နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ၂၀၂၃ ခုနှစ်၊ ဒုတိယအကြိမ် နိုင်ငံအဆင့် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲအခမ်းအနားသို့ တက်ရောက်၍ လင်းလွန်းပင်အား ဦးဆောင် စိုက်ပျိုးပေး

နေပြည်တော်၊ ဇူလိုင် – ၂၈

၂၀၂၃ ခုနှစ်၊ ဒုတိယအကြိမ် နိုင်ငံအဆင့် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲအခမ်းအနား ကိုယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ် အတွင်းတည်ထား ကိုးကွယ်လျက်ရှိသည့် ကမ္ဘာပေါ်ရှိထိုင်တော်မှု ကျောက်ဆစ်ဗုဒ္ဓ ရုပ်ပွားတော်များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်လာမည့် မာရဝိဇယဗုဒ္ဓ ရုပ်ပွားတော် မြတ်ကြီး ပရိဝုဏ်တော်အတွင်း၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်၍ လင်းလွန်းပင်ကို ဦးဆောင် စိုက်ပျိုးပေးသည်။

 
အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီး ဒေါ်ကြူကြူလှ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီး ချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့်ဇနီး ဒေါ်သန်းသန်းနွယ်၊ ကောင်စီအတွင်း ရေးမှူးနှင့် ဇနီး၊ တွဲဖက်အတွင်းရေးမှူးနှင့်ဇနီး၊ ကောင်စီအဖွဲ့ဝင်များနှင့်ဇနီးများ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ ပြည်ထောင်စုဝန်ကြီးများနှင့်ဇနီးများ၊ နေပြည်တော် ကောင်စီဥက္ကဋ္ဌ၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ)နှင့်ဇနီး၊ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှအဆင့်မြင့် တပ်မတော်အရာရှိကြီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ဒုတိယဝန်ကြီးများနှင့် ဝန်ကြီးဌာနများမှ ဌာနဆိုင်ရာအရာထမ်း၊ အမှုထမ်း များ၊ သစ်တောနှင့် ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ်နှင့် အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူ များ၊ တာဝန်ရှိသူများ တက်ရောက်ကြသည်။

 
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အမှာစကားပြောကြားရာတွင် မာရဝိဇယဗုဒ္ဓဥယျာဉ်တော်အတွင်း ဥယျာဉ်စိမ်းလန်း စိုပြည်သာယာပြီး ဘုရားဖူးလာရဟန်းရှင်လူပြည်သူများ စိတ်ကြည်လင်အေးချမ်း စေရေး၊ သစ်တောသယံဇာတများ ရေရှည်တည်တံ့ပြီး ဇီဝမျိုးစုံမျိုးကွဲများ ပေါများ ကြွယ်ဝစေရေး၊ ရာသီဥတုသာယာမျှတစေရေးနှင့် ပတ်ဝန်းကျင်စိမ်းလန်းစိုပြည် သာယာစေရေးအတွက် ရည်ရွယ်၍ ယခု သစ်ပင်စိုက်ပွဲတော်ကို ကျင်းပခြင်းဖြစ်ပါ ကြောင်း။

မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးသည် ကမ္ဘာပေါ်ရှိထိုင်တော်မူ ကျောက်ဆစ် ဗုဒ္ဓရုပ်ပွားတော်များအနက် ဉာဏ်တော်အမြင့်ဆုံး ကျောက်သားစစ်စစ် ဗုဒ္ဓရုပ်ပွားတော် မြတ်တစ်ဆူပင်ဖြစ်ပါကြောင်း၊ ယခုကျင်းပပြုလုပ်သည့် သစ်ပင်စိုက်ပျိုးပွဲတွင် မြန်မာ နိုင်ငံ၏ ဂုဏ်ယူဖွယ်ရာဗုဒ္ဓရုပ်ပွားတော်မြတ်တည်ရှိသည့် ဥယျာဉ်ဝင်းအတွင်း စိမ်းလန်း စိုပြည်စေရေးအတွက် လင်းလွန်းပင်၊ လုမ္ဗိနီအင်ကြင်းပင်နှင့် ကံ့ကော်ပင်စသည့် သစ်မျိုး(၁၇)မျိုး၊ အပင်ပေါင်း(၂,၁၈၁)ပင်ကို စိုက်ပျိုးသွားမည်ဖြစ်ပါကြောင်း။

