နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ ၂၀၂၃ ခုနှစ်၊ တတိယအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲသို့ တက်ရောက်၍ ကံ့ကော်ပျိုးပင်အား ဦးဆောင် စိုက်ပျိုးပေး

နေပြည်တော်၊ စက်တင်ဘာ – ၅

၂၀၂၃ ခုနှစ်၊ တတိယအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ ဒက္ခိဏခရိုင်၊ လယ်ဝေးမြို့နယ်၊ ရန်အောင်မြင်ကြိုးဝိုင်း အကွက်အမှတ်(၁၃)အတွင်း ရန်ကုန်-မန္တလေး အမြန်လမ်း၊ မိုင်တိုင်အမှတ် ၂၀၄ မိုင် ၁ ဖာလုံမှ မာရဝိဇယဘုရား အဝင်လမ်းဝဲယာ၌ကျင်းပရာ နိုင်ငံတော်စီမံကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်၍ ကံ့ကော်ပျိုးပင်ကို ဦးဆောင်စိုက်ပျိုးပေးသည်။

အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်အတူ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယ ဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ အတွင်းရေးမှူး၊ တွဲဖက် အတွင်းရေးမှူး၊ ကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များနှင့်ပြည်ထောင်စု ဝန်ကြီးများ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ)၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှအဆင့်မြင့် တပ်မတော်အရာရှိကြီးများ၊ နေပြည်တော်တိုင်း စစ်ဌာနချုပ်တိုင်းမှူး၊ ဒုတိယဝန်ကြီးများနှင့် ဝန်ကြီးဌာနများမှ ဌာနဆိုင်ရာအရာထမ်း၊ အမှုထမ်းများ၊ သစ်တောနှင့် ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ်များနှင့် အခြေခံပညာ ကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများ၊ တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အမှာစကားပြောကြားရာ၌ ယနေ့သစ်ပင်စိုက်ပျိုးပွဲတွင် သစ်မျိုး ၁၅ မျိုး၊ အပင်ပေါင်း ၂၅၂၀ ပင်ကို စိုက်ပျိုးသွားမည်ဖြစ်ပါကြောင်း၊ သစ်ပင်များကို တစ်နိုင်ငံလုံး အရှိန်အဟုန်ဖြင့် နှစ်စဉ်စိုက်ပျိုးလျက်ရှိပြီး အခုနှစ်မိုးရာသီတွင် နိုင်ငံပိုင် သစ်တောစိုက်ခင်းများအပါအဝင် သစ်ပင်ပေါင်း ၂၄ ဒသမ ၆၂၉ သန်း စိုက်ပျိုး တည် ထောင်လျက်ရှိပါကြောင်း။

“ဥတုရာသီ တောကိုမှီ” ဆိုသည့်အတိုင်း သစ်ပင်သစ်တောများသည် သက်ရှိများ နေထိုင်ရာ ကမ္ဘာမြေကြီးသာယာလှပစေရုံသာမက သက်ရှိများ ကောင်းမွန်စွာ ရှင်သန် နိုင်ရန် များစွာပံ့ပိုးကူညီပေးနေပါကြောင်း၊ ထို့ပြင်ဇီဝမျိုးစုံမျိုးကွဲများကို ထိန်းသိမ်း ပေးပြီး ဂေဟစနစ်များကိုလည်း တည်ငြိမ်စေပါကြောင်း၊ ရာသီဥတုမျှတကောင်းမွန် စေပြီး မြေနှင့်ရေကို ထိန်းသိမ်းပေးခြင်းဖြင့် ရေကြီးခြင်း၊ မြေပြိုခြင်းနှင့် လေမုန်တိုင်း ကျရောက်ခြင်းစသည့် သဘာဝဘေးအန္တရာယ်များမှ ကာကွယ်ပေးပါကြောင်း၊ စားရေ ရိက္ခာ‌၊ ဆေးဝါးနှင့်သစ်တောထွက်ပစ္စည်းများကိုလည်း ထောက်ပံ့ပေးပါကြောင်း၊ သစ်တောများသည် လုပ်ငန်းကဏ္ဍအသီးသီးနှင့် ဆက်စပ်နေပြီး စီးပွားရေး၊ လူမှုရေး ဖွံ့ဖြိုးမှုနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးမဏ္ဍိုင် (၃) ရပ်ကို ဟန်ချက်ညီညီ ထိန်းညှိ ပေးပြီး ရေရှည်စဉ်ဆက်မပြတ်ဖွံ့ဖြိုးရေးအတွက် အထောက်အကူပြုသည့် အဓိကကဏ္ဍ တွင် ပါဝင်ပါကြောင်း။

