နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်    ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်   မန္တလေးပညာရေးဒီဂရီကောလိပ်ရှိ နည်းပြ ဆရာ၊ ဆရာမ များ၊ ကျောင်းသား၊ ကျောင်းသူများအား တွေ့ဆုံအမှာစကားပြောကြား

ပြန်လည်သင်ကြားခြင်းများကို ဆောင်ရွက်ရမည့်သူများဖြစ်သဖြင့် စာပေ အသိပညာဗဟုသုတများ ဖတ်ရှုလေ့လာခြင်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်သွားရ မည်ဖြစ်ပြီး မိမိတို့တာဝန်ကျရာပတ်ဝန်းကျင်ကို ပညာအလင်းရောင်နှင့် လမ်းကြောင်းမှန် ဖော်ဆောင်ပေးနိုင်ရမည်

နေပြည်တော်၊ ဩဂုတ် – ၂၆

          နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ခရီးစဉ်တွင်လိုက်ပါလာသည့် အဖွဲ့ဝင်များ၊ မန္တလေးတိုင်းဒေသ ကြီး ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများလိုက်ပါ၍ ယနေ့နံနက်ပိုင်းတွင် ပညာရေးဝန်ကြီး ဌာန၊ ဆရာအတတ်ပညာဦးစီးဌာန၊ မန္တလေးပညာရေး ဒီဂရီကောလိပ်သို့  သွားရောက် ၍  နည်းပြဆရာ၊ ဆရာမများ၊ သင်တန်းသား၊ သင်တန်းသူများအား တွေ့ဆုံ အမှာ စကားပြောကြားသည်။

          ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင် များအား ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ မိုးဇော်ထွန်း၊ မန္တလေးပညာရေး ဒီဂရီကောလိပ်မှ ကျောင်းအုပ်ဆရာမကြီး ဒေါ်မိုးမိုးကြည်နှင့် ဆရာ၊ ဆရာမများက ရင်းနှီးနွေးထွေးစွာ ကြိုဆိုနှုတ်ဆက်ကြသည်။

ထို့နောက် ကောလိပ်ရှိ ပညာတန်ဆောင် စုပေါင်းခန်းမ၌ နည်းပြ ဆရာ၊ ဆရာမ များ၊ သင်တန်းသား၊ သင်တန်းသူများနှင့် တွေ့ဆုံရာ  ကျောင်းအုပ်ဆရာမကြီး ဒေါ်မိုးမိုးကြည် က မန္တလေးပညာရေး ဒီဂရီကောလိပ်ဆိုင်ရာအချက်အလက်များ၊ ပညာသင်ကြားပေးနေမှုအခြေအနေများနှင့် ပညာရေးဆိုင်ရာအဆောက်အဦလိုအပ် ချက်များကို ရှင်းလင်းတင်ပြသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ပညာရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆွေးနွေးပြောကြားရာတွင် ယခုကဲ့သို့ မန္တလေးပညာရေး ဒီဂရီကောလိပ်မှ နည်းပြဆရာ၊ ဆရာမများ၊ သင်တန်းသား၊ သင်တန်းသူများအား တွေ့ဆုံရသည့်အတွက် ဝမ်းမြောက်ပါကြောင်း၊ ၂၀၁၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူမှုအရ မိမိတို့နိုင်ငံ၏ ပညာရေးအားနည်းချက်များကို တွေ့မြင်ရကြောင်း၊ အဆိုပါ အားနည်းချက်များကို ပြုပြင်ပြောင်းလဲပြီး လူသားအရင်းအမြစ်ကောင်းများဖြင့် နိုင်ငံတော်ကို တည်ဆောက် နိုင်ရေးအတွက် မိမိတို့အနေဖြင့် ပညာရေးကို မဖြစ်မနေအားပေးဆောင်ရွက်ရမည်ဖြစ် ကြောင်း၊ ပညာတတ်လူသားအရင်းအမြစ်များ ပေါကြွယ်ဝမှသာလျင် နိုင်ငံဖွံ့ဖြိုးတိုး တက်ရေးကို ပိုမိုဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း။

