၂၀၂၁ ခုနှစ်၊ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ်အခမ်းအနားပြုလုပ်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြား

နေပြည်တော်၊ ဇွန် ၅

၂၀၂၁ ခုနှစ်၊ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အခမ်းအနားကို ယနေ့နံနက် ပိုင်းတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်း ဗဟိုဌာန-၂ ၌ ကျင်းပ ပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားသည်။

အဆိုပါ အခမ်းအနားသို့ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဝင်များဖြစ်ကြသည့် ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်၊ မန်းငြိမ်းမောင်၊ ဒေါ်အေးနုစိန်၊ ဦးမောင်းဟာ၊ စောဒန်နီယယ်၊ ဒေါက်တာ ဗညားအောင်မိုး၊ ဦးရွှေကြိမ်း၊ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးဝင်းရှိန်၊ ဦးအောင်နိုင်ဦး၊ ဦးတင်ထွဋ်ဦး၊ ဦးခင်မောင်ရီ၊ ဦးအောင်သန်းဦး၊ ဦးရွှေလေး၊ ဒေါက်တာ သက်သက်ခိုင်၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဒေါက်တာ မောင်မောင်နိုင်၊ ဒုတိယဝန်ကြီးများနှင့် နေပြည်တော်ကောင်စီဝင်များ၊ အမြဲတမ်း အတွင်းဝန်များ၊ သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ဆက်စပ်ဝန်ကြီးဌာနများမှ ညွှန်ကြားရေးမှူး ချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများနှင့် ပါမောက္ခချုပ်များ၊ တာဝန်ရှိသူများ၊ နေပြည်တော်ရှိ အခြေခံပညာအထက်တန်း ကျောင်းများမှ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ဆုရရှိသူများ တက်ရောက်ကြသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အဖွင့်မိန့်ခွန်းပြောကြားရာတွင် ယနေ့ကျရောက် သည့် ၂၀၂၁ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့၏ ဆောင်ပုဒ်အနေဖြင့် “ပတ်ဝန်းကျင် ရေရှည်တည်တံ့ ကောင်းမွန်ဖို့ ဂေဟစနစ်ကို ပြန်လည်ပြုပြင် ထိန်းသိမ်းကြပါစို့ (Ecosystem Restoration)” ဖြစ်ပါကြောင်း၊ လူသားများနှင့် သဘာဝအကြားဆက်စပ်မှုကို ပိုမိုသဟဇာတဖြစ်စေရန် ရည်ရွယ်ချက်နှင့် အလေးပေး ဖော်ညွှန်းထားသည့် ဆောင်ပုဒ်ဖြစ်ပါကြောင်း။

ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်ပတ်သက်၍ ပြောကြားရာတွင် လူသားများ ၏ ရှင်သန်ရပ်တည်နိုင်‌ရေးတွင် ပတ်ဝန်းကျင်ရေရှည်တည်တံ့ ကောင်းမွန်ဖို့ လိုအပ်ပါ ကြောင်း၊ ကမ္ဘာတစ်ဝန်း၌ လက်ရှိကြုံတွေ့နေရသည့်ဖြစ်စဉ်ကို ကြည့်မည်ဆိုပါက သစ်တောများ စည်းမဲ့ကမ်းမဲ့ ခုတ်ထွင်ရှင်းလင်းခြင်း၊ တောရိုင်းတိရစ္ဆာန်တို့ နေထိုင်ရာ ဒေသများကို ကျူးကျော်နယ်ချဲ့ပြီး မြို့ပြနှင့်ဖွံ့ဖြိုးရေး လုပ်ငန်းများဆောင်ရွက်ခြင်း၊ စိုက်ပျိုးမြေများ အလွန်အကျွံချဲ့ထွင်အသုံးပြုခြင်း၊ ရေနေသတ္တဝါများ အလွန်အကျွံ ဖမ်းဆီးခြင်း၊ တောမီးလောင်ကျွမ်းခြင်းနှင့် ကာဗွန်ထုတ်လွှတ်မှု များပြားသည့် စက်မှုဖွံ့ဖြိုးရေးနှင့် ရုပ်ကြွင်းလောင်စာအခြေခံသည့် စွမ်းအင်ထုတ်လုပ်မှု လုပ်ငန်းများ ကို တိုးချဲ့လုပ်ဆောင်ခြင်းများကြောင့် ဂေဟစနစ်သည် တစ်နေ့ထက်တစ်နေ့ ပျက်စီးနေသည့်အခြေအနေ ကြုံတွေ့နေရသည်ကို ထင်ထင်ရှားရှား တွေ့ရမည် ဖြစ်ပါကြောင်း။

ထို့အတူ မြန်မာနိုင်ငံ၏ အရေးကြီးသည့် သစ်တောဂေဟစနစ်ကို ကြည့်မည် ဆိုပါက ကမ္ဘာ့ကုလသမဂ္ဂစားနပ်ရိက္ခာနှင့်စိုက်ပျိုးရေးအဖွဲ့၏ ၂၀၀၀ ပြည့်နှစ် သစ်တော သယံဇာတ ဆန်းစစ်လေ့လာခြင်း အစီရင်ခံစာအရ သစ်တောဖုံးလွှမ်းမှုသည် နှစ်ကာလအလိုက် လျော့ကျလာသည်ကို လေ့လာသိရှိရပါကြောင်း၊ သစ်တောပြုန်းတီး ခြင်းရခြင်း၏ နောက်ဆက်တွဲဆိုးကျိုးအနေဖြင့် မြစ်၊ ချောင်း၊ ကန်များ ညစ်ညမ်း လာပြီး ရေချိုများခမ်းခြောက်လာခြင်း၊ ကမ်းခြေများနှင့် ပင်လယ် သမုဒ္ဒရာများပျက်စီး ယိုယွင်းခြင်း၊ ရာသီဥတုပြောင်းလဲလာခြင်း၊ တောင်ပေါ်ဒေသ မြေဆီလွှာများပြုန်းတီး ခြင်း နှင့် ဇီဝမျိုးစုံမျိုးကွဲများ လျော့နည်းပျောက်ဆုံးခြင်း စသည့် ဂေဟစနစ်များ ယိုယွင်းပျက်စီးမှုများနှင့်အတူ လူသားများ အသက်ရှင်ရပ်တည်ရေး အတွက် ကြီးမားသောခြိမ်းခြောက်မှုများ ဖြစ်ပေါ်လာစေကြောင်း။

ကမ္ဘာ့ကုလသမဂ္ဂက ၂၀၂၀ ပြည့်နှစ်တွင် ထုတ်ပြန်သည့် ၂၀၂၁-၂၀၃၀ အထိ ‌ဂေဟစနစ် ပြန်လည်ကောင်းမွန်ရှင်သန်ရေး ကုလသမဂ္ဂဆယ်စုနှစ် ကြေညာချက်အရ ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ ဘေးအန္တရာယ်များကို တွန်းလှန်တိုက်ဖျက်နိုင်ရေး၊ သန်းပေါင်းများစွာသောမျိုးစိတ်များ လျော့ပါးပျောက်ကွယ်လာမှုကို ကာကွယ်တားဆီး နိုင်ရေးနှင့် အစားအစာဖူလုံမှု၊ ရေထောက်ပံ့မှုနှင့် သက်မွေးဝမ်းကျောင်း လုပ်ငန်းများ ကို သေချာခိုင်မာစေရေးတို့အတွက် ပျက်စီး၊ ပြုန်းတီးနေသည့် ဂေဟစနစ်များကို ပြန်လည်ရှင်သန် ကောင်းမွန်လာစေရေး မြှင့်တင်ဆောင်ရွက်နိုင်ရန် ရည်ရွယ်ချက်ကို ယခုနှစ်ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ဆောင်ပုဒ် “ပတ်ဝန်းကျင် ရေရှည်တည်တံ့ ကောင်းမွန်ဖို့ ဂေဟစနစ်ကို ပြန်လည် ပြုပြင်ထိန်းသိမ်းကြပါစို့ (Ecosystem Restoration)” ဖြင့် နှိုးဆော်ထားခြင်း ဖြစ်ပါကြောင်း။

