နိုင်ငံတော်နှင့် တပ်မတော်မှ အားထားရသည့်၊ ပြည်သူက အားကိုးရသည့် လက်ရုံးရည်၊ နှလုံးရည် ပြည့်ဝသော ဆေးဘက်ဆိုင်ရာအရာရှိကောင်းများ၊ သူနာပြုများ၊ ဆေးဝါးကျွမ်းကျင်သူများ၊ ဆေးဘက်ဆိုင်ရာပညာသည်များ မွေးထုတ်ပေးနိုင်ရေး ကြိုးပမ်းဆောင်ရွက်

နေပြည်တော်၊ ဇွန် – ၁၀

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့မွန်းလွဲပိုင်းတွင် တပ်မတော်ဆေးတက္ကသိုလ်နှင့် တပ်မတော်သူနာပြုနှင့်ဆေးဘက်ပညာတက္ကသိုလ်တို့မှ ကျောင်းအုပ်ကြီးများ၊ နည်းပြ အရာရှိကြီးများ၊ ကထိကအရာရှိကြီးများ၊ ဆရာ၊ ဆရာမကြီးများ၊ သန္ဓေအရာရှိများနှင့် မဟာဘွဲ့လွန်သင်တန်းသားများ၊ ဗိုလ်လောင်းများ၊ သင်တန်းသား၊ သင်တန်းသူများ အား တက္ကသိုလ်အလိုက်ဘွဲ့နှင်းသဘင်ခန်းမများ၌ သီးခြားစီတွေ့ဆုံ၍ အမှာစကား ပြောကြားသည်။

အဆိုပါတွေ့ဆုံပွဲများသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဒုတိယဗိုလ်ချုပ်ကြီး ဇွဲဝင်းမြင့်၊ ကာကွယ်ရေးဦးစီးချုပ်(လေ)ဗိုလ်ချုပ်ကြီး ထွန်းအောင်၊ ပြည်ထောင်စု အဆင့်ပုဂ္ဂိုလ်များ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊  ရန်ကုန် တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ကျောင်းအုပ်ကြီးများ၊ နည်းပြအရာရှိကြီးများ၊ ကထိက အရာရှိကြီးများ၊ ဆရာ၊ ဆရာမကြီးများ၊ သန္ဓေအရာရှိများနှင့် မဟာဘွဲ့လွန်သင်တန်း သားများ၊ ဗိုလ်လောင်းများ၊ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြသည်။

ကျွမ်းကျင်သည့်ဆေးဘက်ဆိုင်ရာအရာရှိကောင်းများ၊ သူနာပြုများ၊ ဆေးဝါးကျွမ်းကျင် သူများ၊ ဆေးဘက်ပညာသည်များ မွေးထုတ်ပေးနိုင်ရေး              

