နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်  ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးအမှတ်စဉ်(၅/၂၀၂၄) သို့ တက်ရောက်အမှာစကားပြောကြား

နေပြည်တော်၊ ဇူလိုင် – ၅

ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးအမှတ်စဉ်(၅/၂၀၂၄)ကို ယနေ့နံနက်ပိုင်း တွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ ၌ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားသည်။

အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးများနှင့် တာဝန်ရှိသူများ တက်ရောက် ကြပြီး နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်ဝန်ကြီးချုပ်များက Video Conferencing ဖြင့်တက်ရောက်ကြသည်။

နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အမျိုးသားရေး ရည်မှန်းချက်နှစ်ရပ်ချမှတ်အကောင်အထည်ဖော်ဆောင်ရွက်

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အဖွင့် အမှာ စကားပြောကြားရာတွင် မိမိတို့အနေဖြင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အမျိုး သားရေးရည်မှန်းချက်နှစ်ရပ်ဖြစ်သည့် တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာ ပေါများရေးကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ သာယာဝပြောရေး တွင် တရားဥပဒေစိုးမိုးရေး၊ လုံခြုံရေး၊ လမ်းပန်းဆက်သွယ်မှုလုံခြုံချောမွေ့စေရေး၊ အေးချမ်းစွာဖြင့် ပညာသင်ကြားနိုင်ရေး၊ ပြည်သူများ ကိုယ်စိတ်နှလုံး အေးချမ်းစွာဖြင့် လုပ်ကိုင်နေထိုင်စားသောက်နိုင်ရေးတို့ပါဝင်ပြီး ကျယ်ပြန့်ပါကြောင်း။

တိုင်းပြည်သာယာဝပြောရေး

တိုင်းပြည်သာယာဝပြောရေးအတွက်လိုအပ်သည့် အပိုင်းကဏ္ဍအလိုက်တစ်ချက် ခြင်းခွဲခြားပြောကြားသွားမည်ဖြစ်ကြောင်း။

လုံခြုံရေးပိုင်းနှင့်ပတ်သက်၍ လုံခြုံမှုရှိသည့် ဒေသများရှိသကဲ့သို့ အကြောင်း အမျိုးမျိုးကြောင့် တရားဥပဒေ စိုးမိုးမှုလျော့ပါးလျက်ရှိသည့် မြို့နယ်များနှင့် ဒေသများ လည်းရှိကြောင်း၊ လူတစ်ဦးချင်းအနေဖြင့် လုံခြုံရေးအသိ၊ လုံခြုံရေးသတိဖြင့် အတူတကွ ပူးပေါင်းဆောင်ရွက်မည်ဆိုပါက လုံခြုံရေးဆိုင်ရာကိစ္စများအားကောင်း လာမည်ဖြစ်ကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့်၊ ခရိုင်အဆင့်၊ မြို့နယ် အဆင့်၊ အဆင့်ဆင့်တို့တွင် လုံခြုံရေးဆိုင်ရာကိစ္စများနှင့်ပတ်သက်၍ သွားလာဆောင် ရွက်ရာတွင် စနစ်တကျဖြင့်ဆောင်ရွက်ကြရန်လိုကြောင်း၊ လုံခြုံရေးနှင့်ပတ်သက်၍ တာဝန်ရှိသူများအားလုံးအနေဖြင့် စနစ်တကျကြိုတင်ပြင်ဆင်ခြင်းနှင့် စနစ်တကျ နေထိုင်ခြင်းများကို လုံခြုံရေးအသိ၊ လုံခြုံရေးသတိဖြင့် ဆောင်ရွက်ကြမည်ဆိုပါက လုံခြုံရေးကျိုးပေါက်မှုများ လျော့နည်းသွားမည်ဖြစ်ကြောင်း။