၂၀၂၀ ပြည့်နှစ်သည် COVID-19 ကမ္ဘာ့ကပ်ရောဂါ အပါအဝင် ဘေးအန္တရာယ် များစွာကို ရင်ဆိုင်ခဲ့ရသည့် နှစ်တစ်နှစ်ဖြစ်ခဲ့သကဲ့သို့ ယခုနှစ်တွင်လည်း COVID-19 ကပ်ရောဂါ ဆက်လက်ဖြစ်ပွားနေမှုနှင့်အတူ တစ်စထက်တစ်စ ယိုယွင်းပျက်စီးလာ သည့် သဘာဝသယံဇာတ၊ ပတ်ဝန်းကျင်ညစ်ညမ်းမှုနှင့် ရာသီဥတုဖောက်ပြန်မှု ဆိုင်ရာ ပြဿနာများကို ဖြေရှင်းနိုင်ရေးအတွက် အဓိကကျသည့် သဘာဝဂေဟစနစ် ပြန်လည် ထိန်းသိမ်းခြင်းကို မိမိတို့အားလုံး အဓိကဦးစားပေး အရေးကြီးလုပ်ငန်းအနေဖြင့် အထူးအလေးထား အကောင်အထည်ဖော် ဆောင်ရွက်နေကြရသည် ဖြစ်ပါကြောင်း။

မြန်မာနိုင်ငံ၏ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဆောင်ရွက်ချက်များနှင့် ပတ်သက်၍ ပြောကြားရာတွင်မိမိတို့မြန်မာနိုင်ငံ၏ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်း ရေး အလေးထားဆောင်ရွက်နေမှုကို အကျဉ်းမျှတင်ပြလိုပါကြောင်း၊ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) အခန်း ၁ နိုင်ငံတော်အခြေခံမူများ၊ ပုဒ်မ ၄၅ တွင် “နိုင်ငံတော်သည် သဘာဝပတ်ဝန်းကျင်ကို ကာကွယ်ထိန်းသိမ်း စောင့်ရှောက် ရမည်” ဟုလည်းကောင်း၊ အခန်း ၈ နိုင်ငံသား၊ နိုင်ငံသားများ၏ မူလအခွင့်အရေးနှင့်တာဝန်များ၊ ပုဒ်မ ၃၉၀ တွင် “နိုင်ငံသားတိုင်း သည် နိုင်ငံတော်အားကူညီရန် တာဝန်ရှိသည်”ဟု ဖော်ပြထားသည့်ကိစ္စရပ်များ၌ “သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းစောင့်ရှောက်ခြင်း” ဆိုသည့် အချက်ကို တွေ့ရှိ ရမည်ဖြစ်ပါကြောင်း၊ ဆိုလိုသည်မှာ မိမိတို့ မြန်မာနိုင်ငံသားများသည် တစ်ဦးချင်း အနေဖြင့်သာမက တစ်နိုင်ငံလုံးအနေဖြင့်ပါ သဘာဝပတ်ဝန်းကျင် ကာကွယ်ထိန်းသိမ်း စောင့်ရှောက်ရေးကို လုပ်ဆောင်နေရန် လိုအပ်ပါကြောင်း။

မြန်မာနိုင်ငံသည် မြောက်ဘက်ဒေသ ရေခဲတောင်များမှ တောင်ဘက် ကမ်းရိုး တန်း ဒေသများအထိ မတူကွဲပြားသည့် ဂေဟစနစ်များ၊ ဇီဝမျိုးစုံမျိုးကွဲများနှင့် သဘာဝ သယံဇာတများ ပေါကြွယ်ဝသည့် နိုင်ငံတစ်နိုင်ငံဖြစ်သည်နှင့်အညီ နိုင်ငံတော် ၏ စီးပွားရေးနှင့် ပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရေးတို့ကို ထိရောက် စွာ အထောက်အပံ့ ပေးနိုင်သော ကောင်းမွန်သည့် ဂေဟစနစ်များနှင့် သဘာဝပတ်ဝန်း ကျင်များရေရှည် တည်တံ့နိုင်ရေးသည် လွန်စွာအရေးကြီးပါကြောင်း။

မြန်မာနိုင်ငံသည် သစ်တောဂေဟစနစ် ထိန်းသိမ်းနိုင်ရေးအတွက် ၂၀၃၀ ပြည့် နှစ်တွင် နိုင်ငံ့ဧရိယာ၏ (၃၀) ရာခိုင်နှုန်းကို သဘာဝ ကြိုးဝိုင်း၊ကြိုးပြင် ကာကွယ် တောများအဖြစ် ဖွဲ့စည်းနိုင်ရေး ရည်မှန်း ဆောင်ရွက်လျက်ရှိရာ ယခုအခါ နိုင်ငံ ဧရိယာ ၏ (၂၅.၆၁) ရာခိုင်နှုန်းကို သစ်တောကြိုးဝိုင်း၊ကြိုးပြင် ကာကွယ်တောများအဖြစ် လည်းကောင်း၊ ဇီဝမျိုးစုံမျိုးကွဲများ ထိန်းသိမ်းရေး သဘာဝ နယ်မြေများဖွဲ့စည်းခြင်းကို နိုင်ငံ့ဧရိယာ၏ (၁၀) ရာခိုင်နှုန်း ရည်မှန်းချက်ထားဆောင်ရွက်လျက်ရှိရာ (၆.၀၈) ရာခိုင်နှုန်း ကိုလည်းကောင်း ဖွဲ့စည်းထားနိုင်ခဲ့ပြီ ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံ၏ စုစုပေါင်းစိုက်ပျိုး‌မြေဧရိယာအနေဖြင့် ဧက ၄၈.၅၂ သန်းရှိပြီး ဆန်စပါး စိုက်ဧက အနေဖြင့် ဧက ၁၇.၃ သန်း ရှိကြောင်း။

မြန်မာနိုင်ငံ၏လက်ရှိလူဦးရေအတွက် စိုက်ပျိုးမြေလုံလောက်စွာရှိပြီး ဆန်ဖူလုံမှု အနေဖြင့် ၁၂၇ ရာခိုင်နှုန်းဖြစ်သောကြောင့် လုံလောက်ရုံမက ပိုလျှံ နေသည်ကိုတွေ့ရ မည်ဖြစ်ကြောင်း၊ အခြားသီးနှံများတွင်လည်း အဓိကသီးနှံများသည် ပြည်တွင်းဖူလုံမှု အပြင် ပိုလျှံမှုရှိသည့်အတွက် ၁ ဧက အထွက်နှုန်း တိုးတက်ရေးအတွက် နည်းပညာ ပိုင်းဆိုင်ရာများ တိုးမြှင့်ဆောင်ရွက်ရန်လိုပါကြောင်း၊ ထို့ကြောင့် စိုက်ပျိုးမြေ လုံ လောက်စွာရှိပြီးဖြစ်သဖြင့် သစ်တောများကို ခုတ်ထွင်ဖယ်ရှားခြင်း မပြုတော့ဘဲ စနစ်တကျ ထိန်းသိမ်းဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ တိုင်းရင်းသားများ၏ ဓလေ့ ထုံးတမ်း အစဉ်အလာအရ ရွှေ့ပြောင်းတောင်ယာ စိုက်ပျိုးခြင်းမှ တောင်ပေါ် အမြဲတမ်း ကုန်းမြင့်လယ်ယာများအဖြစ် စနစ်တကျ ပြောင်းလဲ ကျင့်သုံးရန်လည်း သက်ဆိုင်ရာ ဝန်ကြီးဌာနများက အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း။

မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် ဒီရေတောပေါက်ရောက်မှု သတ္တမ အများဆုံး ဖြစ်ပြီး အာရှတွင် ဒီရေတောပေါက်ရောက်မှု တတိယအများဆုံး ဖြစ်ပါကြောင်း၊ ကုလ သမဂ္ဂစားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့၏ ၂၀၂၀ ပြည့်နှစ် အစီရင်ခံစာအရ မြန်မာ့ ဒီရေပေါက်ရောက်သစ်တောများသည် မြန်မာနိုင်ငံ သစ်တောဖုံးလွှမ်းမှုရိယာ၏ ၃.၉% (၁,၁၀၇,၇၄၅ ဧက) ခန့်ရှိပြီး နိုင်ငံတော်၏ လူမှုရေး၊ စီးပွားရေး၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးတို့အတွက် အထောက်အကူပြုလျက် ရှိပါကြောင်း။ ဒီရေတောများကို နည်းလမ်းမျိုးစုံဖြင့် ပြန်လည်တည်ထောင်လျက်ရှိရာ ယနေ့အချိန်အထိ ဒီရေတော စိုက်ခင်း ၂၆,၉၉၀ ဧက၊ ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တောစိုက်ခင်း ၁၅,၄၃၆ ဧက၊ ပုဂ္ဂလိက စိုက်ခင်း ၃,၀၆၅ ဧက၊ ဓမ္မတာမျိုးဆက်ခြင်း ၈,၁၃၀ ဧက၊ ပြည်တွင်း ပြည်ပအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်သည့် ဒီရေတော စိုက်ခင်း ၁၀,၃၄၈ ဧကတို့ကို ပြုစုပျိုးထောင်နိုင်ခဲ့ပြီ ဖြစ်ပါကြောင်း။