၂၀၂၃ ခုနှစ်၊ မေ ၁၄ ရက်၌ ရခိုင်ပြည်နယ်တွင် တိုက်ခတ်ခဲ့သည့် မိုခါ မုန်တိုင်းကြောင့် စစ်တွေမြို့အပါအဝင် မုန်တိုင်းဒဏ်ခံခဲ့ရသည့် မြို့နယ် ၁၀ မြို့နယ်ကို ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင် တစ်ခုအပါအဝင်ဖြစ်သည် သစ်ပင်စိုက်ပျိုး ထိန်းသိမ်းခြင်းကို သဘာဝဘေးအန္တရာယ်များမှ ကြံ့ကြံ့ခံနိုင်ရန်အရှိန်အဟုန်ဖြင့် ဆောင်ရွက်ပေးနေသည်ကို အားလုံးအသိပင်ဖြစ်ပါကြောင်း၊ ထို့ကြောင့် သဘာဝ ဘေးအန္တရာယ်များ တားဆီးကာကွယ်နိုင်ရန်အတွက် သစ်တောပြုန်းတီးမှု လျော့နည်း ရေးနှင့် ကမ်းရိုးတန်းတစ်လျှောက် သဘာဝအစိမ်းရောင်တံတိုင်းများဖြစ်သည့် ဒီရေ တောနှင့် သစ်ပင်သစ်တောများကို အရှိန်အဟုန်မြှင့် စိုက်ပျိုးထိန်းသိမ်းရေး အထူး အလေးထားဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း။

ထို့ပြင် မိုးလေဝသခန့်မှန်းချက်များအရ ၂၀၂၃ ခုနှစ် စက်တင်ဘာလမှ ၂၀၂၄ ခုနှစ် မတ်လကာလအတွင်း အယ်လ်နီညိုဖြစ်စဉ်များ ကြုံတွေ့ရမည်ဟုသိရှိရပါ ကြောင်း၊ ယခင်အတွေ့အကြုံများအရ မိုးခေါင်ရေရှားခြင်းနှင့် ပူပြင်းခြောက်သွေ့ခြင်း များ ဖြစ်ပေါ်နိုင်သည့်အတွက် ပူပြင်းခြောက်သွေ့ဒဏ် ခံနိုင်မှုရှိစေရေးနှင့် ရေပြတ်လပ် မှုမရှိစေရေး ကဏ္ဍအလိုက် ကြိုတင်ပြင်ဆင်သွားကြရန်လည်း လိုအပ်ပါကြောင်း။

သစ်တောများအတွင်းရှိ သစ်ပင်များသာမက သစ်တောများ ပြင်ပတွင်ရှိနေသည့် သစ်ပင်သစ်တောများသည်လည်း အလွန်အရေးကြီးပါကြောင်း၊ “သစ်ပင်စိုက်မှ အရိပ်ရ၏၊ ရိပ်ခိုနားနေ အပန်းပြေ၏” ဆိုသည့်အတိုင်း ကျေးရွာ၊ မြို့ပြပတ်ဝန်းကျင် နေရာအသီးသီးတွင် စိမ်းလန်းစိုပြည်ပြီး အရိပ်အာဝါသရရှိစေရန် သစ်ပင်များရှင်သန် အောင် စိုက်ပျိုးထိန်းသိမ်းကြရန်လိုအပ်ပါကြောင်း၊ မြန်မာနိုင်ငံအတွင်း ဖောက်လုပ် ထားရှိသည့် အဓိကလမ်းမကြီးများဖြစ်သည့် အာဆီယံလမ်းမကြီးများ၊ ရန်ကုန်- မန္တလေး အမြန်လမ်းမကြီးနှင့် ရထားလမ်းများတစ်လျှောက် စိမ်းလန်းစိုပြည်ရန် သက် ဆိုင်ရာဝန်ကြီးဌာနများနှင့် ပူးပေါင်းပြီး သစ်ပင်များစိုက်ပျိုး ဆောင်ရွက်လျက်ရှိပါ ကြောင်း။

