ကမ္ဘာပေါ်ရှိထိုင်တော်မှု ကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်များ အနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်သော မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး နှင့်ပတ်သက်သည့် လုပ်ငန်းညှိနှိိုင်းအစည်းအဝေးကျင်းပ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးလာပြည်သူများကို ရင်းရင်းနှီးနှီးနှုတ်ဆက်

နေပြည်တော်၊ ဩဂုတ် – ၁၉

ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်အတွင်း တည်ထား ကိုးကွယ်ထားရှိသည့် ကမ္ဘာပေါ်ရှိထိုင်တော်မှု ကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်သော မာရဝိဇယဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီးနှင့်ပတ်သက် သည့် လုပ်ငန်းညှိနှိိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် မာရဝိဇယဗုဒ္ဓဥယျာဉ် တော် အတွင်းရှိ မာရဝိဇယဂေါပကအဖွဲ့ရုံး၌ ကျင်းပပြုလုပ်သည်။

အစည်းအဝေးသို့ ဦးဆောင်ဘုရားဒါယကာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ နိုင်ငံတော်စီမံအုပ်ချုပ် ရေး ကောင်စီဥက္ကဋ္ဌ၏အကြံပေးပုဂ္ဂိုလ် ဒုတိယဗိုလ်ချုပ်ကြီး ညိုစော၊ ဆောက်လုပ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်၊ စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး ကျော်စွာလင်း၊ ဒုတိယဗိုလ်ချုပ်ကြီး ကံမြင့်သန်းနှင့် တပ်မတော်အရာရှိကြီးများ၊ နေပြည်တော်တိုင်း စစ်ဌာနချုပ်တိုင်းမှူး၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ ဦးဆောင်ဘုရားဒါယကာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အမှာစကားပြောကြားရာတွင် နေပြည်တော်သည် မြန်မာ နိုင်ငံ၏မြို့တော်ဖြစ်ပြီး အုပ်ချုပ်ရေး၏ဗဟိုချက်ဖြစ်သဖြင့် နေပြည်တော် တိုးတက် အောင်ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ နေပြည်တော်ကို နိုင်ငံ၏မြို့တော်ပီသအောင် ဆောင်ရွက်ရန်လိုကြောင်း၊ ၂၀၁၇ ခုနှစ်နှောင်းပိုင်းတွင် ယခင်နိုင်ငံတော်အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ဘုရားကြီးတည်ထားကိုးကွယ်ရန်အတွက် ၎င်းထံလှူဒါန်း ထားသည့် စကျင်ကျောက်တော်ကြီးကို တပ်မတော်မှဦးဆောင်၍ ဘုရားတည်ထားရန် အတွက် လွှဲအပ်ခဲ့ကြောင်း၊ ဘုရားကြီးတည်ထားကိုးကွယ်ရာတွင် ခမ်းခမ်းနားနားနှင့် အကောင်းဆုံးဖြစ်စေရန် ကြိုတင်မျှော်တွေးပြီး စဉ်းစားဆောင်ရွက်ခဲ့ကြောင်း၊ ဘုရားတည်ထားရန် မြေနေရာရွေးချယ်ဆောင်ရွက်မှုများကိုလည်း တစ်ပါတည်း လှူဒါန်းသည့် မြေပေါ်တွင် အကောင်းဆုံးဖြစ်အောင် ဆောင်ရွက်ခဲ့ကြောင်း၊ ယခင်မူလ အလှူရှင်မှလှူဒါန်းထားသည့် ကျောက်တုံးတော်ကြီးကို ဆင်းတုတော်ထုဆစ်နိုင်ရေး အကောင်းဆုံးကျောက်သားရရှိမှုကို တွက်ချက်ခဲ့ပြီး ဉာဏ်တော် ၆၃ ပေရှိသည့် ဆင်းတုတော်ကြီး ထုဆစ်နိုင်ရန်လိုအပ်သည့် ကျောက်တုံးတော်ရရှိရေး ဆောင်ရွက်ခဲ့ ကြောင်း၊ အလားတူ ဂန္ဓာကုဋိတိုက်များနှင့် သုဓမ္မာဇရပ်များကိုလည်း ထည့်သွင်း တည်ဆောက်ခဲ့ကြောင်း၊ ရုပ်ပွားတော်မြတ်ကြီး တည်ထားကိုးကွယ်ရာတွင် ကျောက် လုံးတော်ကြီးအား ရတနာပုံခေတ်ဟန် ဘူမိဖဿမုဒြာ ဆင်းတုတော်ကြီးအဖြစ်တည် ထားကိုးကွယ်ရန် ဆောင်ရွက်ခဲ့ကြောင်း၊ ဩဝါဒါစရိယဆရာတော်ကြီးများ၏ ဩဝါဒ မိန့်ကြားချက်များအရ ဆဋ္ဌသင်္ဂါယနာမူ ပိဋကတ်ကျမ်းစာများကို ကမ္ဘာကပါသိရှိနိုင် ရေးအတွက် စကျင်ကျောက်ချပ်များပေါ်၌ ခေတ်မီစက်ကိရိယာများ အသုံးပြုပြီး ပါဠိ အက္ခရာ၊ Romanize Language တို့ဖြင့် ကျောက်စာတော်များ တည်ထားဆောင်ရွက် ခဲ့ကြောင်း။

မာရဝိဇယ ကျောက်ဆစ်ရုပ်ပွားတော်မြတ်ကြီး တည်ထားကိုးကွယ်ချိန်တွင် အခက်အခဲအချို့ ကြုံတွေ့ခဲ့ရသော်လည်း လုပ်ငန်းများအဆင်ပြေချောမွေ့စွာဖြင့် အောင်မြင်ပြီးစီးခဲ့ကြောင်း၊ ဗုဒ္ဓါဘိသေက အနေကဇာတင်သည့်နေ့တွင် ရုပ်ပွားတော် တည်ဆောက်ရေးအတွက် ရရှိသည့်လှူဒါန်းငွေအစုစုကို စာရင်းပိတ်၍ ရေစက်ချလှူ ဒါန်းပြီးဖြစ်ကြောင်း၊ မာရဝိဇယ ကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးသည် ကမ္ဘာ ပေါ်ရှိ ထိုင်တော်မူ ကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ် ကြောင်း၊ ဆင်းတုတော်ကြီး ကြည်ညိုသပ္ပါယ်ဖွယ် ဖြစ်စေရေးအတွက် တည်ဆောက် ရေးလုပ်ငန်းများကိုဆောင်ရွက်ရာတွင် အနုပညာလက်ရာများကိုလည်း အမြင့်ဆုံး၊ အကောင်းဆုံးဖြစ်အောင် ဆောင်ရွက်ခဲ့ကြောင်း၊ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး အပါအဝင် သာသနိကအဆောက်အဦများ၊ ရင်ပြင်တော်များနှင့် ဘုရားပရိဝုဏ်တော် ကြီးတစ်ခုလုံးအား စကျင်ကျောက်များဖြင့် တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း၊ ၎င်းကဲ့သို့ ကြီးကျယ်ခမ်းနား ဗိသုကာလက်ရာမြောက်စွာ တည်ဆောက်ခဲ့မှုသည် အခြား မည်သည့်နေရာတွင်မျှမရှိနိုင်ကြောင်း၊ စကျင်ကျောက်တော်ကြီး ပေါ်ထွန်းလာနိုင်မှု၊ စနစ်တကျကြီးကြပ်ကွပ်ကဲနိုင်မှုနှင့် ကာလဒေသတို့အရလည်း ၎င်းကဲ့သို့ ထပ်မံ တည်ဆောက်ရန်မဖြစ်နိုင်ကြောင်း၊ စကျင်ကျောက်ဆိုသည်မှာ မြန်မာ့ထုံးတမ်း စဉ်လာအရ ရတနာတန်းဝင် အဖိုးတန်ကျောက်ဖြစ်ပြီး လာရောက်ဖူးမြော်သူများ အနေဖြင့် ငြိမ်းချမ်းမှု၊ အေးမြမှု၊ ဂုဏ်ကျက်သရေရှိမှုစသော ဂုဏ်သတ္တိများကို ရရှိနိုင် ကြောင်း၊ ထို့ကြောင့် ပျက်ဆီးမှုများမရှိစေရေး စနစ်တကျဖြင့် အသေးအဖွဲ့မှအစ အ‌လေးထားထိန်းသိမ်း ဆောင်ရွက်သွားကြရန်လိုကြောင်း၊ စကျင်ကျောက်များဖြင့် ထုဆစ်ထားခြင်းဖြစ်သဖြင့် အမြဲသန့်ရှင်း မှုများရှိစေရေး ထိန်းသိမ်းဆောင်ရွက်နေရန် လိုကြောင်း၊ ထိန်းသိမ်းမှုများ ဆောင်ရွက်ရာတွင် လိုအပ်နိုင်မည့်ပစ္စည်းများကိုလည်း အရန်ထားရှိ၍ လိုအပ်သည့် အချိန်တွင် အချိန်နှင့် တစ်ပြေးညီ ပြင်ဆင်ဆောင်ရွက်နိုင် ရန်လိုကြောင်း။

