နိုင်ငံ‌တော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်  အာဆီယံအလှည့်ကျဥက္ကဋ္ဌ၏ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ် ကမ္ဘောဒီးယားနိုင်ငံ ဒုတိယဝန်ကြီးချုပ် H.E. Mr. Prak Sokhonn နှင့် အာဆီယံအတွင်းရေးမှူးချုပ်တို့အား လက်ခံတွေ့ဆုံ

နေပြည်တော်၊ မတ် – ၂၁

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အာဆီယံအလှည့်ကျဥက္ကဋ္ဌ၏ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ် ကမ္ဘောဒီးယားနိုင်ငံ ဒုတိယဝန်ကြီးချုပ်၊ နိုင်ငံခြားရေးနှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေးဝန်ကြီး H.E. Mr. Prak Sokhonn နှင့် အာဆီယံအတွင်းရေးမှူးချုပ် H.E. Dato Lim Jock Hoi တို့အား ယနေ့နံနက် ၁၀ နာရီခွဲတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး၊ သံတမန်ဆောင်ဧည့်ခန်းမ၌ လက်ခံ တွေ့ဆုံသည်။

ထိုသို့တွေ့ဆုံရာတွင် မြန်မာနိုင်ငံအနေဖြင့် ၂၀၁၀ ခုနှစ်မှစ၍ ပါတီစုံဒီမိုကရေစီ လမ်းကြောင်းပေါ်တွင်လျှောက်လှမ်းခဲ့မှုနှင့် ၂၀၂၀ ပြည့်နှစ်ပါတီစုံ ဒီကရေစီအထွေထွေ ရွေးကောက်ပွဲတွင် မဲမသမာမှုများဖြစ်ပေါ်ခဲ့မှုကြောင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအနေဖြင့် လူထုဆန္ဒခံယူ၍ အတည်ပြုထားသည့်  ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) နှင့်အညီ နိုင်ငံတော်၏တာဝန်ကိုထမ်းဆောင်ခဲ့ရမှု အခြေ အနေများ၊ နိုင်ငံရေးသဘောထားမတိုက်ဆိုင်မှုကြောင့် ဖြစ်ပေါ်လာသည့် ဆန္ဒပြမှုများ မှတစ်ဆင့် ဆူပူအကြမ်းဖက်မှုများ၊ အကြောင်းမဲ့သတ်ဖြတ်မှုများ၊ နိုင်ငံပိုင်အဆောက် အဦများ၊ စာသင်ကျောင်းများကိုဖျက်ဆီးမှုများနှင့် မိုင်းထောင်ဖောက်ခွဲမှုများ ဖြစ်ပေါ်ခဲ့မှုနှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ပြည်သူများ၏ အသက် အိုးအိမ် စည်းစိမ် လုံခြုံရေးအတွက် ဆောင်ရွက်လျက်ရှိမှုအခြေအနေများ၊ အာဆီယံ ဘုံသဘော တူညီချက် (၅) ရပ်အပေါ် အကောင်အထည်ဖော်ဆောင်ရွက်နေမှု အခြေအနေများ၊ မြန်မာနိုင်ငံရှိပြည်သူများအတွက် လူသားခြင်းစာနာ ထောက်ထားမှုဆိုင်ရာ အကူအညီ များရရှိစေရေး ဆောင်ရွက်လျက်ရှိမှုအခြေအနေများ၊ အာဆီယံတွင် ပူပေါင်းဆောင် ရွက်မှုမြှင့်တင်ရေးဆိုင်ရာ ကိစ္စရပ်များ၊ ယခုခရီးစဉ်သည်ပထမဆုံးခြေလှမ်း ဖြစ်၍ တွေ့ဆုံဆွေးနွေးမှုများမှတဆင့် တိုးတက်မှုများရရှိစေရေးတို့နှင့်စပ်လျဉ်း၍ ရင်းနှီး ပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။

အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် နှင့်အတူ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထောင်စု ဝန်ကြီးများဖြစ်ကြသည့် ဦးဝဏ္ဏမောင်လွင်၊ ဦးကိုကိုလှိုင်၊ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများတက်ရောက်ကြပြီး အာဆီယံအလှည့်ကျဥက္ကဋ္ဌ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်၊ ကမ္ဘောဒီးယားနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့်အတူ စက်မှု၊ သိပ္ပံ၊ နည်းပညာနှင့် တီထွင်ဆန်းသစ်မှုဝန်ကြီး H.E. Kitti Setta Pandita Cham Prasidh၊ အာဆီယအတွင်းရေးမှူးချုပ် H.E. Dato Lim Jock Hoi ၊ ဒုတိယဝန်ကြီးများ၊ မြန်မာ နိုင်ငံဆိုင်ရာ ကမ္ဘောဒီးယားနိုင်ငံ သံအမတ်ကြီး H.E. Mr. Chhouk Bunna နှင့် တာဝန်ရှိသူများတက်ရောက်ခဲ့ပါသည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။