နေပြည်တော်၊ ဇူလိုင် – ၁၁
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ယနေ့နံနက်ပိုင်းတွင် စစ်တွေတပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများအား တပ်နယ်ရှိ မေဃဝတီခန်းမ၌လည်းကောင်း၊ ကမ်းနီ တပ်နယ် ရှိ နယ်မြေခံတန်းမြင့်သင်တန်းကျောင်းမှ သန္ဓေအရာရှိ၊ စစ်သည်၊ မိသားစုများ၊ တပ်မတော်နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့မှ သင်တန်းသားစစ်သည်များကို အောင်စစ်သည် ခန်းမ၌လည်းကောင်း သီးခြားစီတွေ့ဆုံအမှာစကား ပြောကြားသည်။
အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့်အတူ ဇနီး ဒေါ်ကြူကြူလှ၊ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ် ကြီး မောင်မောင်အေးနှင့် ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး မိုးအောင်နှင့် ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်(လေ)ဗိုလ်ချုပ်ကြီး ထွန်းအောင်နှင့် ဇနီး၊ ကာကွယ်ရေးဦးစီး ချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊ အနောက်ပိုင်းတိုင်းစစ်ဌာန ချုပ် တိုင်းမှူး၊ စစ်တွေတပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ကမ်းနီတပ်နယ်ရှိ နယ်မြေခံတန်းမြင့်သင်တန်းကျောင်းမှ သန္ဓေအရာရှိ၊ စစ်သည်၊ မိသားစုများ၊ တပ်မတော် နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့မှ သင်တန်းသားစစ်သည်များ တက်ရောက်ကြသည်။
ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ရေရှည်အကျိုးကို ကြည့်၍ စနစ်တကျ တွက်ချက်ဆောင်ရွက်သွားမည်
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် က အမှာစကားပြောကြားရာတွင် ရခိုင်ပြည်နယ်၌ ဆိုင်ကလုန်းမုန်တိုင်း(မိုခါ)ဝင်ရောက် ခဲ့ပြီး နောက်ရက်တွင် မိမိအနေဖြင့် စစ်တွေမြို့သို့ရောက်ရှိခဲ့ပြီး ကူညီကယ်ဆယ်ရေး လုပ်ငန်းများ အမြန်ဆုံးဆောင်ရွက်နိုင်ရေး၊ ထိခိုက်ပျက်စီးမှုများကို ပြန်လည်ထူထောင် နိုင်ရေး လမ်းညွှန်မှာကြားခဲ့ကြောင်း၊ ဆိုင်ကလုန်းမုန်တိုင်း(မိုခါ)သည် နာဂစ်မုန်တိုင်း ဖြစ်ပေါ်ခဲ့ပြီး နောက်ပိုင်းတွင် ထိခိုက်ပျက်စီးမှုအများဆုံးဖြစ်ခဲ့သည့် မုန်တိုင်းတစ်ခုဖြစ်ခဲ့ ကြောင်း၊ သေဆုံးသူ ၁၄၈ ဦးရှိခဲ့ပြီး