နေပြည်တော်၊ ဩဂုတ် – ၈
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များနှင့် ပြည်ထောင်စုဝန်ကြီးဌာနများမှ တာဝန်ရှိသူများအား ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌရုံး ငုရွှေဝါ ခန်းမ၌တွေ့ဆုံ အမှာစကားပြောကြားသည်။
တွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ရေ၊လေ)၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ ကာကွယ်ရေးဦးစီးချုပ် ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ ဒုတိယဝန်ကြီးများ၊ ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသနှင့်တိုင်းဥက္ကဋ္ဌများ၊ ပြည်ထောင်စုဝန်ကြီးဌာနများမှ ဌာနဆိုင်ရာအကြီးအကဲ များတက်ရောက်ကြသည်။
ထို့သို့တွေ့ဆုံစဉ်နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အမှာစကားပြောကြားရာ၌ နိုင်ငံတော်၏ အခြေအနေအရ သက်တမ်းထပ်မံတိုးမြှင့်သည့်ကာလအတွင်း ဆောင်ရွက်ရမည့်လုပ်ငန်းများနှင့် ဆောင်ရွက်သင့်သည်များ ကိုမှာကြားလိုခြင်းကြောင့် ယခုကဲ့သို့တွေ့ဆုံရခြင်းဖြစ်ကြောင်း၊ အသစ်ထပ်မံ ချမှတ် ထားသည့် ရှေ့လုပ်ငန်းစဉ်များနှင့် ဦးတည်ချက်များကိုလည်း ထုတ်ပြန်ပေးသွားမည် ဖြစ်ကြောင်း၊ ရှေ့လုပ်ငန်းစဉ်များနှင့် ဦးတည်ချက်များကို အကောင်အထည်ဖော် ဆောင်ရွက်ရန်မှာအစိုးရ၏ တာဝန်ဖြစ်ကြောင်း၊ နိုင်ငံတော်၏တာဝန်ကို ထမ်းဆောင်သည့် မည်သည့်အစိုးရမဆို နိုင်ငံကောင်းအောင် ဆောင်ရွက်ရမည့်တာဝန်ရှိကြောင်း။
မိမိတို့အစိုးရ၏ နိုင်ငံရေးရည်မှန်းချက် နှစ်ရပ်မှာ စစ်မှန်စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ်ခိုင်မာစေရေး၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးနှင့် အမျိုးသားရေးရည်မှန်းချက်နှစ်ရပ်မှာ တိုင်းပြည် သာယာဝပြောရေး၊ စာရေးရိက္ခာဖူလုံရေးတို့ပင်ဖြစ်ပြီး တိုင်းပြည်သာယာဝပြောရေး၌ ပြည်သူပြည်သားများအားလုံး အေးအေးချမ်းချမ်းဖြင့် နေထိုင်လုပ်ကိုင်စားသောက် နိုင်ရမည်၊ ပညာသင်ကြားနိုင်ရမည်ဖြစ်ကြောင်း၊ လူတိုင်းသည် အေးချမ်းစွာ နေထိုင် လုပ်ကိုင် စားသောက်လိုကြပြီး မိမိတို့ဘဝတိုးတက်ရေးအတွက် ရည်မှန်းချက်၊ မျှော်မှန်းချက်များ ကိုယ်စီရှိကြကာ အေးချမ်းလုံခြုံစိတ်ချစွာဖြင့် နေထိုင်လုပ်ကိုင် စားသောက်လိုကြကြောင်း၊ ထို့ကြောင့်တည်ငြိမ်အေးချမ်းမှုကို ဆောင်ရွက်ပေးရန် လိုကြောင်း၊ စားရေ ရိက္ခာသည် လူတိုင်းအတွက်လိုအပ်ပြီး လက်ရှိကမ္ဘာပေါ်တွင်လည်း စားနပ်ရိက္ခာ လုံခြုံရေး(Food Security)မှာ အကြီးမားဆုံးစိန်ခေါ်မှုဖြစ်နေကြောင်း၊ မိမိတို့နိုင်ငံ အနေဖြင့်လည်း စားနပ်ရိက္ခာလုံခြုံရေးအတွက် စားရေရိက္ခာပေါများရေးကို အလေးထား ဆောင်ရွက်လျက်ရှိကြောင်း။
အလားတူ အစိုးရတစ်ရပ်အနေဖြင့် နိုင်ငံတစ်ဝန်း လမ်းပန်းဆက်သွယ်မှုများ ကောင်းမွန်ရေး ဆောင်ရွက်ပေးရန်လိုကြောင်း၊ ဆက်သွယ်မှုကွန်ရက်များလည်း ကောင်းမွန်ရန်လိုအပ်သဖြင့် တစ်နိုင်ငံလုံးကိုလွှမ်းခြုံနိုင်သည့် ဆက်သွယ်မှုကွန်ရက် များကို တည်ဆောက်ရန်လိုကြောင်း၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးလုပ်ငန်းများ ကောင်းမွန်နေရေးအလေးပေးဆောင်ရွက်ပေးရန်လိုကြောင်း။
တိုင်းပြည်တစ်ခုတိုးတက်ခြင်း၏ အခြေခံမှာ ပညာတတ်များပေါကြွယ်ဝခြင်း ပင်ဖြစ်ကြောင်း၊ အသိပညာ၊ အတတ်ပညာနှင့် ပြည့်စုံသည့် လူသားအရင်းအမြစ် ကောင်းများ မဖြစ်မနေလိုအပ်သည့်အတွက် နိုင်ငံသားတိုင်း ပညာရည် မြင့်မားရေးကို အစိုးရအနေဖြင့် ဆောင်ရွက်ပေးရန်လိုကြောင်း၊ ကျန်းမာမှ ပညာသင်ကြားနိုင်မည်၊ ကျန်းမာမှအလုပ်လုပ်နိုင်မည်ဖြစ်သဖြင့် ကျန်းမာရေးကောင်းမွန် နေရန်လည်း လိုကြောင်း၊ မိမိတို့နိုင်ငံ၏ မျှော်မှန်းသက်တမ်းသည်နည်းပါးလျက်ရှိသဖြင့် ပြည်သူ ပြည်သားတိုင်း ကျန်းမာရေးကောင်းမွန်ပြီး သက်ရှည်ကျန်းမာစွာ နေထိုင်နိုင်ရေး အတွက် ညီညွတ်မျှတသည့် နေထိုင်စားသောက်မှု ရှိရန်လိုသကဲ့သို့ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများကိုလည်း ပြည့်ပြည့်ဝဝဆောင်ရွက်ပေးနိုင်ရန်လိုကြောင်း။
နိုင်ငံတစ်ခုတွင် လျှပ်စစ်ဓာတ်အားများ လုံလောက်စွာရရှိနေရန်လိုကြောင်း၊ မိမိတို့နိုင်ငံတွင် လျှပ်စစ်ဓာတ်အားလိုအပ်ချက်များရှိနေသေးပြီး ယခုအချိန်အထိ နိုင်ငံ လိုအပ်ချက်၏ ၅၀ ရာခိုင်နှုန်းကိုပင် ဖြည့်ဆည်းပေးနိုင်ခြင်း မရှိသေးသည်ကိုတွေ့ရှိရ ကြောင်း၊ လွန်ခဲ့သည့်ဆယ်စုနှစ်ခန့်က အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးစီမံကိန်းကြီးများမှာ အကြောင်းအမျိုးမျိုးကြောင့် ရပ်တန့်ခဲ့ရကြောင်း၊ အဆိုပါလျှပ်စစ်ဓာတ်အားထုတ်လုပ်ရေး စီမံကိန်းများကို အ ကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့မည်ဆိုပါက ယခုအချိန်တွင် မိမိတို့နိုင်ငံ၏ လျှပ်စစ်ဓာတ်အား လိုအပ်ချက်ကို များစွာဖြည့်ဆည်းပေးနိုင်မည်ဖြစ်ကြောင်း၊ ထို့ ကြောင့် လျှပ်စစ်ဓာတ်အားလိုအပ်ချက်မှာ မိမိတို့အစိုးရအတွက် စိန်ခေါ်မှုတစ်ရပ် အနေဖြင့်ရှိသဖြင့် လတ်တလောဆောင်ရွက်နိုင်သည့် နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်းနှင့် လေအားဖြင့် လျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်း၊ စပါးခွံသုံးဓာတ်ငွေ့လောင်စာအသုံးပြု၍ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်းလုပ်ငန်း များကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ လျှပ်စစ်ဓာတ်အားများ လုံလောက်စွာရရှိမှသာ ပြည်သူများ၏ လူမှုစီးပွားဘဝများ တိုးတက်အောင်ဆောင်ရွက် နိုင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် စားရေရိက္ခာဖူလုံမှုရှိစေရေး၊ လမ်းပန်းဆက်သွယ်မှု များကောင်းမွန်စေရေး၊ ပညာရည်မြင့်မားစေရေး၊ သက်ရှည်ကျန်းမာမှုရှိစေရေးနှင့် လျှပ်စစ် ဓာတ်အားလုံလောက်စွာရရှိစေရေးတို့ကို မိမိတို့အစိုးရအနေဖြင့် အဓိကဦးစား ပေး အကောင်အထည်ဖော် ဆောင်ရွက်ပေးရမည်ဖြစ်သည်ကို ဦးစွာပြောကြားလို ကြောင်း။
ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ အသစ်ထပ်မံချမှတ်ထား သည့် ဦးတည်ချက် ၉ ရပ်ကို ရှင်းလင်းပြောကြားလိုကြောင်း၊ နိုင်ငံရေးရည်မှန်းချက် ပထမအချက်ကို “စစ်မှန်၍စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်ခိုင်မာစေရေး နှင့်ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုကို တည်ဆောက်နိုင်ရေး” ဟုချမှတ်ထားကြောင်း၊ မိမိတို့အနေဖြင့် ပါတီစုံဒီမိုကရေစီစနစ်ကို ခိုင်မာစွာအကောင် အထည်ဖော် ဆောင်ရွက်နိုင်ရန် အရေးကြီးကြောင်း၊ သို့သော် ပါတီစုံဒီမိုကရေစီစနစ် သည် စစ်မှန်ပြီးစည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ်ဖြစ်ရန်လိုကြောင်း၊ အဆိုပါစနစ်ကို ကျင့်သုံးရာတွင် အစိုးရတစ်ရပ်(သို့မဟုတ်) နိုင်ငံကိုဦးဆောင်သည့် သမ္မတ၊ ဝန်ကြီးချုပ်တို့က ဦးဆောင်အကောင်အထည်ဖော် ရခြင်းပင်ဖြစ်ကြောင်း၊ “စစ်မှန်စည်းကမ်းပြည့်ဝသည့်” ဟူသည့်စကားရပ်ကို ဖွဲ့စည်းပုံအခြေခံဥပဒေ၌ ထည့်သွင်းထားရခြင်းမှာ ဒီမိုကရေစီစနစ်ကို စည်းကမ်းပြည့်ဝစွာဖြင့် အသုံးပြုနိုင်ရန် ဖြစ်ကြောင်း၊ ယခင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲကို စည်းကမ်းမဲ့ စွာဖြင့်ဆောင်ရွက်ခဲ့ခြင်းသည် နိုင်ငံအတွက် အမည်းစက်တစ်ခုကိုဖြစ်ပေါ်စေခဲ့ပြီး မိမိတို့အတွက် သင်ခန်းစာတစ်ခုပင်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံအနေဖြင့် စစ်မှန်စည်း ကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ်ကိုခိုင်ခိုင်မာမာဖြင့် ဆောင်ရွက်နိုင်ရန်အတွက် ကြိုးပမ်းဆောင်ရွက်ကြရန်လိုကြောင်း။
ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေး နှင့် ပတ်သက်၍ မိမိအနေဖြင့် မကြာခဏ ရှင်းလင်းပြောကြားခဲ့ကြောင်း၊ ဒီမိုကရေစီ ဆိုသည်မှာ ဒီမိုကရေစီအုပ်ချုပ်ရေးနှင့် ဖက်ဒရယ်စနစ်ဆိုသည်မှာ ဖက်ဒရယ်လုပ်ပိုင် ခွင့်များကို ပေါင်းစပ်ထားသည့် ပြည်ထောင်စုပင်ဖြစ်ကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များအားလုံးတွင် တိုင်းရင်းသားများအားလုံး စုစည်းနေထိုင်ကြကြောင်း၊ ထို့ကြောင့် ဒေသအလိုက် တိုင်းရင်းသားလူမျိုးပေါင်းစုံ နေထိုင်ကြခြင်းဖြစ်သဖြင့် ဖက်ဒရယ်စနစ်ကိုဆောင်ရွက်ရာတွင် လူမျိုးကို အခြေခံ၍မရဘဲ ဒေသကို အခြေခံ၍ ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေ၌ ဖက်ဒရယ်အခွင့်အရေးနှင့် ပတ်သက်၍ ပေးထားပြီးဖြစ်သည်ကို လေ့လာကြည့်ပါက သိရှိနိုင်မည်ဖြစ်ကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေသည် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲပြုလုပ်ပြီး ပြည်သူ့ဆန္ဒနှင့်အညီ ပြဋ္ဌာန်းထားသည့်ဥပဒေဖြစ်သဖြင့် ပြည်သူအများဆန္ဒနှင့် ကိုက်ညီမည်ဆိုပါက ပြုပြင် သင့်သည့်အချက်များ ကိုပြုပြင်ရန်အတွက် တပ်မတော်အနေဖြင့် သဘောတူညီထားပြီ ဖြစ်ကြောင်း၊ သို့သော် နိုင်ငံအတွက်အရေးကြီးသည့် တို့တာဝန်အရေးသုံးပါးကို မထိခိုက်ရန်လိုပြီး ဒီမိုကရေစီအုပ်ချုပ်ရေးနှင့် ဖက်ဒရယ်လုပ်ပိုင်ခွင့်များကို ညီညွတ် မျှတစွာဖြင့် ဆောင်ရွက်နိုင်ရန် လိုကြောင်း။
ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေး ကိုဆောင်ရွက်ရန်အတွက် အဓိကအားဖြင့် ဆူးညှောင့်ခလုတ်ဖြစ်နေသည်မှာ တိုင်းရင်း သားလက်နက်ကိုင်ပဋိပက္ခများ ဖြစ်ပေါ်နေခြင်းဖြစ်ကြောင်း၊ တိုင်းရင်းသားများ၏ အခွင့်အရေးများနှင့်ပတ်သက်၍ လက်ရှိနိုင်ငံ၏ပကတိ အခြေအနေများနှင့်ကိုက်ညီစွာ စဉ်းစားဆောင်ရွက်၍ အရှည်မျှော်တွေးဆောင်ရွက် ကြရန်လိုကြောင်း၊ အခြေခံကောင်း အောင်ဆောင်ရွက်သည့် လုပ်ငန်းရပ်များသည်သာ ခိုင်မာမှုရှိသဖြင့် လုပ်ငန်းများ ဆောင်ရွက်ရာတွင် အခြေခံကောင်းအောင် ဆောင်ရွက် ကြရန်လိုကြောင်း၊ ထို့ကြောင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့်ပတ်သက်၍ ဖြစ်သင့်ဖြစ်ထိုက်သည်များနှင့် ဖြစ်နိုင်သည်များကို ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA)ကို လက်မှတ်ရေးထိုးခဲ့ခြင်း ဖြစ်ကြောင်း၊ NCA မှာပြည့်စုံမှုမရှိသေးသော်လည်း တိုင်းရင်းသားများ၏ တောင်းဆို ချက်များကို သဘောတူညီချက်စာချုပ်အဖြစ် ချုပ်ဆိုခဲ့ခြင်းဖြစ်ပြီး ကတိကဝတ်ပေး ထားသည့် အကြောင်းအရာများဖြစ်ကြောင်း၊ အဆိုပါစာချုပ်ကို နိုင်ငံတကာမှ အသိသက်သေများ မျက်မှောက်တွင် လက်မှတ်ရေးထိုးထားခြင်းဖြစ်သဖြင့် မျက်ကွယ် ပြု၍ ဆောင်ရွက်ခြင်းမပြုရန်လိုကြောင်း၊ မိမိတို့အနေဖြင့် NCA အပေါ်တွင် အလေး ထား၍ ထိန်းသိမ်းဆောင်ရွက်လျက်ရှိကြောင်း၊ NCA သဘောတူညီ ချက်အတိုင်း အလေးထားလုပ်ဆောင်ပြီး ထာဝရငြိမ်းချမ်းရေးရရှိအောင် ဆောင်ရွက်သွားရမည် ဖြစ်ကြောင်း၊ ထို့ကြောင့် နိုင်ငံရေးဦးတည်ချက် ဒုတိယအချက်ကို “တစ်နိုင်ငံလုံးထာဝရ ငြိမ်းချမ်းရေး ရရှိရေးအတွက် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူ စာချုပ်(NCA)ပါအတိုင်း အလေးထားလုပ်ဆောင်ရေး” ဟုချမှတ်ထားခြင်းဖြစ်ကြောင်း။
နိုင်ငံရေးဦးတည်ချက် တတိယအချက်အနေဖြင့် “ ပြည်သူလူထု၏ လူမှုစီးပွား ဘဝ လုံခြုံရေးအတွက် ပြည်ထောင်စုတစ်ဝန်းလုံး တည်ငြိမ်အေးချမ်းရေးနှင့် တရား ဥပဒေစိုးမိုးရေး အပြည့်အဝရရှိစေရန် အလေးထားလုပ်ဆောင်ရေး ” ဟူ၍ချမှတ်ထား ကြောင်း၊ တရားဥပဒေစိုးမိုးရေးဆိုရာတွင် အဆင့်အဆင့်သော အုပ်ချုပ်ရေးဆိုင်ရာအဖွဲ့ အစည်းများ၊ အုပ်ချုပ်ရေးကိုထိန်းသိမ်းပေးသည့် တရားရေးမဏ္ဍိုင် တို့ပါဝင်ကြောင်း၊ ဥပဒေဆိုင်ရာကိစ္စရပ်များ ဆောင်ရွက်ရန်အတွက် ဥပဒေဆိုင်ရာအဖွဲ့အစည်းများက ဆောင်ရွက်ကြရကြောင်း၊ ရပ်ရွာအေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေး ဆောင် ရွက်ရာတွင် ပြည်ထဲရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ အထွေထွေအုပ်ချုပ်ရေးနှင့် တရားရေးမဏ္ဍိုင်တို့သည် အဓိကအရေးကြီးကြောင်း၊ တရားဥပဒေစိုးမိုးရေးအတွက် အဓိက ဆောင်ရွက်နေရသူများသည် စွမ်းရည်ရှိသည့် ပုဂ္ဂိုလ်များဖြစ်ရန်လိုကြောင်း၊ မိမိတို့တာဝန်ထမ်းဆောင်ခဲ့သည့် ကာလအတွင်း တရားဥပဒေစိုးမိုးရေး တာဝန် ထမ်းဆောင်မှုနှင့်ပတ်သက်၍ အားနည်းချက်များရှိခဲ့ပြီး အုပ်ချုပ်ရေးပိုင်းဆိုင်ရာ အားနည်းချက်များသည် အစိုးရတစ်ရပ်၏ လုပ်ငန်းဆောင်ရွက်ချက်များကို ထိခိုက်စေနိုင်သဖြင့် ပြုပြင် ဆောင်ရွက်သွားရန်လိုကြောင်း။
