နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်  ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များအား တွေ့ဆုံအမှာစကားပြောကြား

နေပြည်တော်၊ ဩဂုတ် – ၃၀

          နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ယနေ့မွန်းလွဲပိုင်းတွင် ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ အား ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ တွေ့ဆုံ၍ ဒေသဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာများ ဆွေးနွေး ပြောကြားသည်။

          အဆိုပါ တွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်နှင့်အတူ ကောင်စီတွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကောင်စီ ဝင် ဗိုလ်ချုပ်ကြီး မောင်မောင်အေးနှင့် ဗိုလ်ချုပ်ကြီး ညိုစော၊ ပြည်ထောင်စု ဝန်ကြီးများ၊  ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ ကာကွယ်ရေးဦးစီးချုပ် ရုံးမှ တပ်မတော်အရာရှိကြီးများ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ တောင်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး၊ ဒုတိယဝန်ကြီးများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဒေသဆိုင်ရာအချက်အလက်များနှင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းဆောင်ရွက် နိုင်မှုအခြေအနေများအား ရှင်းလင်းတင်ပြ

ဦးစွာ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်က တိုင်းဒေသကြီးဆိုင်ရာ အချက်အလက် များ၊ သီးနှံများစိုက်ပျိုးလျက်ရှိမှုနှင့်သီးထပ်သီးနှံစိုက်ပျိုးရန်လျာထားဆောင်ရွက်လျက် ရှိမှု၊ စပါးထွက်ရှိမှုနှင့် ဒေသဝမ်းစာဖူလုံမှု၊ ဆီထွက်သီးနှံနှင့် ပဲမျိုးစုံ စိုက်ပျိုးဖြစ်ထွန်း လျက်ရှိမှု၊ စက်မှုကုန်ကြမ်းသီးနှံနှစ်အလိုက် စိုက်ပျိုးလျက်ရှိမှု၊ ဝါသီးနှံစိုက်ပျိုးမှု၊ ရေ အရင်းအမြစ်များ ရရှိမှုနှင့် ထိန်းသိမ်းထားရှိမှု၊ စိုက်ပျိုးရေးအထောက်အကူပြုပစ္စည်း ကိရိယာများ ဖြန့်ဝေပေးလျက်ရှိမှု၊ စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေး(၂)သီးမှ (၃)သီး သီးထွက်စွမ်းအား တိုးမြှင့်နိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိမှု၊ မွေးမြူရေး လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိမှု၊ ကျန်းမာရေး၊ ပညာရေး ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်လျက်ရှိမှုနှင့် ရှေ့ဆက်လက်ဆောင်ရွက်သွား မည့်အခြေအနေများကို ရှင်းလင်းတင်ပြသည်။

ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံ တော်ဝန်ကြီးချုပ်က နွေစပါးစိုက်ပျိုးမှုနှင့်ပတ်သက်၍ အထွက်နှုန်းများ ပိုမိုတိုးတက် စေရေး ဆောင်ရွက်သွားရန်လိုကြောင်း၊ ထွက်ရှိလာသည့် ဆန်၊ စပါးများကို ပြည်ပ ဈေးကွက်သို့တင်ပို့နိုင်သည့် အရည်အသွေးရရှိသည်အထိ သုသေသနပြု ကြိုးပမ်း ဆောင်ရွက်သွားရန်လိုကြောင်း၊ ဒေသတွင်း စားသုံးဆီဖူလုံမှုကို အထောက်အကူပြု စေရန်အတွက် ဆီထွက်သီးနှံတစ်ခုဖြစ်သည့် နေကြာစိုက်ပျိုးမှုများကိုလည်း တိုးချဲ့ ဆောင်ရွက်သွားရန်လိုကြောင်းနှင့် အခြားလိုအပ်သည်များကို ဆွေးနွေးမှာကြားသည်။

