နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်  ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ ရှေးဟောင်းသမိုင်းဝင်စေတီတော်ကြီးများ ပြုပြင်ထိန်းသိမ်းနေမှု အခြေအနေများနှင့် မိုးသည်းထန်စွာရွာသွန်းစဉ် ပျက်စီးခဲ့မှုများအား သွားရောက်ကြည့်ရှုစစ်ဆေး

နေပြည်တော်၊ စက်တင်ဘာ – ၁၅

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ယနေ့မွန်းလွဲပိုင်းတွင် ကောင်စီတွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦး ကောင်စီအဖွဲ့ဝင် ဗိုလ်ချုပ်ကြီးညိုစော၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ဦးတင်ဦးလွင်၊ ဦးလှမိုး၊ ဦးမျိုးသန့်၊ မန္တလေးတိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင်၊ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများနှင့် တာဝန်ရှိသူများ လိုက်ပါပြီး ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေသို့ သွားရောက်၍ ရှေးဟောင်းသမိုင်း ဝင်စေတီတော်မြတ်ကြီးများ ရေရှည်တည်တံ့ခိုင်မြဲစေရေး ပြုပြင်ထိန်းသိမ်းလျက်ရှိမှု အခြေအနေများနှင့် ယခုရက်ပိုင်းအတွင်း မိုးသည်းထန်စွာရွာသွန်းခဲ့စဉ် ပျက်စီးမှုဖြစ်ပေါ်ခဲ့ သည့်နေရာများအား လိုက်လံကြည့်ရှုစစ်ဆေးသည်။

ရွှေစည်းခုံစေတီတော်မြတ်ကြီး

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင် များသည် အနော်ရထာမင်းကြီးနှင့် ကျန်စစ်မင်းကြီးတို့ တည်ထားခဲ့သည့် ရွှေစည်းခုံ စေတီတော်မြတ်ကြီးသို့ ရောက်ရှိကြပြီး ကြေးကူတိုက်များထိန်းသိမ်းထားရှိမှု၊ ရင်ပြင် တော်ရှိ မူလသဲကျောက်ပြားများအား သုတေသနပြုဖော်ထုတ်ထားရှိမှု၊ ယခုရက်ပိုင်း အတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် တောင်ဘက်စောင်းတန်းရှိ ရှေးဟောင်း လက် ရာ အုတ်တံတိုင်းများ ရေစိမ့်ဝင်ပြိုကျပျက်စီးနေမှု၊ စောင်းတန်းများပြုပြင် ထိန်းသိမ်း လျက်ရှိမှု၊ ရှေးဟောင်းလက်ရာ သာသနာရေးဆိုင်ရာအဆောက်အဦများ ထိန်းသိမ်းထား ရှိမှု၊ ရင်ပြင်တော်၌ စကျင်ကျောက်ပြား ပတ်လမ်းဆောင်ရွက်ထားရှိမှု၊ စည်တော်ကြီးများ ထိန်းသိမ်းထားရှိမှု အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးရာ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်နှင့် တာဝန်ရှိသူများက လိုက်လံရှင်းလင်းတင်ပြကြသည်။

ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်က ရင်ပြင်တော်ရှိ မူလသဲကျောက်ပြားများအား သုတေသနပြု ဆောင်ရွက်ပြီး ရှေးမူမပြတ် ထိန်းသိမ်းဆောင်ရွက်ထားရှိရန်လိုကြောင်း၊ သာသနာရေးဆိုင်ရာအဆောက် အဦများ ပြန်လည်ပြုပြင်ရာတွင်လည်း မူလအလှူရှင်များ၏ ဆွေမျိုးများကို ပြန်လည် ဆက်သွယ်၍ လိုအပ်သည့် ပြုပြင်ထိန်းသိမ်းမှုများဆောင်ရွက်သွားရန်နှင့် အဆောက်အဦ များ၏ သမိုင်းမှတ်တမ်းများ ပြုစုထားရှိရန်လိုကြောင်း၊  ရှေးဟောင်း သာသနာရေးဆိုင်ရာ အဆောက်အဦများသည် အဖိုးမဖြတ်နိုင်သည့် ယဉ်ကျေးမှု အမွေအနှစ်များဖြစ်သဖြင့် ရေရှည်တည်တံ့ခိုင်မြဲနေစေရေး စနစ်တကျထိန်းသိမ်းထားရှိသွားရန်လိုကြောင်း၊  စေတီ တော်ကြီး ပရိဝုဏ်တော်အတွင်း အခြားအဆောက်အဦအသစ်များဆောက်လုပ်ခြင်း မပြု ရန်လည်းလိုကြောင်းနှင့် စေတီတော်ကြီးရှိ ရှေးဟောင်းကျောက်စာများကိုလည်း စနစ် တကျ ထိန်းသိမ်းဆောင်ရွက်သွားရန်လိုကြောင်းဖြင့် မှာကြားသည်။