ထိန်းသိမ်းမှုများဆောင်ရွက်ရာတွင် လိုအပ်ချက်များကို ကြိုတင်တွက်ချက် စဉ်း စားထားရန်လိုကြောင်း၊ လုံခြုံရေး၊ ထိန်းသိမ်းရေးလုပ်ငန်းများဆောင်ရွက်ခြင်း၊ လျှပ်စစ်မီးများ အသုံးပြုခြင်းများအတွက် ဝန်ထမ်းများခန့်ထားရန်လိုကြောင်း၊ ယင်းတို့ အတွက် ကုန်ကျစရိတ်များ စီမံဆောင်ရွက်ထားရန်လိုကြောင်း၊ ဆက်လက်လုပ်ဆောင် ရန်လုပ်ငန်းများလည်း ကျန်ရှိသကဲ့သို့ လိုအပ်သည့် ယာဉ်ယန္တရားအပိုပစ္စည်းများ ဖြည့်တင်းရန်လည်းလိုအပ်ကြောင်း၊ အချို့နိုင်ငံများရှိဘုရားများ၌လည်း ဝင်ကြေးများ ပေးဆောင်၍ ဝင်ကြရခြင်းဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် သာမန်ပြည်သူများဖူးမြော် နိုင်သည့် သတ်မှတ်နှုန်းထားများကိုသာ သတ်မှတ်ပေးထားခြင်းဖြစ်ကြောင်း၊ ဘုရား ကြီး ထိန်းသိမ်းရေးလုပ်ငန်းများဆောင်ရွက်ရန်အတွက် ဂေါပကအဖွဲ့များ ဖွဲ့စည်း တာဝန်ပေးအပ် ဆောင်ရွက်ရန်လိုကြောင်း၊ ဂေါပကအဖွဲ့ ဖွဲ့စည်းရာတွင်လည်း သတ်မှတ်စည်းမျဉ်း စည်းကမ်းများနှင့်အညီ ခန့်အပ်နိုင်ရေးအတွက် စဉ်းစားဆောင် ရွက်ကြရန်လိုကြောင်း။

ဘုရားကြီး ပတ်ဝန်းကျင် သန့်ရှင်းသာယာလှပရေးနှင့် အမြဲစိမ်းလန်းစိုပြေနေစေ ရေးအတွက် ထိန်းသိမ်းခြင်းလုပ်ငန်းများကို စနစ်တကျဖြင့် ဆောင်ရွက်နေရန် လိုကြောင်း၊ စိုက်ပျိုးထားသည့် မဟာဗောဓိညောင်ပင်အပါအဝင် အခြားသစ်ပင်များ အမြဲရှင်သန်ဖြစ်ထွန်းနေစေရေး ဆောင်ရွက်နေရန်လိုကြောင်း၊ သာသနိကအဆောက် အဦများ ထိန်းသိမ်းပြင်ဆင်ဆောင်ရွက်ခြင်းများကိုလည်း စနစ်တကျဖြင့်ဆောင်ရွက် နိုင်ရန်လိုကြောင်း၊ လုပ်ငန်းများ အားလုံးကို စနစ်တကျဖြင့်စဉ်းစားစီမံခန့်ခွဲဆောင် ရွက်နိုင်ရန်အတွက် ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်ပေးရန်လည်းလိုကြောင်း၊ ထို့ကြောင့် ကမ္ဘာ့အထင်ကရဖြစ်သည့် မာရဝိဇယ ကျောက်ဆစ်ဗုဒ္ဓရုပ်ပွား တော်မြတ် ကြီး ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် ဆောင်ရွက်နိုင်မည့်အခြေအနေများကို ဆွေးနွေးတင်ပြစေလိုကြောင်းဖြင့်ပြောကြားခဲ့ပါသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ အကြံပေးပုဂ္ဂိုလ် ဒုတိယ ဗိုလ်ချုပ်ကြီး ညိုစော က မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး နေရောင်လရောင်ပမာ ထွန်းလင်းတောက်ပ၊ တန်ခိုးတော်ကြီးမားကမ္ဘာတည်သရွေ့ နှစ်ပေါင်းရှည်ကြာစွာ တည်တံ့နေစေရန်နှင့် ထေရဝါဒ ဗုဒ္ဓသာသနာတော်ကြီး ပြန့်ပွားစည်ပင် တိုင်းပြည်အေး ချမ်းသာယာ တိုးတက်စည်ကားစေရန် ရည်ရွယ်လျက် ထိန်းသိမ်းစောင့်ရှောက်ခြင်း၊ ပြုပြင်မွန်းမံခြင်း၊ စီမံခန့်ခွဲခြင်းဆိုင်ရာ လုပ်ငန်းများအား စနစ်တကျဆောင်ရွက်နိုင်ရန် ဖွဲ့စည်းစီမံဆောင်ရွက်ခြင်းဆိုင်ရာများ၊ အနယ်နယ်အရပ်ရပ်မှ ရဟန်းရှင်လူ၊ ဝန်ထမ်း၊ ကျောင်းသား၊ ကျောင်းသူများ နေ့အလိုက်လာရောက်ဖူးမြော် ကြည်ညိုလျက်ရှိမှုနှင့် စေတနာသဒ္ဒါတရားထက်သန်စွာဖြင့် အလှူငွေများ လှူဒါန်းလျက်ရှိမှု၊ E-Ticket ဝင်ခွင့် လက်မှတ်ဖြင့် ဆောင်ရွက်နိုင်ရေး စီမံဆောင်ရွက်လျက်ရှိမှု၊ ငွေကြေးကောက်ခံရန် စီစဉ် ဆောင်ရွက်ထားရှိမှု၊ ရဟန်း၊ သံဃာ၊ သီလရှင်များ၊ ကျောင်းအစီအစဉ်ဖြင့်လာ ရောက်သည့် ကျောင်းသား၊ ကျောင်းသူများကို အခမဲ့ ဖူးမြော်ခွင့်နှင့် ဝန်ထမ်းများအား ဝန်ထမ်းကဒ်ဖြင့် ၅၀ ရာခိုင်နှုန်းလျှော့ချကောက်ခံရန်ဆောင်ရွက်ထားရှိမှု၊ မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး နှင့်တကွကျောက်စာရုံ ဘုရားစေတီများအပါအဝင် တန်ဖိုး မဖြတ်နိုင်လောက်သည့် သာသနိက အဆောက်အဦများ နေရောင်လရောင်ပမာ ထွန်းလင်းတောက်ပ ကမ္ဘာတည်သရွေ့ နှစ်ပေါင်းရှည်ကြာစွာ တည်တံ့စေရေး၊ တိုး တက်စည်ပင်အောင်ဆောင်ရွက်နိုင်ရေးနှင့် ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ ဗုဒ္ဓသန္တက ပစ္စည်းများကို ထိန်းသိမ်းဆောင်ရွက်ခြင်း၊ အကျိုးရှိစွာအသုံးပြုခြင်း၊ စီမံခန့်ခွဲခြင်း စသည့် လုပ်ငန်းများဆောင်ရွက်ရာတွင် ဦးဆောင်မှုပေးခြင်း၊ အကောင်အထည်ဖော် ဆောင်ရွက်ခြင်းတို့ ဆောင်ရွက်နိုင်ရန်အတွက် မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ဩဝါဒါစရိယ ဆရာတော်ကြီးများအဖွဲ့၊ နာယကအဖွဲ့၊ ထိန်းသိမ်းစောင့်ရှောက်ရေး ဦးစီးကော်မတီ၊ ဂေါပကအဖွဲ့၊ ဂေါပကအကြံပေးအဖွဲ့၊ အထောက်အကူပြုအဖွဲ့များ ဖွဲ့ စည်းခြင်းနှင့် လုံခြုံရေးဆိုင်ရာများနှင့် ဘုရားကြီး ဝေယျာဝစ္စနှင့်ဆက်စပ်လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် စီမံဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြသည်။

