နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်  တပ်မတော်ရုပ်မြင်သံကြားထုတ်လွှင့်ရေးတပ်(မှော်ဘီ) သို့ သွားရောက်ကြည့်ရှုစစ်ဆေး 

နေပြည်တော်၊ ဇွန် – ၉

        နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့နံနက်ပိုင်းတွင် ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေး၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး မိုးအောင်၊ ကာကွယ်ရေးဦးစီးချုပ်(လေ)ဗိုလ်ချုပ်ကြီး ထွန်းအောင်နှင့် ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊  ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ဇော်ဟိန်းနှင့် တာဝန်ရှိသူများလိုက်ပါ၍ မှော်ဘီတပ်နယ်ရှိ တပ်မတော်ရုပ်မြင်သံကြားထုတ်လွှင့်ရေးတပ်သို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။

        ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီး ချုပ် နှင့် အဖွဲ့ဝင်များအား တပ်မတော်ရုပ်မြင်သံကြား ထုတ်လွှင့်ရေးတပ် (မှော်ဘီ)မှ တာဝန်ရှိသူများနှင့် ဝန်ထမ်းများက လှိုက်လှဲနွေးထွေးစွာ ကြိုဆိုနှုတ်ဆက်ကြသည်။ ထို့နောက် အစည်းအဝေးခန်းမတွင် ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံး ညွှန်ကြားရေးမှူး ဗိုလ်ချုပ် ဇော်မင်းထွန်းနှင့် တပ်မတော်ရုပ်မြင် သံကြားထုတ်လွှင့်ရေးတပ် (မှော်ဘီ)တပ်မှူးတို့က မြဝတီရုပ်မြင်သံကြားထုတ်လွှင့်မှု ပိုင်းဆိုင်ရာများနှင့် သဇင် FM ထုတ်လွှင့်မှုပိုင်းဆိုင်ရာများနှင့် ပတ်သက်၍ တပ်မတော် ရုပ်မြင်သံကြားထုတ်လွှင့်ရေးတပ်များနှင့် တပ်မတော်အသံလွှင့်တပ်များ၏ သမိုင်း အကျဉ်း၊ လုပ်ငန်းအကောင်အထည်ဖော် ဆောင်ရွက်နိုင်မှုများနှင့် အဆင့်မြှင့်တင်ထုတ် လွှင့်နိုင်ခဲ့မှု၊ နေ့စဉ်ပြည်တွင်း၊ ပြည်ပသတင်းများအပါအဝင် အခြားသော ဗဟုသုတ ဖြစ်ဖွယ်၊ စိတ်ဝင်စားဖွယ် အစီအစဉ်များစွာကို ထုတ်လွှင့်ပေးလျက်ရှိမှု၊ သဇင် FM မှ နေ့စဉ်ထုတ်လွှင့်ပေးလျက်ရှိ သည့်  အစီအစဉ်များ၊ ရုပ်သံထုတ်လွှင့်ရေးတပ်များနှင့် အသံလွှင့်တပ်များ၏ တိုးတက်ဆောင်ရွက်နိုင်မှုများနှင့် အထွေထွေလိုအပ်ချက်များ၊ မြဝတီတေးဂီတအဖွဲ့နှင့် သံစုံတီးဝိုင်းငယ် အဆင့်ဆင့်တိုးတက်လာမှုတို့နှင့် ပတ်သက် ၍ ရှင်းလင်းတင်ပြကြသည်။

        ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က နေ့စဉ်ဖြစ်ပေါ်ပြောင်းလဲနေသည့် သတင်းများ၊ ထူးခြား ဖြစ်စဉ် သတင်းများနှင့် အများပြည်သူ သိသင့်သိထိုက်သည့် ပြည်တွင်း၊ ပြည်ပသတင်း များကို မှန်မှန်ကန်ကန်နှင့် အချိန်နှင့်တပြေးညီ စဉ်ဆက်မပြတ် ထုတ်လွှင့်နေရန်လို ကြောင်း၊ ရုပ်သံထုတ်လွှင့်ခြင်းနှင့် ရေဒီယိုအသံလွှင့်ခြင်းများဆောင်ရွက်ရာတွင် အများ ပြည်သူ စိတ်ဝင်စားမှုဖြစ်စေမည့် အစိအစဉ်များနှင့် အသိပညာပေးအစီအစဉ်များကို လည်း ထုတ်လွှင့်ရန်လိုကြောင်းနှင့် အခြားလိုအပ်သည်များကို လမ်းညွှန်မှာကြား သည်။

        ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က တပ်မတော်ရုပ်မြင်သံကြား ထုတ်လွှင့်ရေးတပ် (မှော်ဘီ)တွင် တာဝန်ထမ်း ဆောင်လျက်ရှိသည့် အရာရှိ၊ စစ်သည်များနှင့် ဝန်ထမ်းများအား တွေ့ဆုံအမှာစကား ပြောကြားရာတွင် တပ်မတော်ရုပ်မြင်သံကြားထုတ်လွှင့်ရေးတပ်ကို ၁၉၉၀ ပြည့်နှစ် ဧပြီလ ၁ ရက်နေ့တွင် စတင်တည်ထောင်ခဲ့ခြင်းဖြစ်ကြောင်း၊ ရုပ်မြင်သံကြား ထုတ်လွှင့်ရေးနှင့်ပတ်သက်၍ အတိုင်းအတာတစ်ခုအထိ အတွေ့အကြုံများရှိပြီးဖြစ် ကြောင်း၊ စတင်ထုတ်လွှင့်ချိန်၌ ခေတ်နှင့်အညီဆောင်ရွက်နိုင်ခဲ့သဖြင့် ပြည်သူများကို စိတ်ပါဝင်စားအောင်ဆောင်ရွက်နိုင်ခဲ့ပြီး အောင်မြင်မှုများရရှိခဲ့ကြောင်း၊ ၃၃ နှစ်တာ ကာလအတွင်း အတွေ့အကြုံများ များစွာရရှိပြီးဖြစ်ကြောင်း။

ရုပ်မြင်သံကြားထုတ်လွှင့်မှုသည် နိုင်ငံတော်နှင့်ပြည်သူကို အကျိုးပြုရန်လို

ရုပ်မြင်သံကြားထုတ်လွှင့်ခြင်း လုပ်ငန်းများသည် လူထုဆက်ဆံရေးလုပ်ငန်း တစ်ခုပင် ဖြစ်ကြောင်း၊ ထို့ကြောင့် အကျိုးရှိအောင်ဆောင်ရွက်ရန်နှင့် အကျိုးပြု သည့်လုပ်ငန်း တစ်ရပ်ဖြစ်အောင်ဆောင်ရွက်ရန်လိုကြောင်း၊ မိမိတို့လုပ်ငန်း၏ အကျိုး၊ ပြည်သူလူထုနှင့် နိုင်ငံတော်အပေါ် အကျိုးပြုနိုင်မှုများကို သုံးသပ်ဆောင်ရွက်ရန် လိုကြောင်း။

မိမိတို့ထုတ်လွှင့်သည့် ရုပ်သံထုတ်လွှင့်မှုများကို နိုင်ငံအနှံနေရာအားလုံး၌ ဖမ်းယူ ကြည့်ရှုနိုင်ရန်လိုကြောင်း၊ ဒေသအလိုက် တပ်ရင်း၊ တပ်ဖွဲ့များ၊ ဒေသခံပြည်သူများ သာမက ရှေ့တန်းရောက် တပ်မတော်သားများ အနေဖြင့်လည်း အသံထုတ်လွှင့်မှု အစီအစဉ်များကို ဖမ်းယူရရှိနိုင်ရန်လိုကြောင်း၊ လိုအပ်သည့် သတင်းအချက်အလက် အမှန်များနှင့် သုတရသဖြစ်ဖွယ်၊ စိတ်ချမ်းမြေ့ဖွယ် အစီအစဉ်များကို ဖမ်းယူနားဆင် နိုင်ရမည်ဖြစ်ကြောင်း။

ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေးညွှန်ကြားရေးမှူးရုံး၏ ရည်ရွယ် ချက်မှာ “ပြန်ကြားပေးရန်၊ ဖျော်ဖြေပေးရန်၊ ပညာပေးရန်နှင့် စည်းရုံးရန်ဖြစ် ကြောင်း၊ နည်းမှန်လမ်းမှန်ပြန်ကြားပေးခြင်း၊ ဖျော်ဖြေပေးခြင်းနှင့် ပညာပေးခြင်းတို့ကို ဆောင်ရွက်မှုသည် စည်းရုံးရေးကို ဆောင်ရွက်ခြင်းပင် ဖြစ်ကြောင်း၊ ဖျော်ဖြေမှုများ ဆောင်ရွက်ရာတွင် အသံနှင့်အရုပ်နှစ်ခုလုံး ပါဝင်ကြောင်း၊ မိမိတို့ မသိရှိသေးသည့် အကြောင်းအရာနှင့် အသိပညာဗဟုသုတများကို ထုတ်လွှင့်ပေးခြင်းသည် ပညာပေး ခြင်းပင် ဖြစ်ကြောင်း၊ ထို့ကြောင့် မှန်မှန်ကန်ကန်ဖြင့် ထုတ်လွှင့်နိုင်ရန်နှင့် ကျေးလက် ဒေသများရှိ ပြည်သူများပါ နားလည်နိုင်သည့်လွယ်ကူ ရှင်းလင်းသည့် ထုတ်လွှင့်မှု များကို ဆောင်ရွက်နိုင်ရန်လိုကြောင်း၊ မိမိတို့ဌာန၏ လုပ်ငန်းရည်မှန်းချက်များ အောင်မြင်စေရေး အလေးထားဆောင်ရွက်ကြစေလိုကြောင်း။

မီဒီယာလုပ်ငန်း လုပ်ကိုင်သူများအနေဖြင့် မြန်မာနှင့် ကမ္ဘာအကြောင်း သိရှိနှံ့စပ်ကျွမ်းကျင်ရမည်

        ထိုကဲ့သို့သော ပြည်သူလူထုသို့ ပြန်ကြားရေးတာဝန်များကို ထမ်းဆောင်နေကြ ရသည့် အရာရှိ၊ စစ်သည်၊ ဝန်ထမ်းများအနေဖြင့် မိမိတို့ နိုင်ငံ၏ နိုင်ငံရေး ဖြစ်ပေါ် ပြောင်းလဲမှု အခြေအနေများနှင့် ပတ်သက်၍လည်း မှန်မှန်ကန်ကန် သိရှိထားရန်လို ကြောင်း၊ တပ်မတော်အနေဖြင့် ၂၀၂၀  ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေး ကောက်ပွဲတွင် မဲမသမာမှုများဖြစ်ပေါ်ခဲ့ခြင်းကြောင့် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ နိုင်ငံတော်၏ တာဝန်များကို ထမ်းဆောင်ခဲ့ရကြောင်း၊  ထိုသို့ တပ်မတော်မှ နိုင်ငံတော် တာဝန်ထမ်းဆောင်မှုအပေါ် နိုင်ငံရေးအရသဘောထားကွဲလွဲမှုများဖြစ်ပေါ်ခဲ့ပြီး နိုင်ငံ ရေး မတည်ငြိမ်မှုများဖြစ်ပေါ်ခဲ့ကြောင်း၊ ရွေးကောက်ပွဲ မဲမသမာမှုများကို ဥပဒေနှင့် အညီ ဖြေရှင်းဆောင်ရွက်ခဲ့မှုမရှိခြင်းကြောင့် တပ်မတော်အနေဖြင့် ဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့်အညီ တာဝန်ယူဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ပါတီစုံဒီမိုကရေစီစနစ်ကို ဆက်လက် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊ လွပ်လပ်ပြီးတရားမျှတ သည့် ရွေးကောက်ပွဲပြန်လည်ကျင်းပနိုင်ရေးအတွက်လည်း စီမံဆောင်ရွက်လျက်ရှိ ကြောင်း၊ မြန်မာနိုင်ငံအကြောင်းကို ဘက်စုံထောင့်စုံမှ အသေးစိတ်သိရှိပြီး ယုံကြည် ချက်၊ ခံယူချက် လေးနက်စွာ ခံယူမှုရှိရမည်၊ ဗဟုသုတပြည့်စုံကြွယ်ဝပြီး စဉ်ဆက် မပြတ် လေ့လာဆည်းပူးလို စိတ် ရှိရမည်၊ ကမ္ဘာ့နိုင်ငံအသီးသီး၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးဖြစ်စဉ်များကို နှံ့စပ် စွာ သိရှိနားလည်ရမည်ဖြစ်ကြောင်း။