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီး ချုပ်က အမှာစကားပြောကြားရာတွင် တပ်မတော်ဆေးတက္ကသိုလ်ကို “တပ်မတော် (ကြည်း၊ ရေ၊ လေ)အတွက်လိုအပ်သော လက်ရုံးရည်၊ နှလုံးရည် ပြည့်ဝသည့် ဆေးသိပ္ပံ ပညာရှင်အရာရှိများမွေးထုတ်ပေးရန်ဟူသည့် ရည်ရွယ်ချက်ဖြင့် တည်ထောင်ခဲ့ခြင်း ဖြစ်ပြီး သင်တန်းသားဗိုလ်လောင်းများမှ ဆေးဘက်ပညာဆိုင်ရာအရာရှိငယ်များကို မွေးထုတ်ပေးခြင်းရှိသကဲ့သို့ ၎င်းအရာရှိများမှတဆင့် တပ်မတော်ဆေးဘက်ဆိုင်ရာ အရာရှိကြီးများကို အဆင့်ဆင့်မွေးထုတ်ပေးလျက်ရှိကြောင်း၊အခြေခံအားဖြင့် သင်တန်း သား ဗိုလ်လောင်းဘဝကတည်းက လက်ရုံးရည်၊ နှလုံးရည်ပြည့်ဝသည့် ဗိုလ်လောင်း များဖြစ်အောင် လေ့ကျင့်ဆောင်ရွက်ပေးရန်လိုကြောင်း၊ ဗိုလ်လောင်းများအနေဖြင့် ရှိသင့်ရှိထိုက်သည့် ကိုယ်ခန္ဓာအချိုးအစား၊ ကိုယ်ကာယကြံ့ခိုင်မှုနှင့် ကြံ့ခိုင်သန်စွမ်းမှု များရှိရမည်ဖြစ်ကြောင်း၊ ဗိုလ်လောင်းများအနေဖြင့် နေ့စဉ်လေ့ကျင့်ရေးပိုင်းဆိုင်ရာ များ၊ စာပေပညာရပ်ဆိုင်ရာများကို စဉ်ဆက်မပြတ်ဆောင်ရွက်ရသည်ဖြစ်သဖြင့် အာဟာရပြည့်ပြည့်ဝဝ စားသုံးမှသာ ကိုယ်ခံစွမ်းအားကောင်းမွန်စွာဖြင့် လိုက်ပါလုပ် ဆောင်နိုင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် သင်တန်းသားများအတွက် စနစ်တကျတွက် ချက်ပြီး ကျွေးမွေးလျက်ရှိသည့်ရိက္ခာများကို ပြည့်ဝစွာစားသောက်ကြရန်လိုကြောင်း။

နိုင်ငံတော်နှင့် တပ်မတော်အတွက် လိုအပ်ချက်ရှိသည့်အတွက် တပ်မတော်ဆေး တက္ကသိုလ်ကို ဖွင့်လှစ်သင်ကြားပေးနေခြင်းဖြစ်သည့်အတွက် သက်ဆိုင်ရာဘာသာရပ် အလိုက် ကျွမ်းကျင်သည့်ဆေးဘက်ဆိုင်ရာအရာရှိကောင်းများဖြစ်စေရေး ကြိုးပမ်း ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ဆေးဘက်ဆိုင်ရာပညာရပ်များသာမက စစ်ပညာ ကိုလည်း သင်ကြားပေးလျက်ရှိသဖြင့် ခန္ဓာကိုယ်ကြံ့ခိုင်သန်စွမ်းမှုမှစ၍ စစ်အတတ် ပညာကိုလည်း ကျွမ်းကျင်တတ်မြောက်စေရေး သင်ကြားပေးသည်မှန်သမျှကို စနစ် တကျ လေ့ကျင့်ဆောင်ရွက်နေရမည်ဖြစ်ကြောင်း၊ လေ့ကျင့်သင်ကြားပေးသည့် စာပေ ပညာ၊ စစ်ပညာတို့ကို မှန်မှန်ကန်ကန်လိုက်နာဆောင်ရွက်မှသာလျင် သင်တန်းဆင်းပြီး နောက်ပိုင်းလက်တွေ့တာဝန်ထမ်းဆောင်ရာ၌ မိမိတာဝန်ယူထားသည့် တာဝန်များကို အောင်မြင်စွာ ထမ်းဆောင်နိုင်မည်ဖြစ်ကြောင်း၊ ထို့ပြင် စစ်စည်းကမ်းသည် တပ်မ တော်၏ကျောရိုးဖြစ်သဖြင့် စည်းကမ်းစနစ်တကျဖြင့် နေထိုင်သွားလာတတ်သည့် လူနေမှုပုံစံဖြစ်ရန်လိုကြောင်း၊ တိုက်တွန်းချက်၊ တားမြစ်ချက်များကို အသိ၊ သတိနှင့် ယှဉ်၍ လိုက်နာဆောင်ရွက်ကြရန်လိုကြောင်း။