ယနေ့စိုက်ပျိုးရာတွင် ပါဝင်သည့် လင်းလွန်းပင်သည် တဖုဿနှင့် ဘလ္လိက ကုန်သည်ညီနောင်ကို ပထမဆုံးသော အနုမောဒနာတရားဟောကြားပြီး ပထမဦးဆုံး ဆံတော်ပေးအပ်သည့်နေရာဖြစ်သကဲ့သို့ သရဏဂုံနှစ်ပါးစတင်ရာနေရာ၏ အထိမ်း အမှတ်အပင်ဖြစ်ပါကြောင်း၊ အလားတူ လုမ္ဗိနီအင်ကြင်းပင်သည်လည်း မြတ်ဗုဒ္ဓ ဖွားတော်မူရာနေရာ၏ အထိမ်းအမှတ်အပင်ဖြစ်ပါကြောင်း။

 
ပွင့်တော်မူပြီးသည့် နှစ်ကျိပ်ရှစ်ဆူကုန်သော မြတ်စွာဘုရားရှင်များသည် ဥယျာဉ်၊ သစ်တောများရှိ ဗောဓိပင်ရင်းများ၌ ဘုရားအဖြစ်သို့ ရောက်ရှိခဲ့ခြင်းဖြစ်ပါကြောင်း၊ ထို့ကြောင့် သစ်တောသစ်ပင်များစိုက်ပျိုးခြင်းသည် ဗုဒ္ဓသာသနာတော် ထွန်းလင်း ပွင့်လန်းစေရေး ကောင်းမွန်မြင့်မြတ်သည့် အစဉ်အလာနှင့် အထောက်အပံ့ကောင်း တစ်ခုဖြစ်ပါကြောင်း။
ဗုဒ္ဓ၏အဆုံးအမတရားတော်၌ ထာဝရကုသိုလ်(၆)ပါးရှိသည့်အနက် သစ်ပင် စိုက် ပျိုးခြင်း၊ သစ်တောများထိန်းသိမ်းခြင်းသည် ထာဝရကုသိုလ်တစ်ပါးဖြစ်ပါကြောင်း၊ သစ်ပင်စိုက်ပျိုးခြင်းသည် ဇရပ်တန်ဆောင်း၊ ဂူ၊ ကျောင်း၊ ပြာသာဒ်ဆောက်လုပ် လှူဒါန်းခြင်းနှင့် အခြားထာဝရကုသိုလ်များကဲ့သို့ပင် တူညီသည့်ကုသိုလ်ကို ရရှိခံစား နိုင်ပြီး အသက်ရှည်ကျန်းမာသည့် ကုသိုလ်အကျိုးထူးတို့ကိုလည်း ရရှိနိုင် ပါကြောင်း။
ထို့ကြောင့်လည်း မာရဝိဇယဗုဒ္ဓဥယျာဉ်တော်အတွင်း၌ ဗောဓိညောင်ပင်၊ ကျည်း ပင်၊ လင်းလွန်းပင်၊ လုမ္ဗိနီအင်ကြင်းပင်အစရှိသည့် ဗုဒ္ဓသာသနာနှင့် ဆက်စပ်နေသည့် အပင်မျိုးများအပါအဝင် သစ်ပင်မျိုးများစွာကို စိုက်ပျိုးပြုစုထိန်းသိမ်းထားပါကြောင်း၊ “ဘုရားကျောင်းကန် စေတီရံလည်းသစ်ပင်ရှိမှ ပနံရလိမ့်”ဟုဆိုသည့်အတိုင်း မြန်မာ နိုင်ငံ၏ ဂုဏ်ယူဖွယ်ရာ ဗုဒ္ဓရုပ်ပွားတော်မြတ်တည်ရှိသည့် ဥယျာဉ်ဝင်းအတွင်း စိမ်း လန်းသာယာစေရေး ယခုကဲ့သို့ပြည်သူများနှင့် ပူးပေါင်းပြီး သစ်ပင်များ ဆက်လက် စိုက်ပျိုးသွားမည် ဖြစ်ပါကြောင်း။

