နေပြည်တော်၊ ဇွန် – ၃၀
နိုင်ငံ့စီးပွားမြှင့်တင်ရေးအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားသည်။
အစည်းအဝေးသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ ဖြစ်ကြသည့် ဗိုလ်ချုပ်ကြီး တင်အောင်စန်းနှင့် ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ ပြည်ထောင်စု ဝန်ကြီးများ၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့် တပ်မတော်အရာရှိကြီးများနှင့် တာဝန်ရှိသူများတက်ရောက်ကြပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များက Video Conferencing ဖြင့်တက် ရောက်ကြသည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အဖွင့် အမှာစကားပြောကြားရာတွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးအတွက်အရေးကြီးသည့် အစည်း အဝေးတစ်ခုဖြစ်ကြောင်း၊ အဓိကအားဖြင့် ကုန်ထုတ်လုပ်မှုများဆောင်ရွက်နေသည့် ပြည်နယ်နှင့်တိုင်းဒေသကြီးများနှင့် စီးပွားရေးလုပ်ငန်းများဆောင်ရွက်နေသည့် ဝန်ကြီး ဌာနများအနေဖြင့် နိုင်ငံစီးပွားမြှင့်တင်ရေးနှင့်ပတ်သက်သည့် နည်းလမ်းများကို ဆွေး နွေးကြရန်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံအနေဖြင် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် စီးပွားရေး ပြန်လည်ဦးမော့လာပြီး ၃ ဒသမ ၂ ရာခိုင်နှုန်းထိ တိုးတက်ခဲ့ကြောင်း၊ သို့သော် နိုင်ငံခြားကုန်သွယ်မှုနှင့်ပတ်သက်၍ လိုအပ်ချက်ရှိနေသည်ကို တွေ့ရှိရကြောင်း၊ ကုန်သွယ်မှု၌ သွင်းကုန်တွင်အဓိကပါရှိသည့် စက်မောင်းဆီနှင့် စားသုံးဆီတင်သွင်း မှုများမှာ ပမာဏများပြားနေသည်ကိုတွေ့ရကြောင်း။
၂၀၁၁ ခုနှစ်မှစတင်၍ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးဆောင်ရွက်ခဲ့ပြီး စီးပွား ရေးကိုလည်း ဈေးကွက်စီးပွားရေးစနစ်ဖြင့် ဆောင်ရွက်ခဲ့ကြောင်း၊ ဒီမိုကရေစီ အစိုးရ ပထမသက်တမ်းတွင် ပြည်ပမှရင်းနှီးမြှုပ်နှံမှုဝင်ရောက်ခဲ့ပြီး နိုင်ငံစီးပွားရေးမှာ ထိုက် သင့်သလောက်တိုးတက်မှုရှိခဲ့ကြောင်း၊ တိုးတက်မှုနှုန်းအနေဖြင့် ၈ ရာခိုင်နှုန်းကျော် အထိရှိခဲ့ကာ နောက်ဆုံးတစ်နှစ်တွင် စီးပွားရေးအနည်းငယ်ကျဆင်းခဲ့ကြောင်း၊ အလား တူ ဒီမိုကရေစီအစိုးရ ဒုတိယသက်တမ်းပထမနှစ်တွင် စီးပွားရေးတိုးတက်မှု အား ကောင်းမည့် အလားအလာတွေ့ရှိရသော်လည်း တတိယနှစ်မှစတင်၍ စီးပွားရေးများ ကျဆင်းလာသည်ကိုတွေ့ရကြောင်း၊ ၂၀၁၉ – ၂၀၂၀ ဘဏ္ဍာနှစ်တွင် နိုင်ငံ့စီးပွားရေး တိုးတက်မှုမှာ ၃ ရာခိုင်နှုန်းကျော်ခန့်သာရှိပြီး နောက်ပိုင်းတွင် အနုတ်ဘက်သို့ရောက် ရှိခဲ့ ကြောင်း။
နိုင်ငံ့စီးပွားကျဆင်းမှုကိုသိရှိရန်လိုအပ်သဖြင့် သက်ဆိုင်ရာဝန်ကြီးဌာန ၄ ခုကို တာဝန်ပေးအပ်၍ လေ့လာသုံးသပ်မှုများဆောင်ရွက်ခဲ့ကြောင်း၊ တွေ့ရှိချက်များအရ နိုင်ငံ့စီးပွားရေးအတက်အကျဖြစ်ခြင်းသည် ကုန်ထုတ်လုပ်မှုနှင့် နိုင်ငံတော်၏ ရငွေ၊ ပို့ကုန်၊ ရင်းနှီးမြှုပ်နှံမှု၊ သဘာဝဘေးဒဏ်ကျရောက်မှု၊ စီးပွားရေးဆိုင်ရာစီမံခန့်ခွဲမှု အား နည်းချက်များ၊ စီမံကိန်းအကောင်အထည်ဖော်ရာတွင်လိုအပ်သည့် အကြောင်းအရင်း များနှင့် အဓိကသက်ဆိုင်နေသည်ကိုတွေ့ရှိရသည့်အပြင် လုပ်သင့်လုပ်ထိုက်သည်များ ကိုအချိန်မီဆောင်ရွက်နိုင်ခဲ့ခြင်းမရှိခြင်းကြောင့် နိုင်ငံတော်အနေဖြင့်ဆုံးရှုံးမှုများဖြစ် ပေါ်စေခဲ့သည်ကိုတွေ့ရှိရကြောင်း၊ ထို့အပြင် ပြည်ပအဖွဲ့အစည်းများနှင့် နိုင်ငံကြီးအချို့ က၎င်းတို့လိုရာ စိတ်တိုင်းကျဆောင်ရွက်ပေးနိုင်မည့်အစိုးရကို ငွေကြေးထောက်ပံ့မှု များကို နည်းလမ်းမျိုးစုံဖြင့်ပံ့ပိုးလုပ်ဆောင်ခဲ့မှုများ၊ အစိုးရ၏စွမ်းဆောင်ရည်မြင့်မားမှု ပုံစံမျိုးဖြစ်စေရန် ဖန်တီးဆောင်ရွက်ပေးသည်ကိုလည်းတွေ့ရှိရသည်ဟု လေ့လာသုံး သပ်ချက်အစီရင်ခံစာအရ သိရှိရကြောင်း။