တပ်မတော်သူနာပြုနှင့်ဆေးဘက်ပညာတက္ကသိုလ်ကို ဒို့တာဝန်အရေးသုံးပါးကို ကာကွယ်မည့် အမျိုးသားတပ်မတော်အတွက် လိုအပ်သောလက်ရုံးရည်၊ နှလုံးရည် ပြည့်ဝသည့် သူနာပြုများ၊ ဆေးဝါးကျွမ်းကျင်သူများ၊ ဆေးဘက်ပညာသည်များ မွေးထုတ် ပေးရန်’’ဟူသည့်ရည်ရွယ်ချက်ဖြင့်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း၊ တပ်မတော်တွင် သူနာ ပြုများ၏အခန်းကဏ္ဍသည်အရေးကြီးကြောင်း၊ တပ်မတော်သည် နိုင်ငံတော်ကာကွယ် ရေး တာဝန်ကိုထမ်းဆောင်ရန်ဖြစ်သော်လည်း မိမိတို့နိုင်ငံတွင် လွတ်လပ်ရေးနှင့်အတူ ပေါ်ပေါက်လာသည့် ပြည်တွင်းလက်နက်ကိုင်သောင်းကျန်းမှုများ ပပျောက်ပြီး ထာဝရ ငြိမ်းချမ်းရေး ရရှိရေးအတွက် ယခုထိတိုင် ကြိုးပမ်းဆောင်ရွက်နေရဆဲဖြစ်ကြောင်း၊ နိုင်ငံတော် လုံခြုံရေးနှင့် ကာကွယ်ရေးတာဝန်များထမ်းဆောင်စဉ် ထိခိုက်ဒဏ်ရာ ရရှိ သူများနှင့် ကျန်းမာရေးကောင်းမွန်မှုမရှိသူများအား ရုပ်ပိုင်းစိတ်ပိုင်းဆိုင်ရာအရ ကုသမှု များ ဆောင်ရွက်ရာတွင် ဆေးတပ်ဖွဲ့၏ အခန်းကဏ္ဍသည်အရေးကြီးကြောင်း၊

ဆရာဝန်များအနေဖြင့် ကုသမှုများကိုဆောင်ရွက်ကြရပြီး သူနာပြုများအနေဖြင့် ပြုစုကုသမှုများကိုဆောင်ရွက်ပေးရခြင်းဖြစ်ကြောင်း၊ လူတိုင်းသည် ကြင်နာမှုကို လိုလားကြပြီး ကျန်းမာရေး မကောင်းသူများအနေဖြင့် ၎င်းတို့အားကြင်နာစွာဖြင့် ဆေးဝါးကုသမှု ဆောင်ရွက်ပေးသည်ကို ပိုမိုလိုလားကြကြောင်း၊  တပ်မတော်သူနာ ပြုနှင့်ဆေးဘက်ပညာတက္ကသိုလ် သင်တန်းသားများအနေဖြင့် တစ်ဖက်သားအပေါ် တွင် ကြင်နာနွေးထွေးသည့်အသိစိတ်ရှိပြီးဖြစ်ကြောင်း၊ ထိုစိတ် အခြေခံအပေါ်အတတ် ပညာများဖြင့်ပေါင်းစပ်လိုက်သည့်အခါ၌ ကြင်နာမှုသည် ပိုမိုခိုင်မာအားကောင်းလာ မည်ဖြစ်ကြောင်း၊ ထို့ကြောင့် သူနာပြုတစ်ဦးအဖြစ်တာဝန်ထမ်းဆောင်ချိန်တွင် လူနာ များအပေါ် ကောင်းသည်ထက်ကောင်းအောင် ဆောင်ရွက်၍ ကြင်နာစွာဖြင့် ပြုစု စောင့်ရှောက်သွားကြစေလိုကြောင်း၊ အခြေခံအားဖြင့် ရှိပြီးသားဖြစ်သည့် ကြင်နာတတ် သည့်အသိစိတ်နှင့် သင်ကြားပေးလိုက်သည့် ဆေးအတတ်ပညာများကို ပေါင်းစပ်အသုံး ချ ဆောင်ရွက်သွားမည်ဆိုပါက သူနာပြုကောင်းများဖြစ်လာမည်ဖြစ်ကြောင်း။

