နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် Republic of Tatarstan ၏ ရိုးရာနွေရာသီပွဲတော် (Sabantuy) အခမ်းအနားသို့ တက်ရောက်

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် Republic of Tatarstan ၏ ရိုးရာနွေရာသီပွဲတော် (Sabantuy) အခမ်းအနားသို့ တက်ရောက်

နေပြည်တော် ဇွန် – ၂၆

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့ဒေသစံတော်ချိန်နံနက်ပိုင်းတွင် Republic of Tatarstan သမ္မတ Mr. Rustam Nurgaliyevich Minnikhanov ၏ ဖိတ်ကြား ချက်အရ Republic of Tatarstan ၏ ရိုးရာနွေရာသီပွဲတော် (Sabantuy) အခမ်း အနားသို့ အထူးဧည့်သည်တော်အဖြစ် တက်ရောက်သည်။

အဆိုပါ အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ကောင်စီဝင် ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ ကောင်စီ တွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများနှင့် ကိုယ်စားလှယ်အဖွဲ့ဝင်များ တက်ရောက်ကြပြီး Republic of Tatarstan မှ သမ္မတအပါအဝင် ဒုတိယဝန်ကြီးချုပ် Mr. Nigmatullin Rustan Kamilievich၊ Kazan မြို့တော်ဝန်နှင့် တာဝန်ရှိသူများ၊ ပြည်တွင်း၊ ပြည်ပမှ ခရီးသွားပြည်သူများ၊ ဒေသခံများ တက်ရောက်ကြသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် ရိုးရာနွေရာသီပွဲတော်ပြုလုပ်မည့် အခမ်းအနား ပြုလုပ်မည့် Kazan မြို့တော်၊ Maidan ရင်ပြင်သို့ ရောက်ရှိကြရာ Republic of the Tatarstan ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းဥက္ကဋ္ဌနှင့် မြို့တော်စည်ပင်သာယာရေး ကော်မ တီ ဥက္ကဋ္ဌ တို့က ရိုးရာထုံးတမ်းဓလေ့နှင့်အညီ ကြိုဆိုနှုတ်ဆက်ကြသည်။ ထို့နောက် ရိုးရာနွေရာသီပွဲတော်တွင် ရိုးရာဒေသအလိုက် ဒေသထုတ်ကုန်ပစ္စည်းများခင်းကျင်း ပြသ ထားရှိမှု၊ ရိုးရာအားကစား ပြိုင်ပွဲများ ပြုလုပ်နေမှု၊ ရိုးရာဈေးရောင်းပွဲတော်နှင့် ပျော်ပွဲရွှင်ပွဲများ ဆင်နွှဲနေမှုများကို လှည့်လည်ကြည့်ရှုလေ့လာကြရာ ပြခန်းများ အလိုက် တာဝန်ရှိသူများနှင့် ဒေသခံများက ရိုးရာအကအလှတီးမှုတ်မှုများဖြင့် ဝမ်းပန်း တသာကြိုဆိုနှုတ်ဆက်၍ ၎င်းတို့၏ ဓလေ့ထုံးတမ်းများကို ရှင်းလင်းပြသကြသည်။ ရှင်းလင်းမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က သိရှိလိုသည်များ ပြန်လည်မေးမြန်းလေ့လာခဲ့သည်။


ထို့နောက် ရိုးရာနွေရာသီပွဲတော်ကို Maidan ရင်ပြင်၌ ကျင်းပပြုလုပ်ရာ Republic of Tatarstan သမ္မတက တက်ရောက်လာကြသူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ပြီး နှုတ်ခွန်းဆက်စကားပြောကြားသည်။ ထို့နောက် ရိုးရာနွေရာသီ ပွဲတော်စတင်သည့် အထိမ်းအမှတ်အဖြစ် ယဉ်ကျေးမှု အကအလှများ၊ တေးသီချင်းများ၊ ရိုးရာဓလေ့များကို သရုပ်ဖော်သည့် အကအလှများဖြင့် ဖျော်ဖြေတင်ဆက်ကြရာ တက် ရောက်လာကြသူများက အားပေးခဲ့ကြပြီး ပျော်ရွှင်စွာဖြင့် ပါဝင်ဆင်နွဲခဲ့ကြသည်။