စီးပွားရေးဦးတည်ချက် ပထမအချက်ကို “ တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေးတို့အတွက် တိုင်းရင်းသား ပြည်သူတစ်ရပ်လုံးနှင့်အကျုံးဝင်သော စိုက်ပျိုးရေးနှင့်မွေးမြူရေးကို ခေတ်မီနည်းစနစ်များဖြင့် တိုးတက်အောင်ဆောင်ရွက်ပြီး အခြားစီးပွားရေးကဏ္ဍများကိုလည်း ဘက်စုံဖွံ့ဖြိုးတိုးတက်အောင်တည်ဆောက်ရေး ” ဟူ၍ ချမှတ်ထားကြောင်း၊ အဓိကလိုအပ်သည်မှာ စားရေရိက္ခာဖူလုံရေးပင်ဖြစ်ကြောင်း၊ ပြည်သူအားလုံးအတွက် အကျုံးဝင်သည့်လုပ်ငန်းမှာ စိုက်ပျိုးမွေးမြူရေး လုပ်ငန်းပင် ဖြစ်ကြောင်း၊ နိုင်ငံ့လူဦးရေ၏ ၇၀ ရာခိုင်နှုန်းမှာ ကျေးလက်နေပြည်သူများဖြစ်ပြီး အများစုမှာ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းကို အဓိကထားဆောင်ရွက်ကြကြောင်း၊ ထိုသို့ ဆောင်ရွက်ရာတွင်လည်း နည်းစနစ်ကျနသည့် စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများဖြစ်ရန် လိုပြီး စိုက်ပျိုးမြေအားလုံးကိုလည်း အပြည့်အဝအကျိုးရှိစွာ အသုံးချနိုင်ရန်လို ကြောင်း၊ မိမိတို့နိုင်ငံသည် စိုက်ပျိုးရေးလုပ်ငန်းကို အောင်မြင်စွာ ဆောင်ရွက်နိုင်သည့် မြေသယံဇာတများနှင့် စိုက်ပျိုးရေ ရရှိရေးအတွက်လည်း မြစ်ချောင်း အင်းအိုင်များ စွာကို ပိုင်ဆိုင်ထားပြီးဖြစ်သည့်အတွက် စိုက်ပျိုးမြေများတွင် တစ်သီးစားကိုသာ စိုက်ပျိုးနိုင်ရုံဖြင့် ကျေနပ်နေ၍မရဘဲ သီးထပ်စိုက်ပျိုးနိုင်ရေး ကြိုးပမ်း ဆောင်ရွက် ရန်လိုကြောင်း၊ အစိုးရအနေဖြင့်လည်း စိုက်ပျိုးမြေများကို အပြည့်အဝ ထိထိရောက် ရောက် အသုံးချနိုင်ရေး စီမံဆောင်ရွက်ပေးရန်လိုကြောင်း၊ စိုက်ပျိုးမြေများကို အခြား နည်းများဖြင့် သုံးစွဲလျက်ရှိခြင်းကြောင့် နိုင်ငံ၏စိုက်ပျိုးရေး လုပ်ငန်းများအတွက် ထိခိုက်မှုများ ဖြစ်ပေါ်လျက်ရှိကြောင်း၊ မြေအသုံးချမှုနှင့် ပတ်သက်၍ ဥပဒေနှင့်အညီ မှန်မှန်ကန်ကန် ဆောင်ရွက်ကြရမည်ဖြစ်ပြီး ပြဋ္ဌာန်းချက်များနှင့်အညီ စိစစ်ကြပ်မတ် ထိန်းသိမ်းဆောင်ရွက်သွားရန်လိုကြောင်း။
မွေးမြူရေးနှင့် ပတ်သက်၍လည်း မိမိတို့နိုင်ငံ၏ နေ့စဉ် သားငါးနှင့် ဥအမျိုးမျိုး စားသုံးမှု လိုအပ်ချက်ကို ဖူလုံပြည့်မီအောင် ထုတ်လုပ်နိုင်ရန်လိုကြောင်း၊ စိုက်ပျိုး မွေးမြူရေးနှင့် ပတ်သက်၍ ထုတ်လုပ်မှုများတိုးတက်အောင် ဆောင်ရွက်နိုင်ရေးနှင့် သုတေသနလုပ်ငန်းများကိုလည်း ဆောင်ရွက်ရန်လိုကြောင်း၊ စိုက်ပျိုးရေးနှင့် မွေးမြူ ရေးလုပ်ငန်းများသည် မဖြစ်မနေ အောင်မြင်အောင် အကောင်အထည်ဖော်ဆောင်ရ မည့် လုပ်ငန်းတစ်ရပ်ဖြစ်ကြောင်း၊ ရေထွက်ကုန်များကို ထုတ်လုပ်ရာတွင် မွေးမြူထုတ် လုပ်ခြင်းထက် သဘာဝရေပြင်များမှ ဖမ်းဆီးထုတ်လုပ်မှု ပမာဏ ပိုမိုများပြားနေသည် ကိုတွေ့ရှိရသဖြင့် မွေးမြူထုတ်လုပ်ခြင်းကို ပိုမိုမြှင့်တင်ဆောင်ရွက်သွားကြရန်လို ကြောင်း၊ ထိုကဲ့သို့ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို ခေတ်မီနည်းစနစ်များဖြင့် ဆောင်ရွက်ခြင်းမှတဆင့် အခြားကုန်ထုတ်လုပ်မှု လုပ်ငန်းများကိုလည်း မြှင့်တင် ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း။
စီးပွားရေး ဦးတည်ချက် ဒုတိယအချက်ကို “တိုးတက်ကောင်းမွန်လာသည့် စီးပွားရေးမောင်းနှင်အားကို မဏ္ဍိုင်ပြု၍ MSME စက်မှုလုပ်ငန်းများကို အားပေး ဆောင်ရွက်ကာ ပို့ကုန်ကဏ္ဍမြှင့်တင်ရေး ” ဟူ၍ ချမှတ်ထားကြောင်း၊ ထို့ကြောင့် စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများကို အခြေခံသည့် MSME စီးပွားရေးလုပ်ငန်း များကို အားပေးမြှင့်တင်ရမည်ဖြစ်ကြောင်း၊ ပြည်တွင်း၌ လိုအပ်သည့် အခြေခံစားကုန်၊ သောက်ကုန်၊ သုံးကုန်ပစ္စည်းများကို ပြည်တွင်း၌ အလုံအလောက် ထုတ်လုပ်နိုင်ရေး ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံတွင် ချည်မျှင်နှင့်အထည်အလိပ်များ၊ နို့နှင့် နို့ထွက်ပစ္စည်းများ၊ ရာဘာအခြေခံသည့် ထုတ်ကုန်ပစ္စည်းလိုအပ်ချက်များကို နှစ်စဉ် ပြည်ပမှတင်သွင်းနေရကြောင်း၊ ထို့ကြောင့် မိမိတို့နိုင်ငံ၏ နွားမွေးမြူရေးလုပ်ငန်းများ၊ ဝါနှင့် ရာဘာစိုက်ပျိုးထုတ်လုပ်ရေးလုပ်ငန်းများကို အောင်မြင်အောင် ဆောင်ရွက်ပြီး ပြည်ပသို့ကုန်ကြမ်းတင်ပို့ခြင်းထက် ပြည်တွင်း၌ တန်ဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ် နိုင်မည်ဆိုပါက သွင်းကုန်ပမာဏကို လျှော့ချနိုင်မည်ဖြစ်ကဲ့သို့ ပိုလျှံသည်များကို ပြည်ပသို့တင်ပို့နိုင်မည်ဖြစ်ကြောင်း၊ ပြည်ပသွင်းကုန်များကိုလျှော့ချနိုင် မည်ဆိုပါက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချနိုင်မည်ဖြစ်ပြီး ပြည်တွင်းကုန်ထုတ်လုပ်မှုကို အားပေး နိုင်မည်ဖြစ်သကဲ့သို့ အလုပ်အကိုင်အခွင့်အလမ်း များစွာကိုလည်း ဖော်ဆောင်ပေးနိုင် မည်ဖြစ်သဖြင့် မိမိတို့အနေဖြင့် အောင်မြင်အောင် ဆောင်ရွက် ရမည်ဖြစ်ကြောင်း။
စီးပွားရေး ဦးတည်ချက် တတိယအချက်ကို “ပြည်တွင်းစားသုံးဆီဖူလုံရေး အတွက် ဆီထွက်သီးနှံစိုက်ပျိုးမှုကို အားပေး မြှင့်တင်ပြီး ပန်းတိုင်ရည်မှန်းချက် အတိုင်းထွက်ရှိအောင် ဆောင်ရွက်၍ နိုင်ငံအတွင်းဖူလုံမှုမှသည် ပြည်ပသို့တင်ပို့နိုင် သည်အထိ ကြိုးပမ်းဆောင်ရွက်ရေး ” ဟုချမှတ်ထားကြောင်း၊ ထို့ကြောင့် ဆီထွက် သီးနှံစိုက်ပျိုးမှုများကိုအားပေးပြီး ပြည်တွင်းစားသုံးဆီဖူလုံမှုမှသည် ပြည်ပသို့တင်ပို့နိုင် သည်အထိ ဆောင်ရွက်နိုင်ရေး စီမံဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ဆီထွက်သီးနှံ များဖြစ်သည့် မြေပဲ၊ နှမ်း၊ နေကြာများကိုပင် ပန်းတိုင်ထွက်နှုန်းပြည့်မီအောင် ဆောင်ရွက်နိုင်ပါက စားသုံးဆီဖူလုံ၊ ပိုလျှံမှုရှိနိုင်သည်ကိုတွေ့ရကြောင်း၊ ထို့ကြောင့် ၂၀၂၅ ခုနှစ်၌ ပြည်တွင်းစားသုံးဆီ ဖူလုံသည့်အပြင် ပြင်ပသို့တင်ပို့နိုင်သည်အထိ ဆောင်ရွက်သွားနိုင်ရေး ရည်မှန်းချက်ထား ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ တိုင်း ဒေသကြီးနှင့် ပြည်နယ်အလိုက် ဆီထွက်သီးနှံစိုက်ပျိုးမှုကို လျာထားဧကပြည့်မီအောင် ဆောင်ရွက်နိုင်ရေးနှင့် အထွက်နှုန်းပြည့်မီရေး ကြိုးစားဆောင်ရွက်သွားကြရမည်ဖြစ် ကြောင်း။
