နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မ‌တော်ကာကွယ်ရေးဦးစီးချုပ်  ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်   အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်နယ်မြေအတွင်း နယ်မြေတည်ငြိမ်အေးချမ်းရေး ဆိုင်ရာဆောင်ရွက်ထားရှိမှုများအားစစ်ဆေး          

နေပြည်တော်၊ စက်တင်ဘာ – ၃

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ကာကွယ်ရေးဦးစီးချုပ်(ရေ) ဒုတိယဗိုလ်ချုပ် ကြီး ထိန်ဝင်း၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင်၊ ပြည်ထောင်စု အဆင့်ပုဂ္ဂိုလ်များ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ နှင့် တာဝန်ရှိသူများလိုက်ပါ၍ ယနေ့နံနက်ပိုင်းတွင် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် နယ်မြေအတွင်း နယ်မြေတည်ငြိမ်အေးချမ်းရေးဆိုင်ရာ ဆောင်ရွက်ထားရှိမှုများကို စစ်ဆေးသည်။

ဦးစွာ  အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်၊ အစည်းအဝေးခန်းမတွင် တိုင်းမှူး ဗိုလ်ချုပ်  ဇော်မင်းလတ် က အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် နယ်မြေအတွင်း တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် ပြည်သူ့စစ်(ဌာနေ)အဖွဲ့ဝင်များ ပူးပေါင်း၍ နယ်မြေ လုံခြုံရေးနှင့် လမ်းတံတားများ လုံခြုံရေးအတွက် ဆောင်ရွက်လျက်ရှိမှု၊ KNPP ၊ KNDF အဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက်သမားများ၏တိုက်ခိုက်မှုကြောင့် ထိခိုက်ပျက်စီးမှု များ ဖြစ်ပေါ်ခဲ့သည့် လွိုင်ကော်မြို့နှင့် အခြားမြို့များအား ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိမှု၊ နယ်မြေလုံခြုံရေးလုပ်ငန်းများဆောင်ရွက်စဉ် PDF အမည်ခံအကြမ်းသမားများထံမှ လက်နက်ခဲယမ်းများသိမ်းဆည်းရမိမှုနှင့် PDF များအမည်ခံအကြမ်းဖက်သမားများ အလင်းဝင်ရောက်လာမှု၊ တရားမဝင်သစ်များ ဖမ်းဆီးရမိမှု အခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။

ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် က ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်များ လုံခြုံရေးအတွက် နယ်မြေတည်ငြိမ်အေးချမ်းရေးလုပ်ငန်းများကို စနစ်တကျဆောင် ရွက်နေရန်လိုကြောင်း၊ နယ်မြေတည်ငြိမ်အေးချမ်းရေးနှင့် လုံခြုံရေးလုပ်ငန်းများကို ဆောင်ရွက်ရာတွင် လုံခြုံရေးနှင့်ပတ်သက်သည့်သတင်းများ စဉ်ဆက်မပြတ်ရရှိအောင် သတင်းရယူတည်ဆောက်ပြီး ဆောင်ရွက်သွားရန်လိုကြောင်း၊ အများပြည်သူများသွား လာ လျက်ရှိသည့် လမ်းတံတားများ ထိခိုက်ပျက်စီးမှုများမရှိအောင် ဆောင်ရွက်နေရန် လိုကြောင်း၊ အလားတူ နယ်မြေဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကိုလည်း ဆောင်ရွက် ပေးရမည်ဖြစ်ကြောင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအနေဖြင့် ယခင်ကတည်း ကပင် ငြိမ်းချမ်းရေးရယူခဲ့ပြီး ဒေသတည်ငြိမ်အေးချမ်းမှုများကို နိုင်ငံတော်၊ တပ်မတော် နှင့်လက်တွဲ၍ ဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ ၎င်းတို့၏ ဒေသများအတွင်း၌လည်း အကြမ်းဖက်သမားများ ဝင်ရောက်လှုပ်ရှားမှုများကြောင့် နယ်မြေမငြိမ်မသက်မှုများ မဖြစ်စေရေး ဆောင်ရွက်သွားရန်လိုကြောင်း၊ အကြမ်းဖက်မှုများကိုကျူးလွန်လျက်ရှိ သည့် MNDAA လက်နက်ကိုင်သောင်ကျန်းသူအဖွဲ့၊ TNLA လက်နက်ကိုင် သောင်းကျန်း သူအဖွဲ့နှင့် AA လက်နက်ကိုင်အဖွဲ့တို့အား စက်တင်ဘာ ၂ ရက်တွင် နိုင်ငံတော်မှ အကြမ်းဖက်အုပ်စုအဖြစ်ကြေညာခဲ့ပြီးဖြစ်ကြောင်း၊ ထို့ကြောင့် ၎င်းတို့နှင့်ဆက်နွယ်နေ သူများ အနေဖြင့်လည်း အကြမ်းဖက်မှုများကို အားပေးနေကြသူများပင်ဖြစ်ကြောင်း။