ကျောင်းသား၊ ကျောင်းသူများ ပညာရည်သင်ကြားရေးနှင့်ပတ်သက်၍ ဘေးကင်း လုံခြုံစွာဖြင့် စိတ်အေးချမ်းသာစွာသင်ယူနိုင်ရေး လိုအပ်သည့်လုံခြုံရေးဆိုင်ရာ ကိစ္စရပ် များကိုဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ တိုင်းဒေသကြီးနှင့်ပြည်နယ်များ အလိုက် ကျောင်းနေအရွယ် ကလေးငယ်များအားလုံး ပညာသင်ကြားခွင့်ရရှိရေး အုပ်ချုပ်သူများ အနေဖြင့်  ဝိုင်းဝန်းဆောင်ရွက်ပေးရန်လိုကြောင်း၊ ကျောင်းဖွင့်လှစ်၍ရသည့် ဒေသ များ၌ ကျောင်းတက်ရောက်သူများ ရာနှုန်းပြည့် တက်ရောက်နိုင်ရန်လိုကြောင်း၊ ကျောင်းသား၊ ကျောင်းသူများ၏ လုံခြုံရေးအတွက် လုံခြုံရေးဆိုင်ရာတာဝန်ရှိသူများ၊ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများအနေဖြင့် စနစ်တကျဝိုင်းဝန်း ဆောင်ရွက် ပေးမည်ဆိုပါက ကျောင်းသား၊ ကျောင်းသူများအနေဖြင့် လုံခြုံစိတ်ချစွာဖြင့် ပညာ သင်ကြားနိုင်မည်ဖြစ်ကြောင်း၊ ကျောင်းနေရာခိုင်နှုန်းများနှင့် တန်းစဉ်ကူးပြောင်းမှုများ တစ်နှစ်ထက်တစ်နှစ် တိုးတက်မှုရှိစေရေး ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ပညာရေး ပိုင်းဆိုင်ရာများ တိုးတက်လာမည်ဆိုပါက ဒေသအလိုက် တိုးတက်ရေး၊ နိုင်ငံတိုးတက် ရေးကို များစွာအထောက်အကူပြုမည်ဖြစ်ကြောင်း၊ အကြောင်းအမျိုးမျိုးကြောင့် ပညာ သင်ကြားမှုမပြုနိုင်သည့် ကျောင်းသား၊ ကျောင်းသူများ ပညာသင်ကြားနိုင်ရေး ဝိုင်းဝန်း ကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်း။

တိုင်းပြည်သာယာဝပြောရေးတွင် ပတ်ဝန်းကျင်ကောင်းများဖန်တီးပေးရန်လည်း လိုကြောင်း၊ မြို့ရွာများအလိုက်၊ ဒေသအလိုက် လမ်းများသန့်ရှင်းသပ်ရပ်မှုရှိစေရေး၊ စာသင်ကျောင်းများ၊ ဆေးရုံများ၊ ဘုရားစေတီပုထိုးများ သန့်ရှင်းသာယာလှပမှုရှိ နေစေရေး၊ ရေနုတ်မြောင်းများ၊ ချောင်းများ၊ ရေမြောင်းများ ရေစီးရေလာကောင်းမွန် စေရေးတို့အတွက် အမြဲမပြတ်ဆောင်ရွက်နေရမည်ဖြစ်ကြောင်း၊ စည်ပင်သာယာရေး ပိုင်းဆိုင်ရာဝန်ထမ်းများ၏ ဆောင်ရွက်မှုများသာမက လမ်းအလိုက်၊ ရပ်ကွက်အလိုက်၊ မြို့နယ်အလိုက် နေထိုင်ကြသည့် ဒေသခံများတစ်ဦးချင်းစီအလိုက် စည်းကမ်းရှိမှုဖြင့် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်မှသာလျင် ဒေသသာယာလှပမှုကို ဖြစ်ပေါ်စေနိုင်မည်ဖြစ် ကြောင်း၊ စည်းကမ်းတကျဖြင့် အမှိုက်စွန့်ပစ်ခြင်း၊ မိမိတို့အိမ်၏ သန့်ရှင်းသာယာလှပ မှုကို တာဝန်ယူဆောင်ရွက်ခြင်းဖြင့် အိမ်တစ်အိမ်ချင်းစီမှအစပြု၍ ဒေသအလိုက်၊ မြို့အလိုက် သန့်ရှင်းသပ်ရပ် သာယာလှပနေမည်ဖြစ်ကြောင်း၊ ထိုသို့ဖြစ်ပေါ်လာ စေရေးအတွက် အုပ်ချုပ်ရေးပိုင်းဆိုင်ရာတာဝန်ရှိသူများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ဒေသခံများအားလုံး အတူတကွ ဝိုင်းဝန်းဆောင်ရွက်ကြစေရေး တွန်းအားပေး ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း။