နိုင်ငံတော်၏ နိုင်ငံရေးဖြစ်ပေါ်ပြောင်းလဲမှု

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က မြန်မာနိုင်ငံ၏ ခေတ်အဆက်ဆက် နိုင်ငံရေးဖြစ်ပေါ် ပြောင်းလဲခဲ့မှုအခြေအနေများ၊ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် မဲမသမာမှုများဖြစ် ပေါ်ခဲ့သည့် အခြေအနေများနှင့် မဲမသမာမှုများကို တာဝန်ရှိသူများက ဖြေရှင်းဆောင် ရွက်ပေးခြင်းမရှိခဲ့သည့် အခြေအနေများ၊ နိုင်ငံတော်တွင် ဖြစ်ပေါ်လာခဲ့သည့် အခြေ အနေများအရ နိုင်ငံတော်ကို နိုင်ငံရေးအရအရေးပေါ်အခြေအနေကြေညာခဲ့ပြီး  တပ်မတော်မှ နိုင်ငံ့တာဝန်များကို ထမ်းဆောင်ခဲ့ရမှုအခြေအနေများ၊ ကိုဗစ်-၁၉ ရောဂါ ကြောင့်ဖြစ်ပေါ်ခဲ့ရသည့် အကြပ်အတည်းများနှင့် နိုင်ငံရေးအမြတ်ထုတ်လိုသူများ၏ သွေးထိုးလှုံ့ဆော်မှုများကြောင့် ဖြစ်ပေါ်ခဲ့သည့် အကြမ်းဖက်မှုဖြစ်စဉ်ဖြစ်ရပ်များကို  ဥပဒေနှင့်အညီ ထိန်းထိန်းသိမ်းသိမ်းဆောင်ရွက်ခဲ့မှုအခြေအနေများ၊ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီအနေဖြင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးနှင့် တည်ငြိမ်အေးချမ်းရေး တို့အတွက် မူဝါဒများ၊ ဦးတည်ချက်များ ချမှတ်၍ ကြိုးပမ်းဆောင်ရွက်နေမှု အခြေ အနေများနှင့် ပတ်သက်၍ အကျယ်တဝင့် ရှင်းလင်းပြောကြားသည်။

လွတ်လပ်၍တရားမျှတသည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး

ယင်းနောက် မိမိနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရ အနေဖြင့် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပေါ်ခဲ့သည့် မဲမသမာမှု ဖြစ်စဉ်များကို သင်ခန်းစာယူပြီး လာမည့်ရွေးကောက်ပွဲတွင် မဲစာရင်းများမှန်ကန်မှုရှိစေ ရေးအတွက် မြေပြင်စာရင်းကောက်ယူခြင်းလုပ်ငန်းများအပါအဝင် လုပ်ငန်းစဉ်များ အတိုင်း စနစ်တကျစီမံဆောင်ရွက်လျက်ရှိကြောင်း၊ မဲစာရင်းအချက်အလက်များ မှန် ကန်မှုရှိစေရေး လာမည့်အောက်တိုဘာလတွင် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်း ခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းများကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ထို့ ကြောင့် အောက်တိုဘာလ ၁ ရက်နေ့မှစတင်၍ သန်းခေါင်စာရင်းကောက်ယူရာတွင် ပဲခူးတိုင်းဒေသကြီးအတွင်း ရာနှုန်းပြည့်ကောက်ယူနိုင်ရေး ဝိုင်းဝန်းကြိုးပမ်း ဆောင် ရွက်သွားကြရန်လိုကြောင်း၊ စာရင်းဇယားများမှန်ကန်စွာရရှိစေရေး ဆောင်ရွက်ကြရန် လိုကြောင်း၊ ရွေးကောက်ပွဲကို စည်းစနစ်ကျနမှုရှိသည့် အထွေထွေရွေးကောက်ပွဲ တစ်ရပ်ဖြစ်စေရေးနှင့် ၎င်းရွေးကောက်ပွဲမှ ထွက်ပေါ်လာသည့်အစိုးရကို နိုင်ငံတော် တာဝန်များ လွှဲအပ်နိုင်ရေး ဆက်လက်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ သိက္ခာရှိ သည့် ရွေးကောက်ပွဲနှင့် သိက္ခာရှိသည့် လွှတ်တော်အစည်းအဝေး ကျင်းပနိုင်ရေးဆောင် ရွက်ရမည်ဖြစ်ကြောင်း၊ လွှတ်တော်အသီးသီးတွင် အစည်းအဝေး အထမြောက်စေရေး၊ သိက္ခာရှိသည့်လွှတ်တော်အစည်းအဝေးဖြစ်စေရေးနှင့် သတ်မှတ် ကိုယ်စားလှယ်များ ရွေးချယ်တက်ရောက်နိုင်ရေး ဆောင်ရွက်သွားရမည် ဖြစ်ကြောင်း၊ အဆိုပါ လွှတ်တော် များတွင် သက်ဆိုင်ရာဒေသအလိုက် ပါဝင်သင့်သူများ ပါဝင်မှသာ လွှတ်တော်အတွင်း ကိုယ်စားပြုမှုများမည်ဖြစ်ကြောင်း၊ နိုင်ငံတော်၏ နိုင်ငံရေးဖြစ်ပေါ် ပြောင်းလဲမှု အခြေ အနေများနှင့် လွတ်လပ်၍တရားမျှတသည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက် ပွဲ တစ်ရပ်အောင်မြင်စွာကျင်းပနိုင်ရေးဆောင်ရွက်လျက်ရှိသည့် အခြေအနေများကို သိရှိနိုင်ရန် ပြောကြားရခြင်းဖြစ်ကြောင်း။

နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေး

နိုင်ငံတော်၏ စီးပွားရေးဆိုင်ရာများနှင့် ပတ်သက်၍ မိမိတို့စတင်တာဝန် ထမ်း ဆောင်ချိန်တွင် အနောက်နိုင်ငံများအနေဖြင့် စီးပွားရေးပိတ်ဆို့မှုများကို လုပ်ဆောင် ခဲ့ကြောင်း၊ အထောက်အပံ့များပေးအပ်မှုကိုလည်း လျှော့ချခဲ့ကြောင်း၊ ထိုသို့ စီးပွားရေး အရပိတ်ဆို့မှုများကြောင့် မိမိတို့နိုင်ငံပိုင် နိုင်ငံခြားငွေများ သုံးစွဲမှု မပြုနိုင်ခဲ့ကြောင်း၊ ထို့ကြောင့် မိမိတို့အနေဖြင့် ကုန်သွယ်မှုများမှရရှိသည့်ငွေများကို အဓိကထား သုံးစွဲ နေရခြင်းဖြစ်ကြောင်း၊ ယခင်က ပြည်ပမှဝင်နေသည့် ဝင်ငွေများကို ပြန်လည်စိစစ် ခဲ့ရာတွင် ချေးငွေများ၊ ထောက်ပံ့ငွေများ၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ဖြစ်သည်ကို တွေ့ရှိရ ကြောင်း၊ မိမိတို့အနေဖြင့် ပြည်ပချေးငွေများကို တတ်နိုင်သမျှ ပြန်လည် ပေးဆပ်ရလျက်ရှိကြောင်း၊ အဓိကအားဖြင့် ကုန်သွယ်မှုများဆောင်ရွက်နိုင်ရန် အတွက် ကုန်ထုတ်လုပ်မှုများ တိုးတက်အောင် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ပြည် တွင်းထုတ်ကုန်ပစ္စည်းများကို ပြည်ပသို့တင်ပို့နိုင်ရန်အတွက် အရည်အသွေး ကောင်း မွန်အောင်ဆောင်ရွက်ကြရန်လိုကြောင်း၊ ပြည်ပသို့ ကုန်ပစ္စည်းများ ပိုမိုတင်ပို့နိုင်မှသာ နိုင်ငံခြားငွေများတိုးတက်ရရှိပြီး နိုင်ငံ့စီးပွားရေး တိုးတက်လာမည်ဖြစ်ကြောင်း။

နိုင်ငံ့စီးပွားတိုးတက်ရေးနှင့် ထုတ်ကုန်ပစ္စည်းများတိုးမြှင့်နိုင်ရေးအတွက် နိုင်ငံ၏ အဓိကစီးပွားရေးလုပ်ငန်းများဖြစ်သည့် စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့် ကုန်ထုတ် လုပ်ငန်းများကို အားပေးဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ စိုက်ပျိုးရေးနှင့်ပတ်သက်၍ သီးနှံများ ဖြစ်ထွန်းအောင်မြင်ပြီး အထွက်နှုန်းကောင်းမွန်စေရေး မျိုး၊ မြေ၊ ရေ၊ နည်း ဟူသည့် နည်းလမ်း (၄) ဖြင့် ဆောင်ရွက်သွားရန်လိုကြောင်း၊ အထွက်နှုန်းများတိုးတက် လာမည်ဆိုပါက စိုက်ပျိုးရေးတောင်သူများ ဝင်ငွေပိုမိုရရှိလာမည်ဖြစ်ကြောင်း၊ ထိုမှ တစ်ဆင့် နိုင်ငံအတွက်လည်းဝင်ငွေများရရှိပြီး နိုင်ငံ့စီးပွားရေးကို အထောက်အကူပြု စေမည်ဖြစ်ကြောင်း။

