နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရခိုင်ပြည်နယ်၊ စစ်တွေမြို့အတွင်း ပြန်လည်ထူ‌ထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများကို သွားရောက်ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များ လမ်းညွှန်မှာကြား

နေပြည်တော်၊ ဇူလိုင် – ၁၀

နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ယနေ့နံနက်ပိုင်းတွင် ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယ ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကောင်စီဝင် ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ဒေါက်တာ အောင်ကျော်မင်း၊ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ ပြည်ထောင်စုဝန်ကြီးများ၊ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊လေ)၊  ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများနှင့် တာဝန် ရှိသူများ လိုက်ပါ၍ သဘာဝဘေးအန္တရာယ်ကျရောက်ခဲ့သည့် ရခိုင်ပြည်နယ်၊ စစ်တွေမြို့ သို့ သွားရောက်ပြီး ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများ ကို ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ လမ်းညွှန်မှာကြားသည်။

စစ်တွေမြို့တွင်းနှင့် ရှုခင်းသာလမ်းတစ်လျှောက် သန့်ရှင်းသာယာရေး

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင် များသည် စစ်တွေမြို့လေဆိပ်သို့ ရောက်ရှိကြပြီး စစ်တွေမြို့အတွင်းနှင့် ရှုခင်းသာ လမ်း တစ်လျှောက် မော်တော်ယာဉ်များဖြင့် လှည့်လည်ကြည့်ရှုကာ ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်ထားရှိမှုများကို ကြည့်ရှုစစ်ဆေးသည်။ ထို့နောက် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်အား ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့် နှင့် တာဝန် ရှိသူများက စစ်တွေမြို့ View Point နေရာ၌ ရှုခင်းသာလမ်းတစ်လျှောက် ဆိုင်ကလုန်း မုန်တိုင်း(မိုခါ) တိုက်ခတ်စဉ် ပျက်စီးခဲ့သည့်နေရာများအား ဦးစားပေးအလိုက် ပြင်ဆင် ရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။

ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်က ပြန်လည်ပြင်ဆင်ရေးနှင့် ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရာ၌ လတ်တလောငွေကြေးကုန်ကျမှုများထက် ဒေသ၏ရေရှည်အကျိုးကို ကြည့်၍ ဆောင်ရွက် ရန်လိုကြောင်း၊ ရှုခင်းသာလမ်းကို ပင်လယ်ကမ်းစပ်တစ်လျှောက်လုံး မြို့ပတ်လမ်းအဖြစ် ဆောင်ရွက်သွားရန်၊ ယာဉ်သွားလမ်းနှင့် ပလက်ဖောင်းများ စနစ် တကျဖြစ်အောင်ဆောင် ရွက်သွားရန်နှင့် မော်တော်ကားလမ်းအကျယ်နှင့်လူသွားလမ်း ပလက်ဖောင်းအကျယ် တို့ကိုလည်းပြည်သူများအန္တရာယ်ကင်းစွာ သွားလာနိုင်ရေး စနစ်တကျတွက်ချက်ကာ တိုးချဲ့ဆောင်ရွက်သွားရန်လိုကြောင်း၊ မြို့ပတ်လမ်းတစ်လျှောက်၌ ကျန်းမာကြံ့ခိုင်ရေး အတွက် ကိုယ်လက်လှုပ်ရှားအားကစားများ ဆောင်ရွက်ရန်နေရာများ၊ ပင်လယ်ကမ်းစပ် သို့ ဆင်းနိုင်သည့်နေရာများကိုလည်း ထည့်သွင်းတည်ဆောက် သွားရန်လိုကြောင်း၊ ရေစီးရေလာများ ကောင်းမွန်စေရေးရေနုတ်မြောင်းများ  စနစ်တကျရှိရန်လိုသကဲ့သို့ မြေသားများနှင့် သဲနုန်းများလမ်းပေါ်၌ တင်ကျန်နေပါက လမ်း၏ ရေရှည်ကြံ့ခိုင်မှုကို ထိခိုက်စေနိုင်သဖြင့် သန့်ရှင်းရေးမပြတ်ဆောင်ရွက်သွားရန်လိုကြောင်းနှင့် အခြားလိုအပ် သည်များကို လမ်းညွှန်မှာကြားသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် စစ်တွေမြို့ View Point နေရာအား လှည့်လည်ကြည့်ရှုစစ်ဆေးကာ ယခင်အတိုင်း သန့်ရှင်းသာယာလှပမှုရှိစေရေး ပြန်လည်ဆောင်ရွက်သွားရန်လိုအပ်သည် များကို မှာကြားခဲ့ပြီး ရှုခင်းသာလမ်းတစ်လျှောက် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများကို လိုက်လံကြည့်ရှုစစ်ဆေးသည်။

ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးပစ္စည်းများဖြန့်ခွဲနေမှု ကြည့်ရှု အားပေး၊ ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်

