(၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲနှင့် (၁၂)ကြိမ်မြောက် အာဆီယံ မသန်စွမ်းသူများ အားကစားပြိုင်ပွဲတို့တွင် နိုင်ငံ့ဂုဏ်ဆောင် တပ်မတော်သားအားကစားသမားများနှင့် အုပ်ချုပ်သူနည်းပြများအား ဂုဏ်ပြုဆုချီးမြှင့်ခြင်းအခမ်းအနား ကျင်းပပြုလုပ်

နေပြည်တော်၊ ဇွန် – ၂၄

        (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲနှင့် (၁၂)ကြိမ်မြောက် အာဆီယံ မသန်စွမ်းသူများ အားကစားပြိုင်ပွဲတို့တွင် နိုင်ငံ့ဂုဏ်ဆောင် တပ်မတော်သား အားကစား သမားများနှင့် အုပ်ချုပ်သူနည်းပြများအား ဂုဏ်ပြုဆုချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင်၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက် အမှာစကားပြောကြားပြီး ဂုဏ်ပြုဆုတံဆိပ်များ ချီးမြှင့် ပေးအပ်သည်။

        အဆိုပါ ဂုဏ်ပြုဆုချီးမြှင့်ခြင်းအခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ဇနီး ဒေါ်ကြူကြူလှ၊ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ် ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် ဇနီး ဒေါ်သန်းသန်းနွယ်၊ ညှိနှိုင်း ကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေးနှင့်ဇနီး၊ ကာကွယ်ရေး ဦးစီးချုပ်(ရေ)နှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်(လေ) နှင့်ဇနီး၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ် များနှင့် ဇနီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊ ဒုတိယဝန်ကြီးများနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ၊ (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲနှင့် (၁၂)ကြိမ်မြောက် အာဆီယံ မသန်စွမ်းသူများ အားကစားပြိုင်ပွဲတို့တွင် နိုင်ငံ့ဂုဏ်ဆောင် တပ်မတော်သား အားကစားသမားများနှင့် အုပ်ချုပ်သူနည်းပြများ တက်ရောက်ကြသည်။

ဂုဏ်ပြုအမှာစကားပြောကြား

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် က ဂုဏ်ပြုအမှာစကားပြောကြားရာတွင် မိမိတို့တတ်ကျွမ်းထားသည့် အားကစားပညာ ရပ်များကို အသုံးချပြီး တပ်မတော်နှင့် နိုင်ငံ့ဂုဏ်ဆောင်နိုင်အောင် “လှေခွက်ချည်းကျန် အလံမလှဲတဲ့စိတ်ဓာတ်”၊ “တုံးတိုက်တိုက်ကျားကိုက်ကိုက်စိတ်ဓာတ်” များဖြင့် အောင်မြင် မှုများရရှိအောင် စွမ်းဆောင်ခဲ့ကြသည့် အားကစားသမားများကို ယခုကဲ့သို့ဂုဏ်ပြုပေး ခြင်းသည် ချီးမြှင့်ထိုက်သူကို ချီးမြှင့်ပေးခြင်းနှင့် မျိုးဆက်သစ်အားကစားသမား မောင် မယ်များအနေဖြင့်လည်း တိုင်းချစ်ပြည်ချစ်စိတ်များ ပိုမိုတိုးပွားပြီး အားကျအတုယူစေ နိုင်ရေးအတွက်ပင်ဖြစ်ကြောင်း။

