အောင်ဘာလေအွန်လိုင်းသိန်းဆုထီစနစ်စတင်ခြင်း ဖွင့်ပွဲအခမ်းအနားသို့    နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြား

နေပြည်တော် ဇွန် ၈

အောင်ဘာလေအွန်လိုင်းသိန်းဆုထီစနစ်စတင်ခြင်း ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန-၂ ၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်             ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားသည်။

အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် နှင့်အတူ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကောင်စီဝင် များ၊ ပြည်ထောင်စုဝန်ကြီးများနှင့် ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ နေပြည်တော် ကောင်စီဥက္ကဋ္ဌ၊ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ မြန်မာစီးပွားရေးကော်ပိုရေး ရှင်းဥက္ကဋ္ဌ၊ ဗီယက်နမ် ဆိုရှယ်လစ်သမ္မတနိုင်ငံအစိုးရ၊ ကာကွယ်ရေး ဝန်ကြီးဌာန ကိုယ်စား Viettel Group မှတာဝန်ရှိသူများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊  ဒုတိယဝန်ကြီးများ၊ ဖိတ်ကြား ထားသည့်ဧည့်သည်တော်များ၊ အနုပညာရှင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြ သည်။

ဦးစွာ အောင်ဘာလေအဖွင့်သီချင်း “အောင်” တေးသီချင်းကို အဆိုအကများဖြင့် လည်းကောင်း၊  “The era of the digital in Myanmar” တေးသီချင်းကို အကဖြင့် လည်းကောင်း တင်ဆက်မှုကို ကြည့်ရှုအားပေးကြသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အဖွင့်အမှာစကား ပြောကြားရာတွင် ယနေ့ဖွင့်ပွဲပြုလုပ်ပြီး စတင်ဆောင်ရွက်မည့် “အောင်ဘာလေ” အွန်လိုင်းသိန်းဆုထီစနစ် အကောင်အထည်ဖော်ရခြင်း၏ ရည်ရွယ် ချက်မှာ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊  ပြည်တွင်းအခွန်များဦးစီးဌာနက လက်ရှိ ကျင့်သုံးဆောင်ရွက်နေသည့် အောင်ဘာလေသိန်းဆုထီလက်မှတ်များကို ပုံနှိပ်ပြီး ရောင်းချသည့်စနစ်အပြင် ပြောင်းလဲတိုးတက်လာသည့် ခေတ်စနစ်နှင့် လိုက်လျော ညီထွေမှုရှိစေပြီး ထီကံစမ်းလိုသူ မိဘပြည်သူများအနေဖြင့် သတ်မှတ်ဈေးနှုန်းများအ တိုင်း အွန်လိုင်းမှလွယ်ကူစွာ ထီကံစမ်းနိုင်ရန်အတွက်ဖြစ်ပါကြောင်း၊ ယနေ့ အခမ်း အနားတွင် မြန်မာနိုင်ငံ၏ ပထမဦးဆုံးတရားဝင်အသုံးပြုတော့မည့် အောင်ဘာလေ အွန်လိုင်းသိန်းဆုထီစနစ် အက်ပလီကေးရှင်းကို စတင်မိတ်ဆက်မည် ဖြစ်ပါကြောင်း။

အောင်ဘာလေဆိုသည်နှင့် ပတ်သက်၍ရှေးရှေးမြန်မာများသည် ဆောင်ရွက် ရန် အလွန်ခက်ခဲသည့် ကုသိုလ်ကောင်းမှုကိစ္စရပ်တစ်ခုခုကို အောင်မြင်စွာ ဆောင်ရွက် နိုင်သည့်အခါ “အောင်ဘာလေ”ဟု ကျူးရင့်သည့်အလေ့အထ စွဲမြဲလာခဲ့သည်ကို တွေ့ရ ပါကြောင်း၊ အလားတူ ရပ်ထဲရွာထဲတွင် မဟာဒုက်မဲ၊ စာရေးတံမဲ၊ ကံစမ်းမဲပေါက် ကြသူများ၏ နာမည်နင့်တွဲပြီး “အောင်ဘာလေ”ဟု ကြေညာလေ့ရှိသည်ကို သိရပါ ကြောင်း၊ ခက်ခဲသည့် အလုပ်တစ်ခုခုပြီးဆုံးသည်ဖြစ်စေ၊ ကုသိုလ်ကောင်းမှုတစ်ခုခု အောင်မြင်သည်ဖြစ်စေ အောင်အတိတ်အောင်နိမိတ်ဆောင်သည့် တေးသီချင်းတစ်ပုဒ် ကို ပျော်ရွှင်ဝမ်းမြောက်စွာ ကျူးရင့်ဟစ်ကြွေးလေ့ရှိရာ အဆိုပါသီချင်းမှာ “အောင်ဘာ လေသပြေပန်းနှင့် ရေချမ်းလောင်း”ဟူ၍ ဖြစ်သည်ဟု သိရှိရပါကြောင်း။