ပဲခူးတိုင်းဒေသကြီးအနေဖြင့်လည်း စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများကို အခြေခံသည့် ကုန်ထုတ်လုပ်ငန်းများ၊ စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်သွားရန်လိုကြောင်း၊ စက်မှုကုန်ထုတ်လုပ်ငန်းများကို ဆောင်ရွက်နိုင်သည့် ရာဘာ၊ ကော်ဖီ၊ ကြံ၊ ဝါနှင့် လက်ဖက် တို့ကိုလည်း တိုးချဲ့ စိုက်ပျိုး စေလိုကြောင်း။

နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်လာပါက နိုင်ငံသူ၊ နိုင်ငံသားတို့၏ လူမှု စီးပွားဘဝများလည်း ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကာ သာယာဝပြောမှုရှိလာမည်ဖြစ် ကြောင်း၊ စီးပွားရေးအားကောင်းလာမည်ဆိုပါက နိုင်ငံတိုးတက်ရေးအတွက် ဆောင် ရွက်နိုင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် နိုင်ငံ့ဝန်ထမ်းများအနေဖြင့် နိုင်ငံတော်၏ စီးပွား ရေး  ဖွံ့ဖြိုးတိုးတက်ရေးအတွက် မိမိတို့ကျရာအခန်းကဏ္ဍမှ ကြိုးပမ်းဆောင်ရွက်ကြ ရမည်ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် နိုင်ငံ့ဝန်ထမ်းများနှင့်ပတ်သက်၍ စဉ်းစား ဆောင် ရွက်ပေးလျက်ရှိပြီး နိုင်ငံ့ဝန်ထမ်းများအတွက် ထောက်ပံ့ကြေးများတိုးပေးခြင်းနှင့် သက်စွန့်ဆံဖျား တာဝန်ထမ်းဆောင်လျက်ရှိသည့် တပ်မတော်သားများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များနှင့် မီးသတ်တပ်ဖွဲ့ဝင်များအတွက်လည်း ထိုက်သင့်သည့် ထောက်ပံ့မှု များကို ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ သင်ကြားရေးနှင့်ပတ်သက်သည့် ဆရာ၊ ဆရာမများကိုလည်း ဘွဲ့များအလိုက် ချီးမြှင့်ငွေများပေးအပ်ခဲ့ကြောင်း။

 

ပညာရေးနှင့် ကျန်းမာရေး

ပညာသင်ကြားရေးနှင့်ပတ်သက်၍ မိမိတို့နိုင်ငံတွင် ဆရာ၊ ဆရာမ များစွာလိုအပ် နေဆဲဖြစ်ပြီး နိုင်ငံတော်အနေဖြင့် တတ်နိုင်သရွေ့ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိ ကြောင်း၊ အလားတူ ပညာရေးကဏ္ဍမြှင့်တင်နိုင်ရေးအတွက် ကျောင်းနေအရွယ် ကလေးများအားလုံး ကျောင်းတက်ရောက်နိုင်ရေး ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ တန်းစဉ်ကူးပြောင်းမှု ရာခိုင်နှုန်းများလည်း ကောင်းမွန်နေရန်လိုကြောင်း၊ ပညာရည် သင်ကြားနိုင်ရန်အတွက် တည်ငြိမ်အေးချမ်းမှုရှိရန်နှင့် စီးပွားရေးကောင်းမွန်ရန်လည်း လိုအပ်မည်ဖြစ်သဖြင့် တိုင်းဒေသကြီးအနေဖြင့် ကြိုးပမ်းဆောင်ရွက် သွားရန်လို ကြောင်း၊ သဘာဝဘေးအန္တရာယ်နှင့် အခြားအကြောင်းအမျိုးမျိုးကြောင့် ယာယီပိတ် ထားရသည့် ကျောင်းများ ပြန်လည်ဖွင့်လှစ်ချိန်တွင်လည်း ကျောင်းသားများ အမှန် တကယ်ပညာတတ်မြောက်စေရေး အချိန်ပိုများဖြင့် သင်ကြားပေးသွားရန် လိုကြောင်း။