           “(၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ကြ မည့် မြန်မာအားကစားအဖွဲ့အား အပ်နှင်းလိုက်သည့် ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံ တော်၏ အလံတော်သည် နိုင်ငံတော်၏ဂုဏ်ဒြပ်သာမက အမျိုးသားရေးတာဝန်ကိုပါ ကိုယ်စားပြုနေသည့်ခံယူချက်ဖြင့် ပြိုင်ပွဲတိုင်းတွင် နိုင်ငံတော်၏ အောင်လံတလူလူ လွင့်ပျံနေစေရေး ရေကုန်ရေခန်း အစွမ်းကုန် ကြိုးပမ်းယှဉ်ပြိုင်သွားရန် ” ဟူ၍ မိမိကိုယ် တိုင် အားကစားသမားများကို ပြိုင်ပွဲ မသွားရောက်မီ အောင်နိုင်ရေးအလံ အပ်နှင်းစဉ် မှာ ကြားခဲ့ကြောင်း၊ မှာကြားချက်နှင့်အညီ မိမိတို့ထံရောက်ရှိလာသည့် ရည်မှန်းချက်တာဝန် များအပေါ် နိုင်ငံ့သားကောင်း၊ တပ်မတော်သားကောင်းဟူသည့် စိတ်ဓာတ်ခံယူချက် များဖြင့် အမိနိုင်ငံတော်၏အလံကို တင့်တယ်ဝင့်ထည်စွာ လွှင့်ထူနိုင်အောင် ကြိုးပမ်းခဲ့ကြ ခြင်းအားဖြင့် မြန်မာပီသသည့်စိတ်ကို ပြသခဲ့ကြသည့် တပ်မတော်သားအားကစားသမား များနှင့်တကွ အားကစားသမား တစ်ဦးတစ်ယောက်ချင်းစီကို ဂုဏ်ယူအသိအမှတ်ပြုပါ ကြောင်းကို ပြောကြားလိုကြောင်း။

အားကစားသမားများအနက် မသန်စွမ်းအားကစားသမားများသည် သာမန် အားကစားသမားများထက် ပိုမိုထက်သန်ပြင်းပြသည့် ပြိုင်ပွဲဝင်စိတ်ဓာတ်မျိုးနှင့် ကြိုးစားအားထုတ်မှုမျိုးရှိမှ အောင်မြင်မှုရရှိနိုင်သည်မှာ အထင်အရှားပင်ဖြစ်ကြောင်း၊ ယခုကဲ့သို့ အဆင့်အတန်းဂုဏ်သိက္ခာရှိသည့် နိုင်ငံတကာအားကစားပြိုင်ပွဲတစ်ရပ်တွင် နိုင်ငံတော်ကိုယ်စား ဆုတံဆိပ်ရရှိအောင် စွမ်းဆောင်နိုင်ခဲ့ကြသည့် အောင်ပွဲရ မသန်စွမ်း အားကစားသမားများသည် မသန်စွမ်းဖြစ်သော်လည်း သာမန်လူများနည်းတူ မိမိတို့ဘဝ ရပ်တည်မှုနှင့် ထူးချွန်အောင်မြင်မှုများကို ရယူဖန်တီးနိုင်စွမ်းရှိသည်ကို လက်တွေ့ သက်သေပြလိုက်ကြခြင်းပင်ဖြစ်ကြောင်း၊ အထူးသဖြင့် တိုင်းပြည်အတွက် ခန္ဓာအစိတ် အပိုင်း ပေးလှူခဲ့ရသူများက စိတ်ဓာတ်ခိုင်မာပြင်းပြစွာဖြင့် အောင်မြင်မှုရရှိအောင် စွမ်းဆောင်မှုများအတွက် ချီးကျူးဂုဏ်ပြုလိုကြောင်း၊ ထို့အပြင် တိုင်းပြည်အတွက် ကိုယ်လက်အင်္ဂါ စွန့်လွှတ်ခဲ့ရသည့် အခြားတပ်မတော်သားများကိုလည်း မိမိတို့၏ ကျန်းမာရေးအတွက်ပင်ဖြစ်စေ အားကစားကို လေ့လာလိုက်စားကြစေရေး လှုံ့ဆော်ပေး သွားကြရန် တိုက်တွန်းမှာကြားလိုကြောင်း။