နိုင်ငံတော်၏ နိုင်ငံရေးဖြစ်ပေါ်ပြောင်းလဲမှု

ကောလိပ်မှ နည်းပြ ဆရာ၊ ဆရာမများ၊ သင်ကြားရေးဝန်ထမ်းများဖြစ်လာမည့် သင်တန်းသား၊ သင်တန်းသူများကို နိုင်ငံတော်၏ နိုင်ငံရေးဖြစ်ပေါ်ပြောင်းလဲမှုနှင့် နိုင်ငံတော်၏ ပညာရေးကဏ္ဍတို့နှင့် ပတ်သက်၍ အနည်းငယ်ပြောကြားလိုကြောင်း၊ တပ်မတော်အနေဖြင့် နိုင်ငံတော်ကို ပြည်သူများလိုလားသည့် ပါတီစုံဒီမိုကရေစီ လမ်း ကြောင်းပေါ်တွင် လျှောက်လှမ်းနိုင်ရန်အတွက် ၂၀၁၁ ခုနှစ်မှစတင်၍ ဆောင်ရွက်ပေး ခဲ့ကြောင်း၊ ရွေးကောက်ခံအစိုးရများနှင့် လက်တွဲ၍ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးကို အတူတကွ အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ကြောင်း၊ ရွေးကောက်ခံအစိုးရများ အနေဖြင့် နိုင်ငံတော်အကျိုးအတွက်ဆောင်ရွက်ရသည့်အချို့ကိစ္စရပ်များတွင် ပူးပေါင်း ဆောင်ရွက်၍ ရသည်များရှိသကဲ့သို့ အချို့ကိစ္စရပ်များတွင် ပူးပေါင်းဆောင်ရွက်ရန် အခက်အခဲ များရှိခဲ့ကြောင်း၊ ၂၀၁၉ ခုနှစ်၊ တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် ကိုဗစ် – ၁၉ ရောဂါဖြစ်ပွားချိန်၌ တပ်မတော်အနေဖြင့် အဆိုပါအချိန်တွင် တာဝန်ယူထားသည့် အစိုးရအား ကျန်းမာရေးအတွက် ကြိုတင်ပြင်ဆင်နိုင်ရန်အတွက် အကြံပြုခဲ့သော် လည်း ကြိုတင်ပြင်ဆင်မှုများပြုလုပ်ခြင်းမရှိခဲ့ကြောင်း၊ မိမိတို့နိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ  ဖြစ်ပေါ်လာခဲ့သည့်အချိန်တွင် အစိုးရအနေဖြင့် ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေး လုပ်ငန်းများဆောင်ရွက်နိုင်ရန် အခက်အခဲများရှိခဲ့ကြောင်း၊ တပ်မတော်အနေဖြင့် ကြို တင်ပြင်ဆင်မှုများဆောင်ရွက်ထားခြင်းကြောင့် တတ်နိုင်သမျှ ကူညီဆောင်ရွက်ပေးခဲ့ ကြောင်း၊ အဆိုပါအချိန်သည် ရွေးကောက်ပွဲပြုလုပ်ရမည့်အချိန်ဖြစ်သဖြင့် ခေတ္တ ဆိုင်းငံ့ထားရန် တပ်မတော်အနေဖြင့်အကြံပြုခဲ့သော်လည်း အစိုးရမှလက်မခံဘဲ ဆက် လက်ပြုလုပ်ခဲ့ကြောင်း၊ ကိုဗစ် – ၁၉ ရောဂါဖြစ်ပွားမှုကို အကြောင်းပြု၍ အဆိုပါ အချိန်တွင် တာဝန်ယူထားသည့် အစိုးရအနေဖြင့် ၎င်းတို့ပါတီအနိုင်ရရှိစေရေး