အဆိုပါ ရိုးရာနွေရာသီပွဲတော် (Sabantuy) သည် Tatarstan ရှိ တောင်သူလယ် သမားများ မျိုးစေ့ကျဲ အောင်မြင်ခြင်းနှင့် မရိတ်သိမ်းမီကာလအတွင်းအပင်များ ရှင်သန် ကြီးထွားနေချိန်တွင် လယ်သမားများ အားလပ်ချိန်၌ ခေတ်အဆက်ဆက် ကျင်းပ ပြုလုပ်သည့် ပွဲတော်တစ်ခုဖြစ်ပြီး ဇွန်လ ပထမအပတ်တွင် ကျေးလက်ဒေသများ၌ လည်းကောင်း ဒုတိယအပတ်တွင် မြို့ငယ်များ၌ လည်းကောင်း တတိယအပတ်တွင် မြို့ကြီးများ၌ လည်းကောင်း၊ စတုတ္ထအပတ်တွင် မြို့တော် Kazan ၌ လည်း ကောင်း ကျင်းပပြုလုပ်လေ့ရှိကြောင်း၊ အဆိုပါပွဲတော်တွင် မျိုးနွယ်စုအားလုံးပါဝင်သော ပျော်ပွဲ ရွှင်ပွဲ၊ အားကစားပွဲ၊ ဈေးရောင်းပွဲတော်နှင့် ယဉ်ကျေးမှု ဓလေ့ထုံးတမ်းများကို ပါဝင် ပြသကြသည့် ပွဲတော်တစ်ခုဖြစ်ပြီး မျိုးနွယ်စုအချင်းချင်း ချစ်ကြည်ရင်းနှီးမှုကို ပိုမို ရရှိစေကြောင်း၊ မိမိတို့ဒေသအတွင်းရှိ ထွက်ကုန်များ၊ ယဉ်ကျေးမှုရိုးရာ ပစ္စည်းများ၊ စားသောက်ကုန်များနှင့် ရိုးရာအကအလှများကို အဝန်းအဝိုင်းတစ်ခု သတ်မှတ်၍ စုပေါင်းကျင်းပသည့် ချစ်စရာပွဲတော်ဖြစ်ပြီး ၎င်းတို့ထဲမှ စီစဉ်တင်ဆက်မှု အကောင်း ဆုံးအဖွဲ့ကိုလည်း ထိုက်တန်စွာဆုချီးမြှင့်ကြကြောင်း၊ အဓိကအားဖြင့် Tatarstan ရိုးရာ နပန်းပွဲကို ကျင်းပပေးပြီး ပထမဆုရရှိသူကို မော်တော်ကားဆုဖြင့် ထိုက်တန်စွာ ချီးမြှင့် ပေးလေ့ရှိကြောင်းနှင့် မြို့တစ်မြို့တွင် တစ်ရက်တည်းသာ ကျင်းပပြုလုပ်သည့် ပွဲတော် တစ်ခုဖြစ်သဖြင့် မျိုးနွယ်စုမျိုးစုံနှင့် ဒေသခံများ၊ ပြည်တွင်းပြည်ပမှ ခရီးသွားဧည့်သည့် များဖြင့် စည်ကားစွာ လာရောက်ကြသည့် ပွဲတော်တစ်ခုဖြစ်ကြောင်း သိရှိရသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ တပ်မတော် ကာကွယ် ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များအား Republic of Tatarstan သမ္မတက ဂုဏ်ပြု နေ့လယ်စာဖြင့် တည်ခင်းဧည့်ခံပြီး ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားသည်။ ထို့ နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် က Republic of Tatarstan ၏ ရိုးရာနွေရာသီပွဲတော်သို့ အထူးဧည့်သည်တော် အဖြစ်တက်ရောက်ရန် ဖိတ်ကြားပြီး Tatarstan ၏ ချစ်စရာရိုးရာဓလေ့ထုံးတမ်းများကို လေ့လာခွင့်ရသည့်အတွက် ကျေးဇူးတင်စကားနှင့် Republic of Tatarstan ရှိ မျိုးနွယ် စု အားလုံး ကျန်းမာချမ်းသာပါစေကြောင်း ဆုတောင်းမေတ္တာစကားပြောကြားသည်။ ယင်းနောက် ဂုဏ်ပြုနေ့လယ်စာကို အတူတကွသုံးဆောင်ခဲ့ကြသည်။