ဆက်လက်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် နှင့် အဖွဲ့ဝင်များသည် ဘက်စုံသုံးဆိပ်ကမ်း၌ MV ROYAL VENUS သင်္ဘောနှင့် Fortune သင်္ဘောပေါ်မှ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင် အသုံး ပြုမည့်ပစ္စည်းများကို လူအင်အား၊ စက်ယန္တရားအင်အားများ အသုံးပြု၍ သဘာဝဘေး ဒဏ်သင့် ဒေသများသို့ ဖြန့်ခွဲပေးရန်ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ လမ်းညွှန်မှာကြားသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင် ဝိုင်းဝန်းကူညီ ဆောင်ရွက်နေကြသည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များကို တွေ့ဆုံအားပေးစကားပြောကြား ပြီး ဂုဏ်ပြုချီးမြှင့်ငွေများကိုပေးအပ်ရာ တာဝန်ရှိသူတစ်ဦးက လက်ခံရယူသည်။

ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့မှု နှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိမှု အခြေအနေများကို အသီးသီး ရှင်းလင်းတင်ပြ

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်အား  ပြည်နယ်အစိုးရအဖွဲ့ရုံး၌ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက ရခိုင်ပြည်နယ် အတွင်း ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်များနှင့်အညီ အပိုင်း လိုက်ခွဲ၍ အကောင်အထည်ဖော်ဆောင်ရွက်နေမှု၊  လမ်းပန်းဆက်သွယ်မှုများ ပြန်လည် ကောင်းမွန်ရေး ဆောင်ရွက်လျက်ရှိမှု၊ အခြေခံပညာကျောင်းများ ပြန်လည်ပြုပြင်ပြီးစီးမှု၊ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများအတွက် ဆေးရုံဝန်ထမ်းများ၊ သူနာပြုများနှင့် ကြက်ခြေနီအဖွဲ့များဖြင့် ဆောင်ရွက်လျက်ရှိမှု၊ ရုပ်သံလိုင်းများကောင်းမွန်ရေး ဆောင်ရွက် ပြီးစီးမှု၊ ပြန်လည်ထူထောင်ရေးအတွက် တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဝင်များနှင့် ကြက်ခြေနီတပ်ဖွဲ့ဝင်များပူးပေါင်းဆောင်ရွက်လျက်ရှိမှု၊ သောက်သုံးရေရရှိရေးဆောင်ရွက် ပေးထားမှု၊ တိုင်းဒေသကြီးအစိုးရအဖွဲ့မှ အသား၊ ငါး၊ ဥ စသည့် မွေးမြူရေး ထုတ်ကုန် များကို သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးလျက်ရှိမှုနှင့် တပ်မတော်မှလည်း  သက်သာသောဈေးနှုန်းများဖြင့် ရောင်းချပေးလျက်ရှိမှု၊ ပင်လယ်ကမ်းစပ် တစ်လျှောက် လေကာပင်များစိုက်ပျိုးလျက်ရှိမှုနှင့် ထပ်မံတိုးချဲ့စိုက်ပျိုးနိုင်ရေး လျာထားဆောင်ရွက် လျက်ရှိမှု၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို တပ်မတော်အရာရှိကြီးများ၊ ပြည် ထောင်စုဝန်ကြီးများမှ အနီးကပ်ကြပ်မတ်ဆောင်ရွက်ခဲ့မှုနှင့် လုပ်ငန်းကော်မတီများ ဖွဲ့ စည်းဆောင်ရွက်လျက်ရှိမှု၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီး ချုပ်၏ညွှန်ကြားချက်အတိုင်း မုန်တိုင်းဒဏ်သင့်ပြည်သူများ စားသောက်နေထိုင်ရေးနှင့် ပညာသင်ကြားနိုင်ရေး၊ ဘာသာရေးဆိုင်ရာ အဆောက်အဦများ ပြန်လည်ထူထောင်ရေး အတွက် ပြန်လည်ထူထောင်ရေးပစ္စည်းများကို တပ်မတော်ရေယာဉ်၊ လေယာဉ်များ၊ ပုဂ္ဂလိက ရေယာဉ်များဖြင့် ပို့ဆောင်လျက်ရှိမှုအခြေအနေများ၊ စားရေရိက္ခာပြတ်လတ်မှု မရှိရေး အခြေခံစားသောက်ကုန်များ၊ သောက်သုံးရေများနှင့် အမယ်စုံများကို ဒေသခံပြည် သူများထံ ဖြန့်ဝေပေးခဲ့မှု၊ မုန်တိုင်းသင့်ပြည်သူများအား အပိုင်းလိုက်ခွဲ၍ အမှန်တကယ် လိုအပ်သည့် ပြည်သူများထံ ထောက်ပံ့ရေးပစ္စည်းများရောက်ရှိရေး စီမံဆောင်ရွက်ထား ရှိမှု၊ မုန်တိုင်း သင့် ပြည်သူများ၏ နေအိမ်များပြန်လည်ပြုပြင်နိုင်ရေးအတွက် လိုအပ်သည့် သစ်၊ သံ၊ သွပ်၊ တာပေါ်လင်စများကို အချိန်နှင့်တစ်ပြေးညီ ဖြန့်ဝေပေးခဲ့မှုနှင့် လိုအပ်ချက်များ ရှိနေသေးသည့် အခြေအနေများ၊ ပညာရေးကဏ္ဍပြန်လည်ထူထောင် ရေးအတွက် စစ်တွေ တက္ကသိုလ်၊ ကွန်ပြူတာ တက္ကသိုလ်၊ အစိုးရသိပ္ပံနှင့် အခြေခံပညာ ကျောင်းများ ပြန်လည်ပြင်ဆင်ရေး ဆောင်ရွက်လျက်ရှိမှု၊ ၂၀၂၃-၂၀၂၄ ခုနှစ် ပညာသင် နှစ်တွင် အဆင့်မြင့် ပညာကျောင်းများနှင့် အခြေခံပညာကျောင်းများ၌ ကျောင်းသား၊ ကျောင်းသူများ ပြန်လည်တက်ရောက်လျက်ရှိမှု၊ ကျန်းမာရေးကဏ္ဍနှင့်ပတ်သက်၍ မြို့နယ် ၁၇ မြို့နယ်တွင် ပျက်စီးမှုဖြစ်ပေါ်ခဲ့သည့် ကျန်းမာရေးဆိုင်ရာ အဆောက်အဦ များကို ပြန်လည်ပြုပြင်လျက်ရှိမှု၊ ကျန်းမာရေးဆိုင်ရာ အထောက်အကူပြု စက်ပစ္စည်းများ ရောက်ရှိဖြန့်ခွဲထားရှိမှု၊ ပြည်သူလူထုကို ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင် ရွက်ပေးလျက်ရှိမှု၊ မိုခါမုန်တိုင်းကြောင့်ပျက်စီးသွားသည့် သာသနာရေးဆိုင်ရာ အဆောက် အဦများ ပြန်လည်ပြင်ဆင်ဆောင်ရွက်ပေးလျက်ရှိမှုနှင့် လိုအပ်သည့်ဆောက်လုပ်ရေး ပစ္စည်းများ၊ ဆွမ်း ဆန်တော်၊ ဆီနှင့် အခြားလိုအပ်သည်များကို လှူဒါန်းဆောင်ရွက်ခဲ့မှု၊ စေတီပုထိုးများ ပြန်လည်ပြုပြင်ရေးအတွက် စီမံဆောင်ရွက်လျက်ရှိမှု၊ နိုင်ငံတော်မှ ပေးအပ်ထားသည့် သဘာဝဘေးအန္တရာယ်ပြန်လည်ထူထောင်ရေးအတွက် ထောက်ပံ့ပေး အပ်ထားသည့် ထောက်ပံ့ငွေများကို ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်း များတွင် သုံးစွဲလျက်ရှိမှု၊ ရခိုင်ပြည်နယ်အတွင်းမှ လှူဒါန်းသည့် အလှူငွေများကိုလည်း စနစ်တကျဖြင့် စီမံဆောင်ရွက်လျက်ရှိမှု၊ ဆက်သွယ်ရေးကဏ္ဍနှင့်ပတ်သက်၍ ပြန်လည် ပြုပြင်ရေး လုပ်ငန်းများဆောင်ရွက်ပြီးစီးမှု၊ ဆက်သွယ်ရေးအော်ပရေတာများမှ လူထု အကျိုးပြု လုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိမှု၊ လျှပ်စစ်ကဏ္ဍနှင့်ပတ်သက်၍ လျှပ်စစ် ဓာတ်အား ဖြန့်ဖြူးပေးနိုင်ရေး ပြုပြင်ဆောင်ရွက်ပြီးစီးမှုနှင့် ဖြန့်ဖြူးလျက်ရှိမှု၊ ကျေးရွာ များ လျှပ်စစ်ဓာတ်အားရရှိရေး ပြန်လည် ပြုပြင်ဆောင်ရွက်လျက်ရှိမှု၊ မိုးစပါးများ စိုက်ပျိုးထားရှိမှုနှင့် တစ်ဧကအထွက်နှုန်းများ တိုးတက်ရေးဆောင်ရွက်ထားရှိမှု၊ ရခိုင် ပြည်နယ်သို့ မျိုးစပါးများရောက်ရှိမှုနှင့် ပြန်လည် ဖြန့်ဝေးပေးလျက်ရှိမှု၊ ရောက်ရှိလာ သည့် လယ်ယာသုံးစက်ကိရိယာများကို မြို့နယ်များအလိုက် ဖြန့်ခွဲပေးထားမှု၊ မွေးမြူရေး ဆိုင်ရာနှင့်ပတ်သက်၍ မုန်တိုင်းသင့်ဒေသများသို့ ပြန်လည်ဖြန့်ဖြူးပေးနိုင်ရန်အတွက် လိုအပ်သည့် ကျွဲ၊ နွားများ ဝယ်ယူရရှိရေးဆောင်ရွက်လျက်ရှိမှု၊ မြစိမ်းရောင်စီမံကိန်းဖြင့် ကျေးရွာများဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်လျက်ရှိမှု၊ မိုခါမုန်တိုင်း တိုက်ခတ်မှုကြောင့် ငါးဖမ်းစက်လှေများပျက်စီးခဲ့မှု၊ ရေချိုသားဖောက်စခန်းများ ပြန်လည် ပြင်ဆင်ဆောင်ရွက် နိုင်ရန် လိုအပ်သည့် အခက်အခဲများကို ဖြေရှင်းပေးနိုင်ရေး ပူးပေါင်းဆောင်ရွက်လျက်ရှိမှု၊ ငါးမွေးမြူရေးတောင်သူများကို ငါးမျိုးများဖြန့်ခွဲပေးလျက်ရှိမှုနှင့် ငါး၊ ပုစွန် မျိုးများကို ပြည့်ဝစွာရရှိနိုင်ရေး သားဖောက်စခန်းများကို ပြန်လည်ပြင်ဆင်ဆောင်ရွက်လျက်ရှိမှု၊ မုန်တိုင်းကြောင့်ပျက်စီးခဲ့သည့် သစ်ပင်များ ပြန်လည်စိုက်ပျိုးရေးအတွက် ရတနာ တန်း ဝင်ပင်များ၊ အရိပ်ရလေကာပင်များ၊ ဒီရေတောပင်များ စိုက်ပျိုးနိုင်ရေး စီမံ ဆောင်ရွက် ထားရှိမှုနှင့် သစ်ပင်စိုက်ပျိုးပွဲများဆောင်ရွက်၍ သစ်ပင်များစိုက်ပျိုးလျက်ရှိမှု စသည်ဖြင့် ကဏ္ဍအလိုက် ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက် နေမှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။

