နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်   ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစည်းအဝေး (၃/၂၀၂၃)သို့ တက်ရောက်အမှာစကားပြောကြား

နေပြည်တော်၊ စက်တင်ဘာ – ၁

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစည်းအဝေး(၃/၂၀၂၃)ကို ယနေ့နံနက်ပိုင်း တွင်နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားသည်။

အစည်းအဝေးသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယ ဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေး၊ တွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကောင်စီအဖွဲ့ ဝင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရာတွင် တိုင်းရင်းသားပြည်သူများအားလုံး ပညာတတ်များဖြစ်ရန်လို

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အဖွင့် အမှာစကားပြောကြားရာတွင် နိုင်ငံတော်ကိုနိုင်ငံရေးအရ အရေးပေါ်အခြေအနေ ၆ လ သက်တမ်းတိုးပြီးချိန်တွင် အသစ်ထပ်မံဖွဲ့စည်းသည့် ကောင်စီဝင်များဖြင့် ဒုတိယ အကြိမ်ပြုလုပ်သည့် အစည်းအဝေးဖြစ်ကြောင်း၊ မိမိတို့တာဝန်ယူဆောင်ရွက်နေချိန် အတွင်း နိုင်ငံတော်ကိုပုံမှန်လမ်းကြောင်းအတိုင်း ဖြစ်စေရန်နှင့် ရွေးကောက်ပွဲပြန်လည် ကျင်းပပြုလုပ်၍ ထွက်ပေါ်လာမည့်အစိုးရကို နိုင်ငံတော်တာဝန်ကို ပြန်လည်လွှဲ ပြောင်းပေးနိုင်ရန်မှာ မိမိတို့၏အဓိကတာဝန်ပင်ဖြစ်ကြောင်း၊ ယခုအခါအရေးပေါ် အခြေအနေကာလမှာ ၂ နှစ်ကျော်ကာလသို့ရောက်ရှိလာပြီဖြစ်ကြောင်း၊ မိမိတို့အနေ ဖြင့် နိုင်ငံတော်ကိုအရေးပေါ်အခြေအနေဖြင့် တာဝန်ယူဆောင်ရွက်နေရသည်ဖြစ် သော်လည်း အခြေအနေအချိန်အခါနှင့် လိုက်လျောညီထွေဖြစ်သည့် နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုရေးဆိုင်ရာများ အားလုံးတိုးတက်အောင် ဆောင်ရွက်နေ ရမည် ဖြစ်ကြောင်း၊ မည်သည့်လုပ်ငန်းမှ ရပ်တန့်နေ၍မရကြောင်း၊ ရပ်တန့်နေပါက ရပ်တန့် နေသည့် နယ်ပယ်၊ ရပ်တန့်နေသည့်ဒေသသည် ကျန်ခဲ့မည်ဖြစ်ကြောင်း။

မိမိတို့၏ နိုင်ငံရေးရည်မှန်းချက်မှာ စစ်မှန်စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမို ကရေစီစနစ်ခိုင်မာစေရေးနှင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စု တည်ဆောက်ရေးပင်ဖြစ်ကြောင်း၊ အသစ်ထပ်မံချမှတ်ထားသည့် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် ၅ ရပ်၏ ပထမအချက်တွင် “လွတ်လပ်ပြီး တရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပ နိုင်ရေး ပြည်ထောင်စုတစ်ဝန်းလုံး တည်ငြိမ်အေးချမ်း၍ တရားဥပဒေစိုးမိုးရေး အပြည့်အဝရရှိလာအောင် အလေးထား ဆောင်ရွက်သွားမည်” ဟုချမှတ်ထားကြောင်း၊ ဒီမိုကရေစီနှင်ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုကိုဆောင်ရွက်ရာတွင် ဒီမို ကရေစီစနစ်၊ ဖက်ဒရယ်အုပ်ချုပ်ရေးတို့နှင့်ပတ်သက်၍ ခွဲခြား၍ရကြောင်း၊ ဖက်ဒရယ် စနစ်ကို လူမျိုးအားအခြေခံသည့် ဖက်ဒရယ်စနစ်ကိုဆောင်ရွက်ခြင်းမဟုတ်ဘဲ ဒေသကို အခြေခံသည့်စနစ်ကို အဓိကထားဆောင်ရွက်နေခြင်းဖြစ်ကြောင်း။

 ဒီမိုကရေစီနှင်ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုကိုဆောင်ရွက်ရာ တွင် အဆိုပါစနစ်ကိုအကောင်အထည်ဖော်ဆောင်ရွက်သူ၊ ဦးဆောင်သူ၊ လိုက်နာ ကျင့်သုံးသူ များအားလုံးအသိပညာအတတ်ပညာများရှိရန်လိုကြောင်း၊ ထို့ကြောင့် မိမိ အနေဖြင့် ပညာရေးနှင့်ပတ်သက်၍ အားပေးဆောင်ရွက်ရန်အမြဲမပြတ်တိုက်တွန်း အားပေးဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ ပညာရေးနှင့်ပတ်သက်၍ တိုင်းရင်းသား ပြည်သူအားလုံး စာတတ်မြောက်ရန်နှင့် အတန်းပညာများတတ်မြောက်ရန်လိုကြောင်း၊ တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် ကျေးလက်ဒေသများတွင် အခြေခံပညာအလယ် တန်းကျောင်းပေါင်း ၁၃၈၇၉ ကျောင်း၊ မူလတန်းကျောင်းပေါင်း ၂၁၅၅၀ ကျောင်းရှိ သည်ကိုတွေ့ရှိရပြီး မြို့ပေါ်တွင် အခြေခံပညာအလယ်တန်းကျောင်းပေါင်း ၁၆၂၆ ကျောင်း၊ မူလတန်းကျောင်းပေါင်း ၃၃၁၈ ကျောင်း ရှိသည်ကိုတွေ့ရှိရကြောင်း၊ အဆိုပါ အချက်အလက်များအရ အလယ်တန်းကျောင်းများ၏ ကျေးလက်နှင့်မြို့ပြအချိုးမှာ ၈ အချိုး ၁ ရှိပြီး မူလတန်းကျောင်းများ၏ အချိုးမှာ ၆ ဒသမ ၅ အချိုး ၁ ရှိသည်ကိုတွေ့ရ ကြောင်း၊ မိမိတို့နိုင်ငံ၏ ပျမ်းမျှမြို့ပေါ်နေလူဦးရေမှာ ၂၈ ရာခိုင်နှုန်းခန့်ရှိပြီး ကျေးလက်နေလူဦးရေမှာ ၇၂ ရာခိုင်နှုန်းခန့်ရှိသဖြင့် ကျေးလက်နေ ပြည်သူမှာ များပြား ကြောင်း။