သဘာဝ သစ်တောကြီးများ၊ ဇီဝမျိုးစုံမျိုးကွဲ များနှင့် စွမ်းအင်အရင်းအမြစ်များ ပျက်သုဉ်းဆုံးရှုံးရခြင်း၏ အဓိကအကြောင်းရင်းများအနက် တစ်ခုအပါအဝင်ဖြစ်သည့် အတွက် ထင်းလောင်စာစွမ်းအင်ကို သစ်တောကဏ္ဍမှ နေ့စဉ်နှင့်အမျှ ဖြည့်ဆည်း ပေးလျက်ရှိပါကြောင်း၊ ထင်း၊ မီးသွေးသုံးစွဲမှုသည် စုစုပေါင်းစွမ်းအင်သုံးစွဲမှု၏ ၇၆.၄၁ ရာခိုင်နှုန်းအထိရှိပြီး နှစ်စဉ်ထင်း လိုအပ်ချက် ကုဗတန် ၁၆.၅၃ သန်းခန့်ရှိပါကြောင်း၊ အမျိုးသားသစ်တောကဏ္ဍ ပင်မစီမံကိန်းတွင် တွက်ချက်မှုများအရ ကျေးလက် အိမ်ထောင်စုတစ်စုတွင် တစ်နှစ်ကို ထင်း ၂.၅ ကုဗ တန် အသုံးပြုနေပြီး မြို့ပြ အိမ်ထောင်စုတစ်စုတွင် တစ်နှစ်ကို ထင်း ၁.၄ ကုဗတန် အသုံးပြုနေသည်ဟု ခန့်မှန်း ထားပါကြောင်း။

၂၀၁၇-၂၀၁၈ ခုနှစ်မှ စတင်အကောင်အထည်ဖော်လျက်ရှိသည့် မြန်မာနိုင်ငံ သစ်တောများ ပြန်လည်တည်ထောင်ရေး (၁၀) နှစ် စီမံကိန်းမှာ ကျေးရွာထင်း စိုက်ခင်း ၁၀၄,၅၆၃ ဧက တည်ထောင်မည် ဖြစ်ပြီး ယနေ့အထိ (၂၁,၄၃၆ ဧက) တည်ထောင်ပြီး ဖြစ်ပါကြောင်း၊ နှစ်စဉ်တစ်ရွာလျှင် အနည်းဆုံး(၂) ဧက စိုက်ပျိုးနိုင်ရေးအတွက် ပြည်နယ်နှင့် တိုင်း ဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီနှင့် ဆက်စပ်ဝန်ကြီးဌာနများ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း။

ကျေးရွာများထိ လျှပ်စစ်ဓာတ်အားရောက်ရှိရေးမှာ အချိန်ကာလ တစ်ခုအထိ လိုအပ်နေသေးသဖြင့် ထင်း၊ မီးသွေးကို စွမ်းအင်အဖြစ် သုံးစွဲနေကြရဦးမည် ဖြစ်ပါ ကြောင်း၊ ထင်း၊ မီးသွေးများကို သဘာဝတောမှသာ ထုတ်ယူသုံးစွဲခြင်းထက် ကျေးရွာ အလိုက် ကိုယ်ပိုင်ထင်းစိုက်ခင်းများ တည်ထောင်ရေးကို အမျိုးသားရေးတာဝန်တစ်ရပ် အဖြစ် တိုင်းဒေသကြီး၊ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီများက ကြီးကြပ်ဆောင်ရွက် သွားကြရန် တိုက်တွန်းလိုပါကြောင်း။

မြန်မာနိုင်ငံတွင် သဘာဝဝါးတော ဧရိယာ ၄.၄ သန်းကျော်ရှိပြီး ဝါးမျိုးစိတ် ၁၀၂ မျိုးရှိသည့်အနက် စီးပွားရေးအရ အရေးပါသည့်ဝါးမျိုးစိတ် ၁၈ မျိုးခန့်ရှိပါကြောင်း၊ နှစ်စဉ် ဝါးအလုံးရေ သန်း ၁၂၀ မှ ၁၈၀ အထိ ထုတ်လုပ်လျက်ရှိပါကြောင်း၊ စားသောက် ကုန်၊ အိမ်ဆောက်လုပ်ခြင်း၊ ပရိဘောဂအမျိုးမျိုးအပြင် ကျန်းမာရေးအရ သင့်တော် သည့် ဝါးအမျှင် (Bamboo Fiber) မှ ထုတ်လုပ်သည့် အဝတ်အထည် များသည် လူကြိုက်များပြီး ဈေးကွက်တွင် ကျယ်ကျယ်ပြန့်ပြန့် ထုတ်လုပ်ရောင်း ချလျက်ရှိပါကြောင်း၊ ဝါးကို သဘာဝတောများမှသာ ခုတ်ယူသုံးစွဲကြပြီး ပြန်လည် စိုက်ပျိုးမှု အနည်းငယ်သာရှိပါကြောင်း၊ ထို့ကြောင့်ဝါးသည် အဓိကကျသည့် သစ်တောထွက်ကုန် ပစ္စည်းတစ်မျိုးဖြစ်သဖြင့် စနစ်တကျထိန်းသိမ်းပြီး၊ စီးပွားရေးအရ ထုတ်လုပ် သုံးစွဲရန် ဝါးစိုက်ခင်းများ ကျယ်ကျယ်ပြန့်ပြန့် တည်ထောင်စိုက်ပျိုးကြရန် လိုအပ်ပါကြောင်း။

သစ်ပင်သစ်တောများနှင့် ကောင်းမွန်သည့် သစ်တောဂေဟစနစ်များသည် လေထုအတွင်းမှ ကာဗွန်ဒိုင်အောက်ဆိုဒ်ဓာတ်ငွေ့များကို စုပ်ယူသိုလှောင်ထားနိုင် သည့် သိုလှောင်ကန်ကြီးများလည်း ဖြစ်သည့်အတွက် ကားလမ်းဘေးလမ်းနယ် တစ်လျှောက်တွင် သစ်တောငယ်များ ဖန်တီးပေးခြင်းဖြင့် ကားများကထုတ်လွှတ်သည့် ကာဗွန်ဒိုင်အောက်ဆိုဒ်ကြောင့် ဖြစ်ပေါ်လာသည့် လေထုညစ်ညမ်းမှုကို လျှော့ချနိုင် မည်ဖြစ်သကဲ့သို့ ရာသီဥတု ပြောင်းလဲမှု လျှော့ချရေးအတွက်လည်း အလွန်အရေးကြီး သော အခန်းကဏ္ဍမှ ပါဝင်လျက်ရှိကြောင်း၊ မြန်မာနိုင်ငံ၏ စဉ်ဆက်မပြတ် ဖွံ့ဖြိုး တိုးတက်မှုကို အထောက်အပံ့ ဖြစ်စေသည့် အဖိုးတန်သယံဇာတအရင်းအမြစ်များ၊ သစ်ပင်သစ်တောများကို အမျိုးသားရေး တာဝန်တစ်ရပ်အဖြစ် ထိန်းသိမ်းကာကွယ် သွားကြရမည် ဖြစ်ပါကြောင်း။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် နိုင်ငံတော်၏ တာဝန်အရပ်ရပ်ကို ထိန်းသိမ်းဆောင်ရွက်နေစဉ် ကာလအတွင်း သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး နှင့် ပတ်သက်၍ မြေပေါ် မြေအောက် သဘာဝသယံဇာတများ ထုတ်ယူသုံးစွဲမှုများကို လျှော့ချပြီး တိုင်းပြည်၏ အရန်သယံဇာတအဖြစ် ထိန်းသိမ်းနိုင်ရေး၊ ရာသီဥတု ဖောက်ပြန်မှု ပြန်လည်မျှတရေး၊ နိုင်ငံပိုင်သစ်တောများ စိမ်းလန်းစိုပြည်ရေး၊ ကျေးရွာ ပိုင်ထင်းစိုက်ခင်းများ တည်ထောင်ရေး၊ ပင်လယ်ကမ်းခြေဒေသများရှိ ဒီရေတောများ ပြန်လည် ထိန်းသိမ်းရေး တို့ကို အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် ဆောင်ရွက် သွားမည် ဖြစ်ပါကြောင်း၊ ယင်းလုပ်ငန်းစဉ်များတွင် ပြည်သူများ၊ ပြည်တွင်း/ပြည်ပ အဖွဲ့အစည်းများအနေဖြင့် ပူးပေါင်းပါဝင် ဆောင်ရွက်ကြရန် ဖိတ်ခေါ် အပ်ပါကြောင်း၊ ကြိုးဝိုင်းနှင့်ကြိုးပြင် ကာကွယ်တောများ၊ သဘာဝနယ်မြေများမှ သစ်တောသစ်ပင် များ ကို ထိန်းသိမ်းသည်သာမကပဲ သစ်တောများပြင်ပမှ သစ်ပင်များ (Trees Outside Forest-ToF)နှင့် ဂေဟစနစ်များ၏ အရေးကြီးသည့် အခန်းကဏ္ဍကိုလည်း အထူး အလေးထား ထိန်းသိမ်းကြရမည် ဖြစ်ပါကြောင်း။

