အသစ်ပြန်လည်တည်ဆောက်ပြီးစီးခဲ့သည့် ကျိုင်းတုံနယ်ရှင် စော်ဘွားကြီး စဝ်ကွန်ကျောက်အင်းထလျဲန်၏ ဟော်နန်းပုံစံတူပြတိုက်ဖွင့်ပွဲအခမ်းအနားကျင်းပ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်  ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ချီးမြှင့်

နေပြည်တော်၊ မေ – ၁၂

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၊ အမှတ်(၅)ရပ်ကွက်၊ နောင်တုံကန်ပတ် လမ်းရှိ ဟော်နန်းဥယျာဉ်မြေ၊ ဟော်နန်းမြေနှင့် တစ်ဆက်စပ်တည်း တည်ရှိသည့် နေရာတွင် အသစ်ပြန်လည်တည်ဆောက်ပြီးစီးခဲ့သည့် ကျိုင်းတုံနယ်ရှင်စော်ဘွားကြီး စဝ်ကွန်ကျောက်အင်းထလျဲန်၏  ဟော်နန်းပုံစံတူပြတိုက် ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင်ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ချီးမြှင့်သည်။

အဆိုပါ အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်နှင့်အတူ ဇနီး ဒေါ်ကြူကြူလှ၊ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယ ဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့်ဇနီး၊ ကောင်စီဝင်များနှင့်ဇနီးများ၊ ပြည်ထောင်စုဝန်ကြီးများ နှင့်ဇနီးများ၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့် တပ်မတော်အရာရှိကြီးများနှင့်ဇနီးများ၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ကျိုင်းတုံ နယ်ရှင်စော်ဘွားကြီး စဝ်ကွန်ကျောက်အင်းထလျဲန်၏ ဆွေတော်မျိုးတော်များ၊ ဌာန ဆိုင်ရာတာဝန်ရှိသူများ၊ ရပ်မိရပ်ဖများ၊ ဒေသခံတိုင်းရင်းသားပြည်သူများ၊ တိုင်းရင်း သားရိုးရာယဉ်ကျေးမှုအဖွဲ့များနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြ သည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်နှင့် ဇနီး၊ အဖွဲ့ဝင်များသည် အခမ်းအနား ကျင်းပပြုလုပ်မည့်နေရာသို့ ရောက်ရှိကြရာ ကျိုင်းတုံ နယ်ရှင်စော်ဘွားကြီး စဝ်ကွန်ကျောက်အင်းထလျဲန်၏ ဆွေတော်မျိုးတော်များ၊ ရပ်မိ ရပ်ဖများ၊ ဒေသခံတိုင်းရင်းသားပြည်သူများ၊ တိုင်းရင်းသားရိုးရာယဉ်ကျေးမှု အဖွဲ့များ နှင့် ကျောင်းသား၊ ကျောင်းသူများက လှိုက်လှဲနွေးထွေးစွာ ကြိုဆိုနှုတ်ဆက်ကြသည်။