ယင်းနောက် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီးကျော်စွာ လင်းက ဂေါပကအဖွဲ့များဖွဲ့စည်းခြင်း၊ ကဏ္ဍများအလိုက် လိုအပ်သည့်ဌာနများ ဖွဲ့စည်း ရန်လျာထားမှု များကိုလည်းကြောင်း၊ ဗိုလ်မှူးချုပ်ဇော်နိုင်ဦးက ရေပန်းရင်ပြင်နှင့် ကျောက်စာရုံများအား Drone ဖြင့် 360 ဒီဂရီဗီဒီယိုမှတ်တမ်းရိုက်ကူးထားရှိမှု၊ ရဟန္တာ ကျောင်းဆောင်တော် ၂ ဆောင် ဆောက်လုပ်ရန် လျာထားဆောင်ရွက်နေမှု၊ ဂန္ဓကုဋိ တိုက်အပြင်ဘက်တွင် အင်္ဂတေစိန်တောင် တည်ဆောက်ခြင်းလုပ်ငန်းများဆောင်ရွက် နေမှု၊ အာရုံခံတန်ဆောင်း ၂ ဆောင်တည်ဆောက်နေမှု၊ လက်ဆေးဘေစင်များတပ်ဆင် ပြီးစီးမှု၊ မော်ကွန်းတိုက်အတွင်း ပစ္စည်းများထည့်သွင်းပြသထားရှိမှု၊ ဆွမ်းစားဆောင် တည်ဆောက်ခြင်းလုပ်ငန်းများဆောင်ရွက်လျက်ရှိမှု၊ ရေပန်းရင်ပြင်စကျင်ကျောက်ပြား ခင်းခြင်းလုပ်ငန်းများဆောင်ရွက်လျက်ရှိမှု၊ မုခ်ဦးများ၌ လက်မှတ်အရောင်းဌာနများ တည်ဆောက်ရန်လျားထားမှု၊ ရေပန်းဝိုင်းအလှူရှင်ကမ္ပည်းများတပ်ဆင်ရန်လျာထားမှု၊ ပန်းအလှပင်နှင့် အရိပ်ရလေကာပင်များ စိုက်ပျိုးထားရှိမှုနှင့် ဆက်လက်စိုက်ပျိုးနေသည့် အခြေအနေများ၊ ဘုရားဖူးလာပြည်သူများအဆင်ပြေစေရေးအတွက် သန့်ရှင်းရေးနှင့် စောင့်ကြည့်ဝန်ထမ်းအဖွဲ့များဖြင့် ဆောင်ရွက်လျက်ရှိမှု၊ ဘုရားကြီးသန့်ရှင်း သာယာလှပရေးအတွက် စနစ်တကျဖြင့်ဆောင်ရွက်လျက်ရှိမှုအခြေအနေများကိုလည်း ကောင်း ရှင်းလင်းတင်ပြသည်။

၎င်းနောက် ဆောက်လုပ်ရေးဝန်ကြီး ဦးမျိုးသန့်က အမြန်လမ်းမှ ဘုရားကြီးသို့ အဝင်လမ်း ဆောင်ရွက်ထားရှိမှုနှင့် လုံခြုံရေးဂိတ်၊ စစ်ဆေးရေးဂိတ်များ တည်ဆောက် ပြီးစီးမှုအခြေအနေများကိုလည်းကောင်း၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး က မြတ်မင်္ဂလာလမ်း အဆင့်မြှင်တင်နိုင်ရေးဆောင်ရွက်မည့် အခြေအနေများကိုလည်း ကောင်း၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး ကံမြင့်သန်းက နည်းပညာမှတ်တမ်းစာအုပ်နှင့် ဒီဇိုင်းပိုင်းဆိုင်ရာမှတ်တမ်းစာအုပ်များ ပြုစုဆောင်ရွက် ထားရှိမှု၊ ဘုရားကြီးရေရှည်တည်တံ့ခိုင်မြဲစေရေး ဆောင်ရွက်သွားရမည့်အချက်များနှင့် နည်လမ်းများ ပြုစုဆောင်ရွက်ထားရှိမှုတို့ကိုလည်းကောင်း၊ သာသနာရေးနှင့်ယဉ်ကျေး မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးထွန်းက မာရဝိဇယဘုရားကြီး ဩဝါဒါစရိယ ဆရာတော်ကြီးများအဖွဲ့ဖွဲ့စည်းခြင်းကိုလည်းကောင်း၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ်ဝေလင်းက လုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုအခြေအနေများကိုလည်းကောင်း ရှင်းလင်းတင်ပြသည်။

ရှင်းလင်းတင်ပြမှုများအပေါ် ဦးဆောင်ဘုရားဒါယကာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ဘုရားကြီးအတွင်းသို့ စည်းကမ်းမဲ့ဝင်ရောက် မှုများမရှိစေရေး ဆောင်ရွက်ရန်လိုကြောင်း၊ ဝန်ထမ်းများ သွားလာမှုအဆင်ပြေစေရေး အတွက်လည်း စဉ်းစားဆောင်ရွက်ရန်လိုကြောင်း၊ လျှပ်စစ်မီးသုံးစွဲမှုသက်သာစေရေး အတွက်လည်း စဉ်းစားဆောင်ရွက်ရန်လိုကြောင်း၊ လျှပ်စစ်မီးသုံးစွဲမှုကို လျှော့ချပေး နိုင်ရန်အတွက် နေရောင်ခြည်စွမ်းအင်သုံးလျှပ်စစ်မီးများကိုလည်း တပ်ဆင်ပေးထား ကြောင်း၊ သောက်သုံးရေများလည်း စဉ်ဆက်မပြတ်ရရှိအောင် စဉ်းစားဆောင်ရွက်ရန် လိုကြောင်း၊ ဘုရားကြီးပတ်ဝန်းကျင်စိမ်းလန်းသာယာစိုပြေစေရေးအတွက် စိုက်ပျိုး ထားသည့် သစ်ပင်များ ရှင်သန်ဖြစ်ထွန်းအောင်ဆောင်ရွက်ရန်နှင့် မြက်ဖြတ်ခြင်းများ ကိုလည်း စနစ်တကျဖြင့်ဆောင်ရွက်နေရန်လိုကြောင်း၊ ဘုရားဖူးကားများစနစ်တကျ ရှိစေရေးအတွက်လည်း ဆောင်ရွက်ရန်လိုကြောင်း၊ ရဟန်းသံဃာများ၊ သီလရှင်များနှင့် ကျောင်းသား၊ ကျောင်းသူများ ကို အခမဲ့ဖူးမြော်ခွင့်ပေးသွားမည်ဖြစ်ပြီး ဝန်ထမ်းများ ကိုလည်း ၅၀ ရာခိုင်နှုန်း လျှော့ချကောက်ခံပေးသွားမည်ဖြစ်ကြောင်း၊ ဘုရားကြီး တည် တံ့ခိုင်မြဲရေးနှင့်သန့်ရှင်းသာယာလှပရေးအတွက် လိုအပ်သည့်လုပ်ငန်းများဆောင်ရွက် နိုင်ရန် လိုအပ်သည့်ငွေကြေးများရရှိရေး စက်တင်ဘာ ၃ ရက်နောက်ပိုင်းတွင် ဝင်ကြေးငွေ ကောက်ခံသွားမည်ဖြစ်ကြောင်း၊ ရရှိသည့် အခြေအနေအပေါ်မူတည်ပြီး သုံးသပ်ဆောင်ရွက်သွားကြရန် ဖြစ်ကြောင်း ပြောကြားပြီး အခြားလိုအပ်သည်များ ကို လမ်းညွှန်မှာကြားသည်။