မိမိတို့ မြန်မာလူမျိုးများသည် သစ်တောသစ်ပင် ချစ်ခင် မြတ်နိုးကြပြီး သစ်တော ထိန်းသိမ်းရေးကို ရှေးကတည်းကပင် အသိစိတ်ဓာတ်ရှိပြီးသား ဖြစ်ကြောင်း၊ ယခု ကမ္ဘာကြီး၏ ရာသီဥတုပြောင်းလဲမှု ဖြစ်စဉ်များအရ လူသားအားလုံး သဘာဝဘေး အန္တရာယ်များ တွေ့ကြုံ ခံစားနေရမှု လျော့ပါးသက်သာစေရေး၊ လိုက်လျောညီထွေရှိ စေရေး အတွက် ဂေဟစနစ်ပြန်လည်ထိန်းသိမ်းရေး လုပ်ငန်းစဉ်များ အောင်မြင်အောင် ဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း “တောတောင်ပျက်ပြုန်း၊ မြေဆီသုဉ်း၏” “ဥတု ရာသီ၊တောကိုမှီ၏။” “ပူနွေးကမ္ဘာ၊ တားဆီးရာ၊ ဖြေရှာတစ်ခု၊ တောပြုစု” “သစ်တော တွေထိန်း၊ တောတွေစိမ်းမှ၊ ငြိမ်းချမ်းပြည်ရွာ၊ နိုင်ငံသာ၏” ဆိုသည့် သစ်တောသစ်ပင် များ၏ အကျိုးကျေးဇူးကို ဖော်ညွှန်းထားသည့် ဆောင်ပုဒ်များကို အမြဲအလေးထားပြီး သစ်တောသစ်ပင်များ၊ သစ်တောဂေဟစနစ်များ စဉ်ဆက်မပြတ် တည်တံ့ရေး အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် ဝိုင်းဝန်းထိန်းသိမ်း ကာကွယ်သွားကြရမည် ဖြစ်ပါ ကြောင်းပြောကြားသည်။

ထို့နောက် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်က ပေးပို့သည့် Video Message နှင့် ကုလသမဂ္ဂပတ်ဝန်းကျင်အစီအစဉ် (UNEP) အမှုဆောင်ညွှန်ကြားရေး မှူး တို့၏ Video Message များကို ပြသသည်။

ဆက်လက်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ် ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ပတ်ဝန်းကျင်ဆိုင်ရာ စဉ်ဆက် မပြတ် ဖွံ့ဖြိုးသောမြို့ကြီးများအား ဆုများပေးအပ်ချီးမြှင့်ရာတွင် ပထမဆုရရှိသည့် ညောင်ဦးမြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ ဒုတိယညွှန်ကြားရေးမှူး ဦးတင်မြင့်၊ ဒုတိယ ဆုရရှိသည့် ဝိုင်းမော်မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ ဒုတိယညွှန်ကြားရေးမှူး ဦးတင်မောင်ထွေး၊ တတိယဆုရရှိသည့် လွိုင်ကော်မြို့နယ် စည်ပင်သာယာရေးအဖွဲ့ ဒုတိယညွှန်ကြားရေးမှူး ဦးသန်းထွန်းတို့အား ဆုများအသီးသီးပေးအပ်ချီးမြှင့်သည်။ ယင်းနောက် ၂၀၂၁ ခုနှစ်၊ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် အသိပညာပေး Video ကို ပြသပြီး အခမ်းအနားအောင်မြင်စွာပြီးမြောက်ကြောင်းကြေ ညာကာ အမှတ်တရစုပေါင်းဓာတ်ပုံရိုက်ကူးကြသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် တက်ရောက်လာကြသူများသည် ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အဖြစ် ပြသထားသည့် ပြခန်းများအားလှည့်လည်ကြည့်ရှုခဲ့ကြသည်။

 

Zawgyi Version

 

၂၀၂၁ ခုႏွစ္၊ ကမာၻ႔ပတ္ဝန္းက်င္ထိန္းသိမ္းေရးေန႔အထိမ္းအမွတ္အခမ္းအနားျပဳလုပ္၊ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒၊ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ တက္ေရာက္အမွာစကားေျပာၾကား

ေနျပည္ေတာ္၊ ဇြန္ ၅

၂၀၂၁ ခုႏွစ္၊ ကမာၻ႔ပတ္ဝန္းက်င္ထိန္းသိမ္းေရးေန႔အခမ္းအနားကို ယေန႔နံနက္ ပိုင္းတြင္ ေနျပည္ေတာ္ရွိ ျမန္မာအျပည္ျပည္ဆိုင္ရာကြန္ဗင္းရွင္း ဗဟိုဌာန-၂ ၌ က်င္းပ ျပဳလုပ္ရာ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒၊ တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ တက္ေရာက္အမွာစကားေျပာၾကားသည္။

အဆိုပါ အခမ္းအနားသို႔ ႏိုင္ငံေတာ္စီမံ အုပ္ခ်ဳပ္ေရးေကာင္စီဝင္မ်ားျဖစ္ၾကသည့္ ဗိုလ္ခ်ဳပ္ႀကီး တင္ေအာင္စန္း၊ ဒုတိယဗိုလ္ခ်ဳပ္ႀကီး မိုးျမင့္ထြန္း၊ ဒုတိယဗိုလ္ခ်ဳပ္ႀကီး စိုးထြဋ္၊ မန္းၿငိမ္းေမာင္၊ ေဒၚေအးႏုစိန္၊ ဦးေမာင္းဟာ၊ ေစာဒန္နီယယ္၊ ေဒါက္တာ ဗညားေအာင္မိုး၊ ဦးေ႐ႊႀကိမ္း၊ ေကာင္စီတြဲဖက္အတြင္းေရးမႉး ဒုတိယဗိုလ္ခ်ဳပ္ႀကီး ရဲဝင္းဦး၊ ျပည္ေထာင္စုဝန္ႀကီးမ်ားျဖစ္ၾကသည့္ ဦးဝင္းရွိန္၊ ဦးေအာင္ႏိုင္ဦး၊ ဦးတင္ထြဋ္ဦး၊ ဦးခင္ေမာင္ရီ၊ ဦးေအာင္သန္းဦး၊ ဦးေ႐ႊေလး၊ ေဒါက္တာ သက္သက္ခိုင္၊ ေနျပည္ေတာ္ေကာင္စီ ဥကၠ႒ ေဒါက္တာ ေမာင္ေမာင္ႏိုင္၊ ဒုတိယဝန္ႀကီးမ်ားႏွင့္ ေနျပည္ေတာ္ေကာင္စီဝင္မ်ား၊ အၿမဲတမ္း အတြင္းဝန္မ်ား၊ သယံဇာတႏွင့္ သဘာဝ ပတ္ဝန္းက်င္ထိန္းသိမ္းေရးဝန္ႀကီးဌာန၊ ဆက္စပ္ဝန္ႀကီးဌာနမ်ားမွ ၫႊန္ၾကားေရးမႉး ခ်ဳပ္မ်ား၊ ဦးေဆာင္ၫႊန္ၾကားေရးမႉးမ်ားႏွင့္ ပါေမာကၡခ်ဳပ္မ်ား၊ တာဝန္ရွိသူမ်ား၊ ေနျပည္ေတာ္ရွိ အေျခခံပညာအထက္တန္း ေက်ာင္းမ်ားမွ ဆရာ၊ ဆရာမမ်ား၊ ေက်ာင္းသား၊ ေက်ာင္းသူမ်ားႏွင့္ ဆုရရွိသူမ်ား တက္ေရာက္ၾကသည္။

ဦးစြာ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒၊ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က အဖြင့္မိန႔္ခြန္းေျပာၾကားရာတြင္ ယေန႔က်ေရာက္ သည့္ ၂၀၂၁ ခုႏွစ္ ကမာၻ႔ပတ္ဝန္းက်င္ ထိန္းသိမ္းေရးေန႔၏ ေဆာင္ပုဒ္အေနျဖင့္ “ပတ္ဝန္းက်င္ ေရရွည္တည္တံ့ ေကာင္းမြန္ဖို႔ ေဂဟစနစ္ကို ျပန္လည္ျပဳျပင္ ထိန္းသိမ္းၾကပါစို႔ (Ecosystem Restoration)” ျဖစ္ပါေၾကာင္း၊ လူသားမ်ားႏွင့္ သဘာဝအၾကားဆက္စပ္မႈကို ပိုမိုသဟဇာတျဖစ္ေစရန္ ရည္႐ြယ္ခ်က္ႏွင့္ အေလးေပး ေဖာ္ၫႊန္းထားသည့္ ေဆာင္ပုဒ္ျဖစ္ပါေၾကာင္း။