        အားကစားနည်းအများစုသည် ကာယအား၊ ဉာဏအားများနှင့် ယှဉ်ပြိုင်ကြရသည့် သဘောရှိသည်ကို တွေ့ရှိရကြောင်း၊ အများစုသည် ခန္ဓာကိုယ်ကြံ့ခိုင်မှုကို အခြေ တည်ပြီး ယှဉ်ပြိုင်ကြရလျက်ရှိကြောင်း၊ စိတ်ရှည်သည်းခံမှုအပြည့်နှင့် လေ့ကျင့်နည်း စနစ် မှန်ကန်ပြီး သက်လုံ ကောင်းမွန်ရန်လည်းလိုအပ်ကြောင်း၊ လက်ဝှေ့၊ ဂျူဒို၊ အလေးမ၊ တိုက်ကွမ်ဒို၊ မြန်မာ့သိုင်း စသည့် အားကစားနည်းများမှ ကိုယ်ကာယကြံ့ခိုင် မှု အပြင် နိုင်ငံတော်ကာကွယ်ရေးတာဝန်ကို ထမ်းဆောင်နေကြရသည့် တပ်မတော်သားများ အတွက် တိုက်ပွဲဝင်အသင့်ဖြစ်စေသည့် ကာကွယ်ရေးစွမ်းအားများကိုပါ ရရှိစေမည် ဖြစ်ကြောင်း၊ ယခုနှစ်ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် တပ်မတော်သား အားကစား သမားများအနေဖြင့် ကာကွယ်ရေးနှင့်ဆိုင်သည့် ကိုယ်ခံပညာရပ်များတွင် ဆုအသီးသီး ရရှိခဲ့ကြသကဲ့သို့ နည်းပြများအနေဖြင့်လည်း ထိုနည်းအတိုင်းစွမ်းဆောင် ပေးနိုင်ခဲ့ကြပြီး နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားများ မွေးထုတ်ပေးနိုင်ခဲ့သည်ကို တွေ့ရှိရကြောင်း၊ ထို့အပြင် ရိုးရာအားကစားနည်း ပြိုင်ပွဲများတွင်လည်း ယဉ်ကျေးမှုအမွေကို လက်ဆင့် ကမ်း ထိန်းသိမ်းနိုင်အောင် ယှဉ်ပြိုင်ခဲ့ကြပြီး ရွှေတံဆိပ် ဆွတ်ခူးနိုင်သည်အထိ စွမ်းဆောင် ရည်များကို ပြသနိုင်ခဲ့ကြကြောင်း၊  အနိုင်မခံအရှုံးမပေး စိတ်ဓာတ်အပြည့်ဖြင့် နောက်ဆုံး မိနစ်၊ နောက်ဆုံးစက္ကန့်အထိ ခက်ခဲသည့် အင်အား ကြီး ပြိုင်ဘက်များကို မလျှော့သော ဇွဲ၊ လုံ့လ များဖြင့် တုံ့ပြန်ယှဉ်ပြိုင်ခဲ့ကြသည့် တပ်မတော်သားအားကစားသမားများ အပါအဝင် အမျိုးသမီးအားကစားသမားများ၏ ပုံရိပ်များသည် ပြည်သူများ၏ နှလုံးသား ကို ဖမ်းစားနိုင်ခဲ့သည်အထိ အောင်မြင်မှုများ ရရှိခဲ့သည်ကို တွေ့ရှိရကြောင်း။