        သတင်းများထုတ်လွှင့်ခြင်းနှင့်  အစီအစဉ်များထုတ်လွှင့်ရာတွင် သွက်လက်ဖြတ် လတ်၍ နှစ်လိုဖွယ်ဖြစ်အောင် တည်းဖြတ်ခြင်းများကို စနစ်တကျဖြင့်ဆောင်ရွက်ရန် လိုကြောင်း၊ ထုတ်လွှင့်ခြင်းလုပ်ငန်းများကိုဆောင်ရွက်ရာတွင် တည်းဖြတ်သူ၊ ကြီးကြပ် သူများအနေဖြင့် စနစ်တကျဆောင်ရွက်ရန်လိုကြောင်း၊ ပြည်သူများအတွက် ပညာပေး အစီအစဉ်များထုတ်လွှင့်ရာတွင် ပြည်သူများ အမှန်တကယ်ပညာရရှိနိုင်သည့် ထုတ်လွှင့် မှုများ ဖြစ်ရန်လိုသဖြင့် ဂရုစိုက်ဆောင်ရွက်ရန်လိုကြောင်း။

တပ်တွင်းစည်းလုံးညီညွတ်ရေး

        လုပ်ငန်းများဆောင်ရွက်ရာတွင် မိမိဘဝရပ်တည်မှုအတွက် ဆောင်ရွက်နေခြင်း ဖြစ်သကဲ့သို့ နိုင်ငံတော်အတွက် တာဝန်ထမ်းဆောင်နေကြခြင်း ဖြစ်ကြောင်း၊ စိတ် သန့်သန့်ဖြင့် ဆောင်ရွက်မှသာ မိမိကိုယ်ကို ယုံကြည်မှုရှိလာမည်ဖြစ်ကြောင်း၊ မီဒီယာ လုပ်ငန်းများဆောင်ရွက်နေသူများဖြစ်သဖြင့် စည်းလုံးမှုပိုမိုရရှိရန်လိုကြောင်း၊ မိမိတို့ လုပ်ဖော်ကိုင်ဖက်ညီအစ်ကိုမောင်နှမအချင်းချင်း စည်းစည်းလုံးလုံးဖြင့် ဆောင်ရွက်ကြ စေလိုကြောင်း၊ မတူညီသည့် ဒေသများမှ လာရောက်၍တာဝန်ထမ်းဆောင်ကြခြင်းဖြစ် သဖြင့် မိသားစုစိတ်ဓာတ်၊ ညီအစ်ကိုမောင်နှမစိတ်ဓာတ်ဖြင့် ဆောင်ရွက်ကြမည် ဆိုပါက လုပ်ငန်းများ ပိုမိုအောင်မြင်လာမည်ဖြစ်ကြောင်း။