သင်ကြားရေးပိုင်းနှင့်ပတ်သက်၍ အရည်အချင်းပြည့်ဝသူများ မွေးထုတ်ပေးနိုင်ရမည်

သင်ကြားရေးပိုင်းနှင့်ပတ်သက်၍ နည်းပြနှင့် သင်တန်းသားအချိုးကို စနစ်တကျ တွက်ချက်၍ ဖွင့်လှစ်သင်ကြားပေးထားခြင်းဖြစ်သဖြင့် စာပေပညာနှင့် စစ်ပညာ သင် ကြားမှုများကို ဖိဖိစီးစီးဆောင်ရွက်ကြရန်လိုကြောင်း၊ လေ့ကျင့်သင်ကြားပေးနေသူ နည်းပြများအနေဖြင့် သင်တန်းသားများအားလေ့ကျင့်ပေးရာတွင် အရေအတွက်ထက်  အရည်အချင်းပြည့်ဝသည့် သင်တန်းသားများဖြစ်လာစေရေးနှင့် စစ်သားကောင်းဖြစ် အောင်လေ့ကျင့်ပေးရန်လိုကြောင်း၊ Guardian စနစ်ဖြင့် အဆင့်ဆင့်ကြပ်မတ် ကွပ်ကဲ ဆောင်ရွက်ရာတွင် သင်တန်းသားများ၏ စိတ်ဓာတ်၊ စည်းကမ်း၊ စာပေပညာ ဆိုင်ရာ များကောင်းမွန်စေရေး အနီးကပ်တစ်ဦးချင်း ကြပ်မတ်ကွပ်ကဲလေ့ကျင့်သင်ကြား ဆောင်ရွက်နိုင်ရမည်ဖြစ်ပြီး ၎င်းတို့၏ အခက်အခဲများအပေါ် မိဘသဖွယ်၊ ညီရင်း အကိုသဖွယ် သဘောထား၍ တတ်နိုင်သရွေ့ဖြေရှင်းဆောင်ရွက်ပေးရန်လိုကြောင်း၊ အရည်အချင်းပြည့်ဝသည့် နည်းပြများ၊ ဆရာ၊ ဆရာမများကို ရွေးခြယ်ခန့်အပ်ထား ခြင်းဖြစ်သဖြင့် မိမိတို့ဖြတ်သန်းလာရသည့် ဘဝအတွေ့အကြုံ၊ တတ်ကျွမ်းထားသည့် ဘာသာရပ်များအလိုက် စာပေပညာရပ်များကို အသုံးချ၍ လေ့ကျင့်သင်ကြားပေးရန် လိုပြီး ဆေးဘက်ပညာဆိုင်ရာအရာရှိကောင်းများကို မွေးထုတ်ပေးရန်လိုကြောင်း၊  ရုပ်ပိုင်း၊ စိတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်ကောင်းမွန်ပြီး အရည်အသွေးရှိသည့် ဆေးဘက်ဆိုင်ရာ အရာရှိကောင်းများ မွေးထုတ်ပေးနိုင်ရေး ကြပ်မတ်ဆောင်ရွက်ကြရန်လိုကြောင်း၊ တပ်မတော်ဆေးတက္ကသိုလ်မှ မွေးထုတ်ပေးလိုက်သည့် ဆေးဘက်ဆိုင်ရာအရာရှိများ အနေဖြင့် အခြေခံအားဖြင့် ကျန်းမာရေးစောင့်ရှောက်မှုများဆောင်ရွက်ပေးနိုင်သူများ ဖြစ်ပြီး မိမိတို့ သင်ယူတတ်မြောက်ထားသည့် ဆေးပညာရပ်ဆိုင်ရာဘာသာရပ်အလိုက် ထူးချွန်ထက်မြက်သူများဖြစ်လာစေရေး ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားရမည် ဖြစ်ကြောင်း။