ထို့နောက် အခမ်းအနားကို စတင်ကျင်းပပြုလုပ်ရာ ကျိုင်းတုံဟော်နန်းဖြစ်ပေါ် လာပုံသမိုင်းအကျဉ်းအား အခမ်းအနားမှူးက ရှင်းလင်းတင်ပြသည်။ ယင်းနောက် မြို့မိ မြို့ဖ ဦးစိုင်းရီတစ်ပဝုန်း က လွန်ခဲ့သောနှစ်ပေါင်းများစွာကတည်းက ပျောက်ဆုံးသွားခဲ့ သည့် ကျိုင်းတုံဟော်နန်းပုံစံတူပြတိုက်အား ပြန်လည်တွေ့မြင်ရသဖြင့် ယနေ့သည် ကျိုင်းတုံမြို့အတွက် ကျက်သရေမင်္ဂလာနှင့် ပြည်စုံသည့် နေ့ကောင်းနေ့မြတ်တစ်ရက် ပင်ဖြစ်ပါကြောင်း၊မိမိတို့ ကျိုင်းတုံဒေသခံပြည်သူလူထုတို့အနေဖြင့် ကျိုင်းတုံဟော်နန်း ပုံစံတူပြတိုက်အား ပြန်လည်တည်ဆောက်နိုင်ရေးအတွက် နှစ်အဆက်ဆက်ကြိုးပမ်းခဲ့ ကြသော်လည်း အကြောင်းအမျိုးမျိုးကြောင့် တည်ဆောက်နိုင်ခြင်း မရှိခဲ့ပါကြောင်း၊ ယခုကဲ့သို့ ကျိုင်းတုံနယ်ရှင်စော်ဘွားကြီး စဝ်ကွန်ကျောက်အင်းထလျဲန်၏ ဟော်နန်း ပုံစံတူပြတိုက်ကြီးကို အကောင်အထည်ဖော် တည်ဆောက်ပေးနိုင်ရေး လမ်းညွှန်မှုပြု ခဲ့သည့်အတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် တာဝန်ရှိ သူများအားလုံးကို အထူးပင်ကျေးဇူးတင်ရှိပါကြောင်းနှင့် မိမိတို့ဒေသခံများ အနေဖြင့် ကျိုင်းတုံဟော်နန်းပုံစံတူပြတိုက်ကြီး ပြန်လည်ဖော်ဆောင်လာနိုင်ခဲ့သည့် အတွက် အတိုင်းမသိ ဝမ်းမြောက်ဝမ်းသာပီတိဖြစ်ရပါကြောင်းဖြင် ပြောကြားသည်။

ယင်းနောက်  အသစ်ပြန်လည်တည်ဆောက်ပြီးစီးခဲ့သည့် ကျိုင်းတုံနယ်ရှင် စော်ဘွားကြီး စဝ်ကွန်ကျောက်အင်းထလျဲန်၏  ဟော်နန်းပုံစံတူပြတိုက်ကို ကောင်စီ တွဲဖက် အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကောင်စီဝင်များဖြစ်ကြသည့် ဗိုလ်ချုပ်ကြီး မြထွန်းဦးနှင့် ဒုတိယဗိုလ်ချုပ်ကြီး ညိုစော၊ ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဦးအောင်အောင် နှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ အကြံပေး အဖွဲ့ဝင် ဒေါက်တာ ဒေါ်ရင်ရင်နွယ် တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်က အသစ်ပြန်လည်တည်ဆောက်ပြီးစီးခဲ့သည့် ကျိုင်းတုံနယ်ရှင် စော်ဘွားကြီး စဝ်ကွန် ကျောက်အင်းထလျဲန်၏ဟော်နန်းပုံစံတူပြတိုက် ဖွင့်လှစ်ခြင်းအထိမ်းအမှတ် ကမ္ပည်းမော် ကွန်းအား စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးပြီး အမွှေးနံ့သာရည်များ ပက်ဖြန်းပေးသည်။

၎င်းနောက် ကျိုင်းတုံနယ်ရှင်စော်ဘွားကြီး စဝ်ကွန်ကျောက်အင်းထလျဲန်၏ ဆွေတော်မျိုးတော်များနှင့် မြို့မိမြို့ဖများက ကမ္ပည်းမော်ကွန်းအား အမွှေးနံ့သာရည် များပက်ဖြန်းကြသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ဘင်ခရာတီးဝိုင်းနှင့် ပန်းပွားအကအဖွဲ့များ၊ တိုင်းရင်းသား ရိုးရာအကအဖွဲ့များ၊ တိုင်း ရင်းသားယဉ်ကျေးမှုအဖွဲ့များ၊ ကျိုင်းတုံဟော်နန်းပုံစံတူပြတိုက် ဆောက်လုပ်ရေး တာဝန်ယူဆောင်ရွက်ခဲ့သည့် တာဝန်ရှိသူများ ကို ချီးမြှင့်ငွေများ ပေးအပ်သည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်နှင့် ဇနီး၊ အဖွဲ့ဝင်များသည် ကျိုင်းတုံဟော်နန်းပုံစံတူပြတိုက်အတွင်း၌ ခင်းကျင်းပြသထား သည့် ကျိုင်းတုံ နယ်ရှင်စော်ဘွားကြီး စဝ်ကွန်ကျောက်အင်းထလျဲန်နှင့် မိသားစုဝင်များ၊ ဆွေတော်မျိုး တော်များ၏ သမိုင်းမှတ်တမ်းဓာတ်ပုံများ၊ အထောက်အထားမှတ်တမ်း များ၊ အသုံးအဆောင်ပစ္စည်းများ၊ အခန်းဖွဲ့စည်းဆောင်ရွက်ထားရှိမှုများကို စော်ဘွားကြီး၏ ဆွေတော်မျိုးတော်များနှင့်အတူ စိတ်ဝင်တစား လိုက်လံကြည့်ရှုခဲ့ပြီး သမိုင်းမှတ်တမ်းအထောက်အထားများ ယခုထက်ပိုမိုပြည့်စုံစွာ ရရှိနိုင်ရေး၊ ရှိပြီးဖြစ် သည့် ရှေးဟောင်းအသုံးအဆောင်ပစ္စည်းများ ပျက်စီးမှုမရှိစေရေး အတွက်စနစ်တကျ ထိန်းသိမ်းပြီး လိုအပ်ပါကမှန်များကာရံ၍ ရေရှည်တည်တံ့ခိုင်မြဲ ရေးဆောင်ရွက်သွား ရန်နှင့် မပျောက်ပျက်အောင် အဆင့်ဆင့်လက်ဆင့်ကမ်းထိန်းသိမ်း သွားနိုင်ရေး လိုအပ်သည်များကို ဆွေးနွေးပြောကြားသည်။

အဆိုပါ ကျိုင်းတုံနယ်ရှင်စော်ဘွားကြီး စဝ်ကွန်ကျောက်အင်းထလျဲန် ၏ ကျိုင်းတုံ ဟော်နန်းကြီးကို ၁၉၀၃ ခုနှစ်တွင် အိန္ဒိယနိုင်ငံမှ ပညာရှင်များခေါ်ဆောင်၍ စတင် ဆောက်လုပ်စေခဲ့ခြင်းဖြစ်ပြီး ၁၉၀၆ ခုနှစ်တွင်ပြီးစီးခဲ့ကြောင်း၊ ဥရောပနှင့် အိန္ဒိယဟန် များလွှမ်းမိုးထားပြီး ရှမ်းရိုးရာနှင့် မြန်မာဗိသုကာပုံစံတို့ကို ပေါင်းစပ်တည်ဆောက်ထား ခြင်းဖြစ်ကာ ကျိုင်းတုံမြို့၏ ပထမဆုံးသော ဘိလပ်မြေအဆောက်အဦဖြစ်ကြောင်း၊ ဟော်နန်းကြီးတွင် စော်ဘွားကြီး စဝ်ကွန်ကျောက်အင်းထလျဲန်၊ သားဖြစ်သူ စော်ဘွား စဝ်ကောင်တိုင်းနှင့် မြေးဖြစ်သူ စော်ဘွား စဝ်စိုင်းလုံတို့ မိသားစုများ နေထိုင်ခဲ့ကြ ကြောင်း၊ ၁၉၅၉ ခုနှစ်အထိ စော်ဘွားမိသားစုများနေထိုင်ခဲ့ကြပြီး ၁၉၆၂ ခုနှစ်တွင် ဟော်နန်းအား အစိုးရရုံးအဖြစ် အသုံးပြုခဲ့ကြောင်း၊ ၂၀၂၁ ခုနှစ်တွင် စော်ဘွားကြီး၏ ဆွေတော်မျိုးတော်များ၊ ဒေသခံမြို့မိမြို့ဖများ၏ တောင်းဆိုချက်အရ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်ဖြင့် တည်ဆောက် ရေး လုပ်ငန်းများကို စတင်ဆောင်ရွက်ခဲ့ပြီး ယနေ့တွင်အောင်မြင်စွာဖွင့်လှစ်နိုင်ခဲ့ခြင်း ဖြစ်ကြောင်း၊ ယခုကဲ့သို့ တိုင်းရင်းသားတို့၏ သမိုင်းဝင်အဆောက်အဦးများ၊ ဘာသာ ရေး အဆောက်အဦများကို မူလပုံစံမပျက် ပြန်လည်ပြုပြင်မွမ်းမံထိန်းသိမ်းခြင်းဖြင့် နိုင်ငံတော်၏ သမိုင်းအစဉ်အလာကြီးမားမှုကို ဖော်ပြနိုင်မည်ဖြစ်ကြောင်းနှင့် တစ်မြေ တည်းနေ၊ တစ်ရေတည်းသောက်ပြီး တစ်လေတည်းရှူနေကြသည့် ပြည်ထောင်စု ဖွားတိုင်းရင်းသားများ အချင်းချင်း ခင်မင်ရင်းနှီးမှု၊ ယုံကြည်မှု၊ အေးချမ်းသာယာမှုနှင့် လူမှုစီးပွားတိုးတက်စေမှုတို့ကို များစွာ အထောက် အပံ့ဖြစ်စေနိုင်မည်ဖြစ်ကြောင်း သိရှိရသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ကျိုင်းတုံလေဆိပ်အဆင့်မြှင့်နေမှုအခြေအနေများကို သွားရောက် ကြည့်ရှုစစ်ဆေးရာ ရှင်းလင်းဆောင်၌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်၊ ပို့ဆောင် ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ စစ်အင်ဂျင်နီယာညွှန်ကြားရေးမှူးရုံး ညွှန်ကြားရေးမှူး ဗိုလ်ချုပ် ဇော်နိုင်ဦး တို့က ကျိုင်းတုံလေဆိပ် သမိုင်းအကျဉ်းနှင့် လေဆိပ်ဆိုင်ရာများ၊ လေယာဉ်ပြေးလမ်းနှင့် လေဆိပ်အဆင့်မြှင့်တင်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်း တင်ပြကြသည်။

ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်က ကျိုင်းတုံမြို့သည် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၏ မြို့တော်ဖြစ်ပြီး လမ်းပန်းဆက်သွယ်မှုဝေးကွာသည့် နေရာတစ်ခုလည်းဖြစ်ကြောင်း၊ ကျိုင်းတုံဒေသ တွင် ခရီးသွားများကိုဆွဲဆောင်နိုင်သော သာယာလှပသည့် သဘာဝပတ်ဝန်းကျင် ရေမြေတောတောင်များကို ပိုင်ဆိုင်ထားရှိပြီး ပန်ကွဲကျေးရွာရှိဗုဒ္ဓဥယျာဉ်၊ အသစ်ပြန် လည်တည်ဆောက်ထားသည့်  ကျိုင်းတုံဟော်နန်းပုံစံတူပြတိုက်၊ နောင်တုံကန်၊ လွယ်မွေအပန်းဖြေ တောင်စခန်းမြို့နှင့် အခြားလည်ပတ်နိုင်သည့် နေရာများစွာရှိ ကြောင်း၊ အလားတူ ကျိုင်းတုံမြို့တွင် SME လုပ်ငန်းများလည်းရှိပြီး ထုတ်ကုန်များကို ထုတ်လုပ်လျက်ရှိကြောင်း၊ ကျိုင်းတုံလေယာဉ်ကွင်းအား အဆင့်မြှင်တင်ခြင်းသည် အနာဂတ်အတွက် ကြိုတင်ပြင်ဆင်ခြင်းပင်ဖြစ်ကြောင်း၊ ယခုအခါ ပြည်တွင်းခရီး စဉ်များ၌ ဝေးကွာသည့် နေရာများသို့ ဂျက်လေယာဉ်များကို အသုံးပြုလာပြီဖြစ် ကြောင်း၊ မိမိတို့နိုင်ငံတွင် အသုံးပြုလျက်ရှိသော ဂျက်လေယာဉ်များ ဆင်းသက်နိုင် သည့်အထိ အဆင့်မြှင့်တင် ဆောင်ရွက်ရန်လိုကြောင်း၊ အိမ်နီးနားချင်းနိုင်ငံများနှင့် ချိတ်ဆက်ဆောင်ရွက်ရာတွင် လည်း လာအိုနိုင်ငံ၊ တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံများမှ ကျိုင်းတုံလေဆိပ်သို့ တိုက်ရိုက် ပျံသန်းဆင်းသက်နိုင်ရေးဆောင်ရွက်ရန်လိုကြောင်း၊ ကျိုင်းတုံမြို့ ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန်၊ ဒေသနှင့် ဒေသခံများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုစေရန် ယခုကဲ့သို့အဆင့် မြှင့်တင် ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ လေဆိပ်အသစ်တည်ဆောက်ခြင်းနှင့် လေယာဉ် ပြေးလမ်းအဆင့်မြှင့်တင်ခြင်းများ ဆောင်ရွက်ရာတွင် စနစ်တကျဆောက်လုပ်ရန် လိုကြောင်း၊ မည်သည့်ရာသီဥတုတွင်မဆို လေယာဉ်များဆင်းသက်နိုင်ရန် လေယာဉ်ပြေးလမ်းအတွက်လိုအပ်သော အထောက်အကူပစ္စည်းများကို ပြည့်စုံစွာဖြင့် ထည့်သွင်းတည်ဆောက်သွားရန်လို ကြောင်းဖြင့် ပြောကြားသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ကျိုင်းတုံလေဆိပ်အသစ်တည်ဆောက်မည့်နေရာနှင့် လေယာဉ် ပြေးလမ်းအဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများကို လိုက် လံ ကြည့်ရှုစစ်ဆေးကာ တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ မှာကြားခဲ့သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်ဇနီး၊ အဖွဲ့ဝင် များသည် မေ ၁၀ ရက် ညနေပိုင်းကလည်း သက်တော် ၉၉ နှစ်ရှိ သက်တော်ရှည် ကျိုင်းယင်းကျောင်းတိုက် ဦးစီးပဓာနနာယကဆရာတော် အဂ္ဂမဟာသဒ္ဓမ္မဇောတိက ဓဇ ဘဒ္ဒန္တ ခေမာစာရအား သွားရောက် ဖူးမြော်ကြည်ညိုသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်ဇနီးတို့ သည် ဆရာတော်ကြီးအား ဖူးမြော်ကြည်ညိုပြီး ဆရာတော်ကြီး၏ကျန်းမာရေး အခြေ အနေများကို မေးမြန်းလျှောက်ထားကာ နဝကမ္မ အလှူငွေများကို ဆက်ကပ်လှူဒါန်း သည်။ ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် နှင့် ခရီးစဉ်တွင်လိုက်ပါလာကြသည့် ကောင်စီဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယ ဝန်ကြီးများသည် ဆရာတော်ကြီးအား နဝကမ္မ စုပေါင်းအလှူတော်ငွေများနှင့် လှူဖွယ် ဝတ္ထုများကို ဆက်ကပ်လှူဒါန်းကြသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် ကျိုင်းယင်းကျောင်းတိုက်အတွင်းလှည့်လည်ကြည့်ရှု၍ ပြုပြင်ထိန်းသိမ်းရန်လိုအပ် သည်များကို ပြုပြင်ထိန်းသိမ်းမှုများဆောင်ရွက်ပေးနိုင်ရေးတာဝန်ရှိသူများကို မှာကြား ခဲ့ကြောင်း သတင်းရရှိသည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။