဖို႔အတြက္ ေဆာင္႐ြက္တယ္လို႔ ဆိုလို ခ်င္တာလား။
ေျဖ။ ။ ဟုတ္ပါတယ္။ မွန္ပါတယ္။
ေမး။ ။ အဲ့လိုမ်ိဳး အခ်ဳပ္အျခာအာဏာကို ၿခိမ္းေျခာက္မႈပုံစံမ်ိဳး ျဖစ္လာတယ္ ဆိုတာ ဘယ္လိုအေျခအေနမ်ိဳးေတြကို ေျပာလိုပါသလဲ။ အဲ့အေျခအေနေတြေၾကာင့္ အေျခခံဥပေဒကို ကာကြယ္တယ္လို႔ ဆိုလိုျခင္းျဖစ္ပါသလား။
ေျဖ။ ။ ဟုတ္တယ္။ ႏိုင္ငံေတာ္၏အာဏာကို အဓမၼနည္းနဲ႔ယူတယ္ဆိုတာ လည္း ၿခိမ္းေျခာက္မႈတစ္ခုပါ။ ကြၽန္ေတာ္တို႔က ေ႐ြးေကာက္ပြဲမွာ ျဖစ္လာတဲ့ ရလဒ္ ေတြအရ ဒါေတြဟာ ဥပေဒနဲ႔ မညီဘူးဆိုတာ ျဖစ္ေပၚလာတဲ့အတြက္ေၾကာင့္ ဒါကို ဥပေဒနဲ႔အညီ ရွင္းဖို႔လုပ္တဲ့ အခ်ိန္မွာ အႏိုင္ရတဲ့ပါတီက ဒီဟာကို ရွင္းလင္းဖို႔ မႀကိဳး စားဘဲနဲ႔ လႊတ္ေတာ္ေခၚၿပီးေတာ့မွ အာဏာကိုဆက္ၿပီး တည္ၿမဲေအာင္လုပ္ဖို႔ ႀကိဳး စားတဲ့အတြက္ေၾကာင့္ အဓမၼနည္းနဲ႔ အာဏာယူဖို႔ ေဆာင္႐ြက္ျခင္းျဖစ္တယ္။ ဒါကို ကြၽန္ေတာ္တို႔က ကာကြယ္ခဲ့ျခင္းျဖစ္ပါတယ္။
ေမး။ ။ ၿပီးခဲ့တဲ့ ေ႐ြးေကာက္ပြဲမွာ NLD အစိုးရအေနနဲ႔ သူတို႔ဖက္က ေၾကညာ တာက ၈၀ ရာခိုင္ႏႈန္းေလာက္အထိကိုႏိုင္တယ္လို႔ ေျပာပါတယ္။ အဲ့ေတာ့ တပ္မေတာ္ဖက္က ဘယ္လိုကိန္းဂဏန္းေတြအရ သူတို႔သည္ မဲမသမာမႈလုပ္သြား တယ္လို႔ ေျပာဆိုႏိုင္ပါသလဲ။
ေျဖ။ ။ သူတို႔ေျပာတာကေတာ့ ၈၀ ရာခိုင္ႏႈန္းနီးပါးအထိ ႏိုင္တယ္လို႔ ေျပာတာ ေပါ့။ ဒါကေတာ့ သူတို႔ရဲ႕ ေ႐ြးေကာက္ပြဲရလဒ္ကို ေျပာတာ။ ဒါေပမယ့္ ေ႐ြးေကာက္ပြဲ လုပ္တဲ့အခ်ိန္မွာ မဲေပးခဲ့တဲ့ မဲစာရင္းေတြဟာ လုံးဝမွားယြင္းေနတာကို ေတြ႕ရတယ္။ ျမန္မာႏိုင္ငံမွာ မဲေပးခြင့္ရွိတဲ့သူဟာ UEC လို႔ေခၚတဲ့ Union Election Commission ေၾကညာတဲ့ မဲေပးပိုင္ခြင့္ရွိတဲ့သူသည္ ၃၈ ဒသမ ၂၇ သန္းရွိတယ္။ ဒါေပမယ့္ အဲ့လူ ေတြကို စာရင္းစစ္ၾကည့္တဲ့အခါမွာ ၁၀ ဒသမ ၄၈ သန္းက စာရင္းမွားေနတာကို ေတြ႕ရတယ္။
ဒီမိုကေရစီမွာ ေ႐ြးေကာက္ပြဲသည္ တစ္ကယ့္အေရးႀကီးတဲ့ စနစ္တစ္ခု ပါပဲ။ ဒီမိုကေရစီတင္မဟုတ္ဘူး တစ္ပါတီ ဆိုရွယ္လစ္စနစ္မွာလည္း ေ႐ြးေကာက္ပြဲ နဲ႔သြားတယ္။ ပါတီစုံစနစ္မွာလည္း ေ႐ြးေကာက္ပြဲနဲ႔သြားတယ္။ ေ႐ြးေကာက္ပြဲလုပ္ တဲ့အခါမွာ မဲစာရင္းေတြမွန္ကန္ဖို႔က သိပ္အေရးႀကီးတယ္။ မဲစာရင္းေတြမမွန္မကန္ ဘဲနဲ႔ ေ႐ြးေကာက္ပြဲကို လုပ္လိုက္ရင္ ရလဒ္ေတြက ဘယ္လိုမွကို အႏွစ္သာရျပည့္ဝ တဲ့ ေ႐ြးေကာက္ပြဲတစ္ခု မျဖစ္ႏိုင္ဘူးဆိုတာ ႏိုင္ငံတိုင္းက လက္ခံထားတယ္။
ေမး။ ။ အခုလိုမ်ိဳး ဗိုလ္ခ်ဳပ္မႉးႀကီးဘက္က ျပန္ေျဖတာကိုလည္း နားလည္ပါ တယ္။ တစ္ကယ္တမ္းေျပာရရင္ NLD ဘက္ကေနၿပီးေတာ့ မဲစာရင္းေတြကို တမင္ တကာ ဒီလိုမ်ိဳး လုပ္သြားတယ္ဆိုတဲ့ သေဘာမ်ိဳးေျပာလိုပါသလား။
ေျဖ။ ။ မဲစာရင္းအမွားေတြကို အမ်ားႀကီးျပဳစုထားတာရွိတယ္။ မဲစာရင္းကို စစ္ တဲ့အခါမွာ ၁၀ ဒသမ ၄၈ သန္း မဲစာရင္းမွားတယ္။ အဲ့မွာ ႏိုင္ငံသားစိစစ္ေရး ကဒ္တစ္ခုတည္းမွာ နာမည္ေတြ မ်ိဳးစုံထပ္ေနတာရွိတယ္။ အေဖတူတယ္ အေမ မတူဘူး။ အေမတူတယ္ အေဖမတူဘူး စသည္ျဖင့္ ဒီလိုဟာေတြက ၅ သန္းေက်ာ္ ရွိတယ္။ ေနာက္တခါ အသက္ ၁၀၀ ေက်ာ္ေနတဲ့ ပုဂၢိဳလ္ေတြပါတယ္။ မွတ္ပုံတင္ မရွိတဲ့သူေတြပါတယ္။ ဒါေတြက ၄ သန္းေက်ာ္ရွိတယ္။ ေပါင္းလိုက္ရင္ ၁၀ ဒသမ ၄၈ သန္းရွိတယ္။ ဒီလူေတြရဲ႕ စာရင္းဇယားမမွန္ကန္မႈက ဘယ္လိုလုပ္ မဲစာရင္း မွန္ကန္ မႈ ျဖစ္ႏိုင္မလဲ ခင္ဗ်ားတို႔ စဥ္းစားၾကည့္လို႔ရတယ္။
ေမး။ ။ ၿပီးခဲ့တဲ့ ႏိုင္ငံေရးျဖစ္စဥ္အၿပီးမွာေတာ့ ျပည္သူေတြရဲ႕ တုန႔္ျပန္မႈေတြက နည္းနည္းေလး ျပင္းထန္လာတာမ်ိဳးေတြ ေတြ႕ရပါတယ္။ အဲ့အတြက္ေကာ အေဆြ ေတာ္ဖက္က မွန္းဆခဲ့တာမ်ိဳး၊ ႀကိဳတင္ၿပီးေတာ့ ေမွ်ာ္မွန္းခဲ့တဲ့ အေျခအေနမ်ိဳးေကာ ရွိခဲ့ပါသလား။
ေျဖ။ ။ ေျပာရရင္ အဲ့ေလာက္ထိေတာ့ မ်ားလိမ့္မယ္လို႔မထင္ခဲ့ဘူး။ ခံစားခ်က္ ေတာ့ရွိပါလိမ့္မယ္။ အဲ့လိုမ်ိဳးျဖစ္စဥ္တစ္ခုနဲ႔ ပတ္သက္ၿပီး ျမန္မာႏိုင္ငံမွာ ျဖစ္ခဲ့တဲ့ ျဖစ္စဥ္တစ္ခုရွိခဲ့ဖူးတာကို ကြၽန္ေတာ္ ဥပမာတစ္ခုေျပာခ်င္တယ္။
၁၉၅၆ ခုႏွစ္က ကြၽန္ေတာ္တို႔ဆီမွာအစိုးရကလုပ္တဲ့ စာေမးပြဲတစ္ခုရွိ တယ္။ ၇ တန္းစာေမးပြဲ။ ေမးခြန္းေတြေပါက္တဲ့အတြက္ေၾကာင့္ စာေမးပြဲမွာ ျပႆနာေတြတက္ၿပီးေတာ့ စာေမးပြဲေျဖတဲ့အတြင္းမွာပဲ အစိုးရက ဒီစာေမးပြဲကို ေ႐ႊ႕ဆိုင္းခဲ့တယ္။ ေ႐ႊ႕ဆိုင္းလိုက္တယ္။ ေ႐ႊ႕ဆိုင္းလိုက္ေတာ့ စာေမးပြဲေျဖတဲ့ ေက်ာင္းသားေတြမွာ ျပႆနာတက္ၾကတယ္။ တစ္ႏွစ္လုံး စာႀကိဳးစားလာခဲ့တဲ့ ကေလးေတြက စာေမးပြဲကိုဖ်က္လိုက္တဲ့အခါမွာ သူတို႔မေက်နပ္လို႔ ဆႏၵျပတာ ရွိတယ္။ ဘာေၾကာင့္ စာေမးပြဲေ႐ႊ႕လည္းဆိုရင္ ေမးခြန္းေပါက္တဲ့အတြက္ေၾကာင့္ ေ႐ႊ႕လိုက္တာ။ ေမးခြန္းမတရားနည္းနဲ႔ ရလိုက္တဲ့ လူေတြက်ေတာ့၊ ပိုက္ဆံေပးၿပီး ယူထားတဲ့ ေမးခြန္းရတဲ့လူေတြကလည္း သူတို႔ ပိုက္ဆံအကုန္အက်ခံၿပီးေတာ့ စာေမးပြဲေျဖတဲ့အခ်ိန္မွာ စာေမးပြဲ ပယ္ဖ်က္ျခင္းခံလိုက္ရတဲ့အတြက္ေၾကာင့္ မေက်နပ္ဘူး။ အဲ့ေတာ့ ႐ိုး႐ိုးသားသား ေျဖတဲ့သူကလည္း မေက်နပ္ဘူး။ မ႐ိုးမသားနဲ႔ လုပ္ၿပီးယူတဲ့လူကလည္း မေက်နပ္ဘူး။ အစိုးရကို ဆႏၵျပလို႔ ရဲကႏွိမ္ႏွင္းတဲ့အခါမွာ ေက်ာင္းသားတစ္ေယာက္ေသသြားခဲ့ဖူးတဲ့ ျဖစ္စဥ္ရွိတယ္။ ဒီျဖစ္စဥ္လည္း ဒီလိုပဲ ႐ိုး႐ိုးသားသား ေျဖတဲ့ေထာက္ခံတဲ့သူေတြကလည္း သူတို႔ ႐ိုး႐ိုးသားေျဖတဲ့ ေထာက္ခံတဲ့ဟာေတြကို ကြၽန္ေတာ္တို႔က ဒါေတြမဟုတ္ဘူးဆို ၿပီးေတာ့ မမွန္ဘူးလို႔ေျပာတဲ့အခ်ိန္မွာ သူတို႔မေက်နပ္လို႔ ဆႏၵျပတာလည္းရွိလိမ့္ မယ္။ မ႐ိုးမသားလုပ္တဲ့သူေတြကလည္း မ႐ိုးမသား လုပ္တာေတြကို မဟုတ္ဘူးလို႔ ေျပာတဲ့အခ်ိန္မွာ သက္မျပႏိုင္ရင္ သူတို႔တရားစြဲခံရမယ္။ ဒါကိုေပ်ာက္ေအာင္ဆိုၿပီး ဆႏၵျပတဲ့ ျဖစ္စဥ္မ်ိဳးေတြျဖစ္တယ္။ ဒါေၾကာင့္ ဒါဟာ အင္အား အင္မတန္ႀကီးမား လာတာျဖစ္ပါတယ္။
ေမး။ ။ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ေျပာသလိုပါပဲ။ ဆႏၵျပတဲ့သူထဲမွာ ႏွစ္ပိုင္းခြဲၿပီး ျမင္ရမယ္လို႔ မိမိအေနနဲ႔ မ်က္လုံးထဲေပၚပါတယ္။ တစ္ခုကေတာ့ သူတို႔ ႐ိုး႐ိုးသားသားနဲ႔ မဲေပးၿပီးေတာ့ ဒီလိုျဖစ္ရပ္ျဖစ္သြားတာကို မေက်နပ္လို႔ ဆႏၵျပတဲ့ လူရွိသလို တစ္ခ်ိဳ႕ကေတာ့ သူတို႔ ရည္႐ြယ္ခ်က္ရွိရွိနဲ႔ လုပ္ေပမယ့္ မေအာင္ျမင္လို႔ ဆႏၵျပတာ ဒီလိုပဲ နားလည္တယ္လို႔ ျပန္ေျပာလိုပါတယ္။
