နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနှင့်တိုင်း ဥက္ကဋ္ဌများအား တွေ့ဆုံအမှာစကားပြောကြား

နေပြည်တော်၊ ဩဂုတ် – ၉

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနှင့် တိုင်းဥက္ကဋ္ဌများအား ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ တွေ့ဆုံအမှာစကားပြောကြားသည်။

တွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနှင့်တိုင်းဥက္ကဋ္ဌများ၊ တာဝန်ရှိသူများ တက်ရောက်ကြသည်။

ထို့သို့တွေ့ဆုံစဉ်နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အမှာစကားပြောကြားရာ၌ နိုင်ငံတော်၏အခြေအနေအရ ထပ်မံသက်တမ်းတိုးမြှင့် ထားသည့်ကာလအတွင်း နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ရမည့် လုပ်ငန်းများနှင့် ဆောင်ရွက်သင့်သည်များကို ဆွေးနွေးနိုင်ရေး ယခုကဲ့သို့ တွေ့ဆုံခြင်းဖြစ်ကြောင်း၊ အစိုးရတစ်ရပ်၏တာဝန်မှာ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ရန်ဖြစ်ပြီး လက်တွေ့ကျသည့်စီးပွားရေးလုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်လိုကြောင်း၊ မိမိတို့အနေဖြင့် နိုင်ငံတော်တာဝန်များကို ထမ်းဆောင်ချိန်တွင် နိုင်ငံရေးသဘောထားကွဲလွဲမှုများကြောင့် ဖြစ်ပေါ်လာသည့် နိုင်ငံရေးပဋိပက္ခများကို ဥပဒေနှင့်အညီသာ ဖြေရှင်းဆောင်ရွက်ခဲ့ပြီး နိုင်ငံရေးအရဖြစ်ပေါ်လာသည့်  အခြေအနေများကြောင့် နိုင်ငံ့စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနောက်ကျခဲ့ရကြောင်း။

ပညာရည်မြင့်မားတိုးတက်မှုသည် နိုင်ငံဖွံ့ဖြိုးတိုးတက်မှုကို များစွာအထောက်ကူပြုစေမည်ဖြစ်ကြောင်း၊ ထို့ကြောင့်မိမိတို့အနေဖြင့် နိုင်ငံတော်တာဝန်ကို စတင်ထမ်းဆောင်ချိန်မှစ၍ ပညာရည်မြင့်မားရေးကိစ္စရပ်များကို အားပေးဆောင်ရွက်ခဲ့ကြောင်း၊ တိုင်းဒေသကြီးနှင့်ပြည်နယ်များအားလုံး၌ စာသင်ကျောင်းများအားလုံး ဖွင့်လှစ်သင်ကြားနိုင်ပြီး ဗလငါးတန်နှင့် ပြည့်စုံသည့် လူငယ်များကို မွေးထုတ်ပေးနိုင်ရန်လိုကြောင်း၊ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများ၊ အခြေခံပညာအထက်တန်းကျောင်းများ၊ အဆင့်မြင့်ပညာသင်ကျောင်းများနှင့် ပညာသင်ကြားရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့် စင်တာများ အားလုံး၌ ကျောင်းသား၊ ကျောင်းသူများ လုံခြုံအေးချမ်းစွာဖြင့် ပညာသင်ကြားနိုင်ရေးအတွက် ကျောင်းသား၊ မိဘနှင့်ဆရာများ သာမက အုပ်ချုပ်ရေးပိုင်းဆိုင်ရာတာဝန်ရှိသူများအနေဖြင့်လည်း ဝိုင်းဝန်းဆောင်ရွက် ပေးရန်လိုကြောင်း။

ပညာသင်ကြားရေးတွင် ဆရာ၊ ဆရာမများ၏ အခန်းကဏ္ဍမှာ အလွန်ကျယ်ပြန့် ပြီးအဓိကကျသဖြင့် ဆရာ၊ ဆရာမများ၏ နေထိုင်စားသောက်မှုများ အဆင်ပြေစေရေး အတွက် နိုင်ငံတော်မှ တတ်နိုင်သမျှ ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိသကဲ့သို့ သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ်နှင့် မြို့နယ်များအလိုက်လည်း တတ်နိုင် သည့်ဘက်မှ ဖြည့်ဆည်းဆောင်ရွက် ပေးကြစေလိုကြောင်း၊ ယခင်က ပညာရေးစနစ်၏ အားနည်းမှု၊ စီမံခန့်ခွဲမှုပိုင်းဆိုင်ရာ အားနည်းမှုများရှိခဲ့ခြင်းကြောင့် ကျောင်းသား၊ ကျောင်းသူများ၏ ပညာရေးမှာ အားနည်းချက်များရှိခဲ့ကြောင်း၊ ကျောင်းသား၊ ကျောင်း သူများ အမှန်တကယ်စာတတ်မြောက်စေရေး ဆရာ၊ ဆရာမများအနေဖြင့် သင်ကြား ပေးရန်လိုသကဲ့သို့ အခြားလိုအပ်သော မှန်ကန်သည့်တွေးခေါ်မှုနှင့် အသိအမြင်များ ရရှိရေးအတွက်လည်း သင်ကြားပေးရန်လိုကြောင်း။

ခရိုင် ၅၀ ရှိ အခြေခံပညာအထက်တန်းကျောင်းများ၌ ထပ်မံတိုးချဲ့ဖွင့်လှစ်ထားသည့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် စက်မှုနည်းပညာ ဘာသာရပ်များကို သင်ကြား တတ်မြောက်ခဲ့သည့် ကျောင်းသား၊ ကျောင်းသူများ အနေဖြင့် ပညာသင်ကြား ပြီးချိန်တွင် ၎င်းတို့၏ဘဝတိုးတက်ရေးအတွက် ဆောင်ရွက်နိုင်မည်ဖြစ်သကဲ့သို့ နိုင်ငံ၏ ကုန်ထုတ်လုပ်မှုကို အထောက်အကူပြုစေမည့် လူသားအရင်းအမြစ်များကိုလည်း ရရှိစေမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ကျောင်းသား၊ ကျောင်းသူများ ပညာရည်မြင့်မားရေး ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြစေလိုကြောင်း။

