ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတရွေးကောက်ပွဲတွင် အနိုင်ရရှိသော Vladimir Vladimirovich Putin ထံသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အပါအဝင် ကမ္ဘာ့နိုင်ငံအသီးသီးမှ နိုင်ငံ့ခေါင်းဆောင်များက ဝမ်းမြောက်ကြောင်း သဝဏ်လွှာများပေးပို့ ခဲ့ကြောင်းသတင်းဖော်ပြ

နေပြည်တော်၊ ၂၀၂၄ မတ် -၂၀

ရုရှားဖက်ဒရေးရှင်းနိုင်ငံ သမ္မတရွေးကောက်ပွဲကို မတ်လ ၁၅ ရက်မှ ၁၇ ရက်ထိ ပြုလုပ်ခဲ့ပြီး သမ္မတလောင်း ၄ ဦးဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ  မဲရေတွက်မှု ၁၀၀ ရာခိုင်နှုန်းပြီးစီးချိန်တွင် Vladimir Vladimirovich Putin က ၈၇ ဒဿမ ၂၈ ရာခိုင်နှုန်း၊ Nikolai Mikhailovich Kharitonov က ၄ ဒဿမ ၃၁ ရာခိုင်နှုန်း၊  Vladislav Andreevich Davankov က ၃ ဒဿမ ၈၅ ရာခိုင်နှုန်း၊ Leonid Eduardovich Slutskyက ၃ ဒဿမ ၂၀ ရာခိုင်နှုန်း အသီးသီးရရှိခဲ့ပြီး Vladimir Vladimirovich Putin က ပြတ်သားသည့် မဲရလဒ်ဖြင့် အနိုင်ရရှိခဲ့သည်။

ထိုသို့ အနိုင်ရရှိသွားသော Vladimir Vladimirovich Putin ထံသို့ မြန်မာနိုင်ငံ မှ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အပါအဝင် ကမ္ဘာ့နိုင်ငံအသီးသီးမှ နိုင်ငံ့ခေါင်းဆောင်များက ဝမ်းမြောက်ကြောင်း သဝဏ်လွှာများ ပေးပို့ခဲ့ကြသည်ဟု ရုရှားဖက်ဒရေးရှင်းနိုင်ငံမှ မီဒီယာများဖြစ်ကြသည့် TASS သတင်းဌာန၊ Izvestiya သတင်းဌာန၊ Moscow-24 သတင်းဌာန၊ Arguments and Facts သတင်းစာ၊ Kommersant သတင်းစာ၊ Krasnaya Vesna သတင်းအေဂျင်စီနှင့် Vedomosti အင်တာနက်သတင်း စာမျက်နှာတို့၌ မတ်လ ၁၈ ရက်နေ့တွင် ဖော်ပြခဲ့သည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။