နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ  နိုင်ငံတော်ဝန်ကြီးချုပ်  ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်  တောင်ငူမြို့၊ ကေတုမတီမြို့ဟောင်း ရှေးဟောင်းအမွေအနှစ်ဆိုင်ရာနေရာများ ပြုပြင်ထိန်းသိမ်းရန် ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေး         

နေပြည်တော်၊ ဩဂုတ် – ၂၃

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့နံနက်ပိုင်းတွင် ကောင်စီတွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကောင်စီဝင်များဖြစ်ကြသည့် ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ဗိုလ်ချုပ်ကြီး မောင်မောင်အေး နှင့် ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ ပြည်ထောင်စုဝန်ကြီးများဖြစ် ကြသည့် ဦးမင်းနောင်နှင့်ဦးမျိုးသန့်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော် အရာရှိကြီးများနှင့် တာဝန်ရှိသူများလိုက်ပါ၍ တောင်ငူမြို့၊ ကေတုမတီမြို့ဟောင်း ရှေးဟောင်းယဉ်ကျေးမှုဆိုင်ရာ အမွေအနှစ်နေရာများ ပြုပြင် ထိန်းသိမ်းရန် ဆောင်ရွက်နေမှုအခြေအနေများကို  သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် တောင်ငူမြို့ရှိ နယ်မြေခံလေတပ်စခန်းဌာနချုပ်သို့ရောက်ရှိကြရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ကြည်သိုက် နှင့်တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသည်။

ယင်းနောက် တောင်ငူမြို့၊ နယ်မြေခံလေတပ်စခန်းဌာနချုပ် အစည်းအဝေး ခန်းမ၌     သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်နုမြဇံက တောင်ငူ ကေတုမတီမြို့ဟောင်းဆိုင်ရာ အချက်အလက်များနှင့် သမိုင်းအထောက်အထားများ၊ မြို့ဟောင်းမြို့ရိုးနှင့်ကျုံးတို့၏ တည်ရှိမှုအခြေအနေများ၊ ကေတုမတီနန်းတော်နေရာ အား ကွင်းဆင်းလျာထား ဆောင်ရွက်ထားရှိမှုအခြေအနေများ၊ မြို့လေးခံတပ်ဆိုင်ရာ အချက်အလက်များ၊ မြို့ရိုးနှင့်ကျုံးကို တူးဖော်သုတေသနပြု‌ ဆောင်ရွက်နေမှု အခြေအ နေများကိုလည်းကောင်း၊ ကောင်စီဝင်၊ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်က တောင်ငူအကျဉ်းထောင်သစ်ဆောက်လုပ်ရန် လျာထား ဆောင်ရွက်လျက်ရှိမှု အခြေအနေများကို လည်းကောင်း၊ ကောင်စီဝင်၊ ဒုတိယဝန်ကြီး ချုပ်နှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦးက တောင်ငူမြို့ရှောင်ရထားလမ်း တည်ဆောက်ရန် လျာထားဆောင်ရွက် လျက်ရှိမှုအခြေအနေများနှင့်‌ ပဲခူး – တောင်ငူ မီးရထားလမ်းပိုင်းတွင် အကြမ်းဖက် သမားများမှ မိုင်းထောင်ဖောက်ခွဲဖျက်ဆီးမှုများနှင့် သွားလာဆက်သွယ်မှုများ ပြတ် တောက်မှုမရှိစေရေး ပြင်ဆင်ဆောင်ရွက်လျက်ရှိမှု အခြေအနေများကိုလည်းကောင်း၊ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်က တောင်ငူမြို့ ကွက် သစ် ဖော်ထုတ်ရေးလျာထား ဆောင်ရွက်လျက်ရှိမှု အခြေအနေများကိုလည်းကောင်း၊  ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက တောင်ငူခရိုင် ဒေသဆိုင်ရာ အချက် အလက်များနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ထားရှိမှု အခြေအနေများကို လည်းကောင်း အသီးသီးရှင်းလင်းတင်ပြကြသည်။

ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်က မြို့ရိုးနှင့်ပတ်သက်၍ တူးဖော်သုတေသနပြုလုပ်ငန်းများ ဆောင်ရွက် ရာတွင် ကျွမ်းကျင်သူများဖြင့် စနစ်တကျဆောင်ရွက်ရန်လိုကြောင်း၊ မြို့ရိုးများ၊ မြို့ရိုး ဝင်ပေါက်များနှင့်တံတားများကို ပြန်လည်ပြုပြင်ထိန်းသိမ်းတည်ဆောက်မှုများ ပြုလုပ် ရာတွင် ဖြစ်နိုင်ဖွယ်ရာအချက်အလက်များနှင့်အညီ ဆောင်ရွက်သွားရန်လိုကြောင်း၊ ကျုံးနှင့်တံတားများကို ဦးစားပေးအနေဖြင့် ဆောင်ရွက်ပြီး ထိုမှတစ်ဆင့် မြို့ရိုးများ၊ နန်းတော်ရာနေရာများကို တစ်ဆင့်ပြီးတစ်ဆင့်ထိန်းသိမ်း ဆောင်ရွက်သွားရန်လို ကြောင်း၊ ပြောင်းရွှေ့ရန်လိုအပ်သည့် ဝန်ကြီးဌာနအဆောက်အဦများကို ပြောင်းရွှေ့ သွားရန်လိုကြောင်း၊ သတ်မှတ်ထားသည့် ယဉ်ကျေးမှုအမွေအနှစ်နေရာများကို ဥပဒေ နှင့်အညီစနစ်တကျ ထိန်းသိမ်းဆောင်ရွက်သွားရန်လိုကြောင်း၊ အကျဉ်းထောင်အသစ် တည်ဆောက်မှုနှင့်ပတ်သက်၍ လုံခြုံရေးအရ စနစ်တကျတွက်ချက်၍ သတ်မှတ်စံချိန် စံညွှန်းများနှင့်အညီ တည်ဆောက်သွားရန်လိုကြောင်း၊ ရထားလမ်းနှင့် ဘူတာရုံအသစ် တည်ဆောက်ရာတွင်လည်း အစကောင်းမှ အနှောင်းသေချာဆိုသည့်အတိုင်း ရေရှည် တည်တံ့ကောင်းမွန်စေရေး သတ်မှတ်စံချိန်စံညွှန်းများအတိုင်း လုပ်ငန်းစဉ်အဆင့် အလိုက် အရည်အသွေးပြည့်မီအောင် တည်ဆောက်သွားရန်လိုကြောင်း၊ မြို့ကွက်သစ် များ ဖော်ထုတ်ဆောင်ရွက်ရာတွင်လည်း လမ်းဘေးဝဲယာ၌ သစ်ပင်များစိုက်ပျိုးနိုင် သည့် Green Area များကိုပါ ကြိုတင်လျာထားဆောင်ရွက်သွားရန်လိုကြောင်း၊ တောင်ငူဒေသအတွင်း၌ သီးနှံများစိုက်ပျိုးရာတွင် သီးထပ်များစိုက်ပျိုးနိုင်ပါက ဒေသ အတွက် ပိုမိုအကျိုးဖြစ်ထွန်းစေမည်ဖြစ်ကြောင်း၊ လယ်မြေများအား သီးထပ်စွမ်းအား ၂၀၀ ရာခိုင်နှုန်းရရှိအောင် ဆောင်ရွက်စေလိုကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်းများ ဆောင်ရွက် ရာတွင် မျိုး၊ မြေ၊ ရေ၊ နည်း  စသည့်နည်းလမ်း(၄)သွယ်နှင့်အညီ စိုက်ပျိုး ဆောင်ရွက်သွားမည်ဆိုပါက တစ်ဧကချင်းအထွက်နှုန်းများ ပိုမိုတိုးတက်လာမည်ဖြစ် ကြောင်း၊ ဒေသအတွက် စားရေးကိုအထောက်အကူပြုစေရေး ဥစားကြက်နှင့် အသား စားကြက် များကို မွေးမြူသကဲ့သို့ ဒေသကြက်များ၊ ဒေသနွား၊ ဒေသဝက်များကိုလည်း စနစ် တကျအစာကျွေးမွေး၍ ဆောင်ရွက်သွားနိုင်ကြောင်း၊ နို့စားနွားများကိုလည်း တိုးချဲ့ မွေးမြူသွားရန်လိုကြောင်းဖြင့် ဖြည့်စွက်မှာကြားသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အမှာစကားပြောကြားရာတွင် အဓိကအားဖြင့် တောင်ငူမြို့ရိုးနှင့် ကေတုမတီနန်းတော် ရာ ပြန်လည်တည်ဆောက်ရေးအတွက် လာရောက်ခဲ့ခြင်းဖြစ်ကြောင်း၊ ကေတုမတီ မြို့ရိုးသည် ပြန်လည်ဖော်ထုတ်သင့်သည့် ရှေးဟောင်းအမွေအနှစ်တစ်ခုဖြစ်ကြောင်း၊ သမိုင်းကြောင်းအရ အထောက်အထားသေချာသည့် နေရာများကို ပြန်လည်ဖော်ထုတ် သွားရန်လိုကြောင်း၊ အလားတူ မြို့ကွက်အသစ်များဖော်ထုတ်ခြင်းနှင့် ရွှေ့ပြောင်း၍ ရသည့် အစိုးရရုံးဌာနဆိုင်ရာ အဆောက်အဦများကို ဦးစွာပြောင်းရွှေ့သွားရန်လို ကြောင်း၊ ကေတုမတီနန်းတော်ရာနှင့်ပတ်သက်၍ အတည်ပြု၍ရသည့်နေရာများ၊ ဘုတ်တလုတ်ကန်နေရာများကို ပြန်လည်ဖော်ထုတ်ရာတွင် ရှေးဟောင်းဥပဒေနှင့်အညီ ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ရှေးဟောင်း အမွေအနှစ်နေရာများကို ဥပဒေနှင့် အညီ ကာကွယ်ထိန်းသိမ်း ဆောင်ရွက်သွားရန်လိုကြောင်း။

အဆောက်အဦများ ဆောက်လုပ်ရေးနှင့်ပတ်သက်၍ တောင်ငူမြို့ဖွံ့ဖြိုးတိုး တက်ရေးအတွက် ဆောင်ရွက်သွားရန်နှင့် စံချိန်စံညွှန်များ ပြည့်မီစေရေးဆောင်ရွက် သွားရန်လိုကြောင်း၊ မြို့ကွက်သစ်များဖော်ထုတ်ရာတွင်လည်း စနစ်တကျဖော်ထုတ် ရန်လိုကြောင်း၊ လူနေရပ်ကွက်များရှိ အိမ်ခြံမြေများအတွင်း သစ်ပင်များစိုက်ပျိုးရန်နှင့် လမ်းဘေးဝဲယာများတွင် သစ်ပင်များစိုက်ပျိုး၍ စိမ်းလမ်းစိုပြေရေးကိုဆောင်ရွက် ရန်လိုကြောင်း၊ လမ်းများဖောက်လုပ်ရာတွင်လည်း လူသွားပလပ်ဖောင်းများကို အမှန် တကယ် အသုံးပြုနိုင်သည့် လမ်းများဖြစ်အောင်ဆောက်လုပ်ရန်လိုကြောင်း၊ မြို့ကွက် အသစ်တည်ဆောက်ရာတွင် လူနေမှုအဆင့်နှင့်လျော်ညီသည့် ဆေးရုံ၊ ကျောင်း၊ မီးသတ်အဆောက်အဦများ၊ ဈေးများနှင့် ဌာနဆိုင်ရာ အဆောက်အဦများကို စနစ် တကျဖြင့် တွက်ချက်ထည့်သွင်း တည်ဆောက်သွားရန်လိုကြောင်း။