ပတ်ဝန်းကျင်စိမ်းလန်းသာယာ လှပစိုပြည်စေရေးအတွက် သစ်ပင်ပန်းမန်များကို လည်း စနစ်တကျစိုက်ပျိုးကြရန်လိုကြောင်း၊ မိမိတို့မြို့နယ်၊ ဒေသနှင့် ကိုက်ညီသည့် သစ်ပင်ပန်းမန်များ စိုက်ပျိုးရန်နှင့် လူနေရပ်ကွက်များရှိဝန်းခြံများအတွင်း သစ်ပင် ပန်းမန်များ စိုက်ပျိုးနိုင်ရေး တာဝန်ရှိသူများအနေဖြင့် ကြပ်မတ်ဆောင်ရွက်သွားရန် လိုကြောင်း၊ “ ဝန်းခြံရှိလျှင် သစ်ပင်ရှိရမည် ” ဆိုသည့်အတိုင်း အိမ်ဝန်းတိုင်း သစ်ပင် ပန်းမန်ရှိရန်လိုပြီး စနစ်တကျအကောင်အထည်ဖော် ဆောင်ရွက်လျှင်ပတ်ဝန်းကျင် ကောင်းများဖြစ်လာမည်ဖြစ်ကြောင်း၊ မြို့ပတ်ဝန်းကျင်စိမ်းလန်း သာယာလှပစိုပြည် ရေးကို ဆောင်ရွက်သွားရန်လိုသကဲ့သို့ ကျေးရွာများအလိုက်လည်း အရိပ်ရလေကာပင် များနှင့်ထင်းစိုက်ခင်းများကို စနစ်တကျဆက်လက် အကောင်အထည်ဖော် ဆောင်ရွက် သွားကြရန်လိုကြောင်း။

အလားတူ ယာဉ်စည်းကမ်းလမ်းစည်းကမ်းနှင့် ပတ်သက်၍ ထိန်းသိမ်းကြပ်မတ် ရန်တာဝန်ရှိသူများအနေဖြင့် မိမိတို့တာဝန်ယူထားရသည့် ဒေသအလိုက် လမ်းမကြီး များဥပဒေနှင့်အညီ လမ်းအင်္ဂါရပ်များအတိုင်း စနစ်တကျရှိရန်၊ လမ်းညွှန်ဆိုင်းဘုတ် များ၊ အမှတ်အသားများ မှန်ကန်စွာရေးဆွဲထားရှိရန်လိုကြောင်း၊ မိမိတို့တာဝန်ကျရာ ဒေသအလိုက် ဖွံ့ဖြိုးတိုးတက်ရေး၊ သာယာစိမ်းစိုလှပရေးနှင့် စည်းကမ်းတကျဖြစ်စေ ရေးတို့အတွက် မည်ကဲ့သို့ဆောင်ရွက်ရမည်ကို အမြဲမပြတ် စဉ်းစားဆောင်ရွက် နေကြရန်လိုကြောင်း။

စားရေရိက္ခာဖူလုံပေါများရေး

စားရေရိက္ခာဖူလုံပေါများရေးနှင့်ပတ်သက်၍ အဓိကစားကုန်ဖြစ်သည့် ဆန် သည် မိမိတို့နိုင်ငံအတွက် ဖူလုံမှုရှိပြီးဖြစ်ပြီး ပြည်ပသို့လည်း နှစ်စဉ်တင်ပို့လျက်ရှိကြောင်း၊ အချို့တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ပန်းတိုင်ရည်မှန်းချက်အတိုင်း ထွက်ရှိမှု မရှိသည်ကိုတွေ့ရကြောင်း၊ ထို့ကြောင့် ပန်းတိုင်ရည်မှန်းချက်များအတိုင်း ပြည့်မီအောင် ဆောင်ရွက်နိုင်မည်ဆိုပါက ပြည်တွင်းဆန်လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရုံသာမက ပြည်ပသို့လည်းပိုမိုတင်ပို့နိုင်မည်ဖြစ်ကြောင်း၊ ရှိပြီးသားစိုက်ပျိုးရေးထုတ်ကုန်များကို ယခုထက်ပိုမိုဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်သွားမည်ဆိုပါက နိုင်ငံ၏စီးပွား ရေးအတွက်များစွာ အထောက်အကူပြုနိုင်မည်ဖြစ်ကြောင်း။