ေျဖ။ ။ ဟုတ္ပါတယ္၊ အဲ့ဒီအတိုင္းပါပဲ။
ေမး။ ။ ကြၽန္မတို႔သတိျပဳမိတာက ဒီႏိုင္ငံေရးျဖစ္စဥ္မွာ မီဒီယာေတြေျပာၾကားမႈ အရေတာ့ ေသဆုံးရသူေပါင္း ၇၀၀ ေက်ာ္ရွိတယ္လို႔ ေျပာပါတယ္။ အဲ့ဒီအတြက္ ဘယ္လိုအဖြဲ႕အစည္းအေနနဲ႔ တာဝန္ရွိပါသလဲ၊ ေနာင္ေရာ ဒီလိုမ်ိဳးေသေၾကမႈေတြ ကို ေရွာင္ရွားႏိုင္ဖို႔အတြက္ ဘယ္လိုမ်ား ေဆာင္႐ြက္သြားမယ္လို႔ ယူဆပါသလဲ။
ေျဖ။ ။ ၇၀၀ ေက်ာ္လို႔ ေျပာတယ္၊ သူတို႔ေျပာတဲ့စာရင္းက ဘယ္ဟာကို အေထာက္အထားယူၿပီးေတာ့ အတည္ျပဳၿပီးေျပာသလဲ ျပန္ၿပီးေမးလို႔ရပါတယ္။ ခင္ဗ်ားတို႔ကလည္း ဒီ ၇၀၀ ကို ဘယ္လိုမ်ိဳးအတည္ျပဳလို႔ ရမလဲ။ ကြၽန္ေတာ္တို႔ လုံးဝအတည္ျပဳလို႔မရဘူး။ တကယ္ေသတာကေတာ့ ၃၀၀ နီးပါးေလာက္ေတာ့ရွိ ပါတယ္။ အားလုံးလည္းေၾကညာထားပါတယ္။ အၾကမ္းဖက္လို႔ ေသတာေတြရွိပါ တယ္။ အၾကမ္းဖက္မွာလည္း စတဲ့အခ်ိန္တုန္းက ၿငိမ္းၿငိမ္းခ်မ္းခ်မ္းနဲ႔ ဆႏၵျပတာ ရွိတယ္။ ဒါကို ကြၽန္ေတာ္တို႔ ဘာမွျပန္မလုပ္ဘူး။ ေဘးကေနပဲ ၾကည့္ေနတယ္။ အဲဒီကေန လူစုလူေဝးနဲ႔ ဆႏၵျပတာေတြ ျဖစ္လာတယ္။ နည္းနည္း Riot အဆင့္ကို ေျပာင္းလာတယ္။ အဲ့ကေန အၾကမ္းဖက္တဲ့ အဆင့္ကို ေျပာင္းလာတယ္။ Anarchy Mob လို႔ျဖစ္လာၾကတယ္။ အဲ့ဒီကေန ဘာျဖစ္လာလည္းဆိုေတာ့ လက္နက္နဲ႔ တိုက္ခိုက္လာတယ္။ အဲဒီေတာ့ Terrorism အဆင့္ကို ေရာက္လာတယ္။ အဲဒီေတာ့ လက္နက္နဲ႔ တိုက္လာတဲ့လူ၊ အၾကမ္းဖက္ဆူပူဆႏၵျပမႈနဲ႔ျဖစ္လာတယ္ဆိုရင္ ရဲက ဒီအတိုင္းေတာ့ ၾကည့္ေနလို႔မရေတာ့ဘူး လိုအပ္တဲ့တုန႔္ျပန္မႈေတာ့ လုပ္ရမယ္။ လိုအပ္တဲ့တုန႔္ျပန္မႈ လုပ္တဲ့အခါက်ေတာ့ ထိခိုက္ေသဆုံးမႈေတာ့ ရွိမွာပါ။ ရဲမွာ လည္း ေသတဲ့သူေတြ အမ်ားႀကီးရွိတယ္။ ရဲမွာလည္း ၄၇ ေယာက္ေသခဲ့တယ္။ ၂၀၀ ေက်ာ္ ဒဏ္ရာရ တယ္။ ဒီလူစုလူေဝးေတြ၊ ဆူပူဆႏၵျပမႈေတြ၊ အၾကမ္းဖက္မႈေတြကို တုန႔္ျပန္ရင္း ရဲေတြေသသြားတယ္။ ရဲေတြအသက္ေပးၿပီး ကာကြယ္တာက်ေတာ့ ဘာမွမေျပာဘဲ စာရင္းမရွိ အင္းမရွိေျပာၾကတဲ့ ၇၀၀ ေလာက္ေသတဲ့ ကိစၥကို မီဒီယာေတြက ထည့္ေျပာတာက မွ်တမႈမရွိဘူးလို႔ေျပာလိုတယ္။ ေျပာခ်င္တာက ဒီအၾကမ္းဖက္မႈနဲ႔ကိစၥနဲ႔ေျပာရရင္ လူေသဆုံးမႈ မျဖစ္ေအာင္ဆိုရင္ တစ္ဖက္နဲ႔ တစ္ဖက္၊ တစ္ဖက္ကလည္း အၾကမ္းဖက္မႈ မလုပ္ဖို႔ေတာ့လိုတယ္။ ဥပမာ- အၾကမ္းဖက္မႈလုပ္ရင္ အၾကမ္းဖက္မႈနဲ႔ ေလ်ာ္ညီတဲ့ တုန႔္ျပန္မႈ၊ ထိန္းသိမ္းမႈေတာ့ ရွိမွာေပါ့။ တစ္ဖက္က အၾကမ္းဖက္မႈ မလုပ္ဘူး၊ ဗုံးေတြမခြဲဘူး၊ မီးေတြမရႈိ႕ဘူး၊ လူ အႏၲရာယ္မျပဳဘူးဆိုရင္ ကြၽန္ေတာ္တို႔ ဒီဖက္ကလည္း ထိန္းသိမ္းတဲ့အဖြဲ႕ေတြက လည္း ဥပေဒနဲ႔အညီ ထိန္းသိမ္းတဲ့အခါမွာလည္း ဘယ္လိုမွ လြန္လြန္ က်ဴးက်ဴး လုပ္စရာ အေၾကာင္းမရွိဘူး၊ တုန႔္ျပန္စရာအေၾကာင္းမရွိဘူး။ တစ္ဖက္ကလည္း ဒါေတြ မလုပ္ဖို႔လည္း လိုပါတယ္။ ဒါဆိုရင္ေသဆုံးမႈေတြက ေရွ႕ဆက္ျဖစ္ လာစရာ အေၾကာင္းမရွိဘူးလို႔ ကြၽန္ေတာ္ေျပာခ်င္တယ္။
ေမး။ ။ ဒါ့အျပင္ ေမးခြန္းေမးခ်င္တာေတာ့ ထိန္းသိမ္းထားတဲ့သူ အားလုံး ေပါင္းက ၃၀၀၀ ေက်ာ္တာေတြ႕ရပါတယ္။ တစ္ခ်ိဳ႕က်ေတာ့ အရင္တုန္းက အမတ္ေဟာင္းေတြ၊ ႏိုင္ငံေရးသမားေဟာင္းေတြပါတယ္။ တစ္ခ်ိဳ႕က်ေတာ့လည္း အႏုပညာရွင္တို႔၊ သာမာန္ျပည္သူေတြပါပါတယ္။ အဲ့ဒီသူေတြအတြက္ေကာ ေရရွည္ ဘယ္လိုမ်ား စဥ္းစားမႈ၊ ဘယ္လိုမ်ား ကိုင္တြယ္မႈရွိႏိုင္မလဲ သိလိုပါတယ္။
ေျဖ။ ။ ကြၽန္ေတာ္က နည္းနည္း ခြဲေတာ့ ခြဲျခားထားတယ္။ ဒီမိုကေရစီမွာေတာ့ အစိုးရတစ္ရပ္ကို မေက်နပ္ရင္ ဆႏၵျပရမွာေတာ့ သူ႔သဘာဝပဲ။ ႐ိုး႐ိုးဆႏၵျပတာ ေတာ့ ကြၽန္ေတာ္ ဘာမွေျပာစရာအေၾကာင္းမရွိဘူး။ သို႔ေသာ္ ဆူပူမႈျဖစ္လာေအာင္၊ အၾကမ္းဖက္မႈျဖစ္လာေအာင္ လႈံ႕ေဆာ္တာက်ေတာ့ ရာဇဝတ္မႈ၊ ျပစ္မႈမ်ားလာတယ္၊ ျပစ္မႈက်ဴးလြန္လာတယ္။ ဒါက်ေတာ့ လိုအပ္တဲ့ အေရးယူမႈေတြ လုပ္ရမွာေပါ့။ ကြၽန္ ေတာ္ အေရးယူမႈကလည္း ႏွစ္ပိုင္းခြဲထားတယ္။ သာမန္ေလး လႈံ႕ေဆာ္တာတို႔၊ ဝန္ ထမ္းဆိုလည္း သတိေပးတာေလာက္ လုပ္ပါတယ္။ ဒါမွမဟုတ္ သာမန္ျပည္သူထဲ ကဆိုရင္ ဆိုဆုံးမမႈေတြျပဳလုပ္တယ္။ သူတို႔ရဲ႕ ျပစ္မႈက်ဴးလြန္မႈ အေပၚမူတည္ၿပီး ဥပေဒအရ အေရးယူတာေတြရွိတယ္။ တိုင္းျပည္ကို ထိန္းသိမ္းလို႔ မရေအာင္ ဆူပူ ဆႏၵျပမႈေတြျဖစ္လာေအာင္ လႈံ႕ေဆာ္တာကို ကြၽန္ေတာ္တို႔က ဒီအတိုင္းေတာ့ ခြင့္ လႊတ္လို႔ေတာ့မရဘူး။ အတိုင္းအတာတစ္ခုေတာ့ အေရးယူရမွာရွိတယ္။ သို႔ေသာ္ အရမ္းကာေရာ တစ္ဖက္သတ္ႀကီး ေၾကာက္သြားေအာင္ လုပ္တာမ်ိဳးေတာ့ ကြၽန္ေတာ္တို႔ မလုပ္ပါဘူး။ ထိန္းထိန္းသိမ္းသိမ္း လုပ္တာကို ေျပာလိုပါတယ္။ အခုခ်ိန္က ကိုဗစ္-၁၉ေရာဂါျဖစ္ပြားေနသည့္ကာလ ျဖစ္တယ္။ ကြၽန္ေတာ္တို႔က ကိုဗစ္-၁၉ ေရာဂါႏွင့္ပတ္သက္လို႔ ကန႔္သတ္ခ်က္အမ်ားႀကီး ေပးထားပါတယ္။ လူ ဘယ္ႏွစ္ေယာက္ထက္ပိုၿပီးမစုရဘူး။ တစ္ေယာက္ႏွင့္ တစ္ေယာက္ ဘယ္ေလာက္ အကြာအေဝးမွာ ရွိရမယ္။ Social distancing စနစ္နဲ႔ ေပးထားတယ္။ ဒါေတြ အ ကုန္လုံးခ်ိဳးေဖာက္ေနတယ္။ ဒါေတြ ခ်ိဳးေဖာက္တဲ့ အခ်ိန္မွာ သည္းခံေနရတယ္။ ဒီလိုခ်ိဳးေဖာက္တာေတြကို အေရးယူမည္ဆိုလွ်င္ အမ်ားႀကီး ရွိပါတယ္။ ဒါေပမယ့္ ကြၽန္ေတာ္ဘာမွမလုပ္ခဲ့ပါဘူး။
ေမး။ ။ ျမန္မာႏိုင္ငံမွာ ႀကိဳးမဲ့အင္တာနက္တို႔၊ မိုဘိုင္းစနစ္ေတြ ျဖတ္ေတာက္ခဲ့ တယ္လို႔ သိရပါတယ္။ အဲဒီအေျခအေနဘယ္လိုမ်ား ရွိေနပါသလဲ၊ ပုံမွန္အေန အထားကို ေရာက္ေနၿပီလို႔ေျပာႏိုင္ပါသလား။