ဆက်လက်ပြီး ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ဦးမင်းနောင်၊ ဦးလှမိုး၊ ဒေါက်တာညွန့်ဖေ၊ ဦးမျိုးသန့်၊  ဒုတိယဝန်ကြီး များ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများက ဝန်ကြီးဌာနအလိုက် ကူညီကယ် ဆယ်ရေး လုပ်ငန်းများဆောင်ရွက်ခဲ့မှုနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆက်လက် ဆောင်ရွက်လျက်ရှိမှု၊ အခြေခံပညာကျောင်းများ ပြန်လည်ပြုပြင်ဆောင်ရွက်ခဲ့မှုနှင့် ပညာ သင်ကြားရေးအပြင် ယာယီခိုလှုံရာ Shelter များအဖြစ်ပါအသုံးပြုနိုင်ရေး ဆောင်ရွက် လျက်ရှိမှု၊ ရခိုင်ပြည်နယ်အတွင်း သဘာဝဘေးအန္တရာယ်ခိုလှုံရာ Shelter များကို အဆင့် မြှင့်တင်ဆောင်ရွက်လျက်ရှိမှုနှင့် ဝန်ကြီးဌာနအလိုက် လုပ်ငန်းဆောင်ရွက်ရာတွင် လိုအပ် ချက်များကို ကဏ္ဍအလိုက် အသီးသီး ရှင်းလင်းတင်ပြကြသည်။

မူလအခြေအနေထက် ပိုမိုဖွံ့ဖြိုးတိုးတက်သည့် စစ်တွေမြို့အဖြစ် ဖော်ဆောင်ပေး နိုင်ရေး ရေရှည်အကျိုးကိုကြည့်၍ ဆောင်ရွက်ရန်လို

ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်က မူလအခြေအနေထက် ပိုမိုကောင်းမွန်သည့် စစ်တွေမြို့အဖြစ် ပြန်လည် ဆောင်ရွက်ပေးနိုင်ရန်နှင့် ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန် လိုအပ်သည်များ ဆောင်ရွက်ပေး နိုင်ရေး ယခုကဲ့သို့ ထပ်မံလာရောက်ကြည့်ရှုစစ်ဆေးခြင်းဖြစ်ကြောင်း၊ ခေတ်မီမြို့ပြအဖြစ် ရောက်ရှိလာစေရေး မြို့တွင်းရှိ ဆက်သွယ်ရေးလမ်းကြောင်းများကိုလည်း အဆင့်မြှင့်တင် ခြင်းများ ဆောင်ရွက်သွားရမည်ဖြစ်သကဲ့သို့ အဆောက်အဦများကိုလည်း ခေတ်နှင့် လျော်ညီသည့် အဆောက်အဦများဖြစ်စေရေး စီမံဆောင်ရွက်သွားရန်လိုကြောင်း၊ ပြန် လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်ရာ၌ ဒေသ၏ ရေရှည်အကျိုးကိုကြည့်၍ စနစ် တကျ တွက်ချက်ဆောင်ရွက်သွားရန်လိုကြောင်း။

ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးရာတွင် အဓိကအားဖြင့် စားရေ ရိက္ခာလုံလောက်မှုရှိစေရေးနှင့် ဆန်နှင့်ဆီများ ရရှိရေးဆောင်ရွက်ပေးရန်လိုကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်းများအတွက် မျိုးစပါးများ အချိန်မီရရှိရေးအတွက်လည်း စီမံဆောင် ရွက်ရန်လိုပြီး ဒေသနှင့် ကိုက်ညီသည့် မျိုးများဖြစ်ရန်လိုကြောင်း၊ မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင်လည်း ခေတ်မီပြီး စနစ်ကျသည့် မွေးမြူရေးလုပ်ငန်းများ ဖြစ်ရန်လို ကြောင်း၊ ရခိုင်ပြည်နယ်တွင် မွေးမြူရေးလုပ်ငန်းများ အောင်မြင်စွာ ဆောင်ရွက်ရန် အတွက် မွေးမြူရေးအစာကုန်ကြမ်းများ ရှိပြီးဖြစ်သဖြင့် အစာစနစ်၊ ရေစနစ်တို့ကို စနစ် တကျဆောင်ရွက်မည်ဆိုပါက မွေးမြူရေးအထွက်နှုန်း တိုးတက်လာမည်ဖြစ်ကြောင်း၊ ဈေးကွက်သေချာသည့် ရေငန်ငါးနှင့် ပုစွန်မွေးမြူရေးကိုလည်း အဆင့်လိုက် ဆောင်ရွက် သွားရန်လိုကြောင်း။

