သီးနှံတိုးချဲ့စိုက်ပျိုးရေး၊ ဝါအထွက်နှုန်းတိုးတက်ရေးနှင့် မွေးမြူရေး လုပ်ငန်းများတိုးတက်ရေး ညှိနှိုင်းဆွေးနွေးပွဲကျင်းပ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်   တက်ရောက်ဆွေးနွေး               

နေပြည်တော်၊ ဩဂုတ် – 

သီးနှံတိုးချဲ့စိုက်ပျိုးရေး၊ ဝါအထွက်နှုန်းတိုးတက်ရေးနှင့် မွေးမြူရေးလုပ်ငန်းများ တိုးတက်ရေး ညှိနှိုင်းဆွေးနွေးပွဲကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ဆွေးနွေးသည်။

ညှိနှိုင်းဆွေးနွေးပွဲသို့ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ချာလီသန်း၊ ဒုတိယ ဝန်ကြီးများ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က  ဆွေး နွေးပြောကြားရာတွင် မိမိအနေဖြင့် စိုက်ပျိုးရေးကဏ္ဍတိုးတက်ရေးနှင့်ပတ်သက်၍ သက်ဆိုင်ရာအစည်းအဝေးများနှင့် တွေ့ဆုံပွဲများတွင် မကြာခဏထည့်သွင်း ပြောကြား လျက်ရှိကြောင်း၊ မိမိတို့နိုင်ငံ၏ ကုန်ထုတ်လုပ်မှုတွင် စိုက်ပျိုးရေးနှင့်မွေးမြူရေး လုပ်ငန်းသည် အဓိကကျကြောင်း၊ အဓိကကျသည့် ကုန်ထုတ်လုပ်မှုများ အားကောင်း လာစေရေးအတွက် စိုက်ပျိုးရေးကိုအခြေခံသည့် ကုန်ထုတ်လုပ်မှုများကို မဖြစ်မနေ ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် အဓိကစိုက်ပျိုးသီးနှံများ ဖြစ်သည့်  စပါး၊ ပဲ၊ ဝါနှင့် ဆီထွက်သီးနှံများကို တိုးတက်အောင် စိုက်ပျိုးရမည်ဖြစ် ကြောင်း။

ဆီထွက်သီးနှံနှင့်ပတ်သက်၍ မြေပဲ၊ နှမ်း၊ ပန်းနှမ်း၊ နေကြာနှင့် ဆီအုန်းများသည် မိမိတို့နိုင်ငံတွင် စိုက်ပျိုးဖြစ်ထွန်းလျက်ရှိသော်လည်း စားသုံးဆီများကို ပြည်ပမှနှစ်စဉ် တင်သွင်းနေရကြောင်း၊ မြေပဲနှင့်နှမ်းများကို ဆီအဖြစ်စားသုံးခြင်း၊ ပို့ကုန်များအဖြစ် ပြည်ပသို့တင်ပို့ခြင်းနှင့် မိရိုးဖလာအစားအစာအဖြစ် အသုံးပြုခြင်းများရှိကြောင်း၊ အထွက်နှုန်းများမှာလည်း ပန်းတိုင်ရည်မှန်းချက်အတိုင်း ထွက်ရှိခြင်းမရှိသောကြောင့် ထုတ်လုပ်မှုကုန်ကျစရိတ်များမှာ ပိုမိုများပြားလျက်ရှိနေကြောင်း၊ ဆီထုတ်လုပ်ရာတွင် လည်းဆီကြိတ်စက်များ၏ အရည်အသွေးကောင်းမွန်ရန်လည်း လိုအပ်ကြောင်း။