ေျဖ။ ။ စျဖစ္တဲ့အခ်ိန္မွာ Social media ကေနၿပီး သတင္းမွားမ်ားကို ျဖန႔္ တယ္။ ဒါေတြကို ကြၽန္ေတာ္တို႔ ထိန္းဖို႔အတြက္ Media ျဖတ္ခဲ့တာရွိပါတယ္။ Media က ျပည္သူ႔အတြက္ ျဖစ္ရမယ္လို႔ ကြၽန္ေတာ္တို႔ခံယူထားတယ္။ ကြၽန္ေတာ့္၏ ခံယူခ်က္ တစ္ခုကိုေျပာရရင္ ျပည္သူရယ္၊ အစိုးရရယ္၊ လႊတ္ေတာ္က မ႑ိဳင္သုံးရပ္ရွိတယ္။ ဒါကိုထိန္းတာက Media ကထိန္းေပးတယ္။ ဒါေၾကာင့္ မီဒီယာကို ကြၽန္ေတာ္က စတုတၳမ႑ိဳင္လို႔ အၿမဲသတ္မွတ္တယ္။ မီဒီယာနဲ႔ ပတ္သက္လို႔ လြတ္လြတ္လပ္လပ္ ေပးထားပါတယ္။ သို႔ေသာ္ မီဒီယာက တလႊဲ လုပ္လာရင္ေတာ့ တိုင္းျပည္အတြက္ ေတာ္ေတာ္ေလးကိုျပင္းထန္တဲ့ သက္ေရာက္မႈ ေတြ ရွိပါတယ္။ ဒါေၾကာင့္ ကြၽန္ေတာ္က မီဒီယာကိုထိန္းလိုက္တာျဖစ္တယ္။ မီဒီယာ ကိုထိန္းဖို႔အတြက္ အင္တာနက္ကို ကြၽန္ေတာ္ရေအာင္ထိန္းလိုက္တာျဖစ္တယ္။ ခင္ဗ်ားတို႔လည္း အင္တာနက္မွာ အမ်ားႀကီးအေတြ႕ အႀကဳံရွိပါတယ္။ Facebook ေပၚမွာ မဟုတ္တဲ့သတင္းေတြ လူမႈကြန္ယက္ေပၚမွာ အမ်ားႀကီးလႈံ႕ေဆာ္မႈေတြ အမ်ားႀကီး ေတြ႕ရတယ္။ ခုနကေျပာတဲ့ အေရးယူမႈ ျဖစ္စဥ္ေတြအေပၚမွာ Facebook ကေနၿပီးေတာ့ မဟုတ္တဲ့ဝါဒျဖန႔္ေဝတဲ့လူေတြကို အေရးယူတဲ့လူေတြအမ်ားႀကီး ရွိတယ္။ အခု အေျခအေနက တည္ၿငိမ္တဲ့ အေျခအေနျဖစ္လာတဲ့ အတြက္ေၾကာင့္ တခ်ိဳ႕ လိုက္ေလ်ာမႈေတြလည္း အမ်ားႀကီး ေျဖေလ်ာ့ေပးတာျဖစ္ၿပီး ပုံမွန္နီးပါး ေလာက္ ျဖစ္ေနၿပီလို႔ ေျပာခ်င္ပါတယ္။
ေမး။ ။ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီလို႔ပဲ ေျပာေျပာ တပ္မေတာ္က တာဝန္ယူထိန္းသိမ္းထားတယ္လို႔ပဲေျပာေျပာ အခုလို အာဏာထိန္း သိမ္းထားမႈ အေျခအေနဘယ္ေလာက္ထိၾကာျမင့္ႏိုင္မယ္လို႔ မွန္းဆပါသလဲ။
ေျဖ။ ။ ဖြဲ႕စည္းပုံအေျခခံဉပေဒအရ ေျပာရရင္ေတာ့ အေရးေပၚ အေျခအေနက တစ္ႏွစ္ပဲလုပ္လို႔ရတယ္။ တစ္ကယ္လို႔အေရးေပၚအေျခအေနအတြင္းမွာ တာဝန္ မ ၿပီးဆုံးေသးဘူး ဆိုရင္ သမၼတ(သို႔မဟုတ္) ယာယီသမၼတကေန ေျခာက္လတစ္ႀကိမ္၊ေျခာက္လ တစ္ႀကိမ္။ ႏွစ္ႀကိမ္ခြင့္ျပဳေပးတယ္။ ႏွစ္ႏွစ္ထက္ပိုၿပီးလုပ္လို႔မရဘူး။ ဒါေၾကာင့္ ကြၽန္ေတာ္တို႔သည္ အမ်ားဆုံးက ႏွစ္ႏွစ္ပဲ ျဖစ္ပါတယ္။ ႏွစ္ႏွစ္ ထက္ ပိုလုပ္လို႔ မရပါဘူး။
ေမး။ ။ အကယ္၍ ဒီၾကားထဲမွာ ေထာက္ခံလာသူေတြက တိုးတက္လာတယ္၊ အေျခအေနက တည္ၿငိမ္လာတယ္ဆိုရင္ ဗိုလ္ခ်ဳပ္မႉးႀကီး အေနနဲ႔ တျခား ေျပာင္းလဲခ်င္တဲ့အေျခအေနမ်ား စဥ္းစားထားမႈ ရွိပါသလား။
ေျဖ။ ။ ကြၽန္ေတာ္တို႔တပ္မေတာ္က လက္ခံထားတာသည္ ပါတီစုံဒီမိုကေရစီ စနစ္ႏွင့္ ဖက္ဒရယ္ကိုအေျခခံတဲ့ ျပည္ေထာင္စုကိုသြားဖို႔ပါ။ ဒီစနစ္ကိုသြားႏိုင္ဖို႔ အတြက္ စိတ္ခ်ရတဲ့အေျခအေနရွိတယ္ဆိုရင္ ကြၽန္ေတာ္တို႔လုပ္မွာပါ။ တစ္ကယ္လို႔ တစ္ႏွစ္အတြင္းမွာရသြားရင္ တစ္ႏွစ္အတြင္းေပါ့၊ ေနာက္ထပ္ေျခာက္လတိုးၿပီး ေျခာက္လအတြင္းမွ ရရင္လည္း ရေပါ့။ ဒါေပမယ့္ လက္ရွိအေျခအေနအရဆိုရင္ တစ္ႏွစ္အတြင္းမွာျပင္းျပင္းထန္ထန္ လုပ္ရမယ့္အေနအထားရွိတယ္။ ေနာက္ထပ္ ေျခာက္လေတာ့ ကြၽန္ေတာ္မေျပာႏိုင္ဘူး။ ျပည္သူလူထုရဲ႕ပူးေပါင္းေဆာင္႐ြက္မႈ၊ ႏိုင္ငံေရးပါတီေတြရဲ႕ပူးေပါင္းေဆာင္႐ြက္မႈ၊ ႏိုင္ငံတကာရဲ႕ နားလည္ပူးေပါင္းေဆာင္ ႐ြက္မႈအေပၚမွာလည္း တည္လိမ့္မယ္လို႔ ကြၽန္ေတာ္ေျပာလိုပါတယ္။
ေမး။ ။ အကယ္၍ ႏွစ္ႏွစ္ ၿပီးေျမာက္သြားရင္ေရာ ဗိုလ္ခ်ဳပ္မႉးႀကီး စဥ္းစား ထားတာမ်ိဳး ရွိေသးလား။ ဒါမွမဟုတ္ တျခားအစီအစဥ္မ်ား ရွိပါသလား။
ေျဖ။ ။ ကြၽန္ေတာ္ကေတာ့ တိုင္းျပည္ကို ေကာင္းေအာင္ လုပ္ေပးဖို႔၊ တိုင္းျပည္ ကို ဒီမိုကေရစီစနစ္အရ မွန္မွန္ကန္ကန္ တည္တည္ၿငိမ္ၿငိမ္ ေအးေအးခ်မ္းခ်မ္းနဲ႔ တိုးတက္ဖို႔ပဲ။ ကြၽန္ေတာ့္ရဲ႕ လိုလားခ်က္ကေတာ့ ႐ိုးသားတဲ့ ႏိုင္ငံေရး၊ စစ္မွန္တဲ့ ဒီမိုကေရစီကို ကြၽန္ေတာ္လိုခ်င္တယ္။ ဒါက ကြၽန္ေတာ္ေ႐ြးတာ မဟုတ္ဘူး။ ျပည္သူ က ေ႐ြးခ်ယ္ထားတဲ့ လမ္းေၾကာင္းေပါ့ေနာ္။ ျပည္သူကေန ၁၉၈၈ ခုႏွစ္ အေရး အခင္းျဖစ္တဲ့အခ်ိန္မွာ ပါတီစုံလမ္းေၾကာင္းကို သြားမယ္ဆိုၿပီး ေ႐ြးခ်ယ္တဲ့ အတြက္ ေၾကာင့္ တပ္မေတာ္က ဒီလမ္းေၾကာင္းအေပၚမွာ ေရာက္ေအာင္ တင္ေပးထားခဲ့တာ။ ျပည္သူေတြ ေ႐ြးခ်ယ္တဲ့အတြက္ေၾကာင့္ ကြၽန္ေတာ္ ဖ်က္လို႔မရဘူး။ ျပည္သူရဲ႕ ဆႏၵအတိုင္းပဲျဖစ္ရမယ္။ ဒါေၾကာင့္လည္း ဖြဲ႕စည္းပုံအေျခခံ ဉပေဒကို ကြၽန္ေတာ္ မဖ်က္ဘဲနဲ႔ ဖြဲ႕စည္းပုံအေျခခံဉပေဒအတိုင္းပဲ ကြၽန္ေတာ္ သြားျခင္းျဖစ္ပါတယ္။ ဒါကို ၾကည့္မယ္ဆိုရင္ ကြၽန္ေတာ္တို႔သည္ ျမန္မာႏိုင္ငံသူ၊ ႏိုင္ငံသားေတြရဲ႕ ေ႐ြးခ်ယ္တဲ့ လမ္းေၾကာင္းမွာ ကြၽန္ေတာ္တို႔ ရပ္တည္တယ္ဆိုတာကိုလည္း ခင္ဗ်ား သတိျပဳ ႏိုင္ပါတယ္။
ေမး။ ဒီတစ္ႏွစ္ ႏွစ္ႏွစ္အတြင္းမွာေရာ Constitution ကို ေျပာင္းမယ့္အပိုင္း မွာေရာ စဥ္းစားထားတာမ်ိဳး ရွိပါသလား။ ျပင္ဆင္ဖို႔ ရွိပါသလား။
ေျဖ။ ကြၽန္ေတာ္တို႔ ၿပီးခဲ့တဲ့ ၂၀၁၁ ခုႏွစ္ကတည္းက Constitution ျပင္ဖို႔ လိုတဲ့အခ်က္ေတြ ျပင္ဖို႔ႀကိဳးစားခဲ့တယ္ဗ်။ ၂၀၁၁ ခုႏွစ္ကေန ၂၀၁၅ အထိလည္း ျပင္ခဲ့တယ္။ အခ်က္ေတြ ေတာ္ေတာ္မ်ားမ်ားလည္း ျပင္ေပးႏိုင္ခဲ့တယ္။ တစ္ခ်ိဳ႕က လည္း referendum လုပ္ရမယ့္ကိစၥေတြျဖစ္တယ္။ referendum မလုပ္ႏိုင္ေသးလို႔ အတည္မျပဳရေသးတာေတြ ရွိတာေပါ့။ ကြၽန္ေတာ္တို႔ အရမ္းျပင္လို႔မရပါဘူး။ အေျခခံဉပေဒထဲမွာ အခန္း (၁၂)မွာ ဖြဲ႕စည္းပုံအေျခခံဉပေဒကို ဘယ္လိုျပင္ရမလဲ ဆိုတာ သူ႔ရဲ႕ျပဌာန္းခ်က္ေတြရွိတယ္။ ဒီအတိုင္းပဲ သြားလို႔ရတယ္။ အဲ့ဒါေတြက လႊတ္ေတာ္လမ္းေၾကာင္းကေနပဲ သြားလို႔ရတယ္။ လႊတ္ေတာ္လမ္းေၾကာင္းမွာပဲ သြားလို႔ရတဲ့အတြက္ေၾကာင့္ ကြၽန္ေတာ္က သြားျပင္လို႔ မရဘူး။ ေ႐ြးေကာက္ပြဲၿပီးမွပဲ ဒီဟာကို ျပင္ရမယ့္သေဘာကိုေတာ့ အေျခခံဉပေဒအရ ျပဌာန္းထားတယ္ဆိုတာ ေလးကိုေတာ့ နားလည္ေစခ်င္တယ္။
ေမး။ အကယ္၍ ဒီဟာအားလုံး ေ႐ြးေကာက္ပြဲၿပီးသြားမယ္၊ ၿပီးေတာ့ လႊတ္ေတာ္ ေနာက္ တစ္ရပ္ေပၚလာလို႔ အေျခခံဉပေဒကိုျပင္ဆင္လိုတဲ့ သူတို႔ဆႏၵေတြေပၚ လာရင္ေရာ တပ္မေတာ္ရဲ႕ ရပ္တည္ခ်က္အေနအထားက ဘယ္လိုရွိပါသလဲ။
ေျဖ။ ျပည္သူရဲ႕ဆႏၵအတိုင္းပဲ ျပင္ဖို႔ရွိတဲ့အခ်က္ေတြ ကြၽန္ေတာ္တို႔ ျပင္မယ္။ ျပင္ဖို႔လိုတဲ့အခ်က္ေတြလည္း ကြၽန္ေတာ္ေတြ႕တယ္။
