နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တပ်မတော်ချည်မျှင်နှင့် အထည်စက်ရုံ(သမိုင်း)သို့ သွားရောက်ကြည့်ရှုစစ်ဆေး

နေပြည်တော် ဇွန် – ၁၀

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ခရီးစဉ်တွင်လိုက်ပါလာသည့်အဖွဲ့ဝင်များ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် အဖွဲ့ဝင်များလိုက်ပါ၍ ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်၊ အမှတ်(၁၂)ရပ်ကွက်ရှိ တပ်မတော်ချည်မျှင်နှင့် အထည်စက်ရုံ(သမိုင်း)သို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီး ချုပ်အား  တပ်မတော်ချည်မျှင်နှင့် အထည်စက်ရုံ(သမိုင်း) စက်ရုံအစည်းအဝေးခန်းမ တွင် စစ်ထောက်ချုပ် ဒုတိယဗိုလ်ချုပ်ကြီး ကျော်စွာလင်း က တပ်မတော်ဝါစိုက်ပျိုးရေး တပ်များက ဝါစိုက်ပျိုးရေးလုပ်ငန်း အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိမှုအခြေ အနေများ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီး ချုပ် တပ်မတော်ဝါစိုက်ပျိုးရေးတပ်များသို့ ရောက်ရှိစစ်ဆေးစဉ် လမ်းညွှန်မှာကြားချက် များအား လိုက်နာဆောင်ရွက်ပြီးစီးမှုအခြေအနေများ၊ စိုက်ပျိုးရာသီအလိုက် လုပ်ငန်း များအဆင့်ဆင့်ဆောင်ရွက်ခဲ့မှုနှင့် ဆက်လက်စိုက်ပျိုးသွားရန် လျာထားဆောင်ရွက် လျက်ရှိမှုအခြေအနေများကိုလည်းကောင်း၊ စက်ရုံမှူး ဦးခိုင်ရွှေက တပ်မတော်ချည်မျှင် နှင့်အထည်စက်ရုံ(သမိုင်း)အနေဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မ တော်ကာကွယ်ရေးဦးစီးချုပ်၏ လမ်းညွှန်မှာကြားချက်များအပေါ် အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိမှုအခြေအနေများ၊ စက်ရုံသမိုင်းအကျဉ်းနှင့် လုပ်ငန်းလည်ပတ် ဆောင်ရွက်နေမှုအခြေအနေများ၊ ဝန်ထမ်းများ ခန့်အပ်ထားရှိမှုနှင့် ဝန်ထမ်းများ၏ သက်သာချောင်ချိရေးအတွက် ဆောင်ရွက်ပေးလျက်ရှိမှုအခြေအနေများနှင့် ပတ်သက် ၍လည်းကောင်း အသီးသီးရှင်းလင်းတင်ပြကြသည်။

ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က ဝါစိုက်ပျိုးရေးလုပ်ငန်းများအောင်မြင်ဖြစ်ထွန်းပြီး အထွက် နှုန်းကောင်းမွန်စေရေးအတွက် မြေအရည်အသွေးစစ်ဆေးခြင်း သုတေသနလုပ်ငန်း များကို ဦးစွာဆောင်ရွက်ပြီး မြေဆီလွှာအမျိုးအစားအလိုက် စနစ်တကျပြုပြင်ဆောင် ရွက်သွားရန်လိုကြောင်း၊ လိုအပ်သည့်သွင်းအားစုများ အပြည့်အဝထည့်သွင်းရန်နှင့် စိုက်ပျိုးရေရရှိအောင်ဆောင်ရွက်ပေးရန်လည်းလိုကြောင်း၊စိုက်ပျိုးသည့်မြေအမျိုးအစား အလိုက် ထွက်ရှိသင့်သည့်အထွက်နှုန်းများကို လေ့လာဆန်းစစ်ရန်နှင့် အထွက်နှုန်း ပြည့်မီစေရေး ဆောင်ရွက်သွားရန်လိုကြောင်း၊ ဝါစိုက်ပျိုးမှုနှင့်ပတ်သက်၍  တပ်မတော် အနေဖြင့် စံနမူနာပြဖြစ်အောင်ဆောင်ရွက်ကြရန်လိုပြီး A Grade အမျိုးအစားဝါ များ ထွက်ရှိအောင် ကြိုးစားဆောင်ရွက်ကြရန်လိုကြောင်း၊ ဝါအမျိုးအစားအများအပြား စိုက်ပျိုးခြင်းထက် တစ်မျိုးတည်းကိုသာ စိုက်ပျိုး၍ အရည်အသွေးကောင်းမွန်သည့် ဝါများထွက်ရှိလာအောင်ဆောင်ရွက်ရန်လိုကြောင်း၊ ပိတ်စအထည်အလိပ်များ ကောင်း မွန်ရန်အတွက် အခြေခံဖြစ်သည့် ဝါသည်ကောင်းမွန်ရမည်ဖြစ်သဖြင့် ဝါစိုက်ပျိုးမှုမှ အရည်အသွေးမြင့်ဝါများထွက်ရှိလာရန်လည်းလိုအပ်ကြောင်း၊ တပ်မတော်ချည်မျှင်နှင့် အထည် စက်ရုံ(သမိုင်း)အနေဖြင့် တပ်မတော်မှလိုအပ်သည့် အဝတ်အထည်နှင့် ချည် အသုံးအဆောင်ပစ္စည်းများကို ထုတ်လုပ်ခြင်းဖြစ်ကြောင်း၊ မိမိတို့နိုင်ငံအနေဖြင့် ပြည်ပမှ ချည်မျှင်နှင့်အထည်အလိပ်များကို တင်သွင်းရလျက်ရှိပြီး ပြည်ပသွင်းကုန်များ လျှော့ချနိုင်ရန်အတွက် ပြည်တွင်းရှိ ချည်မျှင်နှင့်အထည်စက်ရုံများမှ လုံလောက်စွာ ထုတ်လုပ်နိုင်ရန်လိုကြောင်း၊ နေ့စဉ်ဝတ်စားဆင်ယင်မှုတွင် အသုံးများသည့် တီရှပ်၊ စွပ်ကျယ် ကဲ့သို့သော အခြေခံအဝတ်အထည်ပစ္စည်းများနှင့် အသုံးအဆောင်ပစ္စည်း များအား ပြည်တွင်း၌လုံလောက်စွာထုတ်လုပ်၍ ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချ ပေးနိုင်ရေး ဆောင်ရွက်ပေးရန်လိုကြောင်း။