ကုန်ထုတ်လုပ်မှုနှင့်ပတ်သက်၍ မိမိတို့နိုင်ငံ၏ GDP မှာ အာဆီယံနိုင်ငံများနှင့် နှိုင်းယှဉ်ပါက နည်းပါးလျက်ရှိကြောင်း၊ စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများကို အဓိကဆောင်ရွက်သည့် နိုင်ငံဖြစ်သည့်အတွက် စိုက်ပျိုးမွေးမြူရေးကို အခြေခံသော သေချာခိုင်မာသည့် ကုန်ထုတ်လုပ်မှုများကို ဆောင်ရွက်နိုင်ရန် တိုင်းဒေသကြီးနှင့် ပြည်နယ် များအလိုက် ကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်း၊ စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများ ကိုဆောင်ရွက်ရာတွင် စိုက်ပျိုးမြေများကို ထိရောက်စွာ အကျိုးရှိရှိအသုံးချရန်လို ကြောင်း၊ ပြည်သူများအလုပ်အကိုင်အခွင့်လမ်းများရရှိပြီး လူမှုစီးပွားဘဝများ တိုးတက် အောင် ဆောင်ရွက်ပေးရန်လိုကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် လူနည်းစု၏ အကျိုးစီးပွားထက် လူအများစု၏ အကျိုးစီးပွားကို ဖော်ဆောင်ပေးနိုင်သည့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများကို ပိုမိုအားပေးဆောင်ရွက်ရန်လိုကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရများအနေဖြင့် မိမိတို့ဒေသအလိုက် စိုက်ပျိုးရေးကဏ္ဍ၊ သားငါးကဏ္ဍနှင့် ကုန် ထုတ်လုပ်မှုကဏ္ဍများ တိုးတက်ရေးအတွက် ကြိုးပမ်းဆောင်ရွက်သွားရန်လိုကြောင်း၊ မိမိတို့ တာဝန်ထမ်းဆောင်နေချိန်ကာလအတွင်း ပြည်သူများ၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်ရေး ကြိုးပမ်းဆောင်ရွက်သွားရန်လိုကြောင်း။

မြေယာအသုံးချမှုကိစ္စရပ်များနှင့်ပတ်သက်၍ စိုက်ပျိုးမြေများ ထိခိုက်လျော့ နည်းမှုမရှိအောင်ဆောင်ရွက်ရန်လိုကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် စိုက်ပျိုးမြေများ ကို အခြားနည်းများဖြင့် အသုံးပြုခြင်းများမရှိစေရေး ဥပဒေ၊ စည်းမျဉ်းစည်းကမ်း များနှင့်အညီ ကြပ်ကြပ်မတ်မတ်ဖြင့် ဆောင်ရွက်သွားရန်လိုကြောင်း။

နိုင်ငံတော်ပိုင်စီးပွားရေး လုပ်ငန်းများစနစ်တကျလည်ပတ်ဆောင်ရွက်နေရန် လိုကြောင်း၊ သက်ဆိုင်ရာဝန်ကြီးဌာနများအနေဖြင့် လုပ်ငန်းများအောင်မြင်မှုရှိစေရေး ကြပ်မတ်ကွပ်ကဲဆောင်ရွက်နေရန်လိုကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရ အဖွဲ့များအနေဖြင့်လည်း ဝိုင်းဝန်းကြပ်မတ်ဆောင်ရွက်ပေးရန်လိုပြီး နိုင်ငံပိုင်စက်ရုံ၊ အလုပ်ရုံများ အားလုံးလည်ပတ်နိုင်ရေး ဝိုင်းဝန်းဆောင်ရွက်ပေးရန်လိုကြောင်း။

MSME ကုန်ထုတ်လုပ်ငန်းများဆောင်ရွက်ရာတွင် လိုအပ်သည့်ကုန်ကြမ်း အတွက်သေချာခိုင်မာသည့် ဒေသတွင်းနှင့် ပြည်တွင်းမှ ထွက်ရှိသော ကုန်ကြမ်းများကို အခြေခံသည့် ကုန်ထုတ်လုပ်ငန်းများကို အဓိကထားဆောင်ရွက်ရန်လိုကြောင်း၊ MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာမည်ဆိုပါက ပြည်တွင်းကုန်ထုတ်လုပ်မှုများ တိုးတက် လာပြီး အလုပ်အကိုင်အခွင့်အလမ်းများ တိုးတက်လာကာ ဒေသ၏ လူမှုစီးပွားဘဝများ တိုးတက်လာမည်ဖြစ်ကြောင်း၊ ထိုမှတဆင့် နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်လာမည်ဖြစ် ကြောင်း၊ ထို့ကြောင့် ဒေသအလိုက် MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး ဝိုင်းဝန်းကူညီဆောင်ရွက်ပေးရန်လိုကြောင်း၊ အလားတူ ဝန်ဆောင်မှုလုပ်ငန်းတစ်ခု ဖြစ်သည့် ခရီးသွားလုပ်ငန်းသည်လည်း မီးခိုးမထွက်သည့် စက်မှုလုပ်ငန်းတစ်ခုဖြစ်ပြီး ဒေသတွင်းသို့ ပြည်တွင်း၊ ပြည်ပမှ ခရီးသွားများ ဝင်ရောက်ခြင်းဖြင့် ဒေသအကျိုး စီးပွားကို ဖြစ်ပေါ်စေနိုင်မည်ဖြစ်သောကြောင့် အားပေးမြှင့်တင်ဆောင်ရွက်သွားရန်လို ကြောင်း၊ ထို့ကြောင့် ဒေသအလိုက် သန့်ရှင်းသာယာလှပမှုရှိစေရေး၊ တည်းခိုနေထိုင် ရေး၊ ဒေသအစားအစာများ၊ ဒေသထွက်လက်ဆောင်ပစ္စည်းများ ရောင်းချနိုင်ရေး၊ ဝန်ဆောင်မှုအပြည့် အဝပေးနိုင်ရေးအတွက်လည်း ကြိုတင်ပြင်ဆင် စီမံဆောင်ရွက်ထားရန်လိုကြောင်း၊ အလားတူ အထည်ချုပ်လုပ်ငန်းများသည်လည်း အလုပ်အကိုင် အခွင့်အလမ်းများစွာကို ဖြစ်ပေါ်စေနိုင်ကာ တစ်ဦးချင်းစီ၏ ဝင်ငွေကို တိုးတက်စေနိုင်သည်ဖြစ်သောကြောင့် အားပေးဆောင်ရွက်သွားရန်လိုကြောင်း။