နိုင်ငံ၏လူဦးရေအများစုသည် ကျေးလက်ဒေသများတွင် နေထိုင်ကြခြင်းဖြစ် သည့်အတွက် ကျေးလက်ထင်းလောင်စာလိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ရေး ကျေးရွာ ထင်းစိုက်ခင်းများ စိုက်ပျိုးတည်ထောင်ရန်၊ နိုင်ငံနှင့်တစ်ဝန်း ကျေးရွာများတွင် ဒေသ အလိုက် သင့်တော်သည့်အရိပ်ရပင်များ၊ လေကာပင်များကို စဉ်ဆက်မပြတ်စိုက်ပျိုးရန်၊ တောင်ထိပ်၊ တောင်ကုန်းတောင်တန်းများ၊ သစ်ပင်သစ်တောများ ထိန်းသိမ်းရန်၊ သစ်ပင်များစိုက်ပျိုးရန်၊ မြစ်ချောင်းတစ်လျှောက် သစ်ပင်များစိုက်ပျိုး ထိန်းသိမ်းရန်၊ ကမ်းရိုးတန်း ဒီရေရောက်ဒေသများတွင် ဒီရေတောအပင်များ စိုက်ပျိုးတည်ထောင်ရန် စသည့် သစ်ပင်သစ်တော စိုက်ပျိုးထိန်းသိမ်းရေး လုပ်ငန်းများကို ထိထိရောက်ရောက် အောင်မြင်စေရန် ဆောင်ရွက်သွားကြရမည် ဖြစ်ပါကြောင်း။

သစ်ပင်စိုက်ပျိုးခြင်းသည် အကျိုးကျေးဇူးအမျိုးမျိုးကို ရရှိခံစားနိုင်ပြီး သစ်တော များက အထောက်အပံ့ပြုသည့် ပတ်ဝန်းကျင်ဆိုင်ရာ ဝန်ဆောင်မှုများက သက်ရှိ လောကအတွက် အလွန်ပင်အရေးပါလှပါကြောင်း၊ ထို့ကြောင့် နေပြည်တော်ကောင်စီ နယ်မြေအပါအဝင် နိုင်ငံတစ်ဝန်း မြို့ပြနှင့်ရပ်ရွာ၊ ကျေးလက်ဒေသအသီးသီးတွင် စိမ်းလန်းစိုပြည် သာယာစေရေးအတွက် သစ်ပင်သစ်တောများ၊ စိမ်းလန်းစိုပြည်သည့် သဘာဝမြေယာရှုခင်းများဖြစ်အောင် စဉ်ဆက်မပြတ် တိုးမြှင့်စိုက်ပျိုးတည်ထောင်ရေး အလေးထားဆောင်ရွက်ပေးကြရန်၊ နိုင်ငံရေရှည်ဖွံ့ဖြိုးတိုးတက်ရေး၊ စားရေရိက္ခာ ဖူလုံရေး၊ ရာသီဥတု ပြောင်းလဲဖောက်ပြန်မှုလျှော့ချရေးနှင့် သဘာဝဘေးအန္တရာယ် ကာကွယ်ရေးတို့အတွက် အလွန်အရေးပါသည့် သစ်ပင်သစ်တောများ၊ သစ်တောဂေဟ စနစ်ထိန်းသိမ်းရေး လုပ်ငန်းများကို ဘက်စုံကဏ္ဍစုံက ရှုမြင်သုံးသပ်ပြီး အမျိုးသားရေး တာဝန်တစ်ရပ်အနေဖြင့် ထိန်းသိမ်းကာကွယ် ဆောင်ရွက်သွားကြရန် တိုက်တွန်း နှိုးဆော်ပါကြောင်းဖြင့်ပြောကြားသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ကံ့ကော်ပျိုးပင်ကို သတ်မှတ်နေရာတွင် ဦးဆောင်စိုက်ပျိုးပေးသည်။

ယင်းနောက် အခမ်းအနားသို့ တက်ရောက်လာကြသည့် ဒုတိယဥက္ကဋ္ဌ ဒုတိယ ဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကောင်စီအတွင်းရေးမှူး၊ တွဲဖက်အတွင်း ရေးမှူး၊ ကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်မျာနှင့် ပြည်ထောင်စုဝန်ကြီး များ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်ကြီးများနှင့် ဝန်ကြီး ဌာနများမှ ဌာနဆိုင်ရာ အရာထမ်း၊ အမှုထမ်းများ၊ သစ်တောနှင့်ပတ်ဝန်းကျင်ဆိုင်ရာ တက္ကသိုလ်နှင့် အခြေခံ ပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများ၊ တာဝန်ရှိသူများသည် ပျိုးပင်များ ကို တစ်ပြိုင်တည်း စိုက်ပျိုးပေးကြသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များ သည် ၂၀၂၃ ခုနှစ်၊ တတိယအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ အခမ်းအနား သို့ တက်ရောက်လာကြသူများက ပျိုးပင်များအား တပျော်တပါးစိုက်ပျိုးနေမှုကို လှည့်လည်ကြည့်ရှု အားပေးကြသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် သည် မာရဝိဇယဗုဒ္ဓဥယျာဉ် ပရိဝုဏ်အတွင်း စိမ်းလန်းစိုပြေစေရေးအတွက် စိုက်ပျိုး ထားရှိသည့် လင်းလွန်းပင်၊ လုမ္ဗိနီအင်ကြင်းပင်နှင့် ကံ့ကော်ပင်စသည့် သစ်ပင်များ ရှင်သန်ဖြစ်ထွန်းလျက်ရှိမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် သစ်ပင်များ စဉ်ဆက်မပြတ်ရှင်သန်ဖြစ်ထွန်းစေရေးနှင့် ဘုရား ကြီး ပရိဝုဏ်အတွင်း စိမ်းလန်းစိုပြေမှုရှိစေရေး စနစ်တကျဖြင့် ထိန်းသိမ်းဆောင် ရွက်သွားရန် လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့သည်။