နိုင်ငံတစ်ခု၏စီးပွားရေးနှင့်ပတ်သက်၍ ကုန်သွယ်မှု၊ အခြားလမ်းကြောင်းမှရရှိ သည့်ဝင်ငွေများ အပေါ်မူတည်၍ စီးပွားရေးအပြောင်းလဲများရှိသည်ကို မိမိအနေဖြင့် သုံးသပ်ကြောင်း၊ စီးပွားရေးကောင်းမွန်မှုသည် လူသားအရင်းအမြစ်ကြွယ်ဝမှုအပေါ် တွင်မူတည်သည်ကိုလည်း တွေ့ရှိရကြောင်း၊ စီးပွားရေးကို ကောင်းမွန်အောင် လုပ်ဆောင်နိုင်သည့်၊ ကုန်ထုတ်လုပ်မှုတိုးတက်အောင်လုပ်ဆောင်နိုင်သည့် လူသား အရင်းအမြစ်များ ပေါများလာပါက နိုင်ငံ့စီးပွားသည် တိုးတက်လာမည်ဖြစ်ကြောင်း၊ စီးပွားရေးကောင်းမွန်မှုကို နိုင်ငံများ၌ လယ်ယာကဏ္ဍ၊ စက်မှုကဏ္ဍ နှင့် ဝန်ဆောင်မှု ကဏ္ဍ စသည့်ကဏ္ဍ ၃ ခုဖြင့် အကောင်အထည်ဖော်ဆောင်ရွက်မှုကိုကြည့်၍ နိုင်ငံ၏ GDP ကိုတွက်ချက်ကြသည်ကိုတွေ့ရကြောင်း၊ မိမိတို့နိုင်ငံ၏ GDP မှာ အာဆီယံနိုင်ငံ များ၌ အဆင့် ၇ ၊ အဆင့် ၈ ဝန်းကျင်တွင်ရှိသည်ကိုတွေ့ရှိရကြောင်း၊ ၂၀၂၂ ခုနှစ်တွင် ထိုင်းနိုင်ငံ၏ GDP မှာ အမေရိကန်ဒေါ်လာ ၅၃၆ ဒသမ ၁၆ ဘီလီယံ၊ မလေးရှားနိုင်ငံ၏ GDP မှာ အမေရိကန်ဒေါ်လာ ၄၀၇ ဒသမ ၉၂၃ ဘီလီယံ၊ ဗီယက်နမ်နိုင်ငံ၏ GDP မှာ အမေရိကန်ဒေါ်လာ ၄၀၆ ဒသမ ၄၅၂ ဘီလီယံရှိပြီး မိမိတို့ နိုင်ငံ၏ GDP မှာ အမေရိကန်ဒေါ်လာ ဘီလီယံ ၆၀ နီးပါးရှိကြောင်း၊ ထိုင်းနိုင်ငံ၊ မလေးရှားနိုင်ငံ၊ ဗီယက် နမ် နိုင်ငံတို့သည် ဖွံ့ဖြိုးဆဲနိုင်ငံများဖြစ်ပြီး စက်မှုနှင့် ကုန်သွယ်မှုလုပ်ငန်းများတွင် အရှိန်ရှိသည့် နိုင်ငံများဖြစ်ကြောင်း၊ သို့သော် အဓိကအခြေခံထုတ်ကုန်မှာ စိုက်ပျိုးရေး ကို အခြေခံသည့်ကုန်ထုတ်လုပ်မှုများကို ဆောင်ရွက်ကြခြင်းဖြစ်ကြောင်း၊ အဆိုပါနိုင်ငံ များ၏ စိုက်ပျိုးရေးနှင့်မွေးမြူရေး ပို့ကုန်နှင့်မိမိတို့နိုင်ငံ၏ ပို့ကုန်ပမာဏများ များစွာကွာခြားလျက်ရှိသည်ကို တွေ့ရ ကြောင်း။
မိမိတို့နိုင်ငံအနေဖြင့် ကုန်ထုတ်လုပ်မှုများ နည်းပါးသည်ကိုတွေ့ရကြောင်း၊ အလားတူ မြေများကိုလည်းအကျိုးရှိစွာ အသုံးချမှုနည်းပါးပြီး အသုံးပြုသည့်မြေ တစ် ဧကခြင်းအလိုက် အကျိုးရှိစွာဆောင်ရွက်နိုင်မှုမရှိသည်ကိုတွေ့ရကြောင်း၊ နိုင်ငံအတွင်း ရေ၊ မြေ သယံဇာတနှင့် လူသားအရင်းအမြစ်များရှိပြီးဖြစ်သော်လည်း စွမ်းအားရှိသမျှ အသုံးမပြုနိုင်သဖြင့် မိမိတို့နိုင်ငံ၏ လယ်ယာကဏ္ဍကြီးသည် GDP တွင် ပါဝင်မှုမှာ နည်းပါး နေခြင်းဖြစ်သည်ကိုတွေ့ရကြောင်း၊ စက်မှုကဏ္ဍတွင်လည်း လယ်ယာကဏ္ဍ ကြီး ကိုအခြေခံသည့် ကုန်ထုတ်လုပ်မှုကိုအများဆုံး ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ ဝန်ဆောင်မှုသည်လည်း ထုတ်လုပ်သည့်ထုတ်ကုန်များအပေါ်မူတည်၍ ငွေကြေးလည် ပတ်စီးဆင်းမှုများ၊ အခြားဝန်ဆောင်မှုများ ကိုဆောင်ရွက်ရခြင်းဖြစ်ကြောင်း၊ ကုန်ထုတ် လုပ်မှုများနည်းပါးပါက ဝန်ဆောင်မှုလုပ်ငန်းများလည်း လျော့နည်းနေမည်ဖြစ် ကြောင်း။
လယ်တစ်ဧကအထွက်နှုန်း၏ ပန်းတိုင်ရည်မှန်းချက်မှာ စပါးတင်း ၁၀၀ ဖြစ် ကြောင်း၊ လက်ရှိပျမ်းမျှ ၇၅ တင်းခန့်ထွက်ရှိသည်ဟုသိရှိရကြောင်း၊ မိုးစပါးစိုက်ပျိုး မှုအနေဖြင့် ၁၅ သန်းခန့်ရှိကြောင်း၊ လက်ရှိအထွက်နှုန်းအရ ဆန်နှင်ဆန်ကွဲတန်ချိန် ၂ ဒသမ ၂ သန်းခန့်ပြည်ပသို့တင်ပို့နေရကြောင်း၊ တစ်ဧကတင်း ၁၀၀ ထွက်ရှိအောင် ဆောင်ရွက်နိုင်မည်ဆိုပါက တစ်ဧက ၂၅ တင်းနှုန်းဖြင့်ပိုမိုထွက်ရှိလာမည်ဖြစ်သဖြင့် စပါး တင်းပေါင်း ၃၇၅ သန်းပိုမိုထွက်ရှိလာပြီး ပျမ်းမျှစပါးတစ်တင်းလျှင် တစ်သောင်း ကျပ်နှုန်းဖြင့်တွက်ချက်မည်ဆိုလျှင်ပင် ထုတ်လုပ်မှုတန်ဖိုး ၃၇၅၀ ဘီလီယံပိုမို တိုးတက်လာမည်ဖြစ်ကြောင်း၊ ထိုသို့ပိုမိုထုတ်လုပ်နိုင်ခြင်းကြောင့် တောင်သူများ၏ ငွေကြေးလည်ပတ်သုံးစွဲမှုများ တိုးတက်လာမည်ဖြစ်ပြီး ပြည်တွင်းသုံးစွဲမှုများ တိုးတက် လာမည်ဖြစ်ကြောင်း၊ ကုန်ထုတ်လုပ်မှု တိုးတက်ခြင်းကြောင့် ဖြစ်ပေါ်လာသည့် ရောင်းလိုအား နှင့်ဝယ်လိုအားကို တွက်ချက်ကြည့်မည်ဆိုပါက ဘီလီယံ ၈၀၀၀ ခန့် တိုးတက် လာမည်ဖြစ်ကြောင်း၊ ပိုမိုထွက်ရှိလာသည့် စပါးများကို ဆန်အဖြစ် ထုတ်လုပ်၍ ပြည်ပသို့ရောင်းချမည်ဆိုပါက သန်းပေါင်းများစွာ ဝင်ငွေတိုးတက်လာမည် ဖြစ်ကြောင်း။