အလုပ်အကိုင်နှင့်ပတ်သက်၍ မိမိတို့နိုင်ငံတွင် ပြည်ပသို့သွားရောက်လုပ်ကိုင်မှုများ များပြားလျက်ရှိခြင်းကြောင့် နိုင်ငံအတွင်းရှိ အချို့နေရာဒေသများတွင် လုပ်သား အင်အားရှားပါးမှုများ ဖြစ်ပေါ်လျက်ရှိကြောင်း၊ ထို့ကြောင့် ပြည်တွင်းအလုပ်အကိုင် အခွင့်အလမ်းများကို အားပေးဖော်ဆောင်ပေးနိုင်ရန်လိုကြောင်း၊ မိမိတို့နိုင်ငံသား များအား မိမိတို့၏နိုင်ငံတွင်း၌ပင် နိုင်ငံတော်၏အရိပ်အာဝါသအောက်၌ လုံခြုံစွာဖြင့် အေးအေးချမ်းချမ်း လုပ်ကိုင်စားသောက်နိုင်ရေး မိမိတို့အနေဖြင့် ကြိုးပမ်းဖော်ဆောင် ပေးနိုင်ရမည်ဖြစ်ကြောင်း။

အခွန်ဆောင်မှုနှင့်ပတ်သက်၍ အခွန်ရှောင်မှုများမရှိစေရေး တာဝန်ရှိသူများ အနေဖြင့်စနစ်တကျ စစ်ဆေးကြပ်မတ်ဆောင်ရွက်ရန်လိုကြောင်း၊ မြေများဈေးကစားမှုမရှိစေရေးနှင့် စနစ်တကျရှိိစေရေး လယ်ယာမြေဥပဒေဖြင့် ကြပ်မတ်ဆောင်ရွက်နေရန်လိုကြောင်း၊ နိုင်ငံ့ဝင်ငွေတိုးတက်ရေးအတွက် ပြည်တွင်းကုန်ထုတ်လုပ်မှုလုပ်ငန်းများ မြင့်မားတိုးတက်စေရေး အားလုံးဝိုင်းဝန်းဆောင်ရွက်သွားရန်လိုကြောင်း၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးဆောင်ရွက်ရာတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ အားလုံးအနေဖြင့် အမှန်တကယ်အောင်မြင်မှုရှိစေရေး၊ နိုင်ငံတော်နှင့် ပြည်သူပြည်သားတို့၏ အကျိုးစီးပွားကို ဖော်ဆောင်ပေးနိုင်ရေး လက်တွေ့ကျကျဖြင့် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်းဖြင့် မှာကြားသည်။

ယင်းနောက် တိုင်းဒေသကြီးနှင့်ပြည်နယ်ဝန်ကြီးချုပ်များ၊ ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရ ဒေသနှင့် တိုင်းဥက္ကဋ္ဌများက ဒေသအလိုက် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ဆောင်ရွက် လျက်ရှိမှု၊ ကုန်ထုတ်လုပ်မှုလုပ်ငန်းများနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိမှု၊ ဒေသတည်ငြိမ်အေးချမ်းရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိမှု၊ ကျောင်းသား၊ ကျောင်းသူများ ပညာသင်ကြားလျက်ရှိမှု အခြေအနေများကို ရှင်းလင်း တင်ပြသည်။

ထို့နောက် ကောင်စီဝင် ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းက စိုက်ပျိုးရေးလုပ်ငန်း များအတွက် လိုအပ်သည့်ဓာတ်မြေဩဇာများ တင်သွင်းပေးလျက်ရှိမှုကို ရှင်းလင်း တင်ပြသည်။ ၎င်းနောက် ပြည်ထောင်စုဝန်ကြီးများ က နိုင်ငံစီးပွားမြှင့်တင်ရေးအတွက် လုပ်ငန်းများဆောင်ရွက်လျက်ရှိမှု၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိစိုက်ပျိုး၊ မွေးမြူ ရေးလုပ်ငန်းများနှင့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး ကူညီဆောင် ရွက်ပေးလျက်ရှိမှု၊ ရင်းနှီးမြှုပ်နှံမှုချေးငွေများ ထုတ်ချေးပေးထားမှု၊ ရာဘာနှင့်ဆီအုန်း စိုက်ပျိုးထုတ်လုပ်မှုများ တိုးတက်စေရေး ဆောင်ရွက်လျက်ရှိမှု၊ စိုက်ပျိုးရေးသုတေသန လုပ်ငန်းများဆောင်ရွက်လျက်ရှိမှု၊ သမဝါယမအသင်းများဖွဲ့စည်းဆောင်ရွက်ပေးလျက်ရှိမှု၊ အလုပ်အကိုင်အခွင့်အလမ်းများ တိုးတက်ရေးဆောင်ရွက်လျက်ရှိမှု အခြေအနေ များကို ရှင်းလင်းတင်ပြသည်။

ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် က လိုအပ်သည်များလမ်းညွှန်မှာကြားပြီး နိဂုံးချုပ်အမှာစကား ပြောကြားရာတွင် ကုန်သွယ်မှုနှင့်ပတ်သက်၍ တရားမဝင်ကုန်သွယ်မှုများ တိုက်ဖျက် ရေး ဆောင်ရွက်ရန်လိုကြောင်း၊ နယ်စပ်ကုန်သွယ်မှုများ၌ တရားမဝင်ကုန်သွယ်မှုများ ကြောင့် နိုင်ငံ့ဝင်ငွေများကို ထိခိုက်နစ်နာစေလျက်ရှိကြောင်း၊ ပြည်ပသို့ကုန်သွယ်မှုများ ဆောင်ရွက်ရာတွင် တရားဥပဒေနှင့်အညီ မှန်မှန်ကန်ကန်ဖြင့် ဆောင်ရွက်ရန်လိုကြောင်း၊ ဥပဒေကိုဖောက်ဖျက်ဆောင်ရွက်မှုများကို ဖော်ထုတ်အရေးသွားယူရန်လိုကြောင်း။

မိမိတို့နိုင်ငံ၏ ဆင်းရဲမွဲတေမှုရာခိုင်နှုန်းကို လျှော့ချနိုင်ရေး ဆောင်ရွက်ရန်လိုကြောင်း၊ ကျေးလက်ဒေသတွင် နေထိုင်သူများပြားပြီး စိုက်ပျိုးမွေးမြူရေးလုပ်ငန်း များကို အဓိကထားဆောင်ရွက်ကြကြောင်း၊ တစ်ဦးချင်းဝင်ငွေ များပြားမှသာ ဆင်းရဲမွဲတေမှုကို လျှော့ချနိုင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် ဒေသစီးပွားရေးတိုးတက်စေရန်အတွက် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ၊ ခရီးသွားလုပ်ငန်းများ၊ ဝန်ဆောင်မှုလုပ်ငန်းများနှင့် စက်မှုကုန်ထုတ်လုပ်ငန်းများကို ဖွံ့ဖြိုးတိုးတက်အောင် ကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်း၊ နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုး တက်ရေးဆောင်ရွက်ရာတွင် စာရင်းဇယားများ၌ တိုးတက်ခြင်းထက် လက်တွေ့ တိုးတက်မှုရှိအောင် ဆောင်ရွက်ရန်လိုကြောင်း၊ ထို့ကြောင့် နိုင်ငံ့စီးပွားမြှင့်တင်ရေးအတွက် အရှိန်အဟုန်ဖြင့် ဆောင်ရွက်နိုင်ရန်အတွက် တိုင်းဒေသကြီးနှင့်ပြည်နယ် ဝန်ကြီးချုပ်များအားလုံးက ဝိုင်းဝန်းတွန်းအားပေးဆောင်ရွက်ကြရန်လိုကြောင်း။