ဆရာ၊ ဆရာမများ အနေဖြင့် ကျောင်းသားများ အမှန်တကယ်စာတတ်မြောက် အောင် သင်ကြားပေးလိုသည့် စိတ်ရှိရန်လိုကြောင်း၊ ပညာရေးသည် နိုင်ငံ၏ အနာဂတ် ပင်ဖြစ်ပြီး ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်လျှောက်လှမ်းရာတွင် ပညာတတ်များ ပေါများကြွယ်ဝရန်လိုကြောင်း၊ ပညာတတ်များပေါကြွယ်ဝမှသာ အသိပညာ၊ အတတ် ပညာများ ရရှိပြီး စီးပွားရေးများကို တိုးတက်အောင်ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ အသိပညာ၊ အတတ်ပညာများရရှိရန်အတွက် အတန်းပညာကောင်းမွန်အောင် မိမိတို့ အနေဖြင့် အားပေးဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ နိုင်ငံသားများအနေဖြင့်စီးပွားရေး အခြေခံများရရှိစေရန်အတွက် တက္ကသိုလ်များတွင် စီးပွားရေးပညာရပ်များကို သင် ကြားပေးလျက်ရှိသကဲ့သို့ ဒီမိုကရေစီကို သိရှိနားလည်နိုင်ရန်အတွက် တက္ကသိုလ်များ တွင် ဥပဒေပညာရပ်များကို သင်ကြားပေးလျက်ရှိကြောင်း၊ နိုင်ငံတော်အတွက် လုပ် ငန်းတာဝန်များကို စနစ်တကျဖြင့် ကျေပွန်စွာထမ်းဆောင်နိုင်ရန်အတွက် ဆောင်ရွက် ပေးခြင်းဖြစ်ကြောင်း၊ ပဲခူးတိုင်းဒေသကြီးသည် ရေခံမြေခံကောင်းမွန်သည့် တိုင်းဒေသ ကြီးဖြစ်ပြီး အသိပညာအတတ်ပညာ ပြည့်ဝသည့် လူငယ်များမွေးထုတ်နိုင်မည်ဆိုပါက ယခုထက် ပိုမိုဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း။

ကျန်းမာရေးနှင့်ပတ်သက်၍ ဆေးရုံရှိလျင် ဆရာဝန်ရှိရမည်ဟူသည့် မူဝါဒနှင့် အညီ ဆရာဝန်များအား ခန့်အပ်တာဝန်ပေးထားကြောင်း၊ နိုင်ငံအဝန်းကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် နိုင်ငံတော်အနေဖြင့် ကျန်းမာ ရေးဝန်ထမ်းများ စဉ်ဆက်မပြတ်ခန့်အပ်ပေးလျက်ရှိကြောင်း၊ နိုင်ငံတော်မှ ထိုသို့ ဆောင်ရွက်ပေးလျှက်ရှိသကဲ့သို့ ပြည်သူများအနေဖြင့်လည်း ကျန်းမာရေးအသိပညာ များရှိရန်လိုပြီး ကျန်းမာရေးနှင့်လျော်ညီသည့် နေထိုင်စားသောက်မှုများရှိရန် လို ကြောင်း၊ လူတစ်ဦးတစ်ယောက် ကျန်းမာရေးထိခိုက်လာမည်ဆိုပါက ကာယကံရှင် ကိုယ်တိုင်သာမက ၎င်း၏ ပတ်ဝန်းကျင်၊ အဖွဲ့အစည်းနှင့် မိသားစု၏ အကျိုးစီးပွား ကို ပါထိခိုက်စေနိုင်ကြောင်း၊ ကျန်းမာမှ အလုပ်လုပ်နိုင်မည်၊ ကျန်းမာမှ ပညာသင်ကြားနိုင် မည် ဖြစ်သဖြင့် ကျန်းမာရေးနှင့်ပတ်သက်၍ ဂရုစိုက်ဆောင်ရွက်ကြရန်လိုကြောင်း၊ ကျန်းမာရေးနှင့်ဆက်စပ်၍ အားကစားကဏ္ဍတိုးတက်မှုရှိစေရေးအတွက်လည်း တိုင်း ဒေသကြီးနှင့် ပြည်နယ်အလိုက် ကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်း၊ ကိုယ်ခန္ဓာ ကြံ့ ခိုင်သန်စွမ်းစေရေး၊ စိတ်ဓာတ်ကောင်းမွန်စေရေး၊ အားကစားနည်းအလိုက် နည်းစနစ် ပိုင်းဆိုင်ရာများ ကျွမ်းကျင်မှုရှိစေရေး ဆောင်ရွက်ပေးရန်လိုကြောင်း၊ တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်စေရေး၊ မျိုးချစ်စိတ်များ ရှင်သန်ထက်မြက်ရေးတို့အတွက် အားကစား ကဏ္ဍကို မြှင့်တင်ခြင်းဖြင့် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း။