မိမိတို့နိုင်ငံတွင် ယခုနှစ်အတွင်း မိုးစပါး ၁၄ ဒသမ ၉ သန်းစိုက်ပျိုးပြီး လယ် အနေဖြင့် ၁၃ သန်းကျော်ရှိကြောင်း၊ အဆိုပါ ၁၃ သန်းကျော်တွင် ၆ ဒသမ ၆ သန်း၌ သီးထပ်များစိုက်ပျိုးကြောင်း၊ သီးထပ်စိုက် ပျိုးခြင်းမပြုနိုင်သည့်မြေ ၇ ဒသမ ၃ သန်းတွင် ပဲအမျိုးမျိုး၊ နေကြာ၊ ပီလောပီနံ (သို့မဟုတ်) သီးနှံတစ်မျိုးမျိုးကိုစိုက်ပျိုး၍ တစ်ဧကလျှင် ၁၀ သိန်းဖိုးခန့်ထုတ်လုပ်နိုင်မည်ဆိုပါက ၇၃၀၀ ဘီလီယံနှင့်ညီမျှသည့် ထုတ်ကုန်ပစ္စည်းများရရှိနိုင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် လယ်ယာစိုက်ပျိုးရေးတွင် မြေကို အကျိုးရှိစွာအသုံးချဆောင်ရွက်မည်ဆိုပါက စိုက်ပျိုး ရေးလုပ်ငန်းတစ်ခုတည်း ဖြင့် လယ်ယာကဏ္ဍကြီးမှ GDP ပါဝင်မှုအချိုးသည်များစွာ တိုး တက်လာမည်ဖြစ် ကြောင်း၊ အလားတူ ပြည်ပပို့ကုန်များလည်း များစွာတိုးတက် ပြောင်းလဲသွားနိုင် ကြောင်း။
အလားတူ ဆီထွက်သီးနှံစိုက်ပျိုးခြင်းနှင့်ပတ်သက်၍ ၂၀၂၂ – ၂၀၂၃ ခုနှစ်တွင် ဆီထွက်သီးနှံ (ဆီအုန်းမပါ)တွက်ချက်ကြည့်ပါက စိုက်ပျိုးဧက ၈ သိန်းစိုက်ပျိုးခဲ့ပြီး ဒေသအလိုက် အထွက်နှုန်းများအရ ဆီတန်ချိန် ၆ ဒသမ ၉ သိန်းရရှိမည်ကိုတွေ့ရှိရ ကြောင်း၊ အဆိုပါဆီထွက်သီးနှံများအားလုံးကို ဆီထုတ်လုပ်မည်ဆိုပါက တစ်နိုင်ငံလုံး ဆီဖူလုံမှုမှာ ၁၂၆ ဒသမ ၂ ရာခိုင်နှုန်းရှိသည်ကိုတွေ့ရကြောင်း၊ သို့သော် မြေပဲ၊ နှမ်း စသည့်သီးနှံများကို အခြားနည်းများဖြင့် စားသုံးခြင်းများရှိသကဲ့သို့ ပြည်ပသို့တင်ပို့ ရောင်းချမှုများဆောင်ရွက်ခဲ့ကြောင်း၊ ပြည်ပသို့တင်ပို့မှုမှရရှိသည့်ရောင်းရငွေနှင့် ပြည်ပ မှဆီတင်သွင်းမှုကြောင့်ကုန်ကျငွေများမှာ မကာမိသည်ကို တွေ့ရှိရကြောင်း၊ မြေပဲနှင့် နှမ်းများကို ပြည်ပသို့တင်ပို့ခြင်းမရှိဘဲ ပြည်တွင်းဆီထုတ်လုပ်မှုအတွက်သာ အသုံးပြု မည်ဆိုပါက ပြည်တွင်းစားသုံးဆီဖူလုံမှုကို ဖြစ်ပေါ်စေမည်ဖြစ်ကြောင်း၊ ထို့ထက်ပိုမို သေချာစေရန်အတွက် စိုက်ပျိုးဧကများအလိုက် ပန်းတိုင်ရည်မှန်းချက်အတိုင်းထွက်ရှိ အောင်ကြိုးစားဆောင်ရွက်ပါက မိမိတို့နိုင်ငံ၏ ဆီဖူလုံမှုမှာ ၂၄၉ ဒသမ ၅ ရာခိုင်နှုန်း ရှိသည်ကို တွေ့ရှိရကြောင်း၊ ထို့ကြောင့်ဆီထွက်သီးနှံများအထွက်နှုန်းတိုးတက်အောင် ဆောင်ရွက် နိုင်မည်ဆိုပါကနှစ်စဉ် ပြည်ပမှဒေါ်လာသန်း ၆၀၀ ဖိုးခန့်တင်သွင်း နေရသည့် ဆီတင်သွင်းမှုများကို လျှော့ချနိုင်မည်ဖြစ်ကြောင်း၊ အလားတူပဲတင်ပို့ မှုတွင်လည်း မိမိတို့နိုင်ငံအနေဖြင့် ကမ္ဘာပေါ်တွင် အဆင့် ၂ နှင့် ၃ နေရာတွင်ရှိ ကြောင်း၊ မတ်ပဲ၊ ပဲစင်းငုံနှင့် ပဲတီစိမ်းတို့သည် ပြည်ပဈေးကွက်သို့ အများဆုံးတင်ပို့ နေသည့် ပဲများဖြစ်ကြောင်း၊ ပဲနှင့်ပတ်သက်သည့် ပစ္စည်းများကိုလည်း အထွက်နှုန်း တိုးအောင်ဆောင်ရွက်မည်၊ စိုက်ပျိုးခြင်းမပြု နိုင်သည့်စိုက်ပျိုးမြေဧက ၇ သန်းကျော် တွင် ပဲများစိုက်ပျိုးထုတ်လုပ်နိုင်ရန် ကြိုးပမ်းဆောင်ရွက်မည်ဆိုပါက ပဲထုတ်လုပ်မှု သည် ဈေးကွက်သေချာမှုရှိသည့် ကုန်ထုတ်လုပ်မှုဖြစ်သဖြင့် ပို့ကုန်ပမာဏများ များစွာတိုးတက်လာနိုင် မည်ဖြစ်ကြောင်း၊ ထို့ကြောင့် ဆန်၊ ဆီထွက်သီးနှံနှင့် ပဲတို့သည့် စိုက်ပျိုးရေးကဏ္ဍကြီး တွင် အဓိကအနေဖြင့် ပါဝင်ပြီး GDP ကိုတိုးတက်စေနိုင်သဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များအနေဖြင့် အလေးထားဆောင်ရွက်ကြစေ လိုကြောင်း။