ယနေ့ကျင်းပပြုလုပ်သည့် ၂၀၂၃ ခုနှစ်၊ တတိယအကြိမ်မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားတွင် ကံ့ကော်၊ ခရေ၊ ကျွန်း၊ ပိတောက် စသည့်သစ်မျိုးများအပါဝင် သစ်မျိုး ၁၅ မျိုး၊ အပင်ပေါင်း ၂၅၂၀ ပင် ကို လူထုလှုပ်ရှားမှုအသွင်ဖြင့် စိုက်ပျိုးခဲ့ခြင်းဖြစ် ကြောင်း၊ သစ်ပင်များကိုတစ်နိုင်ငံလုံး အရှိန်အဟုန်ဖြင့် နှစ်စဉ်စိုက်ပျိုးလျက်ရှိပြီး အခုနှစ်မိုးရာသီတွင် နိုင်ငံပိုင်သစ်တောစိုက်ခင်းများအပါအဝင် သစ်ပင်ပေါင်း ၂၄ ဒသမ ၆၂၉ သန်း စိုက်ပျိုး တည်ထောင်ခဲ့ကြောင်း သိရှိရပါသည်။

Zawgyi Version

ေနျပည္ေတာ္၊ စက္တင္ဘာ – ၅

၂၀၂၃ ခုႏွစ္၊ တတိယအႀကိမ္ မိုးရာသီသစ္ပင္စိုက္ပ်ိဳးပြဲ အခမ္းအနားကို ယေန႔ နံနက္ပိုင္းတြင္ ျပည္ေထာင္စုနယ္ေျမ ေနျပည္ေတာ္၊ ဒကၡိဏခ႐ိုင္၊ လယ္ေဝးၿမိဳ႕နယ္၊ ရန္ေအာင္ျမင္ႀကိဳးဝိုင္း အကြက္အမွတ္(၁၃)အတြင္း ရန္ကုန္-မႏၲေလး အျမန္လမ္း၊ မိုင္တိုင္အမွတ္ ၂၀၄ မိုင္ ၁ ဖာလုံမွ မာရဝိဇယဘုရား အဝင္လမ္းဝဲယာ၌က်င္းပရာ ႏိုင္ငံေတာ္စီမံေကာင္စီဥကၠ႒ ႏိုင္ငံေတာ္ဝန္ႀကီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ တက္ေရာက္၍ ကံ့ေကာ္ပ်ိဳးပင္ကို ဦးေဆာင္စိုက္ပ်ိဳးေပးသည္။

အခမ္းအနားသို႔ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ ဥကၠ႒ ႏိုင္ငံေတာ္ဝန္ႀကီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ႏွင့္အတူ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ ဒုတိယ ဥကၠ႒ ဒုတိယဝန္ႀကီးခ်ဳပ္ ဒုတိယဗိုလ္ခ်ဳပ္မႉးႀကီး စိုးဝင္း၊ အတြင္းေရးမႉး၊ တြဲဖက္ အတြင္းေရးမႉး၊ ေကာင္စီအဖြဲ႕ဝင္မ်ား၊ ျပည္ေထာင္စုအဆင့္ပုဂၢိဳလ္မ်ားႏွင့္ျပည္ေထာင္စု ဝန္ႀကီးမ်ား ေနျပည္ေတာ္ေကာင္စီဥကၠ႒၊ ညႇိႏႈိင္းကြပ္ကဲေရးမႉး (ၾကည္း၊ ေရ၊ ေလ)၊ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံးမွအဆင့္ျမင့္ တပ္မေတာ္အရာရွိႀကီးမ်ား၊ ေနျပည္ေတာ္တိုင္း စစ္ဌာနခ်ဳပ္တိုင္းမႉး၊ ဒုတိယဝန္ႀကီးမ်ားႏွင့္ ဝန္ႀကီးဌာနမ်ားမွ ဌာနဆိုင္ရာအရာထမ္း၊ အမႈထမ္းမ်ား၊ သစ္ေတာႏွင့္ ပတ္ဝန္းက်င္ဆိုင္ရာတကၠသိုလ္မ်ားႏွင့္ အေျခခံပညာ ေက်ာင္းမ်ားမွ ေက်ာင္းသား၊ ေက်ာင္းသူမ်ား၊ တာဝန္ရွိသူမ်ား တက္ေရာက္ၾကသည္။