ကြိုတင် မဲပေးရာတွင်လည်းကောင်း၊ မဲစာရင်းပြုစုရာတွင်လည်းကောင်း မဲမသမာမှုများ ပြု လုပ်ခဲ့ကြကြောင်း၊ ရွေးကောက်ပွဲပြီးဆုံး၍ မဲစာရင်းများထုတ်ပြန်ခဲ့ချိန်တွင် မဲစာရင်း များကြီးမားစွာကွာဟမှုများဖြစ်ပေါ်နေသည့်အတွက် နိုင်ငံရေးပါတီများက တပ်မတော် မှ စိစစ်ပေးနိုင်ရေးတောင်းဆိုမှုများရှိခဲ့ကြောင်း၊ ထို့ကြောင့် တပ်မတော်အနေဖြင့် ကျွမ်းကျင်ပညာရှင်များဖြင့် မဲစာရင်းများကို ပြန်လည်စိစစ်ခဲ့ရာ မဲမသမာမှုမှာ ၁၀ သန်း ကျော်ခန့်ရှိခဲ့ကြောင်း၊ အဆိုပါ မဲစာရင်းများ မှားယွင်းမှုများကို ဖြေရှင်းဆောင်ရွက်ပေး ရန် တာဝန်ရှိသူများထံသို့ ပြောကြားခဲ့သော်လည်း ဖြေရှင်းဆောင်ရွက်ပေးခြင်းမရှိ သည့်အပြင် မဲမသမာမှုများဖြင့် ရရှိလာသည့် ရွေးကောက်ခံကိုယ်စားလှယ်များဖြင့် လွှတ်တော်ခေါ်ယူ၍ နိုင်ငံတော်၏အာဏာကို အဓမ္မရယူရန် လုပ်ဆောင်လာခြင်း ကြောင့် တပ်မတော်အနေဖြင့် ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်အညီ နိုင်ငံတော်အား အရေး ပေါ် အခြေအနေကြေညာ၍ တာဝန်ယူဆောင်ရွက်ခဲ့ရကြောင်း၊ မဲမသမာမှုများကိုလုပ် ဆောင်ရာတွင် NLD ပါတီဗဟိုအမှုဆောင်များနှင့် အချို့ဒေသများတွင် ဝန်ကြီးချုပ်များ ပင် ပါဝင်သည်ကို တွေ့ရကြောင်း၊ အဆိုပါ မဲမသမာမှုဖြစ်စဉ်မှတစ်ဆင့် ဆူပူဆန္ဒပြ မှုများ၊ လူစုလူဝေးဖြင့်အကြမ်းဖက်မှုများ၊ ထိုမှတစ်ဆင့် လက်နက်ကိုင် အကြမ်းဖက် သည့်ဖြစ်စဉ်များအထိ ဖြစ်ပေါ်ခဲ့သည်ကို တွေ့ရှိရမည်ဖြစ်ကြောင်း၊ မဲမသမာမှုကြောင့် နိုင်ငံရေးအရအရေးပေါ်အခြေအနေ ဖြစ်ပေါ်ခြင်းကို နိုင်ငံရေးနည်းလမ်းအရဖြေရှင်း ခြင်း မပြုလုပ်ဘဲ လက်နက်ကိုင် အကြမ်းဖက်သည့် နည်းလမ်းဖြင့် ဖြေရှင်းရန် လုပ် ဆောင် လာခြင်းများကြောင့်ပင် ဖြစ်ကြောင်း၊ ထိုသို့ဖြစ်ရခြင်းကို သုံးသပ်ရမည်ဆိုပါက မိမိတို့နိုင်ငံ၌ ပညာတတ်များ နည်းပါးခြင်းကြောင့်ဖြစ်သည်ကိုလည်း တွေ့ရှိရမည်ဖြစ် ကြောင်း၊ နိုင်ငံတော်အကျိုးကို မကြည့်ဘဲ လက်နက်ကိုင် အကြမ်းဖက်မှုများဖြင့် နိုင်ငံ တော်၏အနာဂတ်ကို ဖျက်ဆီးနေကြခြင်းပင် ဖြစ်ကြောင်း။