ထိုထက်မကသည့် သေကြေပျက်စီးမှုများ ကြုံတွေ့ရ နိုင်သည်ဟု နိုင်ငံတကာမှခန့်မှန်းမှုများရှိခဲ့ကြောင်း၊ မိမိတို့အနေဖြင့် ကြိုတင်ပြင်ဆင်ခြင်း များကို ဆောင်ရွက်နိုင်ခဲ့သဖြင့် အထိအခိုက်အနည်းဆုံးဖြင့် ဖြတ်ကျော်နိုင်ခဲ့ခြင်း ဖြစ်သည် ကို သင်ခန်းစာယူရ မည်ဖြစ်ကြောင်း၊ မုန်တိုင်းလွန်ပြီးနောက်ပိုင်း ကူညီကယ်ဆယ်ရေး ပျက်စီးမှုများရှင်းလင်းဆောင်ရွက်ခြင်းနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင် ရွက်ခြင်းဟူ၍ နှစ်ပိုင်းခွဲ ကာ ဆောင်ရွက်စေခဲ့ကြောင်း၊ အချို့သော အဆောက်အဦများမှာ လုံးဝ ပြိုကျပျက်စီးမှု များရှိခဲ့သဖြင့် အသစ်ပြန်လည်တည်ဆောက်ရခြင်း များလည်း ရှိကြောင်း၊ အသစ်တည်ဆောက်ရသည့် အဆောက်အဦများကို ရေရှည်တည်တံ့ခိုင်မြဲအောင် ပြန်လည်တည် ဆောက် ရမည်ဖြစ်သကဲ့သို့ ကျန်ရှိသည့် အဆောက်အဦများကိုလည်း ရေရှည်တည်တံ့ ခိုင်မြဲစေရေး၊ သဘာဝဘေးဒဏ်ခံနိုင် ရေးအတွက် မွမ်းမံခြင်းများကို ဆောင်ရွက်သွားရန် လမ်းညွှန်မှာကြားပြီးဖြစ်ကြောင်း၊ ရေရှည်တည်တံ့ခိုင်မြဲအောင် စနစ်တကျတွက်ချက် ဆောင်ရွက် ရမည်ဖြစ်သဖြင့် အချိန်အတိုင်းအတာတစ်ခုအထိ ကြာမြင့်နိုင်မည်ဖြစ် ကြောင်း၊ သဘာဝဘေးဒဏ်ကြောင့် ဖြစ်ပေါ်ခဲ့သည့် ထိခိုက်မှုများကို ပြန်လည်ထူထောင် ရေး လုပ်ငန်းများဆောင်ရွက်ရာ၌ ပုံမှန်ဆောင်ရွက်နေသည်များထက် ပိုမို၍ခွန်အားစိုက် ထုတ် ဆောင်ရွက်မည်ဆိုပါက လုပ်ငန်းများ လျင်လျင်မြန်မြန်ဖြင့် တိုးတက်ပြီးစီးမည်ဖြစ် ကြောင်း၊ ထို့ကြောင့် အားလုံးမှ အားထည့်ဆောင်ရွက်ကြရန် တိုက်တွန်းမှာကြားလို ကြောင်း။
သစ်ပင်စိုက်ပျိုးခြင်းဖြင့် ရာသီဥတုမမျှတမှုနှင့် သဘာဝဘေးဒဏ်ကျရောက်မှုများကို ကာကွယ်နိုင်မည်ဖြစ်
သဘာဝဘေးဒဏ်သည် မည်သည့်အချိန်တွင် ဖြစ်ပေါ်နိုင်မည်ကို ကြိုတင်၍ သိရှိ နိုင်ရန်ခက်ခဲပြီး မဖြစ်ပွားမီ ရက်သတ္တပတ် အနည်းငယ်အလိုမှပင် မည်ကဲ့သို့ ဖြစ်ပေါ် လာနိုင်သည်ကို ခန့်မှန်းသိရှိနိုင်ကြောင်း၊ ရခိုင်ပြည်နယ်သည် ပင်လယ်ကမ်းရိုးတန်းဒေသ ဖြစ်သဖြင့် မုန်တိုင်းဖြစ်ပေါ်ခြင်း၊ မိုးကြီးရေလျှံခြင်းများကို မလွဲမသွေ ကြုံတွေ့ရမည်ဖြစ် ကြောင်း၊ ထို့ကြောင့် လိုအပ်သည့် ကြိုတင်ပြင်ဆင်ခြင်းများကို မဖြစ်မနေ ဆောင်ရွက်ရ မည်ဖြစ်ကြောင်း၊ လေပြင်းတိုက်ခြင်းနှင့် ရာသီဥတုမမျှတခြင်းတို့ကို ကာကွယ်နိုင်ရန် သဘာဝအကာအကွယ်ဖြစ်သည့် သစ်ပင်သစ်တောစိုက်ပျိုးခြင်းများကိုလည်း ဆောင်ရွက် ရမည်ဖြစ်ကြောင်း၊ ရခိုင်ပြည်နယ်တွင် ရိုးမနှင့် ဆက်နွယ်နေသည့် တောင်တန်းများ၌သာ သစ်ပင်သစ်တောများ တွေ့ရှိရပြီး ကွင်းပြင်အများအပြားရှိနေသည်ကို တွေ့ရှိရကြောင်း၊ ထို့ကြောင့် သစ်ပင်များကို ကျေးရွာအလိုက်၊ ရပ်ကွက်များအလိုက်၊ မြို့များအလိုက် စိုက်ပျိုးသွားရန်လိုကြောင်း၊ သစ်ပင်များကို စိုက်ပျိုးခြင်းထက် ခုတ်ယူသုံးစွဲခြင်းက ပိုမို များပြားသည်ကိုတွေ့ရှိရပြီး ထင်းအဖြစ်သုံးစွဲခြင်းနှင့် အဆောက်အဦများ ဆောက်လုပ် ရန်အတွက် ခုတ်ယူကြသည်ကိုတွေ့ရကြောင်း၊ သဘာဝအရပေါက်ရောက်လျက်ရှိသည့် သစ်ပင်များပြုန်းတီးမှုများဖြစ်ပေါ်လာပြီး ရာသီဥတုများဖောက်ပြန်လာခြင်း ဖြစ်ကြောင်း၊ ထို့ကြောင့် သဘာဝဘေးဒဏ်များအတွက် ကြိုတင်ပြင်ဆင်မှုများအဖြစ် သစ်ပင်သစ်တော များ ပြန်လည်စိုက်ပျိုးရန်လိုကြောင်း၊ နယ်မြေခံပြည်သူလူထုနှင့်ပူးပေါင်း ၍သစ်ပင် စိုက်ပျိုးခြင်းကို ဆောင်ရွက်ခြင်းဖြင့် ဒေသအတွင်းသစ်တောသစ်ပင်များ ပေါများလာ မည်ဖြစ်ကြောင်း၊ နောင်အနာဂတ်တွင် မိမိတို့ဒေသ၌ ရာသီဥတုမျှတကောင်း မွန်စေရေး၊ သဘာဝဘေးဒဏ်များကို အထိုက်အလျောက်ကာကွယ်နိုင်စေရေးအတွက် ယခု ပစ္စပ္ပုန် တွင် ရှိနေသည့် မိမိတို့ကသစ်ပင်သစ်တောများကို စိုက်ပျိုးခြင်းများကို အလေးထား ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း။
အရာရှိ၊ စစ်သည်၊ မိသားစုများအနေဖြင့်လည်း မိမိတို့နေထိုင်ရာ နေအိမ်လိုင်းခန်း အတွင်း အရိပ်ရလေကာပင်များ၊ သစ်ပင်ကြီးများကို စိုက်ပျိုးနိုင်ရေး လုံလောက်သည့် အကျယ်အဝန်းများကို စနစ်တကျတွက်ချက်နေရာချထားပေးပြီးဖြစ်ကြောင်း၊ စစ်သည် တစ်ဦးချင်းစီအလိုက် အဆင့်လိုက်နေရာချထားပေးသည့် အဆောက်အဦများကိုလည်း စနစ်တကျ နေထိုင်ရန်နှင့် လိုအပ်သည့် ပြုပြင်ထိန်းသိမ်းခြင်းများကို မိမိတို့တတ်နိုင်သမျှ ဆောင်ရွက်သွားရန် လိုကြောင်း။
