ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း၊ ရေ၊ လေ) မိသားစုများ၏ ၂၀၂၃ ခုနှစ် ပထမအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကျင်းပပြုလုပ်

နေပြည်တော် ဇွန် – ၈

သဘာဝပတ်ဝန်းကျင်အား ထိန်းသိမ်းနိုင်စေရန်နှင့် ရာသီဥတုကို အထောက် အကူဖြစ်စေရန်၊ အရိပ်အာဝါသ ရရှိစေရန်၊ နိုင်ငံ့စီးပွားရေးအတွက် တစ်ဖက်တစ်လမ်း မှ အထောက်အကူဖြစ်စေရန်ရည်ရွယ်၍ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း၊ ရေ၊ လေ) မိသားစုများနှင့် တိုင်းစစ်ဌာနချုပ်အသီးသီးတို့တွင် ၂၀၁၁ ခုနှစ်မှစ၍ နှစ်စဉ် မိုးရာသီ တစ်အုပ်တစ်မ သစ်ပင်စိုက်ပျိုးပွဲများ ကျင်းပပြုလုပ်လျက်ရှိသည်။

ယနေ့တွင် ၂၀၂၃ ခုနှစ်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း၊ ရေ၊ လေ) မိသားစု များ၏ ပထမအကြိမ်မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားကို နေပြည်တော်၊ ဇေယျာ သီရိမြို့နယ်၊ ရေဆင်းဆည်အနီး၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်၍ ရတနာတန်းဝင် ကျွန်းပင်ကို ဦးဆောင် စိုက်ပျိုးပေးသည်။

 

အဆိုပါ အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၏ ဇနီး ဒေါ်ကြူကြူလှ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့်ဇနီး ဒေါ်သန်းသန်းနွယ်၊ ညှိနှိုင်းကွပ်ကဲ ရေးမှူး(ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေးနှင့် ဇနီး၊ ကာကွယ်ရေး ဦးစီးချုပ်(ရေ)နှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်(လေ)နှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံး မှတပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များနှင့် ဇနီး များ၊ နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်မှ သင်တန်းသားအရာရှိကြီးများ၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)ရှိ ရုံးဌာနအသီးသီး မှ အရာရှိ၊ စစ်သည်များနှင့် မိသားစုဝင်များ တက်ရောက်ကြသည်။

မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတော်များကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် ဆောင်ရွက်လျက်ရှိ

        ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အမှာစကားပြောကြားရာတွင် “သစ်တောနှင့် သစ်ပင် ချစ်ခင်သည့်လူမျိုး၊ သစ်ပင်ကိုနှစ်စဉ်စိုက် ရွှေတိုက်ကိုစိုး” ဟူသည့် ဆောင်ပုဒ် အတိုင်း သစ်တောများနှင့်သစ်ပင်များကို အမြတ်တနိုး တန်ဖိုးထားပြီး ထိန်းသိမ်းစောင့် ရှောက်ခြင်းနှင့် ထပ်မံစိုက်ပျိုးခြင်းများသည် တိုင်းပြည်တစ်ပြည်အတွက် ကောင်းကျိုး များစွာကို ဖန်တီးပေးခြင်းပင်ဖြစ်ကြောင်း၊ ထို့ကြောင့်လည်း ၂၀၁၁ ခုနှစ်မှစ၍ တပ်မတော်အနေဖြင့် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်များကို နှစ်စဉ် ကျင်းပခဲ့သည်မှာ ယခုဆိုပါက ဆယ်စုနှစ်တစ်ခုကို ကျော်လွန်ခဲ့ပြီဖြစ်ကြောင်း၊ နိုင်ငံတော်၏ သစ်တော သယံဇာတများ ရေရှည်တည်တံ့စေရေး၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် အဖိုးတန်ဂေဟစနစ်များ မပျောက်ပျက်အောင်စောင့်ရှောက်နိုင်ရေး ယခုကဲ့သို့ မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတော်များကို အမျိုးသားရေးတာဝန်တစ်ရပ် အနေဖြင့် ဆောင်ရွက်နေ ခြင်းပင်ဖြစ်ကြောင်း။