ယင်းနောက် အစည်းအဝေးအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ရင်ပြင်တော်ကြီးတွင် လည်းကောင်း၊ ဂန္ဓာကုဋိတိုက်များတွင်လည်းကောင်း၊ စိုက်ပျိုး ထားသည့် မဟာဗောဓိညောင်ပင် ပရိဝုဏ် အတွင်းတွင်လည်းကောင်း၊ ရေပန်းရင်ပြင် တွင်လည်းကောင်း၊ အဂ္ဂါဓိပတိသာသနာ့ဗိမာန်တော်ကြီးအတွင်း လည်းကောင်း လှည့်လည် ဖူးမြော်ကြည်ညိုကြပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံ တော် ဝန်ကြီးချုပ်သည် ဘုရားဖူးလာပြည်သူများကို ခင်မင်ရင်းနှီးစွာဖြင့် နှုတ်ဆက် ခဲ့သည်။

မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ဗုဒ္ဓါဘိသေကအနေကဇာတင်၍ ဗုဒ္ဓါဘိသိက် သွန်းလောင်းပူဇော်ခြင်း၊ ကျောက်စာရုံစေတီတော်များအား ရွှေထီးတော်တင်လှူ ပူဇော်ခြင်းနှင့် ရေစက်ချအောင်ပွဲမင်္ဂလာ ကုသိုလ်တော် မဟာမင်္ဂလာအခမ်းအနားများ ကို ဩဂုတ် ၁ ရက်တွင် စည်ကားသိုက်မြိုက်စွာဖြင့် ကျင်းပပြုလုပ်ခဲ့ပြီး ဩဂုတ် ၈ ရက် မှစတင်၍ ရဟန်းရှင်လူပြည်သူများဖူးမြော်ကြည်ညိုခွင့်ပေးခဲ့ကာ နေ့စဉ်နိုင်ငံ တစ်ဝန်း မှ ရဟန်းရှင်လူပြည်သူ ဘုရားဖူးလာပြည်သူများဖြင့် စည်းကားသိုက်မြိုက်လျက်ရှိ ပါသည်။

Zawgyi Version

ကမာၻေပၚရွိထိုင္ေတာ္မႈ ေက်ာက္ဆစ္ဗုဒၶ႐ုပ္ပြားေတာ္မ်ား အနက္ ဉာဏ္ေတာ္အျမင့္ဆုံးျဖစ္ေသာ မာရဝိဇယ ဗုဒၶ႐ုပ္ပြားေတာ္ျမတ္ႀကီး ႏွင့္ပတ္သက္သည့္ လုပ္ငန္းညႇိႏွိိုင္းအစည္းအေဝးက်င္းပ၊ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒ ႏိုင္ငံေတာ္ဝန္ႀကီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္ အနယ္နယ္အရပ္ရပ္မွ ဘုရားဖူးလာျပည္သူမ်ားကို ရင္းရင္းႏွီးႏွီးႏႈတ္ဆက္

ေနျပည္ေတာ္၊ ဩဂုတ္ – ၁၉

ျပည္ေထာင္စုနယ္ေျမ ေနျပည္ေတာ္၊ ဒကၡိဏသီရိၿမိဳ႕နယ္အတြင္း တည္ထား ကိုးကြယ္ထားရွိသည့္ ကမာၻေပၚရွိထိုင္ေတာ္မႈ ေက်ာက္ဆစ္ဗုဒၶ႐ုပ္ပြားေတာ္မ်ားအနက္ ဉာဏ္ေတာ္အျမင့္ဆုံးျဖစ္ေသာ မာရဝိဇယဗုဒၶ ႐ုပ္ပြားေတာ္ျမတ္ႀကီးႏွင့္ပတ္သက္ သည့္ လုပ္ငန္းညႇိႏွိိုင္းအစည္းအေဝးကို ယေန႔မြန္းလြဲပိုင္းတြင္ မာရဝိဇယဗုဒၶဥယ်ာဥ္ ေတာ္ အတြင္းရွိ မာရဝိဇယေဂါပကအဖြဲ႕႐ုံး၌ က်င္းပျပဳလုပ္သည္။

အစည္းအေဝးသို႔ ဦးေဆာင္ဘုရားဒါယကာ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ ဥကၠ႒ ႏိုင္ငံေတာ္ဝန္ႀကီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္၊ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ ေရး ေကာင္စီဥကၠ႒၏အႀကံေပးပုဂၢိဳလ္ ဒုတိယဗိုလ္ခ်ဳပ္ႀကီး ညိဳေစာ၊ ေဆာက္လုပ္ေရး ဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဦးမ်ိဳးသန႔္၊ စြမ္းအင္ဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဦးကိုကိုလြင္၊ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး(ၾကည္း)မွ ဒုတိယဗိုလ္ခ်ဳပ္ႀကီး ေက်ာ္စြာလင္း၊ ဒုတိယဗိုလ္ခ်ဳပ္ႀကီး ကံျမင့္သန္းႏွင့္ တပ္မေတာ္အရာရွိႀကီးမ်ား၊ ေနျပည္ေတာ္တိုင္း စစ္ဌာနခ်ဳပ္တိုင္းမႉး၊ သာသနာေရးႏွင့္ ယဥ္ေက်းမႈဝန္ႀကီးဌာန ဒုတိယဝန္ႀကီးႏွင့္ တာဝန္ရွိသူမ်ား တက္ေရာက္ၾကသည္။