ေမး။ တပ္မေတာ္က ႏိုင္ငံအတြက္ အေရးႀကီးတဲ့အဖြဲ႕အစည္း ျဖစ္ပါတယ္။ အဲ့ဒီေတာ့ အခုလက္ရွိ ျမန္မာျပည္ရဲ႕အေျခအေနနဲ႔ေျပာရင္ ႏိုင္ငံေတာ္ ကာကြယ္ေရး က နံပါတ္(၁)လို႔ ေျပာႏိုင္ပါသလား။ ဒါမွမဟုတ္ အေျခခံဉပေဒကို ကာကြယ္ဖို႔က နံပါတ္ (၁)လို႔ ေျပာႏိုင္ပါသလား။ ဘယ္ဟာက ပိုအေရးႀကီးပါသလဲ။ အခု ေမးခ်င္တဲ့ ေမးခြန္းကေတာ့ အဓိကကေတာ့ ႏိုင္ငံေတာ္ကို ကာကြယ္မယ္၊ ျပည္သူကို ကာကြယ္ မယ္ ဆိုတဲ့ မူရင္းတာဝန္အျပင္ကို အေျခခံဉပေဒကို ထိန္းသိမ္းမယ္ဆိုတဲ့ တာဝန္ လည္းရွိပါတယ္။ ဘယ္ဟာက ပိုၿပီး အေရးႀကီးတယ္လို႔ ယူဆပါသလဲ။
ေျဖ။ ။ ႏိုင္ငံေရးအရေျပာရမယ္ဆိုရင္ေတာ့ အေျခခံဉပေဒကို ကာကြယ္ေရးက ပိုၿပီးအေရးႀကီးတာေပါ့။ ႏိုင္ငံနဲ႔ေျပာမယ္ဆိုရင္ေတာ့ ႏိုင္ငံေတာ္ကာကြယ္ဖို႔က ပိုၿပီး အေရးႀကီးတယ္လို႔ပဲ ေျပာရမယ္။
ေမး။ ။ အခု NLD ဘက္ကလည္း အမ်ိဳးသားစည္း႐ုံးေရး အစိုးရအေနနဲ႔ ဖြဲ႕စည္း တာေတြလည္းရွိသလို လက္နက္ကိုင္အဖြဲ႕အစည္းေတြလည္း ဖြဲ႕စည္းမယ္ဆိုတဲ့ ေျပာဆိုခ်က္ေတြလည္း ၾကားေနရပါတယ္။ အဲ့ဒီေတာ့ ႏိုင္ငံရဲ႕ တရားဝင္ တပ္မေတာ္အေနနဲ႔ ဘယ္လိုထင္ျမင္ယူဆခ်က္ရွိပါသလဲ။
ေျဖ။ ။ သူတို႔ကေတာ့ တကယ္တမ္းေျပာရရင္ေတာ့ မတရားအသင္းပါပဲ။ မတရားအသင္းေၾကညာထားတယ္။ အၾကမ္းဖက္အဖြဲ႕လို႔လည္း ေၾကညာထားတယ္။ ပထမေတာ့ ႏိုင္ငံေရးအရ လုပ္လာတဲ့အခါမွာ မတရားအသင္းလို႔ ေၾကညာတယ္။ ေနာက္ေတာ့ လက္နက္ကိုင္ၿပီးေတာ့ ဆန႔္က်င္တာေတြျဖစ္လာတဲ့အတြက္ေၾကာင့္၊ အဖ်က္လုပ္ငန္းေတြ ပါလာတဲ့အတြက္ေၾကာင့္ အၾကမ္းဖက္အဖြဲ႕လို႔ ေၾကညာ ထားတယ္။ ႏိုင္ငံတကာမွာ မတရားအသင္းေၾကညာထားတယ္၊ အၾကမ္းဖက္အဖြဲ႕ လို႔ ေၾကညာထားတယ္ဆိုရင္ လုံးဝ အသိအမွတ္ျပဳလို႔မရပါဘူး။ ကြၽန္ေတာ္တို႔က သူတို႔ကိုလည္း လုံးဝအသိအမွတ္မျပဳပါဘူး။ သူတို႔က ေလထဲမွာလုပ္ေနတဲ့ အဖြဲ႕ ေတြပဲ ျဖစ္ပါတယ္။
ေမး။ ။ ဒီလိုမ်ိဳးျဖစ္ေနတဲ့အတြက္ ျပည္တြင္းစစ္ပုံစံမ်ိဳးေတြေရာ ျဖစ္ေပၚလာ ႏိုင္တဲ့ အေနအထားမ်ိဳးေတြ ေရာက္လာႏိုင္ပါသလား။ ဘယ္လိုမ်ားထင္ျမင္ပါသလဲ။
ေျဖ။ ။ ကြၽန္ေတာ္ကေတာ့ မထင္ပါဘူး။ ကြၽန္ေတာ္တို႔ ႏိုင္ငံရဲ႕ လက္ရွိ ျမန္မာ ျပည္တြင္းရဲ႕အေျခအေနဟာ နယ္စပ္ေဒသနဲ႔ နယ္အခ်ိဳ႕မွာပဲ ပဋိပကၡျဖစ္တာပဲ ရွိတာ။ အားလုံးတည္ၿငိမ္ေအးခ်မ္းလ်က္ရွိတယ္။ ကြၽန္ေတာ္တို႔ တိုင္းရင္းသား လက္နက္ကိုင္ပဋိပကၡျဖစ္လာတာ ၁၉၄၈ ခုႏွစ္ လြတ္လပ္ေရးရကတည္းက ျဖစ္လာ တယ္။ အဲ့ဒီကေနၿပီးေတာ့ လက္ရွိ ၂၀၁၁ ခုႏွစ္မွာ ကြၽန္ေတာ္တို႔ ဒီမိုကေရစီ လမ္းေၾကာင္းေပၚမွာ တင္ႏိုင္ခဲ့ၿပီးျဖစ္တယ္။ ၿငိမ္းခ်မ္းေရးေတြလည္း ကြၽန္ေတာ္တို႔ ယူခဲ့ၿပီးျဖစ္တယ္။ ၿငိမ္းခ်မ္းေရးလည္း ၂၀၁၂ ခုႏွစ္မွာ ေဆြးေႏြးၿပီးေတာ့ ၂၀၁၅ ခုႏွစ္မွာ တစ္ႏိုင္ငံလုံးပစ္ခတ္တိုက္ခိုက္မႈရပ္စဲေရးသေဘာတူစာခ်ဳပ္ ခ်ဳပ္ခဲ့ၿပီးျဖစ္ တယ္။ အဲ့ဒီအခ်ိန္အထိ တိုင္းရင္းသားလက္နက္ကိုင္ ပဋိပကၡပဲျဖစ္တယ္။ ျပည္တြင္း စစ္မျဖစ္ခဲ့ဘူး။ အခုက အဲ့ဒီအေျခအေနေတြထက္ အမ်ားႀကီးေကာင္းပါတယ္။ ဒါေၾကာင့္ လက္နက္ကိုင္ပဋိပကၡျဖစ္တယ္ဆိုတာေတာ့ ရွိေတာ့ရွိမယ္။ ဘာလို႔လဲ ဆိုေတာ့ EAOsေတြ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕အစည္းေတြ ရွိေနေသးတာ ကိုး။ သူတို႔ နယ္စပ္ေဒသမွာ အမ်ားႀကီးရွိေနေသးတယ္။ ဒါေၾကာင့္ ျပႆနာေတာ့ ရွိေကာင္းရွိႏိုင္ေသးတယ္။ ျပည္တြင္းစစ္ျဖစ္ေလာက္တဲ့ အေျခအေနမ်ိဳးေတာ့ လုံးဝ မျဖစ္ႏိုင္ဘူး။
ေမး။ ။ အဲ့ဒီေတာ့ အခု သူတို႔ျပန္ၿပီးေတာ့ အသစ္ဖြဲ႕ထားတယ္ဆိုတဲ့ဟာေတြ လည္း ရွိၾကပါတယ္။ အဲ့ဒီသူေတြဆီကို ေရာက္ေနတဲ့ အေထာက္အကူျပဳပစၥည္းေတြ၊ ေနာက္ၿပီး သူတို႔ဆီမွာ ေရာက္ေနတဲ့လက္နက္ေတြ အဲ့ဒီအရင္းအျမစ္ကိုေရာ ဘယ္လိုမ်ား မွန္းဆႏိုင္ပါသလဲ။
ေျဖ။ ။ သူတို႔တကယ္ တိုက္ပြဲဝင္ေနသည့္လက္နက္ေတြကေတာ့နယ္စပ္မွာ ရွိတဲ့တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕အစည္းေတြဆီက ရႏိုင္တာလည္း ရွိတယ္။ ဝယ္လို႔ရတာလည္းရွိတယ္။ ႏိုင္ငံတကာမွာလည္း လက္နက္ေတြ အမ်ားႀကီး ဝယ္လို႔ ရတာ ေမွာင္ခိုဝယ္လို႔ရတာအမ်ားႀကီးရွိတယ္။ ကိုယ္ကိုယ္တိုင္လုပ္လို႔ရတဲ့ လုပ္ ေသနတ္ေတြ ရွိတယ္။ ဒါေတြေၾကာင့္ ရတယ္လို႔ကြၽန္ေတာ္ယူဆပါတယ္။ လက္နက္ ေတြ ဝယ္လို႔ရတာေတာ့အမွန္ပဲ။
ေမး။ ။ ေနာက္ထပ္ေမးခ်င္တာကေတာ့ ေဒၚေအာင္ဆန္းစုၾကည္အေျခအေနကို သိခ်င္ပါတယ္ခင္ဗ်။ ေနာက္ၿပီးသူ႔အေနနဲ႔ကေကာ အျခားအျပင္ထြက္ၿပီး တရား ရင္ဆိုင္တာတို႔ အျခားအျပင္ထြက္လာႏိုင္တဲ့အေျခအေနမ်ိဳးေတြ ရွိလားဆိုတာ သိခ်င္ပါတယ္။
ေျဖ။ ။ ေဒၚေအာင္ဆန္းစုၾကည္က်န္းမာေရးေကာင္းပါတယ္။ သူရဲ႕အိမ္မွာပဲ စနစ္တက်ရွိပါတယ္။ က်န္းက်န္းမာမာလည္းရွိပါတယ္။ မၾကာခင္ရက္ပိုင္းတြင္း တရား႐ုံးမွာပဲ သူတို႔တရားဥပေဒအရ ရင္ဆိုင္ဖို႔ရွိပါတယ္။ ရက္ပိုင္းတြင္းမွ သူထြက္ လာဖို႔ရွိပါတယ္။
ေမး။ ။ သူရဲ႕တရားခံဖက္ကေရွ႕ေနေရာ သူနဲ႔ေတြ႕ခြင့္ရွိပါသလား။
ေျဖ။ ။ ရွိပါတယ္။
ေမး။ ။ ေဒၚေအာင္ဆန္းစုၾကည္အေနနဲ႔ ျမန္မာျပည္တြင္း သာမက ျပည္ပမွာ လည္းေထာက္ခံသူေတြရွိပါတယ္။ ေနာက္သူက ႏိုဗယ္ဆုရွင္တစ္ေယာက္လည္း ျဖစ္တယ္။ ေဒၚေအာင္ဆန္းစုၾကည္အေနနဲ႔ ၿငိမ္းခ်မ္းေရးနဲ႔ပတ္သက္၍ေသာ္ လည္း ေကာင္း၊ သူရဲ႕ႏိုင္ငံျခားဆက္ဆံေရးေဆာင္႐ြက္ခဲ့တဲ့ အေနအထားေပၚမွာ ဗိုလ္ခ်ဳပ္ မႉးႀကီး အေနနဲ႔ ဘယ္လိုမ်ားမွတ္ခ်က္ျပဳလိုပါသလဲ။
ေျဖ။ ။ သူလည္းသူရဲ႕အသက္အ႐ြယ္၊ သူ႔ရဲ႕အေတြ႕အႀကဳံ၊ တတ္စြမ္းသမွ် လုပ္တယ္လို႔ပဲကြၽန္ေတာ္ေျပာလိုပါတယ္။ ကြၽန္ေတာ္တို႔တာဝန္ယူၿပီး ေလးလ ေလာက္ရွိပါၿပီ။ ကြၽန္ေတာ္တို႔ၿပီးခဲ့သည့္အစိုးရလုပ္ေဆာင္ခ်က္ေတြကို အကုန္လုံး ဆန္းစစ္ၾကည့္လိုက္ရင္ေတာ့ ခုနကကြၽန္ေတာ္ ေျပာတဲ့အတိုင္းပဲ သူ႔ရဲ႕အေတြအႀကဳံ၊ သူရဲ႕အသက္အ႐ြယ္အရ သူတတ္စြမ္းသမွ်၊ တတ္ႏိုင္သမွ် သူလုပ္ခဲ့တယ္ ဆိုတာ ကိုကြၽန္ေတာ္ ေတြ႕ပါတယ္။
ေမး။ ။ သူကၿငိမ္းခ်မ္းေရးကိုတကယ္လုပ္ႏိုင္ခဲ့သလား။ မလုပ္ႏိုင္ခဲ့ဘူးလား။
ေျဖ။ ။ ခုနကကြၽန္ေတာ္ ေျပာသလိုပဲ။ သူရဲ႕အေတြ႕အႀကဳံ၊ သူတတ္စြမ္းသမွ် တတ္ႏိုင္သမွ် လုပ္ခဲ့တာကို ကြၽန္ေတာ္ေတြ႕ပါတယ္။
ေမး။ ။ ဗိုလ္ခ်ဳပ္မႉးႀကီးအေနနဲ႔ ေျပာခ်င္တာက သူတတ္ႏိုင္သမွ်လုပ္ခဲ့တယ္ လို႔ပဲ ဆိုလိုတာေပါ့။
ေျဖ။ ။ ဟုတ္ပါတယ္။