ပညာရည်မြင့်မားရေး အလေးပေးဆောင်ရွက်လျက်ရှိ

ထို့ကြောင့် မိမိတို့အနေဖြင့် ပညာရည်ဖွံ့ဖြိုးတိုးတက်စေရေး ပညာရေးကို အားပေးဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ ပညာတတ် လူသားအရင်းအမြစ်များဖြင့် တိုင်းပြည်၏ အနာဂတ်ကို တည်ဆောက်နိုင်ရေး ပုံဖော်နေခြင်းပင်ဖြစ်ကြောင်း၊ ကိုဗစ် – ၁၉ ရောဂါ ဖြစ်ပွားချိန်နှင့် နိုင်ငံရေးအခက်အခဲ၊ အကြပ်အတည်းများကြား၌လည်း စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေး၊ ကျောင်းသား၊ ကျောင်းသူများ၏ ပညာ သင်ကြားမှု အခွင့်အရေးများဆုံးရှုံးမှုမရှိစေရေး   ကြိုးပမ်းဆောင်ရွက်ခဲ့ကြောင်း၊ အစိုးရ အနေဖြင့် ပညာရည်မြှင့်တင်ရေးလုပ်ငန်းများကို အင်တိုက်အားတိုက်ဆောင်ရွက်ပေး လျက်ရှိပြီး   သင်ကြားရေးဆိုင်ရာ တာဝန်ရှိသူများအနေဖြင့်လည်း ကျောင်းနေသူများ အားလုံး အတန်းပညာများ အမှန်တကယ်တတ်မြောက်အောင် သင်ကြားပေးရန် လိုကြောင်း၊ ပညာတတ်သကဲ့သို့ စာဖတ်ရန်လည်းလိုအပ်မည်ဖြစ်သဖြင့် စာကြည့် တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလုပ်ငန်းများကို ဆောင်ရွက် ပေးလျက်ရှိကြောင်း၊ စာကြည့်တိုက်များဖွင့်လှစ်ခြင်းဖြင့် ပညာသင်ကြားခြင်းမပြုနိုင် တော့သည့် အရွယ်သို့ရောက်ရှိနေသူများအနေဖြင့် အသိပညာများ၊ အတတ်ပညာများ ကိုလေ့လာဆည်းပူးနိုင်မည်ဖြစ်ကြောင်း၊ အခြေခံပညာကျောင်းများ၌ စာကြည့်တိုက် များဖွင့်လှစ်ခြင်းဖြင့်လည်း ကလေးငယ်များ၏ စာဖတ်ခြင်း အလေ့အကျင့်ကောင်းနှင့် စာဖတ်စွမ်းအားများတိုးတက်လာပြီး ဗဟုသုတအသိအမြင်များပိုမို သိရှိလာမည်ဖြစ် ကြောင်း။

သင်တန်းကာလအတွင်း စနစ်တကျသင်ယူ၍ မိမိတို့တာဝန်ထမ်းဆောင်ရာ ဒေသများ၌ ပညာရည်မြင့်မားရေးကို ကြိုးပမ်း ဆောင်ရွက်ကြရန်လို