၎င်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ဂေါပကအဖွဲ့ဝင်များနှင့်တွေ့ဆုံ၍ ရွှေစည်းခုံစေတီတော်မြတ်ကြီးသည် နှစ်ပေါင်း ၉၆၀ ကျော်ခန့် သက်တမ်းရှိပြီဖြစ်‌သဖြင့် ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်အဖြစ် ရေရှည် တည်တံ့ခိုင်မြဲစေရေးစနစ်တကျထိန်းသိမ်းဆောင်ရွက်ရန်လိုကြောင်း၊ ထိုသို့ဆောင်ရွက်ရာ တွင်လည်း ခေတ်မီနည်းစနစ်များဖြင့်လည်း ထိန်းသိမ်းရန်လိုပြီး ရှေးမူမပြတ်ခေတ်နှင့် အညီ ဖြစ်ရန်လိုကြောင်း၊ အခြားစေတီပုထိုးများကိုလည်း အလားတူ ထိန်းသိမ်းဆောင် ရွက်သွားရန်လိုကြောင်း၊ ရွေစည်းခုံစေတီတော်ကြီးသည် ပုဂံဒေသရှိ ရှေးဟောင်းစေတီ တော်များတွင် အထင်ကရဖြစ်သည့်စေတီတော်ကြီးဖြစ်ပြီး အာနန္ဒာဘုရား၊ ထီးလိုမင်းလို ဘုရားတို့သည်လည်း အထင်ကရဖြစ်သည့် ရှေးဟောင်းသမိုင်းဝင် စေတီတော်ကြီးများ ပင်ဖြစ်ပြီး အခြားအထင်ကရဖြစ်သည့် ရှေးဟောင်းဘုရားစေတီများလည်း များစွာရှိ ကြောင်း။


စေတီတော်ကြီးများကို ခေတ်နှင့်အညီ ထိန်းသိမ်းဆောင်ရွက်ရာတွင် ရေရှည်စီမံ ချက်များဖြင့် စနစ်တကျစဉ်းစားတွက်ချက်ဆောင်ရွက်သွားရန်လိုကြောင်း၊ ယခုလတ်တ လောဆောင်ရွက်ထားသည့် ထိန်းသိမ်းထားရှိမှုများသည် လိုအပ်ချက်များစွာရှိနေသေး သည်ကိုတွေ့ရကြောင်း၊ ရင်ပြင်တော်ပတ်လမ်းများကိုလည်း စနစ်တကျဖြစ်အောင် ပြန်လည်ဆောင်ရွက်ရန်လိုပြီး ဘုရားဖူးလာပြည်သူများ စိတ်နှလုံးအေးချမ်းစွာဖြင့် အဝေး/အနီးမှ ကြည်ညိုဖူးမြော်နိုင်အောင် ဆောင်ရွက်ပေးရန်လိုကြောင်း၊ ထိန်းသိမ်းမှု လုပ်ငန်းများကို ရေရှည်ဆောင်ရွက်နိုင်ရန် Master Plan များထားရှိရန်လိုပြီး အမြင် ကျယ်ကျယ်ဖြင့် စဉ်းစားဆောင်ရွက်ကြရန်လိုကြောင်း၊ ရှေးဟောင်းအမွေအနှစ်များ ထိန်း သိမ်းရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် တစ်ခုကောင်း၊ နှစ်ခုကောင်းဆောင်ရွက်၍ မရဘဲအားလုံးကို ထည့်သွင်းစဉ်းစားဆောင်ရွက်ရန်လိုကြောင်း၊ ရေဝင်ရေထွက်များစနစ် များမှအစ စနစ်တကျဖြင့် တွက်ချက်၍ ပြုပြင်ဆောင်ရွက်သွားရန်လိုကြောင်းဖြင့် မှာကြားသည်။