ခေတ်အဆက်ဆက်တွင် ပြည်သူလူထု၏ ဝယ်ယူကံစမ်းမှု မြင့်တက် လာသည် နှင့်အမျှ ထီလက်မှတ်ဈေးနှုန်းများကို အောင်ဘာလေထီ (၂)ကျပ် တန်ထီစနစ်မှ ကျပ် ၁၀၀၀ တန်ထီစနစ်အထိ တိုးမြင့်လာခဲ့သကဲ့သို့ချီးမြှင့်သည့် ထီဆုငွေပမာဏများ တိုးမြင့်လာခဲ့ပြီး ဆုမဲအရေအတွက်များကိုလည်း တိုးချဲ့ချီးမြှင့်ခဲ့သည်ကို တွေ့ရှိရပါ ကြောင်း၊ ကျပ် ၁၀၀၀ တန်ထီကို ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ (၁)ရက်နေ့က စတင် ရောင်းချခဲ့ပြီး အမြင့်ဆုံးဆုမဲ တန်ဖိုးငွေကျပ် သိန်းတစ်သောင်းခွဲ (သန်း ၁၅၀၀) အထိ ချီးမြှင့်ပေးခဲ့ပါကြောင်း။

ထို့ပြင် လက်ရှိရောင်းချလျက်ရှိသည့် အောင်ဘာလေသိန်းဆုထီ လက်မှတ်စနစ် ၏ အားနည်းချက်များအပေါ် ပြည်သူလူထုက ဝေဖန်မှုများ ရှိနေသည်ကိုသိရှိရပြီး  အထူးသဖြင့် ထီလက်မှတ်ဈေးနှုန်းသည် သတ်မှတ်ဈေးနှုန်းထက် ထီဆိုင်များက ဈေးကြီးပြီး ဝယ်ယူကံစမ်းရနေကြရခြင်းအပေါ် ဖြေရှင်းဆောင်ရွက်ပေးရန် တောင်းဆို မှု များရှိသည်ကို တွေ့ရှိရပါကြောင်း။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် နိုင်ငံတော်၏တာဝန်ကို စတင် ထမ်းဆောင်စဉ်ကတည်းက ရှေ့လုပ်ငန်းစဉ်(၅)ရပ်ကို နိုင်ငံတော်နှင့် ပြည်သူလူထု၏ အကျိုးကိုရှေးရှုပြီး ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ “ရှေ့သို့လှမ်းချီ ပန်းတိုင်ဆီ” ဆိုသည့်ဆောင်ပုဒ်နှင့်အညီ ပြည်သူ့အကျိုးပြုလုပ်ငန်းများ အောင်မြင်စေရေး စနစ်တကျစီမံဆောင်ရွက်လျက်ရှိပါကြောင်း၊ ထို့ပြင် တိုင်းပြည် သာယာဝပြောရေး၊ စားရေရိက္ခာဖူလုံရေး၊ ပြည်သူတို့ကျန်းမာပျော်ရွှင်ရေး၊ လူမှုစီးပွား ဘဝ ဖွံ့ဖြိုးတိုးတက်စေရေးတို့အတွက် ပြည်သူလူထုဗဟိုပြု ဖွံ့ဖြိုးရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ၌ အောင်ဘာလေအွန်လိုင်းထီစနစ် အကောင်အထည်ဖော် ဆောင်ရွက်ခြင်းသည်လည်း ပြည်သူများအတွက် ရည်ရွယ်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါ ကြောင်း။

နိုင်ငံတော်အစိုးရအနေဖြင့်လည်း ပြည်သူများ စိတ်အပန်းဖြေပျော်ရွှင်စေရေး၊ တရားမဝင်လောင်းကစားလုပ်ငန်းများကို လျှော့ချတားဆီး ကာကွယ်ပေးနိုင်ရေး အတွက် အောင်ဘာလေသိန်းဆုထီကို စနစ်တကျဖြင့် စဉ်ဆက်မပြတ် ပုံမှန်ဖွင့်လှစ် ဆောင်ရွက်ပေးလျက်ရှိပါကြေင်း၊ မိမိတို့အစိုးရလက်ထက်တွင် ထီဆုငွေကိုလည်း ပြည်သူပြည်သားများ၏အကျိုးကို ရှေးရှုပြီး ယခင်ကထီလက်မှတ်ရောင်းရငွေ၏ ၆၀ ရာခိုင်နှုန်းကို ခွဲဝေထုတ်ပေးနေရာမှ ၇၀ ရာခိုင်နှုန်းအထိ တိုးမြှင့်ပြီး ဆုမဲခွဲဝေချီးမြှင့်ခဲ့ ပါကြောင်း။