ကမာၻ႔ပတ္ဝန္းက်င္ထိန္းသိမ္းေရးႏွင့္ပတ္သက္၍ ေျပာၾကားရာတြင္ လူသားမ်ား ၏ ရွင္သန္ရပ္တည္ႏိုင္‌ေရးတြင္ ပတ္ဝန္းက်င္ေရရွည္တည္တံ့ ေကာင္းမြန္ဖို႔ လိုအပ္ပါ ေၾကာင္း၊ ကမာၻတစ္ဝန္း၌ လက္ရွိႀကဳံေတြ႕ေနရသည့္ျဖစ္စဥ္ကို ၾကည့္မည္ဆိုပါက သစ္ေတာမ်ား စည္းမဲ့ကမ္းမဲ့ ခုတ္ထြင္ရွင္းလင္းျခင္း၊ ေတာ႐ိုင္းတိရစာၦန္တို႔ ေနထိုင္ရာ ေဒသမ်ားကို က်ဴးေက်ာ္နယ္ခ်ဲ႕ၿပီး ၿမိဳ႕ျပႏွင့္ဖြံ႕ၿဖိဳးေရး လုပ္ငန္းမ်ားေဆာင္႐ြက္ျခင္း၊ စိုက္ပ်ိဳးေျမမ်ား အလြန္အကြၽံခ်ဲ႕ထြင္အသုံးျပဳျခင္း၊ ေရေနသတၱဝါမ်ား အလြန္အကြၽံ ဖမ္းဆီးျခင္း၊ ေတာမီးေလာင္ကြၽမ္းျခင္းႏွင့္ ကာဗြန္ထုတ္လႊတ္မႈ မ်ားျပားသည့္ စက္မႈဖြံ႕ၿဖိဳးေရးႏွင့္ ႐ုပ္ႂကြင္းေလာင္စာအေျခခံသည့္ စြမ္းအင္ထုတ္လုပ္မႈ လုပ္ငန္းမ်ား ကို တိုးခ်ဲ႕လုပ္ေဆာင္ျခင္းမ်ားေၾကာင့္ ေဂဟစနစ္သည္ တစ္ေန႔ထက္တစ္ေန႔ ပ်က္စီးေနသည့္အေျခအေန ႀကဳံေတြ႕ေနရသည္ကို ထင္ထင္ရွားရွား ေတြ႕ရမည္ ျဖစ္ပါေၾကာင္း။

ထို႔အတူ ျမန္မာႏိုင္ငံ၏ အေရးႀကီးသည့္ သစ္ေတာေဂဟစနစ္ကို ၾကည့္မည္ ဆိုပါက ကမာၻ႔ကုလသမဂၢစားနပ္ရိကၡာႏွင့္စိုက္ပ်ိဳးေရးအဖြဲ႕၏ ၂၀၀၀ ျပည့္ႏွစ္ သစ္ေတာ သယံဇာတ ဆန္းစစ္ေလ့လာျခင္း အစီရင္ခံစာအရ သစ္ေတာဖုံးလႊမ္းမႈသည္ ႏွစ္ကာလအလိုက္ ေလ်ာ့က်လာသည္ကို ေလ့လာသိရွိရပါေၾကာင္း၊ သစ္ေတာျပဳန္းတီး ျခင္းရျခင္း၏ ေနာက္ဆက္တြဲဆိုးက်ိဳးအေနျဖင့္ ျမစ္၊ ေခ်ာင္း၊ ကန္မ်ား ညစ္ညမ္း လာၿပီး ေရခ်ိဳမ်ားခမ္းေျခာက္လာျခင္း၊ ကမ္းေျခမ်ားႏွင့္ ပင္လယ္ သမုဒၵရာမ်ားပ်က္စီး ယိုယြင္းျခင္း၊ ရာသီဥတုေျပာင္းလဲလာျခင္း၊ ေတာင္ေပၚေဒသ ေျမဆီလႊာမ်ားျပဳန္းတီး ျခင္း ႏွင့္ ဇီဝမ်ိဳးစုံမ်ိဳးကြဲမ်ား ေလ်ာ့နည္းေပ်ာက္ဆုံးျခင္း စသည့္ ေဂဟစနစ္မ်ား ယိုယြင္းပ်က္စီးမႈမ်ားႏွင့္အတူ လူသားမ်ား အသက္ရွင္ရပ္တည္ေရး အတြက္ ႀကီးမားေသာၿခိမ္းေျခာက္မႈမ်ား ျဖစ္ေပၚလာေစေၾကာင္း။

ကမာၻ႔ကုလသမဂၢက ၂၀၂၀ ျပည့္ႏွစ္တြင္ ထုတ္ျပန္သည့္ ၂၀၂၁-၂၀၃၀ အထိ ‌ေဂဟစနစ္ ျပန္လည္ေကာင္းမြန္ရွင္သန္ေရး ကုလသမဂၢဆယ္စုႏွစ္ ေၾကညာခ်က္အရ ရာသီဥတု ေျပာင္းလဲမႈဆိုင္ရာ ေဘးအႏၲရာယ္မ်ားကို တြန္းလွန္တိုက္ဖ်က္ႏိုင္ေရး၊ သန္းေပါင္းမ်ားစြာေသာမ်ိဳးစိတ္မ်ား ေလ်ာ့ပါးေပ်ာက္ကြယ္လာမႈကို ကာကြယ္တားဆီး ႏိုင္ေရးႏွင့္ အစားအစာဖူလုံမႈ၊ ေရေထာက္ပံ့မႈႏွင့္ သက္ေမြးဝမ္းေက်ာင္း လုပ္ငန္းမ်ား ကို ေသခ်ာခိုင္မာေစေရးတို႔အတြက္ ပ်က္စီး၊ ျပဳန္းတီးေနသည့္ ေဂဟစနစ္မ်ားကို ျပန္လည္ရွင္သန္ ေကာင္းမြန္လာေစေရး ျမႇင့္တင္ေဆာင္႐ြက္ႏိုင္ရန္ ရည္႐ြယ္ခ်က္ကို ယခုႏွစ္ကမာၻ႔ပတ္ဝန္းက်င္ထိန္းသိမ္းေရးေန႔ေဆာင္ပုဒ္ “ပတ္ဝန္းက်င္ ေရရွည္တည္တံ့ ေကာင္းမြန္ဖို႔ ေဂဟစနစ္ကို ျပန္လည္ ျပဳျပင္ထိန္းသိမ္းၾကပါစို႔ (Ecosystem Restoration)” ျဖင့္ ႏႈိးေဆာ္ထားျခင္း ျဖစ္ပါေၾကာင္း။

၂၀၂၀ ျပည့္ႏွစ္သည္ COVID-19 ကမာၻ႔ကပ္ေရာဂါ အပါအဝင္ ေဘးအႏၲရာယ္ မ်ားစြာကို ရင္ဆိုင္ခဲ့ရသည့္ ႏွစ္တစ္ႏွစ္ျဖစ္ခဲ့သကဲ့သို႔ ယခုႏွစ္တြင္လည္း COVID-19 ကပ္ေရာဂါ ဆက္လက္ျဖစ္ပြားေနမႈႏွင့္အတူ တစ္စထက္တစ္စ ယိုယြင္းပ်က္စီးလာ သည့္ သဘာဝသယံဇာတ၊ ပတ္ဝန္းက်င္ညစ္ညမ္းမႈႏွင့္ ရာသီဥတုေဖာက္ျပန္မႈ ဆိုင္ရာ ျပႆနာမ်ားကို ေျဖရွင္းႏိုင္ေရးအတြက္ အဓိကက်သည့္ သဘာဝေဂဟစနစ္ ျပန္လည္ ထိန္းသိမ္းျခင္းကို မိမိတို႔အားလုံး အဓိကဦးစားေပး အေရးႀကီးလုပ္ငန္းအေနျဖင့္ အထူးအေလးထား အေကာင္အထည္ေဖာ္ ေဆာင္႐ြက္ေနၾကရသည္ ျဖစ္ပါေၾကာင္း။