ပြည်တွင်းဆီဖူလုံမှုနှင့်ပတ်သက်၍ မိမိတို့နိုင်ငံတွင် ဆီထွက်သီးနှံများဖြစ်သည့် မြေပဲ၊ နှမ်း၊ နေကြာ၊ ဆီအုန်း၊ ပဲပုပ် တို့ကိုအများစုစိုက်ပျိုးကြကြောင်း၊ အဆိုပါဆီထွက် သီးနှံများ အများဆုံးစိုက်ပျိုးသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ပန်းတိုင် ရည်မှန်းချက်များအတိုင်းထွက်ရှိစေရေး ဆောင်ရွက်မည်ဆိုပါက ပြည်တွင်းဆီဖူလုံမှုကို များစွာ အထောက်အကူပြုစေမည်ဖြစ်ကြောင်း၊ အလားတူ ဆီအုန်းစိုက်ပျိုးထုတ် လုပ်မှုလုပ်ငန်းများကိုလည်း အောင်မြင်ဖြစ်ထွန်းအောင် ဆောင်ရွက်ကြရန်လိုကြောင်း၊ စိုက်ပျိုးရန် ခွင့်ပြုပေးထားသည့် မြေများကိုစနစ်တကျဖြင့် အသုံးချရန်လိုကြောင်း၊ စားအုန်းဆီများကို စက်မှုလုပ်ငန်းများတွင်လည်း အသုံးပြုလျက်ရှိကြောင်း၊ ရှိပြီး ဖြစ်သည့် ဆီအုန်းပင်များမှ ဆီသီးခိုင်အထွက်နှုန်းကောင်းစေရေး နည်းလမ်းရှာဖွေ ဆောင်ရွက်ရန်လိုကြောင်း၊ စားအုန်းဆီအထွက်နှုန်းများ ပိုမိုတိုးတက်စေရေး နည်းလမ်း များရှာဖွေ ဆောင်ရွက်သွားရန်လိုကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် ဆီထွက် သီးနှံများ အထွက်နှုန်းတိုးတက်စေရေး ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြစေလို ကြောင်း။

ထို့ပြင် အခြေခံစားကုန်ပစ္စည်းများတွင် မဖြစ်မနေလိုအပ်သည့် အာလူး၊ ကြက် သွန်၊ ငရုတ်၊ ခရမ်းချဉ်နှင့် အခြားသီးနှံများကိုလည်း တိုင်းဒေသကြီးနှင့် ပြည်နယ် အလိုက် ဖူလုံမှုရှိအောင်ဆောင်ရွက်ရန်လိုကြောင်း၊ ပြည်တွင်းစားသုံးမှုဖူလုံမှုရှိပါက ပြည်ပသို့လည်း တင်ပို့ရောင်းချနိုင်မည်ဖြစ်ပြီး မိမိတို့နိုင်ငံမှထွက်ရှိသည့် အခြေခံစား ကုန်သီးနှံများကို ဝယ်ယူလိုသည့် ပြည်ပဈေးကွက်လိုအပ်ချက်များ များစွာရှိပြီးဖြစ် သည့်အတွက် အထွက်နှုန်းတိုးတက်ကောင်းမွန်အောင် ကြိုးပမ်းဆောင်ရွက်ကြရမည် ဖြစ်ကြောင်း။

