ဒေသအလိုက်ဖွံ့ဖြိုးတိုးတက်လာခြင်းမှသည် တစ်နိုင်ငံလုံးအတိုင်းအတာအထိ ဖွံ့ဖြိုးတိုးတက်လာစေရေးအားလုံးအတူတကွဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရမည်    

နေပြည်တော်၊ စက်တင်ဘာ – ၉

        နိုင်ငံတော်၌ တစ်ဦးတစ်ယောက်ချင်းစီ၏ လူမှုစီးပွားဘဝတိုးတက်လာခြင်းဖြင့် နိုင်ငံ၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း၊ ထိုသို့ နိုင်ငံ့လူမှုစီးပွား တိုးတက်လာမည်ဆိုပါကနိုင်ငံတော်၏တာဝန်များကို ထမ်းဆောင်နေကြသည့် ဝန်ထမ်း များ၏ ခံစားခွင့်များသည်လည်း တိုးတက်လာမည်ဖြစ်ကြောင်း၊ ဒေသအလိုက် ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နိုင်မည်ဆိုပါက တိုင်းပြည်တိုးတက်လာမည်ဖြစ် သဖြင့် မိမိတို့ဒေသဖွံ့ဖြိုးတိုးတက်စေရေး ဒေသအလိုက်တာဝန်ထမ်းဆောင်လျက်ရှိ သည့် အုပ်ချုပ်ရေးဆိုင်ရာတာဝန်ရှိသူများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ဒေသခံပြည်သူ များအားလုံး အတူတကွဝိုင်းဝန်းကြိုးပမ်း၍   စီးပွားရေးဖွံ့ဖြိုးတိုးတက်အောင် ဆောင် ရွက်ရမည်ဖြစ်ကြောင်းဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယနေ့မွန်းလွဲပိုင်းတွင် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်၊ လားရှိုးတပ်နယ်မှ အရာရှိ၊ စစ်သည် မိသားစုဝင်များ အား တွေ့ဆုံအမှာစကားပြောကြားစဉ် ထည့်သွင်းပြောကြားသည်။

 

        အဆိုပါ တွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ဇနီး ဒေါ်ကြူကြူလှ၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေးနှင့် ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး မိုးအောင်နှင့် ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော် အရာရှိကြီးများနှင့် ဇနီးများ၊ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် နိုင်နိုင်ဦး နှင့် တာဝန်ရှိသူများ၊ လားရှိုးတပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ တက်ရောက်ကြသည်။

ဦးတည်ချက်များ၊ ရှေ့လုပ်ငန်းစဉ်များ ချမှတ်၍ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်လျက်ရှိ

        ဦးစွာနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် က အမှာစကားပြောကြားရာတွင် တပ်မတော်အနေဖြင့် နိုင်ငံတော်၏ ခေတ်အဆက် ဆက် အမျိုးသားရေးအခန်းကဏ္ဍတွင် ပါဝင်ဆောင်ရွက်ခဲ့ရပြီး ရှေ့ဆက်လက် ဆောင်ရွက် သွားမည့် အခြေအနေများနှင့် ပတ်သက်၍ ပြောကြားလိုကြောင်း၊ ယခင်တပ်မတော် အစိုးရလက်ထက်၊ ဒီမိုကရေစီအစိုးရသက်တမ်းနှစ်ခုလက်ထက်များ၌ နှစ်စဉ် အထိမ်း အမှတ်နေ့များ၌ ဦးတည်ချက်များ၊ တပ်မတော်နေ့ဦးတည်ချက်များ ချမှတ်၍ ဆောင် ရွက်ခဲ့ကြောင်း၊ ရှေးယခင်အစိုးရများလက်ထက်ကလည်း နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး များနှင့်ပတ်သက်၍ ဦးတည်ချက်များချမှတ်ဆောင်ရွက်ခဲ့ကြောင်း၊ နိုင်ငံရေး ပါတီများအနေဖြင့်လည်း ၎င်းတို့ဆောင်ရွက်မည့်ကိစ္စရပ်များနှင့် ၎င်းတို့၏မူဝါဒ များကို ရွေးကောက်ပွဲအကြိုကာလတွင် မဲဆန္ဒရှင်များအား ချပြစည်းရုံးဆောင်ရွက်ကြရ ကြောင်း၊ ရွေးကောက်ပွဲကျင်းပပြီး အနိုင်ရရှိသည့် ပါတီသည် အစိုးရအဖွဲ့ကိုဖွဲ့စည်း၍ နိုင်ငံတော်တာဝန်ထမ်းဆောင်ချိန်တွင် မူဝါဒများကို ချမှတ်၍ အကောင်အထည်ဖော် ကြိုးပမ်း ဆောင်ရွက်ရခြင်းဖြစ်ကြောင်း၊ ၎င်းတို့၏ မူဝါဒများကို အကောင်အထည် ဖော်ဆောင်ရွက်နိုင်မှုနှင့် နိုင်ငံ့အကျိုးစီးပွားအတွက် ကြိုးပမ်းဆောင်ရွက်နိုင်မှုအပေါ် မူတည်၍ ၎င်းတို့အစိုးရသက်တမ်းကုန်ဆုံးချိန်တွင် ကျင်းပပြုလုပ်မည့် ရွေးကောက်ပွဲ၌ မဲရလာဒ်များ ရရှိနိုင်မည်ဖြစ်ကြောင်း။