ရေဆင်းဆည်ပတ်ဝန်းကျင်၌ သဘာဝပတ်ဝန်းကျင်နှင့် ဂေဟစနစ်ထိန်းသိမ်းရေး အတွက် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း၊ ရေ၊ လေ) မိသားစုများအနေဖြင့် ၂၀၁၁ ခုနှစ်မှ၍ မိုးရာသီသစ်ပင်စိုက်ပွဲများပြုလုပ်၍ စိုက်ပျိုးခဲ့ကြရာတွင် အပင်စုစုပေါင်း ၁၈၀၀၀၀ ကျော်ကို စိုက်ပျိုးနိုင်ခဲ့ပြီး အပင်ရေ တစ်သိန်းကျော် ရှင်သန်သည်ကို တွေ့ရှိရကြောင်း၊ တပ်မတော် တစ်ရပ်လုံးအနေဖြင့် ဆိုပါက ၂၀၁၁ ခုနှစ်မှ ၂၀၂၂ အထိ စုစုပေါင်း သစ်ပင် ၂၁ သန်း ကျော် စိုက်ပျိုးနိုင်ခဲ့ပြီး အပင်ရေ ၁၅ သန်းကျော် ရှင်သန်သဖြင့် ၇၀ ရာခိုင်နှုန်းကျော် ရှင်သန်သည်ကို တွေ့ရှိရကြောင်း၊ မိမိတို့နိုင်ငံသည် သဘာဝသယံဇာတများစွာကို ပိုင်ဆိုင်ထားရှိပြီး စိုက်ပျိုးရေးကို အဓိကထား ဆောင်ရွက်ကြကြောင်း၊ စိုက်ပျိုးရေး လုပ်ငန်းများဆောင်ရွက်ရာတွင် ရေသည်အဓိက အရေးကြီးကြောင်း၊ “ဥတုရာသီ တောကိုမှီ” ဟူသည့်အတိုင်း သစ်တောသစ်ပင် များသည် ရာသီဥတုကို ကောင်းစေပြီး ရေကိုလည်း ထိန်းပေးနိုင်ကြောင်း၊ ထို့ကြောင့် သစ်ပင်များစိုက်ပျိုးရာတွင် ရှင်သန် အောင်စိုက်ပျိုးရန်နှင့် ရေရှည်ကြီးထွားစေရေး ဆက်လက်ထိန်းသိမ်းသွားရမည်ဖြစ် ကြောင်း။

နှစ်ရှည်ပင်များသည် ချက်ချင်းအကျိုးမပြုနိုင်သော်လည်း နောင်မျိုးဆက်သစ် များအတွက် အရိပ်အာဝါသနှင့် လုံခြုံမှုကို ပေးစွမ်းမည်ဖြစ်

        သစ်တောတစ်ခုကို ဖန်တီးမည်ဆိုပါက အနည်းဆုံးဆယ်နှစ်နှင့် အထက်ကြာမြင့် မည်ဖြစ်ကြောင်း၊ နှစ်ရှည်ပင်များသည် ချက်ချင်းအကျိုးမပြုနိုင်သော်လည်း နောင် မျိုးဆက်သစ် များအတွက် အရိပ်အာဝါသနှင့် လုံခြုံမှုကို ပေးစွမ်းမည်ဖြစ်ကြောင်း၊ ရှေးဘိုးဘွားဘီဘင်များ စိုက်ပျိုးခဲ့ကြသဖြင့် မိမိတို့ ယခုကဲ့သို့ စိမ်းလန်းသာယာ စိုပြေ သည့် ပတ်ဝန်းကျင်နှင့် ရာသီဥတုတွင် နေထိုင်နိုင်ကြသည်ကို ဆင်ခြင်သတိပြုမိကြ ရန်လိုကြောင်း။

        နေပြည်တော်ကို  Green City အဖြစ် အစဉ်အမြဲ လှပနေစေရေး စိမ်းလန်းစိုပြေ ရေးနှင့် သာယာလှပရေးလုပ်ငန်းများကို မြို့တည်ထောင်ပြီးချိန်မှ ယနေ့တိုင် စဉ်ဆက် မပြတ် ဆောင်ရွက်လျက်ရှိကြောင်း၊ နေပြည်တော်မြို့ပြ စတင်တည်ထောင် ချိန်တွင် စိုက်ပျိုးခဲ့သည့် သစ်ပင်ပန်းမန်များနှင့် အရိပ်ရပင်များ ကိုထိန်းသိမ်းမှုကြောင့် ရှင်သန် နေသည့် သစ်တောများသည် ယနေ့တွင် မြင်ရသူအပေါင်းကို စိတ်နှလုံးအေး ချမ်းအောင် ဖန်တီးနိုင်ခဲ့သည်ကို တွေ့ရမည်ပင်ဖြစ်ကြောင်း၊ မြို့တစ်မြို့ကို စိမ်းလန်း စိုပြေအောင် ဆောင်ရွက်ခြင်းမှ နိုင်ငံ တစ်နိုင်ငံလုံး လွှမ်းခြုံမှုရှိအောင် ဆောင် ရွက်နိုင် မည်ဆိုပါက မိမိတို့နိုင်ငံသည် သဘာဝ ပတ်ဝန်းကျင်နှင့် သဟဇာတကျအောင်  နေနိုင် မည်ဖြစ်ပြီး မလိုလားအပ်သည့် သဘာဝဘေးအန္တရာယ်များကို ကျော်လွှားနိုင်မည် လည်း ဖြစ်ကြောင်းကို အသိပေး ပြောကြားလိုကြောင်းဖြင့်ပြောကြားသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ဇနီးတို့က ရတနာတန်းဝင် ကျွန်းပင်ကို ဦးဆောင်စိုက်ပျိုး

