နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မြန်မာ့မီးရထား စက်မှုနှင့်လျှပ်စစ်အင်ဂျင်နီယာဌာန စက်ခေါင်းသစ်တပ်ဆင်ထုတ်လုပ်ရေးစက်ရုံ(နေပြည်တော်)နှင့် အမျိုးသားပြတိုက်(နေပြည်တော်) တို့အား သွားရောက်ကြည့်ရှုစစ်ဆေး

နေပြည်တော်၊ ဩဂုတ် – ၃

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေ၊ ပုဗ္ဗသီရိ မြို့နယ်ရှိ  ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့မီးရထား စက်မှုနှင့်လျှပ်စစ် အင်ဂျင်နီယာဌာန စက်ခေါင်းသစ် တပ်ဆင်ထုတ်လုပ်ရေးစက်ရုံ(နေပြည်တော်) နှင့် အမျိုးသားပြတိုက်(နေပြည်တော်) သို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်အား စက်ခေါင်းသစ်တပ်ဆင်ထုတ်လုပ်ရေးစက်ရုံ(နေပြည်တော်)တွင် ကောင်စီတွဲဖက်အတွင်း ရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ဒေါက်တာချာလီသန်း၊ ဦးမျိုးသန့်၊ နေပြည်‌ တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် စိုးမင်း နှင့် တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် စက်ခေါင်းသစ်တပ်ဆင်ထုတ်လုပ်ရေးစက်ရုံ(နေပြည်တော်) အတွင်း ဂျပန်နိုင်ငံမှဝယ်ယူထားရှိသည့် ရန်ကုန်-မန္တလေး လမ်းပိုင်းတွင် ပြေးဆွဲမည့် DEMU တွဲ ဆိုင်းများနှင့် မြန်မာနိုင်ငံမှတည်ဆောက်ထားသည့် DEMU ရထားတွဲတို့အား လှည့်လည် ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက လိုက်လံရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က လိုအပ်သည်များလမ်းညွှန် မှာကြားသည်။

ယင်းနောက် စက်ရုံအစည်းအဝေးခန်းမတွင် ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦးနှင့် ဒုတိယ ဝန်ကြီး ဦးအောင်မြိုင် တို့က စက်ရုံသမိုင်းအကျဉ်းနှင့် လုပ်ငန်းတာဝန်များ၊ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ ၂၀၂၁ ခုနှစ် စက်တင်ဘာလ ၁၀ ရက်နေ့၌ လာရောက်စစ်ဆေးစဉ် လမ်းညွှန်မှာကြားချက်များအပေါ် လိုက်နာဆောင်ရွက် လျက်ရှိမှုအခြေအနေများ၊ မြစ်ငယ်စက်ရုံတွင် လူစီးတွဲများအား DEMU အဖြစ် သုတေသန ပြုတည်ဆောက်ခြင်းလုပ်ငန်းအား အဆင့်ဆင့်ဆောင်ရွက်ခဲ့မှုနှင့် နေပြည်တော်စက်ရုံ၌ အပြီးသတ်တည်ဆောက်ရန် လိုအပ်သည့်စက်အစိတ်အပိုင်းများအလိုက် တည်ဆောက် မှုများကို ဆက်လက်တည်ဆောက်ဆောင်ရွက်လျက်ရှိမှု၊ DEMU ရထားတွဲများ တည် ဆောက်ရန် လိုအပ်သည့်ဘိုဂီများရရှိရေးအတွက် ဆောင်ရွက်လျက်ရှိမှုအခြေအနေများ အား Power Point ဖြင့် အသီးသီးရှင်းလင်းတင်ပြကြသည်။

ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် က နိုင်ငံ၏သယ်ယူပို့ဆောင်ရေးလုပ်ငန်းများတွင် ရထားပို့ဆောင်ရေးလုပ်ငန်း သည် နိုင်ငံအတွက်များစွာအထောက်အကူပြုသည့် သယ်ယူပို့ဆောင်ရေး စနစ်ပင်ဖြစ် ကြောင်း၊ မီးရထားလမ်းများနှင့် မီးရထားစက်ခေါင်းတွဲများ၊ လူစီးတွဲများ ကြံ့ခိုင်ကောင်း မွန်ရေးအတွက် အမြဲမပြတ် စစ်ဆေးပြုပြင်ဆောင်ရွက်နေရန်လိုကြောင်း၊ သုတေသန လုပ်ငန်းများ နှင့်ပတ်သက်၍နှစ်ပိုင်းရှိပြီး မီးရထားတည်ဆောက်ရေးအပိုင်းနှင့် မီးရထား ဘူတာများ စနစ်တကျရှိစေရေး၊ မီးရထားလမ်းဘေးပတ်ဝန်းကျင် သန့်ရှင်းသာယာလှပ နေစေရေး၊ ရထားလမ်းမြေများကို စနစ်တကျအကျိုးရှိစွာအသုံးချနိုင်ရေးနှင့် မီးရထားတွဲ များ၊ ရထားလမ်းများနှင့်ပတ်သက်၍ နည်းပညာများကိုအမြဲမပြတ်လေ့လာနိုင်ရေး Research and Develop လုပ်ငန်းများကို ဆောင်ရွက်သွားရန်လိုကြောင်း၊ မြန်မာ့မီး ရထားကိုတစ်ခေတ်ပြောင်းနိုင်ရန် ကြိုးစားကြရမည်ဖြစ်ကြောင်း၊ DEMU တွဲများကို ပြည်တွင်း၌အောင်မြင်စွာတည်ဆောက်နိုင်ရေး ဆက်လက်ကြိုးပမ်း ဆောင်ရွက်သွားရ မည်ဖြစ်ကြောင်း၊ နောင်အခါတွင် လျှပ်စစ်ရထားများပြေးဆွဲနိုင်သည်အထိ မျှော်မှန်းလုပ် ဆောင် နေရန်လိုကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် လျှပ်စစ်ရထားလမ်းများအဖြစ် အဆင့်မြှင့်တင်တည်ဆောက်နိုင်ရေး ဘူတာများ၌ပြင်ဆင်ရန်လိုအပ်သည့် အခြေအနေ များ၊ ရထားလမ်းကုန်းကျော်တံတားများ ပြင်ဆင်ရန်လိုအပ်သည့် အခြေအနေများကို ကြိုတင်စဉ်းစားတွက်ချက် ဆောင်ရွက်ထားရန်လိုကြောင်း၊ ရန်ကုန်-ပြည် လမ်းပိုင်း နှင့် နေပြည်တော်-မန္တလေးလမ်းပိုင်းကို ဦးစားပေးဆောင်ရွက်သွားရန်လိုကြောင်း၊ ရထား များပြေးဆွဲရာတွင် ရထားအမျိုးအစားများအလိုက် သတ်မှတ်ထားသည့် အမြန်နှုန်းများ အတိုင်းပြေးဆွဲနိုင်ရေး ရထားလမ်းများကြံ့ခိုင်နေစေရေးနှင့် အမြဲကောင်းမွန်နေစေရေး သတ်မှတ်ထားသည့် စံနှုန်းများအတိုင်း ဖြစ်အောင်ဆောင်ရွက်နေရန်လိုကြောင်း၊ ရထား ပို့ဆောင်ရေးလုပ်ငန်းသည် နိုင်ငံအတွက်အမှန်တကယ်အကျိုးရှိသည့် သယ်ယူပို့ဆောင် ရေး လုပ်ငန်းရပ်တစ်ခုဖြစ်ခြင်းကြောင့် ဦးစားပေးဆောင်ရွက်သွားရန်လိုကြောင်း၊ ရထားကို အသုံးပြု၍ပို့ဆောင်မှုကြောင့် လောင်စာဆီများသုံးစွဲရမှု သက်သာခြင်းနှင့် အချိန်ကုန်ကျမှု ကို လျော့နည်းစေခြင်း စသည့်အကျိုးကျေးဇူးများကိုရရှိမည်ဖြစ်ကြောင်း၊ နိုင်ငံအတွက် အဓိကကျသည့် မီးရထားလမ်းများ၌ ကုန်စည်များအမြဲမပြတ် ပြေးဆွဲ နိုင်ရေး ဆောင်ရွက်နေရန်လိုကြောင်း၊ မြို့ပတ်ရထားများနှင့်ပတ်သက်၍လည်း ရထားစီး ခရီးသည်များ အဆင်ပြေချောမွေ့စွာဖြင့် သွားလာနိုင်ရေးဆောင်ရွက်ပေးရန်လိုကြောင်း၊ မီးရထားတွဲများ ကြံ့ခိုင်ရေးဆောင်ရွက်နေရန်နှင့် ရထားတွဲသစ်များကို ဆက်လက်တည် ဆောက်ဆောင်ရွက်သွားရန်လိုကြောင်း၊ မီးရထားမြေများကိုလည်း အကျိုးရှိစွာဖြင့် အသုံးချသွားရန်လိုကြောင်း၊ အလားတူမီးရထားနှင့်ပတ်သက်၍ နိုင်ငံတကာနှင့် ရင်ပေါင် တန်းနိုင်ရေး သုတေသနပြုဆောင်ရွက်နေရန်လိုကြောင်း၊ ပြည်သူများအနေဖြင့် အကုန် အကျသက်သာသည့် ရထားစီးနင်းခနှုန်းထားများဖြင့် သွားလာနိုင်ရေးဆောင်ရွက်ပေး ရမည်ဖြစ်ကြောင်း၊ မီးရထားသည် နိုင်ငံအတွက်များစွာအကျိုးရှိသည့် လုပ်ငန်းရပ်တစ်ခု ဖြစ်သဖြင့် မြန်မာ့မီးရထားအား ယခုထက်ပိုမိုတိုးတက်အောင် ကြိုးပမ်းဆောင်ရွက်ကြ စေလိုကြောင်းဖြင့် ပြောကြားသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်က စက်ရုံဝန်ထမ်းများအတွက် ချီးမြှင့်ငွေများကိုပေးအပ်ရာ စက်ရုံမှူးနှင့်တာဝန်ရှိသူများက လက်ခံရယူကြသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် အမျိုးသားပြတိုက်(နေပြည်တော်)သို့ရောက်ရှိကြရာ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်နှင့် တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသည်။

