နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်  တြိဂံဒေသတိုင်းစစ်ဌာနချုပ်၊ ကျိုင်းတုံတပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများအား တွေ့ဆုံအမှာစကားပြောကြား

နေပြည်တော်၊ မေ – ၁၁

          နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့မွန်းလွဲပိုင်းတွင် တြိဂံဒေသတိုင်းစစ်ဌာနချုပ်၊ ကျိုင်းတုံတပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များအား တိုင်းစစ်ဌာနချုပ် ပြည်ငြိမ်းအေးခန်းမ၌ တွေ့ဆုံ အမှာစကားပြောကြားသည်။

          အဆိုပါ တွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၏ ဇနီး ဒေါ်ကြူကြူလှ၊ ကာကွယ်ရေးဦးစီးချုပ် (ရေ) ဒုတိယ ဗိုလ်ချုပ်ကြီး ဇွဲဝင်းမြင့်နှင့်ဇနီး၊ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင် နှင့် ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊ တြိဂံ ဒေသ တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် ကျိုင်းတုံတပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုဝင် များ တက်ရောက်ကြသည်။

တိုက်စွမ်းရည်၊ တိုက်စွမ်းအား ပြည့်ဝပြီး စစ်ရေးအသိ၊ စစ်ရေးသတိအမြဲရှိရန်

          ထိုသို့ တွေ့ဆုံအမှာစကားပြောကြားရာ၌ တြိဂံဒေသတိုင်းစစ်ဌာနချုပ်၊ ကျိုင်းတုံ တပ်နယ်ရှိ အရာရှိ၊ စစ်သည်၊ မိသားစုများအားလုံးကို ယခုကဲ့သို့တွေ့ဆုံရသည့်အတွက် ဝမ်းမြောက်မိပါကြောင်း၊ တပ်မတော်အနေဖြင့် နိုင်ငံတော်ကာကွယ်ရေးတာဝန်များကို ထမ်းဆောင်ရန်အဓိကတာဝန်ရှိပြီး ထိုသို့တာဝန်ထမ်းဆောင်နိုင်ရေးအတွက် တိုက်စွမ်း ရည်၊ တိုက်စွမ်းအားများ ပြည့်ဝရမည်ဖြစ်ကြောင်း၊ တိုက်စွမ်းရည်ပြည့်ဝစေရေး အတွက်  တပ်မတော်သားတစ်ဦးချင်းစီအလိုက် ရှိသင့်ရမည့်အရည်အချင်းများနှင့် တပ် ဖွဲ့တစ်ခုချင်းစီအလိုက် အရည်အချင်းများရှိရမည်ဖြစ်ကြောင်း၊ တစ်ဦးချင်းစီအလိုက်၊ တပ်ဖွဲ့တစ်ဖွဲ့ချင်းစီအလိုက် စစ်ရေးအသိ၊ စစ်ရေးသတိရှိရန်လိုပြီး နိုင်ငံတော်ကာကွယ် ရေး၊ လုံခြုံရေးနှင့်ပတ်သက်ပါက ဖြစ်ပေါ်လာနိုင်သည်များကို ကြိုတင်မျှော်တွေး ပြင်ဆင်ဆောင်ရွက်နေရမည်ဖြစ်ကြောင်း။