အလားတူ စိုက်ပျိုးရေးလုပ်ငန်းများမှထွက်ရှိလာသည့် ထွက်ကုန်များ၊ စွန့်ပစ် ပစ္စည်းများဖြင့် တိရိစ္ဆာန်အစာပြုလုပ်၍ ကျွေးမွေးနိုင်ကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်းနှင့် မွေးမြူရေးလုပ်ငန်းသည် ဆက်စပ်လျက်ရှိပြီး မိမိတို့သိရှိခြင်းမရှိသေးသည့် မွေးမြူရေး နည်းစနစ်များ၊ ကျွေးမွေးမှုနည်းစနစ်များကို စဉ်ဆက်မပြတ်လေ့လာခြင်းဖြင့် မွေးမြူ ရေးအထွက်နှုန်းတိုးတက်အောင်‌ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ နိုင်ငံ့ GDP တိုးတက် ရေးနှင့်ဆက်စပ်မှုများ ဖြစ်သည့် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများကို အောင်မြင် အောင်ဆောင်ရွက်ခြင်းဖြင့် နိုင်ငံ၏ GDP တိုးတက်လာမည်ဖြစ်ကြောင်း၊ GDP တွင် စိုက်ပျိုးရေးကဏ္ဍကြီး၊ စက်မှုကဏ္ဍကြီး၊ ဝန်ဆောင်မှုကဏ္ဍကြီးဟူ၍ရှိပြီး စိုက်ပျိုးရေး ကဏ္ဍကြီးတွင် စိုက်ပျိုးရေး၊ မွေးမြူရေး နှင့် သစ်တောထွက်ပစ္စည်းဟူ၍ ပါရှိကြောင်း၊ ယင်းတို့သည် ထုတ်ကုန်ပစ္စည်းများဖြစ်ပြီး ထုတ်ကုန်ပစ္စည်းများကိုအခြေခံ၍ စက်မှု ကဏ္ဍကို ဆောင်ရွက်ရခြင်းဖြစ်ကြောင်း၊ စက်မှုကဏ္ဍမှ ထွက်ရှိလာသည့် ထုတ်ကုန် ပစ္စည်းများကို ရောင်းချခြင်း၊ သယ်ယူခြင်း၊ ငွေပေးချေခြင်း၊ ပညာရေး၊ ကျန်းမာရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် အသုံးပြုခြင်း စသည်တို့ဖြင့် ဝန်ဆောင်မှုကဏ္ဍကို ဆောင်ရွက်ရခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် ယင်းကဏ္ဍကြီး သုံးရပ်သည် ဆက်စပ်မှုရှိပြီး တိုးတက်အောင်ဆောင်ရွက် ရမည်ဖြစ်ကြောင်း၊ အခြေခံအကျဆုံးဖြစ်သည့် စိုက်ပျိုးရေး မွေးမြူရေးကို အောင်မြင်တိုးတက်အောင် ဆောင်ရွက်ခြင်းဖြင့် စက်မှုကဏ္ဍကြီး၊ ဝန်ဆောင်မှုကဏ္ဍကြီးတို့သည်လည်း အောင်မြင်တိုးတက်လာနိုင်မည်ဖြစ်ပြီး နိုင်ငံ၏ GDP သည်လည်း တိုးတက်လာမည်ဖြစ်ကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် GDP တိုးတက်စေရေး ကွဲပြားသည့် အခြေခံများလည်းရှိပြီး ယင်းအခြေခံ အချက်များ တိုးတက်ရန် အလေးထား၍ စီးပွားရေးဖွံ့ဖြိုးတိုးတက်စေအောင် ဆောင်ရွက်ရမည်ဖြစ် ကြောင်း၊ အစိုးရအနေဖြင့်  နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် မူဝါဒများ ချမှတ် ပေးခြင်းဖြစ်ပြီး ဒေသအလိုက် ဦးဆောင်သူများအနေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ရခြင်းဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် မူဝါဒချမှတ်ပေးရမည်ဖြစ်သကဲ့သို့ အောင်မြင်မှုရှိစေရေးအတွက်လည်း ကြပ်မတ်ပေးရန်တာဝန်ရှိကြောင်း၊ ထိုသို့ ဆောင် ရွက်ခြင်းဖြင့် မိမိတို့ချမှတ်ထားသည့် မူဝါဒနှစ်ရပ်သည်လည်း အရှိန်ရလာမည်ဖြစ် ကြောင်း။