ဦးစြာ ဦးေဆာင္ဘုရားဒါယကာ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ ဥကၠ႒ ႏိုင္ငံေတာ္ဝန္ႀကီးခ်ဳပ္က အမွာစကားေျပာၾကားရာတြင္ ေနျပည္ေတာ္သည္ ျမန္မာ ႏိုင္ငံ၏ၿမိဳ႕ေတာ္ျဖစ္ၿပီး အုပ္ခ်ဳပ္ေရး၏ဗဟိုခ်က္ျဖစ္သျဖင့္ ေနျပည္ေတာ္ တိုးတက္ ေအာင္ေဆာင္႐ြက္ၾကရမည္ျဖစ္ေၾကာင္း၊ ေနျပည္ေတာ္ကို ႏိုင္ငံ၏ၿမိဳ႕ေတာ္ပီသေအာင္ ေဆာင္႐ြက္ရန္လိုေၾကာင္း၊ ၂၀၁၇ ခုႏွစ္ေႏွာင္းပိုင္းတြင္ ယခင္ႏိုင္ငံေတာ္အႀကီးအကဲ ဗိုလ္ခ်ဳပ္မႉးႀကီး သန္းေ႐ႊက ဘုရားႀကီးတည္ထားကိုးကြယ္ရန္အတြက္ ၎ထံလႉဒါန္း ထားသည့္ စက်င္ေက်ာက္ေတာ္ႀကီးကို တပ္မေတာ္မွဦးေဆာင္၍ ဘုရားတည္ထားရန္ အတြက္ လႊဲအပ္ခဲ့ေၾကာင္း၊ ဘုရားႀကီးတည္ထားကိုးကြယ္ရာတြင္ ခမ္းခမ္းနားနားႏွင့္ အေကာင္းဆုံးျဖစ္ေစရန္ ႀကိဳတင္ေမွ်ာ္ေတြးၿပီး စဥ္းစားေဆာင္႐ြက္ခဲ့ေၾကာင္း၊ ဘုရားတည္ထားရန္ ေျမေနရာေ႐ြးခ်ယ္ေဆာင္႐ြက္မႈမ်ားကိုလည္း တစ္ပါတည္း လႉဒါန္းသည့္ ေျမေပၚတြင္ အေကာင္းဆုံးျဖစ္ေအာင္ ေဆာင္႐ြက္ခဲ့ေၾကာင္း၊ ယခင္မူလ အလႉရွင္မွလႉဒါန္းထားသည့္ ေက်ာက္တုံးေတာ္ႀကီးကို ဆင္းတုေတာ္ထုဆစ္ႏိုင္ေရး အေကာင္းဆုံးေက်ာက္သားရရွိမႈကို တြက္ခ်က္ခဲ့ၿပီး ဉာဏ္ေတာ္ ၆၃ ေပရွိသည့္ ဆင္းတုေတာ္ႀကီး ထုဆစ္ႏိုင္ရန္လိုအပ္သည့္ ေက်ာက္တုံးေတာ္ရရွိေရး ေဆာင္႐ြက္ခဲ့ ေၾကာင္း၊ အလားတူ ဂႏၶာကုဋိတိုက္မ်ားႏွင့္ သုဓမၼာဇရပ္မ်ားကိုလည္း ထည့္သြင္း တည္ေဆာက္ခဲ့ေၾကာင္း၊ ႐ုပ္ပြားေတာ္ျမတ္ႀကီး တည္ထားကိုးကြယ္ရာတြင္ ေက်ာက္ လုံးေတာ္ႀကီးအား ရတနာပုံေခတ္ဟန္ ဘူမိဖႆမုျဒာ ဆင္းတုေတာ္ႀကီးအျဖစ္တည္ ထားကိုးကြယ္ရန္ ေဆာင္႐ြက္ခဲ့ေၾကာင္း၊ ဩဝါဒါစရိယဆရာေတာ္ႀကီးမ်ား၏ ဩဝါဒ မိန႔္ၾကားခ်က္မ်ားအရ ဆ႒သဂၤါယနာမူ ပိဋကတ္က်မ္းစာမ်ားကို ကမာၻကပါသိရွိႏိုင္ ေရးအတြက္ စက်င္ေက်ာက္ခ်ပ္မ်ားေပၚ၌ ေခတ္မီစက္ကိရိယာမ်ား အသုံးျပဳၿပီး ပါဠိ အကၡရာ၊ Romanize Language တို႔ျဖင့္ ေက်ာက္စာေတာ္မ်ား တည္ထားေဆာင္႐ြက္ ခဲ့ေၾကာင္း။

မာရဝိဇယ ေက်ာက္ဆစ္႐ုပ္ပြားေတာ္ျမတ္ႀကီး တည္ထားကိုးကြယ္ခ်ိန္တြင္ အခက္အခဲအခ်ိဳ႕ ႀကဳံေတြ႕ခဲ့ရေသာ္လည္း လုပ္ငန္းမ်ားအဆင္ေျပေခ်ာေမြ႕စြာျဖင့္ ေအာင္ျမင္ၿပီးစီးခဲ့ေၾကာင္း၊ ဗုဒၶါဘိေသက အေနကဇာတင္သည့္ေန႔တြင္ ႐ုပ္ပြားေတာ္ တည္ေဆာက္ေရးအတြက္ ရရွိသည့္လႉဒါန္းေငြအစုစုကို စာရင္းပိတ္၍ ေရစက္ခ်လႉ ဒါန္းၿပီးျဖစ္ေၾကာင္း၊ မာရဝိဇယ ေက်ာက္ဆစ္ဗုဒၶ႐ုပ္ပြားေတာ္ျမတ္ႀကီးသည္ ကမာၻ ေပၚရွိ ထိုင္ေတာ္မူ ေက်ာက္ဆစ္ဗုဒၶ႐ုပ္ပြားေတာ္မ်ားအနက္ ဉာဏ္ေတာ္အျမင့္ဆုံးျဖစ္ ေၾကာင္း၊ ဆင္းတုေတာ္ႀကီး ၾကည္ညိဳသပၸါယ္ဖြယ္ ျဖစ္ေစေရးအတြက္ တည္ေဆာက္ ေရးလုပ္ငန္းမ်ားကိုေဆာင္႐ြက္ရာတြင္ အႏုပညာလက္ရာမ်ားကိုလည္း အျမင့္ဆုံး၊ အေကာင္းဆုံးျဖစ္ေအာင္ ေဆာင္႐ြက္ခဲ့ေၾကာင္း၊ မာရဝိဇယဗုဒၶ႐ုပ္ပြားေတာ္ျမတ္ႀကီး အပါအဝင္ သာသနိကအေဆာက္အဦမ်ား၊ ရင္ျပင္ေတာ္မ်ားႏွင့္ ဘုရားပရိဝုဏ္ေတာ္ ႀကီးတစ္ခုလုံးအား စက်င္ေက်ာက္မ်ားျဖင့္ တည္ေဆာက္ခဲ့ျခင္းျဖစ္ေၾကာင္း၊ ၎ကဲ့သို႔ ႀကီးက်ယ္ခမ္းနား ဗိသုကာလက္ရာေျမာက္စြာ တည္ေဆာက္ခဲ့မႈသည္ အျခား မည္သည့္ေနရာတြင္မွ်မရွိႏိုင္ေၾကာင္း၊ စက်င္ေက်ာက္ေတာ္ႀကီး ေပၚထြန္းလာႏိုင္မႈ၊ စနစ္တက်ႀကီးၾကပ္ကြပ္ကဲႏိုင္မႈႏွင့္ ကာလေဒသတို႔အရလည္း ၎ကဲ့သို႔ ထပ္မံ တည္ေဆာက္ရန္မျဖစ္ႏိုင္ေၾကာင္း၊ စက်င္ေက်ာက္ဆိုသည္မွာ ျမန္မာ့ထုံးတမ္း စဥ္လာအရ ရတနာတန္းဝင္ အဖိုးတန္ေက်ာက္ျဖစ္ၿပီး လာေရာက္ဖူးေျမာ္သူမ်ား အေနျဖင့္ ၿငိမ္းခ်မ္းမႈ၊ ေအးျမမႈ၊ ဂုဏ္က်က္သေရရွိမႈစေသာ ဂုဏ္သတၱိမ်ားကို ရရွိႏိုင္ ေၾကာင္း၊ ထို႔ေၾကာင့္ ပ်က္ဆီးမႈမ်ားမရွိေစေရး စနစ္တက်ျဖင့္ အေသးအဖြဲ႕မွအစ အ‌ေလးထားထိန္းသိမ္း ေဆာင္႐ြက္သြားၾကရန္လိုေၾကာင္း၊ စက်င္ေက်ာက္မ်ားျဖင့္ ထုဆစ္ထားျခင္းျဖစ္သျဖင့္ အၿမဲသန႔္ရွင္း မႈမ်ားရွိေစေရး ထိန္းသိမ္းေဆာင္႐ြက္ေနရန္ လိုေၾကာင္း၊ ထိန္းသိမ္းမႈမ်ား ေဆာင္႐ြက္ရာတြင္ လိုအပ္ႏိုင္မည့္ပစၥည္းမ်ားကိုလည္း အရန္ထားရွိ၍ လိုအပ္သည့္ အခ်ိန္တြင္ အခ်ိန္ႏွင့္ တစ္ေျပးညီ ျပင္ဆင္ေဆာင္႐ြက္ႏိုင္ ရန္လိုေၾကာင္း။