အခြေခံပညာကျောင်းများ၏ မြို့ပြနှင့်ကျေးလက်အချိုးကို ကြည့်မည်ဆိုပါက ပညာရေးနှင့်ပတ်သက်၍ ခေတ်အဆက်ဆက် နိုင်ငံတော်အစိုးရအဆက်ဆက်က ဆောင်ရွက်ခဲ့ကြသည်ကို တွေ့ရကြောင်း၊ သို့သော် ကျေးလက်နေပြည်သူများ၏ စာတတ်မြောက်မှုမှာနည်းပါးပြီး မြို့ပေါ်နေပြည်သူများ၏ စာတတ်မြောက်မှုမှာ ပိုမို များပြားသည်ကိုတွေ့ရကြောင်း၊ အဓိကအားဖြင့် ကျေးလက်နေပြည်သူများ အနေဖြင့် ကျောင်းရှိသော်လည်း ကျောင်းနေရာခိုင်နှုန်းနည်းပါးခြင်းနှင့် ပညာရေးဆုံးခန်းတိုင် အောင်သင်ကြားမှုများ နည်းပါးသည်ကိုတွေ့ရကြောင်း၊ တိုင်းရင်းသားဒေသများတွင် ဘာသာစကားအခက်အခဲများ၊ ပညာရေးအားပေးမှုနည်းပါးခြင်းနှင့် အခြားအခက်အခဲ အမျိုမျိုးကြောင့် အထူးသဖြင့် ပြည်နယ်များရှိ ကျေးလက်ဒေသများတွင် ပညာရေး အား နည်းသည်ကိုတွေ့ရကြောင်း၊ ထို့ကြောင့် မိမိတို့အနေဖြင့် ကျေးလက်နေပြည်သူ များ ၏ ပညာရေးမြှင့်တင်မှုကို မလွဲမသွေဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း။

ယနေ့ခေတ်သည် ပညာခေတ်ဖြစ်သည်နှင့်အညီ ပညာတတ်မြောက်ထားမှသာ ဘဝရပ်တည်ရေးကိုဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် ကျေးလက်နေပြည်သူ များ၊ တိုင်းရင်းသားပြည်သူများ၏ ပညာရည်မြင့်မားရေးကို ဦးစားပေးအားပေးဆောင် ရွက်သွားရမည်ဖြစ်ကြောင်း၊ ယခင်ကမိမိတို့နိုင်ငံတွင် “အ” သုံးလုံးသင်တန်းများကို သင်ကြားပေးခဲ့ရာ အောင်မြင်မှုများရှိခဲ့ပြီး ကမ္ဘာပေါ်တွင် စံပြပုံစံတစ်ခုအနေဖြင့် အသိအမှတ်ပြုခံရမှုများရရှိခဲ့ကြောင်း၊ “အ” သုံးလုံးသင်တန်းများမှတစ်ဆင့် စာပေဖတ် ရှုမှုကို စိတ်ဝင်စားလာပြီး ၎င်းကိုအခြေခံ၍ ပညာတတ်မြောက်လိုစိတ်များ ဖြစ်ပေါ်လာ မည်ဖြစ်ကြောင်း၊ ကျောင်းပြင်ပပညာရေးဖြင့် မူလတန်းပညာ KG + 5 အထိ သင်ကြားပေးနိုင်ကြောင်း၊ တပ်မတော်အနေဖြင့် ၂၀၁၄ ခုနှစ်တွင် လက်တွေ့ဆောင် ရွက် အောင်မြင်ခဲ့သည့်သာဓကရှိကြောင်း၊ ၎င်းမှ တစ်ဆင့် KG + 9 ကိုသင်ကြား ပေးနိုင်မည်ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်နိုင်ရေး တစ်ဆင့်ပြီးတစ်ဆင့် ကြိုးပမ်း ဆောင်ရွက်သွားရန်လိုကြောင်း၊ မိမိတို့၏ ပညာရည်မြင့်မားရေး မျှော်မှန်းချက်တွင် အဆိုပါအချက်ကို ထည့်သွင်းစဉ်းစားဆောင်ရွက် သွားရန်လိုကြောင်း။