ဝါစိုက်ပျိုးမှုနှင့်ပတ်သက်၍ ၂၀၁၁-၂၀၁၂ ခုနှစ်တွင် တစ်နိုင်ငံလုံးဝါ စိုက်ပျိုးမှုမှာ စိုက်ဧက ၈ သိန်းကျော်ရှိခဲ့ပြီး ၂၀၂၀-၂၀၂၁ ခုနှစ်တွင်စိုက်ဧက ၃ ဒသမ ၈၉ သိန်းအထိ ကျဆင်းသွားခဲ့သဖြင့် ဧက ၄ သိန်းကျော်ခန့် လျော့နည်းသွားခဲ့ကြောင်း၊ ထိုသို့လျော့ နည်းသွားရခြင်းမှာဝါစိုက်ပျိုးမှုကိုသေချာစေရန် အားပေးဆောင်ရွက်ခဲ့မှုများ အားနည်း ခဲ့ခြင်းကြောင့်ဖြစ်သည်ကို စိုက်ပျိုးတောင်သူများ၏ တင်ပြချက်အရသိရှိရကြောင်း၊ ဝါ စိုက်ပျိုးဧက ၈ သိန်းကို စနစ်တကျဖြင့်အောင်မြင်အောင်ဆောင်ရွက်နိုင်မည်ဆိုပါက ပြည်တွင်းဝါဖူလုံမှုရှိသည်ကိုတွေ့ရှိရကြောင်း၊ပို့ကုန်နှင့်ပတ်သက်၍ တိုးမြှင့်ဆောင်ရွက် နိုင်ရန်လိုသကဲ့သို့ ပြည်တွင်းထုတ်လုပ်မှုနှင့်ပတ်သက်၍ ပြည်တွင်းသုံးစွဲမှုအတွက် လုံ လောက်စွာထုတ်လုပ်နိုင်ရန် လိုအပ်သည်ကိုတွေ့ရှိရကြောင်း၊ အဓိကအားဖြင့် စိုက်ပျိုး ရေးလုပ်ငန်းများအတွက်လိုအပ်သည့် မြေဩဇာနှင့် စိုက်ပျိုးရေများလုံလောက်စွာ ရရှိအောင် ဆောင်ရွက်ပေးနိုင်မည်ဆိုပါက အထွက်နှုန်းများ တိုးတက်ကောင်းမွန်လာ မည်ဖြစ်ကြောင်း။
မီးဖိုချောင်သုံးသီးနှံများဖြစ်သည့် ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ အာလူး တို့သည် မိမိတို့နိုင်ငံအနေဖြင့် မရှိမဖြစ်စားသုံးသည့် သီးနှံများဖြစ်ကြကြောင်း၊ ကြက်သွန်ဖြူ အချို့အား ပြည်ပမှတင်သွင်းနေပြီး အာလူးစိုက်ပျိုးမှုမှာလည်း ပြည်တွင်းလိုအပ်ချက် လုံလောက်ရုံမျှသာ စိုက်ပျိုးထုတ်လုပ်နိုင်ကြောင်း၊ အဆိုပါသီးနှံများ၏ တစ်ဧက အထွက်နှုန်းများ အားနည်းနေသဖြင့် အထွက်နှုန်းများတိုးတက်စေရေး စိုက်ပျိုး ထုတ်လုပ်နိုင်သည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များအနေဖြင့် ဆောင်ရွက်ကြစေလို ကြောင်း၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီနှင့် အာလူးတို့သည်နိုင်ငံ့စီးပွားမြှင့်တင်ရေးတွင် ကဏ္ဍတစ်ခုအနေဖြင့် ပါဝင်နေသည်ကိုသိရှိရန်လိုကြောင်း။
ပြည်ပဈေးကွက်ဝင်ဖြစ်သည့် ကော်ဖီနှင့်လက်ဖက်စိုက်ပျိုးထုတ်လုပ်မှုနှင့် ပတ် သက်၍ သေချာသည့် ထုတ်လုပ်မှုများဖြစ်အောင်ဆောင်ရွက်နိုင်မည်ဆိုပါက ဝင်ငွေများ ပိုမိုရရှိစေမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ဆန်၊ ဆီထွက်သီးနှံ၊ ပဲ၊ ဝါ၊ မီးဖိုချောင်သုံးသီးနှံ များ၊ ကော်ဖီနှင့် လက်ဖက်စိုက်ပျိုးခြင်းတို့ကို အောင်မြင်အောင်ဆောင်ရွက်နိုင်မည် ဆို ပါက စိုက်ပျိုးရေးကဏ္ဍကြီးတွင် များစွာပြောင်းလဲသွားနိုင်မည်ဖြစ်ကြောင်း။
မွေးမြူရေးကဏ္ဍနှင့်ပတ်သက်၍လည်း ကြက်၊ ဝက်၊ ဆိတ်၊ နွားနှင့် ငါးတို့သည် မိမိတို့နိုင်ငံတွင် မွေးမြူဖြစ်ထွန်းကြောင်း၊ သို့သော် အသား၊ ငါးများ၏ ဈေးနှုန်းများမှာ မြင့်တက်လျက်ရှိကြောင်း၊ အရေအတွက်များများထုတ်လုပ်နိုင်မှသာ များများရောင်းချ နိုင်မည်ဖြစ်ကြောင်း၊ ဝယ်လိုအားနှင့်ရောင်းလိုအား မျှတအောင်မွေးမြူရန် လိုကြောင်း၊ မွေးမြူရေးလုပ်ငန်းများအတွက် လိုအပ်သည့် တိရစ္ဆာန်အစာများကို ပြည် တွင်းမှ ထွက်ရှိသည့် စိုက်ပျိုးရေးထုတ်ကုန်များဖြင့် အားလုံး ထုတ်လုပ်၍ရကြောင်း၊ အလားတူ ပရိုတင်းဓာတ်ကြွယ်သည့် မြက်များစိုက်ပျိုးနိုင်သည့် မြေနေရာများရှိပြီးဖြစ်ကြောင်း၊ အသား၊ ငါးများ၏ ဈေးနှုန်းများကြီးမြင့်ရခြင်းမှာ ထုတ်လုပ်မှုများအားနည်းခြင်းကြောင့် ဖြစ်ကြောင်း၊ ထို့ကြောင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် စနစ်တကျဆောင် ရွက်ကြစေလိုကြောင်း။