        မိမိတို့တပ်မတော်၌ တပ်ခွဲအလိုက် အားကစားပြိုင်ပွဲများမှ တစ်ဆင့် တပ်ရင်း အလိုက်ပြိုင်ပွဲများ၊ ထိုမှတဆင့် တိုင်းအလိုက်ပြိုင်ပွဲများမှ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ဖလား အားကစားပြိုင်ပွဲများကိုလည်း နှစ်စဉ်ကျင်းပပေးလျက်ရှိနေသည်ကို အားလုံးအသိပင်ဖြစ်ကြောင်း၊  အားကစားသည် ကျန်းမာရေးအတွက် ကောင်းကျိုး အဖြာဖြာကိုရရှိစေသကဲ့သို့ စည်းလုံးညီညွတ်ရေးနှင့် လူမှုဘဝဖွံ့ဖြိုး တိုးတက်ရေး အတွက်လည်း ကောင်းစွာအထောက်အကူ ပြုလျက်ရှိသည်ကို တွေ့ရှိကြရမည်ဖြစ် ကြောင်းပြောကြားသည်။

ဂုဏ်ထူးဆောင်လက်မှတ်၊ ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က နိုင်ငံ့ဂုဏ်ဆောင် တပ်မတော်သား အားကစားသမားများနှင့် အုပ်ချုပ်သူ နည်းပြများအား ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ရာတွင် (၃၂)ကြိမ်မြောက် အရှေ့တောင် အာရှအားကစားပြိုင်ပွဲတွင် ခြင်းလုံး(ကွင်းသွင်း)(အသင်းလိုက်)ပြိုင်ပွဲ၌ ရွှေတံဆိပ်ဆုနှင့် ပိုက်ကျော်ခြင်း(အသင်းလိုက်)ပြိုင်ပွဲ၌ ငွေတံဆိပ်ဆု ရရှိခဲ့သည့် ဒုတိယအရာခံဗိုလ် အောင်ဇော် ၊ ခြင်းလုံး(ကွင်းသွင်း)(အသင်းလိုက်) ပြိုင်ပွဲ၌ ရွှေတံဆိပ်ဆုရရှိခဲ့သည့် ဒုတိယ အရာခံဗိုလ် အောင်ကျော်မိုးနှင့် တပ်ကြပ် ကျော်ဇေယျာဝင်းနှင့် (၁၂)ကြိမ်မြောက် အာဆီယံ မသန်စွမ်းသူများအားကစားပြိုင်ပွဲတွင် ပြေးခုန်ပစ် (မီတာ ၈၀၀)(တစ်ဦးချင်း)ပြိုင်ပွဲနှင့် ပြေးခုန်ပစ်(မီတာ ၁၅၀၀)(တစ်ဦးချင်း) ပြိုင်ပွဲတို့၌ ရွှေတံဆိပ်ဆု၊ ပြေးခုန်ပစ်(မီတာ ၄၀၀) (တစ်ဦးချင်း) ပြိုင်ပွဲ၌ ငွေတံဆိပ်ဆုနှင့် ပြေးခုန်ပစ် (မီတာ ၄၀၀ လက်ဆင့်ကမ်း) (အသင်း လိုက်) ပြိုင်ပွဲ၌ ကြေးတံဆိပ်ဆု တို့ကို ရရှိခဲ့သည့် တပ်ကြပ် မောင်လင်း အား တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၏ ဂုဏ်ထူးဆောင် လက်မှတ်နှင့် ဂုဏ်ပြုဆုငွေများကို ပေးအပ် ချီးမြှင့်သည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၏ ဇနီး က (၃၂)ကြိမ်မြောက် အရှေ့တောင် အာရှအားကစား ပြိုင်ပွဲတွင် ဘောလုံး(အမျိုးသမီး) ပြိုင်ပွဲ၌ ငွေတံဆိပ်ဆုရရှိခဲ့သည့် အရပ်သားအစားခန့် ဝန်ထမ်း မမေဇင်နွယ်နှင့် မအေးအေးမိုး တို့အား တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ဂုဏ်ပြု မှတ်တမ်းလွှာနှင့် ဂုဏ်ပြုဆုငွေများကို ပေးအပ်ချီးမြှင့်သည်။

        ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)က (၁၂)ကြိမ်မြောက် အာဆီယံ မသန်စွမ်းသူများအားကစားပြိုင်ပွဲတွင် ပြေးခုန်ပစ် (လှံတံပစ်)(တစ်ဦးချင်း) ပြိုင်ပွဲနှင့် ပြေးခုန်ပစ်(သံလုံးပစ်)(တစ်ဦးချင်း) ပြိုင်ပွဲ၌ ရွှေတံဆိပ်ဆုနှင့် ပြေးခုန်ပစ် (သံပြားပစ်) (တစ်ဦးချင်း) ပြိုင်ပွဲ၌ ငွေတံဆိပ်ဆု တို့ကို ရရှိခဲ့သည့် ဒုတိယအရာခံဗိုလ် တင်ညို၊ ပြေးခုန် ပစ်(မီတာ ၁၀၀)(တစ်ဦးချင်း)ပြိုင်ပွဲ၌ ရွှေတံဆိပ်ဆု၊ ပြေးခုန်ပစ်(မီတာ ၂၀၀)(တစ်ဦးချင်း) ပြိုင်ပွဲ၌ ငွေတံဆိပ်ဆု၊ ပြေးခုန်ပစ်(မီတာ ၁၀၀)(အသင်းလိုက်) ပြိုင်ပွဲ၌ ကြေးတံဆိပ်ဆု နှင့် ပြေးခုန်ပစ်(မီတာ ၄၀၀)(တစ်ဦးချင်း) ပြိုင်ပွဲ၌ ကြေးတံဆိပ်ဆု တို့ကို ရရှိခဲ့သည့် တပ်ကြပ်ကြီး စိုးပေ၊ ပြေးခုန်ပစ်(သံပြားပစ်)(တစ်ဦးချင်း)ပြိုင်ပွဲ၌ ရွှေတံဆိပ်ဆုနှင့် ပြေးခုန်ပစ်(သံလုံးပစ်)(တစ်ဦးချင်း)ပြိုင်ပွဲ၌ ငွေတံဆိပ်ဆု တို့ကို ရရှိခဲ့သည့် တပ်ကြပ် အောင်ထွန်းလင်းနှင့် ပြေးခုန်ပစ်(သံပြားပစ်)(တစ်ဦးချင်း)ပြိုင်ပွဲ၌ ရွှေတံဆိပ်ဆုရရှိခဲ့သည့် တပ်ကြပ် ရဲမင်းစိုး တို့အား တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ဂုဏ်ထူးဆောင် လက်မှတ်နှင့် ဂုဏ်ပြုဆုငွေများကို ပေးအပ်ချီးမြှင့်သည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)၏ ဇနီးက  (၃၂)ကြိမ်မြောက် အရှေ့တောင် အာရှအားကစားပြိုင်ပွဲတွင် ဘောလုံး(အမျိုးသမီး) ပြိုင်ပွဲ၌ ငွေတံဆိပ်ဆု ရရှိခဲ့သည့် အရပ်သားအစားခန့် ဝန်ထမ်း မရူပါခိုင်နှင့် မခင်သန်းဝေ တို့အား တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုဆုငွေများကို ပေးအပ်ချီးမြှင့်သည်။

