ရန်ကုန်တိုင်းဒေသကြီး တည်ငြိမ်အေးချမ်းရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေး အစည်းအဝေးကျင်းပ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြား                   

နေပြည်တော်၊ ဇွန် – ၁၀

ရန်ကုန်တိုင်းဒေသကြီး တည်ငြိမ်အေးချမ်းရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေး အစည်း အဝေးကို ယနေ့ညနေပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ ကုန်းမြင့်သာရှိ အစည်းအဝေး ခန်းမ၌ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကား ပြောကြားသည်။

အစည်းအဝေးသို့ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကောင်စီဝင်များဖြစ်ကြသည့် ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ဒုတိယဗိုလ်ချုပ်ကြီး ညိုစော၊ ပြည်ထောင်စုဝန်ကြီးများ၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ရန်ကုန်မြို့တော်ဝန်၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တပ်မတော် အရာရှိကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများတက်ရောက်ကြသည်။

ဦးစွာနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အဖွင့် အမှာစကားပြောကြားရာတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် နိုင်ငံ့ တာဝန်များကိုထမ်းဆောင်ခဲ့ရသည့် အစောပိုင်းကာလများ၌ ရန်ကုန်တိုင်းဒေသကြီး အတွင်း ဆူပူဆန္ဒပြုမှုများဖြစ်ပေါ်ခဲ့ပြီး ထိုမှတဆင့် လက်နက်ကိုင်အကြမ်းဖက် ဖျက်ဆီးမှုများ အထိဖြစ်ပေါ်လာခဲ့သဖြင့် အချို့သောမြို့နယ်များကို စစ်အုပ်ချုပ်ရေး ကြေညာ၍ ထိန်းထိန်းသိမ်းသိမ်းဖြင့်ဆောင်ရွက်ခဲ့ရကြောင်း၊ လက်ရှိအချိန်တွင် နိုင်ငံ အတွင်းရှိ အချို့သောဒေသများ၌ အကြမ်းဖက်မှုများ ဖြစ်ပေါ်နေဆဲဖြစ်ပြီး ရန်ကုန်တိုင်း ဒေသကြီးအတွင်း၌ မည်သည့်နေရာ၌မဆို လွတ်လပ်စွာဖြင့် သွားလာ၍ရသည်ကို တွေ့မြင်ရမည်ဖြစ်ကြောင်း၊ သို့သော်လည်း အကြမ်းဖက်သမားများအနေဖြင့် လုံခြုံရေး တပ်ဖွဲ့ဝင်များ၏ အလစ်အငိုက်ကိုရယူ၍ အကြမ်းဖက်လုပ်ရပ်များကို လုပ်ဆောင်ရန် ကြံစည်ဆောင်ရွက်လျက်ရှိသဖြင့် တည်ငြိမ်အေးချမ်းရေးအတွက် လုံခြုံရေးအသိ၊ လုံခြုံရေးသတိဖြင့် အမြဲမပြတ်စောင့်ကြည့်နေရမည်ဖြစ်ကြောင်း၊ ရန်ကုန်တိုင်းဒေသ ကြီးအတွင်း အကြမ်းဖက်သမားများ၏ အငွေ့အသက်များကင်းစင်အောင် မိမိတို့ အနေဖြင့်ဆောင်ရွက်ရန်လိုကြောင်း၊ တည်ငြိမ်အေးချမ်းရေးနှင့်ဖွံဖြိုးတိုးတက်ရေးကို တိုင်းစစ်ဌာနချုပ်နှင့် တိုင်းဒသကြီး အစိုးရအဖွဲ့တိုက ပေါင်းစပ်ညှိနှိုင်း ပူးပေါင်း ဆောင်ရွက်ရမည်ဖြစ်ကြောင်း။

ရန်ကုန်တိုင်းဒေသကြီးအတွင်းတည်ငြိမ်အေးချမ်းရေးနှင့်ပတ်သက်၍ ဆက်လက် ဆောင်ရွက် သွားရမည်ဖြစ်ကြောင်း၊ ဒီမိုကရေစီလမ်းကြောင်းပေါ်တွင် လျှောက်လှမ်း နေချိန်တွင် လုံခြုံမှုနှင့်တည်ငြိမ်မှုရှိရန်လိုကြောင်း၊ မိမိတို့နိုင်ငံတွင် ခေတ်အဆက် ဆက်ပညာရေးနှင့် စီးပွားရေးဆိုင်ရာ အားနည်းချက်များရှိခဲ့ကြောင်း၊ အဆိုပါအားနည်း ချက်များကြောင့် တရားဥပဒေစိုးမိုးမှုကို ထိခိုက်ခဲ့ရကြောင်း၊ မိမိတို့နိုင်ငံလူဦးရေ၏ ထက်ဝက်ခန့်သည် လုံခြုံရေးနှင့်ပတ်သက်၍ အားနည်းချက်များရှိနေဆဲဖြစ်ကြောင်း၊ ရာဇဝတ်မှုများ ဖြစ်ပေါ်နေဆဲဖြစ်ကြောင်း၊  အသိပညာ ဗဟုသုတအားနည်းသူများ အနေဖြင့် ကောင်းမှုနှင့်မကောင်းမှုကို ဆင်ခြင်ဆုံးဖြတ် နိုင်စွမ်းအားနည်းပြီး မကောင်း မှုဒုစရိုက်များကို ကျူးလွန်နိုင်ချေမြင့်မားသဖြင့် အသိပညာနှင့် ဆင်ခြင်တုံတရားများ ရရှိရေးအတွက် တိုက်တွန်းနှိုးဆော်ချက်များ ဆောင်ရွက်ခြင်း၊ လှုံ့ဆော်ပညာပေးမှု ဆောင်ရွက်ခြင်း၊ သတင်းများထုတ်ပြန်ပေးခြင်းအပါအဝင် အခြားနည်းလမ်းပေါင်းစုံ ဖြင့် ဆောင်ရွက်ပေးသွားရန်လိုကြောင်း၊ တိုင်းဒေသကြီးအတွင်း ခရိုင်အလိုက်၊ မြို့နယ်အလိုက်၊ ရပ်ကွက်၊ ကျေးရွာများအလိုက် တာဝန်ရှိသူများက ဝိုင်းဝန်းကြပ်မတ် ဆောင်ရွက်ပေးရန်လည်း လိုအပ်မည်ဖြစ်ကြောင်းဖြင့် ပြောကြားသည်။