ျမန္မာႏိုင္ငံ၏ သဘာဝပတ္ဝန္းက်င္ထိန္းသိမ္းေရး ေဆာင္႐ြက္ခ်က္မ်ားႏွင့္ ပတ္သက္၍ ေျပာၾကားရာတြင္မိမိတို႔ျမန္မာႏိုင္ငံ၏ သဘာဝပတ္ဝန္းက်င္ ထိန္းသိမ္း ေရး အေလးထားေဆာင္႐ြက္ေနမႈကို အက်ဥ္းမွ်တင္ျပလိုပါေၾကာင္း၊ ျပည္ေထာင္စု သမၼတ ျမန္မာႏိုင္ငံေတာ္ ဖြဲ႕စည္းပုံအေျခခံဥပေဒ (၂၀၀၈ ခုႏွစ္) အခန္း ၁ ႏိုင္ငံေတာ္အေျခခံမူမ်ား၊ ပုဒ္မ ၄၅ တြင္ “ႏိုင္ငံေတာ္သည္ သဘာဝပတ္ဝန္းက်င္ကို ကာကြယ္ထိန္းသိမ္း ေစာင့္ေရွာက္ ရမည္” ဟုလည္းေကာင္း၊ အခန္း ၈ ႏိုင္ငံသား၊ ႏိုင္ငံသားမ်ား၏ မူလအခြင့္အေရးႏွင့္တာဝန္မ်ား၊ ပုဒ္မ ၃၉၀ တြင္ “ႏိုင္ငံသားတိုင္း သည္ ႏိုင္ငံေတာ္အားကူညီရန္ တာဝန္ရွိသည္”ဟု ေဖာ္ျပထားသည့္ကိစၥရပ္မ်ား၌ “သဘာဝပတ္ဝန္းက်င္ကို ထိန္းသိမ္းေစာင့္ေရွာက္ျခင္း” ဆိုသည့္ အခ်က္ကို ေတြ႕ရွိ ရမည္ျဖစ္ပါေၾကာင္း၊ ဆိုလိုသည္မွာ မိမိတို႔ ျမန္မာႏိုင္ငံသားမ်ားသည္ တစ္ဦးခ်င္း အေနျဖင့္သာမက တစ္ႏိုင္ငံလုံးအေနျဖင့္ပါ သဘာဝပတ္ဝန္းက်င္ ကာကြယ္ထိန္းသိမ္း ေစာင့္ေရွာက္ေရးကို လုပ္ေဆာင္ေနရန္ လိုအပ္ပါေၾကာင္း။

ျမန္မာႏိုင္ငံသည္ ေျမာက္ဘက္ေဒသ ေရခဲေတာင္မ်ားမွ ေတာင္ဘက္ ကမ္း႐ိုး တန္း ေဒသမ်ားအထိ မတူကြဲျပားသည့္ ေဂဟစနစ္မ်ား၊ ဇီဝမ်ိဳးစုံမ်ိဳးကြဲမ်ားႏွင့္ သဘာဝ သယံဇာတမ်ား ေပါႂကြယ္ဝသည့္ ႏိုင္ငံတစ္ႏိုင္ငံျဖစ္သည္ႏွင့္အညီ ႏိုင္ငံေတာ္ ၏ စီးပြားေရးႏွင့္ ျပည္သူမ်ား၏ လူမႈစီးပြားဘဝဖြံ႕ၿဖိဳးတိုးတက္ေစေရးတို႔ကို ထိေရာက္ စြာ အေထာက္အပံ့ ေပးႏိုင္ေသာ ေကာင္းမြန္သည့္ ေဂဟစနစ္မ်ားႏွင့္ သဘာဝပတ္ဝန္း က်င္မ်ားေရရွည္ တည္တံ့ႏိုင္ေရးသည္ လြန္စြာအေရးႀကီးပါေၾကာင္း။

ျမန္မာႏိုင္ငံသည္ သစ္ေတာေဂဟစနစ္ ထိန္းသိမ္းႏိုင္ေရးအတြက္ ၂၀၃၀ ျပည့္ ႏွစ္တြင္ ႏိုင္ငံ့ဧရိယာ၏ (၃၀) ရာခိုင္ႏႈန္းကို သဘာဝ ႀကိဳးဝိုင္း၊ႀကိဳးျပင္ ကာကြယ္ ေတာမ်ားအျဖစ္ ဖြဲ႕စည္းႏိုင္ေရး ရည္မွန္း ေဆာင္႐ြက္လ်က္ရွိရာ ယခုအခါ ႏိုင္ငံ ဧရိယာ ၏ (၂၅.၆၁) ရာခိုင္ႏႈန္းကို သစ္ေတာႀကိဳးဝိုင္း၊ႀကိဳးျပင္ ကာကြယ္ေတာမ်ားအျဖစ္ လည္းေကာင္း၊ ဇီဝမ်ိဳးစုံမ်ိဳးကြဲမ်ား ထိန္းသိမ္းေရး သဘာဝ နယ္ေျမမ်ားဖြဲ႕စည္းျခင္းကို ႏိုင္ငံ့ဧရိယာ၏ (၁၀) ရာခိုင္ႏႈန္း ရည္မွန္းခ်က္ထားေဆာင္႐ြက္လ်က္ရွိရာ (၆.၀၈) ရာခိုင္ႏႈန္း ကိုလည္းေကာင္း ဖြဲ႕စည္းထားႏိုင္ခဲ့ၿပီ ျဖစ္ပါေၾကာင္း၊ ျမန္မာႏိုင္ငံ၏ စုစုေပါင္းစိုက္ပ်ိဳး‌ေျမဧရိယာအေနျဖင့္ ဧက ၄၈.၅၂ သန္းရွိၿပီး ဆန္စပါး စိုက္ဧက အေနျဖင့္ ဧက ၁၇.၃ သန္း ရွိေၾကာင္း။

ျမန္မာႏိုင္ငံ၏လက္ရွိလူဦးေရအတြက္ စိုက္ပ်ိဳးေျမလုံေလာက္စြာရွိၿပီး ဆန္ဖူလုံမႈ အေနျဖင့္ ၁၂၇ ရာခိုင္ႏႈန္းျဖစ္ေသာေၾကာင့္ လုံေလာက္႐ုံမက ပိုလွ်ံ ေနသည္ကိုေတြ႕ရ မည္ျဖစ္ေၾကာင္း၊ အျခားသီးႏွံမ်ားတြင္လည္း အဓိကသီးႏွံမ်ားသည္ ျပည္တြင္းဖူလုံမႈ အျပင္ ပိုလွ်ံမႈရွိသည့္အတြက္ ၁ ဧက အထြက္ႏႈန္း တိုးတက္ေရးအတြက္ နည္းပညာ ပိုင္းဆိုင္ရာမ်ား တိုးျမႇင့္ေဆာင္႐ြက္ရန္လိုပါေၾကာင္း၊ ထို႔ေၾကာင့္ စိုက္ပ်ိဳးေျမ လုံ ေလာက္စြာရွိၿပီးျဖစ္သျဖင့္ သစ္ေတာမ်ားကို ခုတ္ထြင္ဖယ္ရွားျခင္း မျပဳေတာ့ဘဲ စနစ္တက် ထိန္းသိမ္းေဆာင္႐ြက္ရန္ လိုအပ္ပါေၾကာင္း၊ တိုင္းရင္းသားမ်ား၏ ဓေလ့ ထုံးတမ္း အစဥ္အလာအရ ေ႐ႊ႕ေျပာင္းေတာင္ယာ စိုက္ပ်ိဳးျခင္းမွ ေတာင္ေပၚ အၿမဲတမ္း ကုန္းျမင့္လယ္ယာမ်ားအျဖစ္ စနစ္တက် ေျပာင္းလဲ က်င့္သုံးရန္လည္း သက္ဆိုင္ရာ ဝန္ႀကီးဌာနမ်ားက အေကာင္အထည္ေဖာ္ ေဆာင္႐ြက္လ်က္ရွိေၾကာင္း။