ေမး။ ။ အစိုးရအေနနဲ႔ အာဆီယံအထူး အစည္းအေဝးကိုတက္ေရာက္ခဲ့တယ္။ အာဆီယံရဲ႕ဘုံသေဘာတူညီခ်က္အခ်က္ ငါးခ်က္ကိုလည္း ခ်မွတ္ႏိုင္ခဲ့တာကိုလည္း ေတြ႕ရပါတယ္။အဓိက ကေတာ့ ျပႆနာေတြအဆုံးသတ္ဖို႔ သက္ဆိုင္ရာ အဖြဲ႕ အစည္း ေတြၾကားမွာ ေဆြးေႏြးမႈေတြေပၚထြက္ဖို႔၊ အာဆီယံရဲ႕ အထူးကိုယ္စားလွယ္ ေစလႊတ္ဖို႔နဲ႔ သူနဲ႔ေဆြးေႏြးဖို႔၊ အကူအညီေပးဖို႔ဆိုတဲ့ ဒီအခ်က္ေတြပါဝင္တယ္ ဆိုတဲ့အေၾကာင္း သူတို႔အေနနဲ႔ ေလ့လာသိရွိရပါတယ္။ အဲဒီေတာ့ ဒီအခ်က္ငါးခ်က္ ကို လက္ေတြ႕တိတိက်က်အေကာင္အထည္ေဖာ္ဖို႔ အတြက္ ဗိုလ္ခ်ဳပ္မႉးႀကီးအေနနဲ႔ ဒီဟာကိုခက္ခဲတယ္လို႔ယူဆႏိုင္ပါသလား။
ေျဖ။ ။ တစ္ကယ္ေတာ့ ခက္ခက္ခဲခဲလုပ္ရတာေတာ့ မရွိပါဘူး။ သို႔ေသာ္ အေျခ အေန အခ်ိန္အခါေပၚမွာေတာ့ ၾကည့္ၿပီးလုပ္ရမွာရွိတယ္။ ခ်က္ခ်င္းႀကီး လုပ္ရမယ့္ ကိစၥ မဟုတ္ဘူး။ အခ်ိန္ယူၿပီးေတာ့မွ တိုင္းျပည္အေျခအေန၊ အာဆီယံ၏ အေျခ အေန၊ ႏိုင္ငံတကာရဲ႕အေျခအေနကို မူတည္ၿပီးေျပာဆိုလုပ္ကိုင္တဲ့အခါ ဘာမွ ခက္ခဲ တာမရွိပါဘူး။ ဒါေၾကာင့္ ကြၽန္ေတာ္ေျပာခဲ့တယ္။ သူတို႔ ေျပာတဲ့ အႀကံျပဳခ်က္မ်ား က ေကာင္းမြန္တဲ့အႀကံျပဳခ်က္မ်ားျဖစ္ပါတယ္။ သို႔ေသာ္လည္း ျမန္မာႏိုင္ငံရဲ႕ လတ္တေလာျဖစ္ပ်က္ေနတဲ့အေျခအေနအေပၚမွာအေလးထားစဥ္းစား ေဆာင္႐ြက္ သြားမယ္လို႔ ကြၽန္ေတာ္ေျပာခဲ့တာရွိပါတယ္။ ႏိုင္ငံအတြင္းမွာ တည္ၿငိမ္ ေအးခ်မ္းမႈ ရွိဖို႔လိုတယ္။ ႏိုင္ငံေရးတည္ၿငိမ္ေအးခ်မ္းမႈမရွိဘဲ ျပင္ပကေန လာေရာက္ၿပီး ေျပာဆို လုပ္ကိုင္လာရင္ ေကာင္းတာျဖစ္ႏိုင္သလို၊ မေကာင္းတာလည္း ျဖစ္ႏိုင္တယ္။ ကြၽန္ေတာ္တို႔ကလည္း အေျခအေနအခ်ိန္အခါေပၚမွာမူတည္ၿပီး၊ တိုင္းျပည္ တည္ၿငိမ္ေအးခ်မ္းမႈကို မူတည္ၿပီး ေဆာင္႐ြက္သြားမယ္လို႔ ေျပာခဲ့ တာရွိပါတယ္။ အာဆီယံ Charters, အာဆီယံ Ways, အာဆီယံ spirits ဒီသုံးခု ရွိပါတယ္။ ဒီအေပၚမွာ အေျခခံၿပီး လုပ္ဖို႔လည္း လိုပါတယ္။ ဒီလိုမဟုတ္ဘဲ တျခား လမ္းေၾကာင္းေ႐ြးၿပီးလုပ္ရင္ေတာ့ အခက္အခဲရွိတယ္။ ဒါေၾကာင့္ ကြၽန္ေတာ္တို႔ ဘက္က ျပန္ၾကည့္ရင္ ခက္ခဲတာမရွိပါဘူး။ ႏွစ္ဘက္လုံးကေနၿပီး ဒီအေပၚမွာ နားလည္မႈရွိရွိနဲ႔ လုပ္မယ္ဆိုရင္ လုပ္လို႔ရတဲ့အပိုင္းေတြ ရွိပါတယ္။
ေမး။ ။ ဆိုလိုခ်င္တာက ဒီငါးခ်က္ကိုလုပ္ဖို႔အတြက္ ျမန္မာျပည္၏ႏိုင္ငံေရး အေျခအေနတည္ၿငိမ္မႈက အေရးႀကီးဆုံးလို႔ ေျပာခ်င္တာပါလား။
ေျဖ။ ။ မွန္ပါတယ္။
ေမး။ ။ အခုလက္ရွိျမန္မာႏိုင္ငံျဖစ္ေပၚေနသည့္အေျခအေနကို ဗိုလ္ခ်ဳပ္မႉးႀကီး အေနနဲ႔ ထိန္းခ်ဳပ္ႏိုင္မႈေအာက္မွာ ရွိတယ္လို႔ဆိုလိုခ်င္တာပါလား။
ေျဖ။ ။ ၁၀၀ ရာခိုင္ႏႈန္းထိန္းခ်ဳပ္ႏိုင္ၿပီလို႔ မေျပာႏိုင္ဘူး။ တစ္ခ်ိဳ႕ေနရာေတြမွာ အဖ်က္လုပ္ငန္းေတြ ရွိေနဆဲ ျဖစ္ပါတယ္။
ေမး။ ။ အခုအေနအထားေျပာရရင္ တည္ၿငိမ္မႈတစ္ရာရာခိုင္ႏႈန္းမရွိေသးဘူး ဆိုတဲ့အတြက္ ဒီအခ်က္ငါးခ်က္ကို စၿပီးအေကာင္အထည္ေဖာ္ဖို႔အတြက္ အသင့္ မျဖစ္ေသးဘူးလို႔ ဆိုႏိုင္ပါသလား။
ေျဖ။ ။ မွန္ပါတယ္။
ေမး။ ။ အဲဒီေတာ့အျခားႏိုင္ငံေတြ၏ ယူဆခ်က္ေတြကို ဗိုလ္ခ်ဳပ္မႉးႀကီးအေန ျဖင့္ ဘယ္လိုမ်ားထင္ျမင္ခ်က္ေတြရွိပါသလဲ။
ေျဖ။ ။ သူတို႔လည္း သူတို႔ဘက္ကအျမင္ေပါ့။ သူတို႔ႏိုင္ငံဘက္က အျမင္၊ သူတို႔ က်င့္သုံးတဲ့ ႏိုင္ငံေရးလမ္းေၾကာင္းေပၚမွာ အျမင္အမ်ိဳးမ်ိဳးရွိၾကပါတယ္။ တစ္ႏိုင္ငံ ႏွင့္ တစ္ႏိုင္ငံမတူၾကပါဘူး။ အဓိကကေတာ့ သူတို႔လိုခ်င္တာက ဒီမိုကေရစီ နည္းလမ္းတက် အစိုးရတစ္ရပ္ကို ျဖစ္ေစခ်င္တဲ့သေဘာပါ။ ပထမဉီးဆုံး ခင္ဗ်ား ကြၽန္ေတာ္ကို စေမးတဲ့ အာဏာသိမ္းတဲ့ျဖစ္စဥ္ကိုေမးတဲ့အခ်ိန္မွာ သူတို႔အေျခခံ ဉပေဒကို နားမလည္ဘူးလို႔ ကြၽန္ေတာ္ေျပာခဲ့တာရွိတယ္။ ဒီလိုအေျခအေနေပၚမွာ မူတည္ၿပီး ႏိုင္ငံႀကီးေတြရဲ႕ အျမင္ကလည္း ဒီလိုျဖစ္ေနတယ္လို႔ ကြၽန္ေတာ္ေျပာလိုပါ တယ္။
ေမး။ ။ အကယ္၍ အာဆီယံပဲေျပာရင္ အာဆီယံက ျမန္မာျပည္ကို ျဖစ္ေစ ခ်င္တဲ့ဆႏၵကေရာ ခုနကသေဘာထဲမွာ ပါဝင္ပါသလား။
ေျဖ။ ။ ပါပါတယ္။ အာဆီယံႏိုင္ငံေတြက ျမန္မာႏိုင္ငံ၏တည္ၿငိမ္ေအးခ်မ္းမႈကို လိုခ်င္တယ္။ ျပည္သူျပည္သားေတြ စည္းစည္းလုံးလုံးရွိတာကို လိုခ်င္တယ္။ သူတို႔ ေခါင္းေဆာင္ေတြေျပာတဲ့စကားထဲမွာ ဒီလိုပဲ ျမင္ပါတယ္။
ေမး။ ။ အာဆီယံရဲ႕ ၿငိမ္းခ်မ္းမႈအဆိုျပဳခ်က္မ်ားကို သေဘာတူပါသလား။
ေျဖ။ ။ မူအားျဖင့္ သေဘာတူပါတယ္။ ကြၽန္ေတာ္က သေဘာမတူစရာ အေၾကာင္းမရွိပါဘူး။ ျမန္မာႏိုင္ငံရဲ႕တည္ၿငိမ္ေအးခ်မ္းမႈကိုမူတည္ၿပီးေတာ့ ဆက္လက္ ေဆာင္႐ြက္ဖို႔ ကြၽန္ေတာ္ေျပာခဲ့တာပါ။
ေမး။ ။ ႏိုင္ငံေတာ္ေကာင္စီဝင္နဲ႔ တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီး မစၥတာဝမ္ယိ ကလည္း ျမန္မာျပည္ကိုေထာက္ခံမႈသုံးခုႏွင့္ ေရွာင္ရွားမႈအခ်က္သုံးခ်က္ကို အဆိုျပဳ အႀကံျပဳခဲ့တာ ရွိပါတယ္။ အေဆြေတာ္အေနနဲ႔ ဘယ္လိုမ်ား အျမင္ရွိပါသလဲ။
ေျဖ။ ။ ႏိုင္ငံျခားေရးဝန္ႀကီး မစၥတာဝမ္ယိေျပာခဲ့တာကလည္း အျပဳသေဘာ ေဆာင္တဲ့ ဟာေတြျဖစ္ပါတယ္။ တကယ္လည္း ေကာင္းမြန္တဲ့အခ်က္ေတြ ျဖစ္ပါ တယ္။ ျမန္မာႏိုင္ငံအေနနဲ႔ ဒါေတြကို လက္ခံပါတယ္။ သဘာဝလည္းက်ပါတယ္။ လက္ေတြ႕လည္း က်ပါတယ္။
ေမး။ ။ တ႐ုတ္ကုမၸဏီေတြအေနနဲ႔ ျမန္မာႏိုင္ငံမွာျဖစ္ပ်က္ခဲ့တဲ့ကိစၥကိုလည္း သူတို႔အေနနဲ႔ ေတြ႕ရွိရပါတယ္။ အေဆြေတာ္အေနနဲ႔ ဒီကုမၸဏီအေပၚမွာ လုံၿခဳံမႈ ကိစၥကို ဘယ္လိုမ်ား စီမံေဆာင္႐ြက္ေပးမလဲ၊ ဘယ္လိုမ်ားအေလးထားလဲ၊ ဘယ္လို မ်ား အျမင္ရွိပါသလဲ၊ အဲဒါေတြကို ေဆြးေႏြးေပးဖို႔ ဖိတ္ေခၚပါတယ္။