စည်းကမ်းသတ်မှတ်ချက်များမှတစ်ဆင့် ဥပဒေများဖြစ်ပေါ်လာခြင်းဖြစ်ကြောင်း၊ မိမိတို့နိုင်ငံရှိ ပြည်သူများအားလုံးအနေဖြင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကို အခြေခံ သည့် ပြည်ထောင်စုကိုသွားရာတွင် ပညာတတ်များဖြစ်ရန်လိုကြောင်း၊ ဥပဒေနှင့် ပတ်သက်သည့် အသိပညာများကိုလည်း နားလည်မှုရှိရန်လိုကြောင်း၊ ထို့ကြောင့် အဆင့်မြင့်ပညာသင်ကြားပေးသည့် တက္ကသိုလ်များတွင် ဥပဒေဘာသာရပ်များကို ထည့်သွင်းသင်ကြားပေးနေခြင်းဖြစ်ကြောင်း၊ ဥပဒေအခြေခံကိုလက်တွေ့ကျကျသိရှိ နိုင်ရေး BA (Law) ဘွဲ့ပေးရန်စီစဉ်ထားပြီး ဥပဒေကိုအသက်မွေးဝမ်းကြောင်းပညာ အဖြစ် အသုံးပြုမည့်သူများအတွက် LLB ဘွဲ့ကိုမူ တိုင်းဒေသကြီး၊ ပြည်နယ်များ၌ အနည်းဆုံး တက္ကသိုလ် တစ်ခုစီဆောင်ရွက်လျက်ရှိကြောင်း၊ ဥပဒေအခြေခံ ပညာရပ် များကို နားလည်သိရှိသူများ များပြားလာမည်ဆိုပါက နိုင်ငံရေးနှင့်ပတ်သက်၍ အကျိုးပြုမှုများဖြစ်လာ မည်ဟုယုံကြည်ပါကြောင်း။

နိုင်ငံ့စီးပွားရေးမြှင့်တင်ရေးအတွက်လိုအပ်သည့် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ တိုးတက်စေရန်နှင့် ကုန်ထုတ်လုပ်မှုများတိုးတက်အောင် ဆောင်ရွက်နိုင်ရန် လိုအပ်သည့် လူသားအရင်းအမြစ်များ မွေးထုတ်ပေးလျက်ရှိ

စီးပွားရေးနှင့်ပတ်သက်၍ မိမိတို့နိုင်ငံအနေဖြင့် လယ်ယာစိုက်ပျိုးရေးကို အခြေခံသည့် ကုန်ထုတ်လုပ်မှုများကို စနစ်တကျဖြင့်အကောင်အထည်ဖော်ဆောင် ရွက်ရန်လိုကြောင်း၊ နိုင်ငံတစ်ခု၏စီးပွားရေး GDP ကိုတွက်ချက်ရာတွင် လယ်ယာ ကဏ္ဍကြီး၊စက်မှုကဏ္ဍကြီးနှင့် ဝန်ဆောင်မှုကဏ္ဍကြီးဟူ၍ သုံးမျိုးရှိကြောင်း၊ စက်မှု လုပ်ငန်းနှင့် ဝန်ဆောင်မှုလုပ်ငန်းသည် ကုန်ထုတ်လုပ်မှုများမှအခြေခံ၍ ဆောင်ရွက်ရ ခြင်းဖြစ်ကြောင်း၊ ကုန်ထုတ်လုပ်မှုများဆောင်ရွက်ရန်အတွက် ကုန်ကြမ်းများလိုအပ် ကြောင်း၊ အခြေခံကုန်ကြမ်းများရှိမှသာ အခြားလုပ်ငန်းများလည်ပတ်ဆောင်ရွက် နိုင်မည်ဖြစ် ကြောင်း၊ မြေပေါ်မြေအောက် သယံဇာတပစ္စည်းများနှင့် စိုက်ပျိုးမွေးမြူ ရေးလုပ်ငန်းများမှ ထွက်ရှိလာသည့် ထွက်ကုန်များကို စက်မှုထုတ်ကုန်အဖြစ် အဆင့်မြှင့်ထုတ် လုပ်ခြင်း ဖြစ်ကြောင်း။

စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများမှ ထွက်ရှိသည့် ထွက်ကုန်များသည် မိမိတို့နိုင်ငံ ၏ ကုန်ထုတ်လုပ်ငန်းများအတွက် သေချာသည့်ကုန်ကြမ်းများဖြစ်ကြောင်း၊ ထို့ကြောင့် မိမိတို့နိုင်ငံ၏မူလရှိပြီးဖြစ်သည့် လယ်ယာစိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများကို တိုးတက်အောင်ဆောင်ရွက်၍ ခိုင်မာသည့် ကုန်ထုတ်လုပ်မှုများ ကိုဆောင်ရွက်နိုင်မည် ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်နိုင်ရန်အတွက် သက်ဆိုင်ရာ ပညာရပ်များအလိုက် ပညာရှင်များ၊ နားလည်တတ်ကျွမ်းသူများလိုအပ်ကြောင်း၊  မိမိတို့နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ အနေဖြင့် နိုင်ငံတော်တာဝန်များကိုစတင်ထမ်းဆောင်ချိန်၌ စိုက်ပျိုးမွေးမြူရေးနှင့် စက်မှုလုပ်ငန်းများအတွက်ကျွမ်းကျင်သည့် လူသားအရင်း အမြစ်များ နည်းပါးလျက်ရှိသည်ကိုတွေ့ရှိရသဖြင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ အတွက် အသိပညာရှင်၊ အတတ်ပညာရှင်နှင့် ကျွမ်းကျင်သူများမွေးထုတ်ပေးနိုင်မည့် တက္ကသိုလ်၊ ကောလိပ်၊ သိပ္ပံနှင့် အခြေခံပညာကျောင်းများ တိုးချဲ့ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်ခဲ့ခြင်းဖြစ် ကြောင်း၊ အသစ်ထပ်မံချမှတ်ထားသည့် နိုင်ငံတော်စီမံအုပ်ချုပ် ရေး ကောင်စီ၏ဦးတည်ချက် ၉ ရပ်၏ လူမှုရေးဦးတည်ချက် ပထမအချက်တွင် “တစ်နိုင်ငံလုံး အသိပညာ၊ အတတ်ပညာမြင့်မားတိုးတက်စေရေး၊ ကုန်ထုတ်လုပ်မှု အထောက်အကူပြုပညာရှင်များ ထွန်းကားလာစေရေးအတွက် လူတိုင်းလက်လှမ်းမီ သည့် ဘက်စုံပညာရေးစနစ်ကို အကောင်အထည် ဖော်ဆောင်ရေး” ဟုချမှတ်ထား ကြောင်း၊ ကုန်ထုတ်လုပ်မှုကို အထောက်ကူပြုသည့် ပညာရှင်များပေါ် ထွန်းလာစေရေး ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ မူလတန်းပညာအလယ်တန်းပညာများ ပြီးမြောက်ပြီး သူများကို အထက်တန်းပညာတက် ရောက်ချိန်တွင် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးနှင့် ပတ်သက်သည့် ကျွမ်းကျင်သူများဖြစ်အောင် သင်ကြားပေးခြင်းပင်ဖြစ်ကြောင်း၊ ထိုမှတစ်ဆင့် ဘာသာရပ်အလိုက် ထူးချွန်သူများအနေဖြင့် သိပ္ပံများ၊ ကောလိပ်များနှင့် တက္ကသိုလ်များသို့ ဆက်လက်တက်ရောက် သင်ကြားနိုင်မည်ဖြစ်ကြောင်း၊ စီးပွားရေးနှင့် ပတ်သက်၍ တတ်ကျွမ်းရန်လိုအပ်သည့် အတွက်တက္ကသိုလ်များ၌ စီးပွားရေးပညာကို ထည့်သွင်း သင်ကြားပေးလျက်ရှိကြောင်း၊ ထိုသို့ဆောင်ရွက်ရာ၌လည်း စီးပွားရေး အသိပညာအခြေခံကို တတ်သိနားလည်မည့်သူများနှင့် ကျွမ်းကျင်ပညာရှင်များ ထွက်ပေါ်လာရေးနှစ်ပိုင်းခွဲဆောင်ရွ်ကလျက်ရှိ ကြောင်း၊ထိုသို့ ဆောင်ရွက်ပေးခြင်းဖြင့် စီးပွားရေးအမြင်ရှိပြီး အခြေခံသဘောတရားကို နားလည်သည့် လူသားအရင်း  အမြစ်များ များစွာရှိလာမည်ဖြစ်ပြီး တိုင်းပြည်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် တစ်ဖက်တစ်လမ်းမှ အထောက်အကူဖြစ်စေနိုင် မည်ဖြစ်ကြောင်း။

အရည်အသွေးမြင့်ကုန်ထုတ်လုပ်မှုလုပ်ငန်းများကို အထောက်အကူပြုသည့် လူသားအရင်းအမြစ်ကောင်းများ မွေးထုတ်ပေးနိုင်ရေး