လုပ်ငန်းဆောင်ရွက်မှုကဏ္ဍအလိုက် မှတ်တမ်းများစနစ်တကျပြုစုထိန်းသိမ်းထားရှိရန်

မိမိတို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရ တာဝန်ယူဆောင်ရွက်ခဲ့သည့် ကာလတစ်လျှောက် ဝန်ကြီးဌာနအလိုက်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် တိုး တက်ပြောင်းလဲမှုဖြစ်ပေါ်စေရန် လုပ်ဆောင်ခဲ့သည်များ၊ တိုးတက်မှုများ၊ နိုင်ငံတော် အတွက် စွမ်းစွမ်းတမံကြိုးပမ်းဆောင်ရွက်ခဲ့သူရှိကြောင်း၊ ဥပမာအားဖြင့် မိမိတို့အစိုးရ လက်ထက်တွင် နေပြည်တော်၌ Naypyitaw State Academy ၊ နေပြည်တော် နည်းပညာတက္ကသိုလ်နှင့် အခြားတံတားများ၊ လမ်းများကိုတည်ဆောက်ဖွင့်လှစ်ပေး နိုင်ခဲ့ကြောင်း၊ တိုင်းဒေသကြီးနှင့်ပြည်နယ်များတွင်လည်း အလားတူပင်ဖြစ်ကြောင်း၊  ထို့အပြင် အကြမ်းဖက်ဖျက်ဆီးမှုနှင့် အဖျက်အမေှာင့် လုပ်ရပ်များကြောင့် ထိခိုက် ပျက်စီးနစ်နာမှုများကိုလည်း မှန်မှန်ကန်ကန်ဖြင့် စာရင်းပြုစုမှတ်တမ်းထားရှိရန်လို ကြောင်း၊ မှတ်တမ်းများသည် သမိုင်းပင်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံတွင် မှတ်တမ်းမှတ် ရာများ ရေးမှတ်မှုအားနည်းသဖြင့် အချို့သမိုင်းမှတ်တမ်းများသည် ပျောက်ပျက်မှုများ ရှိခဲ့ကြောင်း၊ ထို့ကြောင့် မှတ်တမ်းတင်ပြုစုသည့် အလေ့အကျင့်ကို အလေးထား ဆောင်ရွက်ကြရန် မှာကြားလိုကြောင်း။

လုံခြုံရေးနှင့်ပတ်သက်၍လည်း အထူးဂရုပြုဆောင်ရွက်စေလိုကြောင်း၊ မိမိတို့ ဌာနအလိုက် လုံခြုံရေးဆိုင်ရာအချက်အလက်များ မပေါက်ကြားစေရန် အလေးထား ဆောင်ရွက်စေလိုကြောင်း၊ လုံခြုံရေးဆိုင်ရာအချက်အလက်များ ပေါက်ကြားအောင်ပြု လုပ်သူများကိုလည်း ဖော်ထုတ်၍ အရေးယူဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ကျောင်းနေ အရွယ်ကျောင်းသားလူငယ်များ စာဖတ်ခြင်းအလေ့အကျင့်ကောင်းများ ဖြစ်ပေါ်စေရန် ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ ယင်းစာဖတ်ခြင်းမှတစ်ဆင့် အသိပညာကောင်းများ ရရှိလာမည်ဖြစ်ပြီး နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး၊ နိုင်ငံတော်လုံခြုံရေးအတွက် ဆောင်ရွက် လိုသည့် အပြုသဘောဆောင်သည့် စိတ်ဓာတ်များ ရရှိလာမည်ဖြစ်ကြောင်း။

နိုင်ငံ့အရေးကို စိတ်ဝင်စားသည့် လူငယ်များ၊ လုပ်ငန်းရှင်များရှိကြောင်း၊ ၎င်း တို့ကို လက်တွဲခေါ်၍ နိုင်ငံဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ဘဏ် များနှင့် ပတ်သက်၍ ဘဏ်စနစ်ကို ပြည်သူများယုံကြည်စိတ်ချစွာ အသုံးပြုနိုင်ရန် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ပြည်နယ်နှင့် တိုင်း‌ဒေသကြီးအလိုက် ဖွင့်လှစ်ထားသည့် ဘဏ်များကိုလည်း စနစ်တကျစိစစ်ကြပ်မတ်ဆောင်ရွက်ရန်လည်း လိုအပ်ကြောင်း၊ ဥပဒေကိုကျော်လွန်၍ လုပ်ဆောင်မှုများရှိပါက နိုင်ငံ့စီးပွားရေးအတွက် အန္တရာယ်ရှိ သဖြင့် စည်းမျဉ်းစည်းကမ်းနှင့်အညီဖြစ်စေရေး ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊

INGO ၊ NGO များ နှင့်ပတ်သက်၍လည်း အသင်းအဖွဲ့များစည်းကမ်းနှင့်အညီ စိစစ်ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ လူမှုအဖွဲ့အစည်းများကို အကြောင်းပြကာ စည်းကမ်းဖောက်ဖျက်မှုများရှိသဖြင့် INGO ၊ NGO နှင့်ပတ်သက်၍ စိစစ်ဆောင်ရွက် ရန်လိုအပ်ကြောင်း၊ ပြည်ပနှင့် ပတ်သက်သည့်ကိစ္စရပ်များတွင် မိမိတို့အနေဖြင့် လွတ်လပ်၍တက်ကြွပြီး ဘက်မလိုက်သော နိုင်ငံခြားရေးမူဝါဒနှင့်အညီ ကျင့်သုံး လျက်ရှိကြောင်း၊ ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေးမူကြီး ၅ ရပ်ပေါ်တွင်အခြေခံ၍ နိုင်ငံအားလုံးနှင့် မိတ်ဝတ်မပျက်ဆက်ဆံရေးမူဝါဒကို ကျင့်သုံးလျက်ရှိကြောင်း၊ ထို့ကြောင့်  ပြည်ပနိုင်ငံများနှင့်နယ်နိမိတ်ထိစပ်နေသည့် ပြည်နယ်နှင့်တိုင်းဒေသကြီး များ၊ ဆက်ဆံဆောင်ရွက်နေရသည့် ဝန်ကြီးဌာနများအနေဖြင့် နိုင်ငံတော်၏ နိုင်ငံခြား ရေးမူဝါဒနှင့်အညီ မှန်မှန်ကန်ကန်ဖြင့်ဆက်ဆံဆောင်ရွက်ရန် လိုအပ်ကြောင်း။

