နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် စစ်တွေမြို့အတွင်း ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်နေသူများနှင့် သဘာဝဘေးဒဏ်သင့်ပြည်သူများအတွက် စတုဒီသာများ ချက်ပြုတ်နေမှုများအား သွားရောက်ကြည့်ရှုအားပေး

နေပြည်တော်၊ ဇူလိုင် – ၁၁

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ယနေ့နံနက်ပိုင်းတွင် ဇနီးဒေါ်ကြူကြူလှ၊ ခရီးစဉ်တွင် လိုက်ပါ လာသည့် အဖွဲ့ဝင်များ၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်၊ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူးနှင့် တာဝန်ရှိသူများ လိုက်ပါ၍ ရခိုင်ပြည်နယ်၊ စစ်တွေမြို့အတွင်း ပြန်လည် ထူထောင်ရေးလုပ်ငန်းဆောင်ရွက်နေသူများနှင့် သဘာဝဘေးဒဏ်သင့် ပြည်သူများ စားရေး အဆင်ပြေစေရေးအတွက် SKY NET မိသားစု၊ မြန်မာနိုင်ငံလိုင်စင်ရ ကန်ထရိုက်တာများ အသင်းချုပ် MLCA၊ MLCP အများပိုင်ကုမ္ဗဏီလီမီတက်၊ မြန်မာ-အိန္ဒိယ-တရုတ် ချစ်ကြည်ရေးနှင့် စီးပွားဖွံ့ဖြိုးတိုးတက်ရေးအသင်း (MICA)နှင့် ဘာသာ စုံမိတ်ဆွေများမှ ရက် ၅၀ စတုဒိသာ အလှူတော်အစီအစဉ်ဖြင့် ချက်ပြုတ် လှူဒါန်း သည့် သီးစုံဒံပေါက် ချက်ပြုတ်နေမှုများကို သွားရောက်ကြည့်ရှုအားပေးသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ ဝင်များအား စတုဒီသာအလှူတော်မှ တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသည်။ ထို့နောက် ထူထောင်ရေးလုပ်ငန်းဆောင်ရွက်နေသူများနှင့် သဘာဝဘေးဒဏ်သင့် ပြည်သူများ ထံသို့ ပေးပို့ရန် သီးစုံဒံပေါက်များ ထုပ်ပိုးနေမှုများကို လိုက်လံကြည့်ရှုပြီး ရင်းရင်းနှီးနှီး အားပေးစကားပြောကြားကာ လုပ်ငန်းဆောင်ရွက်နေသူများအတွက် ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်သည်။

ယင်းနောက် စတုဒီသာအလှူတော်အစီအစဉ်တွင် ပါဝင်သည့် ရခိုင်ဗုဒ္ဓဘာသာ အဖွဲ့၊ ခရစ်ယာန်ဘာသာရေးအဖွဲ့၊ အစ္စလာမ်ဘာသာရေးအဖွဲ့နှင့် ဟိန္ဒူဘာသာရေး အဖွဲ့တို့မှ တာဝန်ရှိသူများက သဘာဝဘေးဒဏ်သင့်ခဲ့ပြီး ထိခိုက်ပျက်စီးမှုများ ဖြစ် ပေါ်လျက်ရှိသည့် ရခိုင်ပြည်နယ်သို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံ တော် ဝန်ကြီးချုပ်အနေဖြင့် ယခုကဲ့သို့ ကိုယ်တိုင်ကိုယ်ကျ လာရောက်ကြည့်ရှုပြီး လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသည့်အတွက် ရခိုင်ပြည်သူများ ကိုယ် စား မိမိတို့ ဘာသာရေးအသင်းအဖွဲ့များမှ အထူးပင်ကျေးဇူးတင်ရှိပါကြောင်း၊ မိမိတို့ ၏ စတုဒီသာအလှူတော်အစီအစဉ်ကို လာရောက်အားပေးသည့်အတွက်လည်း အားတက် ရပါကြောင်းနှင့် နေ့စဉ်မပျက်မကွက် ဆောင်ရွက်ခဲ့ရသည့် ပင်ပန်းမှုများ လျော့ကျသွား သည်ဟု ခံစားရပါကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်နှင့် ဇနီး၊ အစိုးရအဖွဲ့မှ တာဝန်ရှိသူများအားလုံး ကျန်းမာ၊ ချမ်းသာပါစေ ကြောင်း၊ ပြည်သူလူထု၏ အကျိုး၊ နိုင်ငံတော်၏ အကျိုးကို ယခုထက်ပို၍ ထမ်း ဆောင်နိုင်ပါစေကြောင်း၊ လုပ်ငန်းဆောင်ရွက်မှုများအားလုံး အောင်မြင်ပါစေ ကြောင်း ကို မိမိတို့ဘာသာရေး အသင်းအဖွဲ့များက ဆုတောင်းမေတ္တာပို့သပါကြောင်း ဖြင့် အသီးသီး ဆုတောင်းပေးကြသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် စစ်တွေမြို့၊ တပ်ဦး ဆုတောင်းပြည့်ပရိယတ္တိစာသင်တိုက်သို့ ရောက် ရှိကြပြီး ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဝင်များအား SKY NET မိသားစု၊ မြန်မာနိုင်ငံလိုင်စင်ရ ကန်ထရိုက်တာများ အသင်းချုပ် MLCA၊ MLCP အများပိုင်ကုမ္ဗဏီလီမီတက်၊ မြန်မာ-အိန္ဒိယ-တရုတ် ချစ်ကြည်ရေးနှင့်စီးပွားဖွံ့ဖြိုးတိုးတက်ရေးအသင်း (MICA)နှင့် ဘာသာ စုံ မိတ်ဆွေများမှ ရက် ၅၀ စတုဒိသာ အလှူတော်အစီအစဉ်ဖြင့် ချက်ပြုတ် လှူဒါန်း သည့် သီးစုံဒံပေါက်ဘူးများကို သွားရောက်ထောက်ပံ့ပေးအပ်သည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ရခိုင်ပြည်နယ် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် မီးသတ်တပ်ဖွဲ့ ဝင်များ၏ ကူညီဆောင်ရွက်ပေးမှုများသည် များစွာ အထောက်အကူပြုပါကြောင်း၊ မီးသတ်တပ်ဖွဲ့ဝင်များ၏ လုပ်ငန်းကျွမ်းကျင်မှုများကြောင့် ယခုကဲ့သို့ မြန်မြန်ဆန်ဆန် ဖြင့် လုပ်ငန်းများ အတိုင်းအတာတစ်ခုအထိ ပြီးစီးခဲ့ခြင်းဖြစ်ကြောင်းဖြင့် အားပေး စကားပြောကြားပြီး ဂုဏ်ပြုချီးမြှင့်ငွေများကို ပေးအပ်ရာ တာဝန်ရှိသူများက လက်ခံ ရယူခဲ့ကြသည်။