အလားတူ နေကြာသည်လည်း ဆီထွက်သီးနှံများတွင် တွက်ခြေကိုက်သည့် ဆီထွက်သီးနှံတစ်ခုဖြစ်သဖြင့် ပန်းတိုင်အထွက်နှုန်းအတိုင်း ထွက်ရှိစေရေး မျိုး၊ မြေ၊ ရေ၊ နည်း စသည့်(၄)ချက်နှင့် စနစ်တကျ ဆောင်ရွက်သွားရန်လိုပြီး စိုက်ပျိုးမှုများ တိုးတက်စေရေး စိုက်ပျိုးတောင်သူများကို အားပေးဆောင်ရွက်သွားရန်လိုကြောင်း၊ နေကြာကိုအမှန်တကယ်တိုးတက်အောင် စိုက်ပျိုးနိုင်မည်ဆိုပါက မိမိတို့နိုင်ငံ အတွက် များစွာအကျိုးဖြစ်ထွန်းမည်ဖြစ်ကြောင်း၊ နေကြာစိုက်ပျိုးမှုများကို တစ်နှစ်ထက် တစ်နှစ်တိုးချဲ့စိုက်ပျိုးခြင်းနှင့် သီးထပ် စိုက်ပျိုးခြင်းကို ဆောင်ရွက် သွားရန်လိုကြောင်း၊ နေကြာမျိုးများရရှိရေးအတွက်လည်း ဆောင်ရွက်သွားရန်လို ကြောင်း၊ ဆီထွက်သီးနှံများ ပိုမိုထုတ်လုပ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားမည်ဆို ပါက ပြည်တွင်းဆီဖူလုံမှုများ တိုးတက်လာမည်ဖြစ်ကြောင်း၊ ဆီအုန်းစိုက်ပျိုးမှုနှင့် ပတ်သက်၍ အကြောင်းအမျိုးမျိုးကြောင့် အထွက်နှုန်းများနည်းပါးလျက်ရှိကြောင်း၊ ဆီအုန်းစိုက်ပျိုးမှုမှထွက်ရှိသည့် ဆီကြမ်းများကို စက်မှုကုန်ကြမ်းအဖြစ်သုံးစွဲလျက် ရှိပြီး ဆီကြမ်းများမှ စားသုံးဆီချောထုတ်လုပ်နိုင်ရေး ဆွေးနွေးဆောင်ရွက်သွားရန် လိုကြောင်း၊ စိုက်ပျိုးရေးကို တစ်ဖက်တစ်လှမ်းမှ အထောက်အကူပြုသည့်ပျားမွေးမြူ ရေးလုပ်ငန်းများကိုလည်း စနစ်တကျဆောင်ရွက်နိုင်မည်ဆိုပါက ပျားရည်ထုတ်လုပ် ရေးတွင်လည်း များစွာအထောက်အကူပြုစေမည်ဖြစ်ကြောင်း။

ဝါစိုက်ပျိုးမှုနှင့်ပတ်သက်၍ မိမိတို့နိုင်ငံတွင် ယခင်နှစ်က ဝါစိုက်ပျိုးဧက ၅ သိန်း ခန့်ရှိခဲ့သော်လည်း အထွက်နှုန်းနည်းပါးခဲ့ကြောင်း၊ ဝါစိုက်ပျိုးမှုမှ ထွက်ရှိသည့် ဝါမှ ဝါဂွမ်း၊ လင်တာဂွမ်း (အမျှင်တို)နှင့် ဝါစေ့များထွက်ရှိလာမည်ဖြစ်ပြီး ဝါစေ့မှ ဝါစေ့ဆီ နှင့် တိရစ္ဆာန်အစာများ ထုတ်လုပ်နိုင်ကြောင်း၊ ဝါဂွမ်းကိုလည်း ချည်မျှင်ရှည်ဝါများဖြင့် အဆင့်မြင့်ချည်များ ထုတ်လုပ်နိုင်ရန်လိုကြောင်း၊ မိမိတို့နိုင်ငံသည် ဝါစိုက်ပျိုးသည့် အဓိကနိုင်ငံများထဲတွင်ပါဝင်ကြောင်း၊ ဝါစိုက်ပျိုးမှုသည် နိုင်ငံအတွက်ဝတ်ရေးကို များစွာ အထောက်အကူပြုစေကြောင်း၊ ဝါဂွမ်းမှ ချည်နှင့်ချည် ပိတ်များထုတ်လုပ်၍ ရောင်းချနိုင်မည်ဆိုပါက ဝင်ငွေများပိုမိုရရှိနိုင်မည်ဖြစ်ကြောင်း၊ ချည်ထုတ်လုပ်မှုများ တိုးတက်စေရေးအတွက် စက်မှုလုပ်ငန်းများဖြင့် တိုးတက်အောင် ဆောင်ရွက် သွားရန်လိုကြောင်း၊ မိမိတို့နိုင်ငံအနေဖြင့် ပြည်တွင်းမှထွက်ရှိသည့် ဝါဖြင့် ချည်များကို အရည်အသွေးကောင်းမွန်စွာဖြင့် ထုတ်လုပ်နိုင်ပါက ဝင်ငွေများ ပိုမိုတိုး တက်လာမည် ဖြစ်ကြောင်း။