လူမှုရေးဦးတည်ချက် ပထမအချက်အနေဖြင့် “တစ်နိုင်ငံလုံးအသိပညာ၊ အတတ် ပညာမြင့်မားတိုးတက်စေရေး၊ ကုန်ထုတ်လုပ်မှုအထောက်အကူပြု ပညာရှင်များ ထွန်းကားလာစေရေးအတွက် လူတိုင်းလက်လှမ်းမီသည့် ဘက်စုံပညာရေးစနစ်ကို အကောင်အထည် ဖော်ဆောင်ရေး” ဟူ၍ ချမှတ်ထားကြောင်း၊ တိုင်းပြည်တစ်ပြည် ဖွံ့ဖြိုးတိုးတက်ရန် ပညာတတ်များပေါကြွယ်ဝရန်လိုကြောင်း၊ ထို့ကြောင့် လူသားအရင်း အမြစ်များဖြစ်သည့် အသိပညာရှင်၊ အတတ်ပညာရှင်များ မွေးထုတ်ပေးနိုင်ရန် အခြေခံပညာ အထက်တန်းကျောင်းများ၌ ဝိဇ္ဇာ/ သိပ္ပံဘာသာရပ်များအပြင် စိုက်ပျိုး၊ မွေးမြူရေး၊ စက်မှုပညာရပ်များကို တွဲဖက်သင်ကြားပေးလျက်ရှိကြောင်း၊ အခြေခံ ပညာ၊ ဒီပလိုမာသင်တန်းများမှတစ်ဆင့် အဆင့်မြင့်ပညာရပ်များသို့ အဆင့်ဆင့် တက် ရောက်နိုင်ရေး စီမံဆောင်ရွက်ပေးလျက်ရှိကြောင်း၊ မိမိတို့ အနေဖြင့် ဘက်စုံပညာ ရေးစနစ်ကို ဦးတည်ဆောင်ရွက်လျက်ရှိကြောင်း။
လူမှုရေးဦးတည်ချက် ဒုတိယအချက်အနေဖြင့် “ တစ်မျိုးသားလုံး သက်ရှည် ကျန်းမာကြံ့ခိုင်ရေးအတွက် ပြည်သူအားလုံး အကျုံးဝင်မည့် ကျန်းမာရေးကဏ္ဍနှင့် အားကစားကဏ္ဍ မြှင့်တင်ဆောင်ရွက်ရေး ” ဟူ၍ ချမှတ်ထားပါကြောင်း၊ လူတိုင်းသည် အသက်ရှည်ပြီး ကျန်းမာလိုသည့် ဆန္ဒရှိကြပါကြောင်း၊ ကျန်းမာမှ ပညာသင်ကြားခြင်း၊ အလုပ်လုပ်ကိုင်ခြင်း ကိစ္စရပ်များအပြင် လူမှုရေး ကိစ္စရပ်များကို ဆောင်ရွက်နိုင်မည် ဖြစ်ကြောင်း၊ ထို့ကြောင့် အစိုးရအနေဖြင့် လူတိုင်းကျန်းမာစွာအသက်ရှင်နေထိုင်နိုင် ရေးအတွက် ကျန်းမာရေးကဏ္ဍကို မြှင့်တင်ဆောင်ရွက်သွားရန်လိုကြောင်း၊ ထို့ပြင် ကလေးသူငယ်မှအစ သက်ကြီးရွယ်အိုများအထိ ကျန်းမာရေးကောင်းမွန်အောင် လုပ် ဆောင်ပေးရန်နှင့် ခန္ဓာကိုယ်ကြံ့ခိုင်ရေးအတွက် အားကစားလှုပ်ရှားမှုများ ဆောင်ရွက် နိုင်ရန် ဖန်တီးပေးရမည်ဖြစ်ကြောင်း၊ အားကစားသည် တိုင်းပြည်၏ စွမ်းပကားဖြစ် သည့်အပြင် နိုင်ငံ့ဂုဏ်ကိုမြှင့်တင်ပေးသည့်အတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်များ တွင် အဆင့်မီအားကစားကွင်း၊ အားကစားရုံများ တည်ဆောက်ပေးခဲ့ပါကြောင်း၊ ဘဏ္ဍာငွေအပေါ်မူတည်၍ ခရိုင်အဆင့်မှ အဓိကကျသည့်မြို့နယ်အဆင့်အထိ တစ်ဆင့် ပြီး တစ်ဆင့်ဆောင်ရွက်ပေးသွားရန် လျာထားပါကြောင်း၊ မြန်မာ့အားကစား ကဏ္ဍ တွင် ဘက်ပေါင်းစုံလိုအပ်ချက်ရှိနေသဖြင့် အားကစားအဆင့်အတန်း မြင့်မားရေး အတွက် ကြိုးပမ်းဆောင်ရွက်သွားရန်နှင့် လိုအပ်ချက်များကို ပြင်ဆင်ဖြည့်ဆည်းသွား ရန်လည်းလိုကြောင်း၊ မိမိအနေဖြင့် အခြေခံလိုအပ်ချက်ဖြစ်သည့် အားကစားကွင်း၊ အားကစားရုံများနှင့် နည်းပြများကို ဦးစွာဖြည့်ဆည်းဆောင်ရွက် ပေးလျက်ရှိကြောင်း။
လူမှုရေးဦးတည်ချက် တတိယအချက်အနေဖြင့် “ နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များ၌ လူငယ်များအနေဖြင့် အဓိကစွမ်းအားစုအဖြစ် ပါဝင်နိုင်ရေး ဗလ ငါးတန်နှင့် ပြည့်စုံသောလူငယ်များ ဖြစ်စေရန် လူငယ်ကဏ္ဍကို မြှင့်တင်ဆောင်ရွက် ရေး” ဟူ၍ ချမှတ်ထားကြောင်း၊ အနာဂတ်နိုင်ငံတော်၏ တာဝန်ကိုထမ်းဆောင်ရန် အတွက် ကာယဗလ၊ ဉာဏ ဗလ၊ စာရိတ္တဗလ၊ မိတ္တဗလ၊ ဘောဂဗလ ဟူသည့် ဗလငါးတန်နှင့် ပြည့်စုံသည့် လူငယ်များ မွေးထုတ်ပေးရန်လိုကြောင်း၊ အကျင့်စာရိတ္တ ကောင်းမွန်ပြီး အသိဉာဏ် ဖွံ့ဖြိုးသူများဖြစ်အောင် လေ့ကျင့်ပျိုးထောင်ပေးရန် လိုကြောင်း။
၂၀၁၉ ခုနှစ် ကြားဖြတ်သန်းခေါင်စာရင်းအရ ပညာတတ်သူ နည်းပါးပြီး ပညာရေးကဏ္ဍ နိမ့်ကျခဲ့သည်ကို တွေ့ရှိရကြောင်း၊ ဒီမိုကရေစီစနစ်ကို လျှောက်လှမ်း မည်ဆိုပါက နိုင်ငံသားတိုင်းအသိပညာ၊ အတတ်ပညာများနှင့် ပြည့်စုံရန်လိုအပ် ကြောင်း၊ ထို့ကြောင့် အစိုးရအနေဖြင့် လူငယ်များကိုအခြေခံသည့် အနာဂတ်ကို ဖန်တီး ပေးရန်နှင့် ပညာရေးကဏ္ဍ တိုးတက်မြင့်မားအောင် ဆောင်ရွက်သွားရန် လိုအပ် ကြောင်း၊ ကျောင်းနေအရွယ် ကလေးတိုင်း ကျောင်းနေနိုင်ရေးနှင့် မိမိတို့ရည်မှန်း ထားသည့် အနိမ့်အဆုံးအဆင့် KG + 9 အဆင့် ပြီးမြောက်အောင်မြင်အောင် ဆောင် ရွက်ပေးရန်လိုကြောင်း၊ ထို့ပြင် ပညာရေးဝန်ထမ်း လိုအပ်ချက်ပြည့်မီရေး၊ ထိုက်သင့် သည့် ရာထူးနေရာများရရှိရေးနှင့်လုပ်ငန်းခွင်ပျော်ရွှင်ရေးအတွက်လည်း ဖန်တီးပေးရန် လိုကြောင်း၊ သို့မှသာပညာရေးကဏ္ဍ တိုးတက်မြင့်မားလာမည်ဖြစ်ကြောင်း၊ တာဝန်ရှိ သူများအနေဖြင့် လုပ်ထုံးလုပ်နည်း စည်းမျဉ်းစည်းကမ်းများနှင့်အညီ သမာသမတ်ရှိရှိ ဆောင်ရွက်သွားကြရန်လိုကြောင်း၊ ဗလငါးတန်နှင့်ပြည့်စုံသည့် လူငယ်များမွေးထုတ် ရာတွင် ဆရာ၊ ဆရာမများသည် အဓိကတာဝန်ရှိကြောင်း၊ ဆရာ၊ ဆရာမများ၏ သွန်သင်ဆုံးမမှု ကောင်းမွန်မှသာ အနာဂတ်တွင် နိုင်ငံတော်မှအားကိုးအားထားရသည့် အရည်အချင်းပြည့်ဝသော လူငယ်များကိုမွေးထုတ်ပေးနိုင်မည်ဖြစ်ကြောင်း။
အစိုးရတစ်ရပ်အနေဖြင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးတွင် လုပ်ဆောင်ရမည့် လုပ်ငန်းတာဝန်များ များပြားပါကြောင်း၊ လက်ရှိအခမ်းအနားသို့ တက်ရောက် လာကြသည့် ပြည်ထောင်စုဝန်ကြီးဌာနများမှ တာဝန်ရှိသူများအနေဖြင့် မိမိတို့ ဦးဆောင်ကွပ်ကဲရသည့်ဌာနများအလိုက် လုပ်ထုံးလုပ်နည်း၊ စည်းမျဉ်းစည်းကမ်းများ နှင့်အညီ လုပ်ငန်းတာဝန်များကို အောင်မြင်အောင် ထိန်းကြောင်းဆောင်ရွက်သွားရန် လိုကြောင်း၊ မိမိကိုယ်တိုင်အရည်အချင်းရှိပြီး စည်းကမ်းကောင်းမွန်ရန်လိုသကဲ့သို့ မိမိ ကွပ်ကဲရသည့် အဖွဲ့အစည်းကိုလည်း စည်းကမ်းစနစ်တကျရှိစေရေး ကွပ်ကဲနိုင်မှု အပြည့်အဝရှိရန်လိုကြောင်း၊ အစိုးရဌာနများသည် ပြည်သူကို အလုပ်အကျွေးပြုရသည့် ဌာနများဖြစ်သဖြင့် ဝန်ထမ်းများအနေဖြင့်လည်း ကောင်းမွန်သည့်စီမံခန့်ခွဲမှုရှိသည့်၊ လုပ်ငန်းတာဝန်ကျေပွန်သည့်၊ ပြည်သူ့အကျိုးကို ဖော်ဆောင်ပေးနိုင်သည့် ဝန်ထမ်းများ ဖြစ်ရန်လိုကြောင်း။
မိမိတို့အနေဖြင့် နိုင်ငံတော်၏ တာဝန်များကို ထမ်းဆောင်ခဲ့ရာတွင် အခက်အခဲ၊ အကြပ်အတည်းများစွာကို စုစည်းညီညွတ်သည့်အားဖြင့် ကျော်လွှားနိုင်ခဲ့ပြီးဖြစ် ကြောင်း၊ သို့သော်လည်း မိမိတို့နိုင်ငံအပေါ် စီးပွားရေးအရ၊ နိုင်ငံရေးအရ ပိတ်ဆို့မှုများ ရှိနေဆဲဖြစ်ကြောင်း၊ မိမိတို့နိုင်ငံ၌ ပြည်တွင်းကုန်ထုတ်လုပ်မှုလုပ်ငန်းများကို အောင် မြင်အောင်ဆောင်ရွက်နိုင်မည်ဆိုပါက မည်သည့်အခက်အခဲ၊ အကြပ်အတည်းကိုမဆို ကျော်လွှားနိုင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် အထက်တွင် ပြောကြားခဲ့သည့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ဦးတည်ချက်များကို အောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ နိုင်ငံ့ဝန်ထမ်းများအနေဖြင့် လူပုဂ္ဂိုလ် တစ်ဦး တစ်ယောက်အတွက် ဆိုသည်ထက် နိုင်ငံ၏အကျိုးစီးပွားအတွက်သာ မိမိတို့၏ တာဝန်များကို ကျေပွန်စွာဖြင့် အလုပ်လုပ်ကြရန် တိုက်တွန်းမှာကြား လိုကြောင်း ဖြင့်ပြောကြားခဲ့ကြောင်းသတင်းရရှိသည်။