ဦးစြာ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒ ႏိုင္ငံေတာ္ဝန္ႀကီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က အမွာစကားေျပာၾကားရာ၌ ယေန႔သစ္ပင္စိုက္ပ်ိဳးပြဲတြင္ သစ္မ်ိဳး ၁၅ မ်ိဳး၊ အပင္ေပါင္း ၂၅၂၀ ပင္ကို စိုက္ပ်ိဳးသြားမည္ျဖစ္ပါေၾကာင္း၊ သစ္ပင္မ်ားကို တစ္ႏိုင္ငံလုံး အရွိန္အဟုန္ျဖင့္ ႏွစ္စဥ္စိုက္ပ်ိဳးလ်က္ရွိၿပီး အခုႏွစ္မိုးရာသီတြင္ ႏိုင္ငံပိုင္ သစ္ေတာစိုက္ခင္းမ်ားအပါအဝင္ သစ္ပင္ေပါင္း ၂၄ ဒသမ ၆၂၉ သန္း စိုက္ပ်ိဳး တည္ ေထာင္လ်က္ရွိပါေၾကာင္း။

“ဥတုရာသီ ေတာကိုမွီ” ဆိုသည့္အတိုင္း သစ္ပင္သစ္ေတာမ်ားသည္ သက္ရွိမ်ား ေနထိုင္ရာ ကမာၻေျမႀကီးသာယာလွပေစ႐ုံသာမက သက္ရွိမ်ား ေကာင္းမြန္စြာ ရွင္သန္ ႏိုင္ရန္ မ်ားစြာပံ့ပိုးကူညီေပးေနပါေၾကာင္း၊ ထို႔ျပင္ဇီဝမ်ိဳးစုံမ်ိဳးကြဲမ်ားကို ထိန္းသိမ္း ေပးၿပီး ေဂဟစနစ္မ်ားကိုလည္း တည္ၿငိမ္ေစပါေၾကာင္း၊ ရာသီဥတုမွ်တေကာင္းမြန္ ေစၿပီး ေျမႏွင့္ေရကို ထိန္းသိမ္းေပးျခင္းျဖင့္ ေရႀကီးျခင္း၊ ေျမၿပိဳျခင္းႏွင့္ ေလမုန္တိုင္း က်ေရာက္ျခင္းစသည့္ သဘာဝေဘးအႏၲရာယ္မ်ားမွ ကာကြယ္ေပးပါေၾကာင္း၊ စားေရ ရိကၡာ‌၊ ေဆးဝါးႏွင့္သစ္ေတာထြက္ပစၥည္းမ်ားကိုလည္း ေထာက္ပံ့ေပးပါေၾကာင္း၊ သစ္ေတာမ်ားသည္ လုပ္ငန္းက႑အသီးသီးႏွင့္ ဆက္စပ္ေနၿပီး စီးပြားေရး၊ လူမႈေရး ဖြံ႕ၿဖိဳးမႈႏွင့္ ပတ္ဝန္းက်င္ထိန္းသိမ္းေရးမ႑ိဳင္ (၃) ရပ္ကို ဟန္ခ်က္ညီညီ ထိန္းညႇိ ေပးၿပီး ေရရွည္စဥ္ဆက္မျပတ္ဖြံ႕ၿဖိဳးေရးအတြက္ အေထာက္အကူျပဳသည့္ အဓိကက႑ တြင္ ပါဝင္ပါေၾကာင္း။