တရားဥပဒေစိုးမိုးရေးနှင့် လုံခြုံရေး

တရားဥပဒေစိုးမိုးရေးနှင့်ပတ်သက်၍ မိမိတို့အနေဖြင့် ပြည်သူ့လုံခြုံရေးကို ဆောင်ရွက်လျက်ရှိပြီး ထိုသို့ဆောင်ရွက်နိုင်ရန်အတွက် နယ်မြေခံ ရပ်မိ၊ ရပ်ဖ များ၊ ရဲတပ်ဖွဲ့ဝင်များ၊ အထွေထွေအုပ်ချုပ်ရေးအဖွဲ့များ ပူးပေါင်းဆောင်ရွက်ရမည်ဖြစ် ကြောင်း၊ အုပ်ချုပ်ရေးမှူးအဆင့်ဆင့်တွင်လည်း ဒေသအကျိုးအတွက် အမှန် တကယ် တာဝန်ထမ်းဆောင်လိုသည့်သူများကိုသာ တာဝန်ပေးအပ်ရန်လိုကြောင်း၊ အုပ်ချုပ်ရေး မှူးများနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များသည် ပြည်သူများနှင့် မြေပြင်၌ အမှန်တကယ် ထိတွေ့နေသူများဖြစ်ကြောင်း၊ ထို့ကြောင့် ပြည်သူများအပေါ် ကောင်းမွန်စွာဆက်ဆံ ဆောင်ရွက်ရန်လိုကြောင်း၊ အဆင့်ဆင့်သတင်းပေးသည့်စနစ်ကို ဖော်ဆောင်၍ ဒေသ အတွက် ကောင်းရာကောင်းကျိုးဆောင်ရွက်မည့်သူများ၊ ရဲတပ်ဖွဲ့ဝင်များ၊ အုပ်ချုပ်ရေး အဖွဲ့များ ပူးပေါင်း၍ ပြည်သူ့လုံခြုံရေးစနစ်ကိုဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ အဆင့်ဆင့်သတင်းပေးသည့်စနစ်ကိုကျင့်သုံးပါက အမှုအခင်းများလည်း များစွာ လျော့ နည်းသွားမည်ဖြစ်ကြောင်း၊ တရားဥပဒေစိုးမိုးရေးနှင့် လုံခြုံရေးပိုင်းကို ကျေးလက်များ အထိ ထိထိရောက်ရောက် ဆောင်ရွက်နိုင်မည်ဆိုပါက သန်းခေါင်စာရင်းကောက်ယူ မှုများနှင့်ရွေးကောက်ပွဲကျင်းပမှုများကို များစွာအထောက်အကူပြုနိုင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် ပဲခူးတိုင်းဒေသကြီးအနေဖြင့် တရားဥပဒေစိုးမိုးရေးနှင့် လုံခြုံရေးကဏ္ဍကို အလေးထားဆောင်ရွက်သွားရန်မှာကြားလိုကြောင်း၊ မိမိအနေဖြင့် နိုင်ငံတော်၏ နိုင်ငံ ရေးဖြစ်ပေါ်ပြောင်းလဲမှု၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ တရားဥပဒေ စိုးမိုးရေး နှင့်လုံခြုံရေး စသည်တို့နှင့်ပတ်သက်၍ နိုင်ငံတော်တွင် ဖြစ်ပေါ်နေမှုများ၊ နိုင်ငံတော် အစိုးရ၏ မျှော်မှန်းဆောင်ရွက်နေမှုများကို တိုင်းဒေသကြီးအစိုးရအဖွဲ့မှ တာဝန်ရှိသူ များအနေဖြင့် သိရှိနိုင်ရေး ယခုကဲ့သို့ အချိန်ယူကာ ကျယ်ကျယ်ပြန့်ပြန့်ရှင်းလင်းပြော ကြားခဲ့ခြင်းဖြစ်ကြောင်းနှင့် မိမိတို့တာဝန်ကျရာတိုင်းဒေသကြီးမှတဆင့် နိုင်ငံတော်ကြီး ဖွံ့ဖြိုးတိုးတက်ရေး