မိမိတို့နိုင်ငံတွင် ပြည်တွင်း၌ထုတ်လုပ်ရန် အခြေခံကောင်းများရှိသော်လည်း ထုတ်လုပ်မှုအားပေးခြင်းမရှိသဖြင့် ပြည်ပမှတင်သွင်းနေရမှုများရှိကြောင်း၊ ဥပမာအား ဖြင့် နို့ထွက်ပစ္စည်းများ၊ စက္ကူများ၊ စက်ဘီးနှင့်ဆိုင်ကယ် တာယာများ၊ ကျွတ်များကို သန်းပေါင်း များစွာတင်သွင်းနေရကြောင်း၊ အလားတူဝါနှင့် ချည်ထည်ပစ္စည်း များကို လည်း တင်သွင်းနေရကြောင်း၊ အဆိုပါပစ္စည်းများကို ယခင်ကပြည်တွင်း၌ ထုတ်လုပ် ခဲ့သော်လည်း ထုတ်လုပ်မှုအားမပေးခဲ့ခြင်းကြောင့် စက်ရုံများရပ်ဆိုင်းခဲ့ရကြောင်း၊ ပြည်တွင်း၌ စက္ကူထုတ်လုပ်ရေးလုပ်ငန်း၊ နို့ထွက်ပစ္စည်းထုတ်လုပ်မှုလုပ်ငန်း၊ ရာဘာ အခြေခံစက်မှုလုပ်ငန်းများနှင့် ချည်ထည်ပစ္စည်းထုတ်လုပ်ခြင်း လုပ်ငန်းများကို တိုးမြှင့်ဆောင်ရွက်ခြင်းဖြင့် စိုက်ပျိုးရေးကဏ္ဍကြီးနှင့် စက်မှုကဏ္ဍကြီးတို့တွင် GDP များတိုးတက်လာမည်ဖြစ်ကြောင်း။
မိမိတို့နိုင်ငံတွင် ကုန်ထုတ်လုပ်မှုများအားနည်းပြီး ရောင်းကုန်များမရှိသဖြင့် ပြည်ပပို့ကုန်အားနည်းပြီး ပြည်ပကုန်သွယ်မှုတွင် နှစ်ပေါင်းများစွာလိုငွေများဖြစ်ပေါ်ခဲ့ ကြောင်း၊ ၂၀၁၁ ခုနှစ်မှ ၂၀၁၆ ခုနှစ်အထိ ကုန်သွယ်မှုလိုငွေ ဒေါ်လာ ၁၂ ဘီလီယံကျော် ရှိခဲ့ကြောင်း၊ အလားတူ ၂၀၁၆ ခုနှစ်မှ ၂၀၂၁ ခုနှစ်အထိ ကုန်သွယ်မှုလိုငွေ ၁၂ ဒသမ ၆၁ ဘီလီယံရှိကြောင်း၊ လိုငွေများကို Non Trade ဝင်ငွေများမှ ရရှိသည့်ငွေများဖြင့် သုံးစွဲခဲ့ခြင်း ဖြစ်သည်ကိုတွေ့ရကြောင်း၊ ဒီမိုကရေစီအစိုးရ ပထမသက်တမ်းနှင့် ဒုတိယသက်တမ်းတွင် နိုင်ငံတကာမှထောက်ပံ့ငွေ၊ ကူညီငွေနှင့်ချေးငွေများရရှိခဲ့ ကြောင်း၊ အဆိုပါရရှိသည့်ငွေများဖြင့် နိုင်ငံတော်၏ နိုင်ငံခြားငွေသုံးစွဲမှုများကို တစ်ဖက် တစ်လမ်းမှ ဖြေရှင်းဆောင်ရွက်သွားသည်ကို တွေ့ရှိရကြောင်း၊ မိမိတို့နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီအစိုးရမှ တာဝန်ယူဆောင်ရွက်ချိန်တွင် နိုင်ငံတကာမှ ပိတ်ဆို့မှု များလုပ် ဆောင်လာကြောင်း၊ ရှိပြီးဖြစ်သည့် နိုင်ငံခြားငွေများသုံးစွဲ ၍မရစေရန်၊ ရရန်ရှိ သည့်ရောင်းကုန်ပစ္စည်းရငွေများ မပေးချေနိုင်စေရန် ပိတ်ဆို့မှုမျိုးစုံဖြင့်ဆောင်ရွက် လာကြောင်း၊ မိမိတို့အနေဖြင့် ပို့ကုန်များမရှိဘဲ လိုသမျှကိုမှာယူအသုံးပြုနေမည် ဆိုပါက နိုင်ငံခြားငွေလိုအပ်မှုများလာမည်ဖြစ်သဖြင့် ကုန်ထုတ်လုပ်မှု လုပ်ငန်းများမှ ရနိုင်သမျှထုတ်လုပ်နိုင်ရေး တာဝန်ရှိသည်ကိုပြောကြားလိုကြောင်း။
အသုံးစရိတ်ချွေတာရေးနှင့် ပတ်သက်၍ မဖြစ်မနေသုံးစွဲရန်လိုအပ်သည်များမှ အပ ချွေတာသုံးစွဲကြစေလိုကြောင်း၊ ဖြုန်းတီးမှုများမဖြစ်စေရေး အသုံးစရိတ်များကို စနစ်တကျဖြင့် သုံးစွဲကြရန်လိုကြောင်း၊ အသေးစိတ်မှစ၍ ခြိုးခြံချွေတာနိုင်မှသာ ပြည် တွင်းလိုငွေပြမှုနှင့် နိုင်ငံခြားငွေ လိုငွေပြမှုများကို လျှော့ချနိုင်မည်ဖြစ်ကြောင်း၊ ထို့ ကြောင့် ပြည်ပမှဝယ်ယူသုံးစွဲခြင်းထက် ပြည်တွင်းဖြစ် ထုတ်ကုန်များကို အသုံးပြုရန် လိုကြောင်း။
မြေပေါ်မြေအောက် သယံဇာတများ ထုတ်ယူသုံးစွဲခြင်းနှင့်ပတ်သက်၍ မြေ အောက်သယံဇာတများထုတ်ယူသုံးစွဲခြင်းကို တတ်နိုင်သမျှ ထိန်းသိမ်းဆောင်ရွက် လျက်ရှိကြောင်း၊ သို့သော် တရားမဝင်နည်းလမ်းများဖြင့် ထုတ်ယူသုံးစွဲနေမှုများလည်း ရှိကြောင်း၊ မြေပေါ်သယံဇာတများဖြစ်သည့် သစ်များကိုလည်း တရားမဝင်ခိုးထုတ် ၍ ပြည်ပသို့တင်ပို့ရောင်းချနေမှုများလည်းရှိကြောင်း၊ပြည်တွင်းမှထွက်ရှိသည့် သယံဇာတ များကို တရားမဝင်နည်းလမ်းများဖြင့် ထုတ်ယူပြီး ပြည်ပသို့မှောင်ခိုတင်ပို့ နေခြင်း ကြောင့် နိုင်ငံတော်၏ အခွန်ငွေရရှိမှုများကို များစွာထိခိုက်စေလျက်ရှိကြောင်း၊ ထိုသို့ ဆောင်ရွက်နေမှုများကိုလည်း တာဝန်ရှိသူများအနေဖြင့် စနစ်တကျထိန်းသိမ်း ဆောင် ရွက်ရန်လိုကြောင်း၊ နယ်စပ်ကုန်သွယ်ရေးတွင် အိမ်နီးချင်းကောင်းပီသစွာဖြင့် မှန်မှန် ကန်ကန်ဆောင်ရွက်သွားရန်လိုကြောင်း။