Zawgyi Version
ေနျပည္ေတာ္၊ ဩဂုတ္ – ၈
ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒ ႏိုင္ငံေတာ္ဝန္ႀကီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ သည္ ျပည္ေထာင္စုအဆင့္ပုဂၢိဳလ္မ်ားႏွင့္ ျပည္ေထာင္စုဝန္ႀကီးဌာနမ်ားမွ တာဝန္ရွိသူမ်ားအား ယေန႔နံနက္ပိုင္းတြင္ ေနျပည္ေတာ္ရွိ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရး ေကာင္စီဥကၠ႒႐ုံး ငုေ႐ႊဝါ ခန္းမ၌ေတြ႕ဆုံ အမွာစကားေျပာၾကားသည္။
ေတြ႕ဆုံပြဲသို႔ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ ဒုတိယဥကၠ႒ ဒုတိယဝန္ႀကီးခ်ဳပ္ ဒုတိယဗိုလ္ခ်ဳပ္မႉးႀကီး စိုးဝင္း၊ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီအဖြဲ႕ဝင္မ်ား၊ ျပည္ေထာင္စုအဆင့္ပုဂၢိဳလ္မ်ား၊ ျပည္ေထာင္စုဝန္ႀကီးမ်ား၊ ညႇိႏႈိင္းကြပ္ကဲေရးမႉး (ၾကည္း၊ေရ၊ေလ)၊ တိုင္းေဒသႀကီးႏွင့္ ျပည္နယ္ဝန္ႀကီးခ်ဳပ္မ်ား၊ ကာကြယ္ေရးဦးစီးခ်ဳပ္ ႐ုံးမွ အဆင့္ျမင့္တပ္မေတာ္အရာရွိႀကီးမ်ား၊ ဒုတိယဝန္ႀကီးမ်ား၊ ကိုယ္ပိုင္အုပ္ခ်ဳပ္ ခြင့္ရေဒသႏွင့္တိုင္းဥကၠ႒မ်ား၊ ျပည္ေထာင္စုဝန္ႀကီးဌာနမ်ားမွ ဌာနဆိုင္ရာအႀကီးအကဲ မ်ားတက္ေရာက္ၾကသည္။
ထို႔သို႔ေတြ႕ဆုံစဥ္ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒ ႏိုင္ငံေတာ္ဝန္ႀကီးခ်ဳပ္ က အမွာစကားေျပာၾကားရာ၌ ႏိုင္ငံေတာ္၏အေျခအေနအရ သက္တမ္းထပ္မံတိုးျမႇင့္ သည့္ကာလအတြင္း ေဆာင္႐ြက္ရမည့္လုပ္ငန္းမ်ားႏွင့္ ေဆာင္႐ြက္သင့္သည္မ်ား ကိုမွာၾကားလိုျခင္းေၾကာင့္ ယခုကဲ့သို႔ေတြ႕ဆုံရျခင္းျဖစ္ေၾကာင္း၊ အသစ္ထပ္မံ ခ်မွတ္ ထားသည့္ ေရွ႕လုပ္ငန္းစဥ္မ်ားႏွင့္ ဦးတည္ခ်က္မ်ားကိုလည္း ထုတ္ျပန္ေပးသြားမည္ ျဖစ္ေၾကာင္း၊ ေရွ႕လုပ္ငန္းစဥ္မ်ားႏွင့္ ဦးတည္ခ်က္မ်ားကို အေကာင္အထည္ေဖာ္ ေဆာင္႐ြက္ရန္မွာအစိုးရ၏ တာဝန္ျဖစ္ေၾကာင္း၊ ႏိုင္ငံေတာ္၏တာဝန္ကို ထမ္းေဆာင္ သည့္ မည္သည့္အစိုးရမဆို ႏိုင္ငံေကာင္းေအာင္ ေဆာင္႐ြက္ရမည့္တာဝန္ရွိေၾကာင္း။
မိမိတို႔အစိုးရ၏ ႏိုင္ငံေရးရည္မွန္းခ်က္ ႏွစ္ရပ္မွာ စစ္မွန္စည္းကမ္းျပည့္ဝသည့္ ပါတီစုံဒီမိုကေရစီစနစ္ခိုင္မာေစေရး၊ ဒီမိုကေရစီႏွင့္ ဖက္ဒရယ္စနစ္ကိုအေျခခံသည့္ ျပည္ေထာင္စုတည္ေဆာက္ေရးႏွင့္ အမ်ိဳးသားေရးရည္မွန္းခ်က္ႏွစ္ရပ္မွာ တိုင္းျပည္ သာယာဝေျပာေရး၊ စာေရးရိကၡာဖူလုံေရးတို႔ပင္ျဖစ္ၿပီး တိုင္းျပည္သာယာဝေျပာေရး၌ ျပည္သူျပည္သားမ်ားအားလုံး ေအးေအးခ်မ္းခ်မ္းျဖင့္ ေနထိုင္လုပ္ကိုင္စားေသာက္ ႏိုင္ရမည္၊ ပညာသင္ၾကားႏိုင္ရမည္ျဖစ္ေၾကာင္း၊ လူတိုင္းသည္ ေအးခ်မ္းစြာ ေနထိုင္ လုပ္ကိုင္ စားေသာက္လိုၾကၿပီး မိမိတို႔ဘဝတိုးတက္ေရးအတြက္ ရည္မွန္းခ်က္၊ ေမွ်ာ္မွန္းခ်က္မ်ား ကိုယ္စီရွိၾကကာ ေအးခ်မ္းလုံၿခဳံစိတ္ခ်စြာျဖင့္ ေနထိုင္လုပ္ကိုင္ စားေသာက္လိုၾကေၾကာင္း၊ ထို႔ေၾကာင့္တည္ၿငိမ္ေအးခ်မ္းမႈကို ေဆာင္႐ြက္ေပးရန္ လိုေၾကာင္း၊ စားေရ ရိကၡာသည္ လူတိုင္းအတြက္လိုအပ္ၿပီး လက္ရွိကမာၻေပၚတြင္လည္း စားနပ္ရိကၡာ လုံၿခဳံေရး(Food Security)မွာ အႀကီးမားဆုံးစိန္ေခၚမႈျဖစ္ေနေၾကာင္း၊ မိမိတို႔ႏိုင္ငံ အေနျဖင့္လည္း စားနပ္ရိကၡာလုံၿခဳံေရးအတြက္ စားေရရိကၡာေပါမ်ားေရးကို အေလးထား ေဆာင္႐ြက္လ်က္ရွိေၾကာင္း။
အလားတူ အစိုးရတစ္ရပ္အေနျဖင့္ ႏိုင္ငံတစ္ဝန္း လမ္းပန္းဆက္သြယ္မႈမ်ား ေကာင္းမြန္ေရး ေဆာင္႐ြက္ေပးရန္လိုေၾကာင္း၊ ဆက္သြယ္မႈကြန္ရက္မ်ားလည္း ေကာင္းမြန္ရန္လိုအပ္သျဖင့္ တစ္ႏိုင္ငံလုံးကိုလႊမ္းၿခဳံႏိုင္သည့္ ဆက္သြယ္မႈကြန္ရက္ မ်ားကို တည္ေဆာက္ရန္လိုေၾကာင္း၊ ပို႔ေဆာင္ေရးႏွင့္ ဆက္သြယ္ေရးလုပ္ငန္းမ်ား ေကာင္းမြန္ေနေရးအေလးေပးေဆာင္႐ြက္ေပးရန္လိုေၾကာင္း။
တိုင္းျပည္တစ္ခုတိုးတက္ျခင္း၏ အေျခခံမွာ ပညာတတ္မ်ားေပါႂကြယ္ဝျခင္း ပင္ျဖစ္ေၾကာင္း၊ အသိပညာ၊ အတတ္ပညာႏွင့္ ျပည့္စုံသည့္ လူသားအရင္းအျမစ္ ေကာင္းမ်ား မျဖစ္မေနလိုအပ္သည့္အတြက္ ႏိုင္ငံသားတိုင္း ပညာရည္ ျမင့္မားေရးကို အစိုးရအေနျဖင့္ ေဆာင္႐ြက္ေပးရန္လိုေၾကာင္း၊ က်န္းမာမွ ပညာသင္ၾကားႏိုင္မည္၊ က်န္းမာမွအလုပ္လုပ္ႏိုင္မည္ျဖစ္သျဖင့္ က်န္းမာေရးေကာင္းမြန္ ေနရန္လည္း လိုေၾကာင္း၊ မိမိတို႔ႏိုင္ငံ၏ ေမွ်ာ္မွန္းသက္တမ္းသည္နည္းပါးလ်က္ရွိသျဖင့္ ျပည္သူ ျပည္သားတိုင္း က်န္းမာေရးေကာင္းမြန္ၿပီး သက္ရွည္က်န္းမာစြာ ေနထိုင္ႏိုင္ေရး အတြက္ ညီၫြတ္မွ်တသည့္ ေနထိုင္စားေသာက္မႈ ရွိရန္လိုသကဲ့သို႔ က်န္းမာေရး ေစာင့္ေရွာက္မႈလုပ္ငန္းမ်ားကိုလည္း ျပည့္ျပည့္ဝဝေဆာင္႐ြက္ေပးႏိုင္ရန္လိုေၾကာင္း။
ႏိုင္ငံတစ္ခုတြင္ လွ်ပ္စစ္ဓာတ္အားမ်ား လုံေလာက္စြာရရွိေနရန္လိုေၾကာင္း၊ မိမိတို႔ႏိုင္ငံတြင္ လွ်ပ္စစ္ဓာတ္အားလိုအပ္ခ်က္မ်ားရွိေနေသးၿပီး ယခုအခ်ိန္အထိ ႏိုင္ငံ လိုအပ္ခ်က္၏ ၅၀ ရာခိုင္ႏႈန္းကိုပင္ ျဖည့္ဆည္းေပးႏိုင္ျခင္း မရွိေသးသည္ကိုေတြ႕ရွိရ ေၾကာင္း၊ လြန္ခဲ့သည့္ဆယ္စုႏွစ္ခန႔္က အေကာင္အထည္ေဖာ္ ေဆာင္႐ြက္ခဲ့သည့္ လွ်ပ္စစ္ဓာတ္အား ထုတ္လုပ္ေရးစီမံကိန္းႀကီးမ်ားမွာ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ ရပ္တန႔္ခဲ့ရေၾကာင္း၊ အဆိုပါလွ်ပ္စစ္ဓာတ္အားထုတ္လုပ္ေရး စီမံကိန္းမ်ားကို အ ေကာင္အထည္ေဖာ္ ေဆာင္႐ြက္ႏိုင္ခဲ့မည္ဆိုပါက ယခုအခ်ိန္တြင္ မိမိတို႔ႏိုင္ငံ၏ လွ်ပ္စစ္ဓာတ္အား လိုအပ္ခ်က္ကို မ်ားစြာျဖည့္ဆည္းေပးႏိုင္မည္ျဖစ္ေၾကာင္း၊ ထို႔ ေၾကာင့္ လွ်ပ္စစ္ဓာတ္အားလိုအပ္ခ်က္မွာ မိမိတို႔အစိုးရအတြက္ စိန္ေခၚမႈတစ္ရပ္ အေနျဖင့္ရွိသျဖင့္ လတ္တေလာေဆာင္႐ြက္ႏိုင္သည့္ ေနေရာင္ျခည္စြမ္းအင္သုံး လွ်ပ္စစ္ဓာတ္အား ထုတ္လုပ္ျခင္းႏွင့္ ေလအားျဖင့္ လွ်ပ္စစ္ဓာတ္အားထုတ္လုပ္ျခင္း၊ စပါးခြံသုံးဓာတ္ေငြ႕ေလာင္စာအသုံးျပဳ၍ လွ်ပ္စစ္ဓာတ္အား ထုတ္လုပ္ျခင္းလုပ္ငန္း မ်ားကို အေကာင္အထည္ေဖာ္ ေဆာင္႐ြက္လ်က္ရွိေၾကာင္း၊ လွ်ပ္စစ္ဓာတ္အားမ်ား လုံေလာက္စြာရရွိမွသာ ျပည္သူမ်ား၏ လူမႈစီးပြားဘဝမ်ား တိုးတက္ေအာင္ေဆာင္႐ြက္ ႏိုင္မည္ျဖစ္ေၾကာင္း၊ ထို႔ေၾကာင့္ စားေရရိကၡာဖူလုံမႈရွိေစေရး၊ လမ္းပန္းဆက္သြယ္မႈ မ်ားေကာင္းမြန္ေစေရး၊ ပညာရည္ျမင့္မားေစေရး၊ သက္ရွည္က်န္းမာမႈရွိေစေရးႏွင့္ လွ်ပ္စစ္ ဓာတ္အားလုံေလာက္စြာရရွိေစေရးတို႔ကို မိမိတို႔အစိုးရအေနျဖင့္ အဓိကဦးစား ေပး အေကာင္အထည္ေဖာ္ ေဆာင္႐ြက္ေပးရမည္ျဖစ္သည္ကို ဦးစြာေျပာၾကားလို ေၾကာင္း။