  လက်ရှိအောင်ဘာလေ သိန်းဆုထီလက်မှတ်များကို ပုံနှိပ်ရောင်းချသည့် စနစ်အပြင် ပြောင်းလဲတိုးတက်လာသည့် ခေတ်စနစ်နှင့်အညီ လိုက်လျောညီထွေ မှုရှိစေရန် ထီကံစမ်းသူမိဘပြည်သူများ သတ်မှတ်ဈေးနှုန်းဖြင့် လွယ်ကူစွာ ထီကံစမ်း နိုင်ရန်အတွက် အောင်ဘာလေအွန်လိုင်း သိန်းဆုထီစနစ်ကို အကောင်အထည်ဖော် ဆောင်ရွက်ရန် စီစဉ်ခဲ့ခြင်း ဖြစ်ပါကြောင်း။

ပြည်သူများအနေဖြင့် မိမိတို့၏မိုဘိုင်းတယ်လီဖုန်းများကို အသုံးပြုပြီး အောင်ဘာလေသိန်းဆုထီကို အွန်လိုင်းထီအက်ပလီကေးရှင်းမှတစ်ဆင့် အချိန်မရွေး၊ နေရာမရွေး သတ်မှတ်ဈေးနှုန်းအတိုင်း လွယ်ကူအဆင်ပြေစွာ ကံစမ်းနိုင်ကြမည် ဖြစ်ပါကြောင်း၊ မိမိတို့ မြန်မာနိုင်ငံအနေဖြင့် အခြားနိုင်ငံများနည်းတူ အီလက် ထရောနစ်ထီစနစ်ကို အကောင်အထည် မဖော်နိုင်မီစပ်ကြားတွင် အွန်လိုင်းထီစနစ်ကို အကောင်အထည်ဖော်နိုင်ရေးအတွက် ယခင်အစိုးရများ လက်ထက်ကတည်းကပင် လွှတ်တော်၌ ဆွေးနွေးမှုများပြုလုပ်ခဲ့ကြသည်ကို တွေ့ရပါကြောင်း၊ သို့သော် ထီဥပဒေပြဋ္ဌာန်းထားမှုမရှိခြင်းနှင့် အကြောင်းအမျိုးမျိုးကြောင့် ဆောင်ရွက်နိုင်မှု မရှိခဲ့သည်ကို တွေ့ရှိရပါကြောင်း။

မိမိတို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ လက်ထက်တွင် လက်ရှိ အောင်ဘာ လေသိန်းဆုထီလက်မှတ်များကို ပုံနှိပ်ဖြန့်ဖြူးရောင်းချသည့် စနစ်အပြင် ပြည်သူ လူထုအားလုံး အွန်လိုင်းမှတစ်ဆင့် လွယ်ကူစွာထီကံစမ်းနိုင်ရန် ရည်ရွယ်ချက်ဖြင့် အခု ကဲ့သို့ အွန်လိုင်းထီစနစ်ကို စတင်လုပ်ဆောင်ရခြင်းဖြစ်ပါကြောင်း။

နိုင်ငံတကာတွင် ခေတ်မီဆန်းသစ်သည့် Digital နည်းပညာများဖြင့် လုပ်ကိုင် လာသည့်အချိန်တွင် မိမိတို့နိုင်ငံ၌လည်း အွန်လိုင်းထီစနစ်ကို အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြင့် ထီကံစမ်းသူများ အလွယ်တကူစိတ်ကြိုက်နံပါတ်များ ရွေးချယ် ဝယ်ယူနိုင်မည်ဖြစ်ပြီး မြို့ပြနှင့်ကျေးလက်နေ ပြည်သူများအားလုံး အဆင်ပြေလွယ် ကူစွာ ထီကံစမ်းနိုင်ကြတော့မည် ဖြစ်ပါကြောင်း။