အဝတ်အထည်များအား အရောင်အသွေးစုံလင်စွာဖြင့် ဈေးကွက်အတွင်း လူကြိုက်များသည့် ပုံစံအမျိုးအစားအလိုက် ထုတ်လုပ်ရောင်းချသွားရန်လိုကြောင်း၊ အခြားဈေးကွက် လိုအပ်ချက်ရှိသည့် ဟိုတယ်သုံးပစ္စည်းများနှင့် ပုဂ္ဂလိကသုံးပစ္စည်း များကိုလည်း အရည်အသွေးပြည့်မီစွာထုတ်လုပ်၍ ဈေးကွက်ရရှိရေး စဉ်းစားဆောင် ရွက်ကြရန်လိုအပ်သကဲ့သို့ လုပ်ငန်းအောင်မြင်တိုးတက်စေရေးအတွက် သုတေသနပြု လုပ်ငန်းများအား ဆောင်ရွက်ရန် လိုအပ်မည်ဖြစ်ကြောင်း၊ ချည်မျှင်နှင့်အထည် စက်ရုံ များသည် နိုင်ငံအတွက်လွန်စွာအကျိုးရှိသည့် စက်ရုံများဖြစ်သဖြင့် နိုင်ငံ့လိုအပ်ချက် များအား ပြည့်မီစွာထုတ်လုပ်၍ ပြည်သူများ ဈေးနှုန်းသက်သာစွာဖြင့် အဝတ်အထည် များအားအသုံးပြုနိုင်ရေး စနစ်တကျ စဉ်းစားသုံးသပ်ဆောင်ရွက်ကြရန် လိုကြောင်းဖြင့် မှာကြားပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးကာ ခင်းကျင်းပြသထား သည့် စက်ရုံထုတ် အထည်အလိပ်ပစ္စည်းများကို ကြည့်ရှုသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် စက်ရုံအတွင်း ချည်မျှင်နှင့်အထည်များအား အဆင့်ဆင့် ထုတ်လုပ်နေမှု  အခြေအနေများအား လှည့်လည်ကြည့်ရှုစစ်ဆေးပြီး စက်ရုံမှူးနှင့် တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များညှိနှိုင်းဖြည့်ဆည်း ဆောင် ရွက်ပေးကာ စက်ရုံဝန်ထမ်းများအတွက် ချီးမြှင့်ငွေများပေးအပ်သည်။

အဆိုပါ တပ်မတော်ချည်မျှင်နှင့် အထည်စက်ရုံ(သမိုင်း)မှ ချည်မျှင်ညို၊ တက်ထရက် ပိတ်ညို၊ စွပ်ကျယ်ပိတ်ညို၊ ပဝါပိတ်ညို၊ သင်္ကန်းများ၊ တက်ထရက် ပိတ်ရောင်စုံ၊ စွပ်ကျယ်ပိတ်ရောင်စုံ၊ ပဝါရောင်စုံ၊ တီရှပ်မျိုးစုံ၊ စပို့ရှပ်မျိုးစုံ၊ နိုင်လွန် တာဖက်တာများ၊ ဆေးဂွမ်းလိပ်များ၊ အိပ်ယာခင်းရောင်စုံ တို့အပြင် အဝတ်အထည်နှင့် အသုံးအဆောင်ပစ္စည်းအမျိုးမျိုးတို့ကို အရည်အသွေးပြည့်မီစွာထုတ်လုပ်၍ တပ်မတော် ၏ လိုအပ်ချက်နှင့် ပြည်တွင်းဈေးကွက်လိုအပ်ချက်အား ဈေးနှုန်းသက်သာဖြင့် တစ်ဖက်တစ်လမ်းမှ ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိသည်။

 

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။