(Zawgyi Version)

ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒၊ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ Republic of Tatarstan ၏ ႐ိုးရာေႏြရာသီပြဲေတာ္ (Sabantuy) အခမ္းအနားသို႔ တက္ေရာက္

ေနျပည္ေတာ္ ဇြန္ – ၂၆

ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ ဥကၠ႒၊ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္သည္ ယေန႔ေဒသစံေတာ္ခ်ိန္နံနက္ပိုင္းတြင္ Republic of Tatarstan သမၼတ Mr. Rustam Nurgaliyevich Minnikhanov ၏ ဖိတ္ၾကား ခ်က္အရ Republic of Tatarstan ၏ ႐ိုးရာေႏြရာသီပြဲေတာ္ (Sabantuy) အခမ္း အနားသို႔ အထူးဧည့္သည္ေတာ္အျဖစ္ တက္ေရာက္သည္။

အဆိုပါ အခမ္းအနားသို႔ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရး ေကာင္စီဥကၠ႒၊ တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အတူ ေကာင္စီဝင္ ဒုတိယဗိုလ္ခ်ဳပ္ႀကီး မိုးျမင့္ထြန္း၊ ေကာင္စီ တြဲဖက္အတြင္းေရးမႉး ဒုတိယဗိုလ္ခ်ဳပ္ႀကီး ရဲဝင္းဦး၊ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံးမွ တပ္မေတာ္အရာရွိႀကီးမ်ားႏွင့္ ကိုယ္စားလွယ္အဖြဲ႕ဝင္မ်ား တက္ေရာက္ၾကၿပီး Republic of Tatarstan မွ သမၼတအပါအဝင္ ဒုတိယဝန္ႀကီးခ်ဳပ္ Mr. Nigmatullin Rustan Kamilievich၊ Kazan ၿမိဳ႕ေတာ္ဝန္ႏွင့္ တာဝန္ရွိသူမ်ား၊ ျပည္တြင္း၊ ျပည္ပမွ ခရီးသြားျပည္သူမ်ား၊ ေဒသခံမ်ား တက္ေရာက္ၾကသည္။