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် ဇနီးတို့က ရတနာတန်းဝင် ကျွန်းပင်ကို ဦးဆောင်စိုက်ပျိုးပေးကြသည်။ ဆက်လက်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)နှင့် ဇနီး၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ)နှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်(ရေ)နှင့်ဇနီး၊ ကာကွယ်ရေးဦးစီး ချုပ်(လေ)နှင့် ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများနှင့် ဇနီး များ၊ အခမ်းအနားတက်ရောက်လာကြသည့် အရာရှိ၊ စစ်သည် မိသားစုများက သတ်မှတ်နေရာအသီးသီးတွင် သစ်ပင်များကို စိုက်ပျိုးကြသည်။ ထို့နောက် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဇနီးနှင့် အဖွဲ့ဝင်များ သည် အရာရှိ၊ စစ်သည် မိသားစုများ၏ စုပေါင်းသစ်ပင် စိုက်ပျိုးနေမှုအား လှည့်လည် ကြည့်ရှု အားပေးကြသည်။

၂၀၁၁ ခုနှစ်မှ ၂၀၂၃ ခုနှစ် ပထမအကြိမ်သစ်ပင်စိုက်ပျိုးပွဲအထိရေဆင်းဆည်ပတ်ဝန်းကျင်၌ ရတနာတန်းဝင်ပင်၊ နှစ်ရှည်သီးနှံပင်နှင့် အရိပ်ရလေကာပင် စုစုပေါင်း ၁၈၉,၁၈၉ ပင် အား စိုက်ပျိုးခဲ့ပြီးဖြစ်

ယနေ့ပြုလုပ်သည့် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း၊ ရေ၊ လေ) မိသားစုများ၏ ပထမအကြိမ်သစ်ပင်စိုက်ပျိုးပွဲတွင် ရတနာတန်းဝင် ကျွန်းပင် ၁၇၆၄ ပင်၊ မန်ဂျန်ရှား ၈၈၂ ပင်၊ ပိတောက် ၈၈၂ ပင် စုစုပေါင်း ၃၅၂၈ ပင်အား စုပေါင်း စိုက်ပျိုးခဲ့ကြသည်။ ရေဆင်းဆည်ပတ်ဝန်းကျင်၌ သဘာဝပတ်ဝန်းကျင်နှင့် ဂေဟစနစ်ထိန်းသိမ်းရေး အတွက် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း၊ ရေ၊ လေ) မိသားစုများအနေဖြင့် ၂၀၁၁ ခုနှစ်မှ ၂၀၂၃ ခုနှစ် ပထမအကြိမ်သစ်ပင်စိုက်ပျိုးပွဲအထိ သစ်ပင်စိုက်ပျိုးပွဲတော် ၃၆ ကြိမ် ကျင်းပပြုလုပ်၍ ရတနာတန်းဝင်ပင်၊ နှစ်ရှည် သီးနှံပင်နှင့် အရိပ်ရလေကာပင် စုစုပေါင်း ၁၈၉,၁၈၉ ပင်အား စိုက်ပျိုးခဲ့ပြီးဖြစ်သည်။

တပ်မတော်တစ်ရပ်လုံးအနေဖြင့် ယနေ့တွင် စုစုပေါင်းသစ်ပင် ၂၁၀,၃၉၈ ပင်ကို စုပေါင်း စိုက်ပျိုးပေးနိုင်ခဲ့

အလားတူ တိုင်းစစ်ဌာနချုပ်နယ်မြေအသီးသီး၌လည်း မိုးရာသီသစ်ပင်စိုက်ပွဲများ ကျင်းပ၍ ရတနာတန်းဝင်ပင်၊ စက်မှုကုန်ကြမ်းသီးနှံပင်၊ နှစ်ရှည်စားသုံးသီးနှံပင်၊ အရိပ် ရလေကာပင်များကို စုပေါင်းစိုက်ပျိုးကြရာတွင် နေပြည်တော်တိုင်းစစ်ဌာနချုပ်၌ ၁၁,၄၇၀ ပင်၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၌ ၁၄,၉၈၆ ပင်၊ အရှေ့မြောက်တိုင်း စစ်ဌာန ချုပ်၌ ၉,၁၃၅ ပင်၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်၌ ၁၀,၂၂၅ ပင်၊ အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်၌ ၂၃,၈၃၅ ပင်၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ်၌ ၁၄,၈၇၅ ပင်၊ အရှေ့တောင် တိုင်းစစ်ဌာနချုပ်၌ ၁၃,၆၉၅ ပင်၊ ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်၌ ၁၃,၁၂၁ ပင်၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်၌ ၁၆,၇၁၀ ပင်၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်၌ ၈,၉၀၆ ပင်၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၌ ၁၆,၂၈၉ ပင်၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ် ၌ ၈,၇၆၁ ပင်၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၌ ၃၇,၈၈၀ ပင်နှင့် တောင်ပိုင်းတိုင်းစစ် ဌာနချုပ်၌ ၆,၉၈၂ ပင်တို့ကို တိုင်းမှူးများနှင့် တာဝန်ရှိသူများက စုပေါင်းစိုက်ပျိုးခဲ့ကြ ပြီး တပ်မတော်တစ်ရပ်လုံးအနေဖြင့် ယနေ့တွင် စုစုပေါင်းသစ်ပင် ၂၁၀,၃၉၈ ပင်ကို စိုက်ပျိုးခဲ့ကြကြောင်း သတင်းရရှိသည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။