ပြည်တွင်းစီးပွားရေးနှင့် ပတ်သက်၍ မှန်မှန်ကန်ကန်ဆောင်ရွက်ရန်နှင့် ကုန် ထုတ် လုပ်မှုများကို အားပေးဆောင်ရွက်ရန်လိုကြောင်း၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အစိုးရများအနေဖြင့် ကုန်ထုတ်လုပ်မှုများဆောင်ရွက်ရာတွင် အပိုင်းနှစ်ပိုင်းဖြင့် ဆောင် ရွက်သွားရန်တိုက်တွန်းလိုကြောင်း၊ ဒေသအလိုက်ကုန်ထုတ်လုပ်မှု မြှင့်တင်ရေး၌ ဒေသတွင်းစားသုံးမှု၊ နိုင်ငံတွင်းစားသုံးမှုအတွက် ဖူလုံအောင်ထုတ်လုပ်ခြင်းနှင့် ပြည်ပ ပို့ကုန်အတွက်ထုတ်ခြင်းတို့ကိုဆောင်ရွက်ရာတွင် ပြည်တွင်းထုတ်လုပ်မှုအတွက် အ သေချာဆုံးဖြစ်သည့် စိုက်ပျိုးရေးလုပ်ငန်းနှင့် မွေးမြူရေးလုပ်ငန်းများ မှကုန်ထုတ်လုပ် ခြင်းကို တိုင်းဒေသကြီးနှင့်ပြည်နယ်များအလိုက် မဖြစ်မနေ တိုးမြှင့်ဆောင်ရွက်သွား ရန်လိုကြောင်း၊ သွင်းကုန်အစားထိုးထုတ်လုပ်ခြင်းအနေဖြင့် စက္ကူ၊ ရာဘာပစ္စည်း၊ နို့ထွက်ပစ္စည်း၊ ချည်ထည်ပစ္စည်း စသည့်ပစ္စည်းများကို ပြည်တွင်း၌တတ်နိုင်သမျှ ထုတ်လုပ်နိုင်ရေးကြိုးပမ်းဆောင်ရွက်ရန်လိုကြောင်း။
စိုက်ပျိုးရေးလုပ်ငန်းများအတွက် အဓိကလိုအပ်သည့် ဓာတ်မြေဩဇာများရရှိရေး အတွက် ထိုက်သင့်သလောက် ပြည်ပမှတင်သွင်းပေးမည်ဖြစ်ကြောင်း၊ ဓာတ်မြေဩဇာ များရရှိရေးဆောင်ရွက်သကဲ့သို့ သဘာဝမြေဩဇာများ၊ ဇီဝမြေဩဇာများဖြင့် သုံးစွဲရေးအတွက်လည်း ဆောင်ရွက်ကြရန်လိုကြောင်း၊ ပြည်တွင်း၌ဓာတ်မြေဩဇာများ ထုတ်လုပ်ရေးအတွက် လည်းစီစဉ်ဆောင်ရွက်လျက်ရှိကြောင်း၊ လျှပ်စစ်ဓာတ်အား လိုအပ်ချက်နှင့်ပတ်သက်၍ ယခင်အစိုးရသက်တမ်းကာလတွင် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေး စီမံကိန်းများ အကြောင်းအမျိုးမျိုးကြောင့် ဆိုင်းငံ့ခြင်းနှင့် ဖျက်သိမ်းခြင်း များကို ပြုလုပ်ခဲ့သဖြင့် လက်ရှိအချိန်တွင် မိမိတို့နိုင်ငံတွင် လျှပ်စစ်ဓာတ်အား လုံလောက်စွာရရှိမှု မရှိသေးကြောင်း၊ အလားတူ လျှပ်စစ်ဓာတ်အားပေးလုပ်ငန်းများ ကိုလည်း အဖျက်အမှောင့်လုပ်ရပ်များ ဆောင်ရွက်နေခြင်းကြောင့် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးမှုများကို ထိခိုက်စေလျက်ရှိကြောင်း၊ ထို့ကြောင့်မိမိတို့အနေဖြင့် အသေးစားရေ အားလျှပ်စစ် ဓာတ်အားထုတ်လုပ်ခြင်း လုပ်ငန်းများဆောင်ရွက်ရန်၊ နေရောင်ခြည် စွမ်းအင်သုံး လျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်းလုပ်ငန်းများဆောင်ရွက်၍ သုံးစွဲနိုင်ရေး ကြိုးပမ်း ဆောင်ရွက်ကြမည်ဆိုပါက လျှပ်စစ်ဓာတ်အားလိုအပ်ချက်ကို တစ်ဖက် တစ်လမ်းမှ ဖြည့်ဆည်းပေးနိုင်မည်ဖြစ်ကြောင်း၊ အလားတူ စပါးခွံလောင်စာသုံး Gasifires Power သုံးစွဲ၍ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်းလုပ်ငန်းများကိုလည်း ဆောင်ရွက်၍ရကြောင်း၊ မိမိတို့နိုင်ငံတွင် ရေချိုများပေါများစွာရှိပြီး စိုက်ပျိုးရေး အတွက်လိုအပ်သည့် ရေများကို မြစ်ရေတင်လုပ်ငန်းများဖြင့် ဆောင်ရွက်ရန် လိုကြောင်း။
ထုတ်ကုန်ပစ္စည်းများနှင့်ပတ်သက်၍ ဈေးကွက်သုတေသန၊ ထုတ်လုပ်မှု သုတေ သနများ ပြုလုပ်ထားရန်လိုကြောင်း၊ ပြည်ပလိုအပ်ချက်ရှိသည့် ထုတ်ကုန်များထုတ် လုပ် နိုင်ရန်နှင့် ပို့ကုန်ပစ္စည်းများ အရည်အသွေးကောင်းမွန်စွာဖြင့် အရည်အတွက် များများထုတ်လုပ်နိုင်ရေး သုတေသနလုပ်ငန်းများပြုလုပ်ရန်လိုကြောင်း၊ ဈေးကွက် သုတေသနကိုလည်း အမြဲမပြတ်ဆောင်ရွက်ရန်လိုကြောင်း၊ ထို့ကြောင့်မိမိတို့အနေဖြင့် စိုက်ပျိုးထုတ်လုပ်နေသည့် ထွက်ကုန်ပစ္စည်းများအရည်အသွေးကောင်းမွန်စေရေး အမြဲ မပြတ်သုတေသနပြုဆောင်ရွက်နေရန် တာဝန်ရှိကြောင်း၊ မိမိတို့နိုင်ငံတွင် ကုန်ထုတ် လုပ်ခြင်းထက် ဝယ်ရောင်းလုပ်ငန်းများဆောင်ရွက်သည်မှာ ပိုမိုများပြားကြောင်း၊ တရားမဝင်ကုန်သွယ်မှုများနှင့် သယံဇာတပစ္စည်းများတရားမဝင်ထုတ်လုပ်ခြင်းများ သည် မိမိတို့နိုင်ငံစီးပွားရေး၏ ထိုးနှက်ချက်များဖြစ်ကြောင်း။