ျမန္မာႏိုင္ငံသည္ ကမာၻေပၚတြင္ ဒီေရေတာေပါက္ေရာက္မႈ သတၱမ အမ်ားဆုံး ျဖစ္ၿပီး အာရွတြင္ ဒီေရေတာေပါက္ေရာက္မႈ တတိယအမ်ားဆုံး ျဖစ္ပါေၾကာင္း၊ ကုလ သမဂၢစားနပ္ရိကၡာႏွင့္ စိုက္ပ်ိဳးေရးအဖြဲ႕၏ ၂၀၂၀ ျပည့္ႏွစ္ အစီရင္ခံစာအရ ျမန္မာ့ ဒီေရေပါက္ေရာက္သစ္ေတာမ်ားသည္ ျမန္မာႏိုင္ငံ သစ္ေတာဖုံးလႊမ္းမႈရိယာ၏ ၃.၉% (၁,၁၀၇,၇၄၅ ဧက) ခန႔္ရွိၿပီး ႏိုင္ငံေတာ္၏ လူမႈေရး၊ စီးပြားေရး၊ သဘာဝပတ္ဝန္းက်င္ ထိန္းသိမ္းေရးတို႔အတြက္ အေထာက္အကူျပဳလ်က္ ရွိပါေၾကာင္း။ ဒီေရေတာမ်ားကို နည္းလမ္းမ်ိဳးစုံျဖင့္ ျပန္လည္တည္ေထာင္လ်က္ရွိရာ ယေန႔အခ်ိန္အထိ ဒီေရေတာ စိုက္ခင္း ၂၆,၉၉၀ ဧက၊ ေဒသခံျပည္သူအစုအဖြဲ႕ပိုင္ သစ္ေတာစိုက္ခင္း ၁၅,၄၃၆ ဧက၊ ပုဂၢလိက စိုက္ခင္း ၃,၀၆၅ ဧက၊ ဓမၼတာမ်ိဳးဆက္ျခင္း ၈,၁၃၀ ဧက၊ ျပည္တြင္း ျပည္ပအဖြဲ႕အစည္းမ်ားႏွင့္ ပူးေပါင္းေဆာင္႐ြက္သည့္ ဒီေရေတာ စိုက္ခင္း ၁၀,၃၄၈ ဧကတို႔ကို ျပဳစုပ်ိဳးေထာင္ႏိုင္ခဲ့ၿပီ ျဖစ္ပါေၾကာင္း။

သဘာဝ သစ္ေတာႀကီးမ်ား၊ ဇီဝမ်ိဳးစုံမ်ိဳးကြဲ မ်ားႏွင့္ စြမ္းအင္အရင္းအျမစ္မ်ား ပ်က္သုဥ္းဆုံးရႈံးရျခင္း၏ အဓိကအေၾကာင္းရင္းမ်ားအနက္ တစ္ခုအပါအဝင္ျဖစ္သည့္ အတြက္ ထင္းေလာင္စာစြမ္းအင္ကို သစ္ေတာက႑မွ ေန႔စဥ္ႏွင့္အမွ် ျဖည့္ဆည္း ေပးလ်က္ရွိပါေၾကာင္း၊ ထင္း၊ မီးေသြးသုံးစြဲမႈသည္ စုစုေပါင္းစြမ္းအင္သုံးစြဲမႈ၏ ၇၆.၄၁ ရာခိုင္ႏႈန္းအထိရွိၿပီး ႏွစ္စဥ္ထင္း လိုအပ္ခ်က္ ကုဗတန္ ၁၆.၅၃ သန္းခန႔္ရွိပါေၾကာင္း၊ အမ်ိဳးသားသစ္ေတာက႑ ပင္မစီမံကိန္းတြင္ တြက္ခ်က္မႈမ်ားအရ ေက်းလက္ အိမ္ေထာင္စုတစ္စုတြင္ တစ္ႏွစ္ကို ထင္း ၂.၅ ကုဗ တန္ အသုံးျပဳေနၿပီး ၿမိဳ႕ျပ အိမ္ေထာင္စုတစ္စုတြင္ တစ္ႏွစ္ကို ထင္း ၁.၄ ကုဗတန္ အသုံးျပဳေနသည္ဟု ခန႔္မွန္း ထားပါေၾကာင္း။

၂၀၁၇-၂၀၁၈ ခုႏွစ္မွ စတင္အေကာင္အထည္ေဖာ္လ်က္ရွိသည့္ ျမန္မာႏိုင္ငံ သစ္ေတာမ်ား ျပန္လည္တည္ေထာင္ေရး (၁၀) ႏွစ္ စီမံကိန္းမွာ ေက်း႐ြာထင္း စိုက္ခင္း ၁၀၄,၅၆၃ ဧက တည္ေထာင္မည္ ျဖစ္ၿပီး ယေန႔အထိ (၂၁,၄၃၆ ဧက) တည္ေထာင္ၿပီး ျဖစ္ပါေၾကာင္း၊ ႏွစ္စဥ္တစ္႐ြာလွ်င္ အနည္းဆုံး(၂) ဧက စိုက္ပ်ိဳးႏိုင္ေရးအတြက္ ျပည္နယ္ႏွင့္ တိုင္း ေဒသႀကီး စီမံအုပ္ခ်ဳပ္ေရးေကာင္စီႏွင့္ ဆက္စပ္ဝန္ႀကီးဌာနမ်ား ေပါင္းစပ္ညႇိႏႈိင္း ေဆာင္႐ြက္ၾကရမည္ ျဖစ္ပါေၾကာင္း။

ေက်း႐ြာမ်ားထိ လွ်ပ္စစ္ဓာတ္အားေရာက္ရွိေရးမွာ အခ်ိန္ကာလ တစ္ခုအထိ လိုအပ္ေနေသးသျဖင့္ ထင္း၊ မီးေသြးကို စြမ္းအင္အျဖစ္ သုံးစြဲေနၾကရဦးမည္ ျဖစ္ပါ ေၾကာင္း၊ ထင္း၊ မီးေသြးမ်ားကို သဘာဝေတာမွသာ ထုတ္ယူသုံးစြဲျခင္းထက္ ေက်း႐ြာ အလိုက္ ကိုယ္ပိုင္ထင္းစိုက္ခင္းမ်ား တည္ေထာင္ေရးကို အမ်ိဳးသားေရးတာဝန္တစ္ရပ္ အျဖစ္ တိုင္းေဒသႀကီး၊ ျပည္နယ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီမ်ားက ႀကီးၾကပ္ေဆာင္႐ြက္ သြားၾကရန္ တိုက္တြန္းလိုပါေၾကာင္း။

ျမန္မာႏိုင္ငံတြင္ သဘာဝဝါးေတာ ဧရိယာ ၄.၄ သန္းေက်ာ္ရွိၿပီး ဝါးမ်ိဳးစိတ္ ၁၀၂ မ်ိဳးရွိသည့္အနက္ စီးပြားေရးအရ အေရးပါသည့္ဝါးမ်ိဳးစိတ္ ၁၈ မ်ိဳးခန႔္ရွိပါေၾကာင္း၊ ႏွစ္စဥ္ ဝါးအလုံးေရ သန္း ၁၂၀ မွ ၁၈၀ အထိ ထုတ္လုပ္လ်က္ရွိပါေၾကာင္း၊ စားေသာက္ ကုန္၊ အိမ္ေဆာက္လုပ္ျခင္း၊ ပရိေဘာဂအမ်ိဳးမ်ိဳးအျပင္ က်န္းမာေရးအရ သင့္ေတာ္ သည့္ ဝါးအမွ်င္ (Bamboo Fiber) မွ ထုတ္လုပ္သည့္ အဝတ္အထည္ မ်ားသည္ လူႀကိဳက္မ်ားၿပီး ေဈးကြက္တြင္ က်ယ္က်ယ္ျပန႔္ျပန႔္ ထုတ္လုပ္ေရာင္း ခ်လ်က္ရွိပါေၾကာင္း၊ ဝါးကို သဘာဝေတာမ်ားမွသာ ခုတ္ယူသုံးစြဲၾကၿပီး ျပန္လည္ စိုက္ပ်ိဳးမႈ အနည္းငယ္သာရွိပါေၾကာင္း၊ ထို႔ေၾကာင့္ဝါးသည္ အဓိကက်သည့္ သစ္ေတာထြက္ကုန္ ပစၥည္းတစ္မ်ိဳးျဖစ္သျဖင့္ စနစ္တက်ထိန္းသိမ္းၿပီး၊ စီးပြားေရးအရ ထုတ္လုပ္ သုံးစြဲရန္ ဝါးစိုက္ခင္းမ်ား က်ယ္က်ယ္ျပန႔္ျပန႔္ တည္ေထာင္စိုက္ပ်ိဳးၾကရန္ လိုအပ္ပါေၾကာင္း။

သစ္ပင္သစ္ေတာမ်ားႏွင့္ ေကာင္းမြန္သည့္ သစ္ေတာေဂဟစနစ္မ်ားသည္ ေလထုအတြင္းမွ ကာဗြန္ဒိုင္ေအာက္ဆိုဒ္ဓာတ္ေငြ႕မ်ားကို စုပ္ယူသိုေလွာင္ထားႏိုင္ သည့္ သိုေလွာင္ကန္ႀကီးမ်ားလည္း ျဖစ္သည့္အတြက္ ကားလမ္းေဘးလမ္းနယ္ တစ္ေလွ်ာက္တြင္ သစ္ေတာငယ္မ်ား ဖန္တီးေပးျခင္းျဖင့္ ကားမ်ားကထုတ္လႊတ္သည့္ ကာဗြန္ဒိုင္ေအာက္ဆိုဒ္ေၾကာင့္ ျဖစ္ေပၚလာသည့္ ေလထုညစ္ညမ္းမႈကို ေလွ်ာ့ခ်ႏိုင္ မည္ျဖစ္သကဲ့သို႔ ရာသီဥတု ေျပာင္းလဲမႈ ေလွ်ာ့ခ်ေရးအတြက္လည္း အလြန္အေရးႀကီး ေသာ အခန္းက႑မွ ပါဝင္လ်က္ရွိေၾကာင္း၊ ျမန္မာႏိုင္ငံ၏ စဥ္ဆက္မျပတ္ ဖြံ႕ၿဖိဳး တိုးတက္မႈကို အေထာက္အပံ့ ျဖစ္ေစသည့္ အဖိုးတန္သယံဇာတအရင္းအျမစ္မ်ား၊ သစ္ပင္သစ္ေတာမ်ားကို အမ်ိဳးသားေရး တာဝန္တစ္ရပ္အျဖစ္ ထိန္းသိမ္းကာကြယ္ သြားၾကရမည္ ျဖစ္ပါေၾကာင္း။

ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီအေနျဖင့္ ႏိုင္ငံေတာ္၏ တာဝန္အရပ္ရပ္ကို ထိန္းသိမ္းေဆာင္႐ြက္ေနစဥ္ ကာလအတြင္း သဘာဝပတ္ဝန္းက်င္ထိန္းသိမ္းေရး ႏွင့္ ပတ္သက္၍ ေျမေပၚ ေျမေအာက္ သဘာဝသယံဇာတမ်ား ထုတ္ယူသုံးစြဲမႈမ်ားကို ေလွ်ာ့ခ်ၿပီး တိုင္းျပည္၏ အရန္သယံဇာတအျဖစ္ ထိန္းသိမ္းႏိုင္ေရး၊ ရာသီဥတု ေဖာက္ျပန္မႈ ျပန္လည္မွ်တေရး၊ ႏိုင္ငံပိုင္သစ္ေတာမ်ား စိမ္းလန္းစိုျပည္ေရး၊ ေက်း႐ြာ ပိုင္ထင္းစိုက္ခင္းမ်ား တည္ေထာင္ေရး၊ ပင္လယ္ကမ္းေျခေဒသမ်ားရွိ ဒီေရေတာမ်ား ျပန္လည္ ထိန္းသိမ္းေရး တို႔ကို အမ်ိဳးသားေရးတာဝန္တစ္ရပ္အေနျဖင့္ ေဆာင္႐ြက္ သြားမည္ ျဖစ္ပါေၾကာင္း၊ ယင္းလုပ္ငန္းစဥ္မ်ားတြင္ ျပည္သူမ်ား၊ ျပည္တြင္း/ျပည္ပ အဖြဲ႕အစည္းမ်ားအေနျဖင့္ ပူးေပါင္းပါဝင္ ေဆာင္႐ြက္ၾကရန္ ဖိတ္ေခၚ အပ္ပါေၾကာင္း၊ ႀကိဳးဝိုင္းႏွင့္ႀကိဳးျပင္ ကာကြယ္ေတာမ်ား၊ သဘာဝနယ္ေျမမ်ားမွ သစ္ေတာသစ္ပင္ မ်ား ကို ထိန္းသိမ္းသည္သာမကပဲ သစ္ေတာမ်ားျပင္ပမွ သစ္ပင္မ်ား (Trees Outside Forest-ToF)ႏွင့္ ေဂဟစနစ္မ်ား၏ အေရးႀကီးသည့္ အခန္းက႑ကိုလည္း အထူး အေလးထား ထိန္းသိမ္းၾကရမည္ ျဖစ္ပါေၾကာင္း။

မိမိတို႔ ျမန္မာလူမ်ိဳးမ်ားသည္ သစ္ေတာသစ္ပင္ ခ်စ္ခင္ ျမတ္ႏိုးၾကၿပီး သစ္ေတာ ထိန္းသိမ္းေရးကို ေရွးကတည္းကပင္ အသိစိတ္ဓာတ္ရွိၿပီးသား ျဖစ္ေၾကာင္း၊ ယခု ကမာၻႀကီး၏ ရာသီဥတုေျပာင္းလဲမႈ ျဖစ္စဥ္မ်ားအရ လူသားအားလုံး သဘာဝေဘး အႏၲရာယ္မ်ား ေတြ႕ႀကဳံ ခံစားေနရမႈ ေလ်ာ့ပါးသက္သာေစေရး၊ လိုက္ေလ်ာညီေထြရွိ ေစေရး အတြက္ ေဂဟစနစ္ျပန္လည္ထိန္းသိမ္းေရး လုပ္ငန္းစဥ္မ်ား ေအာင္ျမင္ေအာင္ ေဆာင္႐ြက္ၾကရမည္ ျဖစ္ပါေၾကာင္း “ေတာေတာင္ပ်က္ျပဳန္း၊ ေျမဆီသုဥ္း၏” “ဥတု ရာသီ၊ေတာကိုမွီ၏။” “ပူေႏြးကမာၻ၊ တားဆီးရာ၊ ေျဖရွာတစ္ခု၊ ေတာျပဳစု” “သစ္ေတာ ေတြထိန္း၊ ေတာေတြစိမ္းမွ၊ ၿငိမ္းခ်မ္းျပည္႐ြာ၊ ႏိုင္ငံသာ၏” ဆိုသည့္ သစ္ေတာသစ္ပင္ မ်ား၏ အက်ိဳးေက်းဇူးကို ေဖာ္ၫႊန္းထားသည့္ ေဆာင္ပုဒ္မ်ားကို အၿမဲအေလးထားၿပီး သစ္ေတာသစ္ပင္မ်ား၊ သစ္ေတာေဂဟစနစ္မ်ား စဥ္ဆက္မျပတ္ တည္တံ့ေရး အမ်ိဳးသားေရးတာဝန္တစ္ရပ္အျဖစ္ ဝိုင္းဝန္းထိန္းသိမ္း ကာကြယ္သြားၾကရမည္ ျဖစ္ပါ ေၾကာင္းေျပာၾကားသည္။

ထို႔ေနာက္ ကုလသမဂၢအေထြေထြအတြင္းေရးမႉးခ်ဳပ္က ေပးပို႔သည့္ Video Message ႏွင့္ ကုလသမဂၢပတ္ဝန္းက်င္အစီအစဥ္ (UNEP) အမႈေဆာင္ၫႊန္ၾကားေရး မႉး တို႔၏ Video Message မ်ားကို ျပသသည္။

ဆက္လက္ၿပီး ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒၊ တပ္မေတာ္ကာကြယ္ ေရး ဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ က ပတ္ဝန္းက်င္ဆိုင္ရာ စဥ္ဆက္ မျပတ္ ဖြံ႕ၿဖိဳးေသာၿမိဳ႕ႀကီးမ်ားအား ဆုမ်ားေပးအပ္ခ်ီးျမႇင့္ရာတြင္ ပထမဆုရရွိသည့္ ေညာင္ဦးၿမိဳ႕နယ္စည္ပင္သာယာေရးအဖြဲ႕၊ ဒုတိယၫႊန္ၾကားေရးမႉး ဦးတင္ျမင့္၊ ဒုတိယ ဆုရရွိသည့္ ဝိုင္းေမာ္ၿမိဳ႕နယ္စည္ပင္သာယာေရးအဖြဲ႕၊ ဒုတိယၫႊန္ၾကားေရးမႉး ဦးတင္ေမာင္ေထြး၊ တတိယဆုရရွိသည့္ လြိဳင္ေကာ္ၿမိဳ႕နယ္ စည္ပင္သာယာေရးအဖြဲ႕ ဒုတိယၫႊန္ၾကားေရးမႉး ဦးသန္းထြန္းတို႔အား ဆုမ်ားအသီးသီးေပးအပ္ခ်ီးျမႇင့္သည္။ ယင္းေနာက္ ၂၀၂၁ ခုႏွစ္၊ ကမာၻ႔ပတ္ဝန္းက်င္ထိန္းသိမ္းေရးေန႔အထိမ္းအမွတ္ အသိပညာေပး Video ကို ျပသၿပီး အခမ္းအနားေအာင္ျမင္စြာၿပီးေျမာက္ေၾကာင္းေၾက ညာကာ အမွတ္တရစုေပါင္းဓာတ္ပုံ႐ိုက္ကူးၾကသည္။

ထို႔ေနာက္ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒၊ တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္ႏွင့္ တက္ေရာက္လာၾကသူမ်ားသည္ ကမာၻ႔ပတ္ဝန္းက်င္ ထိန္းသိမ္းေရးေန႔ အထိမ္းအမွတ္အျဖစ္ ျပသထားသည့္ ျပခန္းမ်ားအားလွည့္လည္ၾကည့္ရႈခဲ့ၾကသည္။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။