ယနေ့ မွန်းလွဲပိုင်းတွင်လည်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံ တော်ဝန်ကြီးချုပ်နှင့် ဇနီး၊ အဖွဲ့ဝင်များသည် စစ်တွေမြို့၊ ရခိုင်ပြည်နယ် ယဉ်ကျေးမှု ပြတိုက်သို့ သွားရောက်လေ့လာကြည့်ရှုရာ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်နုမြဇံ၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (စစ်တွေဌာနခွဲ) ညွှန်ကြားရေးမှူး ဒေါ်အေးနီလာနှင့် တာဝန်ရှိသူများက ကြိုဆို နှုတ်ဆက်ကြသည်။ ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ပြတိုက်အတွင်း ခင်းကျင်းပြသထားသည့် ရခိုင် ရှေးဟောင်းမြို့တော်များပြခန်း၊ ရခိုင်စာပေကဏ္ဍပြခန်း၊ ရခိုင်ရှေးဟောင်း ဒင်္ဂါး များပြခန်း၊ ရခိုင်တိုင်းရင်းသားမျိုးနွယ်စုများပြခန်း၊ ရခိုင်ဓလေ့ထုံးစံများ ပြခန်း၊ ရခိုင် ပြည်နယ်နှင့် ဗုဒ္ဓယဉ်ကျေးမှုပြခန်း၊ ရိုးရာ ကျင်အားကစားပြခန်း တို့အတွင်း စိတ်ဝင် တစားဖြင့် လေ့လာကြည့်ရှုကြရာ တာဝန်ရှိသူများက ပြခန်းတစ်ခုချင်းစီအလိုက် ရှင်းလင်းတင်ပြကြသည်။ ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားဖြည့်ဆည်းပေးသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် ပြတိုက် ဧည့်သည်တော်မှတ်တမ်းစာအုပ်တွင် လက်မှတ်ရေးထိုးသည်။

ဆက်လက်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် နှင့် အဖွဲ့ဝင်များသည် ဓညဝတီအားကစားကွင်းသို့ ရောက်ရှိစစ်ဆေးရာ အားကစား နှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ စိုးဝင်းက ရှင်းလင်း တင်ပြသည်။ ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ပြည်နယ်အဆင့်အားကစားပွဲများကို ကျင်းပနိုင် သည့် မိုးလုံလေလုံအားကစားရုံ၊ ခေတ်မီပြေးလမ်းနှင့်ပွဲကြည့်စင်ပါ အားကစားကွင်းနှင့် အဆင့်မီရေကူးကန်တို့ တည်ဆောက်နိုင်ရေး တာဝန်ရှိသူများအနေဖြင့် စီမံဆောင်ရွက် သွားရန် လမ်းညွှန်မှာကြားခဲ့သည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။