ထိန္းသိမ္းမႈမ်ားေဆာင္႐ြက္ရာတြင္ လိုအပ္ခ်က္မ်ားကို ႀကိဳတင္တြက္ခ်က္ စဥ္း စားထားရန္လိုေၾကာင္း၊ လုံၿခဳံေရး၊ ထိန္းသိမ္းေရးလုပ္ငန္းမ်ားေဆာင္႐ြက္ျခင္း၊ လွ်ပ္စစ္မီးမ်ား အသုံးျပဳျခင္းမ်ားအတြက္ ဝန္ထမ္းမ်ားခန႔္ထားရန္လိုေၾကာင္း၊ ယင္းတို႔ အတြက္ ကုန္က်စရိတ္မ်ား စီမံေဆာင္႐ြက္ထားရန္လိုေၾကာင္း၊ ဆက္လက္လုပ္ေဆာင္ ရန္လုပ္ငန္းမ်ားလည္း က်န္ရွိသကဲ့သို႔ လိုအပ္သည့္ ယာဥ္ယႏၲရားအပိုပစၥည္းမ်ား ျဖည့္တင္းရန္လည္းလိုအပ္ေၾကာင္း၊ အခ်ိဳ႕ႏိုင္ငံမ်ားရွိဘုရားမ်ား၌လည္း ဝင္ေၾကးမ်ား ေပးေဆာင္၍ ဝင္ၾကရျခင္းျဖစ္ေၾကာင္း၊ မိမိတို႔အေနျဖင့္ သာမန္ျပည္သူမ်ားဖူးေျမာ္ ႏိုင္သည့္ သတ္မွတ္ႏႈန္းထားမ်ားကိုသာ သတ္မွတ္ေပးထားျခင္းျဖစ္ေၾကာင္း၊ ဘုရား ႀကီး ထိန္းသိမ္းေရးလုပ္ငန္းမ်ားေဆာင္႐ြက္ရန္အတြက္ ေဂါပကအဖြဲ႕မ်ား ဖြဲ႕စည္း တာဝန္ေပးအပ္ ေဆာင္႐ြက္ရန္လိုေၾကာင္း၊ ေဂါပကအဖြဲ႕ ဖြဲ႕စည္းရာတြင္လည္း သတ္မွတ္စည္းမ်ဥ္း စည္းကမ္းမ်ားႏွင့္အညီ ခန႔္အပ္ႏိုင္ေရးအတြက္ စဥ္းစားေဆာင္ ႐ြက္ၾကရန္လိုေၾကာင္း။

ဘုရားႀကီး ပတ္ဝန္းက်င္ သန႔္ရွင္းသာယာလွပေရးႏွင့္ အၿမဲစိမ္းလန္းစိုေျပေနေစ ေရးအတြက္ ထိန္းသိမ္းျခင္းလုပ္ငန္းမ်ားကို စနစ္တက်ျဖင့္ ေဆာင္႐ြက္ေနရန္ လိုေၾကာင္း၊ စိုက္ပ်ိဳးထားသည့္ မဟာေဗာဓိေညာင္ပင္အပါအဝင္ အျခားသစ္ပင္မ်ား အၿမဲရွင္သန္ျဖစ္ထြန္းေနေစေရး ေဆာင္႐ြက္ေနရန္လိုေၾကာင္း၊ သာသနိကအေဆာက္ အဦမ်ား ထိန္းသိမ္းျပင္ဆင္ေဆာင္႐ြက္ျခင္းမ်ားကိုလည္း စနစ္တက်ျဖင့္ေဆာင္႐ြက္ ႏိုင္ရန္လိုေၾကာင္း၊ လုပ္ငန္းမ်ား အားလုံးကို စနစ္တက်ျဖင့္စဥ္းစားစီမံခန႔္ခြဲေဆာင္ ႐ြက္ႏိုင္ရန္အတြက္ ႀကိဳတင္ျပင္ဆင္မႈမ်ား ေဆာင္႐ြက္ေပးရန္လည္းလိုေၾကာင္း၊ ထို႔ေၾကာင့္ ကမာၻ႔အထင္ကရျဖစ္သည့္ မာရဝိဇယ ေက်ာက္ဆစ္ဗုဒၶ႐ုပ္ပြား ေတာ္ျမတ္ ႀကီး ေရရွည္တည္တံ့ခိုင္ၿမဲေရးအတြက္ ေဆာင္႐ြက္ႏိုင္မည့္အေျခအေနမ်ားကို ေဆြးေႏြးတင္ျပေစလိုေၾကာင္းျဖင့္ေျပာၾကားခဲ့ပါသည္။