ဝါကိုအခြေခံသည့် စက်မှုလုပ်ငန်းတစ်ခုအဖြစ် ပြောင်းလဲဆောင်ရွက်ခြင်းဖြင့် တစ်ခေတ်ပြောင်းရန်လိုကြောင်း၊ ထိုသို့ဆောင်ရွက်ခြင်းဖြင့် အလုပ်အကိုင်အခွင့် အလမ်းများလည်း ပိုမိုရရှိလာ မည်ဖြစ်ပြီး ဝင်ငွေများလည်း ပိုမိုတိုးတက်လာမည် ဖြစ်ကာ ဝါစိုက်တောင်သူများနှင့် ဝါနှင့်ပတ်သက်သည့် လုပ်ငန်းများဆောင်ရွက် နေသူများ၏ ဘဝများတိုးတက်လာမည် ဖြစ်ကြောင်း၊  ထို့ကြောင့် ဝါစိုက်ပျိုးမှုများကို ယခင်ကစိုက်ပျိုးခဲ့သည့် ဧက ၇ သိန်းခန့် ပြန်လည်စိုက်ပျိုးနိုင်ရေးဆောင်ရွက် ရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် တက်ရောက်လာကြသူများအနေဖြင့် ဝါစိုက်ပျိုးမှု တိုးတက်ရေးနှင့်ပတ်သက်၍ ဝိုင်းဝန်းဆွေးနွေးကြစေလိုကြောင်း။

ဝါစေ့ဆီမှ ဆီထုတ်လုပ်ခြင်း၊ ဆီထွက်သီးနှံများမှ ဆီထုတ်လုပ်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် အရည်အသွေးကောင်းမွန်သည့် ဆီများရရှိစေရေးအတွက် အရည် အသွေးကောင်းမွန်သည့် ဆီကြိတ်စက်များဖြင့် ကြိတ်ခွဲနိုင်ရေးဆောင်ရွက်ပေးရန်လို ကြောင်း၊ စိုက်ပျိုးရေး ကုန်ထုတ်လုပ်ငန်းများကိုဆောင်ရွက်ရာတွင် စက်မှုလုပ်ငန်းများ ဖြင့် ဆောင်ရွက်နိုင်ရန်အတွက် ငွေကြေးများလိုအပ်ကြောင်း၊ ယခင်ကလည်း မိမိတို့ အနေဖြင့် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေများထုတ်ပေးခဲ့ကြောင်း၊ လိုအပ်ချက်များရှိ ပါကလည်း နိုင်ငံတော်မှ ရန်ပုံငွေများထပ်မံထုတ်ပေးသွားမည်ဖြစ်ကြောင်း၊ ဆီထွက် သီးနှံနှင့် ဝါစိုက်ပျိုးမှုများမှ ကုန်ထုတ်လုပ်မှုလုပ်ငန်းများကို တိုးတက်အောင် ဆောင် ရွက်နိုင်မည်ဆိုပါက မိမိတို့နိုင်ငံအတွက် များစွာအကျိုးဖြစ်ထွန်းစေမည်ဖြစ်ကြောင်း။