အောင်ဘာလေအွန်လိုင်းသိန်းဆုထီ အက်ပလီကေးရှင်းကို အသုံးပြုပြီး ကံစမ်း သူများအနေဖြင့် ထီလက်မှတ်ဝယ်ယူခြင်း၊ ထီဖိုးငွေပေးချေခြင်းမှစပြီး ဆုငွေရယူခြင်း အဆင့်အထိ ရိုးရှင်းလွယ်ကူစွာ ဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း၊ ထီဖွင့်ပွဲကျင်းပချိန် တွင်လည်း ထီတိုက်ရန်မလိုဘဲ ကံထူးသူများ၏ မိုဘိုင်းတယ်လီဖုန်းများကို SMS ပေးပို့ အကြောင်းကြားလာမည်ဖြစ်ပြီး ထီဆုငွေထုတ်ယူရာတွင်လည်း မှန်ကန်လွယ်ကူစေ ရေးအတွက် ပမာဏနည်းသည့်ဆုကြေးငွေများကို အွန်လိုင်းမှလွှဲပြောင်းပေးခြင်း၊ ထီကံထူးသူများ၏ ဘဏ်ငွေစာရင်းအကောင့်သို့ ပေးပို့ခြင်းများကို  အီလက်ထရောနစ် နည်းလမ်းဖြင့် ဆောင်ရွက်သွားမည်ဟု သိရှိရပါကြောင်း။

ယနေ့ အောင်ဘာလေအွန်လိုင်းသိန်းဆုထီ အက်ပလီကေးရှင်းကို စတင်နိုင် ခြင်းသည် ဒီဂျစ်တယ်နည်းပညာနှင့် မိုဘိုင်းငွေပေးချေမှုစနစ်များ အသုံးပြုပြီး လွယ်ကူစွာ ထီကံစမ်းနိုင်သည့် Digital Lottery Platform စနစ်သစ်ကို စတင်မိတ် ဆက်အသုံးပြုနိုင်ခြင်းပင် ဖြစ်ပါကြောင်း၊ အကျိုးဆက်အဖြစ် အနာဂတ်တွင် နိုင်ငံတော်အခွန်ဘဏ္ဍာရရှိမှုတိုးတက်စေရေး၊ နိုင်ငံတော်၏ ဒီဂျစ်တယ်စီးပွားရေး အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်စေရေး၊ ငွေသားကိုင်တွယ်သုံးစွဲမှု လျော့ချ စေရေး (Cashless Society)အစရှိသည့် ကောင်းကျိုးများစွာတို့အတွက် အထောက် အပံ့ဖြစ်စေနိုင်မည် ဖြစ်ပါကြောင်း။

အောင်ဘာလေ အွန်လိုင်းသိန်းဆုထီစနစ်အတွက် စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီးဌာန၏ ဦးဆောင်မှုနှင့်အတူ သက်ဆိုင်ရာဝန်ကြီးဌာနများ၊ ဦးစီးဌာနများနှင့် Telecom International Myanmar Co., Ltd တို့က ပူးပေါင်းပါဝင် ကြိုးပမ်းအားထုတ် အကောင်အထည်ဖော် ဆောင်ရွက်ထားသည်ကို တွေ့ရှိရပါကြောင်း၊  ယနေ့သည် လည်း Telecom International Myanmar Co., Ltd(Mytel)၏ စတင် Launching Ceremony ဆောင်ရွက်ခဲ့သည့် (၅)နှစ်ပြည့်ရက်နှင့် တိုက်ဆိုင်နေသည့် အတွက်လည်း ဖြတ်သန်းလာခဲ့သည့် (၅)နှစ်တာကာလအတွင်းအောင်မြင်မှုများကိုလည်း အသိအမှတ် ပြုသည်ကို ပြောကြားလိုပါကြောင်း၊ စနစ်သစ်တစ်ခုကို ပြောင်းလဲဖော်ဆောင်ရာတွင် နိုင်ငံတော်ကို ကိုယ်စားပြု ဆောင်ရွက်ရသည့်အတွက် အလွန်တာဝန်ကြီးမားလှပါ ကြောင်း၊ နိုင်ငံတော်အတွက် အသစ်စတင်မိတ်ဆက်နိုင်ခဲ့သည့် ပြည်သူ့အကျိုးပြုလုပ် ငန်း တစ်ရပ်ဖြစ်သည့် အောင်ဘာလေအွန်လိုင်း သိန်းဆုထီစနစ်ကို တစ်ဆင့်ပြီး တစ်ဆင့် တိုးတက်အောင်မြင်အောင် အားလုံးဝိုင်းဝန်းကြိုးပမ်း ပူးပေါင်းဆောင်ရွက် ကြရန် တိုက်တွန်း လိုပါကြောင်းဖြင့်ပြောကြားသည်။

ယင်းနောက် အောင်ဘာလေသိန်းဆုထီ သမိုင်းကြောင်း Documentary နှင့် အောင်ဘာလေ အွန်လိုင်းသိန်းဆုထီစနစ်ကို  Video Clip ဖြင့်မိတ်ဆက်ပြသသည်။

