နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရခိုင်ပြည်နယ်၊ အားကစားနှင့် ကာယပညာကော်မတီမှ ဖွင့်လှစ်သည့် နွေရာသီအခြေခံအားကစားသင်တန်းသို့ သွားရောက်ကြည့်ရှုအားပေး

နေပြည်တော်၊ ဧပြီ – ၁

 နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ယနေ့နံနက်ပိုင်းတွင်  ခရီးစဉ်တွင် လိုက်ပါလာသည့် အဖွဲ့ဝင်များ၊ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးထိန်လင်း၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် တာဝန်ရှိသူများ လိုက်ပါ၍ ရခိုင်ပြည်နယ်၊ အားကစားနှင့် ကာယပညာကော်မတီမှ ဖွင့် လှစ်သည့် နွေရာသီအခြေခံအားကစားသင်တန်း သရုပ်ပြလေ့ကျင့်မှုများကို စစ်တွေမြို့၊ ဓညဝတီ အားကစားကွင်း၌ သွားရောက်ကြည့်ရှု အားပေးသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်အား နွေရာသီအခြေခံအားကစားသင်တန်း သင်တန်းနည်းပြများနှင့် သင်တန်းသား၊ သင်တန်း သူများက အလေးပြုကြသည်။ ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် နွေရာသီအခြေခံ အားကစားသင်တန်းမှ သင်တန်းသား၊ သင်တန်းသူများ၏ အားကစားနည်းတစ်ခုချင်းစီအလိုက် သရုပ်ပြသ နေမှုများကို ကြည့်ရှုအားပေးသည်။

သရုပ်ပြလေ့ကျင့်မှုများအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံ တော်ဝန်ကြီးချုပ်က သင်တန်းသား၊ သင်တန်းသူများအတွက် စားသောက်ဖွယ်ရာများကို ပေးအပ်ရာ သင်တန်းသား ကိုယ်စားလှယ်နှစ်ဦးက လက်ခံရယူကြသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အားကစားကွင်းစနစ်တကျရှိစေရေးနှင့် အားကစားကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက်       တာဝန်ရှိသူများကို လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့သည်။

အဆိုပါ နွေရာသီအခြေခံအားကစားသင်တန်းကို လူငယ်မောင်မယ်များ ဗလ ငါးတန်ဖွံ့ဖြိုးတိုးတက်ပြီး အားကစားအသိစိတ်ဓာတ် ပိုမိုတိုးပွားလာခြင်းမှ တစ်မျိုး သားလုံး ကာယ၊ ဉာဏ၊ စာရိတ္တ ဖွံ့ဖြိုးတိုးတက်လာစေရန်၊ မိမိဝါသနာပါသည့် အားကစားနည်းကို လေ့ကျင့်လိုက်စားခြင်းမှ အမျိုးသားအားကစားအဆင့်အတန်း တိုးတက်မြင့်မားလာစေရန်နှင့် ကျောင်းသား လူငယ်မောင်မယ်များအတွက် နွေရာသီ ကျောင်းပိတ်ရက်ကာလကို အကျိုးရှိရှိအသုံးချနိုင်စေရန် စသည့် ရည်ရွယ်ချက်များဖြင့်  မတ် ၁ ရက်မှ စတင်ဖွင့်လှစ်သင်ကြားခဲ့ခြင်းဖြစ်ပြီး ဧပြီ ၅ ရက်အထိ ဖွင့်လှစ် သင်ကြားသွားမည်ဖြစ်ကြောင်း၊ ယခုသင်တန်းတွင် အားကစားနည်း ၁၆ မျိုးကို လေ့ကျင့်သင်ကြား‌ပေးလျက်ရှိကြောင်းနှင့် သင်တန်းသား၊ သင်တန်းသူ ၁၈၂၀ ဦး တက်ရောက်သင်ကြားလျက်ရှိသည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။