ခိုင်မာသည့်ဝင်ငွေများရရှိနိုင်သည့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများဆောင်ရွက်၍ ရောင်းကုန်ပစ္စည်းများရရှိအောင် တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များအနေဖြင့် ကြိုးပမ်းဆောင် ရွက်ကြမည်ဆိုပါက လက်ရှိဖြစ်ပွားနေသည့် ကုန်ဈေးနှုန်းကြီးမြင့်မှု ကိုလျှော့ချနိုင်သကဲ့သို့ နိုင်ငံခြားပို့ကုန်များပြားလာပါက ထုတ်လုပ်မှုကြောင့် နိုင်ငံခြား ငွေများ တိုးတက်လာနိုင်သည်ကိုတွေ့ရှိရကြောင်း၊ ထို့ကြောင့် ယခုအချိန်တွင် နိုင်ငံချစ်စိတ်ဖြင့် စီးပွားရေးတိုးတက်အောင်၊ ကုန်ထုတ်လုပ်မှုများတိုးတက်အောင်၊ အသုံးစရိတ်များလျှော့ချနိုင်အောင် ကြိုးပမ်းဆောင်ရွက်ကြရန်လိုကြောင်း၊ ယခုအစည်း အဝေးမှ နိုင်ငံစီးပွားရေးမြှင့်တင်ရေးနှင့် ပတ်သက်၍ အကြောင်းအရာများအလိုက် ဖော်ထုတ်ချက်များရရှိပြီး ဆက်လက်အကောင်အထည် ဖော်ဆောင်ရွက်ခြင်းများကို ပြုလုပ်နိုင်မည်ဖြစ်ကြောင်းဖြင့် မှာကြား သည်။
ထို့နောက် ဒုတိယဝန်ကြီးချုပ်နှင့် စီမံဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးဝင်းရှိန်က နိုင်ငံ့စီးပွားမြှင့်တင်ရေး ဆောင်ရွက်ရာတွင် လက်ရှိဖြစ်ပေါ် နေသည့် အကန့်အသတ်များနှင့် ဖြေရှင်းဆောင်ရွက်ရမည့် နည်းလမ်းများ၊ ၂၀၂၀ – ၂၀၂၁ ဘဏ္ဍာရေး နှစ်မှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် (မတ်လကုန်)ထိ ကဏ္ဍအလိုက် ဂျီဒီပီတိုးတက်မှု၊ လယ်ယာ၊ စက်မှု၊ ဝန်ဆောင်မှု စသည့်ကဏ္ဍကြီး ၃ ရပ် တိုးတက်မှု၊ ရန်ပုံငွေ အမျိုးအစားအလိုက် ဆောင်ရွက်နေမှုများ၊ နိုင်ငံ့စီးပွား မြှင့်တင်ရေးရန်ပုံငွေမှ မတည်ထောက်ပံ့ငွေ ထုတ်ချေးပြီးစီးမှု၊ ငွေကြေးဖောင်းပွမှု၊ ရငွေ၊ အသုံးစရိတ်နှင့် ကြွေးမြီ၊ ရငွေတိုးတက်ရရှိရေးနှင့် နိုင်ငံတော်ပိုင် စီးပွားရေးလုပ်ငန်းများ၏ စီမံခန့်ခွဲမှု အားကောင်းရေး ကိစ္စရပ်များကို ရှင်းလင်း တင်ပြသည်။
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ် ဝန်ကြီးချုပ်များက နေပြည်တော်ကောင်စီနယ်မြေ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များ အတွင်းရှိမြို့နယ်များ၊ ကျေးရွာများ ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်နေမှု၊ နိုင်ငံ့စီးပွား မြှင့်တင်ရေးရန်ပုံငွေဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုး တက်ရေးဆောင်ရွက်နေမှု၊ သီးနှံအလိုက် အထွက်နှုန်း တိုးတက်ရေးနှင့် ဒေသအတွင်း စားရေရိက္ခာဖူလုံရေး ဆောင်ရွက်ထားရှိမှု၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ တိုးချဲ့ ဆောင်ရွက်သွားရေးနှင့် ပြည်တွင်းထုတ်ကုန်များ တိုးမြှင့်ထုတ်လုပ်နိုင်ရေး ဆောင်ရွက် နေမှု၊ ပြည်ပသို့ ပို့ကုန်များတိုးမြှင့်တင်ပို့နိုင်ရေးနှင့် ဈေးကွက်ရရှိရေး ဆောင်ရွက်နေမှု၊ ရေထွက်ပစ္စည်း ထုတ်လုပ်နိုင်မှုနှင့် နိုင်ငံခြားဝင်ငွေရရှိမှု၊ KG + 9 ပြီးမြောက်သူများ တက်ရောက်နိုင်သည့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးသင်တန်းကျောင်းများ ဖွင့်လှစ် သင်ကြားပေးနေမှု အခြေအနေများကို ရှင်းလင်းတင်ပြကြသည်။
ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များ၊ ပြည်ထောင်စု ဝန်ကြီးများနှင့် တပ်မတော်အရာရှိကြီးများက နိုင်ငံတော်ပိုင်စီးပွားရေးလုပ်ငန်းများ၊ စက်ရုံများကို စီးပွားရေးအရတွက်ချေကိုက်အောင် ပြုပြင်ပြောင်းလဲဆောင်ရွက်သွား ရေး၊ ဈေးကွက်စီးပွားရေးစနစ် ပိုမိုကောင်းမွန်စေရေးနှင့် ကုန်စည်စီးဆင်းမှု ပိုမိုမြန်ဆန် ရေး၊ ဈေးကွက်ယှဉ်ပြိုင်မှု မျှတအောင် တရားမဝင်ကုန်သွယ်မှုများ ထိန်းချုပ်ရေး၊ ကုန်စည်စီးဆင်းမှုနှင့် ငွေကြေးစီးဆင်းမှု မှန်ကန်စေရေး၊ ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံ မှုလုပ်ငန်းများ တိုးချဲ့ဆောင်ရွက်ရေး၊ MSME လုပ်ငန်းများကို