ပြည်သူများနှင့် ထိတွေ့ဆက်ဆံနေရသည့် ရဲတပ်ဖွဲ့ဝင်များ၊ အုပ်ချုပ်ရေးဆိုင်ရာ တာဝန်ရှိသူများအနေဖြင့်လည်း ပြည်သူ့လုံခြုံရေးကိုဆောင်ရွက်ရာတွင် ပြည်သူများ အတွက် ကောင်းမွန်သောပြည်သူ့ရေးရာဝန်ဆောင်မှု ဖြစ်စေရန်နှင့်ပြည်သူကို ဝန်ထုပ် ဝန်ပိုး မဖြစ်အောင် မှန်မှန်ကန်ကန်ဖြင့် ဆောင်ရွက်ရန်လိုကြောင်း၊ လူဦးရေနှင့်အိမ် အကြောင်းအရာသန်းခေါင်စာရင်း ကောက်ယူရာတွင် အောင်မြင်အောင်ဆောင်ရွက်နိုင် ရေးအတွက် လုံခြုံရေးပိုင်းဆိုင်ရာများတွင် ဝိုင်းဝန်းဆောင်ရွက်သွားရန်လိုကြောင်းနှင့် အခြားနယ်မြေဒေသလုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းရေးဆိုင်ရာများနှင့်ပတ်သက်၍ လိုအပ် သည်များကိုလမ်းညွှန် မှာကြားခဲ့သည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်ခိုင်ဝင်းနှင့် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်တို့လိုက်ပါ၍  အောင်ပန်းမြို့ရှိ နယ်မြေခံတပ်မတော်ဆေးရုံသို့ သွားရောက်၍ ဆေးရုံတက်ရောက် ကုသမှုခံယူလျက်ရှိသည့် နိုင်ငံတော်ကာကွယ်ရေးနှင့်လုံခြုံရေးတာဝန်များ ထမ်းဆောင် စဉ် ထိခိုက်ဒဏ်ရာရရှိခဲ့သော အရာရှိ၊ စစ်သည်များအား ထိခိုက်ဒဏ်ရာရရှိခဲ့မှု အခြေအနေများ၊ ရောဂါကုသပျောက်ကင်းမှု အခြေအနေများကို တစ်ဦးချင်းလိုက်လံ တွေ့ဆုံ၍ ရင်းနှီးနွေးထွေးစွာ မေးမြန်းအားပေးစကားပြောကြားပြီး အရာရှိ၊ စစ်သည် များ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် ဆေးရုံတက်ရောက်ကုသမှုခံယူလျက်ရှိသည့် အရာရှိ၊ စစ်သည်များအား ဂုဏ်ပြုချီးမြှင့်ငွေနှင့် လက်ဆောင် ပစ္စည်းများပေးအပ်သည်။

ထို့နောက်နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်သည် ဆေးရုံအတွင်း မီတာ(၄၀၀) ပြေးလမ်းပါ ဘောလုံးကွင်းတည်ဆောက် ရန်ဆောင်ရွက်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ တင်ပြ ချက်များအပေါ် လိုအပ်သည်များလမ်းညွှန်မှာကြားခဲ့သည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။