ပညာရပ်ပိုင်းဆိုင်ရာကျွမ်းကျင်သည့် လူသားအရင်းအမြစ်များ ပေါ်ထွက်လာရေး

လုပ်ငန်းအတွက် လိုအပ်သည့် လူသားအရင်းအမြစ်များပြည့်ဝစေရေးအတွက် လည်း ဆောင်ရွက်ရန်လိုကြောင်း၊ လူသားအရင်းအမြစ်များ ပြည့်စုံစေရေးအတွက် အရင်းအမြစ်အသစ်များကို စဉ်ဆက်မပြတ်လေ့ကျင့်သင်ကြားပေးခြင်းနှင့် ရှိပြီးသား လူသားအရင်းအမြစ်များကို ပိုမို၍ ကျွမ်းကျင်သူများဖြစ်လာအောင် ဆောင်ရွက်ခြင်း ဟူ၍ နှစ်ပိုင်းရှိရာ နှစ်ပိုင်းလုံးကို ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ အလားတူ ရုပ်မြင် သံကြား ထုတ်လွှင့်ရေးအတွက် လိုအပ်သည့် စက်ပစ္စည်းများကိုလည်း ရှိပြီးဖြစ်သည့် စက်ပစ္စည်းများကို အကောင်းဆုံး အသုံးပြုရန်နှင့် ရေရှည်ကောင်းမွန်စေရေး ထိန်းသိမ်း ဆောင်ရွက်နေရန်လိုကြောင်း၊ ရှေးယခင်ကအသုံးပြုခဲ့သည့် စက်ပစ္စည်းများကိုလည်း ထိန်းသိမ်းဆောင်ရွက်နေရန်လိုကြောင်း၊ သမိုင်းသည် မိမိတို့အတွက် တန်ဖိုးဖြတ်၍ မရနိုင်သဖြင့် အသုံးအဆောင်ပစ္စည်းများ၊ မှတ်တမ်းမှတ်ရာထိန်းသိမ်းခြင်းများကို လည်း စနစ်တကျဖြင့်ဆောင်ရွက် နေရန်လိုကြောင်း၊ ယခုလက်ရှိတာဝန်ထမ်းဆောင် နေသူများသည် ပစ္စုပ္ပန်သမိုင်းကို ရေးထိုးနေကြသူများဖြစ်သဖြင့် လုပ်ငန်းများကို အောင်မြင်အောင်ဆောင်ရွက်နိုင်မည်ဆိုပါက မိမိတို့၏ ကောင်းမွန်သည့် သမိုင်းများ ကျန်ရှိမည် ဖြစ်ကြောင်းဖြင့် ပြောကြားသည်။

တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က တပ်မတော်ရုပ်မြင်သံကြား ထုတ်လွှင့်ရေးတပ် (မှော်ဘီ) တွင် တာဝန်ထမ်းဆောင်လျက်ရှိသည် အရာရှိ၊ စစ်သည်၊ ဝန်ထမ်းများအတွက် ချီးမြှင့် ငွေများကို ပေးအပ်ရာ တပ်မှူးက လက်ခံရယူသည်။

        ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်သည် တပ်မတော်ရုပ်မြင်သံကြားထုတ်လွှင့်ရေးတပ်(မှော်ဘီ) ဧည့်သည်တော် မှတ်တမ်းစာအုပ်တွင် လက်မှတ်ရေးထိုးသည်။ ထို့နောက် ရုပ်သံတိုက်ရိုက်ထုတ်လွှင့် ရေးတာဝန်များကို ထမ်းဆောင်ရာတွင် အသုံးပြုသည့် OB Van (Outdoor Broadcasting Van)နှင့် Uplink Vehicle ယာဉ်များအသုံးပြုလျက်ရှိမှုအခြေအနေများ ကို ကြည့်ရှုပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ မှာကြား သည်။

        ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် တပ်မတော်ရုပ်မြင်သံကြား ထုတ်လွှင့်ရေးတပ် (မှော်ဘီ)တွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် အရာရှိ၊ စစ်သည်များ၊ ဝန်ထမ်းများ နှင့် အတူ နေ့လယ်စာကို အတူတကွ သုံးဆောင်ကြသည်။ နေ့လယ်စာဖြင့် တည်ခင်း ဧည့်ခံစဉ် မြဝတီတေးဂီတအဖွဲ့၊ သံစုံတီးဝိုင်းငယ် (Mini-Orchestra)မှ အဖွဲ့သားများက တယော၊ စောင်း တို့ဖြင့် ဖျော်ဖြေတင်ဆက်ကြသည်။

        ဆက်လက်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်  ကာကွယ် ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် တပ်မတော်ရုပ်မြင်သံကြား ထုတ်လွှင့်ရေးတပ် (မှော်ဘီ) စက်ရုံအတွင်း လှည့်လည်၍ ပြင်ဆင်ခန်းများ၊ သတင်းထုတ်လွှင့်ခန်းများ၊ တည်းဖြတ်ခန်းများနှင့် ဂြိုလ်တုစက်ခန်းများအတွင်း  လုပ်ငန်းဆောင်ရွက်မှုအခြေ အနေများကို လိုက်လံကြည့်ရှုစစ်ဆေးပြီး ဌာနအလိုက် တာဝန်ရှိသူများ၏ တင်ပြချက် များအပေါ် ပြုပြင်ထိန်းသိမ်းမှုများ ဆောင်ရွက်ရန်လိုအပ်သည်များကို လုပ်ငန်းခွင် မပျက် အပိုင်းလိုက်ခွဲ၍ ပြုပြင်ဆောင်ရွက်သွားရန်နှင့် အခြားလိုအပ်သည်များကို လမ်းညွှန် မှာကြားသည်။

        နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် နှင့် အဖွဲ့ဝင်များသည် တပ်မတော်ရုပ်မြင်သံကြားထုတ်လွှင့်ရေးတပ်(မှော်ဘီ)အတွင်း မော်တော်ယာဉ်များဖြင့် လှည့်လည်ကြည့်ရှုသည်။

        တပ်မတော်ရုပ်မြင်သံကြား ထုတ်လွှင့်ရေးတပ် (မှော်ဘီ)ကို ၁၉၉၀ ပြည့်နှစ်၊ ဧပြီ လ ၁ ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး ၁၉၉၃ ခုနှစ်၊ ဇွန်လ ၁၁ ရက်တွင် စတင် Analog Playout စနစ်ဖြင့် စမ်းသပ်ထုတ်လွှင့်ခဲ့ကြောင်း၊ ၁၉၉၅ ခုနှစ်၊ မတ်လ ၂၇ ရက် ရွှေရတုတပ်မတော်နေ့တွင် မြဝတီရုပ်မြင်သံကြားကို တပ်မတော်ရုပ်မြင်သံကြား ထုတ် လွှင့်ရေးတပ်အဖြစ် စတင်ဖွင့်လှစ်နိုင်ခဲ့ကြောင်း၊ ၂၀၁၁ ခုနှစ်တွင် Digital Playout စနစ်ဖြင့် စမ်းသပ်ထုတ်လွှင့်နိုင်ခဲ့ပြီး ၂၀၁၂ ခုနှစ်တွင် Digital ရုပ်သံလိုင်း ၇ လိုင်းကို ထုတ်လွှင့်ပေးနိုင်ခဲ့ကြောင်း၊ ၂၀၁၅ ခုနှစ်တွင် အင်္ဂလိပ်ပိုင်း သတင်းနှင့် အစီအစဉ်များ ကို ထပ်မံတိုးချဲ့ ထုတ်လွှင့်နိုင်ခဲ့ကြောင်း၊ ၂၀၂၀ ခုနှစ် မတ် ၂၇ ရက်မှစ၍ ရုပ်သံလိုင်း များအား HD စနစ်ဖြင့် ထုတ်လွှင့်နိုင်ခဲ့ကြောင်း၊ တပ်မတော်ရုပ်မြင်သံကြား ထုတ်လွှင့် ရေးတပ်အနေဖြင့် ပြည်တွင်း၊ ပြည်ပသတင်းများ၊ ထိပ်တန်းရောက် ကမ္ဘာ့သတင်း သုံးသပ်ချက်များ၊ ဗဟုသုတဖြစ်ဖွယ်နှင့် သုတရသ ဖြစ်ဖွယ် အစီအစဉ်များကို နေ့စဉ် ထုတ်လွှင့်ပြသလျက်ရှိကြောင်း၊ တပ်မတော်ရုပ်မြင်သံကြား ထုတ်လွှင့်ရေးတပ် (မြဝတီရုပ်မြင်သံကြား)အနေဖြင့်   ကြည့်ရှုသူများကို မှန်ကန်သည့် အသိအမြင်၊ အတွေးအခေါ်များ ရရှိစေရေး ပြည်ထောင်စုစိတ်ဓာတ် ရှင်သန်ထက်မြက်စေရေး၊ အမျိုးသားရေးအမြင်ရှိစေရေး အစဉ်ကြိုးပမ်း ထုတ်လွှင့်လျက်ရှိပြီး နိုင်ငံတော်နှင့် တပ်မတော်၏ ပဓာနကျသည့် သွက်လက်ထက်မြက်သည့် မီဒီယာတစ်ခု အဖြစ် ရပ်တည်လျက်ရှိသည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။