ပညာရေးနှင့်ပတ်သက်၍ ယခုပညာသင်နှစ်တွင် ကျောင်းတက်ရောက်လျက်ရှိသည့် ကျောင်းသား၊ ကျောင်းသူများအားလုံး ပညာရေးဆုံးခန်းတိုင်သည်အထိ ပညာသင်ကြားနိုင်ရေး၊ တန်းစဉ်ကူးပြောင်းမှုများ တိုးတက်စေရေး၊ ကျောင်းနေ ရာခိုင်နှုန်းမြင့်မားလာရေး ဝိုင်းဝန်းဆောင်ရွက်ရန်လိုကြောင်း၊ နိုင်ငံအတွက် လိုအပ်လျက်ရှိသည့် လူသားအရင်းအမြစ်များ မွေးထုတ်ပေးနိုင်ရန် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် စက်မှုနည်းပညာ ဘာသာရပ်များကို သင်ကြားသည့် ကျောင်းသား၊ ကျောင်းသူများ တိုးတက်လာရေး ဆောင်ရွက်ပေးရန်လိုကြောင်း၊ မိမိတို့နိုင်ငံ၏ အနာဂတ်အတွက် ဗလငါးတန်နှင့် ပြည့်စုံသည့် လူငယ်များမွေးထုတ်ပေးနိုင်ရေး ဆရာ၊ ဆရာမများ သာမက မိဘများနှင့်အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများအနေဖြင့်လည်း အလေးထားဆောင်ရွက်ပေးကြစေလိုကြောင်းဖြင့် မှာကြားခဲ့သည်။

Zawgyi Version

ေနျပည္ေတာ္၊ ဩဂုတ္ – ၉

ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒ ႏိုင္ငံေတာ္ဝန္ႀကီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္သည္ တိုင္းေဒသႀကီးႏွင့္ ျပည္နယ္ဝန္ႀကီးခ်ဳပ္မ်ားႏွင့္ ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသႏွင့္ တိုင္းဥကၠ႒မ်ားအား ယေန႔မြန္းလြဲပိုင္းတြင္ ေနျပည္ေတာ္ရွိ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒႐ုံး အစည္းအေဝးခန္းမ၌ ေတြ႕ဆုံအမွာစကားေျပာၾကား သည္။

ေတြ႕ဆုံပြဲသို႔ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဝင္ ဒုတိယဗိုလ္ခ်ဳပ္ႀကီး မိုးျမင့္ထြန္း၊ ျပည္ေထာင္စုဝန္ႀကီးမ်ား၊ ေနျပည္ေတာ္ေကာင္စီဥကၠ႒၊ တိုင္းေဒသႀကီးႏွင့္ ျပည္နယ္ဝန္ႀကီးခ်ဳပ္မ်ား၊ ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသႏွင့္တိုင္းဥကၠ႒မ်ား၊ တာဝန္ ရွိသူမ်ား တက္ေရာက္ၾကသည္။

ထို႔သို႔ေတြ႕ဆုံစဥ္ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒ ႏိုင္ငံေတာ္ဝန္ႀကီးခ်ဳပ္ က အမွာစကားေျပာၾကားရာ၌ ႏိုင္ငံေတာ္၏အေျခအေနအရ ထပ္မံသက္တမ္းတိုးျမႇင့္ ထားသည့္ကာလအတြင္း ႏိုင္ငံ့စီးပြားဖြံ႕ၿဖိဳးတိုးတက္ေရးအတြက္ ေဆာင္႐ြက္ရမည့္ လုပ္ငန္းမ်ားႏွင့္ ေဆာင္႐ြက္သင့္သည္မ်ားကို ေဆြးေႏြးႏိုင္ေရး ယခုကဲ့သို႔ ေတြ႕ဆုံျခင္း ျဖစ္ေၾကာင္း၊ အစိုးရတစ္ရပ္၏တာဝန္မွာ ႏိုင္ငံဖြံ႕ၿဖိဳးတိုးတက္ေရး ေဆာင္႐ြက္ရန္ျဖစ္ ၿပီး လက္ေတြ႕က်သည့္စီးပြားေရးလုပ္ငန္းမ်ားကို အေကာင္အထည္ေဖာ္ ေဆာင္႐ြက္ ႏိုင္ရန္လိုေၾကာင္း၊ မိမိတို႔အေနျဖင့္ ႏိုင္ငံေတာ္တာဝန္မ်ားကို ထမ္းေဆာင္ခ်ိန္တြင္ ႏိုင္ငံေရးသေဘာထားကြဲလြဲမႈမ်ားေၾကာင့္ ျဖစ္ေပၚလာသည့္ ႏိုင္ငံေရးပဋိပကၡမ်ားကို ဥပေဒႏွင့္အညီသာ ေျဖရွင္းေဆာင္႐ြက္ခဲ့ၿပီး ႏိုင္ငံေရးအရျဖစ္ေပၚလာသည့္ အေျခအေန မ်ားေၾကာင့္ ႏိုင္ငံ့စီးပြားေရးဖြံ႕ၿဖိဳးတိုးတက္မႈေနာက္က်ခဲ့ရေၾကာင္း။