ထို့နောက် ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ဇော်ဟိန်းက ရန်ကုန် တိုင်းဒေသကြီးအတွင်း နယ်မြေဒေသတည်ငြိမ်အေးချမ်းရေးနှင့်လုံခြုံရေး ဆောင်ရွက် ထားရှိမှု၊ လုံခြုံရေးတပ်ဖွဲ့ဝင်များ အတွက်သက်သာချောင်ချိရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိမှု၊ တပ်နယ်များအလိုက် ရပ်ကွက်၊ ကျေးရွာများတွင် သန့်ရှင်း သာယာလှပရေးအတွက် ဆောင်ရွက်ပေးမှုအခြေအနေများကို ရှင်းလင်းတင်ပြသည်။

ယင်းနောက် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းက ရန်ကုန်တိုင်း ဒေသကြီး ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ချက်လျက်ရှိမှု၊ လမ်းပန်း ဆက်သွယ်မှုများ တိုးတက်ကောင်းမွန်စေရေး ဆောင်ရွက်လျက်ရှိမှု၊ ရန်ကုန်မြို့သန့်ရှင်းသာယာလှပရေး အတွက်ဆောင်ရွက်လျက်ရှိမှု၊ စိုက်ပျိုးမွေးမြူရေးဇုန်များ၌ လုပ်ငန်းများ ဆောင်ရွက် လျက်ရှိမှုအခြေအနေများကိုရှင်းလင်းတင်ပြသည်။

၎င်းနောက် ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦးက တိုင်းဒေသကြီးအတွင်း တည်ငြိမ်အေးချမ်းရေး၊ လုံခြုံရေးဆိုင်ရာများနှင့် ပတ်သက်၍ ဂရုပြုဆောင်ရွက်ရန်လိုအပ်မှု၊ စစ်ဆေးရေးဂိတ်များစနစ်တကျဖြစ်ရန်လိုအပ်မှု၊ ရွှေဈေး နှင့် နိုင်ငံခြားငွေဈေးနှုန်းများ တည်ငြိမ်မှုရှိစေရေး ဝိုင်းဝန်းထိန်းသိမ်းဆောင်ရွက် ရန်လိုအပ်မှု၊ မူးယစ်ဆေး ဝါးတားဆီးနှိမ်နင်းရေးလုပ်ငန်းများကို စနစ်တကျဆောင် ရွက်ရန်လိုအပ်မှု၊ တည်ငြိမ်အေးချမ်းမှု ပျက်ပြားအောင် လှုံ့ဆော်သူများမရှိစေရေး ထိန်းသိမ်းဆောင် ရွက်ရန်လိုအပ်မှုများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က နိဂုံးချုပ်အမှာစကားပြောကြားရာတွင် တိုင်းဒေသကြီးအတွင်း တိုက်တွန်းချက်၊ နှိုး ဆော်ချက်များကို ပြည်သူများသိရှိစေရေး သတင်းမီဒီယာများမှတစ်ဆင့် ဆောင် ရွက်သွားရန်လိုကြောင်း၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများ စနစ်တကျရှိစေရေး အတွက်လည်း ဆောင်ရွက်ရန်လိုကြောင်း၊ ပြည်သူများ၏စားရေးကိုအထောက် အကူ ပြုစေရန်အတွက် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်ရန်ခွင့်ပြုပေးထား သည့်မြေများကို စနစ်တကျအသုံးပြုရန်လိုကြောင်း၊ ရန်ကုန်မြို့တော်အတွင်း သန့်ရှင်း သာယာလှပရေး၊ ရေစီးရေလာကောင်း မွန်စေရေးအတွက် သက်ဆိုင်ရာမြို့နယ်များ အလိုက် ကြပ်မတ်ဆောင်ရွက်သွားရန်လိုကြောင်း၊ မြို့နယ်အလိုက် ခရိုင်အလိုက် ခြံဝန်းရှိသည့်အိမ်များအားလုံးတွင် သစ်ပင်များစိုက်ပျိုးစေရေးနှင့် အန္တရာယ်ရှိသည့် သစ်ပင်သစ်ကိုင်းများကိုလည်း စည်ပင်သာယာဦးစီးဌာနမှ စနစ်တကျ ခုတ်ထွင် ပေးခြင်းများကိုဆောင်ရွက်ပေးရန်လိုကြောင်း၊ သစ်ပင်မရှိသည့် နေရာများတွင် သစ်ပင်များစိုက်ပျိုးစေရေး သစ်ပင်များစိမ်းလန်းစိုပြေနေစေရေးအတွက် ပြည်သူ လူထုမှသိရှိရန်နှင့် ပြည်သူလူထုမှ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ရန်လိုကြောင်း၊ ရန်ကုန်တိုင်းဒေသကြီးအတွင်း တည်ငြိမ်အေးချမ်းရေးအတွက် ဝိုင်းဝန်းဆောင်ရွက် ကြရန်လိုကြောင်းဖြင့်မှာကြားပြီး အစည်းအဝေးကိုရုပ်သိမ်းလိုက်သည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။