အခြေခံပညာကျောင်းများ ပြန်လည်တည်ဆောက်ရေးအတွက် ဆောင်ရွက်ရာတွင် ကျောင်းသား၊ ကျောင်းသူများ ပညာသင်ကြားနိုင်ရေးနှင့် လိုအပ်သည့်အချိန်များတွင် ယာယီခိုလုံရာ Shelter များအဖြစ် အသုံးပြုနိုင်ရေး စနစ်တကျဖြင့် တွက်ချက်စီမံဆောင် ရွက်ရန်လိုကြောင်း၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများ ထိခိုက်ပျက်စီးမှုကိုလည်း ကူညီဆောင်ရွက်ပေးသွားရန်လိုကြောင်း၊ မုန်တိုင်းကြောင့်ထိခိုက်ခဲ့သည့် ပြည်သူများ အတွက် ထောက်ပံ့ပစ္စည်းများ ပေးအပ်ရာတွင် ထိခိုက်မှုအဆင့်အလိုက် သတ်မှတ်ထား သည့်အတိုင်း ထောက်ပံ့ပေးနိုင်ရေး စနစ်တကျဖြင့် စီမံခန့်ခွဲဆောင်ရွက်ရန်လိုကြောင်း၊ ပြန်လည်ထူထောင်ရေး လုပ်ငန်းများအတွက် သစ်လိုအပ်မှုနှင့်ပတ်သက်၍ လိုအပ်သည့် အတိုင်းအတာအထိ ဖြည့်ဆည်းပေးနိုင်ရေး အထူးကိစ္စရပ်တစ်ရပ်အနေဖြင့် စီမံဆောင် ရွက်ရန်လိုကြောင်း၊ ဒေသအလိုက် အပျက်အစီးများ၊ အမှိုက်သရိုက်များကို သန့်ရှင်းရေး စနစ်တကျဆောင်ရွက်ခြင်းမရှိပါက ကျန်းမာရေးပိုင်းဆိုင်ရာများတွင်ပါ ထိခိုက်လာနိုင် သဖြင့် သန့်ရှင်းရေးလုပ်ငန်းများကို စနစ်တကျဆောင်ရွက်ရန်လိုကြောင်း၊ စစ်တွေဆေးရုံ ကြီးတွင် အရေးပေါ်ကုသမှုများ ဆောင်ရွက်ခြင်းနှင့် အဆင့်မြင့်ကုသခြင်းများ ဆောင်ရွက် နိုင်ရန်အတွက် ဆေးရုံတွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် ပါရဂူများ၊ ဆေးမှူးများနှင့် ဒေသခံ အငြိမ်းစားပါရဂူကြီးများ ပူးပေါင်း၍ကုသနိုင်ရေး စီစဉ်ဆောင်ရွက်ပေးနိုင်ရန် ပြည်နယ် ကျန်းမာရေးဦးစီးဌာနမှ ဦးဆောင်၍ ညှိနှိုင်းဆောင်ရွက်သွားရန် လိုကြောင်း၊ လိုအပ်သည့် ဆေးနှင့် ဆေးပစ္စည်းများကို နိုင်ငံတော်မှ ကူညီဆောင်ရွက် ပေးသွားမည် ဖြစ်ကြောင်း၊ ထိုသို့ ဆောင်ရွက်သွားမည်ဆိုပါက ဒေသခံပြည်သူများ၏ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများကို ပိုမိုဆောင်ရွက်ပေးနိုင်မည်ဖြစ်ကြောင်း။

လျှပ်စစ်ဓာတ်အားနှင့် ပတ်သက်၍ နိုင်ငံတော်ဓာတ်အားလိုင်းမှ ချိတ်ဆက်ဆောင် ရွက် ထားခြင်းဖြစ်သဖြင့် သဘာဝဘေးဒဏ်ကျရောက်ချိန်တွင် ဓာတ်အားပြတ်တောက်မှု များဖြစ်ပေါ်နိုင်ကြောင်း၊ ထို့ကြောင့် ဒေသတွင်း လျှပ်စစ်ဓာတ်အားထုတ်လုပ်နိုင်ရေး နည်း လမ်းရှဖွေဆောင်ရွက်ရန်လိုကြောင်း၊ စပါးခွံလောင်စာသုံး လျှပ်စစ်ဓာတ်အား ထုတ်လုပ် ခြင်းများကို ဆောင်ရွက်နိုင်သကဲ့သို့ ရေအရင်းအမြစ်ကို အသုံးချ၍ အသေးစား၊ အလတ်စား ရေအားလျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်းများ ဆောင်ရွက်နိုင်ရေးအတွက် လည်း လေ့လာဆောင်ရွက်ရန်လိုကြောင်းဖြင့် ဖြည့်စွက်မှာကြားပြီး ပြည်ထောင်စုဝန်ကြီး များ၊ တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း‌ဆောင်ရွက်ပေးသည်။