ေျဖ။ ။ တ႐ုတ္ႏိုင္ငံက ကုမၸဏီရင္းႏွီးျမႇပ္ႏွံမႈ အားလုံးေပါင္း လုပ္ငန္းေပါင္း ငါးရာေက်ာ္ေလာက္ရွိပါတယ္။ အၾကမ္းဖ်ဥ္းအားျဖင့္ ေဒၚလာ ၂၁ ဘီလီယံေက်ာ္ ေလာက္ရွိပါတယ္။ ၿပီးခဲ့သည့္ ျဖစ္စဥ္ကာလမွာ တ႐ုတ္လုပ္ငန္း စက္႐ုံ၊ အလုပ္႐ုံ ၁၃ ခု၊ ၁၄ ခု ေလာက္ပါတယ္။ အားလုံးေပါင္း မီးရႈိ႕ခံရတာ ၂၁ ခုေလာက္ ရွိပါတယ္။ တ႐ုတ္ႏိုင္ငံသားေတြႏွင့္ လုပ္ေနတာ ၁၃ ခု၊ ၁၄ ခုေလာက္ရွိပါတယ္။ တ႐ုတ္ ႏိုင္ငံတင္မဟုတ္ဘူး။ တျခားႏိုင္ငံနဲ႔လည္း ျမန္မာႏိုင္ငံမွာ ရင္းႏွီးျမႇပ္ႏွံမႈေတြ အမ်ားႀကီးရွိပါတယ္။ တခ်ိဳ႕လည္း ဖ်က္ဆီးခံရတဲ့ အထဲမွာ ပါတာေတြလဲ ရွိတယ္။ ကြၽန္ေတာ္တို႔ကေတာ့ ျပင္ပရင္းႏွီးျမႇပ္ႏွံမႈေတြ အကုန္လုံးကို ကာကြယ္ေပးထားပါ တယ္။ လက္ရွိကြၽန္ေတာ္ကိုယ္တိုင္လည္း သြားေရာက္ၾကည့္ရႈၿပီးေတာ့မွ လိုအပ္ တာေတြကို အျမန္ဆုံးျပန္ၿပီး လုပ္ငန္းလည္ပတ္ႏိုင္ဖို႔ ကူညီေဆာင္႐ြက္ႏိုင္ဖို႔ ေဆာင္႐ြက္ေပးပါတယ္။ လိုအပ္တဲ့လုံၿခဳံမႈေတြကို ေဆာင္႐ြက္ေပးလ်က္ရွိပါတယ္။
ေမး။ ။ တခ်ိဳ႕ျမန္မာလူမ်ိဳးေတြအေနနဲ႔ တ႐ုတ္ရင္းႏွီးျမႇပ္ႏႈံမႈမွာ အျမင္နည္း နည္း ေစာင္းေနတာေတြ႕ရတယ္။ အဲဒီအေပၚမွာ ဘယ္လိုမ်ား မွတ္ခ်က္ျပဳလိုပါ သလဲ။
ေျဖ။ ။ အဲဒါကေတာ့ ႏိုင္ငံေရးပါပါတယ္။ လႈံေဆာ္မႈေၾကာင့္ ျဖစ္တယ္။ ျမန္မာ ႏိုင္ငံမွာတ႐ုတ္ႏိုင္ငံသားတင္ မကဘူး။ တျခား ႏိုင္ငံသား ရင္းႏွီးျမႇပ္ႏႈံမႈေတြလည္း အမ်ားႀကီးရွိပါတယ္။ အခုမွရွိတာမဟုတ္ဘူး။ ဟိုးအရင္လြတ္လပ္ေရးရကတည္းက တ႐ုတ္ႏိုင္ငံသားေတြရဲ႕ စီးပြားေရး လုပ္ငန္းေတြရွိတယ္။ အိႏၵိယႏိုင္ငံသားေတြရဲ႕ စီးပြားလုပ္ငန္းေတြ၊ မ်ိဳးစုံရွိၾကတယ္။ အရင္တုန္းက အိႏၵိယရင္းႏွီးျမဳပ္ႏွံမႈေတြ လုပ္ ထားတဲ့ စီးပြားေရးလုပ္ငန္းမ်ားမွာ အဓိက႐ုဏ္းေတြျဖစ္ခဲ့တဲ့ သာဓကေတြ ရွိတယ္။ ဟိုအရင္တုန္းကလည္း ရွိခဲ့ဖူးတယ္။ ဒီဘက္မွာလဲ ရွိပါတယ္။ ဒါေပမယ့္ ႏိုင္ငံေရး လို႔ပဲ ကြၽန္ေတာ္ကျမင္တယ္။ ႏိုင္ငံသားေတြက တ႐ုတ္မုန္းတီးေရးလုပ္တာ မဟုတ္ ဘူး။ ႏိုင္ငံေရးအရ မုန္းတီးေအာင္ လုပ္လာတဲ့ ကိစၥရပ္ေတြသာ ျဖစ္တယ္။ အခံမွာ ေတာ့ ဘာမွမရွိဘူး။ ျမန္မာႏိုင္ငံတြင္ တ႐ုတ္ႏိုင္ငံက အခုမွရင္းႏွီးျမဳပ္ႏွံျခင္း မဟုတ္ ဘဲ ျမန္မာႏိုင္ငံမွာ ရွိတဲ့ျမန္မာႏိုင္ငံသား/တ႐ုတ္ေတြရွိတယ္။ ျမန္မာႏိုင္ငံမွာ ေမြးဖြား တဲ့တ႐ုတ္ေတြရွိတယ္။ ျမန္မာႏိုင္ငံသား/တ႐ုတ္ရွိတယ္။ သူတို႔ရင္းႏွီးျမဳပ္ႏွံတဲ့ လုပ္ငန္းေတြက ဟိုးအရင္ကတည္းက ရွိခဲ့တယ္။ အခုလည္း အမ်ားႀကီးရွိတယ္။ သူတို႔ ဘာမွမျဖစ္ပါဘူး။ လက္ရွိမွာ စီးပြားလုပ္ကိုင္ေနၾကတယ္။ ႏိုင္ငံေရးအရ လုပ္တာ ျဖစ္ပါတယ္။
ေမး။ ။ ဗိုလ္ခ်ဳပ္မႉးႀကီး ေျပာတာကို နားလည္ပါတယ္။ ႏိုင္ငံေရးအရ လႈံေဆာ္ တဲ့ဟာကို နည္းနည္း ေပၚလြင္ေစတဲ့အခ်က္ကို ေျပာျပေပးလို႔ရႏိုင္မလား။
ေျဖ။ ။ လႈံေဆာ္တယ္ဆိုတာဟာ ဥပမာအားျဖင့္ ဒီလူေတြရဲ႕လုပ္ငန္းေတြကို ပ်က္စီးေအာင္ လိုက္လုပ္တယ္။ တျခားလုပ္ငန္းေတြကို မလုပ္ဘူး။ တ႐ုတ္ႏိုင္ငံက ရင္းႏွီးျမဳပ္ႏွံမႈ ၅၀၀ ေက်ာ္ေလာက္ရွိတာကို ၅၀၀ ေက်ာ္လုံးဖ်က္ဆီးတာမဟုတ္ဘဲ ဆယ့္ဂဏန္းေလာက္သာ ဖ်က္ဆီးတာျဖစ္တယ္။ ဒါကိုၾကည့္လိုက္လွ်င္ ႏိုင္ငံေရး အရ လုပ္တယ္လို႔ ေျပာလို႔ရတယ္။ စီးပြားေရးအရ လုပ္ခ်င္လို႔ရွိရင္ အကုန္လုံးကို ရေအာင္ တိုက္မွာေပါ့။
ေမး။ ။ အဲဒီေတာ့ ႏိုင္ငံေရးအရ လႈံ႕ေဆာ္တဲ့ တ႐ုတ္စက္႐ုံေတြအေပၚမွာ လုပ္ သြားတဲ့လုပ္ရပ္ေတြက ျမန္မာျပည္ထဲကလူေတြပဲလား။ အျခားေသာ ျပင္ပက ဆက္ သြယ္ၿပီး လုပ္ေနတဲ့ အဖြဲ႕အစည္းေတြ ရွိႏိုင္လား။
ေျဖ။ ။ ခိုင္မာတဲ့သက္ေသေတာ့ မျပႏိုင္ေသးပါဘူး။
ေမး။ ။ ေနာင္အခ်ိန္က်ရင္ေတာ့ အျပင္ကေန လႈံ႕ေဆာ္မႈေၾကာင့္ ျဖစ္တဲ့ အခ်က္ အလက္ေတြကို ထုတ္ျပန္ႏိုင္တဲ့အခ်ိန္က်ရင္ ထုတ္ျပန္ေပးႏိုင္မလား။
ေျဖ။ ။ အသိေပးသင့္တဲ့ကိစၥဆိုရင္ ကြၽန္ေတာ္တို႔ အသိေပးမွာပါ။ တကယ္ ေတာ့ အခုလုပ္တဲ့ကိစၥကို ၾကည့္လိုက္လွ်င္ တိုင္းျပည္စီးပြားပ်က္ေအာင္ လုပ္တာပါ။ တ႐ုတ္ႏိုင္ငံသားစက္႐ုံကို ဖ်က္တာက တ႐ုတ္ေတြ ျမန္မာႏိုင္ငံမွာ ရင္းႏွီးျမဳပ္ႏွံ႔မႈ ေနာက္ဆုတ္သြားလိမ့္မယ္။ ဒါေၾကာင့္ ႏိုင္ငံေရးအရ လုပ္တာ ျဖစ္တယ္။ အခုဆိုရင္ ျမန္မာႏိုင္ငံမွာ ရွိတဲ့တခ်ိဳ႕စက္႐ုံေတြက တျခားႏိုင္ငံကိုေ႐ြ႕ဖို႔ ႀကံစည္ေနတယ္ဆိုတဲ့ သတင္းေတြကို အြန္လိုင္း က ျဖန႔္ေနၾကတာ ရွိတယ္။ ဒါေတြက ႏိုင္ငံေရးပါ။
ေမး။ ။ အခုထပ္ေမးလိုတာကေတာ့ ရခိုင္ျပည္နယ္က ႐ိုဟင္ဂ်ာလို႔ ေျပာေနတဲ့ ဒုကၡသည္ကိစၥပဲ ျဖစ္ပါတယ္။ အဲဒီမွာရွိတဲ့ မူဆလင္ဘာသာဝင္ေတြ ႏိုင္ငံသား မရေသး တဲ့သူေတြလည္း ရွိေနပါတယ္။ ျမန္မာႏိုင္ငံအေနနဲ႔ သူတို႔ကို ဘယ္လိုမ်ား သုံးႏႈန္း ေခၚဆိုပါသလဲ။ သူတို႔ကို သူတို႔ကေတာ့ ႐ိုဟင္ဂ်ာလို႔ ေျပာေနတာ ရွိပါတယ္။ အဲဒီအေပၚမွာ ဗိုလ္ခ်ဳပ္မႉးႀကီးရဲ႕အျမင္ေလးကို ေျပာျပေပးဖို႔ ဖိတ္ေခၚပါတယ္။
ေျဖ။ ။ ေျပာရရင္ ႐ိုဟင္ဂ်ာဆိုတာ မရွိဘူး။ စိတ္ကူးယဥ္ၿပီး ေျပာတဲ့ နာမည္ တစ္ခုပဲ။ တကယ္ေတာ့ အေရွ႕ဘဂၤလားနယ္ရဲ႕စစ္တေကာင္းေဒသ က လာတဲ့ သူေတြကို သူတို႔ကိုသူတို႔ ႐ိုဟင္ဂ်ာ လို႔ ေျပာေနၾကတာ ျဖစ္တယ္။ ဘယ္ေခတ္ အဆက္ဆက္မွ ႐ိုဟင္ဂ်ာလို႔ မေခၚခဲ့ဘူး။ ကြၽန္ေတာ္တို႔က အဂၤလိပ္ရဲ႕ကိုလိုနီ လက္ေအာက္ေရာက္ခဲ့ပါတယ္။ အဂၤလိပ္အုပ္ခ်ဳပ္မႈေအာက္မွာ ေနခဲ့ရတယ္။ အဲဒီ ေတာ့ အဂၤလိပ္ေတြေခတ္က သန္းေခါင္ စာရင္း ေကာက္တယ္။ ၁၉၁၁ ခုႏွစ္၊ ၁၉၂၁ ခုႏွစ္၊ ၁၉၃၁ ခုႏွစ္ ေကာက္ခဲ့တဲ့ သန္းေခါင္စာရင္းေတြမွာ ဘဂၤလီဆိုတဲ့စကား၊ စစ္တေကာင္းသားဆိုတဲ့စကားေတြဘဲ ေတြ႕တယ္။ ႐ိုဟင္ဂ်ာလို႔ မေတြ႕ဘူး။ လြတ္လပ္ေရးရၿပီးတဲ့ေနာက္ပိုင္း ေကာက္ခဲ့တဲ့ စာရင္းမွ ဘဂၤလီဆိုတဲ့ စကားရယ္၊ ပါကစၥတန္ဆိုတဲ့စကားရယ္၊ ေနာက္တစ္ခါ စစ္တေကာင္းသားဆိုတဲ့စကားပဲ ကြၽန္ေတာ္တို႔ေတြ႕တယ္။ ႐ိုဟင္ဂ်ာ ဆိုတာမရွိဘူး။ ႐ိုဟင္ဂ်ာဆိုတာကို ကြၽန္ေတာ္ တို႔ လက္လဲ လက္မခံဘူး။ ျမန္မာ ႏိုင္ငံရဲ႕ တိုင္းရင္းသား တရားဝင္လက္ခံ ထားတာ ၁၃၅ မ်ိဳး ရွိပါတယ္။ သို႔ေသာ္လည္း ဒါကေတာ့ နည္းနည္းအေျပာင္းအလဲ ရွိႏိုင္ ပါတယ္။ ၁၃၅ မ်ိဳးထဲမွာ ႐ိုဟင္ဂ်ာ မပါပါဘူး။ ဘဂၤလီလည္း မပါပါဘူး။ တရားဝင္ တိုင္းရင္းသားလည္း မဟုတ္ပါဘူး။ သူတို႔ဘာသာ သူတို႔စိတ္ကူးနဲ႔ ေခၚထားတဲ့ နာမည္တစ္ခုျဖစ္တယ္။ ကြၽန္ေတာ္တို႔ ဒါကို အသိအမွတ္ မျပဳပါဘူး။