ကြိုတင်ပြင်ဆင်မှုလုပ်ငန်းများကို အလေးအနက်ထားဆောင်ရွက်ကြရန်လို

          ရှမ်းပြည်နယ်(အရှေ့ပိုင်း) သည် လမ်းပန်းဆက်သွယ်မှုခက်ခဲသည့် ဒေသတစ်ခု ဖြစ်သဖြင့် နိုင်ငံတော်အစိုးရနှင့် တပ်မတော်မှတာဝန်ရှိသူများက ယခင်ကတည်းကပင် လမ်းပန်းဆက်သွယ်မှုပိုမိုကောင်းမွန်လာစေရေး၊ ဒေသတွင်းစီးပွားရေးဖွံ့ဖြိုးတိုးတက် ရေး၊ ဒေသတွင်း စားသုံးမှုဖူလုံရေးတို့အတွက် ဆောင်ရွက်ပေးခဲ့ကြောင်း၊ အလားတူ နယ်မြေခံတပ်များ၌ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများအောင်မြင်စေရေးနှင့် ကျန်းမာ ကြံ့ခိုင်မှုရှိစေရေးတို့ကိုလည်း အလေးထား ဆောင်ရွက်ခဲ့ကြကြောင်း၊ ဒေသနှင့် ဒေသတွင် နေထိုင်ကြသည့် တိုင်းရင်းသားပြည်သူလူထုတို့၏  လူမှုဘဝဖွံ့ဖြိုးတိုးတက် စေရေးအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ခဲ့ကြခြင်းပင်ဖြစ်ကြောင်း၊ နယ်မြေခံတပ် များအနေဖြင့်လည်း မိမိတို့တပ်များအလိုက် နယ်မြေဒေသလုံခြုံရေး၊ နယ်မြေစိုးမိုးရေး လုပ်ငန်းများကို ကြိုတင်မျှော်တွေး၍ ဆောင်ရွက်ကြရန်လိုပြီး ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်ရာတွင် ရေရှည်ကိုမျှော်တွေး၍ အလေးအနက်ထားဆောင်ရွက်ကြရန် မှာ ကြားလိုကြောင်း၊ တပ်မတော်သားများ အားလုံးအနေဖြင့်အမြဲတိုက်ပွဲဝင်အသင့်ဖြစ်စေ ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရန်လိုကြောင်း၊ တစ်ဦးချင်းကျန်းမာကြံ့ခိုင်ရေး လုပ်ငန်းများကို နေ့စဉ်ဆောင်ရွက်ရန်လိုသကဲ့သို့ သမားစဉ်လုပ်ငန်းများကို မှန်မှန် ကန်ကန်ဖြင့် ဆောင်ရွက်နေခြင်းသည် မိမိကိုယ်ကို လေ့ကျင့်နေခြင်းပင်ဖြစ်ကြောင်း၊ မည်သည့် အခြေအနေမျိုးတွင်ဖြစ်စေ စည်းကမ်းအတိုင်းလိုက်ပါ လုပ်ဆောင်နိုင်ခြင်း သည် မိမိတို့အရည်အသွေးကို မြှင့်တင်ဆောင်ရွက်နေခြင်းပင်ဖြစ်ကြောင်း။

ခေတ်နှင့်အညီပြောင်းလဲလာသည့် စစ်နည်းဗျူဟာများအား မပြတ်လေ့လာပြီး တိုက်ပွဲဝင်အသင့်ဖြစ်အောင်လေ့ကျင့်ဆောင်ရွက်

          နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို ထမ်းဆောင်ရာတွင် ခေတ် နှင့်အညီပြောင်းလဲတိုးတက်လာသည့် စစ်လက်နက်နည်းပညာများကိုလည်း မျက်ခြည် မပြတ်လေ့လာ သိရှိနေရမည်ဖြစ်ကြောင်း၊ ဖြစ်ပေါ်လာနိုင်သည့်အခြေအနေများကို ကြိုတင်မျှော်တွေးပြင်ဆင်၍ လိုအပ်သည်မှန်သမျှကိုပြင်ဆင် ဆောင်ရွက်ကြရန်လို ကြောင်း၊ စစ်သည်တစ်ဦးချင်းစီအလိုက် အမြဲတမ်းတိုက်ပွဲဝင်အသင့် (Fit for Fight) ဖြစ်စေရေးအတွက် လေ့ကျင့်မှုများကိုမှန်မှန်ကန်ကန်ဆောင်ရွက်နေရမည်ဖြစ်ကြောင်း၊ စစ်သည် များအားလုံး ကျန်းမာရေးကောင်းမွန်ပြီး ကြံ့ခိုင်သန်စွမ်းရေး၊ ရုပ်ပိုင်းစိတ်ပိုင်း ဆိုင်ရာများ အသင့်ဖြစ်နေစေရေး လေ့ကျင့်ဆောင်ရွက်ပေးနေရန်လိုကြောင်း၊ စစ်သည် တစ်ဦး ချင်းစီအလိုက် ၎င်းတို့၏  အရည်အချင်းနှင့်လုပ်ကိုင်နိုင်စွမ်းအပေါ် မူတည်၍ သင့်တော်သည့်လုပ်ငန်းတာဝန်များကိုနေရာမှန်တာဝန်ပေးအပ်ပြီး တာဝန်ထမ်းဆောင် ရန်အမြဲ အသင့်ဖြစ်စေရေး (Fit for Duty) ဖြစ်အောင် ဆောင်ရွက်နိုင်မည်ဆိုပါက လုပ်ငန်းတာဝန်များသည်လည်း ပိုမိုတိုးတက်အောင်မြင်လာမည်ဖြစ်ကြောင်း။

စည်းကမ်းစနစ်တကျရှိပြီး မိမိကိုယ်ကို ထိန်းသိမ်းနေထိုင်ကြရန်

          တပ်မတော်သားများအနေဖြင့် စစ်စည်းကမ်းနှင့်အညီ နေထိုင်ကျင့်ကြံရမည်ဖြစ် ပြီး တစ်ဦးချင်းနှင့် အဖွဲ့အစည်းအပေါ် ထိခိုက်စေနိုင်သည့် လုပ်ကိုင်ပြုမှုနေထိုင်မှုများ ကို ရှောင်ကြဉ်ကြရန်လိုကြောင်း၊ အသောက်အစားအပျော်အပါးများကြောင့် မိမိတို့ တစ်ဦးချင်း စွမ်းဆောင်ရည်များနှင့် မိမိတို့၏ မိသားစု၊ အဖွဲ့အစည်းအပေါ်တွင် ထိခိုက် မှုမရှိအောင် ထိန်းထိန်းသိမ်းသိမ်းနေထိုင်ကြရမည်ဖြစ်ကြောင်း၊ တစ်ဦးချင်း ကိုယ်စီ အသိတရား၊ ဆင်ခြင်တုံတရားများဖြင့် ထိန်းသိမ်းနေထိုင်ခြင်းဖြင့် မိမိကိုယ်မိမိ တည်ဆောက်ကြရမည်ဖြစ်ကြောင်း။

သက်သာချောင်ချိရေးနှင့်ပတ်သက်၍ တတ်စွမ်းသရွေ့ ဖြည့်ဆည်းပေးလျက်ရှိ

          တပ်မတော်အနေဖြင့် တပ်မတော်သားများနှင့် မိသားစုဝင်များ၏ သက်သာ ချောင်ချိရေးအတွက် နေရေး၊ စားရေး၊ ဝတ်ရေး၊ ကျန်းမာရေးနှင့် အခြားအထွေထွေ လို အပ်ချက်များကို တတ်စွမ်းသရွေ့ အမြဲမပြတ်ဖြည့်ဆည်းပေးလျက်ရှိကြောင်း၊ လက်ရှိ အချိန်တွင် နိုင်ငံတော်တွင်ဖြစ်ပေါ်နေသော အခြေအနေများအရ လုံခြုံရေးနှင့် ကာကွယ်ရေး တာဝန်ထမ်းဆောင်နေရသည့် တပ်များမှ စစ်သည်များနှင့် မိသားစုဝင် များအတွက်လည်း ထိုက်သင့်သည့်ချီးမြှင့်မှုများနှင့် လိုအပ်သည့်သက်သာချောင်ချိရေး ကိစ္စရပ်များကို ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ထို့ပြင် တပ်ပိုင်နှင့် တစ် ပိုင်တစ်နိုင် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို အောင်မြင်အောင်ဆောင်ရွက်ကြရေး တိုက်တွန်းလိုကြောင်း၊ ထိုသို့ဆောင်ရွက်ခြင်းဖြင့် မိသားစု၏ စားဝတ်နေရေးကို တစ်ဖက် တစ်လမ်းမှ အထောက်အကူပြုစေမည်ဖြစ်ပြီး သက်သာချောင်ချိမှုဖြစ်ပေါ် နိုင်မည် ဖြစ်ကြောင်း၊ တပ်မတော်သားများနှင့် မိသားစုဝင်များ၏ သက်သာချောင်ချိ ရေးကိစ္စရပ်များကို တာဝန်ရှိသူများအနေဖြင့် စနစ်တကျ ဖော်ဆောင်ပေးသွားရန်လို ကြောင်း။