ယခုကောလိပ်တွင် နိုင်ငံအဝန်း နယ်ပေါင်းစုံမှလာရောက် သင်တန်းတက်ကြ ခြင်းဖြစ်သဖြင့် မိမိတို့ ဒေသအလိုက် ပညာရည်မြှင့်တင်ရေး မည်သို့ဆောင်ရွက်လျင် ပိုမိုကောင်းမွန်မည်ဆိုသည်ကို စဉ်းစားတွေးတော၍ ဆောင်ရွက်ကြစေလိုကြောင်း၊ ထိုသို့ဆောင်ရွက်ခြင်းမှာ နိုင်ငံကောင်းမွန်အောင် ဆောင်ရွက်ခြင်းပင်ဖြစ်ကြောင်း၊ မိမိတို့နယ်မြေအလိုက် ကြုံတွေ့ရသည့်အခက်အခဲများကို ကျော်လွှားနိုင်ရန်အတွက် ဆွေးနွေးဆောင်ရွက်သွားကြရန်လိုကြောင်း၊ ဖတ်ရှုမှတ်သားခြင်း၊ ဆွေးနွေးခြင်းများ ဆောင်ရွက်သွားမည်ဆိုပါကလေးနှစ်တာကာလအတွင်းဆောင်ရွက်မှုများ ပိုမိုတိုးတက် လာမည်ဖြစ်ကြောင်း၊ လေးနှစ်တာကာလအတွင်း လေ့ကျင့်ရေးများကို စနစ်တကျ လိုက်ပါဆောင်ရွက်ပြီး အဆိုပါလေ့ကျင့်ခန်းများကို မိမိတို့တာဝန်ထမ်းဆောင်ချိန်တွင် ပြန်လည် အသုံးချရန်လိုကြောင်း၊ ကိုယ်လက်ကြံ့ခိုင်ရေးလေ့ကျင့်ခြင်းများ၊ စည်းကမ်း နှင့်အညီ နေထိုင်သွားလာခြင်းများကို မိမိတို့သင်ကြားပေးရမည့် ကျောင်းသား၊ ကျောင်းသူများအား ထပ်ဆင့် သင်ကြားလေ့ကျင့်ပေးရမည်ဖြစ်ကြောင်း၊ သင်ယူခြင်း များ ဆောင်ရွက်ချိန်တွင် စနစ်တကျသင်ယူသွားမည်ဆိုပါက သင်ကြားရေးကို အဆင် ပြေချောမွေ့စွာဖြင့် သင်ကြားပေးနိုင်မည်ဖြစ်ကြောင်း၊ အဓိကအားဖြင့် စာဖတ်မပျင်း ရန်လိုပြီး ပြန်လည်သင်ကြားခြင်းများကို ဆောင်ရွက်ရမည့်သူများဖြစ်သဖြင့် စာပေ အသိပညာဗဟုသုတများ ဖတ်ရှုလေ့လာခြင်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်သွားရ မည်ဖြစ်ကြောင်း။

တိုင်းရင်းသားဒေသများတွင် အတန်းပညာ သင်ကြားရန်အတွက် ဘာသာစကား အခက်အခဲများရှိနိုင်ကြောင်း၊ ယခုပညာရေး ဒီဂရီကောလိပ်တွင် လာရောက်ပညာ သင်ကြားလျက်ရှိသည့် တိုင်းရင်းသားများအနေဖြင့်လည်း မိမိတို့တာဝန်ထမ်းဆောင် သည့် နေရာဒေသများသို့ရောက်ရှိပါက ကျောင်းသားကျောင်းသူများ အမှန်တစ်ကယ် စာတတ်မြောက်မှုရှိစေရေး၊ တန်းစဉ်ကူးပြောင်းမှုများ မြင့်မားစေရေး ကြိုးပမ်း ဆောင် ရွက်သွားကြစေလိုကြောင်း၊ တန်းစဉ်ကူးပြောင်းမှုများ မြင့်မားခြင်းဖြင့် ပညာတတ် လူသားအရင်းအမြစ်များ ပေါကြွယ်ဝလာနိုင်မည်ဖြစ်ကြောင်း။

သင်တန်းပြီးဆုံး၍ တာဝန်ထမ်းဆောင်ရာတွင်လည်း စာပေဖတ်မှတ် လေ့လာ ခြင်းများကိုဆက်လက်ဆောင်ရွက်သွားရန်လိုကြောင်း၊ ထို့ပြင် ပတ်ဝန်းကျင်ကိုလေ့လာ ခြင်းနှင့်ပတ်သက်၍လည်း အမြဲမပြတ်ဆောင်ရွက် နေရန်လိုကြောင်း၊ ကျေးရွာနှင့် မြို့ များအလိုက် အတွေ့အကြုံများ၊ အသိအမြင်များ အနည်းနှင့်အများ ကွာခြားနိုင်မည် ဖြစ်ပြီး မိမိတို့ကြုံတွေ့ရသည့် လူနေမှုစနစ်များနှင့်အညီ မိမိတို့တာဝန်ထမ်းဆောင်ရ သည့် ပတ်ဝန်းကျင်ကို ပြုပြင်ပေးနိုင်ကြောင်း၊ မိမိတို့တစ်ဦးတစ်ယောက်ချင်းစီ၏ စာပေဖတ်ရှုလေ့လာခြင်းမှရရှိလာသည့် အသိဉာဏ်အလင်းသည် ဘဝတိုးတက်မှု အတွက်များစွာ အထောက်အပံ့ဖြစ်စေနိုင်မည်ဖြစ်ပြီး မိမိ၏ မိသားစုနှင့် မိမိတို့ တာဝန် ထမ်းဆောင်ရသည့် ပတ်ဝန်းကျင်ကိုပါ အလင်းရောင်နှင့် လမ်းကြောင်းမှန်ကို ဖော် ဆောင်ပေးနိုင်ရမည်ဖြစ်ကြောင်း။