၂၀၂၃ ခုႏွစ္၊ ေမ ၁၄ ရက္၌ ရခိုင္ျပည္နယ္တြင္ တိုက္ခတ္ခဲ့သည့္ မိုခါ မုန္တိုင္းေၾကာင့္ စစ္ေတြၿမိဳ႕အပါအဝင္ မုန္တိုင္းဒဏ္ခံခဲ့ရသည့္ ၿမိဳ႕နယ္ ၁၀ ၿမိဳ႕နယ္ကို ျပန္လည္ထူေထာင္ေရးလုပ္ငန္းမ်ားတြင္ တစ္ခုအပါအဝင္ျဖစ္သည္ သစ္ပင္စိုက္ပ်ိဳး ထိန္းသိမ္းျခင္းကို သဘာဝေဘးအႏၲရာယ္မ်ားမွ ႀကံ့ႀကံ့ခံႏိုင္ရန္အရွိန္အဟုန္ျဖင့္ ေဆာင္႐ြက္ေပးေနသည္ကို အားလုံးအသိပင္ျဖစ္ပါေၾကာင္း၊ ထို႔ေၾကာင့္ သဘာဝ ေဘးအႏၲရာယ္မ်ား တားဆီးကာကြယ္ႏိုင္ရန္အတြက္ သစ္ေတာျပဳန္းတီးမႈ ေလ်ာ့နည္း ေရးႏွင့္ ကမ္း႐ိုးတန္းတစ္ေလွ်ာက္ သဘာဝအစိမ္းေရာင္တံတိုင္းမ်ားျဖစ္သည့္ ဒီေရ ေတာႏွင့္ သစ္ပင္သစ္ေတာမ်ားကို အရွိန္အဟုန္ျမႇင့္ စိုက္ပ်ိဳးထိန္းသိမ္းေရး အထူး အေလးထားေဆာင္႐ြက္သြားၾကရန္ လိုအပ္ပါေၾကာင္း။

ထို႔ျပင္ မိုးေလဝသခန႔္မွန္းခ်က္မ်ားအရ ၂၀၂၃ ခုႏွစ္ စက္တင္ဘာလမွ ၂၀၂၄ ခုႏွစ္ မတ္လကာလအတြင္း အယ္လ္နီညိဳျဖစ္စဥ္မ်ား ႀကဳံေတြ႕ရမည္ဟုသိရွိရပါ ေၾကာင္း၊ ယခင္အေတြ႕အႀကဳံမ်ားအရ မိုးေခါင္ေရရွားျခင္းႏွင့္ ပူျပင္းေျခာက္ေသြ႕ျခင္း မ်ား ျဖစ္ေပၚႏိုင္သည့္အတြက္ ပူျပင္းေျခာက္ေသြ႕ဒဏ္ ခံႏိုင္မႈရွိေစေရးႏွင့္ ေရျပတ္လပ္ မႈမရွိေစေရး က႑အလိုက္ ႀကိဳတင္ျပင္ဆင္သြားၾကရန္လည္း လိုအပ္ပါေၾကာင္း။

သစ္ေတာမ်ားအတြင္းရွိ သစ္ပင္မ်ားသာမက သစ္ေတာမ်ား ျပင္ပတြင္ရွိေနသည့္ သစ္ပင္သစ္ေတာမ်ားသည္လည္း အလြန္အေရးႀကီးပါေၾကာင္း၊ “သစ္ပင္စိုက္မွ အရိပ္ရ၏၊ ရိပ္ခိုနားေန အပန္းေျပ၏” ဆိုသည့္အတိုင္း ေက်း႐ြာ၊ ၿမိဳ႕ျပပတ္ဝန္းက်င္ ေနရာအသီးသီးတြင္ စိမ္းလန္းစိုျပည္ၿပီး အရိပ္အာဝါသရရွိေစရန္ သစ္ပင္မ်ားရွင္သန္ ေအာင္ စိုက္ပ်ိဳးထိန္းသိမ္းၾကရန္လိုအပ္ပါေၾကာင္း၊ ျမန္မာႏိုင္ငံအတြင္း ေဖာက္လုပ္ ထားရွိသည့္ အဓိကလမ္းမႀကီးမ်ားျဖစ္သည့္ အာဆီယံလမ္းမႀကီးမ်ား၊ ရန္ကုန္- မႏၲေလး အျမန္လမ္းမႀကီးႏွင့္ ရထားလမ္းမ်ားတစ္ေလွ်ာက္ စိမ္းလန္းစိုျပည္ရန္ သက္ ဆိုင္ရာဝန္ႀကီးဌာနမ်ားႏွင့္ ပူးေပါင္းၿပီး သစ္ပင္မ်ားစိုက္ပ်ိဳး ေဆာင္႐ြက္လ်က္ရွိပါ ေၾကာင္း။