        တိုင်းပြည်စီးပွားရေးကို မြှင့်တင်ရာတွင် လူသားအရင်းအမြစ်ကောင်းများ များစွာ မွေးထုတ်ပေးနိုင်ရန်လိုအပ်မည်ဖြစ်ပြီး ကုန်ထုတ်လုပ်မှုလုပ်ငန်းများကို တိုးမြှင့်ဆောင် ရွက်ရန်လိုကြောင်း၊ ၂၀၁၉ – ၂၀၂၀ ခုနှစ်တွင် မိမိတို့နိုင်ငံ၏ GDP မှာ ၇၈ ဒသမ ၉ ဘီလီယံရှိပြီး အိမ်နီးချင်းနိုင်ငံများ၊ ဒေသတွင်းနိုင်ငံများထက် များစွာလျော့နည်းလျက် ရှိကြောင်း၊ တန်ဖိုးမြင့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများနှင့် ဝန်ဆောင်မှုလုပ်ငန်းများ များ ပြားခြင်းကြောင့် GDP များရခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် မိမိတို့အနေဖြင့် အခြေခံ အကျဆုံးဖြစ်သည့် စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ကို အားပေးဆောင်ရွက်ပြီး ထိုမှတစ်ဆင့် ဝန်ဆောင်မှုလုပ်ငန်းများကို အားပေးဆောင် ရွက်နေခြင်းဖြစ်ကြောင်း၊ အခြားနိုင်ငံများနှင့် နှိုင်းယှဉ်ပါက မိမိတို့နိုင်ငံအနေဖြင့် ထုတ် ကုန်ပစ္စည်းများ၊ တစ်ဧကအထွက်နှုန်းများ၊ သီးထပ်စွမ်းအားများ အားနည်းနေသည်ကို တွေ့ရှိရပြီး လုပ်ငန်းများအောင်မြင်မှုရရှိရန် ဖိဖိစီးစီးလုပ်ဆောင်လိုစိတ်အားနည်းခြင်း၊ လုပ်ငန်းများ လုပ်ဆောင်နိုင်ရန် အခွင့်အလမ်းဖန်တီးပေးနိုင်မှု အားနည်းခြင်းတို့ကြောင့် ဖြစ်ကြောင်း၊ အခွင့်အလမ်းဖန်တီးပေးနိုင်မှုအားနည်းခြင်းတွင် နှစ်ပိုင်းရှိပြီး လိုအပ် သည့် သွင်းအားစုများ ပြည့်စုံစွာရရှိနိုင်ရေး ဆောင်ရွက်ပေးနိုင်မှု အားနည်းခြင်းနှင့် လုပ်ငန်းဆောင်ရွက်သူများကို အားပေးချီးမြှင့်မှု (Intensive)များ လုပ်ဆောင်ပေးရန် အားနည်းခြင်းတို့ပင်ဖြစ်ကြောင်း၊ ထို့ကြောင့်လုပ်ငန်းများဆောင်ရွက်ရာတွင်အောင်မြင် မှုများရရှိစေရေး ဖိဖိစီးစီးဆောင်ရွက်ရန်နှင့် ထိုသို့ဆောင်ရွက်နိုင်ရေးအတွက်လည်း အခွင့်အလမ်းများ ဖော်ဆောင်ဖန်တီးပေးရန်နှင့် အားပေးချီးမြှင့်မှုများဆောင်ရွက်ပေးရ မည်ဖြစ်ကြောင်း၊ လိုအပ်သည့် သွင်းအားစုများ ပြည့်စုံစွာရရှိရေးနှင့် အားပေးချီးမြှင့်မှု (Intensive)များ ဖော်ဆောင်ပေးနိုင်ရေး အစိုးရမှဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ စီးပွားရေးအားကို မဖြစ်မနေမြှင့်တင်ဆောင်ရွက်ရမည်ဖြစ်ပြီး ထိုသို့ဆောင် ရွက်ရာတွင် စီးပွားရေးပညာရှင်များ မွေးထုတ်ပေးနိုင်ရေးနှင့် ကုန်ထုတ်လုပ်မှုကို အထောက်အကူ ပြုသည့်ပညာရှင်များပေါ်ထွက်လာရေးဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ ၎င်းပညာရှင် များမွေးထုတ်ပေးနိုင်ရေး လူတိုင်းလက်လှမ်းမီသည့် ပညာရေးဖြစ်ရန်လိုအပ်သည့် အတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် စက်မှုနည်းပညာ ဘာသာရပ်များကို သင်ကြား ပေးမည့် စိုက်ပျိုးမွေးမြူရေးနှင့် စက်မှု အထက်တန်းကျောင်းများ ဖွင့်လှစ်ပေး နေခြင်း ဖြစ်ကြောင်း၊ ယင်းတို့ကို ပြည့်စုံအောင်ဆောင်ရွက်ပေးမည်ဆိုပါကနောင် အနာဂတ် တွင် ပညာရေးနှင့် စီးပွားရေးအား ကောင်းမွန်လာမည်ဖြစ်ကြောင်း။

        ပြည်ပပို့ကုန်နှင့် ပတ်သက်၍ မိမိတို့နိုင်ငံမှပို့ကုန်များသည် ဈေးကောင်းရရှိမှု မရှိ သည်ကို တွေ့ရှိရပြီး ကုန်ထုတ်လုပ်မှုနည်းပညာ အားနည်းမှုများကြောင့် ဖြစ်ကြောင်း၊ အရည်အသွေးကောင်းမွန်သည့် ထုတ်ကုန်ပစ္စည်းများဖြစ်မှသာလျင် ဈေးကောင်းရရှိ နိုင်မည်ဖြစ်သဖြင့် အဆင့်မြင့်ကုန်ထုတ်လုပ်မှုနည်းပညာများဖြစ်ရန်လိုကြောင်း၊ ထို့ပြင် ဝယ်လိုအားကို ပြည့်မီအောင်ထုတ်လုပ်နိုင်ရေးအတွက်လည်း မြှင့်တင်ဆောင်ရွက်သွား ရန်လိုအပ်မည်ဖြစ်ကြောင်း။

လွတ်လပ်၍ တရားမျှတသည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပနိုင်ရေး