ဦးစြာ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရး ေကာင္စီဥကၠ႒၊ တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္ႏွင့္ အဖြဲ႕ဝင္မ်ားသည္ ႐ိုးရာေႏြရာသီပြဲေတာ္ျပဳလုပ္မည့္ အခမ္းအနား ျပဳလုပ္မည့္ Kazan ၿမိဳ႕ေတာ္၊ Maidan ရင္ျပင္သို႔ ေရာက္ရွိၾကရာ Republic of the Tatarstan ကမာၻလွည့္ခရီးသြားလုပ္ငန္းဥကၠ႒ႏွင့္ ၿမိဳ႕ေတာ္စည္ပင္သာယာေရး ေကာ္မ တီ ဥကၠ႒ တို႔က ႐ိုးရာထုံးတမ္းဓေလ့ႏွင့္အညီ ႀကိဳဆိုႏႈတ္ဆက္ၾကသည္။ ထို႔ေနာက္ ႐ိုးရာေႏြရာသီပြဲေတာ္တြင္ ႐ိုးရာေဒသအလိုက္ ေဒသထုတ္ကုန္ပစၥည္းမ်ားခင္းက်င္း ျပသ ထားရွိမႈ၊ ႐ိုးရာအားကစား ၿပိဳင္ပြဲမ်ား ျပဳလုပ္ေနမႈ၊ ႐ိုးရာေဈးေရာင္းပြဲေတာ္ႏွင့္ ေပ်ာ္ပြဲ႐ႊင္ပြဲမ်ား ဆင္ႏႊဲေနမႈမ်ားကို လွည့္လည္ၾကည့္ရႈေလ့လာၾကရာ ျပခန္းမ်ား အလိုက္ တာဝန္ရွိသူမ်ားႏွင့္ ေဒသခံမ်ားက ႐ိုးရာအကအလွတီးမႈတ္မႈမ်ားျဖင့္ ဝမ္းပန္း တသာႀကိဳဆိုႏႈတ္ဆက္၍ ၎တို႔၏ ဓေလ့ထုံးတမ္းမ်ားကို ရွင္းလင္းျပသၾကသည္။ ရွင္းလင္းမႈမ်ားအေပၚ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရး ေကာင္စီဥကၠ႒၊ တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္က သိရွိလိုသည္မ်ား ျပန္လည္ေမးျမန္းေလ့လာခဲ့သည္။
ထို႔ေနာက္ ႐ိုးရာေႏြရာသီပြဲေတာ္ကို Maidan ရင္ျပင္၌ က်င္းပျပဳလုပ္ရာ Republic of Tatarstan သမၼတက တက္ေရာက္လာၾကသူမ်ားအား ရင္းရင္းႏွီးႏွီး လိုက္လံႏႈတ္ဆက္ၿပီး ႏႈတ္ခြန္းဆက္စကားေျပာၾကားသည္။ ထို႔ေနာက္ ႐ိုးရာေႏြရာသီ ပြဲေတာ္စတင္သည့္ အထိမ္းအမွတ္အျဖစ္ ယဥ္ေက်းမႈ အကအလွမ်ား၊ ေတးသီခ်င္းမ်ား၊ ႐ိုးရာဓေလ့မ်ားကို သ႐ုပ္ေဖာ္သည့္ အကအလွမ်ားျဖင့္ ေဖ်ာ္ေျဖတင္ဆက္ၾကရာ တက္ ေရာက္လာၾကသူမ်ားက အားေပးခဲ့ၾကၿပီး ေပ်ာ္႐ႊင္စြာျဖင့္ ပါဝင္ဆင္ႏြဲခဲ့ၾကသည္။