ပညာဆိုသည်မှာ စာပေသင်ကြားခြင်းသာမက အသိပညာ၊ အတတ်ပညာ များလည်း ပါဝင်ကြောင်း၊ လေးနှစ်ကာလအတွင်း စနစ်တကျသင်ယူသွားမည်ဆိုပါက မီးအလင်းရောင်နှင့်တူသည့် ပညာများကို ရရှိမည်ဖြစ်ကြောင်း၊ ကျောင်းသား၊ ကျောင်း သူများအနေဖြင့် သင်တန်းတက်ရောက်နေစဉ်ကာလအတွင်း ရရှိခဲ့သည့် အတွေ့အကြုံ များ၊ ပညာများကို မိမိတို့တာဝန်ထမ်းဆောင်ချိန်တွင်ပြန်လည် သင်ကြားပေးကြရန်လို ကြောင်း၊ ထိုသို့ဆောင်ရွက်ခြင်းသည် နိုင်ငံတိုးတက်ကောင်းမွန်ရေးကို ဆောင်ရွက်ပေး ခြင်းပင်ဖြစ်ကြောင်း၊ နိုင်ငံတော်ကို ခိုင်မာသည့်ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်တွင် လျှောက်လှမ်းနိုင်ရေးအတွက် စည်းကမ်းစနစ်ကျသည့် လူအဖွဲ့အစည်း၊ အသိုက်အဝန်း ဖြစ်ရန်လိုအပ်မည်ဖြစ်ပြီး ထိုသို့ဖြစ်ပေါ်လာစေရေးအတွက် သင်ကြားရေးတာဝန်များ ကို ထမ်းဆောင်ကြမည့်သူများအနေဖြင့် ဝိုင်းဝန်းဖော်ဆောင်ပေးကြရမည်ဖြစ်ကြောင်း၊ ယခင်က မိမိတို့နိုင်ငံတွင်ဖြစ်ပေါ်ခဲ့သည့် အားနည်းချက်များကို သင်ခန်းစာဖော်ထုတ် ရယူ၍ အနာဂတ်နိုင်ငံတော်ကို ပညာရေးဖြင့် ပုံဖော်တည်ဆောက်ကြရမည်ဖြစ် ကြောင်း၊ သင်တန်းသား၊ သင်တန်းသူများအနေဖြင့် ယခုကောလိပ်မှ သင်ကြားပေး သည့် အသိပညာ၊ အတတ်ပညာများကို အမှန်တကယ်တတ်မြောက်အောင် လေ့လာ သင်ယူ၍ မိမိတို့၏ ဘဝတစ်လျှောက် အောင်မြင်တိုးတက်စေရေး၊ နိုင်ငံတော်၏ ပညာ ရေးမြှင့်တင်မှုအခန်းကဏ္ဍတွင် တစ်တပ်တစ်အား ပါဝင်နိုင်ကြစေရေး ကြိုးပမ်း ဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြားလိုကြောင်းဖြင့် ပြောကြားသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် နှင့် ဇနီးတို့က မန္တလေး ပညာရေးဒီဂရီကောလိပ် စာကြည့်တိုက်အတွက် လူထုသိပ္ပံ ကျမ်းများ၊ သုတ ရသ စာအုပ်စာစောင်များ၊ သင်ထောက်ကူပြုပစ္စည်းများကို ပေးအပ် လှူဒါန်းရာ ကျောင်းအုပ်ဆရာမကြီးက လက်ခံရယူသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် သည် တက်ရောက်လာကြသည့် နည်းပြ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူ များအား ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့သည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။