စပါးနှင့်ပတ်သက်၍ ပန်းတိုင်အထွက်နှုန်းများအတိုင်း ထွက်ရှိရေးနှင့် သီးထပ် စွမ်းအားများတိုးတက်စေရေးအတွက် ဆောင်ရွက်သွားရန်လိုကြောင်း၊ နွေစပါး တိုးချဲ့ စိုက်ပျိုးခြင်း၊ စပါးပြီး စပါးစိုက်ပျိုးခြင်း၊ စပါးပြီး အခြားသီးနှံစိုက်ပျိုးခြင်း၊ နွေစပါး ပြန်လည်စိုက်ပျိုးခြင်းများကို ဆောင်ရွက်ပြီး သီးထပ်စိုက်ပျိုးမှုများတိုးတက်အောင် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ သီးထပ်စွမ်းအားများတိုးတက်အောင် ဆောင်ရွက် နိုင်မည်ဆိုပါက နိုင်ငံအတွက် များစွာအကျိုးဖြစ်ထွန်းစေမည်ဖြစ်ကြောင်း၊ စိုက်ပျိုးရေး လုပ်ငန်းများအောင်မြင်စေရေးအတွက် မျိုး၊ မြေ၊ ရေ၊ နည်း စသည့်နည်းလမ်း (၄) သွယ်ဖြင့်စိုက်ပျိုး၍ ပန်းတိုင်အထွက်နှုန်းများအတိုင်းထွက်ရှိအောင် ဆောင်ရွက်သွား ကြရန်လိုကြောင်း၊ မိမိတို့နိုင်ငံသည် စိုက်ပျိုးရေးလုပ်ငန်းများကို အောင်မြင်စွာ ဆောင်ရွက်နိုင်သည့် ရေခံ၊ မြေခံကောင်းများရှိပြီးဖြစ်ကြောင်း၊ ထို့ကြောင့် ပန်းတိုင် အထွက်နှုန်းများ အတိုင်းထွက်ရှိစေရေး တက်ရောက်လာကြသူများအားလုံးကဝိုင်းဝန်း ဆွေးနွေး ကြစေလိုကြောင်း။

မွေးမြူရေးနှင့်ပတ်သက်၍ စနစ်ကျသည့် မွေးမြူရေးလုပ်ငန်းများကိုဆောင်ရွက် သွားရန်လိုကြောင်း၊ ဒေသန္တရရှိနေသည့် နွား၊ ဝက်၊ ကြက်နှင့် ဆိတ်များကို မွေးမြူရာ တွင်လည်း နည်းစနစ်တကျမွေးမြူမည်ဆိုပါက အောင်မြင်ဖြစ်ထွန်းနိုင်သည်ကိုတွေ့ရ ကြောင်း၊  အလားတူ အထွက်ကောင်းမျိုးများကိုလည်း မွေးမြူသွားရန်လိုကြောင်း၊ မွေးမြူရေးလုပ်ငန်းများအတွက်လိုအပ်သည့်တိရစ္ဆာန်အစာများသည်လည်း ဒေသတွင်း ၌ ရရှိနိုင်သည်များရှိကြောင်း၊ စနစ်တကျဖြင့် လှောင်၍မွေးမြူသည့် မွေးမြူရေး လုပ်ငန်းများမှရရှိလာသည့် စွန့်ပစ်ပစ္စည်းများကို စိုက်ပျိုးရေးလုပ်ငန်းများတွင် ဇီဝ မြေဩဇာအဖြစ် အသုံးပြုနိုင်ကြောင်း၊ စိုက်ပျိုးရေးနှင့်မွေးမြူရေးသည် အပြန်အလှန် အကျိုးပြုသည့်လုပ်ငန်းများဖြစ်ကြောင်း၊ ထို့ကြောင့် မွေးမြူရေးလုပ်ငန်းများတိုးတက် ရေးနှင့် ပတ်သက်၍လည်း ဆွေးနွေးပြောကြားစေလိုကြောင်ဖြင့်ပြောကြားသည်။

