နိုင်ငံတော်မှ နိုင်ငံ့ဝန်ထမ်း(အမြဲတမ်း)ဝန်ထမ်းများအား အိမ်ငှားစရိတ်ထောက်ပံ့မည်

နေပြည်တော်၊ ဇူလိုင် – ၂၂

နိုင်ငံတော်ဝန်ကြီးချုပ် ဦးဆောင်၍ ယနေ့ကျင်းပပြုလုပ်သည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ စီးပွားရေးရာကော်မတီအစည်းအဝေး(၆/၂၀၂၂)၏ အစည်းအဝေးဆုံးဖြတ်ချက်အရ နိုင်ငံ့ဝန်ထမ်း(အမြဲတမ်း)များအား အိမ်ငှားစရိတ်ထောက်ပံ့မည်ဖြစ်ပါသည်။

နိုင်ငံ့ဝန်ထမ်း(အမြဲတမ်း)များအနေဖြင့် အိမ်ငှားစရိတ်အဖြစ် အိမ်ထောင်သည် ဖြစ်ပါက မူရင်းလစာ၏ ၈ ရာခိုင်နှုန်းနှင့် လူပျို/အပျိုဖြစ်ပါက ၄ ရာခိုင်နှုန်း ခံစားခွင့်ရရှိမည်ဖြစ်ပြီး ခံစားခွင့်များကို ၂၀၂၂ ခုနှစ်၊ ဩဂုတ်လမှစတင်၍ ခံစားခွင့်ပြုမည်ဖြစ်ကြောင်းနှင့် အသေးစိတ်အား ဇူလိုင်လ ၂၅ ရက် (တနင်္လာနေ့)၌ သတင်းထုတ်ပြန်သွားမည်ဖြစ်ကြောင်း သိရှိရသည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရအနေဖြင့် အစိုးရဝန်ထမ်းများအား ခေတ်နှင့်အညီ ချီးမြှင့်ငွေ၊ ထောက်ပံ့ငွေများ ပေးအပ်လျက်ရှိရာ ယခုအိမ်ငှားစရိတ် ထောက်ပံ့ခြင်းအပါအဝင် ချီးမြှင့်ထောက်ပံ့မှု (၂၆)ခု ပြုလုပ်ပြီးဖြစ်ပါသည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။