မိမိတို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ အန္တိမရည်မှန်းချက်မှာ လွတ်လပ်၍ တရားမျှတသည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပနိုင်ရေးပင် ဖြစ် ကြောင်း၊ ထို့ကြောင့်  လွတ်လပ်ပြီးတရားမျှတသည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတစ်ရပ် အောင်မြင်စွာကျင်းပနိုင်ရေးအတွက် နိုင်ငံတစ်ဝန်း တည်ငြိမ် အေးချမ်းမှုရှိစေရေး  ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ တစ်နိုင်ငံလုံး အကြားအလပ် မရှိ ဆန္ဒမဲပေးပိုင်ခွင့်ရရှိစေရေး မဲစာရင်းအခြေခံအချက်အလက်များ မှန်မှန်ကန်ကန် ဖြစ်အောင် ပြန်လည်ပြုစုရမည်ဖြစ်ကြောင်း၊ အခြေခံအချက်အလက်များ မှန်ကန်မှသာ လျင် မဲစာရင်းမှန်ကန်မှုရှိမည်ဖြစ်ကြောင်း၊ ယခင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲတွင် မဲစာရင်းမှားယွင်းမှုများကို ပြန်လည်သုံးသပ်ကြည့်မည်ဆိုပါက ၂၀၁၄ ခုနှစ်၌ မိမိတို့နိုင်ငံ၏ လူဦးရေတိုးတက်မှုနှုန်းသည် ၀ ဒသမ ၈ ရာခိုင်နှုန်းသာ ရှိပြီး ယင်းကို အခြေခံ၍ တွက်ချက်ကြည့်မည်ဆိုပါက ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲ တွင် ဆန္ဒမဲပေးနိုင်သည့် မဲဆန္ဒရှင်စာရင်းကို တွက်ချက်၍ ရမည်ဖြစ်ကြောင်း၊ သို့သော် လည်း ထုတ်ပြန်ခဲ့သည့် မဲဆန္ဒရှင်စာရင်းမှာ လွဲမှားမှုများစွာဖြစ်နေသည်ကို တွေ့ရှိရ ကြောင်း၊ ထို့ကြောင့်  လာမည့်ရွေးကောက်ပွဲတွင် မဲစာရင်းများ မှန်ကန်မှုရှိရေး အလေး ထားဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ၂၀၂၃ ခုနှစ်နှောင်းပိုင်းတွင် လိုအပ်သည့် ကြိုတင် ပြင်ဆင်ဆောင်ရွက်သွားမည်ဖြစ်ပြီး ၂၀၂၄ ခုနှစ်တွင် ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူမှုဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် သန်းခေါင်စာရင်း ကောက်ယူပြီးမှသာလျင် လူဦးရေစာရင်း ထွက်လာမည်ဖြစ်ပြီး မဲစာရင်းကို ပြုစုနိုင်မည်ဖြစ်ကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် မဲစာရင်းကောက်ယူမှု မပြုနိုင်သေးသည့် မြို့နယ်အချို့ရှိကြောင်း၊ မဲစာရင်းကောက်ယူ သည့် တာဝန်ရှိသူများကို အနှောင့်အယှက်ပေးနေမှုများကြောင့် ကောက်ယူမှုမပြုနိုင် သေးခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် မဲစာရင်းများ အပြည့်အဝကောက်ယူနိုင်ရေး ဆက်လက်ဆောင်ရွက်သွားရမည်ဖြစ်ပြီး  မဲစာရင်းများ အပြည့်အဝကောက်ယူနိုင်မှ သာလျင် မှန်ကန်သည့် မဲစာရင်းများရရှိမည်ဖြစ်ကာ ရွေးကောက်ပွဲကိုလည်း မှန်မှန် ကန်ကန်ဖြင့် ပြုလုပ်နိုင်မည်ဖြစ်ကြောင်း၊ ရွေးကောက်ပွဲတစ်ရပ်ကို မဖြစ်ဖြစ်အောင် ဆောင်ရွက်၍ရသည်ဖြစ်သော်လည်း မိမိတို့ပြုလုပ်သည့် ရွေးကောက်ပွဲသည် စည်းစနစ် ကျနမှုရှိသည့် အထွေထွေရွေးကောက်ပွဲ တစ်ရပ်ဖြစ်စေရေးနှင့် ဒီမိုကရေစီစနစ်ခိုင်မာ စေရေး အလေးထားဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ဒီမိုကရေစီနှင့်ပတ်သက်၍ အားနည်းချက်များရှိနေဆဲဖြစ်ပြီး အကြမ်းဖက်သည့် နည်းလမ်းများဖြင့် ဒီမိုကရေစီ ကိုတောင်းဆိုသည်မှာ မဖြစ်သင့်သည့်ကိစ္စဖြစ်ကြောင်း၊ ကောင်စီဝင်များအနေဖြင့် လည်း တိုင်းဒေသကြီးနှင့်ပြည်နယ်များအလိုက် သက်ဆိုင်ရာဒေသများသို့ ရောက်ရှိ ပါက လူဦးရေစာရင်းကောက်ယူမှုများ ဆောလျင်စွာပြုစုပြီးစီးနိုင်ရေးအတွက် ကိုလည်း တွန်းအားပေးဆောင်ရွက်သွားရန် လိုအပ်သကဲ့သို့ ပညာရေးမြှင့်တင်မှုကဏ္ဍ၊ စီးပွားရေး မြှင့်တင်မှုကဏ္ဍနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍများတွင်လည်း ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ပေးကြစေလိုကြောင်းဖြင့် ပြောကြားသည်။

ယင်းနောက်  ကောင်စီဝင်များက ကယားပြည်နယ်အတွင်း တရားဥပဒေ စိုးမိုး ရေး၊ လုံခြုံရေးနှင့် နယ်မြေတည်ငြိမ် အေးချမ်းရေးအတွက် ဆောင်ရွက်ပေးရန်လိုအပ် သည့်ကိစ္စရပ်များ၊ တိုက်ပွဲရှောင်ပြည်သူများအားထောက်ပံ့ကူညီပေးရေး၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)အတွင်းရှိ အခြေခံပညာကျောင်းများတွင် နိုင်ငံတော်အစိုးရက သတ်မှတ် ထားသည့် သင်ရိုးညွှန်းတမ်းများအတိုင်း အပြည့်အဝသင်ကြားပို့ချနိုင်ရန် စီစဉ်ဆောင် ရွက်ပေးရေး၊ ဌာနဆိုင်ရာဝန်ထမ်းများ၏ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး အတွက်လိုအပ်သည့် ပံ့ပိုးမှုများနှင့် စွမ်းရည်မြှင့်သင်တန်းများ ဖွင့်လှစ်သင်ကြား ဆောင်ရွက်ပေးရေး၊ နောင်ကျင်းပမည့် ရွေးကောက်ပွဲများတွင် ကြုံတွေ့ရနိုင်သည့် မဲစာရင်းဆိုင်ရာ မှားယွင်းမှုများနှင့် မဲမသမာမှုများ မဖြစ်ပေါ်စေရေး ဥပဒေပြဋ္ဌာန်း၍ ကြပ်မတ်ဆောင်ရွက်နိုင်ရေး ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ဆွေးနွေးတင်ပြကြသည်။