ထို့နောက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးမင်းနောင်က ဝါသီးနှံစိုက်ပျိုးထုတ်လုပ်မှုနှင့် အရည်အသွေးမီ ဝါဂွမ်းများ ရရှိရေး ဆောင်ရွက်သွားမည့်အစီအစဉ်များ၊ ဆီထွက်သီးနှံ နေကြာ တိုးချဲ့စိုက်ပျိုးမည့် အစီအစဉ်များ၊ နို့စားနွားမွေးမြူမှုနှင့် နို့နှင့်နို့ထွက်ပစ္စည်းထုတ်လုပ်မှု အခြေအနေများ၊ နို့စားနွားမွေးမြူမှု ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်လျက်ရှိသည့် အခြေအနေ များကိုလည်းကောင်း၊ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးက ဝါသီးနှံစိုက်ပျိုးရေးနှင့်ပတ်သက်၍ တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် ဝါစိုက်ပျိုးရန်လျာထားမှုအပေါ် သမဝါယမအသင်းများဖွဲ့စည်း ပြီးစီးမှုအခြေအနေများ၊ သွင်းအားစုများအတွက် လိုအပ်သည့်ငွေကြေးများ ထောက်ပံ့ပေးထားမှုနှင့် စိုက်ပျိုး ပြီးစီးမှုအခြေအနေများ၊ ဆီထွက်သီးနှံနေကြာစိုက်ပျိုးမှုတိုးချဲ့ရေးတွင် လိုအပ်သည့် မျိုးနှင့်သွင်းအားစုများရရှိရေး လိုအပ်သည့်ထောက်ပံ့မှုများရရှိအောင် ဆောင်ရွက်ပေး ထားမှုနှင့် သမဝါယမစနစ်ဖြင့် လုပ်ငန်းလည်ပတ်နိုင်ရေး ဆောင်ရွက်ပေးထားမှု အခြေအနေများ၊ မွေးမြူရေးလုပ်ငန်းများတိုးတက်စေရေး သမဝါယမစနစ်နှင့် မြစိမ်း ရောင်စနစ်တို့ဖြင့် ဆောင်ရွက်လျက်ရှိသည့်အခြေအနေများကို လည်းကောင်း၊ စက်မှု ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ချာလီသန်းက ဝါထုတ်လုပ်မှုကွင်းဆက် တစ်လျှောက်ရှိ ဝါကြိတ်၊ ချည်မျှင်၊ စက်ရက်ကန်း၊ အထည်အလိပ်၊ ပြည်တွင်း အထည် ချုပ်လုပ်ငန်းများ၏ တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် ပျံ့နှံ့မှုအခြေအနေများ၊ ဝါစိုက်ပျိုးထုတ်လုပ်မှုမှ အထည်အလိပ်များထုတ်လုပ်သည်အထိ တန်ဖိုးမြှင့်ကွင်းဆက် တစ်လျှောက် ဖွံ့ဖြိုးတိုးတက်ရေး Action Plan ဖော်ထုတ်ရေးအလုပ်ရုံဆွေးနွေးပွဲများ ဆောင်ရွက်ခဲ့မှုအခြေအနေများ၊ ဆီထွက်သီးနှံတိုးချဲ့စိုက်ပျိုးရေးနှင့် ပတ်သက်၍ တိုင်း ဒေသကြီးနှင့်ပြည်နယ်အလိုက် ဆီစက်လုပ်ငန်းများ မှတ်ပုံတင်ထားရှိမှုနှင့် ကြိတ်ခွဲ ထုတ်လုပ်နိုင်မှုအခြေအနေများ၊ပြည်တွင်းစားသုံးဆီဖူလုံရေးအတွက် တိုးမြှင့်ထုတ်လုပ် နိုင်ရေး ဆောင်ရွက်မှုအခြေအနေများ၊ ပြည်တွင်းဆီစက်လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး အတွက် အသိပညာပေး ဆွေးနွေးပွဲများဆောင်ရွက်ခဲ့မှုနှင့် ဖော်ထုတ်ရရှိခဲ့သည့် ရလဒ် များကိုလည်းကောင်း၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်မှ တောင်သူလယ်သမားများအတွက် စိုက်ပျိုးထုတ်လုပ်မှုစရိတ်ချေးငွေများကို သီးနှံအမျိုးအစားအလိုက် သက်သာသော အတိုးနှုန်းထားဖြင့် ထုတ်ပေးထားလျက်ရှိမှု၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ ဝန်ကြီး ဌာနများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များသို့ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများအတွက် ချေးငွေများကို ခေါင်းစဉ်အလိုက်ထုတ်ပေးထားလျက်ရှိမှု တို့ကိုလည်းကောင်း အသီးသီး ရှင်းလင်း ဆွေးနွေး တင်ပြကြသည်။

