နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တပ်မတော်ချည်မျှင်နှင့်အထည်စက်ရုံ(မိတ္ထီလာ)သို့ သွားရောက်ကြည့်ရှုစစ်ဆေး

နေပြည်တော် ဇွန် – ၁၇

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ခရီးစဉ်တွင် လိုက်ပါလာသည့် အဖွဲ့ဝင်များ၊ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် တာဝန် ရှိသူများလိုက်ပါ၍ ယနေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့ရှိ တပ်မတော်ချည်မျှင်နှင့်အထည်စက်ရုံ(မိတ္ထီလာ)သို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီး ချုပ်အား  စက်ရုံအစည်းအဝေးခန်းမ၌ စက်ရုံမှူး ဦးနိုင်လင်းက ၂၀၂၂ ခုနှစ်၊ စက်တင်ဘာ လအတွင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီး ချုပ် စက်ရုံသို့လာရောက်စစ်ဆေးစဉ် လမ်းညွှန်ချက်များအား အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိမှု၊ စက်ရုံသမိုင်းအကျဉ်း၊ စက်ရုံမှ ချည်အမျိုးမျိုး ထုတ်လုပ်နိုင်မှု အခြေအနေများ၊ ဝန်ထမ်းများသက်သာချောင်ချိရေးအတွက် စိုက်ပျိုးမွေးမြူရေး လုပ် ငန်းများဖြင့် ဆောင်ရွက်ပေးနေမှု၊ ၂/၈၀ ချည်များအား ပြည်တွင်း၌ ထွက်ရှိသည့် ဝါများဖြင့် ထုတ်လုပ်နိုင်ရေးဆောင်ရွက်လျက်ရှိမှုအခြေအနေများအား ရှင်းလင်းတင်ပြသည်။

ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က ပြည်ပသို့ ဝါများကို ရောင်းချမည့်အစား ပြည်တွင်း၌ လိုအပ် လျက်ရှိသည့် အဆင့်မီချည်များကိုထုတ်လုပ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ရမည်ဖြစ် ကြောင်း၊ မိမိတို့အနေဖြင့် ခြင်ထောင်၊ စောင်၊ အိပ်ယာခင်း အပါအဝင် အခြေခံချည် ထည်အမျိုးမျိုးကို ပြည်တွင်း၌ ထုတ်လုပ်နိုင်ပြီးဖြစ်သောကြောင့် ပြည်တွင်းလိုအပ် ချက်ကို ပြည့်မီအောင်ထုတ်လုပ်ပြီး ပြည်ပသွင်းကုန်လျော့ကျစေရေး ဆောင်ရွက် ရမည်ဖြစ်ကြောင်း၊ ပြည်တွင်းမှထွက်ရှိသည့် ဝါများဖြင့်အရည်အသွေးမြင့် ချည်ထည် နှင့် ပိတ်များထုတ်လုပ်နိုင်ရေး ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ပြည်တွင်းရှိ အထည်အလိပ်နှင့်ပတ်သက်သည့် အငယ်စား၊ အသေးစားနှင့် အလတ်စား စက်မှုလုပ်ငန်းများ၌ လိုအပ်လျက်ရှိသော ချည်မျှင်နှင့် အထည်အလိပ်များကို လိုအပ် ချက်ပြည့်မီအောင် ထုတ်လုပ်၍ ပြည်တွင်းလိုအပ်ချက်ကို ဖြည့်ဆည်း ဆောင်ရွက် ပေးနိုင်မည်ဆိုပါက ပြည်ပမှတင်သွင်းနေရမှုများကို လျှော့ချနိုင်မည်ဖြစ်ကြောင်းဖြင့် ပြောကြားသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်သည် ခင်းကျင်းပြထားသော စက်ရုံမှထုတ်လုပ်ထားသည့် ယူနီဖောင်းပိတ်စ များနှင့် ချည်ထည်များ၏ အရည်အသွေးများအား ကြည့်ရှုစစ်ဆေးကာ တာဝန်ရှိသူများ ၏ တင်ပြချက်များအပေါ် ချည်ထည်များ၏ အရည်အသွေးအား ဆက်လက်ထိန်းသိမ်း သွားရန်၊ ဈေးကွက်လိုအပ်ချက်အပေါ် မူတည်၍ တိုးမြှင့်ထုတ်လုပ်နိုင်ရေး ဆောင်ရွက် သွားရန်နှင့် အခြားလိုအပ်သည်များကို မှာကြားသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် အရည်အသွေးမြင့်ချည်များ ထုတ်လုပ်နိုင်မည့် ချည်ငင် စက်ရုံနှင့် ဆေးဆိုးစက်ရုံ တည်ဆောက်ရေးလုပ်ငန်းခွင်သို့ရောက်ရှိကြပြီး စက်ရုံများတည် ဆောက်ပြီးစီးမှုနှင့် စက်ကိရိယာများတပ်ဆင်ပြီးစီးမှုအခြေအနေများကို ကြည့်ရှုစစ် ဆေးကာ စက်ရုံမှူးနှင့် စက်ရုံတည်ဆောက်ရေးတွင် ပါဝင်သည့် နိုင်ငံခြားသားပညာရှင် များ၏ တင်ပြချက်များအပေါ် လိုအပ်သည်များညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်သည် ချည်ငင်စက်ရုံနှင့် ဆေးဆိုးစက်ရုံ တည်ဆောက်ရေးတွင် ပါဝင်သည့် နိုင်ငံ ခြားသား ပညာရှင်များအား ဒေသထွက်လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့သည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။