ထို့နောက်နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် က ဒေသအလိုက် တရားဥပဒေစိုးမိုးရေးနှင့် နယ်မြေတည်ငြိမ်အေးချမ်းရေးအတွက် ဒေသခံပြည်သူလူထု၏ အင်အားကိုရယူ၍ ပူးပေါင်းဆောင်ရွက်နိုင်ရေးနှင့် ယင်းစုစည်း အားကို အကျိုးရှိ ထိရောက်စွာ အသုံးပြုနိုင်ရေး စည်းရုံးဆောင်ရွက်သွားရန် လိုအပ် သည့်အခြေအနေများနှင့်ပတ်သက်၍ ဆွေးနွေးပြောကြားသည်။

ယင်းနောက် နိုင်ငံတော်ဝန်ကြီးချုပ်က နိဂုံးချုပ်အမှာစကားပြောကြားရာတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် နိုင်ငံတော်၏ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးနှင့် စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးရေးအတွက် လုပ်ဆောင်သင့်သည်များကို ဆက်လက် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ဒေသတည်ငြိမ်အေးချမ်းရေးနှင့် တရား ဥပဒေစိုးမိုးရေးအတွက် ဒေသခံပြည်သူလူထုနှင့် ပူးပေါင်းဆောင်ရွက်နိုင်ရေး စည်းရုံး ဆောင်ရွက်သွားကြရန်လိုကြောင်း၊ တည်ငြိမ်အေးချမ်းသည့်နယ်မြေနှင့် တည်ငြိမ် အေးချမ်းမှုမရှိသည့်နယ်မြေတို့ နှိုင်းယှဉ်ပါက တည်ငြိမ်အေးချမ်းမှုမရှိသည့် နယ်မြေ တွင် ဒေသဖွံ့ဖြိုးရေးနှင့် ပြည်သူတို့၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးတို့ များစွာ ကွာဟသွားသည်ကိုတွေ့ရကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် တစ်နိုင်ငံလုံးဖွံ့ဖြိုး တိုးတက်ရေး တစ်ပြေးညီဆောင်ရွက်ပေးလျက်ရှိသော်လည်း အကြမ်းဖက်မှုများ ရှိနေ သည့် နယ်မြေများတွင် ကဏ္ဍအလိုက်ဖွံ့ဖြိုးတိုးတက်မှု ဆောင်ရွက်၍မရသည်ကို တွေ့ရကြောင်း၊ နောက်ကျကျန်ခဲ့ခြင်းအကျိုးဆက်ကို နယ်မြေခံလူထုကခံစားနေရ ကြောင်း၊ လူတစ်စု၏မိုက်မဲမှုကို ဒေသခံလူအများက ခံနေရကြောင်း၊ ပြည်သူလူထု အနေဖြင့် ဒေသအကျိုး၊ နယ်မြေအကျိုးကိုကြည့်၍ အကြမ်းဖက်မှုတိုက်ဖျက်ရေး၊ တည်ငြိမ်အေးချမ်းရေးကို ပူးပေါင်းဆောင်ရွက်ကြရန်လိုကြောင်း၊ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဝင်များ အနေဖြင့်လည်း အဆင့်ဆင့် ကွပ်ကဲကြပ်မတ်ဆောင်ရွက် သွားရန်နှင့် ဒေသအလိုက်ရှိ တိုင်းရင်းသားလူမျိုးများကို ကိုယ်စားပြုပြီး ၎င်းတို့၏ လိုအပ်ချက်များကို ဖြည့်ဆည်း ဆောင်ရွက်ပေး၍ ၎င်းတို့၏ ယုံကြည်ချက်၊ ခံယူချက် မြင့်မားလာအောင် ဆောင်ရွက် ပေးသွားကြရန်လိုအပ်ကြောင်း။

ငြိမ်းချမ်းရေးနှင့်ပတ်သက်၍ ဆောင်ရွက်ရာတွင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအနေဖြင့် တိုင်းပြည်အပေါ်တွင် စိတ်ကောင်းစေတနာကောင်း ထား ရန်လိုကြောင်း၊ နိုင်ငံရေးမျှော်မှန်းချက်ဖြစ်သည့် ပါတီစုံဒီမိုကရေစီစနစ်ကျင့်သုံးရေးနှင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စု တည်ဆောက်ရေး လုပ်ငန်းများတွင် တိုင်းရင်းသားပြည်သူအားလုံး ပူးပေါင်းပါဝင်ကြရန် လိုအပ်ကြောင်း။