ဆိုင်ကလုန်းမုန်တိုင်း(မိုခါ)တိုက်ခတ်ပြီးနောက်ပိုင်းတွင် စစ်တွေမြို့တွင် နေထိုင်ကြ သည့် ဒေသခံပြည်သူများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များ စားရေး အဆင်ပြေစေရေးအတွက် ရန်ကုန်မြို့မှတဆင့် အစားအသောက်များကို ပို့ဆောင်ပေး လျက်ရှိကြောင်း၊ တပ်မတော်အတွင်း၌ တပ်ပိုင်နှင့် တစ်နိုင်တစ်နိုင် စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများကို ယခင်ကတည်း ကပင် အားပေးဆောင်ရွက်ခဲ့သဖြင့် အသား၊ ငါးနှင့် ဟင်းသီးဟင်းရွက်များကို ဖူလုံပေါများစွာ စားသုံးနိုင်သကဲ့သို့ ဒေသခံများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများ သက်သာသောဈေးနှုန်းများ ဖြင့် ဝယ်ယူစားသုံးနိုင်ရေးအတွက်လည်း ရောင်းချပေးလျက်ရှိကြောင်း။
လေ့ကျင့်သင်ကြားပေးလိုက်သည့် ပညာရပ်များနှင့် အတွေ့အကြုံများကို ပေါင်းစပ်၍ တာဝန်များကို ကျေပွန်စွာ ထမ်းဆောင်နိုင်ရန်လို
တာဝန်ထမ်းဆောင်မှုအပိုင်းနှင့် ပတ်သက်၍ စစ်သည်တစ်ဦးချင်းအနေဖြင့် စစ်သား ပီသစွာ နေထိုင်ကျင့်ကြံရန်လိုပြီး စစ်ရေး အသိ၊ စစ်ရေးသတိအမြဲရှိရန်လိုကြောင်း၊ မည်သည့် လုပ်ငန်းတာဝန်ကို ထမ်းဆောင်ရသည်ဖြစ်စေ တပ်မတော်သားတိုင်းသည် စစ်တိုက်နိုင်ရမည်၊ နိုင်ငံတော်ကာကွယ်ရေးတာဝန်များကို ထမ်းဆောင်နိုင်ရမည်ဖြစ် ကြောင်း၊ မိမိတို့ကို သင်ကြားပေးထားသည့် စစ်အတတ်ပညာများကို ကျွမ်းကျင်ပိုင်နိုင်ရ မည်ဖြစ်ကြောင်း၊ သင်တန်းကျောင်းတွင် စစ်သည်တစ်ဦးချင်း၏ အဆင့်နှင့်လျော်ညီစွာ တတ်မြောက်ရန်လိုအပ်သည့် သက်ဆိုင်ရာ ပညာရပ်အလိုက် အုပ်ချုပ်မှု၊ စစ်ပညာနှင့် ရုံးလုပ်ငန်းများကို သင်ကြားပေးလျက်ရှိကြောင်း၊ လေ့ကျင့်သင်ကြားပေးလိုက်သည့် ပညာရပ်များနှင့် အတွေ့အကြုံများကိုပေါင်းစပ်၍ စစ်သားကောင်းပီသသည့် စိတ်ဓာတ် ဖြင့် ဆောင်ရွက်နိုင်ရန်လိုကြောင်း၊ ယခုသင်တန်းကျောင်းမှသင်ကြားပေးလိုက်သည့် စစ်ပညာရပ်များသည် တိုက်ပွဲများဆင်နွှဲရာတွင် အောင်မြင်မှုများ ပိုမိုရရှိစေရန်အတွက် သင်ကြား ပေးလိုက်ခြင်းဖြစ်ကြောင်း၊ စစ်မြေပြင်တာဝန်ထမ်းဆောင်ချိန်တွင် သင်ကြား ပေးလိုက်သည့် ပညာရပ်များကို ထိထိရောက်ရောက်အသုံးချမည်ဆိုပါက ရန်သူကို ထိရောက် စွာချေမှုန်းနိုင်မည် ဖြစ်ပြီး နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို ကျေပွန်စွာ ထမ်းဆောင်နိုင်မည်ဖြစ်ကြောင်း၊ တစ်ဦးချင်းတာဝန်ထမ်းဆောင်မှုကို ကျေပွန် စွာ ထမ်းဆောင်နိုင်ရန် အထောက်အကူပြုစေမည့် ပညာရပ်များကိုသင်ကြား ပေးနေခြင်း ဖြစ် ကြောင်း။