ယင်းနောက် အမျိုးသားပြတိုက်(နေပြည်တော်)၊ Mini theater  ၌ ပြည်ထောင်စု ဝန်ကြီး ဦးတင်ဦးလွင်က တောင်ငူ ကေတုမတီမြို့ဟောင်းနှင့်ပတ်သက်သည့် သမိုင်း ကြောင်းများ၊ သမိုင်းမှတ်တမ်းများ၊ ယဉ်ကျေးမှုဆိုင်ရာများ၊ ရှေးဟောင်းနယ်မြေများ၊ မြို့ရိုးများနှင့် အဆောက်အဦများကို ထိန်းသိမ်းဆောင်ရွက်လျက်ရှိမှု အခြေအနေများ၊ မန္တလေးနန်းမြို့ရိုး၊ ရေကျုံးနှင့် တံတားများ တည်ဆောက်ထားရှိမှု၊ ဒုတိယကမ္ဘာစစ် အတွင်း တံတားများပျက်စီးခဲ့မှုနှင့် ပြန်လည်ပြင်ဆင်မှုများဆောင်ရွက်ခဲ့မှု၊ မင်္ဂလာ တံတား တစ်ခုဖြစ်သည့် စည်ရှည်တံတားအား ပြန်လည်တည်ဆောက်နိုင်ရေး ဆောင်ရွက် လျက်ရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။

 

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် နှင့်အဖွဲ့ဝင်များသည် အမျိုးသားပြတိုက်(နေပြည်တော်)၏ သမိုင်းကြောင်း ဗီဒီယိုကို ကြည့်ရှုကြသည်။