ႏိုင္ငံ၏လူဦးေရအမ်ားစုသည္ ေက်းလက္ေဒသမ်ားတြင္ ေနထိုင္ၾကျခင္းျဖစ္ သည့္အတြက္ ေက်းလက္ထင္းေလာင္စာလိုအပ္ခ်က္ကို ျဖည့္ဆည္းႏိုင္ေရး ေက်း႐ြာ ထင္းစိုက္ခင္းမ်ား စိုက္ပ်ိဳးတည္ေထာင္ရန္၊ ႏိုင္ငံႏွင့္တစ္ဝန္း ေက်း႐ြာမ်ားတြင္ ေဒသ အလိုက္ သင့္ေတာ္သည့္အရိပ္ရပင္မ်ား၊ ေလကာပင္မ်ားကို စဥ္ဆက္မျပတ္စိုက္ပ်ိဳးရန္၊ ေတာင္ထိပ္၊ ေတာင္ကုန္းေတာင္တန္းမ်ား၊ သစ္ပင္သစ္ေတာမ်ား ထိန္းသိမ္းရန္၊ သစ္ပင္မ်ားစိုက္ပ်ိဳးရန္၊ ျမစ္ေခ်ာင္းတစ္ေလွ်ာက္ သစ္ပင္မ်ားစိုက္ပ်ိဳး ထိန္းသိမ္းရန္၊ ကမ္း႐ိုးတန္း ဒီေရေရာက္ေဒသမ်ားတြင္ ဒီေရေတာအပင္မ်ား စိုက္ပ်ိဳးတည္ေထာင္ရန္ စသည့္ သစ္ပင္သစ္ေတာ စိုက္ပ်ိဳးထိန္းသိမ္းေရး လုပ္ငန္းမ်ားကို ထိထိေရာက္ေရာက္ ေအာင္ျမင္ေစရန္ ေဆာင္႐ြက္သြားၾကရမည္ ျဖစ္ပါေၾကာင္း။

သစ္ပင္စိုက္ပ်ိဳးျခင္းသည္ အက်ိဳးေက်းဇူးအမ်ိဳးမ်ိဳးကို ရရွိခံစားႏိုင္ၿပီး သစ္ေတာ မ်ားက အေထာက္အပံ့ျပဳသည့္ ပတ္ဝန္းက်င္ဆိုင္ရာ ဝန္ေဆာင္မႈမ်ားက သက္ရွိ ေလာကအတြက္ အလြန္ပင္အေရးပါလွပါေၾကာင္း၊ ထို႔ေၾကာင့္ ေနျပည္ေတာ္ေကာင္စီ နယ္ေျမအပါအဝင္ ႏိုင္ငံတစ္ဝန္း ၿမိဳ႕ျပႏွင့္ရပ္႐ြာ၊ ေက်းလက္ေဒသအသီးသီးတြင္ စိမ္းလန္းစိုျပည္ သာယာေစေရးအတြက္ သစ္ပင္သစ္ေတာမ်ား၊ စိမ္းလန္းစိုျပည္သည့္ သဘာဝေျမယာရႈခင္းမ်ားျဖစ္ေအာင္ စဥ္ဆက္မျပတ္ တိုးျမႇင့္စိုက္ပ်ိဳးတည္ေထာင္ေရး အေလးထားေဆာင္႐ြက္ေပးၾကရန္၊ ႏိုင္ငံေရရွည္ဖြံ႕ၿဖိဳးတိုးတက္ေရး၊ စားေရရိကၡာ ဖူလုံေရး၊ ရာသီဥတု ေျပာင္းလဲေဖာက္ျပန္မႈေလွ်ာ့ခ်ေရးႏွင့္ သဘာဝေဘးအႏၲရာယ္ ကာကြယ္ေရးတို႔အတြက္ အလြန္အေရးပါသည့္ သစ္ပင္သစ္ေတာမ်ား၊ သစ္ေတာေဂဟ စနစ္ထိန္းသိမ္းေရး လုပ္ငန္းမ်ားကို ဘက္စုံက႑စုံက ရႈျမင္သုံးသပ္ၿပီး အမ်ိဳးသားေရး တာဝန္တစ္ရပ္အေနျဖင့္ ထိန္းသိမ္းကာကြယ္ ေဆာင္႐ြက္သြားၾကရန္ တိုက္တြန္း ႏႈိးေဆာ္ပါေၾကာင္းျဖင့္ေျပာၾကားသည္။

ထို႔ေနာက္ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ ဥကၠ႒ ႏိုင္ငံေတာ္ဝန္ႀကီးခ်ဳပ္က ကံ့ေကာ္ပ်ိဳးပင္ကို သတ္မွတ္ေနရာတြင္ ဦးေဆာင္စိုက္ပ်ိဳးေပးသည္။