ကာကွယ်ရေးနှင့်လုံခြုံရေးတာဝန်များကို ကျေပွန်စွာ ထမ်းဆောင်နိုင်ရေးအတွက် တစ်ဦးချင်း ကျန်းမာကြံ့ခိုင်မှုရှိရန်လိုကြောင်း၊ ကျန်းမာရေးနှင့် ညီညွတ်မျှတသည့် နေထိုင် စားသောက်မှုရှိရမည်ဖြစ်ပြီး ကိုယ်ခန္ဓာကြံ့ခိုင်သန်စွမ်းမှုရှိစေရေးအတွက်လည်း လေ့ကျင့် နေရမည်ဖြစ်ကြောင်း၊ ကျန်းမာကြံ့ခိုင်အောင် အမြဲမပြတ်ကြိုးပမ်းဆောင်ရွက်နေမှသာ လျင် လက်တွေ့စစ်မြေပြင်၌ တာဝန်များကို ကျေပွန်စွာထမ်းဆောင်နိုင်မည်ဖြစ်ပြီး မိမိ ကိုယ်ကိုယ်၊ မိမိတပ်ဖွဲ့ကို ကာကွယ်နိုင်မည်ဖြစ်ကြောင်း။
နိုင်ငံရေးနှင့် ပတ်သက်၍ မိမိတို့အနေဖြင့် အမျိုးသားရေးရည်မှန်းချက်နှစ်ရပ်၊ နိုင်ငံရေးဦးတည်ချက်နှစ်ရပ်ကို ချမှတ်ဆောင်ရွက်လျက်ရှိပြီး တပ်မတော်အနေဖြင့် ကောင်းမွန်သည့် ရည်ရွယ်ချက်များဖြင့် ဆောင်ရွက်နေခြင်းဖြစ်သည့်အတွက် လုပ်ငန်းများ အောင်မြင်မည်ဟု ယုံကြည်ကြောင်း၊ နိုင်ငံတည်ငြိမ်အေးချမ်းသည့်အချိန်တွင် ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ပြန်လည်ကျင်းပပေးမည်ဟု တပ်မတော်အနေဖြင့် အာမခံပြီးဖြစ်ကြောင်း၊ တပ်မတော်သည် ပြည်သူများကြားမှပေါက်ဖွားလာပြီး တိုင်းပြည် ၏ အစိတ်အပိုင်းပင်ဖြစ်ကြောင်း၊ နိုင်ငံတော်ကို ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်တွင် မှန်မှန်ကန်ကန် လျှောက်လှမ်းနိုင်ရေး တပ်မတော်အနေဖြင့် ခိုင်ခိုင်မာမာ ရပ်တည် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း။
အမျိုးသားရေးရည်မှန်းချက်ဖြစ်သည့် တိုင်းပြည်သာယာဝပြောရေးနှင့် တိုင်းပြည် စားရေရိက္ခာပေါများရေးကို ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ တိုင်းပြည်သာယာ ဝပြောရေးဆိုသည်မှာ တိုင်းပြည်တည်ငြိမ်အေးချမ်းပြီး ဒီမိုကရေစီအပြည့်အဝရရှိသည့် နိုင်ငံဖြစ်ရန်လိုကြောင်း၊ တိုင်းပြည်တည်ငြိမ်အေးချမ်းရေးအတွက် လက်နက်ကိုင်ပဋိပက္ခ များ ချုပ်ငြိမ်းအောင်ဆောင်ရွက်ရန်လိုကြောင်း၊ ပြည်သူများဘဝ ရပ်တည်နိုင်ရေးအတွက် အသိပညာအတတ်ပညာများ ရရှိအောင်ဆောင်ရွက်ပေးမှသာ ၎င်းတို့ဘဝတိုးတက်လာ မည်ဖြစ်ကြောင်း၊ လုပ်ငန်းများဆောင်ရွက်ရာတွင် လေးလေးနက်နက်ဖြင့် စဉ်းစား ဆောင် ရွက်ကြစေလိုကြောင်း၊ လွယ်ကူသည့်လုပ်ငန်းများကို ဦးစားပေးဆောင်ရွက်၍ ခက်ခဲသည့် အလုပ်များကို အောင်မြင်အောင်ဆောင်ရွက်နိုင်ရန်အတွက် မျှော်မှန်းချက်များကို ခိုင်ခိုင်မာမာ ချမှတ်ဆောင်ရွက်သွားရန်လိုကြောင်း။