ေမး။ ။ ျမန္မာအစိုးရေတြအေနနဲ႔ ႐ိုဟင္ဂ်ာဆိုတာ တရားဝင္ မရွိဘူး။ လက္ခံ ထားျခင္းလည္း မရွိဘူးလို႔ သူတို႔နားလည္လိုက္ပါတယ္။ အေနာက္ႏိုင္ငံေတြအေနနဲ႔ ဘဂၤလီရွင္သန္ေနထိုင္မႈအေပၚ စိတ္ဝင္စားမႈ ျမင့္မားတယ္။ သူတို႔က ႐ိုဟင္ဂ်ာ လို႔ ေျပာၾကတယ္။ ေဒသခံနဲ႔ သူတို႔ၾကားမွာ ျဖစ္တဲ့ျပႆနာအရင္းအခံကိုေရာ အေဆြ ေတာ္အေနနဲ႔ ဘယ္လိုမ်ား ထင္ျမင္ယူဆခ်က္ ရွိပါသလဲ။
ေျဖ။ ။ သူတို႔ကေတာ့ ရခိုင္ျပည္နယ္ေျမာက္ပိုင္းမွာ ေနတဲ့သူေတြက သူတို႔ ဘာသာ သူတို႔ေနတယ္။ ႏွစ္ေပါင္းမ်ားစြာလည္း ရွိေနၿပီး ဘာမွျပႆနာမရွိဘူး။ အဲဒီေဒသမွာ ရွိတဲ့ ရခိုင္ေတြလည္း ဘဂၤလီေတြနဲ႔ အတူတူေနၾကတယ္။ ဘာမွ ျပႆနာ မရွိဘူး။ ဘဂၤလီမွာလည္း ႏွစ္ပိုင္းရွိတယ္။ ဘဂၤလီ/ဟိႏၷဴ၊ ဘဂၤလီ/အစၥလာမ္ ဆိုၿပီး ႏွစ္ပိုင္းရွိတယ္။ ကြၽန္ေတာ္တို႔ ေမးခဲ့ၿပီး ဒီအရာေတြရွိတာကို ေတြ႕ခဲ့ၿပီးၿပီ။ ဒီလူေတြနဲ႔ေနၾကတဲ့ ေဒသခံတိုင္းရင္းသားေတြနဲ႔ အတူတူေနၾကတာ ဘာမွ ျပႆနာမရွိပါဘူး။ ဒီအတိုင္းပဲ ေနၾကပါတယ္။ လႈံ႕ေဆာ္လို႔ ျဖစ္လာတဲ့ ျပႆနာ ေတြေၾကာင့္သာ ေဒသမွာ ပဋိပကၡေတြ ျဖစ္လာတာ။ ေနာက္တစ္ခုက နဂိုမူလ ကတည္းက ေရာက္ေနတဲ့သူေတြရွိတယ္။ သူတို႔က စူးအက္တူးေျမာင္း လုပ္တဲ့ အခ်ိန္မွာ ဆန္စပါးေဈးေတြ ေကာင္းလာတဲ့အခါ အေရွ႕ဘဂၤလားမွာ ရွိတဲ့ဘဂၤလီ ေတြကို ျမန္မာႏိုင္ငံကို ေခၚၿပီးေတာ့ အဂၤလိပ္ေတြက လယ္စိုက္ခိုင္းတယ္။ အဲဒီ အခ်ိန္ကတည္းက မျပန္ေတာ့ဘဲ သူတို႔ေတြက က်န္ခဲ့တဲ့အတြက္ အခုလို အေျခ အေနျဖစ္လာတယ္။ တျဖည္းျဖည္းနဲ႔ မ်ားလာတဲ့လူေတြ ျဖစ္တယ္။ ဒီလူေတြ ရွိေန တဲ့ အေျခအေနမွာလည္း အရင္ကေတာ့ ပဋိပကၡေတာ့ ျဖစ္ခဲ့ဖူးတယ္။ သို႔ေသာ္ လည္း ေနာက္ပိုင္းမွာ ပဋိပကၡေတြမရွိဘဲ ေအးေအးခ်မ္းခ်မ္းပဲေနၾကတယ္။ အထိုက္ အေလ်ာက္ ပဋိပကၡေတြ ရွိတယ္။ သို႔ေသာ္လည္း တကယ္ကို ျပင္းျပင္းထန္ထန္နဲ႔ ျဖစ္တဲ့ျပႆနာ မရွိဘူး။ ျဖစ္ခဲ့တဲ့ ျဖစ္စဥ္ တစ္ခုပဲရွိတယ္။ ၁၉၄၂ ခုႏွစ္က အလယ္သံေက်ာ္ အေရးအခင္းဆိုတာ ျဖစ္ခဲ့တယ္။ ၁၉၄၂ ခုႏွစ္ အျဖစ္အပ်က္က ေတာ္ေတာ္ေလး ဆိုးပါတယ္။ ဒီေနာက္ပိုင္းမွာ အဲဒီေလာက္ဆိုးတဲ့ ျဖစ္စဥ္မ်ိဳး မရွိခဲ့ပါဘူး။
ေမး။ ။ အခုက အေနာက္ႏိုင္ငံေတြက ဒီလူေတြကို ႏိုင္ငံသားအျဖစ္ စဥ္းစား ေပးဖို႔၊ ေနရာခ်ထားေပးဖို႔ကို တစိုက္မတ္မတ္ ေတာင္းဆိုေနတာ ရွိတယ္။ အကယ္၍ ဒီလူေတြကို လက္ခံမယ္ဆိုရင္ လက္ခံဖို႔ အစီအစဥ္ေရာ ရွိပါသလား။ အကယ္၍ လက္ခံမယ္ဆိုရင္ ဘယ္လိုအခ်က္အလက္ေတြအေပၚ အေျခခံၿပီး လက္ခံမႈျပဳသြား မလဲ။
ေျဖ။ ။ ဒီလူေတြနဲ႔ ပတ္သက္ၿပီး ကြၽန္ေတာ္တို႔မွ သူတို႔တင္ မဟုတ္ဘဲ အိမ္နီး နားခ်င္း ၅ ႏိုင္ငံ ရွိတယ္။ အဂၤလိပ္ရဲ႕ ကိုလိုနီ ျဖစ္ခဲ့တဲ့အတြက္ေၾကာင့္ ကြၽန္ေတာ္ တို႔ႏိုင္ငံမွာ အေၾကာင္းအမ်ိဳးမ်ိဳးနဲ႔ ေရာက္ေနတဲ့ ႏိုင္ငံျခားသားေတြ အမ်ားႀကီးရွိ တယ္။ အဲဒီအတြက္ ရည္႐ြယ္ၿပီး ၁၉၈၂ ခုႏွစ္ ျမန္မာႏိုင္ငံသားဉပေဒ ေရးခဲ့တာ ရွိတယ္။ ျမန္မာႏိုင္ငံသားဉပေဒအရ ဘဂၤလားေဒ့ရွ္ႏိုင္ငံကို ထြက္ေျပးသြားတဲ့ဘဂၤလီ ေတြနဲ႔ ပတ္သက္ၿပီးအက်ဳံးဝင္တဲ့သူေတြကို သူစည္းကမ္းနဲ႔အညီ ျပန္လက္ခံဖို႔ လုပ္ထားတာရွိတယ္။ ကြၽန္ေတာ္တို႔သေဘာတူပါတယ္။ လက္မခံစရာ အေၾကာင္း မရွိပါဘူး။ ျမန္မာႏိုင္ငံမွာ သတ္မွတ္ထားတဲ့စည္းကမ္းခ်က္နဲ႔အတူ ေနခဲ့ၿပီး ကိုက္ညီ ရင္ ျပန္လက္ခံဖို႔ လုပ္ေနတာ ရွိတယ္။ ဒါလည္း သေဘာတူလို႔ ေဆြးေႏြးေနတာ ရွိတယ္။ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ ေႏွာင့္ေႏွးေနတာေတြ ရွိတယ္။ ကြၽန္ေတာ္တို႔ အေနနဲ႔ လက္မခံစရာ အေၾကာင္းမရွိဘူးလို႔ ကြၽန္ေတာ္ ေျပာလိုပါတယ္။
ေမး။ ။ အကယ္၍ ၁၉၈၂ ခုႏွစ္ ျမန္မာႏိုင္ငံသားဉပေဒအရ ခ်မွတ္ထားတာ ရွင္းလင္းပါတယ္။ တခ်ိဳ႕ေသာအက်ဳံးမဝင္တဲ့သူေတြေရာ ဘယ္လိုမ်ား စဥ္းစားႏိုင္ ပါသလဲ။
ေျဖ။ ။ ကမာၻမွာရွိတဲ့ဘယ္ႏိုင္ငံမွ သူတို႔လူဝင္မႈႀကီးၾကပ္ေရးဉပေဒကို ေက်ာ္ လြန္ၿပီးေတာ့ မလုပ္ၾကဘူးလို႔ ကြၽန္ေတာ္ ယုံၾကည္ပါတယ္။
ေမး။ ။ ဥပေဒအတိုင္းဘဲ လုပ္မယ္။ ႏိုင္ငံတကာ ေတာင္းဆိုမႈရွိလာရင္လည္း ဒီဟာေတြကို ရွင္းျပေပးသြားမယ္လို႔ နားလည္ပါတယ္။ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရး ေကာင္စီစၿပီးဖြဲ႕စည္းတဲ့အခ်ိန္ကတည္းက ဥကၠ႒အေနနဲ႔ ျပင္ပမီဒီယာကို လက္ခံၿပီး ေျဖၾကားေပးတာ ဒါပထမဦးဆုံးအႀကိမ္လို႔ သိထားပါတယ္။ အဲဒါမွန္တယ္ဆိုရင္ ဘာေၾကာင့္ တ႐ုတ္မီဒီယာကို ပထမဦးဆုံးအႀကိမ္လက္ခံေပးတဲ့အေၾကာင္းကို ျဖည့္စြက္ၿပီး ေဆြးေႏြးေပးပါ။
ေျဖ။ ။ အေမးရွိရင္ အေျဖရွိပါတယ္။ ကြၽန္ေတာ္အေနနဲ႔ကေတာ့ ကိုယ္ရဲ႕ ေျပာဆိုခ်က္ေတြကိုမွန္မွန္ကန္ကန္နဲ႔ေဆာင္႐ြက္ေပးႏိုင္မယ္လို႔ ယုံၾကည္တဲ့အတြက္ ေၾကာင့္ ေျဖၾကားေပးတာပါ။ ေနာက္တစ္ခုလည္း ေျပာလိုတာ ရွိပါတယ္။ ခင္ဗ်ား တို႔နဲ႔ ေျဖတာက ပထမဦးဆုံး အႀကိမ္ေတာ့ မဟုတ္ပါဘူး။ တျခားမီဒီယာနဲ႔ ေျဖခဲ့ တာေတြ ရွိတယ္။ အေၾကာင္း အမ်ိဳးမ်ိဳးေၾကာင့္ မပါလာေသးတာဘဲ ျဖစ္မွာပါ။
ေမး။ ။ ဆက္ေမးခ်င္တာက တ႐ုတ္-ျမန္မာဆက္ဆံေရးအေပၚကို ဗိုလ္ခ်ဳပ္ မႉးႀကီးအေနနဲ႔ ဘယ္လိုမ်ိဳး ထင္ျမင္ခ်က္ ရွိပါသလဲ။ ေရွ႕ေလွ်ာက္ၿပီးေတာ့ တ႐ုတ္- ျမန္မာ ေဆြမ်ိဳးေပါက္ေဖာ္ခ်စ္ၾကည္ေရးအေပၚကို ဘယ္လိုမ်ိဳးျမႇင့္တင္ေဆာင္႐ြက္ဖို႔ ဆႏၵရွိပါသလဲ။