ပညာရည္ျမင့္မားတိုးတက္မႈသည္ ႏိုင္ငံဖြံ႕ၿဖိဳးတိုးတက္မႈကို မ်ားစြာအေထာက္ကူျပဳေစမည္ျဖစ္ေၾကာင္း၊ ထို႔ေၾကာင့္မိမိတို႔အေနျဖင့္ ႏိုင္ငံေတာ္တာဝန္ကို စတင္ထမ္းေဆာင္ခ်ိန္မွစ၍ ပညာရည္ျမင့္မားေရးကိစၥရပ္မ်ားကို အားေပးေဆာင္႐ြက္ခဲ့ေၾကာင္း၊ တိုင္းေဒသႀကီးႏွင့္ျပည္နယ္မ်ားအားလုံး၌ စာသင္ေက်ာင္းမ်ားအားလုံး ဖြင့္လွစ္သင္ၾကားႏိုင္ၿပီး ဗလငါးတန္ႏွင့္ ျပည့္စုံသည့္ လူငယ္မ်ားကို ေမြးထုတ္ေပးႏိုင္ရန္လိုေၾကာင္း၊ ဘုန္းေတာ္ႀကီးသင္ ပညာေရးေက်ာင္းမ်ား၊ အေျခခံပညာအထက္ တန္းေက်ာင္းမ်ား၊ အဆင့္ျမင့္ပညာသင္ေက်ာင္းမ်ားႏွင့္ ပညာသင္ၾကားေရးလုပ္ငန္း မ်ား ေဆာင္႐ြက္လ်က္ရွိသည့္ စင္တာမ်ား အားလုံး၌ ေက်ာင္းသား၊ ေက်ာင္းသူမ်ား လုံၿခဳံေအးခ်မ္းစြာျဖင့္ ပညာသင္ၾကားႏိုင္ေရးအတြက္ ေက်ာင္းသား၊ မိဘႏွင့္ ဆရာမ်ား သာမက အုပ္ခ်ဳပ္ေရးပိုင္းဆိုင္ရာတာဝန္ရွိသူမ်ားအေနျဖင့္လည္း ဝိုင္းဝန္းေဆာင္႐ြက္ ေပးရန္လိုေၾကာင္း။

ပညာသင္ၾကားေရးတြင္ ဆရာ၊ ဆရာမမ်ား၏ အခန္းက႑မွာ အလြန္က်ယ္ျပန႔္ ၿပီးအဓိကက်သျဖင့္ ဆရာ၊ ဆရာမမ်ား၏ ေနထိုင္စားေသာက္မႈမ်ား အဆင္ေျပေစေရး အတြက္ ႏိုင္ငံေတာ္မွ တတ္ႏိုင္သမွ် ျဖည့္ဆည္းေဆာင္႐ြက္ေပးလ်က္ရွိသကဲ့သို႔ သက္ဆိုင္ရာ တိုင္းေဒသႀကီး၊ ျပည္နယ္ႏွင့္ ၿမိဳ႕နယ္မ်ားအလိုက္လည္း တတ္ႏိုင္ သည့္ဘက္မွ ျဖည့္ဆည္းေဆာင္႐ြက္ ေပးၾကေစလိုေၾကာင္း၊ ယခင္က ပညာေရးစနစ္၏ အားနည္းမႈ၊ စီမံခန႔္ခြဲမႈပိုင္းဆိုင္ရာ အားနည္းမႈမ်ားရွိခဲ့ျခင္းေၾကာင့္ ေက်ာင္းသား၊ ေက်ာင္းသူမ်ား၏ ပညာေရးမွာ အားနည္းခ်က္မ်ားရွိခဲ့ေၾကာင္း၊ ေက်ာင္းသား၊ ေက်ာင္း သူမ်ား အမွန္တကယ္စာတတ္ေျမာက္ေစေရး ဆရာ၊ ဆရာမမ်ားအေနျဖင့္ သင္ၾကား ေပးရန္လိုသကဲ့သို႔ အျခားလိုအပ္ေသာ မွန္ကန္သည့္ေတြးေခၚမႈႏွင့္ အသိအျမင္မ်ား ရရွိေရးအတြက္လည္း သင္ၾကားေပးရန္လိုေၾကာင္း။

ခ႐ိုင္ ၅၀ ရွိ အေျခခံပညာအထက္တန္းေက်ာင္းမ်ား၌ ထပ္မံတိုးခ်ဲ႕ဖြင့္လွစ္ ထားသည့္ စိုက္ပ်ိဳးေရး၊ ေမြးျမဴေရးႏွင့္ စက္မႈနည္းပညာ ဘာသာရပ္မ်ားကို သင္ၾကား တတ္ေျမာက္ခဲ့သည့္ ေက်ာင္းသား၊ ေက်ာင္းသူမ်ား အေနျဖင့္ ပညာသင္ၾကား ၿပီးခ်ိန္တြင္ ၎တို႔၏ဘဝတိုးတက္ေရးအတြက္ ေဆာင္႐ြက္ႏိုင္မည္ျဖစ္သကဲ့သို႔ ႏိုင္ငံ၏ ကုန္ထုတ္လုပ္မႈကို အေထာက္အကူျပဳေစမည့္ လူသားအရင္းအျမစ္မ်ားကို လည္း ရရွိေစမည္ျဖစ္ေၾကာင္း၊ ထို႔ေၾကာင့္ ေက်ာင္းသား၊ ေက်ာင္းသူမ်ား ပညာရည္ျမင့္မား ေရး ဝိုင္းဝန္းႀကိဳးပမ္း ေဆာင္႐ြက္ၾကေစလိုေၾကာင္း။

ကုန္ထုတ္လုပ္မႈႏွင့္ပတ္သက္၍ မိမိတို႔ႏိုင္ငံ၏ GDP မွာ အာဆီယံႏိုင္ငံမ်ားႏွင့္ ႏႈိင္းယွဥ္ပါက နည္းပါးလ်က္ရွိေၾကာင္း၊ စိုက္ပ်ိဳးေမြးျမဴေရး လုပ္ငန္းမ်ားကို အဓိက ေဆာင္႐ြက္သည့္ ႏိုင္ငံျဖစ္သည့္အတြက္ စိုက္ပ်ိဳးေမြးျမဴေရးကို အေျခခံေသာ ေသခ်ာ ခိုင္မာသည့္ ကုန္ထုတ္လုပ္မႈမ်ားကို ေဆာင္႐ြက္ႏိုင္ရန္ တိုင္းေဒသႀကီးႏွင့္ ျပည္နယ္ မ်ားအလိုက္ ႀကိဳးပမ္းေဆာင္႐ြက္ၾကေစလိုေၾကာင္း၊ စိုက္ပ်ိဳးေမြးျမဴေရး လုပ္ငန္းမ်ား ကိုေဆာင္႐ြက္ရာတြင္ စိုက္ပ်ိဳးေျမမ်ားကို ထိေရာက္စြာ အက်ိဳးရွိရွိအသုံးခ်ရန္လို ေၾကာင္း၊ ျပည္သူမ်ားအလုပ္အကိုင္အခြင့္လမ္းမ်ားရရွိၿပီး လူမႈစီးပြားဘဝမ်ား တိုးတက္ ေအာင္ ေဆာင္႐ြက္ေပးရန္လိုေၾကာင္း၊ ထိုသို႔ေဆာင္႐ြက္ရာတြင္ လူနည္းစု၏ အက်ိဳး စီးပြားထက္ လူအမ်ားစု၏ အက်ိဳးစီးပြားကို ေဖာ္ေဆာင္ေပးႏိုင္သည့္ ကုန္ထုတ္လုပ္မႈ လုပ္ငန္းမ်ားကို ပိုမိုအားေပးေဆာင္႐ြက္ရန္လိုေၾကာင္း၊ တိုင္းေဒသႀကီးႏွင့္ ျပည္နယ္ အစိုးရမ်ားအေနျဖင့္ မိမိတို႔ေဒသအလိုက္ စိုက္ပ်ိဳးေရးက႑၊ သားငါးက႑ႏွင့္ ကုန္ ထုတ္လုပ္မႈက႑မ်ား တိုးတက္ေရးအတြက္ ႀကိဳးပမ္းေဆာင္႐ြက္သြားရန္လိုေၾကာင္း၊ မိမိတို႔ တာဝန္ထမ္းေဆာင္ေနခ်ိန္ကာလအတြင္း ျပည္သူမ်ား၏ လူမႈစီးပြားဘဝမ်ား ဖြံ႕ၿဖိဳးတိုးတက္ေရး ႀကိဳးပမ္းေဆာင္႐ြက္သြားရန္လိုေၾကာင္း။