ယင်းနောက်တက်ရောက်လာကြသူများက ဝါနှင့်ပတ်သက်သည့် စက်မှုကုန်ထုတ် လုပ်ငန်းများဆိုင်ရာကိစ္စရပ်များ၊ ဆီထွက်သီးနှံများနှင့် ဝါစိုက်ပျိုးထုတ်လုပ်မှု တိုးတက် ရေးဆိုင်ရာကိစ္စရပ်များ၊ နို့စားနွားမွေးမြူမှုနှင့် မွေးမြူရေးလုပ်ငန်းများ တိုးတက်ရေး ဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြကြသည်။

တင်ပြချက်များအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်က ဖြည့်စွက်ဆွေးနွေးပြောကြားရာတွင်တင်ပြချက်များအတိုင်း စိုက်ပျိုးနိုင် ရေးအတွက် အရင်းအနှီးနှင့်စုပေါင်းပြီးဆောင်ရွက်သည့် စနစ်များလိုအပ်ကြောင်း၊ သမဝါယမစနစ်ဖြင့် ဆောင်ရွက်ခြင်းသည် အသင့်လျော်ဆုံးဖြစ်ကြောင်း၊ အစုအဖွဲ့များ ဖြင့် တစ်ဦးနှင့်တစ်ဦးအပြန်အလှန်ကူညီကာ ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ အတူတကွ စုပေါင်းထွန်ယက်ခြင်း၊ စိုက်ပျိုးခြင်း၊ ခူးဆွတ်ခြင်း၊ ရောင်းချခြင်းတို့ကို သမဝါယမ စနစ်ဖြင့် ဆောင်ရွက်ခြင်းဖြင့် များစွာအကျိုးဖြစ်ထွန်းစေမည်ဖြစ်ကြောင်း၊ သမဝါယမ စနစ်ဖြင့် စိုက်ပျိုးပြီး ဆီထွက်သီးနှံများမှထွက်ရှိလာသည့် ဆီများကို ဒေသတွင်းအပြင် အခြားပြင်ပ တိုင်းဒေသကြီးနှင့်ပြည်နယ်များသို့လည်း ရောင်းချပေးနိုင်ရန်လိုကြောင်း၊ ထိုသို့ဆောင်ရွက်နိုင်ရေး သမဝါယမအသင်းအဖွဲ့များ အချင်းချင်းချိတ်ဆက်ဆောင်ရွက် ထားရှိရန်လိုကြောင်း၊ ဆီစက်များနှင့် ပတ်သက်၍လည်း တိုင်းဒေသကြီးနှင့် ပြည်နယ် အလိုက် ဆီစက်နှင့်ကုန်ကြမ်းအချိုးညီမျှရန်လိုကြောင်း၊ လိုအပ်ပါက အရည်အသွေး မြင့်သည့် စက်များရရှိနိုင်ရေးအတွက် ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ စက်မှုဝန်ကြီး ဌာနသာမက ပုဂ္ဂလိကစက်ရုံများကိုလည်း အားပေးဆောင်ရွက်ရန်လိုကြောင်း။