ယင်းနောက် မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်က ပုဂံဒေသသို့ ယခင်က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် လာရောက်စဉ်လမ်းညွှန် မှာကြားချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိမှု အခြေအနေများကို လည်းကောင်း၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ပုဂံ ရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်း ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများဆောင်ရွက် လျက်ရှိမှုအခြေအနေများကိုလည်းကောင်း၊ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးက ရှေးဟောင်းစေတီပုထိုးများနှင့် စေတီတော်ကြီးများ ထိန်းသိမ်းခြင်းလုပ်ငန်း များဆောင်ရွက်ရန်အတွက် ဗိသုကာပညာရှင်များ၊ အင်ဂျင်နီယာပညာရှင်များ စေလွှတ်၍ တိုင်ပင်ဆွေနွေး ဆောင်ရွက်ရန် လိုအပ်သည့် အခြေအနေများနှင့် အခြားလိုအပ်သည် များကို အသီးသီးဆွေးနွေးတင်ပြကြပြီး တင်ပြချက်များအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ပြုပြင်ထိန်းသိမ်းမှုများကို ဆောင်ရွက်ရာတွင် ခေတ်နှင့်အညီဖြစ်စေရေး ရှေးမူမပြတ်စေရေး ကျွမ်းကျင်သူများဖြင့် စနစ်တကျ အချိန်ယူတိုင်ပင်ဆွေးနွေး ဆောင်ရွက်သွားရန်လိုကြောင်း၊ ယဉ်ကျေးမှုအမြင်၊ ဗိသုကာ အမြင်များဖြင့်လည်း ကြည့်၍ ဆောင်ရွက်သွားရန်လိုကြောင်းဖြင့် မှာကြားသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် စေတီတော်ကြီးရှိ ဗုဒ္ဓရုပ်ပွားတော်မြတ်အား ဖူးမြော်ကြည်ညို၍ ပန်း ၊ ရေချမ်းများ ကပ်လှူပူဇော်ပြီး စေတီတော်ကြီးအား လုံးတော်ပြည့်ရွှေသင်္ကန်း ကပ်လှူ နိုင်ရေး ဆောင်ရွက်ထားရှိမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးကာ တာဝန်ရှိသူများ၏ တင်ပြမှုများအပေါ် လိုအပ်သည်များလမ်းညွှန်မှာကြားသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် စေတီတော်ကြီး ဘက်စုံပြုပြင်မွမ်းမံရန်အတွက် စုပေါင်းအလှူငွေများပေးအပ်လှူဒါန်းရာ ဂေါပကအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက လက်ခံရယူသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် ကမ္ဘာ့မှတ်တမ်းအမွေအနှစ်စာရင်းဝင် ဘုရင့်နောင်မင်းတရားကြီး ခေါင်းလောင်းစာ ထိန်း သိမ်းထားရှိမှုအား ကြည့်ရှုကာ တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် ခေါင်းလောင်း စာများအား ပြန်လည်သန့်ရှင်းရေးဆောင်ရွက်၍ ပြသထားရန်လိုကြောင်း၊ ခေါင်းလောင်း ပေါ်တွင် ရေးထိုးထားသည့်စာသား၏ အဓိပ္ပါယ်ကိုလည်း အများပြည်သူများ သိရှိနိုင် ရေး ပြင်ပ၌ အဆင့်မီမီ ဖော်ပြထားရှိရန်လိုကြောင်းဖြင့်မှာကြားသည်။

သဗ္ဗညုဘုရားကြီး

၎င်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် သဗ္ဗညုဘုရားကြီးသို့ရောက်ရှိဖူးမြော်ကြည်ညိုကြပြီး ပန်း၊ ရေချမ်း ကပ်လှူပူဇော်သည်။ ထို့နောက် ဘုရားကြီးအတွင်းလိုဏ်ပတ်လမ်းအတွင်းလှည့်လည်၍ ရှေးခေတ်လက်ရာ နံရံဆေးရေးပန်းချီများ၊ ကနုတ်ပန်းများ၊ ရှေးဟောင်းစာပေများ ထိန်း သိမ်းထားရှိမှုတို့ကို ကြည့်ရှုသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ဘုရားကြီး အထက်ပစ္စယံတွင်တည်ထားကိုးကွယ်သည့် ဗုဒ္ဓရုပ်ပွား တော်မြတ်အား ဖူးမြော်ကြည်ညိုကြပြီး အထက်ပစ္စယံတွင် လက်ယာရစ်လှည့်လည်၍  ရေရှည်တည်တံခိုင်မြဲရေးပြုပြင်ထိန်းသိမ်းဆောင်ရွက်ထားရှိမှုအခြေအနေများကို ကြည့် ရှုစစ်ဆေးပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားသည်။

ထို့နောက် ယခုရက်ပိုင်းအတွင်း မိုးသည်းထန်စွာရွာသွန်းခဲ့စဉ် အနည်းငယ်ပြိုကျ ပျက်စီးခဲ့သည့် သဗ္ဗညုဘုရားကြီးမြောက်ဘက်အဝင်မုခ်ဦးနေရာအားသွားရောက်ကြည့်ရှု စစ်ဆေးပြီး လိုအပ်သည့်ပြုပြင်ထိန်းသိမ်းမှုများ ဆောင်ရွက်နိုင်ရေးမှာကြားသည်။

ဆင်ကအုတ်တိုက်

ဆက်လက်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ပုဂံမြို့သစ်ရှိ ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ၁၀၄၂ ဆင်ကအုတ်တိုက် နေရာသို့ ရောက်ရှိကြပြီး မိုးသည်းထန်စွာရွာသွန်းစဉ် နံရံနှစ်ဖက်နှင့် ပေါင်းကူးအမိုးတို့ ပြို ကျပျက်စီးခဲ့မှုအခြေအနေများကိုကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက ရှင်းလင်းတင်ပြ ကြသည်။

ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်က ရာသီဥတုကောင်းမွန်ချိန်တွင် ပြန်လည်ပြုပြင်မှုများကို စနစ်တကျ ဆောင်ရွက်သွားရန်လိုကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင်လည်း မူလအတိုင်းအထွာများ အတိုင်းဖြစ်စေရန်နှင့် ယခုပြိုကျခဲ့သည့် မူလအုတ်များကို အသုံးပြုဆောင်ရွက်သွားရန် လို ကြောင်းဖြင့် မှာကြားပြီး ဆင်ကအုတ်တိုက်အတွင်း လှည့်လည်ကြည့်ရှုခဲ့ကြသည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။