လိုအပ်သည်များ လမ်းညွှန်မှာကြား

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်က အမှာ စကားပြောကြားရာတွင် ဆိုင်ကလုန်းမုန်တိုင်း(မိုခါ) ကျရောက်ပြီးနောက်ရက် မေ ၁၅ ရက်တွင် ရခိုင်ပြည်နယ်အတွင်း‌ သဘာဝဘေးဒဏ်ကြောင့် ထိခိုက်ပျက်စီးမှုများကို လာရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း၊ သဘာဝ ဘေးဒဏ်ကျရောက်ခဲ့ပြီး နှစ်လခန့်အတွင်း ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အတိုင်းအတာတစ်ခုအထိ တိုးတက်မှုရှိအောင်ဆောင်ရွက်နိုင်ခဲ့သည်ကို ယခု ထပ်မံ ရောက်ရှိချိန်တွင် တွေ့ရှိရကြောင်း၊ မုန်တိုင်းကြောင့်ဖြစ်ပေါ်ခဲ့သည့် အပျက်အစီးများ ဖယ်ရှားခြင်း အပိုင်းနှင့် ပတ်သက်၍ အချို့နေရာများတွင် လိုအပ်ချက်များ ရှိနေသည်ကို တွေ့ရှိရပြီး ဒေသတွင်နေထိုင်သူများအနေဖြင့် မိမိတို့နေထိုင်ရာ အိမ်ခြံဝန်းများအတွင်း အပျက်အစီးများကို ဖယ်ရှားရန်အတွက် တိုက်တွန်းဆောင်ရွက်ကြစေလိုကြောင်း။

အဆောက်အဦများ ပြင်ဆင်ခြင်းနှင့် ပတ်သက်၍ လက်ရှိအဆောက်အဦများ ပြင် ဆင်ခြင်းနှင့် နောင်တွင်ဖြစ်ပေါ်လာနိုင်သည့် သဘာဝဘေးအန္တရာယ်ကျရောက်ချိန်တွင် ခံနိုင်ရည်ရှိပြီး ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် ဆောင်ရွက်ရန်လိုကြောင်း၊ ထိုသို့ ဆောင်ရွက်ရာတွင် နိုင်ငံတော်မှ ဆောင်ရွက်ပေးသည့် အပိုင်းနှင့် ပြည်သူများက ဆောင် ရွက်နိုင်သည့် အပိုင်းဟူ၍ ရှိကြောင်း၊ အဆောက်အဦများ ဆောက်လုပ်ရာတွင် ရေရှည် ခိုင်ခံ့ရေးထက် အလှအပကို ဦးစားပေးဆောက်လုပ်ခြင်းများကြောင့် အချို့အဆောက်အဦ များ ပျက်စီးမှု များပြားသည်ကို တွေ့ရှိရကြောင်း၊ ထို့ကြောင့် ရေရှည်ခိုင်ခံ့သည့် အဆောက်အဦများဖြစ်စေရေး စနစ်တကျဖြင့် တွက်ချက်ပြင်ဆင်ဆောင်ရွက်ကြရန် လိုကြောင်း၊ ပျက်စီးအဆောက်အဦများ အစားထိုးဆောက်လုပ်ခြင်းနှင့် ပတ်သက်၍ လည်း အကြီးစားပြင်ဆင်ခြင်းများ ရှိသကဲ့သို့ လူနေအဆောက်အဦများ အသစ်ပြန်လည် ဆောက်လုပ်ရခြင်းများလည်း ရှိကြောင်း။

ဆောက်လုပ်ရေးလုပ်ငန်းများ အဆင့်မြှင့်တင်ရေးနှင့် ပတ်သက်၍ သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် ပြည်နယ်အဆင့်တို့မှ တာဝန်ရှိသူများက စနစ်တကျဖြင့် ပူးပေါင်း ဆောင်ရွက်ကြရန်လိုကြောင်း၊ နိုင်ငံတော်အနေဖြင့် စီမံခန့်ခွဲမှုများအရ၊ ငွေကြေးအရ၊ စားသောက်ကုန်များနှင့် အခြားလိုအပ်သည်များကို တတ်စွမ်းသ၍ ကူညီဆောင်ရွက် ပေးလျက်ရှိကြောင်း၊ အစိုးရ၏ ကူညီမှုများသာမက ဒေသတွင်နေထိုင်သူများအနေဖြင့် လည်း  မိမိတို့ကိုယ်တိုင်ပါဝင် ဆောင်ရွက်ကြမည်ဆိုပါက လုပ်ငန်းများ ပိုမိုတိုးတက် ကောင်းမွန်လာမည်ဖြစ်ကြောင်း၊ သက်ဆိုင်ရာ ပြည်နယ်အစိုးရနှင့် တာဝန်ရှိသူများ၊ ဒေသခံပြည်သူ များ အတူတကွ ပူးပေါင်းဆောင်ရွက်မည်ဆိုပါက ရခိုင်ပြည်နယ်အနေဖြင့် မူလအခြေ အနေထက် ပိုမိုတိုးတက်လာနိုင်မည်ဖြစ်ကြောင်း၊