ယင္းေနာက္ အခမ္းအနားသို႔ တက္ေရာက္လာၾကသည့္ ဒုတိယဥကၠ႒ ဒုတိယ ဝန္ႀကီးခ်ဳပ္ ဒုတိယဗိုလ္ခ်ဳပ္မႉးႀကီး စိုးဝင္း၊ ေကာင္စီအတြင္းေရးမႉး၊ တြဲဖက္အတြင္း ေရးမႉး၊ ေကာင္စီအဖြဲ႕ဝင္မ်ား၊ ျပည္ေထာင္စုအဆင့္ပုဂၢိဳလ္မ်ာႏွင့္ ျပည္ေထာင္စုဝန္ႀကီး မ်ား၊ ဖိတ္ၾကားထားသည့္ ဧည့္သည္ေတာ္ႀကီးမ်ားႏွင့္ ဝန္ႀကီး ဌာနမ်ားမွ ဌာနဆိုင္ရာ အရာထမ္း၊ အမႈထမ္းမ်ား၊ သစ္ေတာႏွင့္ပတ္ဝန္းက်င္ဆိုင္ရာ တကၠသိုလ္ႏွင့္ အေျခခံ ပညာေက်ာင္းမ်ားမွ ေက်ာင္းသား၊ ေက်ာင္းသူမ်ား၊ တာဝန္ရွိသူမ်ားသည္ ပ်ိဳးပင္မ်ား ကို တစ္ၿပိဳင္တည္း စိုက္ပ်ိဳးေပးၾကသည္။

ထို႔ေနာက္ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒ ႏိုင္ငံေတာ္ဝန္ႀကီးခ်ဳပ္ႏွင့္ အဖြဲ႕ဝင္မ်ား သည္ ၂၀၂၃ ခုႏွစ္၊ တတိယအႀကိမ္ မိုးရာသီသစ္ပင္စိုက္ပ်ိဳးပြဲ အခမ္းအနား သို႔ တက္ေရာက္လာၾကသူမ်ားက ပ်ိဳးပင္မ်ားအား တေပ်ာ္တပါးစိုက္ပ်ိဳးေနမႈကို လွည့္လည္ၾကည့္ရႈ အားေပးၾကသည္။

ယင္းေနာက္ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒ ႏိုင္ငံေတာ္ဝန္ႀကီးခ်ဳပ္ သည္ မာရဝိဇယဗုဒၶဥယ်ာဥ္ ပရိဝုဏ္အတြင္း စိမ္းလန္းစိုေျပေစေရးအတြက္ စိုက္ပ်ိဳး ထားရွိသည့္ လင္းလြန္းပင္၊ လုမၺိနီအင္ၾကင္းပင္ႏွင့္ ကံ့ေကာ္ပင္စသည့္ သစ္ပင္မ်ား ရွင္သန္ျဖစ္ထြန္းလ်က္ရွိမႈ အေျခအေနမ်ားကို ၾကည့္ရႈစစ္ေဆးၿပီး တာဝန္ရွိသူမ်ား၏ တင္ျပခ်က္မ်ားအေပၚ သစ္ပင္မ်ား စဥ္ဆက္မျပတ္ရွင္သန္ျဖစ္ထြန္းေစေရးႏွင့္ ဘုရား ႀကီး ပရိဝုဏ္အတြင္း စိမ္းလန္းစိုေျပမႈရွိေစေရး စနစ္တက်ျဖင့္ ထိန္းသိမ္းေဆာင္ ႐ြက္သြားရန္ လိုအပ္သည္မ်ား လမ္းၫႊန္မွာၾကားခဲ့သည္။

ယေန႔က်င္းပျပဳလုပ္သည့္ ၂၀၂၃ ခုႏွစ္၊ တတိယအႀကိမ္မိုးရာသီသစ္ပင္စိုက္ပ်ိဳးပြဲ အခမ္းအနားတြင္ ကံ့ေကာ္၊ ခေရ၊ ကြၽန္း၊ ပိေတာက္ စသည့္သစ္မ်ိဳးမ်ားအပါဝင္ သစ္မ်ိဳး ၁၅ မ်ိဳး၊ အပင္ေပါင္း ၂၅၂၀ ပင္ ကို လူထုလႈပ္ရွားမႈအသြင္ျဖင့္ စိုက္ပ်ိဳးခဲ့ျခင္းျဖစ္ ေၾကာင္း၊ သစ္ပင္မ်ားကိုတစ္ႏိုင္ငံလုံး အရွိန္အဟုန္ျဖင့္ ႏွစ္စဥ္စိုက္ပ်ိဳးလ်က္ရွိၿပီး အခုႏွစ္မိုးရာသီတြင္ ႏိုင္ငံပိုင္သစ္ေတာစိုက္ခင္းမ်ားအပါအဝင္ သစ္ပင္ေပါင္း ၂၄ ဒသမ ၆၂၉ သန္း စိုက္ပ်ိဳး တည္ေထာင္ခဲ့ေၾကာင္း သိရွိရပါသည္။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။