ထို႔ေနာက္ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒၏ အႀကံေပးပုဂၢိဳလ္ ဒုတိယ ဗိုလ္ခ်ဳပ္ႀကီး ညိဳေစာ က မာရဝိဇယဗုဒၶ႐ုပ္ပြားေတာ္ျမတ္ႀကီး ေနေရာင္လေရာင္ပမာ ထြန္းလင္းေတာက္ပ၊ တန္ခိုးေတာ္ႀကီးမားကမာၻတည္သေ႐ြ႕ ႏွစ္ေပါင္းရွည္ၾကာစြာ တည္တံ့ေနေစရန္ႏွင့္ ေထရဝါဒ ဗုဒၶသာသနာေတာ္ႀကီး ျပန႔္ပြားစည္ပင္ တိုင္းျပည္ေအး ခ်မ္းသာယာ တိုးတက္စည္ကားေစရန္ ရည္႐ြယ္လ်က္ ထိန္းသိမ္းေစာင့္ေရွာက္ျခင္း၊ ျပဳျပင္မြန္းမံျခင္း၊ စီမံခန႔္ခြဲျခင္းဆိုင္ရာ လုပ္ငန္းမ်ားအား စနစ္တက်ေဆာင္႐ြက္ႏိုင္ရန္ ဖြဲ႕စည္းစီမံေဆာင္႐ြက္ျခင္းဆိုင္ရာမ်ား၊ အနယ္နယ္အရပ္ရပ္မွ ရဟန္းရွင္လူ၊ ဝန္ထမ္း၊ ေက်ာင္းသား၊ ေက်ာင္းသူမ်ား ေန႔အလိုက္လာေရာက္ဖူးေျမာ္ ၾကည္ညိဳလ်က္ရွိမႈႏွင့္ ေစတနာသဒၵါတရားထက္သန္စြာျဖင့္ အလႉေငြမ်ား လႉဒါန္းလ်က္ရွိမႈ၊ E-Ticket ဝင္ခြင့္ လက္မွတ္ျဖင့္ ေဆာင္႐ြက္ႏိုင္ေရး စီမံေဆာင္႐ြက္လ်က္ရွိမႈ၊ ေငြေၾကးေကာက္ခံရန္ စီစဥ္ ေဆာင္႐ြက္ထားရွိမႈ၊ ရဟန္း၊ သံဃာ၊ သီလရွင္မ်ား၊ ေက်ာင္းအစီအစဥ္ျဖင့္လာ ေရာက္သည့္ ေက်ာင္းသား၊ ေက်ာင္းသူမ်ားကို အခမဲ့ ဖူးေျမာ္ခြင့္ႏွင့္ ဝန္ထမ္းမ်ားအား ဝန္ထမ္းကဒ္ျဖင့္ ၅၀ ရာခိုင္ႏႈန္းေလွ်ာ့ခ်ေကာက္ခံရန္ေဆာင္႐ြက္ထားရွိမႈ၊ မာရဝိဇယ ဗုဒၶ႐ုပ္ပြားေတာ္ျမတ္ႀကီး ႏွင့္တကြေက်ာက္စာ႐ုံ ဘုရားေစတီမ်ားအပါအဝင္ တန္ဖိုး မျဖတ္ႏိုင္ေလာက္သည့္ သာသနိက အေဆာက္အဦမ်ား ေနေရာင္လေရာင္ပမာ ထြန္းလင္းေတာက္ပ ကမာၻတည္သေ႐ြ႕ ႏွစ္ေပါင္းရွည္ၾကာစြာ တည္တံ့ေစေရး၊ တိုး တက္စည္ပင္ေအာင္ေဆာင္႐ြက္ႏိုင္ေရးႏွင့္ ဗုဒၶ႐ုပ္ပြားေတာ္ျမတ္ႀကီး၏ ဗုဒၶသႏၲက ပစၥည္းမ်ားကို ထိန္းသိမ္းေဆာင္႐ြက္ျခင္း၊ အက်ိဳးရွိစြာအသုံးျပဳျခင္း၊ စီမံခန႔္ခြဲျခင္း စသည့္ လုပ္ငန္းမ်ားေဆာင္႐ြက္ရာတြင္ ဦးေဆာင္မႈေပးျခင္း၊ အေကာင္အထည္ေဖာ္ ေဆာင္႐ြက္ျခင္းတို႔ ေဆာင္႐ြက္ႏိုင္ရန္အတြက္ မာရဝိဇယ ဗုဒၶ႐ုပ္ပြားေတာ္ျမတ္ႀကီး ဩဝါဒါစရိယ ဆရာေတာ္ႀကီးမ်ားအဖြဲ႕၊ နာယကအဖြဲ႕၊ ထိန္းသိမ္းေစာင့္ေရွာက္ေရး ဦးစီးေကာ္မတီ၊ ေဂါပကအဖြဲ႕၊ ေဂါပကအႀကံေပးအဖြဲ႕၊ အေထာက္အကူျပဳအဖြဲ႕မ်ား ဖြဲ႕ စည္းျခင္းႏွင့္ လုံၿခဳံေရးဆိုင္ရာမ်ားႏွင့္ ဘုရားႀကီး ေဝယ်ာဝစၥႏွင့္ဆက္စပ္လုပ္ငန္းမ်ား ေဆာင္႐ြက္ႏိုင္ရန္ စီမံေဆာင္႐ြက္ေနမႈမ်ားကို ရွင္းလင္းတင္ျပသည္။

ယင္းေနာက္ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး(ၾကည္း)မွ ဒုတိယဗိုလ္ခ်ဳပ္ႀကီးေက်ာ္စြာ လင္းက ေဂါပကအဖြဲ႕မ်ားဖြဲ႕စည္းျခင္း၊ က႑မ်ားအလိုက္ လိုအပ္သည့္ဌာနမ်ား ဖြဲ႕စည္း ရန္လ်ာထားမႈ မ်ားကိုလည္းေၾကာင္း၊ ဗိုလ္မႉးခ်ဳပ္ေဇာ္ႏိုင္ဦးက ေရပန္းရင္ျပင္ႏွင့္ ေက်ာက္စာ႐ုံမ်ားအား Drone ျဖင့္ 360 ဒီဂရီဗီဒီယိုမွတ္တမ္း႐ိုက္ကူးထားရွိမႈ၊ ရဟႏၲာ ေက်ာင္းေဆာင္ေတာ္ ၂ ေဆာင္ ေဆာက္လုပ္ရန္ လ်ာထားေဆာင္႐ြက္ေနမႈ၊ ဂႏၶကုဋိ တိုက္အျပင္ဘက္တြင္ အဂၤေတစိန္ေတာင္ တည္ေဆာက္ျခင္းလုပ္ငန္းမ်ားေဆာင္႐ြက္ ေနမႈ၊ အာ႐ုံခံတန္ေဆာင္း ၂ ေဆာင္တည္ေဆာက္ေနမႈ၊ လက္ေဆးေဘစင္မ်ားတပ္ဆင္ ၿပီးစီးမႈ၊ ေမာ္ကြန္းတိုက္အတြင္း ပစၥည္းမ်ားထည့္သြင္းျပသထားရွိမႈ၊ ဆြမ္းစားေဆာင္ တည္ေဆာက္ျခင္းလုပ္ငန္းမ်ားေဆာင္႐ြက္လ်က္ရွိမႈ၊ ေရပန္းရင္ျပင္စက်င္ေက်ာက္ျပား ခင္းျခင္းလုပ္ငန္းမ်ားေဆာင္႐ြက္လ်က္ရွိမႈ၊ မုခ္ဦးမ်ား၌ လက္မွတ္အေရာင္းဌာနမ်ား တည္ေဆာက္ရန္လ်ားထားမႈ၊ ေရပန္းဝိုင္းအလႉရွင္ကမၸည္းမ်ားတပ္ဆင္ရန္လ်ာထားမႈ၊ ပန္းအလွပင္ႏွင့္ အရိပ္ရေလကာပင္မ်ား စိုက္ပ်ိဳးထားရွိမႈႏွင့္ ဆက္လက္စိုက္ပ်ိဳးေန သည့္ အေျခအေနမ်ား၊ ဘုရားဖူးလာျပည္သူမ်ားအဆင္ေျပေစေရးအတြက္ သန႔္ရွင္း ေရးႏွင့္ ေစာင့္ၾကည့္ဝန္ထမ္းအဖြဲ႕မ်ားျဖင့္ ေဆာင္႐ြက္လ်က္ရွိမႈ၊ ဘုရားႀကီးသန႔္ရွင္း သာယာလွပေရးအတြက္ စနစ္တက်ျဖင့္ေဆာင္႐ြက္လ်က္ရွိမႈအေျခအေနမ်ားကိုလည္း ေကာင္း ရွင္းလင္းတင္ျပသည္။

