နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နေပြည်တော်ကောင်စီနယ်မြေအတွင်း မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့် လမ်းတံတားများ ပြန်လည်ပြုပြင်ဆောင်ရွက်နေမှုနှင့် ရေကြီးရေလျှံမှုအခြေအနေများအား လိုက်လံကြည့်ရှုစစ်ဆေး

နေပြည်တော်၊ စက်တင်ဘာ – 

တောင်တရုတ်ပင်လယ်ပြင်တွင် ဖြစ်ပေါ်ခဲ့သော တိုင်ဖွန်းမုန်တိုင်း ရာဂိ၏ အရှိန် နှင့် ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်းနှင့် အနောက်မြောက်ပိုင်းတို့တွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ်၏အရှိန်ကြောင့် စက်တင်ဘာလ(၁၀)ရက်နေ့မှစတင်၍ နေရာအနှံ့အပြား မိုးအဆက်မပြတ်ရွာသွန်းမှုများဖြစ်ပွားခဲ့ပြီး ချောင်းရေနှင့် မြစ်ရေ များ အဆက်မပြတ်မြင့်တက်လာမှုနှင့်အတူ နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ မြို့နယ်အချို့နှင့် အခြားသော တိုင်းဒေသကြီးနှင့်ပြည်နယ်တို့မှ မြို့နယ်အချို့တို့တွင် ရုတ်တရတ်ရေကြီးရေလျှံခြင်းများ ဖြစ်ပေါ်ခဲ့သည်။

 

ထိုသို့ဖြစ်ပေါ်ခဲ့ရာ သက်ဆိုင်ရာနယ်မြေအလိုက် နယ်မြေခံတပ်မတော်သားများ က ဌာနဆိုင်ရာဝန်ထမ်းများ၊ ပရဟိတလူမှုရေးအသင်းအဖွဲ့များနှင့်အတူ ရေဘေးသင့် ပြည်သူများအား ရေဘေးလွတ်ရာသို့ ကူညီရွှေပြောင်းပေးခြင်း၊ လမ်း/တံတားများအား ပြန်လည်ပြုပြင်ခြင်း၊ ပြိုကျပျက်စီးခဲ့သည့် အုတ်တံတိုင်းများနှင့် အဆောက်အဦများ အား ဖယ်ရှားရှင်းလင်းပေးခြင်းနှင့် လမ်းများ၌ပိတ်ဆို့နေသည့် သစ်ပင်/ သစ်ကိုင်းများ အား ခုတ်ထွင်ရှင်းလင်းပေးခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိပြီး ရေဘေး သင့်ပြည်သူများအား သက်ဆိုင်ရာမြို့နယ်အလိုက် ဖွင့်လှစ်ထားသည့် ယာယီရေဘေး ရှောင်စခန်းများ၌ ကူညီကယ်ဆယ်နေရာချထားပေးကာ လိုအပ်သည့် ကျန်းမာရေး စောင့်ရှောက်မှုများ ဆောင်ရွက်ပေးခြင်း၊ စားရေရိက္ခာများဝေငှခြင်းတို့ကို ဆောင်ရွက် ပေးလျက်ရှိသည်။