သဘာဝဘေးအန္တရာယ် ကြုံတွေ့ရသည့်အချိန်၊ အများပြည်သူအခက်အခဲအကြပ် အတည်းများ တွေ့ကြုံနေရသည့်အချိန်တွင် ကိုယ်ကျိုးစီးပွားအတွက် ပွဲလန့်တုန်းဖျာခင်း သည့်သူများက  ဘယ်သူသေသေ ငတေမာရင်ပြီးရောဆိုသည့် တစ်ကိုယ်ကောင်းဆန် သည့် စိတ်ဓာတ်ဖြင့်ဆောက်လုပ်ရေးသုံးပစ္စည်းများ၊ အသုံးအဆောင်ပစ္စည်းများကို သတ်မှတ် ဈေးနှုန်းများထက် မတန်တဆဈေးနှုန်းများဖြင့် မြှင့်တင်ရောင်းချ နေမှုများ အပေါ်တွင်လည်း တာဝန်ရှိသူများအနေဖြင့် ဈေးနှုန်းမြှင့်တင်ရောင်းချနေသူများကို ထိထိ ရောက်ရောက် အရေးယူဆောင်ရွက်သွားရန်လိုကြောင်း၊ ဥပဒေအရထိရောက်သည့် ပြစ်ဒဏ်များကို ပေးရမည်ဖြစ်ပြီး မိမိတို့တစ်ဦးတစ်ယောက်၏ ကိုယ်ကျိုး စီးပွားအတွက် ဒေသခံအချင်းချင်းအပေါ် အမြတ်ထုတ်ဆောင်ရွက်ခြင်းမှာ မဖြစ်သင့်ကြောင်း၊ ထို့ကြောင့် တာဝန်ရှိသူများအနေဖြင့် စနစ်တကျ ကြပ်မတ်ဆောင်ရွက်သွားရန်လိုကြောင်း။

စားသောက်ရေးနှင့် ပတ်သက်၍ လတ်တလောအဆင်ပြေမှုရှိစေရေးအတွက်လည်း ဒေသတွင်း လိုအပ်ချက်ရှိသည့် ဆန်ဆီနှင့် အခြားလိုအပ်သည်များကို ပေးပို့စေလျက်ရှိ ကြောင်း၊ အလားတူ ဒေသတွင်း အသားစားသုံးမှု အထောက်အကူဖြစ်စေရေးအတွက် မွေး မြူရေးအတွက်လိုအပ်သည့် ကြက်သားပေါက်များကိုလည်း တင်ပို့စေခဲ့ကြောင်း၊ စားရေး နှင့် ပတ်သက်၍ အသားငါးနှင့် ဥအမျိုးမျိုးသည် ဒေသအတွင်း အမြဲမပြတ်လိုအပ်ချက် ရှိနေမည်ဖြစ်သဖြင့် မွေးမြူရေးလုပ်ငန်းများကို ထိထိရောက်ရောက်ဖြင့် ဆောင်ရွက်ကြ ရန် လိုပြီး ထိုမှတဆင့် တိုးချဲ့ဆောင်ရွက်သွားမည်ဆိုပါက ရခိုင်ပြည်နယ်အတွင်း အသား ငါးများ ဖူလုံမှုရှိလာမည်ဖြစ်ကြောင်း။

စိုက်ပျိုးရေးနှင့် ပတ်သက်၍ ဒေသနှင့် ကိုက်ညီပြီး ရာသီဥတုဒဏ်ခံနိုင်သည့် အထွက်နှုန်းကောင်း မျိုးများဖြစ်ရန်လိုကြောင်း၊ မြေကောင်းမွန်ရေးအတွက် စနစ်တကျ မြေပြုပြင်မည်၊ လိုအပ်သည့် သွင်းအားစုနှင့် ဓာတ်မြေဩဇာများကို စနစ်တကျ ထည့် သွင်းမည်၊ စိုက်ပျိုးရေနှင့် အောင်ရေများ လုံလောက်စွာ ရရှိမည်၊ စိုက်နည်းစနစ်များ မှန်ကန်မည် ဆိုပါက အထွက်နှုန်းများ ကောင်းမွန်တိုးတက်လာမည်ဖြစ်ကြောင်း၊ မည်သည့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းကို ဆောင်ရွက်သည်ဖြစ်စေ နည်းစနစ်တကျ ဆောင်ရွက်မည်ဆိုပါက အောင်မြင်နိုင်မည်ဖြစ်ကြောင်း၊ ရခိုင်ပြည်နယ်အတွင်းရှိ စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများကိုလည်း စနစ်တကျဖြင့် အောင်မြင်စေလိုကြောင်း၊ ထိုကဲ့သို့ စနစ်တကျဖြင့် အောင်မြင်အောင် ဆောင်ရွက်နိုင်ရေးအတွက်က ဒေသတွင်း၌ အသိပညာ အတတ်ပညာ ပြည့်ဝသည့် လူသားအရင်းအမြစ်ကောင်းများ များစွာပေါ်ထွန်း လာရန်လိုကြောင်း၊ ထို့ ကြောင့် ကျောင်းတက်ရောက်နေသည့် ကျောင်းသား၊ ကျောင်းသူ များ စာသင်နှစ်အတွင်း အတန်းပြီးဆုံးသည်အထိ သင်ကြားရန်နှင့် တန်းစဉ် ကူးပြောင်းမှုများ ရာနှုန်းပြည့်မီရန် လို ကြောင်း၊ ယနေ့ခေတ်သည် ပညာခေတ်ဖြစ်သဖြင့် ပညာသင်ကြားရေးကို အားပေး ဆောင်ရွက်ရန်လိုကြောင်း၊ ရခိုင်ပြည်နယ်သည် ပညာတတ်များ ပေါကြွယ်ဝသည့် ပြည်နယ်တစ်ခုဖြစ်ပြီး ပညာရည်မြှင့်တင်မှုနှင့် ပတ်သက်၍ ဆက်လက်အားပေး ဆောင်ရွက် သွားကြစေလိုကြောင်း။

