နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မ‌တော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် ဇနီး ဒေါ်ကြူကြူလှ မန္တလေးမြို့၊ မဟာဝိဇိတာရုံကျောင်းတိုက် ပဓာနနာယကဆရာတော်ကြီး၏ ကျန်းမာရေးအခြေအနေများနှင့် နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များ ထမ်းဆောင်စဉ် ထိခိုက်ဒဏ်ရာရရှိခဲ့သည့် အရာရှိ၊ စစ်သည်များ၏ ကျန်းမာရေးအခြေအနေများအား သွားရောက်ကြည့်ရှုအားပေး၊ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်

နေပြည်တော်၊ မေ – ၂၉

မန္တလေးမြို့၊ မဟာဝိဇိတာရုံကျောင်းတိုက်ပဓာနနာယကနိုင်ငံတော်ဩဝါဒါစရိယ အဘိဓဇမဟာရဋ္ဌဂုရု အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ဝိစာရိန္ဒာဘိဝံသ ၊ သက်တော် ၉၆ နှစ်၊ ဝါတော် ၇၆ ဝါရှိ သက်တော်ရှည်ဆရာတော်ကြီး သည် ပြင်ဦးလွင်မြို့ရှိ တပ်မတော်ဆေးရုံ၌ ကျန်းမာရေးစောင့်ရှောက်မှု ခံယူလျက်ရှိရာ ဆရာတော်ကြီးအား ကျန်းမာရေးစောင့်ရှောက်မှုပေးထားသည့် အခြေအနေများကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင် သည် ဇနီး ဒေါ်ကြူကြူလှ နှင့် တာဝန်ရှိသူများလိုက်ပါ၍ ယနေ့နံနက်ပိုင်းတွင် သွားရောက်ကြည့်ရှုသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီး ချုပ်နှင့် ဇနီး၊ အဖွဲ့ဝင်များသည် ဆရာတော်ကြီးအား ဖူးမြော်ကြည်ညို၍ ဆရာတော် ကြီးအား ကျန်းမာရေးစစ်ဆေးပေးထားမှုများနှင့် လိုအပ်သည့်ကျန်းမာရေး စောင့် ရှောက်မှု ဆောင်ရွက်ပေးထားသည့် အခြေအနေများကိုကြည့်ရှုမေးမြန်းရာ တာဝန်ရှိသူ များက ဆရာတော်ကြီး၏ ကျန်းမာရေးအခြေအနေများကို ရှင်းလင်းတင်ပြကြသည်။ တင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က ဆရာတော်ကြီး၏ ကျန်းမာရေးအခြေအနေများကို မပြတ်စောင့်ကြည့်၍ လို အပ်သည်များကိုဖြည့်ဆည်းဆောင်ရွက်ပေးရန်၊ ကိုယ်ခံစွမ်းအားရှိစေရေး၊ တစ်ကိုယ်ရည် သန့်ရှင်းရေးနှင့် လုပ်ဆောင်နိုင်သည့် ကိုယ်လက်လှုပ်ရှားမှု လေ့ကျင့် ခန်းများလုပ်ဆောင်နိုင်ရေး တို့အတွက်ကိုလည်း ဆောင်ရွက်ပေးရန်၊ ဆရာတော်ကြီး၏ ကျန်း မာရေးအခြေအနေသက်သာလာပြီး ကျောင်းတိုက်၌ ပြန်လည်သီတင်းသုံးရာ တွင် အဆင်ပြေချောမွေ့စေရေးအတွက်လည်း လိုအပ်သည့် ကျန်းမာရေးဆိုင်ရာ အထောက် အကူပြုပစ္စည်းများ ဖြည့်ဆည်းဆောင်ရွက်ပေးသွားရန်နှင့် အခြားလိုအပ် သည်များကို အလေးထားမှာကြားသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့်ဇနီးတို့က ဆရာတော်ကြီးအား လှူဖွယ်ပစ္စည်းများ၊ ဆေးပစ္စည်းများ၊ အာဟာရ ဖြည့်စားသောက်ဖွယ်ရာများနှင့် နဝကမ္မအလှူတော်ငွေများကို ဆက်ကပ် လှူဒါန်းသည်။

ထို့နောက်  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့်ဇနီးတို့သည် ဆေးရုံ၌ တက်ရောက်ကုသမှုခံယူလျက်ရှိသည့်  နိုင်ငံတော် ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များ ထမ်းဆောင်စဉ် ထိခိုက်ဒဏ်ရာရရှိခဲ့သော အရာရှိ၊ စစ်သည်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် ပြည်သူ့စစ်ဌာနေတပ်ဖွဲ့ဝင်များ အား သွားရောက် ကြည့်ရှုအားပေးစကားပြောကြားသည်။

ထိုသို့ အားပေးစကားပြောကြားရာတွင် ဦးစွာနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေး တာဝန်များထမ်းဆောင်စဉ် ထိခိုက်ဒဏ်ရာရရှိခဲ့သော အရာရှိ၊ စစ်သည်များ၊ မြန်မာ နိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် ပြည်သူ့စစ်ဌာနေတပ်ဖွဲ့ဝင်များအား ထိခိုက်ဒဏ်ရာရရှိခဲ့မှု အခြေအနေများ၊ ရောဂါကုသပျောက်ကင်းမှု အခြေအနေများကို တစ်ဦးချင်းလိုက်လံ တွေ့ဆုံ၍ ရင်းနှီးနွေးထွေးစွာမေးမြန်းပြီး အားပေးစကားပြောကြားကာ အရာရှိ၊ စစ်သည်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် ပြည်သူ့စစ်ဌာနေတပ်ဖွဲ့ဝင်များ၏ တင်ပြ ချက်များအပေါ် လိုအပ်သည်များ ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့်ဇနီး၊ အဖွဲ့ဝင်များသည် ဆေးရုံတက်ရောက်ကုသမှုခံယူလျက်ရှိသည့် အရာ ရှိ၊ စစ်သည်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် ပြည်သူ့စစ်ဌာနေတပ်ဖွဲ့ဝင်များအား ဂုဏ်ပြုချီးမြှင့်ငွေနှင့် လက်ဆောင်ပစ္စည်းများပေးအပ်သည်။

အလားတူ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၏ ဇနီးဒေါ်ကြူကြူလှသည် အဖွဲ့ဝင်များလိုက်ပါ၍ သားဖွားမီးယပ်နှင့် ကလေးကုသဆောင်၌ တက်ရောက်ကုသမှုခံယူလျက်ရှိသည့် တပ်မတော်သား မိသားစု ဝင်များကို တစ်ဦးချင်းရင်းနှီး နွေးထွေးစွာဖြင့် လိုက်လံအားပေးစကား ပြောကြားပြီး လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့သည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် ဆေးရုံအတွင်း ဆေးကုသမှုဆိုင်ရာစက်ပစ္စည်းကိရိယာ များ တပ်ဆင်အသုံးပြုလျက်ရှိသည့်အခြေအနေများနှင့် လူနာကုသဆောင်များ ပြင် ဆင်ထားရှိမှုအခြေအနေများကို လှည့်လည်ကြည့်ရှု၍ တာဝန်ရှိသူများ၏ တင်ပြချက် များ အပေါ် လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့သည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် ပြင်ဦးလွင်တပ်နယ်အတွင်းရှိ တပ်ရင်း၊ တပ်ဖွဲ့များ၊ သင် တန်းကျောင်းများ၊ တက္ကသိုလ်များအတွင်း မော်တော်ယာဉ်များဖြင့် လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့သည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။