ထို့သို့ ကူညီကယ်ဆယ်ရေးလုပ်ငန်းဆောင်ရွက်နေမှုများ၊ ရေကြီးရေလျှံမှုများ ကြောင့် ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့် လမ်း၊ တံတားများ လမ်းပန်း ဆက်သွယ်မှု မပြတ် တောက်စေရေးအတွက် ယာယီပြင်ဆင်ဆောင်ရွက်နေမှုများနှင့် ရေကြီးရေလျှံမှုအခြေ အနေများကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီး ချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည်တာဝန်ရှိသူများလိုက်ပါ၍ ယနေ့မွန်းလွဲပိုင်း တွင် လိုက်လံကြည့်ရှုစစ်ဆေးသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီး ချုပ်သည် နေပြည်တော်ကောင်စီနယ်မြေ ဇေယျာသီရိမြို့နယ်နှင့် ပုဗ္ဗသီရိမြို့နယ်တို့ အား ဆက်သွယ်ထားသော ပုဗ္ဗသီရိမြို့ပတ်လမ်းပေါ်ရှိ အရှည် ၃၆၀ ပေ၊ အကျယ် ၅၅ ပေရှိ သိုက်ချောင်းတံတား (ဆင်သေချောင်းကူး)သည် ဆင်သေချောင်းတစ်လျှောက် ရုတ်တရတ် ရေကြီးရေလျှံခြင်းများကြောင့် တံတားကမ်းကပ်ခုံများပျက်စီးခြင်း၊ ချဉ်း ကပ်လမ်း ရေတိုက်စား၍ လမ်းတာပေါင်ပျက်စီးခြင်း၊ တံတားရေလယ်တိုင်(Pier) များ နိမ့်ကျခြင်းများဖြစ်ပေါ်ခဲ့သဖြင့် လမ်းပန်းဆက်သွယ်မှုမပြတ်တောက်စေရေး ဘေလီ တံတားထိုး၍ ပြင်ဆင်ဆောင်ရွက်နေမှုအခြေအနေများကို သွားရောက်ကြည့်ရှုစစ် ဆေးရာ ဆောက်လုပ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်နှင့် တာဝန်ရှိသူ များက လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းတင်ပြသည်။

ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က သိုက်ချောင်းတံတား (ဆင်သေချောင်းကူး)အပြင် ရေကြီး ရေလျှံမှုများကြောင့် ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့် အခြားတံတားများကိုလည်း အများ ပြည်သူ သွားလာရေးအဆင်ပြေစေရန်နှင့် လမ်းပန်းဆက်သွယ်မှုမပြတ်တောက်စေရေး ယာယီတံတားများကို အမြန်ဆုံးဆောင်ရွက်ပေးသွားရန်လိုကြောင်း၊ ရေကြီးရေလျှံ မှုများ လျော့ပါးသွားချိန်၌ ပျက်စီးသွားသည့်တံတားများ ပြန်လည်ပြုပြင်တည်ဆောက် ရာတွင်လည်း ရေရှည်တည်တံ့ခိုင်မြဲရေး၊ သဘာဝဘေးဒဏ်ခံနိုင်ရေးနှင့် ရေကြီးရေ လျှံမှုများ ဖြစ်ပေါ်ချိန်တွင် အရှိန်အဟုန်ဖြင့် ရေစီးဆင်းမှုဒဏ်ကို ခံနိုင်ရေးတို့အတွက် စနစ်တကျ ထည့်သွင်းတွက်ချက်၍ ပြန်လည်ပြင်ဆင်ဆောင်ရွက်သွားရန်လိုကြောင်း ဖြင့် မှာကြားသည်။