ဆက္လက္၍ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ၏ အသစ္ထပ္မံခ်မွတ္ထား သည့္ ဦးတည္ခ်က္ ၉ ရပ္ကို ရွင္းလင္းေျပာၾကားလိုေၾကာင္း၊ ႏိုင္ငံေရးရည္မွန္းခ်က္ ပထမအခ်က္ကို “စစ္မွန္၍စည္းကမ္းျပည့္ဝေသာ ပါတီစုံဒီမိုကေရစီစနစ္ခိုင္မာေစေရး ႏွင့္ဒီမိုကေရစီႏွင့္ ဖက္ဒရယ္စနစ္ကိုအေျခခံသည့္ ျပည္ေထာင္စုကို တည္ေဆာက္ႏိုင္ေရး” ဟုခ်မွတ္ထားေၾကာင္း၊ မိမိတို႔အေနျဖင့္ ပါတီစုံဒီမိုကေရစီစနစ္ကို ခိုင္မာစြာအေကာင္ အထည္ေဖာ္ ေဆာင္႐ြက္ႏိုင္ရန္ အေရးႀကီးေၾကာင္း၊ သို႔ေသာ္ ပါတီစုံဒီမိုကေရစီစနစ္ သည္ စစ္မွန္ၿပီးစည္းကမ္းျပည့္ဝသည့္ ပါတီစုံဒီမိုကေရစီစနစ္ျဖစ္ရန္လိုေၾကာင္း၊ အဆိုပါစနစ္ကို က်င့္သုံးရာတြင္ အစိုးရတစ္ရပ္(သို႔မဟုတ္) ႏိုင္ငံကိုဦးေဆာင္သည့္ သမၼတ၊ ဝန္ႀကီးခ်ဳပ္တို႔က ဦးေဆာင္အေကာင္အထည္ေဖာ္ ရျခင္းပင္ျဖစ္ေၾကာင္း၊ “စစ္မွန္စည္းကမ္းျပည့္ဝသည့္” ဟူသည့္စကားရပ္ကို ဖြဲ႕စည္းပုံအေျခခံဥပေဒ၌ ထည့္သြင္းထားရျခင္းမွာ ဒီမိုကေရစီစနစ္ကို စည္းကမ္းျပည့္ဝစြာျဖင့္ အသုံးျပဳႏိုင္ရန္ ျဖစ္ေၾကာင္း၊ ယခင္ ၂၀၂၀ ျပည့္ႏွစ္ ပါတီစုံဒီမိုကေရစီေ႐ြးေကာက္ပြဲကို စည္းကမ္းမဲ့ စြာျဖင့္ေဆာင္႐ြက္ခဲ့ျခင္းသည္ ႏိုင္ငံအတြက္ အမည္းစက္တစ္ခုကိုျဖစ္ေပၚေစခဲ့ၿပီး မိမိတို႔အတြက္ သင္ခန္းစာတစ္ခုပင္ျဖစ္ေၾကာင္း၊ မိမိတို႔ႏိုင္ငံအေနျဖင့္ စစ္မွန္စည္း ကမ္းျပည့္ဝသည့္ ပါတီစုံဒီမိုကေရစီစနစ္ကိုခိုင္ခိုင္မာမာျဖင့္ ေဆာင္႐ြက္ႏိုင္ရန္အတြက္ ႀကိဳးပမ္းေဆာင္႐ြက္ၾကရန္လိုေၾကာင္း။
ဒီမိုကေရစီႏွင့္ ဖက္ဒရယ္စနစ္ကို အေျခခံသည့္ ျပည္ေထာင္စုတည္ေဆာက္ေရး ႏွင့္ ပတ္သက္၍ မိမိအေနျဖင့္ မၾကာခဏ ရွင္းလင္းေျပာၾကားခဲ့ေၾကာင္း၊ ဒီမိုကေရစီ ဆိုသည္မွာ ဒီမိုကေရစီအုပ္ခ်ဳပ္ေရးႏွင့္ ဖက္ဒရယ္စနစ္ဆိုသည္မွာ ဖက္ဒရယ္လုပ္ပိုင္ ခြင့္မ်ားကို ေပါင္းစပ္ထားသည့္ ျပည္ေထာင္စုပင္ျဖစ္ေၾကာင္း၊ တိုင္းေဒသႀကီးႏွင့္ ျပည္နယ္မ်ားအားလုံးတြင္ တိုင္းရင္းသားမ်ားအားလုံး စုစည္းေနထိုင္ၾကေၾကာင္း၊ ထို႔ေၾကာင့္ ေဒသအလိုက္ တိုင္းရင္းသားလူမ်ိဳးေပါင္းစုံ ေနထိုင္ၾကျခင္းျဖစ္သျဖင့္ ဖက္ဒရယ္စနစ္ကိုေဆာင္႐ြက္ရာတြင္ လူမ်ိဳးကို အေျခခံ၍မရဘဲ ေဒသကို အေျခခံ၍ ေဆာင္႐ြက္ရမည္ျဖစ္ေၾကာင္း၊ ဖြဲ႕စည္းပုံအေျခခံဥပေဒ၌ ဖက္ဒရယ္အခြင့္အေရးႏွင့္ ပတ္သက္၍ ေပးထားၿပီးျဖစ္သည္ကို ေလ့လာၾကည့္ပါက သိရွိႏိုင္မည္ျဖစ္ေၾကာင္း၊ ဖြဲ႕စည္းပုံအေျခခံဥပေဒသည္ ျပည္လုံးကြၽတ္ဆႏၵခံယူပြဲျပဳလုပ္ၿပီး ျပည္သူ႔ဆႏၵႏွင့္အညီ ျပ႒ာန္းထားသည့္ဥပေဒျဖစ္သျဖင့္ ျပည္သူအမ်ားဆႏၵႏွင့္ ကိုက္ညီမည္ဆိုပါက ျပဳျပင္ သင့္သည့္အခ်က္မ်ား ကိုျပဳျပင္ရန္အတြက္ တပ္မေတာ္အေနျဖင့္ သေဘာတူညီထားၿပီ ျဖစ္ေၾကာင္း၊ သို႔ေသာ္ ႏိုင္ငံအတြက္အေရးႀကီးသည့္ တို႔တာဝန္အေရးသုံးပါးကို မထိခိုက္ရန္လိုၿပီး ဒီမိုကေရစီအုပ္ခ်ဳပ္ေရးႏွင့္ ဖက္ဒရယ္လုပ္ပိုင္ခြင့္မ်ားကို ညီၫြတ္ မွ်တစြာျဖင့္ ေဆာင္႐ြက္ႏိုင္ရန္ လိုေၾကာင္း။
ဒီမိုကေရစီႏွင့္ ဖက္ဒရယ္စနစ္ကို အေျခခံသည့္ ျပည္ေထာင္စုတည္ေဆာက္ေရး ကိုေဆာင္႐ြက္ရန္အတြက္ အဓိကအားျဖင့္ ဆူးေညႇာင့္ခလုတ္ျဖစ္ေနသည္မွာ တိုင္းရင္း သားလက္နက္ကိုင္ပဋိပကၡမ်ား ျဖစ္ေပၚေနျခင္းျဖစ္ေၾကာင္း၊ တိုင္းရင္းသားမ်ား၏ အခြင့္အေရးမ်ားႏွင့္ပတ္သက္၍ လက္ရွိႏိုင္ငံ၏ပကတိ အေျခအေနမ်ားႏွင့္ကိုက္ညီစြာ စဥ္းစားေဆာင္႐ြက္၍ အရွည္ေမွ်ာ္ေတြးေဆာင္႐ြက္ ၾကရန္လိုေၾကာင္း၊ အေျခခံေကာင္း ေအာင္ေဆာင္႐ြက္သည့္ လုပ္ငန္းရပ္မ်ားသည္သာ ခိုင္မာမႈရွိသျဖင့္ လုပ္ငန္းမ်ား ေဆာင္႐ြက္ရာတြင္ အေျခခံေကာင္းေအာင္ ေဆာင္႐ြက္ ၾကရန္လိုေၾကာင္း၊ ထို႔ေၾကာင့္ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕မ်ားႏွင့္ပတ္သက္၍ ျဖစ္သင့္ျဖစ္ထိုက္သည္မ်ားႏွင့္ ျဖစ္ႏိုင္သည္မ်ားကို ေဆာင္႐ြက္ေပးရမည္ျဖစ္ေၾကာင္း၊ ထို႔ေၾကာင့္ တစ္ႏိုင္ငံလုံး ပစ္ခတ္တိုက္ခိုက္မႈရပ္စဲေရး သေဘာတူစာခ်ဳပ္(NCA)ကို လက္မွတ္ေရးထိုးခဲ့ျခင္း ျဖစ္ေၾကာင္း၊ NCA မွာျပည့္စုံမႈမရွိေသးေသာ္လည္း တိုင္းရင္းသားမ်ား၏ ေတာင္းဆို ခ်က္မ်ားကို သေဘာတူညီခ်က္စာခ်ဳပ္အျဖစ္ ခ်ဳပ္ဆိုခဲ့ျခင္းျဖစ္ၿပီး ကတိကဝတ္ေပး ထားသည့္ အေၾကာင္းအရာမ်ားျဖစ္ေၾကာင္း၊ အဆိုပါစာခ်ဳပ္ကို ႏိုင္ငံတကာမွ အသိသက္ေသမ်ား မ်က္ေမွာက္တြင္ လက္မွတ္ေရးထိုးထားျခင္းျဖစ္သျဖင့္ မ်က္ကြယ္ ျပဳ၍ ေဆာင္႐ြက္ျခင္းမျပဳရန္လိုေၾကာင္း၊ မိမိတို႔အေနျဖင့္ NCA အေပၚတြင္ အေလး ထား၍ ထိန္းသိမ္းေဆာင္႐ြက္လ်က္ရွိေၾကာင္း၊ NCA သေဘာတူညီ ခ်က္အတိုင္း အေလးထားလုပ္ေဆာင္ၿပီး ထာဝရၿငိမ္းခ်မ္းေရးရရွိေအာင္ ေဆာင္႐ြက္သြားရမည္ ျဖစ္ေၾကာင္း၊ ထို႔ေၾကာင့္ ႏိုင္ငံေရးဦးတည္ခ်က္ ဒုတိယအခ်က္ကို “တစ္ႏိုင္ငံလုံးထာဝရ ၿငိမ္းခ်မ္းေရး ရရွိေရးအတြက္ တစ္ႏိုင္ငံလုံးပစ္ခတ္တိုက္ခိုက္မႈ ရပ္စဲေရးသေဘာတူ စာခ်ဳပ္(NCA)ပါအတိုင္း အေလးထားလုပ္ေဆာင္ေရး” ဟုခ်မွတ္ထားျခင္းျဖစ္ေၾကာင္း။
ႏိုင္ငံေရးဦးတည္ခ်က္ တတိယအခ်က္အေနျဖင့္ “ ျပည္သူလူထု၏ လူမႈစီးပြား ဘဝ လုံၿခဳံေရးအတြက္ ျပည္ေထာင္စုတစ္ဝန္းလုံး တည္ၿငိမ္ေအးခ်မ္းေရးႏွင့္ တရား ဥပေဒစိုးမိုးေရး အျပည့္အဝရရွိေစရန္ အေလးထားလုပ္ေဆာင္ေရး ” ဟူ၍ခ်မွတ္ထား ေၾကာင္း၊ တရားဥပေဒစိုးမိုးေရးဆိုရာတြင္ အဆင့္အဆင့္ေသာ အုပ္ခ်ဳပ္ေရးဆိုင္ရာအဖြဲ႕ အစည္းမ်ား၊ အုပ္ခ်ဳပ္ေရးကိုထိန္းသိမ္းေပးသည့္ တရားေရးမ႑ိဳင္ တို႔ပါဝင္ေၾကာင္း၊ ဥပေဒဆိုင္ရာကိစၥရပ္မ်ား ေဆာင္႐ြက္ရန္အတြက္ ဥပေဒဆိုင္ရာအဖြဲ႕အစည္းမ်ားက ေဆာင္႐ြက္ၾကရေၾကာင္း၊ ရပ္႐ြာေအးခ်မ္းသာယာေရး၊ တရားဥပေဒစိုးမိုးေရး ေဆာင္ ႐ြက္ရာတြင္ ျပည္ထဲေရးဝန္ႀကီးဌာန၊ ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕၊ အေထြေထြအုပ္ခ်ဳပ္ေရးႏွင့္ တရားေရးမ႑ိဳင္တို႔သည္ အဓိကအေရးႀကီးေၾကာင္း၊ တရားဥပေဒစိုးမိုးေရးအတြက္ အဓိက ေဆာင္႐ြက္ေနရသူမ်ားသည္ စြမ္းရည္ရွိသည့္ ပုဂၢိဳလ္မ်ားျဖစ္ရန္လိုေၾကာင္း၊ မိမိတို႔တာဝန္ထမ္းေဆာင္ခဲ့သည့္ ကာလအတြင္း တရားဥပေဒစိုးမိုးေရး တာဝန္ ထမ္းေဆာင္မႈႏွင့္ပတ္သက္၍ အားနည္းခ်က္မ်ားရွိခဲ့ၿပီး အုပ္ခ်ဳပ္ေရးပိုင္းဆိုင္ရာ အားနည္းခ်က္မ်ားသည္ အစိုးရတစ္ရပ္၏ လုပ္ငန္းေဆာင္႐ြက္ခ်က္မ်ားကို ထိခိုက္ေစႏိုင္သျဖင့္ ျပဳျပင္ ေဆာင္႐ြက္သြားရန္လိုေၾကာင္း။