ေျမယာအသုံးခ်မႈကိစၥရပ္မ်ားႏွင့္ပတ္သက္၍ စိုက္ပ်ိဳးေျမမ်ား ထိခိုက္ေလ်ာ့ နည္းမႈမရွိေအာင္ေဆာင္႐ြက္ရန္လိုေၾကာင္း၊ ထိုသို႔ေဆာင္႐ြက္ရာတြင္ စိုက္ပ်ိဳးေျမမ်ား ကို အျခားနည္းမ်ားျဖင့္ အသုံးျပဳျခင္းမ်ားမရွိေစေရး ဥပေဒ၊ စည္းမ်ဥ္းစည္းကမ္း မ်ားႏွင့္အညီ ၾကပ္ၾကပ္မတ္မတ္ျဖင့္ ေဆာင္႐ြက္သြားရန္လိုေၾကာင္း။

ႏိုင္ငံေတာ္ပိုင္စီးပြားေရး လုပ္ငန္းမ်ားစနစ္တက်လည္ပတ္ေဆာင္႐ြက္ေနရန္ လိုေၾကာင္း၊ သက္ဆိုင္ရာဝန္ႀကီးဌာနမ်ားအေနျဖင့္ လုပ္ငန္းမ်ားေအာင္ျမင္မႈရွိေစေရး ၾကပ္မတ္ကြပ္ကဲေဆာင္႐ြက္ေနရန္လိုေၾကာင္း၊ တိုင္းေဒသႀကီးႏွင့္ ျပည္နယ္အစိုးရ အဖြဲ႕မ်ားအေနျဖင့္လည္း ဝိုင္းဝန္းၾကပ္မတ္ေဆာင္႐ြက္ေပးရန္လိုၿပီး ႏိုင္ငံပိုင္စက္႐ုံ၊ အလုပ္႐ုံမ်ား အားလုံးလည္ပတ္ႏိုင္ေရး ဝိုင္းဝန္းေဆာင္႐ြက္ေပးရန္လိုေၾကာင္း။

MSME ကုန္ထုတ္လုပ္ငန္းမ်ားေဆာင္႐ြက္ရာတြင္ လိုအပ္သည့္ကုန္ၾကမ္း အတြက္ေသခ်ာခိုင္မာသည့္ ေဒသတြင္းႏွင့္ ျပည္တြင္းမွ ထြက္ရွိေသာ ကုန္ၾကမ္းမ်ားကို အေျခခံသည့္ ကုန္ထုတ္လုပ္ငန္းမ်ားကို အဓိကထားေဆာင္႐ြက္ရန္လိုေၾကာင္း၊ MSME လုပ္ငန္းမ်ား ဖြံ႕ၿဖိဳးတိုးတက္လာမည္ဆိုပါက ျပည္တြင္းကုန္ထုတ္လုပ္မႈမ်ား တိုးတက္ လာၿပီး အလုပ္အကိုင္အခြင့္အလမ္းမ်ား တိုးတက္လာကာ ေဒသ၏ လူမႈစီးပြားဘဝမ်ား တိုးတက္လာမည္ျဖစ္ေၾကာင္း၊ ထိုမွတဆင့္ ႏိုင္ငံ့စီးပြားဖြံ႕ၿဖိဳးတိုးတက္လာမည္ျဖစ္ ေၾကာင္း၊ ထို႔ေၾကာင့္ ေဒသအလိုက္ MSME လုပ္ငန္းမ်ား ဖြံ႕ၿဖိဳးတိုးတက္ေစေရး ဝိုင္းဝန္းကူညီေဆာင္႐ြက္ေပးရန္လိုေၾကာင္း၊ အလားတူ ဝန္ေဆာင္မႈလုပ္ငန္းတစ္ခု ျဖစ္သည့္ ခရီးသြားလုပ္ငန္းသည္လည္း မီးခိုးမထြက္သည့္ စက္မႈလုပ္ငန္းတစ္ခုျဖစ္ၿပီး ေဒသတြင္းသို႔ ျပည္တြင္း၊ ျပည္ပမွ ခရီးသြားမ်ား ဝင္ေရာက္ျခင္းျဖင့္ ေဒသအက်ိဳး စီးပြားကို ျဖစ္ေပၚေစႏိုင္မည္ျဖစ္ေသာေၾကာင့္ အားေပးျမႇင့္တင္ေဆာင္႐ြက္သြားရန္လို ေၾကာင္း၊ ထို႔ေၾကာင့္ ေဒသအလိုက္ သန႔္ရွင္းသာယာလွပမႈရွိေစေရး၊ တည္းခိုေနထိုင္ ေရး၊ ေဒသအစားအစာမ်ား၊ ေဒသထြက္လက္ေဆာင္ပစၥည္းမ်ား ေရာင္းခ်ႏိုင္ေရး၊ ဝန္ေဆာင္မႈအျပည့္ အဝေပးႏိုင္ေရးအတြက္လည္း ႀကိဳတင္ျပင္ဆင္ စီမံေဆာင္႐ြက္ ထားရန္လိုေၾကာင္း၊ အလားတူ အထည္ခ်ဳပ္လုပ္ငန္းမ်ားသည္လည္း အလုပ္အကိုင္ အခြင့္အလမ္းမ်ားစြာကို ျဖစ္ေပၚေစႏိုင္ကာ တစ္ဦးခ်င္းစီ၏ ဝင္ေငြကို တိုးတက္ေစႏိုင္ သည္ျဖစ္ေသာေၾကာင့္ အားေပးေဆာင္႐ြက္သြားရန္လိုေၾကာင္း။