ထို့နောက် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများအား နေပြည်တော်ကောင်စီနယ်မြေအတွင်း  ရေကြီးရေလျှံမှုဖြစ်ပေါ်ခဲ့သည့် ရပ်ကွက်/ကျေး ရွာများမှ ကူညီရွှေ့ပြောင်းရန် လိုအပ်နေသူများအား ယာယီရေဘေးရှောင်စခန်းများသို့ ကူညီပြောင်းရွှေ့ပေးထားမှုအခြေအနေများကို မေးမြန်းကာ ရေဘေးသင့်ပြည်သူများ၏ နေရေးနှင့် စားရေးအဆင်ပြေစေရေးအတွက် စီမံဆောင်ရွက်ပေးသွားရန်နှင့် လိုအပ် သည့် ထောက်ပံ့မှုများကိုလည်း ဆောင်ရွက်ပေးသွားရမည်ဖြစ်ကြောင်း၊ ဘုန်းတော်ကြီး ကျောင်းများ၊ သာသနာ့နွယ်ဝင်သီလရှင်ကျောင်းများ၏ ဆွမ်းကိစ္စအဆင်ပြေစေရေး အတွက်လည်း ဆောင်ရွက်ပေးရန်လိုကြောင်းနှင့် အခြားလိုအပ်သည်များကို မှာကြား သည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် သိုက်ချောင်းကျေးရွာမှ ရန်ကုန်-မန္တလေး လမ်းဟောင်း အတိုင်း မော်တော်ယာဉ်များဖြင့် လှည့်လည်၍ စိုက်ဧကများ ရေတိုက်စားမှုကြောင့် ထိခိုက်ပျက်စီးနေမှုအခြေအနေများ၊ ကျေးရွာများအတွင်း ရေဝင်ရောက်နေမှုများ၊ ပင်လောင်းလမ်းဆုံနှင့် ရန်ကုန်-မန္တလေး လမ်းဟောင်းမှ လှေခွင်းတောင်သို့ ဝင်ရောက် သည့် လမ်းပိုင်းနေရာများတွင် ရေကျော်ဖြစ်ပေါ်နေမှုအခြေအနေများ၊ ကုန်တင်ကား ကြီးများနှင့် ခရီးသည်တင်ယာဉ်များ စောင့်ဆိုင်းနေရမှု အခြေအနေများ၊ ကျောက်ချက် တံတား(ဆင်သေချောင်းကူး)ပေါ်မှတဆင့် ဆင်သေချောင်းအတွင်းရေများ အဆက် မပြတ် စီးဆင်းနေမှုအခြေအနေများ၊ ပုဗ္ဗသီရိမြို့နယ်၊ ဝက်ကုန်းကျေးရွာနှင့် ပေါက် တောကျေးရွာလမ်းကြောင်းတစ်လျှောက် လူနေအိမ်များ ရေဝင်ရောက်နေမှုများကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား ရေကြီးရေလျှံမှုများကြောင့် လမ်းများ၌ သစ်ပင်/သစ်ကိုင်းများ ပိတ်ဆို့နေမှုများကို အမြန်ဆုံးဖယ်ရှားရှင်းလင်းနိုင်ရန်လို ကြောင်း၊ ရေစီးရေလာ ကောင်းမွန်အောင်ဆောင်ရွက်ပေးနိုင်မှသာလျင်  ရေဝပ်မှု များကျဆင်းသွားမည်ဖြစ်သဖြင့် လုပ်ငန်းများဆောင်ရွက်ရာတွင် စက်ယန္တရား အင် အား၊ လူအင်အားများကို အင်ပြည့်အားပြည့်ဖြင့် အသုံးပြုဆောင်ရွက်သွားရန်လို ကြောင်း၊ စက်ယန္တရားများရှိသည့် ဝန်ကြီးဌာနများနှင့် တပ်မတော်အင်ဂျင်နီယာ တပ်ဖွဲ့များမှ စက်ယန္တရားများ ထပ်မံထုတ်ယူ၍ ရေစီးရေလာကောင်းမွန်အောင် ရေ လမ်းကြောင်းအမြန်ရှင်းလင်းရန်လိုကြောင်း၊ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည် ထူထောင်ရေးလုပ်ငန်းများကိုလည်း အမြန်ဆုံး ဆောင်ရွက်ပေးနိုင်ရေး စီမံဆောင် ရွက်သွားရမည်ဖြစ်ကြောင်းဖြင့် မှာကြားခဲ့ပြီး ရေဘေးသင့်ပြည်သူများကို ရင်းရင်း နှီးနှီးနှုတ်ဆက်အားပေးစကား ပြောကြားသည်။