စီးပြားေရးဦးတည္ခ်က္ ပထမအခ်က္ကို “ တိုင္းျပည္သာယာဝေျပာေရးႏွင့္ စားေရရိကၡာဖူလုံေရးတို႔အတြက္ တိုင္းရင္းသား ျပည္သူတစ္ရပ္လုံးႏွင့္အက်ဳံးဝင္ေသာ စိုက္ပ်ိဳးေရးႏွင့္ေမြးျမဴေရးကို ေခတ္မီနည္းစနစ္မ်ားျဖင့္ တိုးတက္ေအာင္ေဆာင္႐ြက္ၿပီး အျခားစီးပြားေရးက႑မ်ားကိုလည္း ဘက္စုံဖြံ႕ၿဖိဳးတိုးတက္ေအာင္တည္ေဆာက္ေရး ” ဟူ၍ ခ်မွတ္ထားေၾကာင္း၊ အဓိကလိုအပ္သည္မွာ စားေရရိကၡာဖူလုံေရးပင္ျဖစ္ေၾကာင္း၊ ျပည္သူအားလုံးအတြက္ အက်ဳံးဝင္သည့္လုပ္ငန္းမွာ စိုက္ပ်ိဳးေမြးျမဴေရး လုပ္ငန္းပင္ ျဖစ္ေၾကာင္း၊ ႏိုင္ငံ့လူဦးေရ၏ ၇၀ ရာခိုင္ႏႈန္းမွာ ေက်းလက္ေနျပည္သူမ်ားျဖစ္ၿပီး အမ်ားစုမွာ စိုက္ပ်ိဳးေမြးျမဴေရးလုပ္ငန္းကို အဓိကထားေဆာင္႐ြက္ၾကေၾကာင္း၊ ထိုသို႔ ေဆာင္႐ြက္ရာတြင္လည္း နည္းစနစ္က်နသည့္ စိုက္ပ်ိဳးေမြးျမဴေရး လုပ္ငန္းမ်ားျဖစ္ရန္ လိုၿပီး စိုက္ပ်ိဳးေျမအားလုံးကိုလည္း အျပည့္အဝအက်ိဳးရွိစြာ အသုံးခ်ႏိုင္ရန္လို ေၾကာင္း၊ မိမိတို႔ႏိုင္ငံသည္ စိုက္ပ်ိဳးေရးလုပ္ငန္းကို ေအာင္ျမင္စြာ ေဆာင္႐ြက္ႏိုင္သည့္ ေျမသယံဇာတမ်ားႏွင့္ စိုက္ပ်ိဳးေရ ရရွိေရးအတြက္လည္း ျမစ္ေခ်ာင္း အင္းအိုင္မ်ား စြာကို ပိုင္ဆိုင္ထားၿပီးျဖစ္သည့္အတြက္ စိုက္ပ်ိဳးေျမမ်ားတြင္ တစ္သီးစားကိုသာ စိုက္ပ်ိဳးႏိုင္႐ုံျဖင့္ ေက်နပ္ေန၍မရဘဲ သီးထပ္စိုက္ပ်ိဳးႏိုင္ေရး ႀကိဳးပမ္း ေဆာင္႐ြက္ ရန္လိုေၾကာင္း၊ အစိုးရအေနျဖင့္လည္း စိုက္ပ်ိဳးေျမမ်ားကို အျပည့္အဝ ထိထိေရာက္ ေရာက္ အသုံးခ်ႏိုင္ေရး စီမံေဆာင္႐ြက္ေပးရန္လိုေၾကာင္း၊ စိုက္ပ်ိဳးေျမမ်ားကို အျခား နည္းမ်ားျဖင့္ သုံးစြဲလ်က္ရွိျခင္းေၾကာင့္ ႏိုင္ငံ၏စိုက္ပ်ိဳးေရး လုပ္ငန္းမ်ားအတြက္ ထိခိုက္မႈမ်ား ျဖစ္ေပၚလ်က္ရွိေၾကာင္း၊ ေျမအသုံးခ်မႈႏွင့္ ပတ္သက္၍ ဥပေဒႏွင့္အညီ မွန္မွန္ကန္ကန္ ေဆာင္႐ြက္ၾကရမည္ျဖစ္ၿပီး ျပ႒ာန္းခ်က္မ်ားႏွင့္အညီ စိစစ္ၾကပ္မတ္ ထိန္းသိမ္းေဆာင္႐ြက္သြားရန္လိုေၾကာင္း။
ေမြးျမဴေရးႏွင့္ ပတ္သက္၍လည္း မိမိတို႔ႏိုင္ငံ၏ ေန႔စဥ္ သားငါးႏွင့္ ဥအမ်ိဳးမ်ိဳး စားသုံးမႈ လိုအပ္ခ်က္ကို ဖူလုံျပည့္မီေအာင္ ထုတ္လုပ္ႏိုင္ရန္လိုေၾကာင္း၊ စိုက္ပ်ိဳး ေမြးျမဴေရးႏွင့္ ပတ္သက္၍ ထုတ္လုပ္မႈမ်ားတိုးတက္ေအာင္ ေဆာင္႐ြက္ႏိုင္ေရးႏွင့္ သုေတသနလုပ္ငန္းမ်ားကိုလည္း ေဆာင္႐ြက္ရန္လိုေၾကာင္း၊ စိုက္ပ်ိဳးေရးႏွင့္ ေမြးျမဴ ေရးလုပ္ငန္းမ်ားသည္ မျဖစ္မေန ေအာင္ျမင္ေအာင္ အေကာင္အထည္ေဖာ္ေဆာင္ရ မည့္ လုပ္ငန္းတစ္ရပ္ျဖစ္ေၾကာင္း၊ ေရထြက္ကုန္မ်ားကို ထုတ္လုပ္ရာတြင္ ေမြးျမဴထုတ္ လုပ္ျခင္းထက္ သဘာဝေရျပင္မ်ားမွ ဖမ္းဆီးထုတ္လုပ္မႈ ပမာဏ ပိုမိုမ်ားျပားေနသည္ ကိုေတြ႕ရွိရသျဖင့္ ေမြးျမဴထုတ္လုပ္ျခင္းကို ပိုမိုျမႇင့္တင္ေဆာင္႐ြက္သြားၾကရန္လို ေၾကာင္း၊ ထိုကဲ့သို႔ စိုက္ပ်ိဳးေမြးျမဴေရးလုပ္ငန္းမ်ားကို ေခတ္မီနည္းစနစ္မ်ားျဖင့္ ေဆာင္႐ြက္ျခင္းမွတဆင့္ အျခားကုန္ထုတ္လုပ္မႈ လုပ္ငန္းမ်ားကိုလည္း ျမႇင့္တင္ ေဆာင္႐ြက္သြားၾကရမည္ျဖစ္ေၾကာင္း။
စီးပြားေရး ဦးတည္ခ်က္ ဒုတိယအခ်က္ကို “တိုးတက္ေကာင္းမြန္လာသည့္ စီးပြားေရးေမာင္းႏွင္အားကို မ႑ိဳင္ျပဳ၍ MSME စက္မႈလုပ္ငန္းမ်ားကို အားေပး ေဆာင္႐ြက္ကာ ပို႔ကုန္က႑ျမႇင့္တင္ေရး ” ဟူ၍ ခ်မွတ္ထားေၾကာင္း၊ ထို႔ေၾကာင့္ စိုက္ပ်ိဳးေရးႏွင့္ ေမြးျမဴေရးလုပ္ငန္းမ်ားကို အေျခခံသည့္ MSME စီးပြားေရးလုပ္ငန္း မ်ားကို အားေပးျမႇင့္တင္ရမည္ျဖစ္ေၾကာင္း၊ ျပည္တြင္း၌ လိုအပ္သည့္ အေျခခံစားကုန္၊ ေသာက္ကုန္၊ သုံးကုန္ပစၥည္းမ်ားကို ျပည္တြင္း၌ အလုံအေလာက္ ထုတ္လုပ္ႏိုင္ေရး ေဆာင္႐ြက္ရမည္ျဖစ္ေၾကာင္း၊ မိမိတို႔ႏိုင္ငံတြင္ ခ်ည္မွ်င္ႏွင့္အထည္အလိပ္မ်ား၊ ႏို႔ႏွင့္ ႏို႔ထြက္ပစၥည္းမ်ား၊ ရာဘာအေျခခံသည့္ ထုတ္ကုန္ပစၥည္းလိုအပ္ခ်က္မ်ားကို ႏွစ္စဥ္ ျပည္ပမွတင္သြင္းေနရေၾကာင္း၊ ထို႔ေၾကာင့္ မိမိတို႔ႏိုင္ငံ၏ ႏြားေမြးျမဴေရးလုပ္ငန္းမ်ား၊ ဝါႏွင့္ ရာဘာစိုက္ပ်ိဳးထုတ္လုပ္ေရးလုပ္ငန္းမ်ားကို ေအာင္ျမင္ေအာင္ ေဆာင္႐ြက္ၿပီး ျပည္ပသို႔ကုန္ၾကမ္းတင္ပို႔ျခင္းထက္ ျပည္တြင္း၌ တန္ဖိုးျမႇင့္ထုတ္ကုန္မ်ား ထုတ္လုပ္ ႏိုင္မည္ဆိုပါက သြင္းကုန္ပမာဏကို ေလွ်ာ့ခ်ႏိုင္မည္ျဖစ္ကဲ့သို႔ ပိုလွ်ံသည္မ်ားကို ျပည္ပသို႔တင္ပို႔ႏိုင္မည္ျဖစ္ေၾကာင္း၊ ျပည္ပသြင္းကုန္မ်ားကိုေလွ်ာ့ခ်ႏိုင္ မည္ဆိုပါက ႏိုင္ငံျခားေငြသုံးစြဲမႈကို ေလွ်ာ့ခ်ႏိုင္မည္ျဖစ္ၿပီး ျပည္တြင္းကုန္ထုတ္လုပ္မႈကို အားေပး ႏိုင္မည္ျဖစ္သကဲ့သို႔ အလုပ္အကိုင္အခြင့္အလမ္း မ်ားစြာကိုလည္း ေဖာ္ေဆာင္ေပးႏိုင္ မည္ျဖစ္သျဖင့္ မိမိတို႔အေနျဖင့္ ေအာင္ျမင္ေအာင္ ေဆာင္႐ြက္ ရမည္ျဖစ္ေၾကာင္း။
စီးပြားေရး ဦးတည္ခ်က္ တတိယအခ်က္ကို “ျပည္တြင္းစားသုံးဆီဖူလုံေရး အတြက္ ဆီထြက္သီးႏွံစိုက္ပ်ိဳးမႈကို အားေပး ျမႇင့္တင္ၿပီး ပန္းတိုင္ရည္မွန္းခ်က္ အတိုင္းထြက္ရွိေအာင္ ေဆာင္႐ြက္၍ ႏိုင္ငံအတြင္းဖူလုံမႈမွသည္ ျပည္ပသို႔တင္ပို႔ႏိုင္ သည္အထိ ႀကိဳးပမ္းေဆာင္႐ြက္ေရး ” ဟုခ်မွတ္ထားေၾကာင္း၊ ထို႔ေၾကာင့္ ဆီထြက္ သီးႏွံစိုက္ပ်ိဳးမႈမ်ားကိုအားေပးၿပီး ျပည္တြင္းစားသုံးဆီဖူလုံမႈမွသည္ ျပည္ပသို႔တင္ပို႔ႏိုင္ သည္အထိ ေဆာင္႐ြက္ႏိုင္ေရး စီမံေဆာင္႐ြက္သြားရမည္ျဖစ္ေၾကာင္း၊ ဆီထြက္သီးႏွံ မ်ားျဖစ္သည့္ ေျမပဲ၊ ႏွမ္း၊ ေနၾကာမ်ားကိုပင္ ပန္းတိုင္ထြက္ႏႈန္းျပည့္မီေအာင္ ေဆာင္႐ြက္ႏိုင္ပါက စားသုံးဆီဖူလုံ၊ ပိုလွ်ံမႈရွိႏိုင္သည္ကိုေတြ႕ရေၾကာင္း၊ ထို႔ေၾကာင့္ ၂၀၂၅ ခုႏွစ္၌ ျပည္တြင္းစားသုံးဆီ ဖူလုံသည့္အျပင္ ျပင္ပသို႔တင္ပို႔ႏိုင္သည္အထိ ေဆာင္႐ြက္သြားႏိုင္ေရး ရည္မွန္းခ်က္ထား ေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း၊ တိုင္း ေဒသႀကီးႏွင့္ ျပည္နယ္အလိုက္ ဆီထြက္သီးႏွံစိုက္ပ်ိဳးမႈကို လ်ာထားဧကျပည့္မီေအာင္ ေဆာင္႐ြက္ႏိုင္ေရးႏွင့္ အထြက္ႏႈန္းျပည့္မီေရး ႀကိဳးစားေဆာင္႐ြက္သြားၾကရမည္ျဖစ္ ေၾကာင္း။