လာမည့် အောက်တိုဘာ ၁၅ ရက်နေ့သည် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးခဲ့သည့် ၈ နှစ်မြောက် နှစ်ပတ် လည်နေ့ဖြစ်ကြောင်း၊ NCA စာချုပ်ကို ၂၀၁၅ ခုနှစ် အောက်တိုဘာ ၁၅ ရက်တွင် အစိုးရ၊ လွှတ်တော်၊ တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများက ကမ္ဘာ့ကုလသမဂ္ဂအပါအဝင် တရုတ်၊ အိန္ဒိယ၊ ဂျပန်၊ ထိုင်း စသည့်နိုင်ငံများမှ သံတမန် များ၊ ပြည်တွင်းအသိသက်သေများရှေ့မှောက်တွင် ခမ်းနားထည်ဝါစွာလက် မှတ်ရေး ထိုးခဲ့ကြကြောင်း၊ ပြည်ထောင်စုလွှတ်တော်က အတည်ပြုပေးထားသည့် သမိုင်းဝင် စာချုပ်ဖြစ်ပြီး မည်သည့်အချိန်မှပျက်ပြယ်မှုမရှိတည်ရှိနေမည့်စာချုပ်ဖြစ်ကြောင်း၊ အစိုးရဘက်မှ မိမိကိုယ်တိုင်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အနေဖြင့် ပါဝင် လက်မှတ် ရေးထိုးခဲ့ကြောင်း၊ ယခုအခါ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း တစ်ခု၏ တာဝန်ရှိသူတစ်ဦးက NCA နှင့်ပတ်သက်၍ အထောက်အထားမဲ့၊ အဓိပ္ပါယ်မဲ့စွာ လက်လွတ်စပယ် ပြောကြားခဲ့သည်ကိုတွေ့ရကြောင်း၊ တပ်မတော်အနေ ဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များနှင့်ပတ်သက်၍ NCA စာချုပ်အပေါ်တွင်သာ ခိုင်ခိုင် မာမာရပ်တည် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ လာမည့် အောက်တိုဘာ ၁၅ ရက် တွင် ကျရောက်မည့် ၈ နှစ်မြောက် NCA နှစ်ပတ်လည် နေ့ကိုလည်း လက်တွေ့ကျကျ၊ အဓိပ္ပါယ်ရှိရှိ၊ အလေးအနက်ထား၍ စီစဉ်ကျင်းပသွားမည်ဖြစ်ကြောင်း။

ဌာနဆိုင်ရာ ဝန်ထမ်းများ၏ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး အတွက် လိုအပ်သည့်ပံ့ပိုးမှုများနှင့် စွမ်းရည်မြှင့်သင်တန်းများ ဖွင့်လှစ်သင်ကြား ဆောင်ရွက်ပေးရေးအတွက် သက်ဆိုင်ရာဝန်ကြီးဌာနများအလိုက်လက်တွေ့ အကောင် အထည်ဖော်နိုင်ရေး ဆွေးနွေးပွဲများကျင်းပ၍ နည်းလမ်းရှာဖွေ ဆောင်ရွက်သွားရန် လိုကြောင်း။

 လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေး အတွက် မဲစာရင်းကောက်ယူခြင်းလုပ်ငန်းများနှင့် မဲပေးပိုင်ခွင့်ရှိသူအားလုံး စနစ်တကျ မှန်မှန်ကန်ကန် မဲပေးနိုင်ရေး ကြိုတင်စီမံဆောင်ရွက်လျက်ရှိကြောင်း၊ ဆန္ဒမဲပေးရာ တွင်လည်း လုံခြုံစိတ်ချရသည့် အီလက်ထရောနစ် မဲပေးစနစ်ဖြင့် စနစ်တကျမဲပေး နိုင်ရေး ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ နိုင်ငံရေးပါတီများနှင့်ပတ်သက်၍ စနစ်တကျရှိစေရေးအတွက် လိုအပ်သည့်ဥပဒေများ ပြဋ္ဌာန်းဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း၊

လယ်ယာကဏ္ဍတွင် လယ်ယာလုပ်သား ရှားပါးမှုအတွက် စက်မှုလယ်ယာ စနစ်သို့ ကူးပြောင်းနိုင်ရေး အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ စိုက် ပျိုးရေး လုပ်ငန်းများ အောင်မြင်စေရေးအတွက်  မျိုး၊ မြေ၊ ရေ၊ နည်းစနစ်မှန် ကန် စွာဖြင့် စိုက်ပျိုးထုတ်လုပ်နိုင်ရေး ဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း၊ ပညာရေး ကဏ္ဍတွင်လည်း လက်ရှိအကောင်အထည်ဖော်နေသည့် Kg + 9 မှတစ်ဆင့် စိုက်ပျိုး ရေး၊ မွေးမြူရေးနှင့် စက်မှုနည်းပညာ သိပ္ပံအဆင့်သို့ တက်လှမ်းပြီး ထိုမှတစ်ဆင့် လက်တွေ့အသုံးချသိပ္ပံပညာရပ်များကို ဆက်လက်သင်ကြားနိုင်ရေးအတွက် Poly technic institute ထူထောင်ဖွင့်လှစ်နိုင်ရေး သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ဆွေးနွေး လျက်ရှိကြောင်း၊ နိုင်ငံ၏ကုန်ထုတ်လုပ်မှု လုပ်ငန်းများအတွက် လိုအပ်သည့် လူသား အရင်းအမြစ်များ၊ ပညာရှင်များမွေးထုတ်နိုင်ရေး စီမံဆောင်ရွက်ပေးသွားရမည်ဖြစ် ကြောင်း၊ လူငယ်များပညာရေးကောင်းမှ နိုင်ငံ၏ အနာဂတ်ကောင်းမွန်မည်ဖြစ် ကြောင်း။

 နိုင်ငံတော်၏ အနာဂတ်ကောင်းမွန်စေရေးအတွက် မျှော်မှန်းပြီး နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီအနေဖြင့် လုပ်ဆောင်သင့် လုပ်ဆောင်ထိုက်သည်များကို လုပ် ဆောင်လျက်ရှိကြောင်း၊ ကောင်စီဝင်များအနေဖြင့် အမြင်ကျယ်ကျယ်ထား၍ နိုင်ငံ တော်တစ်ဝန်းလုံးအတွက် လွှမ်းခြုံစဉ်းစားဆောင်ရွက်ရန်နှင့် နယ်ပယ်အားလုံးအတွက် ကိုယ်စားပြု၍ ကြိုးစားလုပ်ဆောင်သွားကြရန် တိုက်တွန်းပြောကြားလိုကြောင်း မှာကြားပြီး အစည်းအဝေးကိုရုပ်သိမ်းလိုက်သည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။