ေျဖ။ ။ ျမန္မာႏိုင္ငံနဲ႔ တ႐ုတ္ႏိုင္ငံဟာ နယ္နိမိတ္ခ်င္း ထိစပ္ေနတယ္။ ကီလို မီတာေပါင္း ၂၂၀၀ ေက်ာ္ေလာက္ ထိစပ္ေနတဲ့ ႏိုင္ငံျဖစ္တယ္။ ေနာက္တစ္ခါ ေဆြမ်ိဳးေပါက္ေဖာ္ ခ်စ္ၾကည္ရင္းႏွီးမႈရွိၿပီး နယ္စပ္မွာေနတဲ့ တိုင္းရင္းသားေတြက လည္း တူညီမႈရွိၾကတယ္။ ခင္ဗ်ားတို႔ဆီမွာ ဂ်ိန္းေဖာရွိမယ္၊ ကြၽန္ေတာ္တို႔ဆီမွာ ကခ်င္ရွိမယ္။ ခင္ဗ်ားတို႔ ဆီမွာ ‘ဝ’ ရွိမယ္။ ကြၽန္ေတာ္တို႔ဆီမွာ ‘ဝ’ ရွိတယ္။ ခင္ဗ်ား တို႔ဆီမွာ ရွမ္းရွိတယ္။ ကြၽန္ေတာ္တို႔ဆီမွာ ရွမ္းရွိတယ္။ ခင္ဗ်ားတို႔ဆီမွာ လားဟူ ရွိတယ္။ ကြၽန္ေတာ္တို႔ဆီမွာ လားဟူရွိတယ္။ ေတာ္ေတာ္ေလးနီးစပ္မႈ လူေနမႈ တူညီ ၾကတယ္။ သမိုင္းေၾကာင္းျပန္ၾကည့္ရင္လည္း ၁၉၄၅-၁၉၅၀ တ႐ုတ္ႏိုင္ငံရဲ႕ ႏိုင္ငံေရးေျပာင္းလဲမႈ ျဖစ္စဥ္ေတြမွာ ျမန္မာနယ္စပ္နဲ႔ ျမန္မာႏိုင္ငံမွာလည္း ႐ိုက္ခတ္မႈေတြ ရွိခဲ့တယ္။ ထို႔အတူပဲ ျမန္မာႏိုင္ငံရဲ႕ ႏိုင္ငံေရးျဖစ္ေပၚေျပာင္းလဲမႈ ျဖစ္စဥ္ေတြမွာလည္း ျမန္မာႏိုင္ငံ၊ တ႐ုတ္နယ္စပ္နဲ႔ တ႐ုတ္ႏိုင္ငံမွာလည္း ႐ိုက္ခတ္ မႈေတြ ရွိခဲ့တယ္။ ဒါဟာထူးျခားတဲ့ဟာျဖစ္တယ္။ ကြၽန္ေတာ္တို႔က ႏွစ္ႏိုင္ငံပူးေပါင္း ဆက္ဆံေရးကို ယုံၾကည္မႈနဲ႔ ခ်စ္ခ်စ္ခင္ခင္ေနတာက အေကာင္းဆုံးလို႔ ကြၽန္ေတာ္ ကခံယူထားတယ္။ အိမ္နီးနားခ်င္းထက္ စိတ္ခ်ရတဲ့မိတ္ေဆြႏိုင္ငံဆိုတာမရွိဘူး။ အိမ္နီးခ်င္းဆိုတာ အရင္းႏွီးဆုံးႏိုင္ငံျဖစ္ရမယ္။ အိမ္နီးခ်င္းေကာင္းပဲ ျဖစ္ရမယ္။ ႏိုင္ငံအားလုံးနဲ႔ အိမ္နီးနားခ်င္း ငါးႏိုင္ငံနဲ႔ ခ်စ္ၾကည္ေအာင္ေဆာင္႐ြက္ပါတယ္။ တ႐ုတ္နဲ႔ ျမန္မာကလည္း ၿငိမ္းခ်မ္းစြာအတူယွဥ္တြဲေရးမူငါးခ်က္ကို ကမာၻမွာ စၿပီးလက္မွတ္ ထိုးခဲ့တဲ့ႏိုင္ငံေတြျဖစ္တယ္။ ဒါကေတာ့ ထူးျခားတဲ့ဟာပါ။
ေမး။ ။ ခုတ႐ုတ္ဘက္ကေန လုပ္ကိုင္ေနတဲ့ စီးပြားေရးရပ္ဝန္းနဲ႔လမ္းေၾကာင္း အေပၚမွာေကာျမန္မာဘက္ကေနပူးေပါင္းေဆာင္႐ြက္ဖို႔ အားျဖည့္ဖို႔အတြက္ စဥ္းစား ထားမႈေလး ရွိရင္ အတိုခ်ဳပ္မွတ္ခ်က္ျပဳေပးပါ။
ေျဖ။ ။ တ႐ုတ္ကအခုလုပ္ေနတဲ့စီးပြားေရးစၾကၤန္လမ္းေၾကာင္းက အခုမွျမန္မာ ႏိုင္ငံနဲ႔လုပ္တာမဟုတ္ဘူး။ ဟိုးေရွးကာလကတည္းကပူးေပါင္းၿပီးလုပ္လာခဲ့တယ္။ အဲဒီကတည္းက ႏွစ္ႏိုင္ငံပူးေပါင္းေဆာင္႐ြက္မႈက႑ေပါင္းစုံ ရွိတယ္။ ခုကေတာ့ ပိုၿပီးေတာ့မွ တစ္ကမာၻလုံးနဲ႔ဆက္သြယ္ၿပီးလုပ္လာတဲ့ကိစၥေတြက ပိုၿပီးေတာ့ ေလးနက္လာတဲ့ သေဘာရွိတယ္။ ျမန္မာႏိုင္ငံကေတာ့ အခုမွလုပ္တာမဟုတ္ဘူး။ လုပ္လာတာ ၾကာလွၿပီ။ ပူးေပါင္းေဆာင္႐ြက္မႈကေတာ့ ဒီထက္ပိုၿပီးေကာင္းေအာင္ လုပ္ဖို႔ပဲရွိတယ္။ ျမန္မာျပည္သူေတြရဲ႕အက်ိဳးရွိမယ္။ ျမန္မာႏိုင္ငံအတြက္ အက်ိဳး ရွိမယ္ဆိုရင္ ကြၽန္ေတာ္တို႔ကပူးေပါင္းေဆာင္႐ြက္မႈလုပ္မွာဘဲ ျဖစ္တယ္လို႔ ေျပာခ်င္ တယ္။
ေမး။ ။ ေမးခြန္းႏွစ္ခုေပါင္းရမယ္ဆိုရင္ေတာ့ ျမန္မာႏိုင္ငံနဲ႔တ႐ုတ္အၾကား နယ္စပ္တည္ၿငိမ္ေရးကို အေဆြေတာ္အေနနဲ႔ဘယ္လိုဆက္လက္ၿပီး ထိန္းသိမ္းမလဲ။ ျမႇင့္တင္မလဲဆိုတာ ထင္ျမင္ခ်က္ရွိမလဲ။ ေနာက္တစ္ခုက နယ္စပ္ေဒသမွာ ကိုဗစ္ ျပန႔္ပြားမႈေတြအေပၚမွာေကာ ဘယ္လိုမ်ိဳးပူးေပါင္းေဆာင္႐ြက္မလဲ။
ေျဖ။ ။ နယ္စပ္ေဒသ တည္ၿငိမ္ေအးခ်မ္းေရးကေတာ့ နယ္စပ္ေဒသမွာ တိုင္းရင္းသား လက္နက္ကိုင္အဖြဲ႕အစည္းေတြ ျမန္မာႏိုင္ငံကေဆာင္႐ြက္ေနတဲ့ ၿငိမ္းခ်မ္းေရး လမ္းေၾကာင္းအေပၚမွာ အျပည့္အဝေဆာင္႐ြက္သြားမယ္ဆိုရင္ေတာ့ လုံးဝကို တည္ၿငိမ္ေအးခ်မ္းတဲ့ အေျခအေနေရာက္သြားမယ္။ တ႐ုတ္နယ္စပ္ပဲ မဟုတ္ပါဘူး။ ထိုင္းႏိုင္ငံနယ္စပ္ေတြမွာလည္းရွိပါတယ္။ လာအိုႏိုင္ငံနယ္စပ္ေတြမွာ လည္း ရွိပါတယ္။ အိႏၵိယနယ္စပ္မွာလည္းရွိပါတယ္။ အခုဘဂၤလားနယ္စပ္မွာ လည္းရွိပါတယ္။ နယ္စပ္ေတြ တည္ၿငိမ္ဖို႔ကေတာ့ နယ္စပ္ေဒမွာရွိတဲ့ တိုင္းရင္းသား လက္နက္ကိုင္ အဖြဲ႕အစည္းေတြမရွိေအာင္ သူတို႔ျမန္မာႏိုင္ငံရဲ႕ေလွ်ာက္လွမ္းေနတဲ့ ႏိုင္ငံေရးလမ္းေၾကာင္းေပၚမွာ မွန္မွန္ကန္ကန္ ပူးေပါင္းေဆာင္႐ြက္ႏိုင္ေအာင္ ျဖစ္လာတယ္ဆိုရင္ေတာ့ ကြၽန္ေတာ္တို႔ နယ္စပ္ေဒသတည္ၿငိမ္ေအးခ်မ္းေရးနဲ႔ ပူးေပါင္းေဆာင္႐ြက္ေရးကေတာ့ ခိုင္ခိုင္မာမာရွိတယ္လို႔ေျပာခ်င္ပါတယ္။ အဲ့ဒီ ေတာ့ ဒီမွာလည္း နယ္စပ္ေဒသမွာရွိတဲ့ တိုင္းရင္းသားေတြရဲ႕ လူမႈစီးပြားေရး တိုးတက္ ေအာင္ ေဆာင္႐ြက္ေပးရမယ္။ ဒါလည္းမျဖစ္မေနလုပ္ေပးရမယ္။ တ႐ုတ္ဘက္က ႏိုင္ငံေရးအေျခအေနနဲ႔ကြၽန္ေတာ္တို႔ဘက္က ႏိုင္ငံေရးအေျခအေနနဲ႔ ကြာဟေနလို႔ မရဘူး။ အဲဒီလိုကြာဟေနတယ္ဆိုရင္ေတာ့ ျပႆနာရွိမယ္ေပါ့။ ကြာဟမႈမရွိ ေအာင္ေတာ့ ကြၽန္ေတာ္တို႔ဘက္က ႀကိဳးစားရမယ္။ တစ္ဘက္ကလည္း တည္ၿငိမ္ ေအာင္ႀကိဳးစားရမယ္။ ဒီဘက္ကလည္း တိုးတက္ေအာင္ႀကိဳးစားရမယ္။ ဒီႏွစ္ခု ရွိမွာသာ ႏွစ္ႏိုင္ငံဆက္ဆံေရးအခိုင္အမာရွိလိမ့္မယ္လို႔ ကြၽန္ေတာ္ေတာ့ျမင္တယ္။ ေနာက္တစ္ခုကခင္ဗ်ားေမးတဲ့ အထဲမွာ ကိုဗစ္-၁၉ ပါတယ္ေနာ္။ ကိုဗစ္-၁၉ ကေတာ့ ကြၽန္ေတာ္တို႔ ျမန္မာႏိုင္ငံမွာ ေဖေဖာ္ဝါရီ၊ မတ္၊ ဧၿပီမွာ ထိန္းႏိုင္ၿပီ။ ကြၽန္ေတာ္တို႔ ေတာ္ေတာ္ေလးထိန္းႏိုင္တဲ့ အေနအထားရွိပါတယ္။ Second Wave ကေတာ့ ကြၽန္ေတာ္တို႔ အမ်ားႀကီး ျဖစ္ခဲ့ပါတယ္။ Third Wave မွာျဖစ္စဥ္က ေတာ္ေတာ္ေလးနည္းပါတယ္။ သို႔ေသာ္လည္း လုံးဝေပ်ာက္ၿပီေတာ့မဟုတ္ဘူး။ ကြၽန္ေတာ္တို႔ ႀကိဳးစားၿပီး ထိန္းရလိမ့္မယ္။ နယ္စပ္ေဒသမွာ ကိုဗစ္မျဖစ္ပြားေရး နဲ႔ပတ္သက္ရင္ သူ႔စည္းကမ္း ခ်က္ေတြကို တိတိက်က်လိုက္နာဖို႔ေတာ့လိုတယ္။ အားနာလို႔ေတာ့ မရဘူး။ ခင္ဗ်ားတို႔ဖက္က စည္းကမ္းထိန္းသိမ္းေရးအပိုင္းက လည္း သူ႔စည္းကမ္းနဲ႔ ထိန္းဖို႔လိုတယ္။ ကြၽန္ေတာ္တို႔ဘက္ကလည္း ထိန္းဖို႔လိုပါ တယ္။ သူ႔ရဲ႕သတ္မွတ္တဲ့ စည္းကမ္း ခ်က္ေတြရွိတယ္။ ေနာက္တစ္ခုက လူေတြက ဒါနဲ႔ပတ္သက္ၿပီးအသိရွိဖို႔ လိုတယ္။ ကိုယ့္အသိနဲ႔ကိုယ္ မလိုက္နာဘူးဆိုရင္ တားလို႔ဆီးလို႔မရတဲ့ေရာဂါျဖစ္တဲ့အတြက္ ျပႆနာေတာ့ရွိလာဖို႔ျမင္တယ္။ ႏွစ္ႏိုင္ငံ ပူးေပါင္း ေဆာင္႐ြက္ေရးကလည္း ေတာ္ေတာ္အေရးႀကီးတယ္လို႔ျမင္တယ္။
ေမး။ ။ ေနာက္ဆုံးအေနနဲ႔ ေျပာလိုတာကေတာ့ စိတ္ရွည္လက္ရွည္ေျဖၾကား ေပးတဲ့အတြက္ လြန္စြာဘဲတန္ဖိုးထားပါတယ္။ အေလးအျမတ္ထားပါတယ္။ ေနာက္တစ္ခုကေတာ့ ခုနကေျပာသလိုဘဲ ႏွစ္ႏိုင္ငံတည္ရွိေနတဲ့ သမိုင္းေၾကာင္း တည္ရွိေနတဲ့ Background ေတြအရ ႏွစ္ဘက္ကဦးစားေပးၿပီးေတာ့ ပူးေပါင္း ေဆာင္႐ြက္ရမယ္ ဆိုတာယုံၾကည္ပါတယ္ဆိုတာ Phoenix က နိဂုံးခ်ဳပ္ေျပာလိုပါ တယ္။
ေျဖ။ ။ ေကာင္းပါၿပီ။ ျပည့္စုံပါတယ္။ ကြၽန္ေတာ့အေနနဲ႔လည္း ျမန္မာႏိုင္ငံရဲ႕ အေျခအေနနဲ႔ ကြၽန္ေတာ္ဦးေဆာင္တဲ့အဖြဲ႕ရဲ႕ ထားရွိတဲ့အေနအထား၊ ထားရွိတဲ့ သေဘာထား ေတြကို ကြၽန္ေတာ္ေျပာခြင့္ရတဲ့အတြက္ အမ်ားႀကီး ေက်းဇူးတင္ပါ တယ္။ ကြၽန္ေတာ္ ေျပာတဲ့ဆိုတဲ့အခ်က္ေတြေပၚမူတည္ၿပီး ႏိုင္ငံတကာကိုလည္း အားလုံးသိရွိေအာင္ ေဆာင္႐ြက္ေပးႏိုင္မယ္လို႔အျပည့္အဝယုံၾကည္ပါတယ္။