အလုပ္အကိုင္ႏွင့္ပတ္သက္၍ မိမိတို႔ႏိုင္ငံတြင္ ျပည္ပသို႔သြားေရာက္လုပ္ကိုင္မႈ မ်ား မ်ားျပားလ်က္ရွိျခင္းေၾကာင့္ ႏိုင္ငံအတြင္းရွိ အခ်ိဳ႕ေနရာေဒသမ်ားတြင္ လုပ္သား အင္အားရွားပါးမႈမ်ား ျဖစ္ေပၚလ်က္ရွိေၾကာင္း၊ ထို႔ေၾကာင့္ ျပည္တြင္းအလုပ္အကိုင္ အခြင့္အလမ္းမ်ားကို အားေပးေဖာ္ေဆာင္ေပးႏိုင္ရန္လိုေၾကာင္း၊ မိမိတို႔ႏိုင္ငံသား မ်ားအား မိမိတို႔၏ႏိုင္ငံတြင္း၌ပင္ ႏိုင္ငံေတာ္၏အရိပ္အာဝါသေအာက္၌ လုံၿခဳံစြာျဖင့္ ေအးေအးခ်မ္းခ်မ္း လုပ္ကိုင္စား ေသာက္ႏိုင္ေရး မိမိတို႔အေနျဖင့္ ႀကိဳးပမ္းေဖာ္ေဆာင္ ေပးႏိုင္ရမည္ျဖစ္ေၾကာင္း။

အခြန္ေဆာင္မႈႏွင့္ပတ္သက္၍ အခြန္ေရွာင္မႈမ်ားမရွိေစေရး တာဝန္ရွိသူမ်ား အေနျဖင့္စနစ္တက် စစ္ေဆးၾကပ္မတ္ေဆာင္႐ြက္ရန္လိုေၾကာင္း၊ ေျမမ်ားေဈးကစား မႈမရွိေစေရးႏွင့္ စနစ္တက်ရွိိေစေရး လယ္ယာေျမဥပေဒျဖင့္ ၾကပ္မတ္ေဆာင္႐ြက္ေန ရန္လိုေၾကာင္း၊ ႏိုင္ငံ့ဝင္ေငြတိုးတက္ေရးအတြက္ ျပည္တြင္းကုန္ထုတ္လုပ္မႈ လုပ္ငန္း မ်ား ျမင့္မားတိုးတက္ေစေရး အားလုံးဝိုင္းဝန္းေဆာင္႐ြက္သြားရန္လိုေၾကာင္း၊ ႏိုင္ငံ့ စီးပြားျမႇင့္တင္ေရးေဆာင္႐ြက္ရာတြင္ တိုင္းေဒသႀကီးႏွင့္ ျပည္နယ္ဝန္ႀကီးခ်ဳပ္မ်ား အားလုံးအေနျဖင့္ အမွန္တကယ္ေအာင္ျမင္မႈရွိေစေရး၊ ႏိုင္ငံေတာ္ႏွင့္ ျပည္သူျပည္သား တို႔၏ အက်ိဳးစီးပြားကို ေဖာ္ေဆာင္ေပးႏိုင္ေရး လက္ေတြ႕က်က်ျဖင့္ ဝိုင္းဝန္းႀကိဳးပမ္း ေဆာင္႐ြက္ၾကေစလိုေၾကာင္းျဖင့္ မွာၾကားသည္။

ယင္းေနာက္ တိုင္းေဒသႀကီးႏွင့္ျပည္နယ္ဝန္ႀကီးခ်ဳပ္မ်ား၊ ကိုယ္ပိုင္အုပ္ခ်ဳပ္ ခြင့္ရ ေဒသႏွင့္ တိုင္းဥကၠ႒မ်ားက ေဒသအလိုက္ စိုက္ပ်ိဳးေမြးျမဴေရးလုပ္ငန္းမ်ား ေဆာင္႐ြက္ လ်က္ရွိမႈ၊ ကုန္ထုတ္လုပ္မႈလုပ္ငန္းမ်ားႏွင့္ ေဒသဖြံ႕ၿဖိဳးတိုးတက္ေရးလုပ္ငန္းမ်ား ေဆာင္႐ြက္လ်က္ရွိမႈ၊ ေဒသတည္ၿငိမ္ေအးခ်မ္းေရး လုပ္ငန္းမ်ား ေဆာင္႐ြက္လ်က္ရွိမႈ၊ ေက်ာင္းသား၊ ေက်ာင္းသူမ်ား ပညာသင္ၾကားလ်က္ရွိမႈ အေျခအေနမ်ားကို ရွင္းလင္း တင္ျပသည္။

ထို႔ေနာက္ ေကာင္စီဝင္ ဒုတိယဗိုလ္ခ်ဳပ္ႀကီး မိုးျမင့္ထြန္းက စိုက္ပ်ိဳးေရးလုပ္ငန္း မ်ားအတြက္ လိုအပ္သည့္ဓာတ္ေျမဩဇာမ်ား တင္သြင္းေပးလ်က္ရွိမႈကို ရွင္းလင္း တင္ျပသည္။ ၎ေနာက္ ျပည္ေထာင္စုဝန္ႀကီးမ်ား က ႏိုင္ငံစီးပြားျမႇင့္တင္ေရးအတြက္ လုပ္ငန္းမ်ားေဆာင္႐ြက္လ်က္ရွိမႈ၊ တိုင္းေဒသႀကီးႏွင့္ ျပည္နယ္မ်ားရွိစိုက္ပ်ိဳး၊ ေမြးျမဴ ေရးလုပ္ငန္းမ်ားႏွင့္ ကုန္ထုတ္လုပ္မႈလုပ္ငန္းမ်ား ဖြံ႕ၿဖိဳးတိုးတက္ေစေရး ကူညီေဆာင္ ႐ြက္ေပးလ်က္ရွိမႈ၊ ရင္းႏွီးျမႇဳပ္ႏွံမႈေခ်းေငြမ်ား ထုတ္ေခ်းေပးထားမႈ၊ ရာဘာႏွင့္ဆီအုန္း စိုက္ပ်ိဳးထုတ္လုပ္မႈမ်ား တိုးတက္ေစေရး ေဆာင္႐ြက္လ်က္ရွိမႈ၊ စိုက္ပ်ိဳးေရးသုေတသန လုပ္ငန္းမ်ားေဆာင္႐ြက္လ်က္ရွိမႈ၊ သမဝါယမအသင္းမ်ားဖြဲ႕စည္းေဆာင္႐ြက္ေပးလ်က္ ရွိမႈ၊ အလုပ္အကိုင္အခြင့္အလမ္းမ်ား တိုးတက္ေရးေဆာင္႐ြက္လ်က္ရွိမႈ အေျခအေန မ်ားကို ရွင္းလင္းတင္ျပသည္။