တပ်မတော်သားမိသားစုဝင် သားသမီးများ၏ ပညာရည်မြင့်မားရေး

          တပ်မတော်သားမိသားစုဝင် သားသမီးများ၏ ပညာရေးနှင့်ပတ်သက်၍ မကြာမီ တွင် ကျောင်းအပ်နှံရေးရက်သတ္တပတ်သို့ရောက်ရှိတော့မည်ဖြစ်သဖြင့် မိသားစုဝင် ကျောင်းနေအရွယ် ကလေးအားလုံး ကျောင်းအပ်နှံနိုင်ရေး လိုအပ်သည်များ ကြိုတင် ပြင်ဆင်ဆောင်ရွက်ကြစေလိုကြောင်း၊ ပညာရေးကောင်းမွန်မှသာလျင် ၎င်းတို့၏ ဘဝ တစ်လျှောက် ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုစေနိုင်မည်ဖြစ်သဖြင့် ပညာ ရေး ကိုအားပေးဆောင်ရွက်ကြစေလိုကြောင်း၊ တပ်မတော်အနေဖြင့် တပ်မတော်သား မိသားစုဝင် ကျောင်းသား၊ ကျောင်းသူများ၏ ပညာရည်မြင့်မားစေရေးအတွက် စဉ် ဆက်မပြတ် ပံ့ပိုးဆောင်ရွက်ပေးလျက်ရှိသဖြင့် မိဘများအနေဖြင့်လည်း မိမိတို့ကလေး ငယ်များ၏ ပညာရည်မြင့်မားရေးကို အလေးပေးဆောင်ရွက်ကြရန် တိုက်တွန်းမှာကြား လိုကြောင်း၊ ကျောင်းနေအရွယ်မှစ၍ အဆင့်မြင့်တက္ကသိုလ်ပညာအထိ သင်ယူနိုင်ရေး မိဘများမှအခွင့်အလမ်းကောင်းများကို ဖော်ဆောင်ပေးကာ ၎င်းတို့ဘဝအတွက် မှန် ကန်ကောင်းမွန်သည့် လမ်းကြောင်းမှန်ကို ညွှန်ပြပေးနိုင်ရမည်ဖြစ်ကြောင်း၊ ကျောင်းမှ သင်ကြားပေးသည့် ပညာရပ်များအပြင် အခြားအသိပညာဗဟုသုတများ ကြွယ်ဝစေ ရေးအတွက်လည်း မိမိကိုယ်တိုင်စာဖတ်ရန်လိုအပ်သကဲ့သို့ မိမိတို့၏ ကလေးငယ်များကို လည်း စာကောင်းပေမွန်များ ဖတ်ရှုလေ့လာသည့်အလေ့အကျင့်များဖြစ်ပေါ်လာအောင် တွန်းအားပေးကြရမည်ဖြစ်ကြောင်း။