၎ေနာက္ ေဆာက္လုပ္ေရးဝန္ႀကီး ဦးမ်ိဳးသန႔္က အျမန္လမ္းမွ ဘုရားႀကီးသို႔ အဝင္လမ္း ေဆာင္႐ြက္ထားရွိမႈႏွင့္ လုံၿခဳံေရးဂိတ္၊ စစ္ေဆးေရးဂိတ္မ်ား တည္ေဆာက္ ၿပီးစီးမႈအေျခအေနမ်ားကိုလည္းေကာင္း၊ ေနျပည္ေတာ္ေကာင္စီဥကၠ႒ ဦးသန္းထြန္းဦး က ျမတ္မဂၤလာလမ္း အဆင့္ျမႇင္တင္ႏိုင္ေရးေဆာင္႐ြက္မည့္ အေျခအေနမ်ားကိုလည္း ေကာင္း၊ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး(ၾကည္း)မွ ဒုတိယဗိုလ္ခ်ဳပ္ႀကီး ကံျမင့္သန္းက နည္းပညာမွတ္တမ္းစာအုပ္ႏွင့္ ဒီဇိုင္းပိုင္းဆိုင္ရာမွတ္တမ္းစာအုပ္မ်ား ျပဳစုေဆာင္႐ြက္ ထားရွိမႈ၊ ဘုရားႀကီးေရရွည္တည္တံ့ခိုင္ၿမဲေစေရး ေဆာင္႐ြက္သြားရမည့္ အခ်က္မ်ားႏွင့္ နည္လမ္းမ်ား ျပဳစုေဆာင္႐ြက္ထားရွိမႈတို႔ကိုလည္းေကာင္း၊ သာသနာေရးႏွင့္ယဥ္ေက်း မႈဝန္ႀကီးဌာန ဒုတိယဝန္ႀကီး ဦးေအးထြန္းက မာရဝိဇယဘုရားႀကီး ဩဝါဒါစရိယ ဆရာေတာ္ႀကီးမ်ားအဖြဲ႕ဖြဲ႕စည္းျခင္းကိုလည္းေကာင္း၊ ေနျပည္ေတာ္တိုင္းစစ္ဌာနခ်ဳပ္ တိုင္းမႉး ဗိုလ္မႉးခ်ဳပ္ ေဝလင္းက လုံၿခဳံေရးလုပ္ငန္းမ်ား ေဆာင္႐ြက္ထားရွိမႈအေျခ အေနမ်ားကိုလည္းေကာင္း ရွင္းလင္းတင္ျပသည္။

ရွင္းလင္းတင္ျပမႈမ်ားအေပၚ ဦးေဆာင္ဘုရားဒါယကာ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရး ေကာင္စီဥကၠ႒ ႏိုင္ငံေတာ္ဝန္ႀကီးခ်ဳပ္က ဘုရားႀကီးအတြင္းသို႔ စည္းကမ္းမဲ့ဝင္ေရာက္ မႈမ်ားမရွိေစေရး ေဆာင္႐ြက္ရန္လိုေၾကာင္း၊ ဝန္ထမ္းမ်ား သြားလာမႈအဆင္ေျပေစေရး အတြက္လည္း စဥ္းစားေဆာင္႐ြက္ရန္လိုေၾကာင္း၊ လွ်ပ္စစ္မီးသုံးစြဲမႈသက္သာေစေရး အတြက္လည္း စဥ္းစားေဆာင္႐ြက္ရန္လိုေၾကာင္း၊ လွ်ပ္စစ္မီးသုံးစြဲမႈကို ေလွ်ာ့ခ်ေပး ႏိုင္ရန္အတြက္ ေနေရာင္ျခည္စြမ္းအင္သုံးလွ်ပ္စစ္မီးမ်ားကိုလည္း တပ္ဆင္ေပးထား ေၾကာင္း၊ ေသာက္သုံးေရမ်ားလည္း စဥ္ဆက္မျပတ္ရရွိေအာင္ စဥ္းစားေဆာင္႐ြက္ရန္ လိုေၾကာင္း၊ ဘုရားႀကီးပတ္ဝန္းက်င္စိမ္းလန္းသာယာစိုေျပေစေရးအတြက္ စိုက္ပ်ိဳး ထားသည့္ သစ္ပင္မ်ား ရွင္သန္ျဖစ္ထြန္းေအာင္ေဆာင္႐ြက္ရန္ႏွင့္ ျမက္ျဖတ္ျခင္းမ်ား ကိုလည္း စနစ္တက်ျဖင့္ေဆာင္႐ြက္ေနရန္လိုေၾကာင္း၊ ဘုရားဖူးကားမ်ားစနစ္တက် ရွိေစေရးအတြက္လည္း ေဆာင္႐ြက္ရန္လိုေၾကာင္း၊ ရဟန္းသံဃာမ်ား၊ သီလရွင္မ်ားႏွင့္ ေက်ာင္းသား၊ ေက်ာင္းသူမ်ား ကို အခမဲ့ဖူးေျမာ္ခြင့္ေပးသြားမည္ျဖစ္ၿပီး ဝန္ထမ္းမ်ား ကိုလည္း ၅၀ ရာခိုင္ႏႈန္း ေလွ်ာ့ခ်ေကာက္ခံေပးသြားမည္ျဖစ္ေၾကာင္း၊ ဘုရားႀကီး တည္ တံ့ခိုင္ၿမဲေရးႏွင့္သန႔္ရွင္းသာယာလွပေရးအတြက္ လိုအပ္သည့္လုပ္ငန္းမ်ားေဆာင္႐ြက္ ႏိုင္ရန္ လိုအပ္သည့္ေငြေၾကးမ်ားရရွိေရး စက္တင္ဘာ ၃ ရက္ေနာက္ပိုင္းတြင္ ဝင္ေၾကးေငြ ေကာက္ခံသြားမည္ျဖစ္ေၾကာင္း၊ ရရွိသည့္ အေျခအေနအေပၚမူတည္ၿပီး သုံးသပ္ေဆာင္႐ြက္သြားၾကရန္ ျဖစ္ေၾကာင္း ေျပာၾကားၿပီး အျခားလိုအပ္သည္မ်ား ကို လမ္းၫႊန္မွာၾကားသည္။

ယင္းေနာက္ အစည္းအေဝးအၿပီးတြင္ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒ ႏိုင္ငံေတာ္ဝန္ႀကီးခ်ဳပ္ႏွင့္ အဖြဲ႕ဝင္မ်ားသည္ မာရဝိဇယ ဗုဒၶ႐ုပ္ပြားေတာ္ျမတ္ႀကီး ရင္ျပင္ေတာ္ႀကီးတြင္ လည္းေကာင္း၊ ဂႏၶာကုဋိတိုက္မ်ားတြင္လည္းေကာင္း၊ စိုက္ပ်ိဳး ထားသည့္ မဟာေဗာဓိေညာင္ပင္ ပရိဝုဏ္ အတြင္းတြင္လည္းေကာင္း၊ ေရပန္းရင္ျပင္ တြင္လည္းေကာင္း၊ အဂၢါဓိပတိသာသနာ့ဗိမာန္ေတာ္ႀကီးအတြင္း လည္းေကာင္း လွည့္လည္ ဖူးေျမာ္ၾကည္ညိဳၾကၿပီး ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒ ႏိုင္ငံ ေတာ္ ဝန္ႀကီးခ်ဳပ္သည္ ဘုရားဖူးလာျပည္သူမ်ားကို ခင္မင္ရင္းႏွီးစြာျဖင့္ ႏႈတ္ဆက္ ခဲ့သည္။

မာရဝိဇယဗုဒၶ႐ုပ္ပြားေတာ္ျမတ္ႀကီး ဗုဒၶါဘိေသကအေနကဇာတင္၍ ဗုဒၶါဘိသိက္ သြန္းေလာင္းပူေဇာ္ျခင္း၊ ေက်ာက္စာ႐ုံေစတီေတာ္မ်ားအား ေ႐ႊထီးေတာ္တင္လႉ ပူေဇာ္ျခင္းႏွင့္ ေရစက္ခ်ေအာင္ပြဲမဂၤလာ ကုသိုလ္ေတာ္ မဟာမဂၤလာအခမ္းအနားမ်ား ကို ဩဂုတ္ ၁ ရက္တြင္ စည္ကားသိုက္ၿမိဳက္စြာျဖင့္ က်င္းပျပဳလုပ္ခဲ့ၿပီး ဩဂုတ္ ၈ ရက္ မွစတင္၍ ရဟန္းရွင္လူျပည္သူမ်ားဖူးေျမာ္ၾကည္ညိဳခြင့္ေပးခဲ့ကာ ေန႔စဥ္ႏိုင္ငံ တစ္ဝန္း မွ ရဟန္းရွင္လူျပည္သူ ဘုရားဖူးလာျပည္သူမ်ားျဖင့္ စည္းကားသိုက္ၿမိဳက္လ်က္ရွိ ပါသည္။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။