ထို့နောက် ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ)က (၃၂)ကြိမ်မြောက် အရှေ့ တောင် အာရှအားကစားပြိုင်ပွဲတွင် ပိုက်ကျော်ခြင်း(အသင်းလိုက်)ပြိုင်ပွဲများ၌ ငွေတံဆိပ် ဆုနှင့် ကြေးတံဆိပ်ဆုရရှိခဲ့သည့် ဒုတိယအရာခံဗိုလ် သန့်ဇင်ဦး၊ (၁၂)ကြိမ်မြောက် အာဆီယံမသန်စွမ်းသူများ အားကစားပြိုင်ပွဲတွင် ပြေးခုန်ပစ်(သံလုံးပစ်)(တစ်ဦးချင်း) ပြိုင်ပွဲ၌ ငွေတံဆိပ်ဆုရရှိခဲ့သည့် တပ်ကြပ်ဇော်မင်းလွင်၊ (၁၇)ကြိမ်မြောက် အရှေ့တောင် အာရှကာယဗလနှင့် ကာယကြံ့ခိုင်မှု ပြိုင်ပွဲတွင် ကာယဗလ(၅၅ ကီလိုတန်း)(တစ်ဦးချင်း) ပြိုင်ပွဲ၌ ငွေတံဆိပ်ဆုရရှိခဲ့သည့် တပ်ကြပ် ပြည့်ဖြိုး၊ (၁၂)ကြိမ်မြောက် အာဆီယံ မသန်စွမ်းသူများ အားကစားပြိုင်ပွဲတွင် ရေကူး (မီတာ ၁၀၀ အလွတ်ကူး)(တစ်ဦးချင်း) ပြိုင်ပွဲနှင့် (မီတာ ၄၀၀ အလွတ်ကူး)(တစ်ဦးချင်း)ပြိုင်ပွဲ၌ ကြေးတံဆိပ်ဆု(၂) ဆု ရရှိခဲ့ သည့် ဒုတိယတပ်ကြပ် စိုးဝင်း တို့အား တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ဂုဏ်ပြု မှတ်တမ်းလွှာ နှင့် ဂုဏ်ပြုဆုငွေများကို ပေးအပ်ချီးမြှင့်သည်။

ဆက်လက်ပြီး ကာကွယ်ရေးဦးစီးချုပ် (ရေ)၊ ကာကွယ်ရေးဦးစီးချုပ်(လေ)၊ စစ်ရေး ချုပ်နှင့် စစ်ထောက်ချုပ် တို့က (၃၂)ကြိမ် မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲနှင့် (၁၂)ကြိမ်မြောက် အာဆီယံ မသန်စွမ်းသူများ အားကစားပြိုင်ပွဲတို့တွင် နိုင်ငံ့ဂုဏ်ဆောင် တပ်မတော်သားအားကစားသမားများနှင့် အုပ်ချုပ်သူနည်းပြများအား တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၏ ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုဆုငွေများကို အသီးသီး ပေးအပ်ချီးမြှင့်ကြသည်။