တပ်တွင်းစည်းလုံးညီညွတ်ရေးဖြင့် စုစည်းညီညွတ်သည့်အားကို တည်ဆောက်

          ပြည်သူကအားကိုးရသည့် တိုင်းပြည်ကအားထားရသည့် တပ်မတော်ဖြစ်စေရေး ကြိုးပမ်းဆောင်ရွက်ရာတွင် စုစည်းညီညွတ်သည့်အားဖြင့် ပြည်သူ့အကျိုးကိုဖော်ဆောင်ပေး ရန်၊ တိုင်းပြည်ကို ကာကွယ်နိုင်ရန်လိုပြီး ထိုသို့ဆောင်ရွက်နိုင်ရေးအတွက် တပ်တွင်းစည်းလုံး ညီ ညွတ်ရေးသည် အလွန်အရေးကြီးကြောင်း၊ တစ်ဦးနှင့်တစ်ဦး ညီရင်းအကို၊ မောင်ရင်းနှမသဖွယ်စိတ်ဓာတ်၊ မိသားစုစိတ်ဓာတ်ဖြင့် စည်းစည်းလုံးလုံး နေ ထိုင်ကြ ရန်၊ ပေးအပ်လာသည့် အမိန့်နှင့်တာဝန်ကို ကျေပွန်စွာတာဝန်ထမ်းဆောင် ကြရန်လို ကြောင်း၊ ဦးစီးခေါင်းဆောင်များအနေဖြင့်လည်း မိမိတို့၏ လက်အောက်မှ အရာရှိ၊ စစ်သည်၊ မိသားစုများအတွက် ပတ်ဝန်းကျင်ကောင်းများ ဖန်တီးပေးနိုင်ရမည် ဖြစ်ပြီး ညီညွတ်မျှတသည့် အုပ်ချုပ်မှုပုံစံရှိရမည်ဖြစ်ကြောင်း၊ တပ်မှူးကောင်းသဖွယ် စိတ်ဓာတ်၊ ဖခင်သဖွယ် စိတ်ဓာတ်ဖြင့် ကွပ်ကဲအုပ်ချုပ်ရမည်ဖြစ်ကြောင်း၊ အရာရှိ၊ စစ်သည်များ၊ မိသားစုဝင်များ အားလုံး ညီညီညွတ်ညွတ်ဖြင့် စည်းလုံးညီညွတ်စွာနေ ထိုင်ကြရန်လိုပြီး နိုင်ငံတော်နှင့် တပ်မတော်မှ ပေးအပ်လာသည့်တာဝန်များကို ကျေပွန် စွာ ထမ်းဆောင်ကြရမည်ဖြစ်ကြောင်းဖြင့် မှာကြားပြီး အရာရှိ၊ စစ်သည်၊ မိသားစုများ ၏ လိုအပ်ချက်များကို မေးမြန်းသည်။

          ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က ကျိုင်းတုံတပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများအတွက် စားသောက် ဖွယ်ရာပစ္စည်းများကိုပေးအပ်ရာ တိုင်းမှူးက လည်းကောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ဇနီးက တပ်နယ်မိခင်နှင့် ကလေးစောင်ရှောက်ရေးအသင်းအတွက် ချီးမြှင့်ငွေများကို ပေးအပ်ရာ တိုင်းမှူး၏ ဇနီးက လည်းကောင်း အသီးသီး လက်ခံရယူကြသည်။

          တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် ဇနီး၊ အဖွဲ့ဝင်များသည် တက်ရောက်လာကြသည့် အရာရှိ၊ စစ်သည် မိသားစုများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြသည်။

တိုင်းစစ်ဌာနချုပ်တွင်း စိုက်ပျိုးမွေးမြူရေးအကောင်အထည်ဖော်ဆောင်ရွက်ထားရှိမှု အခြေအနေများအား ကြည့်ရှုစစ်ဆေး

          ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် တိုင်းစစ်ဌာနချုပ်အတွင်း စိုက်ပျိုးမွေးမြူရေးအကောင် အထည်ဖော်ဆောင်ရွက်ထားမှုအခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးရာ ရှင်း လင်းဆောင်၌ တိုင်းမှူးက တိုင်းစစ်ဌာနချုပ်စိုက်ပျိုးမွေးမြူရေးဇုံများတွင် စပါး၊ ပြောင်း၊ နေကြာ၊ တစ်သျှူးငှက်ပျောနှင့် ရာသီသီးနှံများစိုက်ပျိုးထားရှိမှုအခြေအနေ များ၊ နို့စားနွား၊ ဆိတ်၊ DYL ဝက်၊ ငါး၊ ဥစားကြက်နှင့် အသားစားကြက်များ၊ ကာကီ ကင်းဘဲများမွေးမြူထားရှိမှု အခြေအနေများနှင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများမှ ထွက်ရှိသည့် အသား၊ ငါး၊ နို့၊ ဥနှင့် ဟင်းသီးဟင်းရွက်များအား တပ်မိသားစုများနှင့် ဌာနဆိုင်ရာဝန်ထမ်းများကို အခမဲ့ပေးဝေခြင်းနှင့် ပြင်ပပေါက်ဈေးထက် သက်သာသော ဈေးနှုန်းများဖြင့် ရောင်းချပေးလျက်ရှိမှုအခြေအနေများကို ရှင်းလင်းတင်ပြသည်။

          ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က စပါးနှင့် ပြောင်းများစိုက်ပျိုးရာတွင် စနစ်တကျ ဖြင့် စိုက်ပျိုး၍ တစ်ဧက အထွက်နှုန်းများ တိုးတက်အောင်ဆောင်ရွက်ရန်လိုကြောင်း၊ သီးနှံများစိုက်ပျိုးရာတွင် စားရေးကိုအဓိကအထောက်ကူပြုစေမည့် သီးနှံပင်များကိုသာ ဦးစားပေးအဖြစ် စိုက်ပျိုးရန်လိုကြောင်း၊ အလားတူ တပ်မိသားစုများ တစ်ပိုင်တစ်နိုင် စိုက်ပျိုးရေး လုပ်ငန်းများဖြင့် သီးနှံများစိုက်ပျိုးစေရေး အားပေးဆောင်ရွက်ရန် လိုကြောင်း၊ ကြက်များမွေးမြူရာတွင်လည်း ဒေသကြက်များကိုလည်း အောင်မြင်စွာ မွေးမြူနိုင်ရေးဆောင်ရွက်ရန်လိုကြောင်း၊ တပ်ပိုင်စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများသည် အကျိုးအမြတ်အတွက် မဟုတ်ဘဲ တပ်မတော်သားမိသားစုဝင်များ သက်သာချောင်ချိ စေရေးနှင့်စားရေးအတွက် အဓိကဆောင်ရွက်ခြင်းဖြစ်သဖြင့် အောင်မြင်ဖြစ်ထွန်း အောင် ဆောင်ရွက်ကြရန်လို ကြောင်းဖြင့်မှာကြားသည်။

          ၎င်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် တိုင်းစစ်ဌာနချုပ်စိုက်ပျိုးမွေးမြူရေးဇုံမှ ထွက်ရှိသည့် စိုက်ပျိုးမွေးမြူရေးထွက်ကုန်များ ခင်းကျင်းပြသထားမှုများကို ကြည့်ရှုပြီး လိုအပ်သည် များ မှာကြားသည်။

          ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် တိုင်းစစ်ဌာနချုပ်စိုက်ပျိုးမွေးမြူရေးဇုံအတွင်း စိုက်ပျိုး မွေးမြူရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ထားရှိမှုအခြေအနေများကို လိုက်လံကြည့်ရှုစစ်ဆေးကာ တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည် များ လမ်းညွှန်မှာကြားခဲ့သည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။