လူမႈေရးဦးတည္ခ်က္ ပထမအခ်က္အေနျဖင့္ “တစ္ႏိုင္ငံလုံးအသိပညာ၊ အတတ္ ပညာျမင့္မားတိုးတက္ေစေရး၊ ကုန္ထုတ္လုပ္မႈအေထာက္အကူျပဳ ပညာရွင္မ်ား ထြန္းကားလာေစေရးအတြက္ လူတိုင္းလက္လွမ္းမီသည့္ ဘက္စုံပညာေရးစနစ္ကို အေကာင္အထည္ ေဖာ္ေဆာင္ေရး” ဟူ၍ ခ်မွတ္ထားေၾကာင္း၊ တိုင္းျပည္တစ္ျပည္ ဖြံ႕ၿဖိဳးတိုးတက္ရန္ ပညာတတ္မ်ားေပါႂကြယ္ဝရန္လိုေၾကာင္း၊ ထို႔ေၾကာင့္ လူသားအရင္း အျမစ္မ်ားျဖစ္သည့္ အသိပညာရွင္၊ အတတ္ပညာရွင္မ်ား ေမြးထုတ္ေပးႏိုင္ရန္ အေျခခံပညာ အထက္တန္းေက်ာင္းမ်ား၌ ဝိဇၨာ/ သိပၸံဘာသာရပ္မ်ားအျပင္ စိုက္ပ်ိဳး၊ ေမြးျမဴေရး၊ စက္မႈပညာရပ္မ်ားကို တြဲဖက္သင္ၾကားေပးလ်က္ရွိေၾကာင္း၊ အေျခခံ ပညာ၊ ဒီပလိုမာသင္တန္းမ်ားမွတစ္ဆင့္ အဆင့္ျမင့္ပညာရပ္မ်ားသို႔ အဆင့္ဆင့္ တက္ ေရာက္ႏိုင္ေရး စီမံေဆာင္႐ြက္ေပးလ်က္ရွိေၾကာင္း၊ မိမိတို႔ အေနျဖင့္ ဘက္စုံပညာ ေရးစနစ္ကို ဦးတည္ေဆာင္႐ြက္လ်က္ရွိေၾကာင္း။
လူမႈေရးဦးတည္ခ်က္ ဒုတိယအခ်က္အေနျဖင့္ “ တစ္မ်ိဳးသားလုံး သက္ရွည္ က်န္းမာႀကံ့ခိုင္ေရးအတြက္ ျပည္သူအားလုံး အက်ဳံးဝင္မည့္ က်န္းမာေရးက႑ႏွင့္ အားကစားက႑ ျမႇင့္တင္ေဆာင္႐ြက္ေရး ” ဟူ၍ ခ်မွတ္ထားပါေၾကာင္း၊ လူတိုင္းသည္ အသက္ရွည္ၿပီး က်န္းမာလိုသည့္ ဆႏၵရွိၾကပါေၾကာင္း၊ က်န္းမာမွ ပညာသင္ၾကားျခင္း၊ အလုပ္လုပ္ကိုင္ျခင္း ကိစၥရပ္မ်ားအျပင္ လူမႈေရး ကိစၥရပ္မ်ားကို ေဆာင္႐ြက္ႏိုင္မည္ ျဖစ္ေၾကာင္း၊ ထို႔ေၾကာင့္ အစိုးရအေနျဖင့္ လူတိုင္းက်န္းမာစြာအသက္ရွင္ေနထိုင္ႏိုင္ ေရးအတြက္ က်န္းမာေရးက႑ကို ျမႇင့္တင္ေဆာင္႐ြက္သြားရန္လိုေၾကာင္း၊ ထို႔ျပင္ ကေလးသူငယ္မွအစ သက္ႀကီး႐ြယ္အိုမ်ားအထိ က်န္းမာေရးေကာင္းမြန္ေအာင္ လုပ္ ေဆာင္ေပးရန္ႏွင့္ ခႏၶာကိုယ္ႀကံ့ခိုင္ေရးအတြက္ အားကစားလႈပ္ရွားမႈမ်ား ေဆာင္႐ြက္ ႏိုင္ရန္ ဖန္တီးေပးရမည္ျဖစ္ေၾကာင္း၊ အားကစားသည္ တိုင္းျပည္၏ စြမ္းပကားျဖစ္ သည့္အျပင္ ႏိုင္ငံ့ဂုဏ္ကိုျမႇင့္တင္ေပးသည့္အတြက္ တိုင္းေဒသႀကီးႏွင့္ ျပည္နယ္မ်ား တြင္ အဆင့္မီအားကစားကြင္း၊ အားကစား႐ုံမ်ား တည္ေဆာက္ေပးခဲ့ပါေၾကာင္း၊ ဘ႑ာေငြအေပၚမူတည္၍ ခ႐ိုင္အဆင့္မွ အဓိကက်သည့္ၿမိဳ႕နယ္အဆင့္အထိ တစ္ဆင့္ ၿပီး တစ္ဆင့္ေဆာင္႐ြက္ေပးသြားရန္ လ်ာထားပါေၾကာင္း၊ ျမန္မာ့အားကစား က႑ တြင္ ဘက္ေပါင္းစုံလိုအပ္ခ်က္ရွိေနသျဖင့္ အားကစားအဆင့္အတန္း ျမင့္မားေရး အတြက္ ႀကိဳးပမ္းေဆာင္႐ြက္သြားရန္ႏွင့္ လိုအပ္ခ်က္မ်ားကို ျပင္ဆင္ျဖည့္ဆည္းသြား ရန္လည္းလိုေၾကာင္း၊ မိမိအေနျဖင့္ အေျခခံလိုအပ္ခ်က္ျဖစ္သည့္ အားကစားကြင္း၊ အားကစား႐ုံမ်ားႏွင့္ နည္းျပမ်ားကို ဦးစြာျဖည့္ဆည္းေဆာင္႐ြက္ ေပးလ်က္ရွိေၾကာင္း။
လူမႈေရးဦးတည္ခ်က္ တတိယအခ်က္အေနျဖင့္ “ ႏိုင္ငံ၏ဖြံ႕ၿဖိဳးတိုးတက္ေရး လုပ္ငန္းစဥ္မ်ား၌ လူငယ္မ်ားအေနျဖင့္ အဓိကစြမ္းအားစုအျဖစ္ ပါဝင္ႏိုင္ေရး ဗလ ငါးတန္ႏွင့္ ျပည့္စုံေသာလူငယ္မ်ား ျဖစ္ေစရန္ လူငယ္က႑ကို ျမႇင့္တင္ေဆာင္႐ြက္ ေရး” ဟူ၍ ခ်မွတ္ထားေၾကာင္း၊ အနာဂတ္ႏိုင္ငံေတာ္၏ တာဝန္ကိုထမ္းေဆာင္ရန္ အတြက္ ကာယဗလ၊ ဉာဏ ဗလ၊ စာရိတၱဗလ၊ မိတၱဗလ၊ ေဘာဂဗလ ဟူသည့္ ဗလငါးတန္ႏွင့္ ျပည့္စုံသည့္ လူငယ္မ်ား ေမြးထုတ္ေပးရန္လိုေၾကာင္း၊ အက်င့္စာရိတၱ ေကာင္းမြန္ၿပီး အသိဉာဏ္ ဖြံ႕ၿဖိဳးသူမ်ားျဖစ္ေအာင္ ေလ့က်င့္ပ်ိဳးေထာင္ေပးရန္ လိုေၾကာင္း။
၂၀၁၉ ခုႏွစ္ ၾကားျဖတ္သန္းေခါင္စာရင္းအရ ပညာတတ္သူ နည္းပါးၿပီး ပညာေရးက႑ နိမ့္က်ခဲ့သည္ကို ေတြ႕ရွိရေၾကာင္း၊ ဒီမိုကေရစီစနစ္ကို ေလွ်ာက္လွမ္း မည္ဆိုပါက ႏိုင္ငံသားတိုင္းအသိပညာ၊ အတတ္ပညာမ်ားႏွင့္ ျပည့္စုံရန္လိုအပ္ ေၾကာင္း၊ ထို႔ေၾကာင့္ အစိုးရအေနျဖင့္ လူငယ္မ်ားကိုအေျခခံသည့္ အနာဂတ္ကို ဖန္တီး ေပးရန္ႏွင့္ ပညာေရးက႑ တိုးတက္ျမင့္မားေအာင္ ေဆာင္႐ြက္သြားရန္ လိုအပ္ ေၾကာင္း၊ ေက်ာင္းေနအ႐ြယ္ ကေလးတိုင္း ေက်ာင္းေနႏိုင္ေရးႏွင့္ မိမိတို႔ရည္မွန္း ထားသည့္ အနိမ့္အဆုံးအဆင့္ KG + 9 အဆင့္ ၿပီးေျမာက္ေအာင္ျမင္ေအာင္ ေဆာင္ ႐ြက္ေပးရန္လိုေၾကာင္း၊ ထို႔ျပင္ ပညာေရးဝန္ထမ္း လိုအပ္ခ်က္ျပည့္မီေရး၊ ထိုက္သင့္ သည့္ ရာထူးေနရာမ်ားရရွိေရးႏွင့္လုပ္ငန္းခြင္ေပ်ာ္႐ႊင္ေရးအတြက္လည္း ဖန္တီးေပးရန္ လိုေၾကာင္း၊ သို႔မွသာပညာေရးက႑ တိုးတက္ျမင့္မားလာမည္ျဖစ္ေၾကာင္း၊ တာဝန္ရွိ သူမ်ားအေနျဖင့္ လုပ္ထုံးလုပ္နည္း စည္းမ်ဥ္းစည္းကမ္းမ်ားႏွင့္အညီ သမာသမတ္ရွိရွိ ေဆာင္႐ြက္သြားၾကရန္လိုေၾကာင္း၊ ဗလငါးတန္ႏွင့္ျပည့္စုံသည့္ လူငယ္မ်ားေမြးထုတ္ ရာတြင္ ဆရာ၊ ဆရာမမ်ားသည္ အဓိကတာဝန္ရွိေၾကာင္း၊ ဆရာ၊ ဆရာမမ်ား၏ သြန္သင္ဆုံးမမႈ ေကာင္းမြန္မွသာ အနာဂတ္တြင္ ႏိုင္ငံေတာ္မွအားကိုးအားထားရသည့္ အရည္အခ်င္းျပည့္ဝေသာ လူငယ္မ်ားကိုေမြးထုတ္ေပးႏိုင္မည္ျဖစ္ေၾကာင္း။
အစိုးရတစ္ရပ္အေနျဖင့္ ႏိုင္ငံေတာ္ဖြံ႕ၿဖိဳးတိုးတက္ေရးတြင္ လုပ္ေဆာင္ရမည့္ လုပ္ငန္းတာဝန္မ်ား မ်ားျပားပါေၾကာင္း၊ လက္ရွိအခမ္းအနားသို႔ တက္ေရာက္ လာၾကသည့္ ျပည္ေထာင္စုဝန္ႀကီးဌာနမ်ားမွ တာဝန္ရွိသူမ်ားအေနျဖင့္ မိမိတို႔ ဦးေဆာင္ကြပ္ကဲရသည့္ဌာနမ်ားအလိုက္ လုပ္ထုံးလုပ္နည္း၊ စည္းမ်ဥ္းစည္းကမ္းမ်ား ႏွင့္အညီ လုပ္ငန္းတာဝန္မ်ားကို ေအာင္ျမင္ေအာင္ ထိန္းေၾကာင္းေဆာင္႐ြက္သြားရန္ လိုေၾကာင္း၊ မိမိကိုယ္တိုင္အရည္အခ်င္းရွိၿပီး စည္းကမ္းေကာင္းမြန္ရန္လိုသကဲ့သို႔ မိမိ ကြပ္ကဲရသည့္ အဖြဲ႕အစည္းကိုလည္း စည္းကမ္းစနစ္တက်ရွိေစေရး ကြပ္ကဲႏိုင္မႈ အျပည့္အဝရွိရန္လိုေၾကာင္း၊ အစိုးရဌာနမ်ားသည္ ျပည္သူကို အလုပ္အေကြၽးျပဳရသည့္ ဌာနမ်ားျဖစ္သျဖင့္ ဝန္ထမ္းမ်ားအေနျဖင့္လည္း ေကာင္းမြန္သည့္စီမံခန႔္ခြဲမႈရွိသည့္၊ လုပ္ငန္းတာဝန္ေက်ပြန္သည့္၊ ျပည္သူ႔အက်ိဳးကို ေဖာ္ေဆာင္ေပးႏိုင္သည့္ ဝန္ထမ္းမ်ား ျဖစ္ရန္လိုေၾကာင္း။
မိမိတို႔အေနျဖင့္ ႏိုင္ငံေတာ္၏ တာဝန္မ်ားကို ထမ္းေဆာင္ခဲ့ရာတြင္ အခက္အခဲ၊ အၾကပ္အတည္းမ်ားစြာကို စုစည္းညီၫြတ္သည့္အားျဖင့္ ေက်ာ္လႊားႏိုင္ခဲ့ၿပီးျဖစ္ ေၾကာင္း၊ သို႔ေသာ္လည္း မိမိတို႔ႏိုင္ငံအေပၚ စီးပြားေရးအရ၊ ႏိုင္ငံေရးအရ ပိတ္ဆို႔မႈမ်ား ရွိေနဆဲျဖစ္ေၾကာင္း၊ မိမိတို႔ႏိုင္ငံ၌ ျပည္တြင္းကုန္ထုတ္လုပ္မႈလုပ္ငန္းမ်ားကို ေအာင္ ျမင္ေအာင္ေဆာင္႐ြက္ႏိုင္မည္ဆိုပါက မည္သည့္အခက္အခဲ၊ အၾကပ္အတည္းကိုမဆို ေက်ာ္လႊားႏိုင္မည္ျဖစ္ေၾကာင္း၊ ထို႔ေၾကာင့္ အထက္တြင္ ေျပာၾကားခဲ့သည့္ ႏိုင္ငံေရး၊ စီးပြားေရး၊ လူမႈေရး ဦးတည္ခ်က္မ်ားကို ေအာင္ျမင္ေအာင္ အေကာင္အထည္ေဖာ္ ေဆာင္႐ြက္သြားၾကရမည္ျဖစ္ေၾကာင္း၊ ႏိုင္ငံ့ဝန္ထမ္းမ်ားအေနျဖင့္ လူပုဂၢိဳလ္ တစ္ဦး တစ္ေယာက္အတြက္ ဆိုသည္ထက္ ႏိုင္ငံ၏အက်ိဳးစီးပြားအတြက္သာ မိမိတို႔၏ တာဝန္မ်ားကို ေက်ပြန္စြာျဖင့္ အလုပ္လုပ္ၾကရန္ တိုက္တြန္းမွာၾကား လိုေၾကာင္း ျဖင့္ေျပာၾကားခဲ့ေၾကာင္းသတင္းရရွိသည္။