တတ်စွမ်းသရွေ့ ကြိုးပမ်းဆောင်ရွက်သွားကြရန်တိုက်တွန်း မှာ ကြားလိုကြောင်းဖြင့် ပြောကြားသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ပဲခူးမြို့၊ ကမ္ဘောဇသာဒီရွှေနန်းတော်သို့ ရောက်ရှိကြပြီး ရွှေနန်းတော် အတွင်း ယခင်မြေနန်းပြသာဒ်ဆောင်နေရာမှ တူးဖော်ရရှိသည့် ကျွန်းတိုင်များကို ပြသထားရှိမှု၊  နန်းတော်အတွင်း ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်လျက် ရှိမှုအခြေအနေများနှင့် နန်းတော်အတွင်းလှည့်လည်ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူ များ၏ တင်ပြချက်များအပေါ် ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများကို ဆောင်ရွက်ရာတွင် အဆင့်ဆင့် အသေးစိတ်ပြင်ဆင်ဆောင်ရွက်သွားရန်လိုကြောင်း၊ နန်းတော်အတွင်း အမြဲသန့်ရှင်းသပ်ရပ်စေရေး ဆောင်ရွက်နေရန်လိုကြောင်း၊ ရှေးခေတ်အသုံးအဆောင် ပစ္စည်းများအားပျက်စီးမှုမရှိစေရေး ထိန်းသိမ်းပြသထားရန်လိုကြောင်း၊ နန်းတော်ဝန်း အတွင်း လမ်းများကောင်းမွန်အောင်ပြုပြင်ထိန်းခြင်းလုပ်ငန်းများကိုလည်း ဆောင်ရွက် ရန်လိုကြောင်း၊ ရေဝပ်ဧရိယာများမရှိစေရေးဆောင်ရွက်ရန်နှင့် ရေနုတ်မြောင်းများ တူးဖော်ခြင်းလုပ်ငန်းများကိုဆောင်ရွက်သွားရန်လိုကြောင်း၊ နန်းတော်ကြီး ရေရှည် တည်တံ့နေစေရေး ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများကို စနစ်တကျဖြင့် ဆောင်ရွက် သွားရန်လိုကြောင်းဖြင့် မှာကြားသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ဟံသာဝတီနေပြည်တော်၊ သာယာဝတီတံခါးအနီးရှိ  ဟံသာဝတီမြို့ ဟောင်းကျုံးနှင့် မြို့ရိုးနေရာတို့အားကြည့်ရှုစစ်‌ဆေးပြီး တာဝန်ရှိသူများ၏ တင်ပြချက် များအပေါ် ကျုံးအား ရေရှည်တည်တံ့စေရေးဆောင်ရွက်ရန်လို‌ကြောင်း၊ မြို့ရိုးနေရာ များအား ပြန်လည်တူးဖော်၍ မြို့ရိုးပြန်လည်တည်ဆောက်သွားရန်နှင့် တည်ဆောက် ချိန်တွင်လည်း လိုအပ်သည့်အချက်အလက်များနှင့် အထောက်အထားများပြည့်စုံ အောင် ပြုစုဆောင်ရွက်ရန်လိုကြောင်း၊ ပြန်လည်တည်ဆောက်ရာတွင်လည်း ရှေးမူ မပျက် မူလပုံစံအတိုင်း တည်ဆောက်သွားနိုင်ရန်လိုကြောင်းနှင့် အခြားလိုအပ်သည် များကို မှာကြားခဲ့သည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။