ရွေးကောက်ပွဲကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်

ရွေးကောက်ပွဲနှင့်ပတ်သက်၍ ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းများဖြစ်သည့် လူဦး ရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းကို အောက်တိုဘာလ ဆန်းမှစတင်၍ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ လုပ်ဆောင်၍ရသည့်နေရာတိုင်း၌ ဆောင်ရွက်သွားမည်ဖြစ်ပြီး လုပ်ဆောင်ရန် ကန့် သတ်ချက်ရှိသည့်နေရာများ၌လည်း အဖြစ်နိုင်ဆုံးကောက်ယူနိုင်ရေး ဆောင်ရွက်သွား မည်ဖြစ်ကြောင်း၊ လိုအပ်ပါက အဆင့်နှစ်ဆင့်ဖြင့်ဆောင်ရွက်နိုင်ကြောင်း၊ အကြောင်း အမျိုးမျိုးကြောင့် နေရပ်စွန့်ခွာသွားသူများကိုလည်း တိုင်းဒေသကြီးနှင့် ပြည်နယ် အလိုက် စာရင်းဇယားကောက်ယူစိစစ်ရမည်ဖြစ်ကြောင်း၊ ယင်းသို့ ဆောင်ရွက်မှသာ မဲစာရင်းများပြုစုရာတွင် မှန်ကန်မှုရှိမည်ဖြစ်ကြောင်း၊ လူဦးရေ နှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူပြီးမှသာ မဲစာရင်းပြုစုခြင်းကို ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ အဆင့်မြင့်ပညာသင်ယူနေသည့်ကျောင်းသား၊ ကျောင်းသူများ အပါအဝင် အရွယ်ရောက်ပြီးသူများအားလုံး ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ရွေးကောက်ပွဲ ဥပဒေတို့ နှင့် ပတ်သက်၍သိရှိစေရေး၊ ဥပဒေနှင့်အကျွမ်းတဝင်ဖြစ်စေရေးအတွက်လည်း အသိပညာ ပေးခြင်းလုပ်ငန်းများကိုလည်း ဆောင်ရွက်ရမည်ဖြစ်ကြောင်း။

မြို့ပြစီမံကိန်းများနှင့်ပတ်သက်၍လည်း မှတ်တမ်းထားရန်လည်း လိုအပ် ကြောင်း၊ ယခင်နှစ်များက မြို့ပြစီမံကိန်းများကို ပြည်ပနိုင်ငံများ၏ အကြံဉာဏ်များဖြင့် ဆောင်ရွက်ကြကြောင်း၊ စီမံကိန်းများ၊ မြေယာနှင့် မြေလွတ်မြေရိုင်းအသုံးချမှုများကို လည်း တည်ဆဲဥပဒေနှင့်အညီဆောင်ရွက်ရန်လိုအပ်ကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ် ဝန်ကြီးချုပ်များအနေဖြင့်လည်း မြို့နယ်၊ ခရိုင်အလိုက် ဆောင်ရွက်နေသည့် စီမံကိန်းများကို ကွင်းဆင်းစိစစ်ရန်လိုအပ်ကြောင်း၊ မြို့ရွာစီမံကိန်းများကို စနစ်တကျ ဆောင်ရွက်ကြရန် မှာကြားလိုကြောင်းဖြင့် ပြောကြားသည်။