ဆက်လက်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ် ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် အေးမြင့်သာယာတံတား(ဆင်သေချောင်းကူး)သို့ ရောက်ရှိကြပြီး ရေစီးအားကြောင့် တံတားချဉ်းကပ်လမ်းမြေကာနံရံပဲ့ကျပျက်စီးနေမှု အခြေအနေများနှင့် ဆင်သေချောင်းအတွင်း သစ်ပင်၊ သစ်တုံးများ မျောပါပြီး တံတား အောက်ခြေတိုင်များတွင် ပိတ်ဆို့နေမှုများကို ဖယ်ရှားနေမှုများအား ကြည့်ရှုစစ်ဆေး ကာ တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် တံတားများနှင့် လမ်းများအားလုံး ရေ စီးရေလာကောင်းမွန်စေရေးအတွက် ဆောင်ရွက်သွားရန်နှင့် လုပ်ငန်းများ ပိုမိုမြန်ဆန် မှုရှိစေရေး စက်ယန္တရားများကို ထိရောက်စွာအသုံးပြုသွားရန်လိုကြောင်းနှင့် ရေဖုံး လွှမ်းခဲ့သည့် လမ်းတစ်လျှောက် တင်ကျန်ခဲ့သည့် ရွှံ့နွံများဖယ်ရှားရှင်းလင်းနေမှုအား ကြည့်ရှု၍ လိုအပ်သည်များကို မှာကြားသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်သည် တာဝန်ရှိသူများအား နိုင်ငံတစ်ဝန်း ရေကြီးရေလျှံမှုဒဏ်ခံခဲ့သည့်ဒေသ များ၌ ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို အင်ပြည့်အားပြည့်ဖြင့် အမြန်ဆုံး ဆက် လက်ဆောင်ရွက်သွားရန်လိုကြောင်း၊ ရေဘေးသင့် ပြည်သူများ၏ လက်ဝယ်သို့ ကူညီ ကယ်ဆယ်ရေးနှင့် ထောက်ပံ့ရေးပစ္စည်းများ အမြန်ဆုံးရောက်ရှိရေးအတွက်လည်း ဆောင်ရွက်သွားရန်လိုကြောင်း၊ တိုင်ဖွန်းမုန်တိုင်း ရာဂိ၏ အရှိန်ကြောင့် ရေကြီးရေ လျှံမှုများ ကြုံတွေ့ခံစားခဲ့ရသည့် အခြားနိုင်ငံများနည်းတူ ပြည်ပနိုင်ငံများမှ  ကူညီ ကယ်ဆယ်ရေးနှင့် ထောက်ပံ့ရေးပစ္စည်းများ အမြန်ဆုံးရရှိနိုင်ရေးအတွက်လည်း နိုင်ငံတော်အစိုးရမှ တာဝန်ရှိသူများအနေဖြင့် အမြန်ဆုံးချိတ်ဆက် ရယူနိုင်ရေးဆောင် ရွက်သွားရန်နှင့် ရေဘေးသင့်ပြည်သူများအား အမြန်ဆုံးထောက်ပံ့ပေးနိုင်ရေး ဆက် လက် ဆောင်ရွက်သွားရန်လိုကြောင်းဖြင့် မှာကြားသည်။

မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနအနေဖြင့်လည်း ယနေ့နံနက်ပိုင်းမှ စက်တင်ဘာ ၁၅ ရက်နေ့အထိ ယခုကဲ့သို့ မိုးသည်းထန်စွာရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ လျှပ်တစ်ပြတ် ရေကြီးခြင်းနှင့် မြေပြိုခြင်းစသည့် သဘာဝ ဘေးအန္တရာယ်များ ဖြစ်ပေါ်လာနိုင်သဖြင့် ကုန်းမြင့်ဒေသအနီးတွင် နေထိုင်ကြသူများ အနေဖြင့် မြေပြိုမှု အန္တရာယ်နှင့် မြစ်ငယ်၊ ချောင်းငယ်များအနီးတွင် နေထိုင်ကြသူများ အနေဖြင့် ရေကြီးရေလျှံမှုများကို ကြိုတင်သတိပြုနိုင်ပါရန်နှင့် ပြည်တွင်းရေကြောင်း သွားလာရေးနှင့် လေကြောင်းပျံသန်းရေး အနေဖြင့်လည်း ကြိုတင်သတိပြုနိုင်ပါရန် အသိပေးနှိုးဆော်ထားကြောင်း သတင်းရရှိသည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။