ကျေးဇူးတင်စကားပြန်လည်ပြောကြား

ထို့နောက် (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲနှင့် (၁၂)ကြိမ်မြောက် အာဆီယံ မသန်စွမ်းသူများ အားကစားပြိုင်ပွဲတို့တွင် နိုင်ငံ့ဂုဏ်ဆောင် တပ်မတော်သား အားကစားသမားများနှင့် အုပ်ချုပ်သူနည်းပြများကိုယ်စား တပ်ကြပ်ကြီး စိုးပေ က ကျေးဇူးတင်စကားပြောကြားရာတွင် (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစား ပြိုင်ပွဲ နှင့် (၁၂)ကြိမ်မြောက် အာဆီယံ မသန်စွမ်းသူများ အားကစားပြိုင်ပွဲတို့တွင် နိုင်ငံ့ကိုယ်စား ပြု ယှဉ်ပြိုင်ခဲ့သည့် အတွေ့အကြုံများနှင့် ဆုတံဆိပ်များ ဆွတ်ခူးရရှိခဲ့သည့် အခြေအနေ များကို ဦးစွာ ရှင်းလင်းတင်ပြပြီး နိုင်ငံတကာပြိုင်ပွဲများတွင် တပ်မတော်သားအားကစား သမားများအနေဖြင့် နိုင်ငံ့ဂုဏ်ဆောင်ပြီး အောင်ပွဲများ ဆွတ်ခူးနိုင်ခဲ့သည့်အတွက် များစွာ ဂုဏ်ယူဝမ်းမြောက်မိပါကြောင်း၊ ထိုကဲ့သို့ အောင်ပွဲများ ဆွတ်ခူးရရှိခဲ့ခြင်းမှာလည်း နိုင်ငံ တော်အစိုးရနှင့် တပ်မတော်မှ အားပေးမှု၊ ပံ့ပိုးကူညီမှုများကြောင့်ပင်ဖြစ်ပါကြောင်း၊ ပြိုင်ပွဲယှဉ်ပြိုင်နေစဉ်ကာလအတွင်း ဆုတံဆိပ်ရရှိခဲ့သည့် အားကစားသမားများကို ထိုက် ထိုက်တန်တန် ချီးမြှင့်ပေးခဲ့သည့်အပြင် ဆုတံဆိပ်အမျိုးအစားအလိုက် ယခင်နှင့်မတူ ထပ်မံချီးမြှင့်ပေးမှုများကို ပြုလုပ်ပေးခဲ့သည့်အတွက် ယခုကဲ့သို့ အောင်မြင်မှုများ ရရှိခဲ့ ခြင်း ပင်ဖြစ်ပါကြောင်း၊ ယခုကဲ့သို့ မိမိတို့ တပ်မတော်သားအားကစားသမားများနှင့် ဆုတံ ဆိပ်ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့သည့် နည်းပြများအား တစ်ဆင့်မြှင့်ရာထူးတိုးပေး ခြင်း၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ဂုဏ်ထူးဆောင်လက်မှတ်၊ ဂုဏ်ပြုမှတ်တမ်း လွှာနှင့် ဂုဏ်ပြုဆုငွေများကို ချီးမြှင့်ပေးသည့်အတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် တာဝန်ရှိသူများအားလုံးကို အထူး ပင်ကျေးဇူးတင်ရှိပါကြောင်း၊ နောင်တွင်ကျင်းပပြုလုပ်မည့် အပြည်ပြည်ဆိုင်ရာ အားကစား ပြိုင်ပွဲများတွင်လည်း နိုင်ငံတော်နှင့် တပ်မတော်ကို ကိုယ်စားပြု၍ ယခုထက် အောင်မြင် မှုများ ပိုမိုရရှိအောင် ကြိုးစားယှဉ်ပြိုင်သွားမည်ဖြစ်ပြီး နိုင်ငံတော်နှင့် တပ်မတော်၏ ဂုဏ်ကို အစွမ်းကုန်မြှင့်တင်သွားမည်ဖြစ်ကြောင်းကို ကတိပြုပြောကြားလိုပါကြောင်းဖြင့် ပြောကြားသည်။

ဂုဏ်ပြုဖျော်ဖြေ

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့်ဇနီး၊ အဖွဲ့ဝင်များသည် (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစား ပြိုင်ပွဲ နှင့် (၁၂)ကြိမ်မြောက် အာဆီယံ မသန်စွမ်းသူများ အားကစားပြိုင်ပွဲတို့တွင် နိုင်ငံ့ ဂုဏ်ဆောင် တပ်မတော်သားအားကစားသမားများနှင့် အုပ်ချုပ်သူနည်းပြများအား လက်ဖက်ရည်ဝိုင်းဖြင့် တည်ခင်းဧည့်ခံခဲ့ပြီး မြဝတီတေးဂီတအဖွဲ့က တေးသီချင်းများဖြင့် ဂုဏ်ပြုဖျော်ဖြေကြသည်။

အခမ်းအနားအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် ဇနီး၊ အဖွဲ့ဝင်များသည် (၃၂)ကြိမ်မြောက် အရှေ့တောင် အာရှအားကစား ပြိုင်ပွဲနှင့် (၁၂)ကြိမ်မြောက် အာဆီယံမသန်စွမ်းသူများ အားကစားပြိုင်ပွဲ တို့တွင် နိုင်ငံ့ဂုဏ်ဆောင် တပ်မတော်သားအားကစားသမားများနှင့် အုပ်ချုပ်သူနည်းပြ များအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ခဲ့ကြကြောင်း သတင်းရရှိသည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။