ယင်းနောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် ပြည်ထောင်စုဝန်ကြီး များက သက်ဆိုင်ရာကဏ္ဍအလိုက် ရှင်းလင်းတင်ပြကြသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က  နိဂုံးချုပ်အမှာစကားပြောကြားရာတွင် နိုင်ငံတော် အဆင့်ဆောင်ရွက်ရန် အခမ်းအနားကြီးနှစ်ခုရှိကြောင်း၊ ဆို၊ က၊ ရေး၊ တီး ပြိုင်ပွဲနှင့် အမျိုးသားအားကစားပြိုင်ပွဲများကို နိုင်ငံတော်အဆင့်ဆောင်ရွက် သွားမည်ဖြစ် ကြောင်း၊ အမျိုးသားအားကစားပြိုင်ပွဲကျင်းပရာတွင်လည်း ခမ်းနားထည်ဝါမှုထက် အရည်အသွေးရှိရှိ၊ အဆင့်အတန်းရှိရှိယှဉ်ပြိုင်ကစားနိုင်သော အားကစား ပြိုင်ပွဲဖြစ်စေ လိုကြောင်း၊ တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်ရေးကို ဦးတည်ဆောင်ရွက်သော လုပ်ငန်း ဖြစ်၍ ရည်မှန်းချက်ဖော်ဆောင်နိုင်ရေးကိုအဓိကထားရမည်ဖြစ်ကြောင်း၊ ဝန်ကြီးဌာန များ၊ ပြည်နယ်နှင့်တိုင်းဒေသကြီးများမှ အားကစားသမားများအနေဖြင့် အဆင့်အတန်း ရှိရှိဖြင့် ဝင်ရောက်ယှဉ်ပြိုင်နိုင်အောင် ဆောင်ရွက်ပေးကြစေလိုကြောင်း၊ အခမ်းအနား ကျင်းပသည်ဆိုသည်ထက် အနှစ်သာရရှိသည့် အားကစားသမားများ၏ ယှဉ်ပြိုင်မှု အရည်အသွေးကို ဖော်ပြနိုင်ရန်ဖြစ်ကြောင်း၊ ဆိုကရေးတီးပြိုင်ပွဲသည်မြန်မာ့ ယဉ်ကျေး မှုကိုထိန်းသိမ်းရန်နှင့် အမျိုးသားရေးစရိုက်လက္ခဏာကို ဖော်ကျူးရန်ပြုလုပ်ခြင်း ဖြစ်ကြောင်း၊ ၎င်းကိစ္စနှစ်ရပ်ကို လက်တွေ့အကောင်အထည်ဖော်ဆောင်နိုင်သော ပြိုင်ပွဲဖြစ်ရန်လိုကြောင်း၊ မကြာမီ ဗုဒ္ဓဘာသာဝင်များအလေးအမြတ်ထားသည့် ဝါတွင်း ကာလရောက်ရှိတော့မည်ဖြစ်ကြောင်း၊ ဝါတွင်းအခါသမယတွင် ဆရာတော်၊ သံဃာ တော်များ စိတ်ချမ်းမြေ့စွာဖြင့်  သီတင်းသီလ ဆောက်တည်နိုင်ရန်အတွက် ဆောင်ရွက် ပေးကြစေလိုကြောင်း။

နိုင်ငံ့ဝန်ထမ်းများ၏ သက်သာချောင်ချိရေးအတွက်နိုင်ငံတော်မှ စီမံဆောင်ရွက် ပေးလျက်ရှိကြောင်း၊ နိုင်ငံ့ဝန်ထမ်းများအပါအဝင် အငြိမ်းစားဝန်ထမ်းများ၏ စား၊ ဝတ်၊ နေရေးအတွက် နိုင်ငံတော်မှတတ်နိုင်သလောက် စီမံဆောင်ရွက်ပေးရန် စီစဉ်လျက် ရှိကြောင်း၊ နိုင်ငံ့ဝန်ထမ်းများခန့်အပ်ရာတွင်လည်း လိုအပ်သည့်နေရာများတွင်သာ စိစစ်ခန့်အပ်စေလိုကြောင်း၊ နိုင်ငံဖွံ့ဖြိုးတိုးတက်စေရေးအတွက် အားသွန်ခွန်စိုက်ဖြင့် အားလုံးမှ ဝိုင်းဝန်းဆောင်ရွက်ကြစေလိုကြောင်းဖြင့်ပြောကြားပြီး အစည်းအဝေးကို ရုပ်သိမ်းလိုက်ကြောင်းသတင်းရရှိသည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။