ရွင္းလင္းတင္ျပမႈမ်ားအေပၚ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ ဥကၠ႒ ႏိုင္ငံေတာ္ဝန္ႀကီးခ်ဳပ္ က လိုအပ္သည္မ်ားလမ္းၫႊန္မွာၾကားၿပီး နိဂုံးခ်ဳပ္အမွာစကား ေျပာၾကားရာတြင္ ကုန္သြယ္မႈႏွင့္ပတ္သက္၍ တရားမဝင္ကုန္သြယ္မႈမ်ား တိုက္ဖ်က္ ေရး ေဆာင္႐ြက္ရန္လိုေၾကာင္း၊ နယ္စပ္ကုန္သြယ္မႈမ်ား၌ တရားမဝင္ကုန္သြယ္မႈမ်ား ေၾကာင့္ ႏိုင္ငံ့ဝင္ေငြမ်ားကို ထိခိုက္နစ္နာေစလ်က္ရွိေၾကာင္း၊ ျပည္ပသို႔ကုန္သြယ္မႈမ်ား ေဆာင္႐ြက္ရာတြင္ တရားဥပေဒႏွင့္အညီ မွန္မွန္ကန္ကန္ျဖင့္ ေဆာင္႐ြက္ရန္လို ေၾကာင္း၊ ဥပေဒကိုေဖာက္ဖ်က္ေဆာင္႐ြက္မႈမ်ားကို ေဖာ္ထုတ္အေရးသြားယူရန္လို ေၾကာင္း။

မိမိတို႔ႏိုင္ငံ၏ ဆင္းရဲမြဲေတမႈရာခိုင္ႏႈန္းကို ေလွ်ာ့ခ်ႏိုင္ေရး ေဆာင္႐ြက္ရန္လို ေၾကာင္း၊ ေက်းလက္ေဒသတြင္ ေနထိုင္သူမ်ားျပားၿပီး စိုက္ပ်ိဳးေမြးျမဴေရးလုပ္ငန္း မ်ားကို အဓိကထားေဆာင္႐ြက္ၾကေၾကာင္း၊ တစ္ဦးခ်င္းဝင္ေငြ မ်ားျပားမွသာ ဆင္းရဲမြဲေတမႈကို ေလွ်ာ့ခ်ႏိုင္မည္ျဖစ္ေၾကာင္း၊ ထို႔ေၾကာင့္ တိုင္းေဒသႀကီးႏွင့္ ျပည္နယ္ မ်ားအလိုက္ ေဒသစီးပြားေရးတိုးတက္ေစရန္အတြက္ စိုက္ပ်ိဳးေမြးျမဴေရးလုပ္ငန္းမ်ား၊ ခရီးသြားလုပ္ငန္းမ်ား၊ ဝန္ေဆာင္မႈလုပ္ငန္းမ်ားႏွင့္ စက္မႈကုန္ထုတ္လုပ္ငန္းမ်ားကို ဖြံ႕ၿဖိဳးတိုးတက္ေအာင္ ႀကိဳးပမ္းေဆာင္႐ြက္ၾကေစလိုေၾကာင္း၊ ႏိုင္ငံ့စီးပြားဖြံ႕ၿဖိဳးတိုး တက္ေရးေဆာင္႐ြက္ရာတြင္ စာရင္းဇယားမ်ား၌ တိုးတက္ျခင္းထက္ လက္ေတြ႕ တိုးတက္မႈရွိေအာင္ ေဆာင္႐ြက္ရန္လိုေၾကာင္း၊ ထို႔ေၾကာင့္ ႏိုင္ငံ့စီးပြားျမႇင့္တင္ေရး အတြက္ အရွိန္အဟုန္ျဖင့္ ေဆာင္႐ြက္ႏိုင္ရန္အတြက္ တိုင္းေဒသႀကီးႏွင့္ျပည္နယ္ ဝန္ႀကီးခ်ဳပ္မ်ားအားလုံးက ဝိုင္းဝန္းတြန္းအားေပးေဆာင္႐ြက္ၾကရန္လိုေၾကာင္း။

ပညာေရးႏွင့္ပတ္သက္၍ ယခုပညာသင္ႏွစ္တြင္ ေက်ာင္းတက္ေရာက္လ်က္ရွိ သည့္ ေက်ာင္းသား၊ ေက်ာင္းသူမ်ား အားလုံး ပညာေရးဆုံးခန္းတိုင္သည္အထိ ပညာသင္ၾကားႏိုင္ေရး၊ တန္းစဥ္ကူးေျပာင္းမႈမ်ား တိုးတက္ေစေရး၊ ေက်ာင္းေန ရာ ခိုင္ႏႈန္းျမင့္မားလာေရး ဝိုင္းဝန္းေဆာင္႐ြက္ရန္လိုေၾကာင္း၊ ႏိုင္ငံအတြက္ လိုအပ္လ်က္ ရွိသည့္ လူသားအရင္းအျမစ္မ်ား ေမြးထုတ္ေပးႏိုင္ရန္ စိုက္ပ်ိဳးေရး၊ ေမြးျမဴေရးႏွင့္ စက္မႈနည္းပညာ ဘာသာရပ္မ်ားကို သင္ၾကားသည့္ ေက်ာင္းသား၊ ေက်ာင္းသူမ်ား တိုးတက္လာေရး ေဆာင္႐ြက္ေပးရန္လိုေၾကာင္း၊ မိမိတို႔ႏိုင္ငံ၏ အနာဂတ္အတြက္ ဗလငါးတန္ႏွင့္ ျပည့္စုံသည့္ လူငယ္မ်ားေမြးထုတ္ေပးႏိုင္ေရး ဆရာ၊ ဆရာမမ်ား သာမက မိဘမ်ားႏွင့္အုပ္ခ်ဳပ္ေရးပိုင္းဆိုင္ရာ တာဝန္ရွိသူမ်ားအေနျဖင့္လည္း အေလး ထား ေဆာင္႐ြက္ေပးၾကေစလိုေၾကာင္းျဖင့္ မွာၾကားခဲ့သည္။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။