ပညာရည်မြင့်မားရေး အလေးထား၊ အားပေးဆောင်ရွက်
ယနေ့ခေတ်သည် ပညာခေတ်ဖြစ်သဖြင့် မိမိကိုယ်ကိုနှင့် မိမိတို့၏ သားသမီးများ၏ ပညာရေးကိုလည်း အားပေးဆောင်ရွက်ကြရန်လိုကြောင်း၊ အတန်းပညာ တတ်မြောက်မှသာလျင် အတတ်ပညာများကို သင်ယူတတ်မြောက်နိုင်မည်ဖြစ်ကြောင်း၊ မိမိအတွက် အကျိုးဖြစ်စေနိုင်သည့်၊ ဗဟုသုတရရှိစေနိုင်သည့် စာအုပ်စာပေများကို လေ့လာဖတ်ရှု နေရန်လိုကြောင်း၊ ထိုသို့ ဖတ်မှတ်လေ့လာနိုင်ရေးအတွက်လည်း တပ်မတော်မှ စာအုပ် စာပေများကို ထုတ်ဝေပြီး ဖြန့်ချိပေးလျက်ရှိကြောင်း၊ တပ်မတော်အနေဖြင့် တပ်မတော် သား မိသားစုဝင် သားသမီးများ၏ ပညာရေးကို အမြဲမပြတ် အားပေးလျက်ရှိပြီး ထူးချွန် စွာအောင်မြင်သူများကိုလည်း ဂုဏ်ပြုချီးမြှင့်ခြင်းများ ပြုလုပ်ပေးလျက်ရှိကြောင်း၊ မိမိတို့ သားသမီးများ၏ ပညာရည်မြင့်မားစေရေး အားထည့်ဆောင်ရွက်ကြရန်လိုကြောင်း၊ မိမိတို့၏ သားသမီးများကို ယဉ်ကျေးလိမ္မာပြီး မိမိခြေထောက်ပေါ်တွင် မိမိ ရပ်တည်နိုင် သည့်၊ ထူးချွန်ထက်မြတ်သည့် သားသမီးများဖြစ်လာစေရေး စနစ်တကျ ထိန်းသိမ်း ပျိုးထောင် ပေးရန်လိုကြောင်း၊ မိမိတို့ကို ပေးအပ်ထားသည့် ကာကွယ်ရေးနှင့် လုံခြုံရေး တာဝန်များကိုလည်း ကျေပွန်စွာ ထမ်းဆောင်ကြရန် တိုက်တွန်းမှာကြားလိုကြောင်းဖြင့် ပြောကြားသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီး ချုပ်က တပ်နယ်အသီးသီးရှိ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ သင်တန်းသားများအတွက် စားသောက်ဖွယ်ရာပစ္စည်းများကို လည်းကောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ဇနီးက တပ်နယ်မိခင်နှင့် ကလေးစောင့်ရှောက် ရေးအသင်းများအတွက် ချီးမြှင့်ငွေများကိုလည်းကောင်း ထောက်ပံ့ပေးအပ်ရာ တာဝန်ရှိ သူများက အသီးသီးလက်ခံရယူကြသည်။
တွေ့ဆုံပွဲများအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် တွေ့ဆုံပွဲသို့တက်ရောက်လာကြသည့် အရာ ရှိ၊ စစ်သည်များနှင့် မိသားစုဝင်များ၊ သင်တန်းသားများအား ရင်းရင်းနှီးနှီး နှုတ်ဆက် ခဲ့သည်။