ဆက်လက်၍ အောင်ဘာလေအွန်လိုင်းသိန်းဆုထီစနစ်အား ဖွင့်လှစ်ခြင်းကိုပြု လုပ်ရာ   ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး  ဒေါက်တာကံဇော်၊ မြန်မာစီးပွားရေးကော်ပိုရေးရှင်းဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ညိုစောနှင့်  Viettel Group မှ (Mytel) CEO Nguyen Tien Dung  တို့က အောင်ဘာလေ အွန်လိုင်းသိန်းဆုထီစနစ် ဖွင့်ပွဲအဖြစ်  စုဗူးအတွင်းသို့ရွှေင်္ဂါးများအား တစ်ပြိုင်နက်တည်းထည့်သွင်း ဆောင်ရွက် ကြပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က စုဗူးအတွင်းသို့ အောင်အတိတ်အောင်နိမိတ်ဆောင် အောင်မင်္ဂလာ ရွှေဒင်္ဂါးကိုထည့်သွင်း၍ အောင်ဘာလေ အွန်လိုင်းသိန်းဆု ထီစနစ်သစ်ကြီးကို  စတင် ဖွင့်လှစ်ပေးသည်။

ထို့နောက် အောင်ဘာလေအွန်လိုင်း သိန်းဆု ထီစနစ် ဖွင့်ပွဲ အထိမ်းအမှတ် Logo ကို နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ထံ ဒုတိယဝန်ကြီးချုပ်နှင့်ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန် က ပေးအပ် သည်။

ယင်းနောက် အောင်ဘာလေအွန်လိုင်း သိန်းဆုထီစနစ်နှင့် ပတ်သက်၍  Mytel မှ ပြင်ပဆက်ဆံရေး အရာရှိချုပ် ဒေါက်တာနီလာအေး အောင်ဘာလေအွန်လိုင်း သိန်းဆု ထီစနစ် Mobile Application Download မှသည် သိန်းဆုထီများထုတ်ယူပုံအထိ မည်သို့ မည်ပုံဆောင်ရွက်သွားရမည့် Procedure နှင့်အားသာချက်များကို တစ်ဆင့် ခြင်းရှင်းလင်းတင်ပြသည်။

ထို့နောက် “အောင်ဘာလေထီ ထိုးစို့” တေးသီးချင်ဖြင့် သီဆိုကပြဖျော်ဖြေ တင် ဆက်ကြပြီး  အောင်ဘာလေအွန်လိုင်း သိန်းဆုထီစနစ်တွင် ပါတနာအဖြစ် ဆောင်ရွက် သည့်  Telecom International Myanmar Co., Ltd. (Mytel) (၅)  နှစ်ပြည့် အမှတ် တရ မှတ်တမ်းကို ပြသသည်။

ယင်းနောက် ဗီယက်နမ် ဆိုရှယ်လစ်သမ္မတနိုင်ငံအစိုးရ၊ ကာကွယ်ရေးဝန်ကြီး ဌာနကိုယ်စား Viettel Group မှတာဝန်ရှိသူတစ်ဦးက ကျေးဇူးတင်စကားပြောကြား သည်။

ထို့နောက် ဗီယက်နမ် ဆိုရှယ်လစ်သမ္မတနိုင်ငံအစိုးရ၊ ကာကွယ်ရေး ဝန်ကြီးဌာန ကိုယ်စား Viettel Group မှ တာဝန်ရှိသူတစ်ဦး က  Mytel မှ တာဝန်ရှိသူများထံ Mytel (၅) နှစ်ပြည့် အထိမ်းအမှတ် ဂုဏ်ပြုလက်မှတ် ပေးအပ်သည်။

ယင်းနောက် မြန်မာ၊ ဗီယက်နမ် အကအလှတေးဂီတအဖွဲ့များက  “We Love Myanmar” တေးသီးချင်းနှင့် “အောင်ဘာလေအွန်လိုင်းသိန်းဆုထီအား ထိုးလိုက်ကြ ပါစို့” တေးသီချင်းတို့ဖြင့် သီဆိုဖျော်ဖြေ တင်ဆက်ခဲ့ပြီး အခမ်းအနားကိုရုပ်သိမ်း လိုက်သည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် သည် အောင်ဘာလေအွန်လိုင်းသိန်းဆုထီစနစ် Mobile Application အသုံးပြုမှုကို ကြည့်ရှုရာ တာဝန်ရှိသူများက ရှင်းလင်းတင်ပြခဲ့ကြသည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။