ဆက်လက်ပြီး ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦးက တောင်ငူမြို့ရှောင်ရထားလမ်း တည် ဆောက်ရန် လျာထားဆောင်ရွက်လျက်ရှိမှုအခြေအနေများကိုရှင်းလင်းတင်ပြသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် က မိမိတို့၏ သမိုင်းကြောင်းအရ အထင်ကရရှိခဲ့သည့် ဘုရင့်နန်းတော်များအား အဖြစ်နိုင်ဆုံး ဖော်ထုတ်ထိန်းသိမ်းစောင့်ရှောက်ရန်လိုကြောင်း၊ တောင်ငူနန်းတော်ရာနေရာနှင့် ကေတု မတီမြို့ရိုးအား ပြန်လည်ဖော်ထုတ်နိုင်ရေး ဆောင်ရွက်ရန်နှင့် ပြောင်းရွှေ့ရန်လိုအပ်သည့် ဝန်ကြီးဌာနအဆောက်အဦများကို ပြောင်းရွှေ့သွားရန်လိုကြောင်း၊ သာသနိကအဆောက် အဦများကို လက်ရှိအချိန်တွင် ပြောင်းရွှေ့ခြင်းမပြုရန်လိုကြောင်း၊ ကျုံးကိုလည်း ပြန်လည်ထိန်းသိမ်းဆောင်ရွက်ရန်လိုကြောင်း၊ ကေတုမတီမြို့ရိုးများ ပြန်လည်ထိန်းသိမ်း နိုင်ရေးအတွက် ဆောင်ရွက်ရာတွင် ဖြစ်နိုင်ဖွယ်ရာအချက်အလက်များနှင့်အညီ ဆောင် ရွက်သွားရန်လိုကြောင်း၊ ရှေးဟောင်းယဉ်ကျေးမှု အဆောက်အဦများကို ပြန်လည် ထိန်းသိမ်းဆောင်ရွက်သွားရန်လိုကြောင်း၊ မန္တလေးနန်းတော်ရှိ မင်္ဂလာတံတား တစ်စင်းဖြစ်သည့် စည်ရှည်တံတားနှင့်ပတ်သက်၍ ပြန်လည်တည်ဆောက်ရန်အတွက် လိုအပ်သည့် အချက်အလက်များနှင့် အထောက်အထားများပြည့်စုံအောင် ပြုစုဆောင်ရွက် ရန်လိုကြောင်း၊ ပြန်လည်တည်ဆောက်ရာတွင်လည်း ရှေးမူမပျက် မူလပုံစံအတိုင်း တည်ဆောက်သွား နိုင်ရန်လိုကြောင်း၊ အလားတူ တံတားနှင့်ဆက်စပ်လျက်ရှိသည့် လမ်းများကိုလည်း ကောင်းမွန်အောင် ပြင်ဆင်ဆောင်ရွက်သွားရန်လိုကြောင်း၊ နိုင်ငံသား အားလုံးအနေဖြင့် မိမိတို့နိုင်ငံ၏ သမိုင်းကိုတန်ဖိုးထား ထိန်းသိမ်းသွားရန်လိုကြောင်း၊ တောင်ငူဘူတာတည်ဆောက်ရန် အတွက်လျာထားသည့်မြေမှ လယ်ယာမြေများအား ကြိုတင်ဖော်ထုတ်ပေးရန်လိုကြောင်း၊ တိုးချဲ့မြို့သစ်ကိုစနစ်တကျပုံစံထုတ်လုပ်ပြီးမှ ဆောင်ရွက်ရန်လိုကြောင်း၊ တောင်ငူမြို့ရှောင်ရထားလမ်းတည် ဆောက်ရာတွင်လည်း ရေရှည်အတွက်စဉ်းစား၍ ဆောင်ရွက်သွားရန်လိုကြောင်းဖြင့် မှာကြားသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် သည် အမျိုးသားပြတိုက်(နေပြည်တော်)အတွင်း ပြခန်းများအားလှည့်လည်ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များလမ်းညွှန်မှာကြားခဲ့သည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။