သစ်တောများ တည်ရှိရှင်သန်နေခြင်းသည် “ အတိတ်ကာလ၏ အမွေအနှစ်၊ ပစ္စုပ္ပန်၏ အကျိုးစီးပွားနှင့် အနာဂတ်၏ဖွံ့ဖြိုးမှု” ဖြစ်သည့်အတွက် စနစ်တကျပြုစု ထိန်းသိမ်းရန် အလွန်အရေးကြီးပါကြောင်း၊ တစ်ပင်စိုက်၊ တစ်ပင်ရှင်သန်ပြီး စိုက်ပျိုး သမျှ အောင်မြင်အောင် ပြုစုထိန်းသိမ်းကြရမည်ဖြစ်ပါကြောင်း၊ သစ်ပင်သစ်တောများ ကို စိုက်ပျိုးပြုစုခြင်းသာမက သဘာဝသစ်တောသယံဇာတများကိုလည်း ရေရှည် တည်တံ့စေရေး ထိန်းသိမ်းကြရမည်ဖြစ်ပါကြောင်း၊ ၂၀၃၀ ပြည့်နှစ်တွင် နိုင်ငံဧရိယာ၏ (၃၀) ရာခိုင်နှုန်းကို သစ်တောကြိုးဝိုင်းများ၊ ကြိုးပြင်ကာကွယ်တောများအဖြစ် ဖွဲ့စည်း နိုင်ရေးနှင့် (၁၀) ရာခိုင်နှုန်းကို သဘာဝထိန်းသိမ်းရေးနယ်မြေများအဖြစ် ဖွဲ့စည်းနိုင် ရေးအတွက် ရည်မှန်းချက်များပြည့်မီအောင် ကြိုးပမ်းဆောင်ရွက်ကြရန်လည်း မှာကြားလိုပါကြောင်း။

နိုင်ငံရေရှည်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူများ စားရေရိက္ခာဖူလုံပြီး ကျန်းမာ ပျော်ရွှင်ရေးအတွက် သစ်ပင်သစ်တောများ၏ အခန်းကဏ္ဍသည် အလွန်အရေးကြီးပါ ကြောင်း၊ ဗုဒ္ဓဥယျာဉ်တော်ကြီး စိမ်းလန်းသာယာစိုပြေရေး၊ သစ်ပင်သစ်တောများ ရေရှည်တည်တံ့စေရေးအတွက် ဘက်စုံကဏ္ဍစုံမှရှုမြင်သုံးသပ်ပြီး သစ်တောထိန်းသိမ်း ရေးလုပ်ငန်းများကို ဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း၊ ယခုသစ်ပင်စိုက်ပျိုးပွဲ တော်မှသည် နိုင်ငံအဝန်းကျေးလက်မြို့ပြများအားလုံး စိမ်းလန်းစိုပြည်သာယာစေရေး၊ မိမိပတ်ဝန်းကျင်နှင့် ကမ္ဘာမြေငြိမ်းချမ်းသာယာစေရေး၊ ထာဝရကုသိုလ်ရယူနိုင်ရေး သစ်ပင်သစ်တောများကို စိုက်ပျိုးထိန်းသိမ်းကြရမည်ဖြစ်ကြောင်းကို တိုက်တွန်း ပြော ကြားလိုကြောင်းဖြင့် ပြောကြားသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီးဒေါ်ကြူကြူလှတို့က လင်းလွန်းပင်ကို သတ်မှတ်နေရာတွင် ဦးဆောင်စိုက်ပျိုးပေးသည်။

 
ယင်းနောက် အခမ်းအနားသို့ တက်ရောက်လာကြသည့် နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်နှင့်ဇနီး၊ ကောင်စီအတွင်းရေးမှူးနှင့် ဇနီး၊ တွဲဖက်အတွင်းရေးမှူးနှင့်ဇနီး၊ ကောင်စီအဖွဲ့ဝင်များနှင့်ဇနီးများ၊ ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်များနှင့် ပြည်ထောင်စုဝန်ကြီးများ၊ ဝန်ကြီးဌာနများမှ ဌာနဆိုင်ရာ အရာထမ်း၊ အမှုထမ်းများ၊ သစ်တောနှင့်ပတ်ဝန်းကျင်ဆိုင်ရာ တက္ကသိုလ်နှင့် အခြေခံပညာကျောင်း များမှ ကျောင်းသား၊ ကျောင်းသူများ၊ တာဝန်ရှိသူများသည် ပျိုးပင်များကို တစ်ပြိုင် တည်း စိုက်ပျိုးပေးကြသည်။

 
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီးတို့ သည် ၂၀၂၃ ခုနှစ်၊ ဒုတိယအကြိမ် နိုင်ငံအဆင့်မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားသို့ တက်ရောက်လာကြသူများက ပျိုးပင်များအား တပျော်တပါးစိုက်ပျိုး နေမှုကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြသည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။