ခပေါင်းဆည်မှရရှိသည့် ရေများကိုလည်း စနစ်တကျဖြင့် သုံးစွဲရန်လိုကြောင်း၊ ရေကြီးရေလျှံမှုများမရှိစေရေးအတွက်လည်း ကြိုတင်ပြင်ဆင် ဆောင်ရွက်သွားရန် လိုကြောင်း၊ ပညာရေးနှင့်ပတ်သက်၍ မိမိတို့အနေဖြင့် တတ်နိုင်သမျှဖြည့်ဆည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ပဲခူး-တောင်ငူ မီးရထားလမ်းပိုင်းကိုလည်း အကြမ်း ဖက်သောင်းကျန်းသူများက မကြာခဏ မိုင်းထောင်ဖောက်ခွဲခြင်းများရှိသကဲ့သို့ ပညာ သင်ကြားရေးဖြစ်သည့် စာသင်ကျောင်းများကိုလည်း နှောင့်ယှက်မှုများပြုလုပ်လျက်ရှိ ကြောင်း၊ ပညာသင်ကြားရေးနှင့်ပတ်သက်၍ ကျောင်းနေအရွယ်ကလေးတိုင်း ပညာ သင်ကြားနိုင်ရေးနှင့် KG + 12 အောင်မြင်ပြီးသူများအနေဖြင့်လည်း တက္ကသိုလ် ကောလိပ်များသို့ ဆက်လက်တက်ရောက်နိုင်ရေး ဆောင်ရွက်ပေးကြရန်လိုကြောင်း၊ အကြောင်းအမျိုးမျိုးကြောင့် ယာယီပိတ်ထားခဲ့ရသည့် စာသင်ကျောင်းများပြန်လည် ဖွင့်လှစ်ချိန်တွင်လည်း ကျောင်းသား၊ ကျောင်းသူများ အတန်းပညာအမှန်တကယ် တတ်မြောက်စေရေး အချိန်ပိုသင်ကြားဆောင်ရွက်ပေးရန်လိုကြောင်း၊ အမှန် တကယ် စာတတ်အောင် သင်ကြားပေးမည်ဆိုပါက အနာဂတ်နိုင်ငံ၏ ပညာရေးမှာ များစွာ တိုးတက်လာမည်ဖြစ်ကြောင်း၊ ပဲခူးတိုင်းဒေသကြီးအတွင်း ပညာရည်မြင့်မားလာစေ ရေး တိုင်းဒေသကြီးအစိုးရအဖွဲ့မှ တာဝန်ရှိသူများအနေဖြင့် ဆောင်ရွက်နေရန် လို ကြောင်း၊ ပညာရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်အနေဖြင့် တတ်နိုင် သမျှ ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိကြောင်း။

စိုက်ပျိုးရေးနှင့်ပတ်သက်၍ တောင်ငူခရိုင်အတွင်းရှိ စိုက်ပျိုးမြေများကို အကျိုး ရှိစွာဖြင့် အသုံးချနိုင်ရန်လိုကြောင်း၊ သီးထပ်စိုက်ပျိုးမှုများ တိုးတက်အောင်ဆောင်ရွက် ရန်လိုကြောင်း၊ အနည်းဆုံး ၂ သီးမှ ၃ သီးအထိ သီးထပ်စိုက်ပျိုးသွားမည်ဆိုပါက များစွာ အကျိုးဖြစ်ထွန်းစေမည်ဖြစ်ကြောင်း၊ စီးပွားရေးတိုးတက်လာပါက နိုင်ငံရေး ကောင်းလာမည်ဖြစ်ပြီး ထိုမှတစ်ဆင့် နိုင်ငံ့အရေးများကောင်းမွန်လာမည်ဖြစ်ကြောင်း၊ အသားငါးနှင့်ပတ်သက်၍လည်း မိမိတို့နိုင်ငံတွင် ကြက်၊ ဝက်၊ ဆိတ်၊ နွား၊ ငါးများကို အဓိက စားသုံးကြသည်ကိုတွေ့ရကြောင်း၊ မွေးမြူရေးလုပ်ငန်းများကို စနစ်တကျဖြင့် မွေးမြူ ဆောင်ရွက်သွားမည်ဆိုပါက အသား၊ ငါးများ ပေါများလာမည်ဖြစ်ကြောင်း၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများတိုးတက်ပြီး ပညာရေးများကောင်းမွန်လာမည် ဆိုပါက ဒေသဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း၊ တောင်ငူဒေသနှင့် မိတ္ထီလာ ဒေသသည် နေပြည်တော်နှင့်လက်လှမ်းမီသည့် နေရာများဖြစ်ပြီး မြန်မာနိုင်ငံ၏ အချက်အခြာနေရာများဖြစ်သည့်အတွက် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် တာဝန်ရှိ သူများအနေဖြင့် ကြိုးပမ်းဆောင်ရွက်သွားကြရန်လိုကြောင်းဖြင့်မှာကြားသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် တောင်ငူမြို့၊ ကေတုမတီမြို့ဟောင်း၊ အရှေ့ဘက်ကျုံးနေရာရှိ ယိုးဒယားပေါက်နေရာ၊ အနောက်ဘက်မြို့ရိုးနေရာရှိ မြို့ရိုးတူးဖော်ထိန်းသိမ်းထားရှိမှု နှင့် ရေကျုံးနေရာ၊ မြို့ရိုးအရှေ့တောင်ထောင့်ရှိ မြို့လေးခံတပ်နေရာ နှင့် မြို့ရိုးအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် ရှေးဟောင်း မြို့ရိုးနှင့် ကျုံး တူးဖော်သုတေသနပြုလုပ်ငန်းများကို အောင်မြင်အောင် အကောင် အထည်ဖော်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် မြို့ရိုးအောက်ခြေ ဖောင်ဒေးရှင်းအုတ်ရိုးများကို ဖော်ထုတ်၍ အုတ်ရိုးအတိုင်းလိုက်ကာ မြို့ရိုးကို ဖော် ထုတ်ရမည်ဖြစ်ကြောင်း၊ မြို့ဟောင်းအဝင် တံတားပုံစံများကိုလည်း ပြန်လည်ဆန်းစစ် ဖော်ထုတ်လေ့လာသွားရန်လိုပြီး တည်ဆောက်၍ရနိုင်သည့်နေရာများတွင် ဦးစွာ တည် ဆောက်သွားရန်လိုကြောင်း၊ ဘုတ်တလုတ်ကန်ကိုလည်း ပြန်လည်ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ မြို့ရိုးဖော်ထုတ်ရေးလုပ်ငန်းကို အဓိကဦးစားပေးဆောင်ရွက်သွားရန်လို ကြောင်းနှင့် အခြားလိုအပ်သည်များကို မှာကြားသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် နှင့် အဖွဲ့ဝင်များသည် တောင်ငူဘူတာမှ သောင်းတိုင်ကုန်းဘူတာအကြားအထိ RBE အထူးရထားတွဲဖြင့် လိုက်ပါစီးနင်း၍ တောင်ငူဘူတာရုံ(အသစ်)တည်ဆောက်မည့် နေရာအားကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ်လိုအပ်သည် များ မှာကြားသည်။

ဆက်လက်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် နှင့် အဖွဲ့ဝင်များသည် တောင်ငူ – ရေတာရှည် ရထားလမ်းပိုင်းတစ်လျှောက် လိုက်ပါ စီးနင်း၍ ရထားလမ်းပိုင်းကြံ့ခိုင်ရေးဆောင်ရွက်ထားရှိမှု အခြေအနေများ၊ တောင်ငူ ဒေသ၏ စိုက်ပျိုးရေးလုပ်ငန်းများဆောင်ရွက်ထားရှိမှုအခြေအနေများနှင့် မြို့ပြဖွံ့ဖြိုး တိုးတက်ရေး ဆောင်ရွက်ထားရှိမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့သည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။