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် စက်မှုလုပ်ငန်းများအတွက် အခြေခံပညာများ ရရှိ နိုင်ရေး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် စက်မှုနည်းပညာသင်တန်းကျောင်းများကို ဖွင့်လှစ် သင်ကြားပေးလျက်ရှိကြောင်း၊ ထိုမှတဆင့် သက်ဆိုင်ရာ ဘာသာရပ်များအလိုက် ထူးချွန် သည့် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ပညာရပ်များအလိုက် အဆင့်မြင့် ပညာရပ် များကို ဆက်လက်သင်ယူနိုင်မည်ဖြစ်ကြောင်း၊ အနာဂတ်ကာလတွင် ရခိုင်ပြည်နယ် ပိုမို တိုးတက်လာရေးအတွက် ယခုအချိန်တွင် ပညာသင်ကြားလျက်ရှိသည့် ဒေသတွင်းမှ ကျောင်းသားကျောင်းသူများသည် အဓိကအခန်းကဏ္ဍမှ ပါဝင်ကြောင်း၊ ထို့ကြောင့် တာဝန်ရှိသူများအနေဖြင့် ပညာရည်မြှင့်တင်ရေးကို စနစ်တကျ ကြပ်မတ်ဆောင်ရွက်ကြ စေလိုကြောင်း၊ နိုင်ငံတော်အနေဖြင့်လည်း ပညာရေးဆိုင်ရာဝန်ထမ်းများကို လေ့ကျင့် သင်ကြားပေးလျက်ရှိကြောင်း၊ ရခိုင်ပြည်နယ်အတွက် လိုအပ်သည့် ဆရာ၊ ဆရာမ များ ကိုလည်း ဖြည့်ဆည်းပေးနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း၊ ထိုသို့ ဆောင်ရွက်ပေး ခြင်းမှာ အနာဂတ် ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ပေးခြင်းပင် ဖြစ်ကြောင်း။

ဆိုင်ကလုန်းမုန်တိုင်း(မိုခါ) မုန်တိုင်းဒဏ်ခံခဲ့ရသည့် ရခိုင်ပြည်နယ်အတွင်း ကူညီ ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အစိုးရအဖွဲ့မှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် စေတနာ့ဝန်ထမ်းများက အင်တိုက် အားတိုက်ဖြင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး ဒေသတွင်နေထိုင်ကြသူများအနေဖြင့် လည်း အတူတကွ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြမည်ဆိုပါက မူလအခြေအနေများထက် ပိုမိုကောင်းမွန်သည့် ဒေသများအဖြစ် ဆက်လက်ဖော်ဆောင်သွားနိုင်မည်ဖြစ်ကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အားလုံး ဖွံ့ဖြိုးတိုးတက်ရေး၊  ပြည်သူတို့၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက် ရှိသကဲ့သို့ ရခိုင်ပြည်နယ်အတွင်းနေထိုင်ကြသူများ၊ ဒေသတွင် လာရောက်တာဝန် ထမ်းဆောင်လျက်ရှိသည့် နိုင်ငံ့ဝန်ထမ်းများအနေဖြင့်လည်း မိမိတို့ဒေသအကျိုးအတွက် အားလုံးဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြစေလိုကြောင်း၊ မုန်တိုင်းဒဏ်ကြောင့် ထိခိုက် ပျက်စီးခဲ့မှုများအား ပြန်လည်တည်ဆောက်ရေး လုပ်ငန်းများဆောင်ရွက်ပေးရာတွင် ယခင်ပုံမှန်ဆောင်ရွက်နေသည်များထက် ပိုမို၍ခွန်အားစိုက်ထုတ် လုပ်ဆောင်ကြရန် မှာကြားလိုကြောင်းဖြင့် တိုက်တွန်းပြောကြားခဲ့သည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။