တပ်မတော်ဆေးတက္ကသိုလ်အနေဖြင့် ကမ္ဘာ့နိုင်ငံများရှိ ဆေးတက္ကသိုလ်များ အနက် အဆင့်တစ်ခုတွင်ရှိသည့်တက္ကသိုလ်တစ်ခုဖြစ်သဖြင့် မိမိတို့တက်ရောက်နေရ သည့်တက္ကသိုလ်အတွက် ဂုဏ်ယူကြရန်လိုကြောင်း၊ ယခင်က သင်တန်းသားများကို သာ ခေါ်ယူလေ့ကျင့်ပေးလျက်ရှိသော်လည်း လက်ရှိအချိန်တွင် အမျိုးသမီးသင်တန်း သူများကိုလည်း ခေါ်ယူလေ့ကျင့်သင်ကြားပေးလျက်ရှိကြောင်း၊ ဆေးပညာရပ်သည် အရေးကြီးသည့်ဘာသာရပ်ဖြစ်သဖြင့် စနစ်တကျသင်ယူလေ့လာကြရန်မှာကြားလို ကြောင်း၊ ထို့ပြင် အဆင့်မြင့်ဆေးပညာရပ်များကို သင်ယူလျက်ရှိသည့် မဟာဘွဲ့လွန် သင်တန်းသားများအနေဖြင့်လည်း မိမိတို့သင်ယူနေရသည့် ဘာသာရပ်အလိုက် အလေးထား သင်ယူလေ့လာသွားကြရန်လိုကြောင်း၊ နိုင်ငံတော်နှင့် တပ်မတော်က အချိန်နှင့် ငွေကြေးအရင်းအနှီးများစွာဖြင့် ပြုစုပျိုးထောင်ပေးခဲ့ရခြင်းဖြစ်သဖြင့် သင်တန်းသားများအနေဖြင့် ကြိုးစားအားထုတ်မှုအပြည့်ဖြင့် လေ့ကျင့်သင်ကြားကြရန် လိုကြောင်း။

မိမိကိုယ်ကိုထိန်းသိမ်းနေထိုင်၍ ဘဝတိုးတက်စေရေး စဉ်ဆက်မပြတ်ကြိုးပမ်းဆောင်ရွက်

အခြေခံပညာအထက်တန်းပညာကို မြင့်မားသောရမှတ်များဖြင့် အောင်မြင်ခဲ့ သည့်အခြေခံကောင်းများကို ယခုတက္ကသိုလ်ပညာရပ်များ ဆည်းပူးရာတွင်လည်း ဆက်လက်ထိန်းသိမ်း၍ ကြိုးစားသင်ယူသွားရန်လိုအပ်သကဲ့သို့ ရှေ့ဆက်လက် လျှောက်လှမ်းရမည့် ဘဝခရီးတစ်လျှောက်တွင်လည်း မိမိတို့၏ရည်မှန်းချက်များ မပျောက်ပျက်၊ မယိမ်းယိုင်စေရေးအတွက်ရှိပြီးဖြစ်သည့် အခြေခံကောင်းများကို ဆက် လက်ထိန်းသိမ်းဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊မိမိဘဝတိုးတက်ရေးကို အထောက် အကူဖြစ်စေမည့် စာပေဖတ်မှတ်လေ့လာခြင်းများကို ဆောင်ရွက်တတ်သည့်အလေ့ အကျင့်ကောင်းကို မွေးမြူဆောင်ရွက်သွားရန်လိုကြောင်း၊ စာပေဗဟုသုတ၊ ပညာရပ် ဆိုင်ရာဗဟုသုတ၊ နိုင်ငံရေးဆိုင်ရာဗဟုသုတ စသည်ဖြင့် နယ်ပယ်အလိုက် အသိပညာ ဗဟုသုတကြွယ်ဝစေရေး စာပေဖတ်မှတ်လေ့လာနေရမည်ဖြစ်ကြောင်း။