အဆိုပါ ႐ိုးရာေႏြရာသီပြဲေတာ္ (Sabantuy) သည္ Tatarstan ရွိ ေတာင္သူလယ္ သမားမ်ား မ်ိဳးေစ့က်ဲ ေအာင္ျမင္ျခင္းႏွင့္ မရိတ္သိမ္းမီကာလအတြင္းအပင္မ်ား ရွင္သန္ ႀကီးထြားေနခ်ိန္တြင္ လယ္သမားမ်ား အားလပ္ခ်ိန္၌ ေခတ္အဆက္ဆက္ က်င္းပ ျပဳလုပ္သည့္ ပြဲေတာ္တစ္ခုျဖစ္ၿပီး ဇြန္လ ပထမအပတ္တြင္ ေက်းလက္ေဒသမ်ား၌ လည္းေကာင္း ဒုတိယအပတ္တြင္ ၿမိဳ႕ငယ္မ်ား၌ လည္းေကာင္း တတိယအပတ္တြင္ ၿမိဳ႕ႀကီးမ်ား၌ လည္းေကာင္း၊ စတုတၳအပတ္တြင္ ၿမိဳ႕ေတာ္ Kazan ၌ လည္း ေကာင္း က်င္းပျပဳလုပ္ေလ့ရွိေၾကာင္း၊ အဆိုပါပြဲေတာ္တြင္ မ်ိဳးႏြယ္စုအားလုံးပါဝင္ေသာ ေပ်ာ္ပြဲ ႐ႊင္ပြဲ၊ အားကစားပြဲ၊ ေဈးေရာင္းပြဲေတာ္ႏွင့္ ယဥ္ေက်းမႈ ဓေလ့ထုံးတမ္းမ်ားကို ပါဝင္ ျပသၾကသည့္ ပြဲေတာ္တစ္ခုျဖစ္ၿပီး မ်ိဳးႏြယ္စုအခ်င္းခ်င္း ခ်စ္ၾကည္ရင္းႏွီးမႈကို ပိုမို ရရွိေစေၾကာင္း၊ မိမိတို႔ေဒသအတြင္းရွိ ထြက္ကုန္မ်ား၊ ယဥ္ေက်းမႈ႐ိုးရာ ပစၥည္းမ်ား၊ စားေသာက္ကုန္မ်ားႏွင့္ ႐ိုးရာအကအလွမ်ားကို အဝန္းအဝိုင္းတစ္ခု သတ္မွတ္၍ စုေပါင္းက်င္းပသည့္ ခ်စ္စရာပြဲေတာ္ျဖစ္ၿပီး ၎တို႔ထဲမွ စီစဥ္တင္ဆက္မႈ အေကာင္း ဆုံးအဖြဲ႕ကိုလည္း ထိုက္တန္စြာဆုခ်ီးျမႇင့္ၾကေၾကာင္း၊ အဓိကအားျဖင့္ Tatarstan ႐ိုးရာ နပန္းပြဲကို က်င္းပေပးၿပီး ပထမဆုရရွိသူကို ေမာ္ေတာ္ကားဆုျဖင့္ ထိုက္တန္စြာ ခ်ီးျမႇင့္ ေပးေလ့ရွိေၾကာင္းႏွင့္ ၿမိဳ႕တစ္ၿမိဳ႕တြင္ တစ္ရက္တည္းသာ က်င္းပျပဳလုပ္သည့္ ပြဲေတာ္ တစ္ခုျဖစ္သျဖင့္ မ်ိဳးႏြယ္စုမ်ိဳးစုံႏွင့္ ေဒသခံမ်ား၊ ျပည္တြင္းျပည္ပမွ ခရီးသြားဧည့္သည့္ မ်ားျဖင့္ စည္ကားစြာ လာေရာက္ၾကသည့္ ပြဲေတာ္တစ္ခုျဖစ္ေၾကာင္း သိရွိရသည္။
ယင္းေနာက္ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရး ေကာင္စီဥကၠ႒၊ တပ္မေတာ္ ကာကြယ္ ေရးဦးစီးခ်ဳပ္ႏွင့္ အဖြဲ႕ဝင္မ်ားအား Republic of Tatarstan သမၼတက ဂုဏ္ျပဳ ေန႔လယ္စာျဖင့္ တည္ခင္းဧည့္ခံၿပီး ႀကိဳဆိုႏႈတ္ခြန္းဆက္စကားေျပာၾကားသည္။ ထို႔ ေနာက္ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရး ေကာင္စီဥကၠ႒၊ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ က Republic of Tatarstan ၏ ႐ိုးရာေႏြရာသီပြဲေတာ္သို႔ အထူးဧည့္သည္ေတာ္ အျဖစ္တက္ေရာက္ရန္ ဖိတ္ၾကားၿပီး Tatarstan ၏ ခ်စ္စရာ႐ိုးရာဓေလ့ထုံးတမ္းမ်ားကို ေလ့လာခြင့္ရသည့္အတြက္ ေက်းဇူးတင္စကားႏွင့္ Republic of Tatarstan ရွိ မ်ိဳးႏြယ္ စု အားလုံး က်န္းမာခ်မ္းသာပါေစေၾကာင္း ဆုေတာင္းေမတၱာစကားေျပာၾကားသည္။ ယင္းေနာက္ ဂုဏ္ျပဳေန႔လယ္စာကို အတူတကြသုံးေဆာင္ခဲ့ၾကသည္။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။