ကူညီပံ့ပိုးဆောင်ရွက် ရေး၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် အထွက်နှုန်းတိုးတက် ရေးအတွက် လိုအပ်သည့်ရင်းနှီးမတည်ငွေများ၊ မျိုးကောင်းမျိုးသန့်များ၊ သွင်းအား စုများ၊ နည်းပညာများ ထိရောက်စွာ ကူညီပံ့ပိုးဆောင်ရွက်ရေး၊ ပို့ကုန်မြှင့်တင်ရေးနှင့် သွင်းကုန်အစားထိုး ထုတ်လုပ်နိုင်မည့်လုပ်ငန်းများ ဦးစားပေးဆောင်ရွက်ရေး၊ တပ်မတော်စက်ရုံအလုပ်ရုံများမှ ထုတ်ကုန်များထုတ်လုပ်ရောင်းချပေးမှုနှင့် တပ်ပိုင် စိုက်ပျိုး မွေးမြူရေးလုပ်ငန်းများဆောင်ရွက်၍ ပြည်သူများသို့ သက်သာသောဈေးနှုန်း များဖြင့်ရောင်းချပေးလျက်ရှိမှုအခြေအနေများကို ဆွေးနွေးတင်ပြကြသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ဖြည့်စွက်ပြောကြားရာတွင် ဆီထွက်သီးနှံနှင့်ပတ်သက်၍ ပြည်ပသို့ မြေပဲနှင့် နှမ်းများ တင်ပို့ခဲ့ကြောင်း၊ မြေပဲနှင့်နှမ်းများကို ပြည်တွင်း၌ဆီထုတ်လုပ်ခြင်းဆောင်ရွက် မည်ဆိုပါကပြည်တွင်းဆီဖူလုံမှုကို အထောက်အကူပြုမည်ဖြစ်သကဲ့သို့ ထွက်ရှိလာ သည့် ကြိတ်ဖတ်များကိုလည်း တိရစ္ဆာန်အစားအစာများဖြင့်ထုတ်လုပ်နိုင်ကြောင်း၊ အလားတူ စက်ဘီးနှင့် မော်တော်ဆိုင်ကယ်များ၏ တာယာနှင့် ကျွတ်များကိုလည်း များစွာတင်သွင်းခဲ့ရကြောင်း၊ အဆိုပါတာယာနှင့်ကျွတ်များကို ပြည်တွင်း၌ ထုတ်လုပ်၍ ရသဖြင့် တိုင်းဒေသကြီးနှင့် ပြည်နည်အလိုက် စဉ်းစားဆောင်ရွက်ကြစေလိုကြောင်း၊ နယ်စပ်ဒေသကုန်သွယ်မှုများမှ နိုင်ငံ့ဝင်ငွေကိုထိခိုက်စေမှုများဖြစ်သည့် မသမာသည့် ကုန်သွယ်မှုများဖြစ်ပေါ်နေမှုအပေါ် စနစ်တကျဖြင့်ကြပ်မတ် ဆောင်ရွက်ကြရန် လိုကြောင်း၊ လုပ်ငန်းများဆောင်ရွက်ရာတွင် တာဝန်ရှိသူများအားလုံးအနေဖြင့် မှန်မှန် ကန်ကန်ဖြင့်တင်ပြဆောင်ရွက်ကြရန်လိုကြောင်းဖြင့်မှာကြားသည်။
ယင်းနောက်နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က နိဂုံးချုပ်အမှာစကားပြောကြားရာတွင် နိုင်ငံပိုင်စက်ရုံအလုပ်ရုံများအား အကျိုး အမြတ်ရှိစွာဖြင့် လည်ပတ်နိုင်ရေး ဆောင်ရွက်ရန် တိုက်တွန်းပြောကြားလိုကြောင်း၊ ပုဂ္ဂလိကမှ ဆောင်ရွက်နိုင်ခြင်းမရှိသည့် စက်ရုံအလုပ်ရုံများကို ဆောင်ရွက်ရာတွင် လည်း မှန်မှန်ကန်ကန်ဖြင့် ကိုယ်ကျိုးအတွက်မကြည့်ဘဲဆောင်ရွက်ရန်လိုကြောင်း၊ မိမိတို့နိုင်ငံသည် စိုက်ပျိုးရေးနှင့်မွေးမြူရေးကိုအခြေခံသည့်ကုန်ထုတ်လုပ်မှုကိုဆောင် ရွက်ရခြင်းဖြစ်ကြောင်း၊ စိုက်ပျိုးမွေးမြူရေးထုတ်ကုန်များသည် MSME လုပ်ငန်းများ အတွက်သေချာသည့် ကုန်ကြမ်းများဖြစ်ကြောင်း၊ အဆိုပါကုန်ကြမ်းများကို အကျိုးရှိ စွာအသုံးချ၍ အရည်အသွေးကောင်းမွန်သည့် ထုတ်ကုန်များထုတ်လုပ်နိုင်ရန်လို ကြောင်း၊ ဒေသစီးပွားရေးမြှင့်တင်ရေးအတွက် ရင်းနှီးမြှုပ်နှံငွေများကိုထုတ်ပေးထား ပြီဂ အများအတွက် အကျိုးရှိစေရေး စနစ်တကျအသုံးချရန်လိုကြောင်း၊ နိုင်ငံ့စီးပွားမြှင့် တင်ရေးလုပ်ငန်းဖြစ်သည့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများကိုဆောင်ရွက်နိုင်ရန်အတွက် လူသားအရင်းအမြစ်များကိုလည်း မွေးထုတ်ပေးနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း၊ ထိုသို့ဆောင်ရွက်ပေးခြင်းမှာ တိုင်းပြည်၏အနာဂတ်တိုးတက်ရေးအတွက်ပင်ဖြစ် ကြောင်း၊ အတန်းပညာရှိမှသာ အတတ်ပညာများတတ်မြောက်မည်ဖြစ်သဖြင့် စိုက်ပျိုး မွေးမြူရေး၊ စက်မှုနှင့် နည်းပညာ သင်တန်းကျောင်းများကို ဖွင့်လှစ်သင်ကြား ပေးခြင်း ဖြစ်ကြောင်း၊ လူသားအရင်းအမြစ်ပေါများကြွယ်ဝစွာရရှိရေးမှာအရေးကြီးကြောင်း၊ ထို့ကြောင့်ကျောင်းနေအရွယ် ကလေးငယ်များအားလုံး ကျောင်းတက်ရောက်ပြီး အတန်းပညာရရှိရေးနှင့် အတတ်ပညာများရရှိရေး တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီး ချုပ်များအားလုံးက ဝိုင်းဝန်ကြိုးပမ်း ဆောင်ရွက်ကြစေလိုကြောင်းဖြင့်မှာကြားခဲ့ ကြောင်းသတင်းရရှိသည်။