မိမိကိုယ်ကိုထိန်းထိန်းသိမ်းသိမ်းနေထိုင်တတ်သည့် အလေ့အကျင့်ကောင်းများ ကိုလည်း မွေးမြူကြရန်လိုကြောင်း၊ ဘဝတိုးတက်လမ်းကို အထောက်အကူမဖြစ်စေနိုင် သည့် အသောက်အစားနှင့် အပျော်အပါးများကို အသိသတိဖြင့် ရှောင်ကြဉ်ကြရန်လို ကြောင်း၊ နိုင်ငံတော်နှင့် တပ်မတော်မှ အားထားရသည့်၊ ပြည်သူက အားကိုးရသည့် ကျွမ်းကျင်သည့်ဆေးဘက်ဆိုင်ရာအရာရှိကောင်းများ၊ သူနာပြုများ၊ ဆေးဝါးကျွမ်းကျင် သူများ၊ ဆေးဘက်ပညာသည်များ ဖြစ်လာစေရေး စဉ်ဆက်မပြတ်ကြိုးပမ်းအားထုတ် သွားကြရန်လိုကြောင်း၊ ဆေးပညာရပ်နယ်ပယ်တွင် မြင့်မားသည့်ဆေးပညာရပ်များ များစွာရှိနေသည့်အတွက် နည်းပြအရာရှိများ၊ ဘွဲ့လွန်သင်တန်းသားများနှင့် သင်တန်း သား ဗိုလ်လောင်းများ၊ ဆေးဘက်ဆိုင်ရာ သင်တန်းသား၊ သင်တန်းသူများ အနေဖြင့် ခေတ်အလိုက်ပေါ်ထွက်နေသည့် အသစ်အသစ်သော ဆေးပညာရပ်များကို မျက်ခြည် မပြတ်စေရေး စဉ်ဆက်မပြတ် ကြိုးပမ်းဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်းဖြင့် မှာကြားပြီး လိုအပ်ချက်များကို မေးမြန်း ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် တပ်မတော်ဆေးတက္ကသိုလ်မှ ဗိုလ်လောင်းများနှင့်အတူ နေ့လည်စာကို အတူတကွသုံးဆောင်ကြသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များ တပ်မတော်ဆေးတက္ကသိုလ်နှင့် တပ်မတော်သူနာပြုနှင့်ဆေးဘက်ပညာ တက္ကသိုလ်တို့သို့ ရောက်ရှိနေစဉ်အတွင်း တပ်မတော်ဆေးတက္ကသိုလ် ခေတ္တကျောင်း အုပ်ကြီးနှင့် တပ်မတော်သူနာပြုနှင့်ဆေးဘက်ပညာတက္ကသိုလ် ကျောင်းအုပ်ကြီးတို့က ကျောင်းဌာနချုပ်ခန်းမအသီးသီး၌ လေ့ကျင့်ရေးပိုင်းဆိုင်ရာ ဆောင်ရွက်နေမှုအခြေ အနေများကို အသီးသီးရှင်းလင်း တင်ပြကြသည်။

ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က ဆေးတက္ကသိုလ်နှင့် တပ်မတော်သူနာပြုနှင့်ဆေးဘက်ပညာ တက္ကသိုလ်တို့၏ ရည်မှန်းချက်တာဝန်များကို အကောင်အထည်ဖော်နိုင်ရေးအတွက် ကျောင်းအုပ်ကြီးများနှင့် အုပ်ချုပ်မှုပိုင်းဆိုင်ရာတာဝန်ရှိသူများတွင် အဓိကတာဝန်ရှိ ကြောင်း၊ အုပ်ချုပ်ရေးပိုင်းဆိုင်ရာတာဝန်ရှိသူများက စည်းကမ်းစနစ်တကျရှိစေရေး၊ စာပေဆိုင်ရာတာဝန်ရှိသူက ထူးချွန်ထက်မြတ်သည့် ဆေးဘက်ဆိုင်ရာအရာရှိကောင်း များပေါ်ထွက်လာရေး၊ လေ့ကျင့်ရေးပိုင်းဆိုင်ရာတာဝန်ရှိသူများက ရုပ်ပိုင်း၊ စိတ်ပိုင်း ဆိုင်ရာကြံ့ခိုင်သန်စွမ်းသည့် အရာရှိကောင်းများဖြစ်ပေါ်လာရေး စသည်ဖြင့် သက်ဆိုင် ရာကဏ္ဍအလိုက်လေ့ကျင့်ပေးကြရန်လိုကြောင်း၊ အလားတူ မဟာဘွဲ့လွန်သင်တန်း တက်ရောက်သူအရာရှိများအနေဖြင့် အခြားနိုင်ငံများနှင့် ပညာရပ်ပိုင်းဆိုင်ရာများတွင် ရင်ဘောင်တန်းနိုင်ရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် မဟာဘွဲ့လွန်သင်တန်းသားများ ပညာရည်ပြည့်ဝစေရေး၊ ကြိုးစားအားထုတ်မှု ကောင်းမွန်စေရေး ကြပ်မတ်ဆောင် ရွက်ရမည်ဖြစ်သကဲ့သို့ လိုအပ်သည့် သင်ထောက်ကူပစ္စည်း များ ပြည့်ဝစေရေး အတွက်လည်း ဖြည့်ဆည်းပေးရန်လိုကြောင်းဖြင့် မှာကြားသည်။

ယနေ့နံနက်ပိုင်းတွင်လည်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်သည် အဖွဲ့ဝင်များလိုက်ပါလျက် ရန်ကုန်မြို့ရှိ တပ်မတော်အရိုး ရောဂါအထူးကုဆေးရုံကြီးသို့သွားရောက်၍ ဆေးရုံ၌ တက်ရောက်ကုသမှုခံယူလျက်ရှိ သည့် နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေး တာဝန်များထမ်းဆောင်စဉ် ထိခိုက်ဒဏ် ရာရရှိခဲ့သော အရာရှိ၊ စစ်သည်များ၏ ထိခိုက်ဒဏ်ရာရရှိခဲ့မှု အခြေအနေများ၊ ရောဂါ ကုသပျောက်ကင်းမှု အခြေအနေများကို တစ်ဦးချင်းလိုက်လံ တွေ့ဆုံ၍ ရင်းနှီးနွေးထွေး စွာမေးမြန်းပြီး အားပေးစကားပြောကြားကာ အရာရှိ၊ စစ်သည်များ၏ တင်ပြချက်များ အပေါ် လိုအပ်သည်များ ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် ဆေးရုံအတွင်း လှည့်လည်ကြည့်ရှု၍ တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ လမ်းညွှန်မှာကြားသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်အား ဆေးရုံတပ်မှူးက အစည်းအဝေးခန်းမတွင် ကျန်းမာရေးစောင့်ရှောက်မှု ပေးထားသည့်အခြေအနေများနှင့် လုပ်ငန်းဆောင်ရွက်မှုအခြေအနေများကို ရှင်းလင်း တင်ပြသည်။ ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဆေးရုံသန့်ရှင်းသာယာလှပရေးဆောင်ရွက်ရန် နှင့် ဆေးရုံအဆင့်မြှင့်တင်ဆောင်ရွက်နိုင်မည့်အခြေအနေများနှင့် ပတ်သက်၍ ဆွေး နွေးမှာကြားခဲ့သည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။