မွေးမြူရေးနှင့်ပတ်သက်၍ ဒေသန္တရမွေးမြူရေးကို စနစ်တကျဖြင့် မွေးမြူနိုင် အောင် ဦးစားပေးဆောင်ရွက်သွားရန်လိုကြောင်း၊ အဆိုပါမွေးမြူရေးလုပ်ငန်းများကို သမဝါယမစနစ်ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်သွားရန်လိုကြောင်း၊ မွေးမြူရေး လုပ်ငန်းများ စနစ်တကျဖြစ်စေရေးဆောင်ရွက်ပေးရန်လိုကြောင်း၊ ထွက်ရှိလာသည့် ကုန်ကြမ်းများ အရည်အသွေးကောင်းမွန်စေရေးအတွက်လည်း စုပေါင်းဆောင်ရွက် သွားရန်လိုကြောင်း၊ ငွေကုန်ကြေးကျအနည်းဆုံးနှင့် လုပ်ငန်းများအောင်မြင်အောင် ဆောင်ရွက်သွားရန်လိုကြောင်းဖြင့်ပြောကြားသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က နိဂုံးချုပ်အမှာစကားပြောကြားရာတွင် ယနေ့ဆွေးနွေးခဲ့သည့် သီးနှံတိုးချဲ့စိုက်ပျိုးရေး၊ ဆီထွက်သီးနှံနှင့်ဝါသီးနှံ တိုးချဲ့စိုက်ပျိုးရေး၊ နို့စားနွားမွေးမြူမှု ဖွံ့ဖြိုးတိုးတက်ရေး တို့သည် တိုင်းပြည်အတွက်အရေးကြီးသည့် အချက်များပင်ဖြစ်ကြောင်း၊ နေကြာသီးနှံ စိုက်ပျိုးရေးနှင့်ပတ်သက်၍လည်း အမျိုးသားရေးရည်မှန်းချက် တစ်ခုအဖြစ် သတ်မှတ် ၍ဆောင်ရွက်သွားရန်လိုကြောင်း၊ နို့ထွက်ပစ္စည်းလိုအပ်ချက်နှင့်ပတ်သက်၍ ပြည်တွင်း မှ ထွက်ရှိသည့်နို့များကို အဆင့်မြင့်နို့ထွက်ပစ္စည်းများအဖြစ် ထုတ်လုပ်နိုင်မည်ဆိုပါက ပြည်ပမှ နို့ထွက်ပစ္စည်းများတင်သွင်းနေရမှုကို များစွာလျှော့ချနိုင်မည်ဖြစ်ကြောင်း၊ လိုအပ်သည့်ကုန်ကြမ်းများရရှိ အောင်ဆောင်ရွက်ရာတွင်လည်း ဒေသန္တရရှိပြီးဖြစ်သည့် မွေးမြူရေးလုပ်ငန်းများကို အောင်မြင်အောင်ဆောင်ရွက်ပြီး ကုန်ထုတ်လုပ်ငန်းများ တိုးမြင့်အောင်ဆောင်ရွက်နိုင်မည်ဆိုပါကပြည်တွင်း၌စားရေရိက္ခာများပေါများ လာမည် ဖြစ်ကြောင်း၊ ထို့ကြောင့် ကုန်ထုတ်လုပ်မှုများကိုတိုးတက်အောင် ဆောင်ရွက် သွားရန် လိုကြောင်း၊ နိုင်ငံအတွက်အဓိကလိုအပ်သည့် စားသုံးဆီနှင့်ဝါ စိုက်ပျိုးထုတ် လုပ်မှုလုပ်ငန်းများ တိုးတက်အောင်ဆောင်ရွက်သွားမည်ဆိုပါက အဆိုပါ လုပ်ငန်းများ နှင့် ဆက်စပ်လျက်ရှိသည့် စက်မှုလုပ်ငန်း၊ ဝန်ဆောင်မှုလုပ်ငန်းများပါ တိုးတက် လာမည်ဖြစ်ကြောင်း၊ ယနေ့ဆွေးနွေးဆောင်ရွက်ခဲ့သည်များမှ အရေးကြီးသည့် အချက်အလက်များကို  အောက်ခြေအဆင့်အထိရောက်သည်အထိ အဆင့်ဆင့် အသိ ပေးဆောင်ရွက်သွားရန်လိုကြောင်း၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများအတွက် လိုအပ် သည့် မျိုးကောင်းမျိုးသန့်များရရှိအောင် ဆောင်ရွက်ခြင်း၊ စနစ်တကျစိုက်ပျိုးခြင်း၊ မွေးမြူခြင်းများကို ဆောင်ရွက်သွားကြစေလိုကြောင်း၊ ယနေ့တွင်ဆွေးနွေးခဲ့သည့် ကဏ္ဍအလိုက်ဖော်ထုတ်ချက်များကို အောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် ဦးစားပေးအနေဖြင့် ဆောင်ရွက်ကြစေလိုကြောင်းဖြင့် ပြောကြားပြီးအစည်းအဝေးကို ညနေပိုင်းတွင်ရုပ်သိမ်းလိုက်သည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။