        တပ်မတော်အနေဖြင့်လည်း ၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီ ၁ ရက်နေ့တွင် နိုင်ငံ တော်၏ လိုအပ်ချက်အရ ဥပဒေနှင့်အညီ နိုင်ငံတော်ကိုအရေးပေါ်အခြေအနေကြေညာ ၍ နိုင်ငံတော်တာဝန်များကို ထမ်းဆောင်ခဲ့ရကြောင်း၊ စတင်ထမ်းဆောင်ချိန်မှစတင်၍ ဦးတည်ချက်များ၊ ရှေ့လုပ်ငန်းစဉ်များကို ချမှတ်ဆောင်ရွက်ခဲ့ကြောင်း၊ ရွေးကောက်ပွဲ ကိစ္စနှင့် ပတ်သက်သည့် ဦးတည်ချက်များ၊ ကိုဗစ် – ၁၉ ရောဂါနှင့်ပတ်သက်သည့် ဦးတည်ချက်များ၊ နိုင်ငံ့စီပွားမြှင့်တင်ရေးဦးတည်ချက်များ၊ ငြိမ်းချမ်းရေးနှင့်ပတ်သက် သည့် ဦးတည်ချက်များ၊ ရွေးကောက်ပွဲပြန်လည်ကျင်းပနိုင်ရေး ဦးတည်ချက်များ စသည်ဖြင့် ဦးတည်ချက်များကိုချမှတ်၍ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ကြောင်း။

        မိမိတို့အနေဖြင့် ဦးတည်ချက်များချမှတ်၍ဆောင်ရွက်ခဲ့သဖြင့် တာဝန်ထမ်း ဆောင်ခဲ့သည့် ၂ နှစ်တာကာလအတွင်း နိုင်ငံအနေဖြင့် ထိုက်သင့်သလောက်တိုးတက်မှု များ ဖြစ်ပေါ်ခဲ့သည်ကိုတွေ့ရမည်ဖြစ်ကြောင်း၊ သို့သော်လည်း မိမိတို့နိုင်ငံအပေါ် အရေးယူ ပိတ်ဆို့မှုများရှိခြင်းကြောင့် ကုန်ဈေးနှုန်းကြီးမြင့်မှုများဖြစ်ပေါ်ခဲ့ကြောင်း၊ အလားတူ ဘဏ်များပြိုလဲစေရေးအတွက် အဘက်ဘက်မှ ထိုးနှက်တိုက်ခိုက်ခဲ့ခြင်း ကြောင့် နိုင်ငံတော်အစိုးရအနေဖြင့် ထိန်းသိမ်းဆောင်ရွက်ခဲ့ရကြောင်း၊ ဘဏ်များပြိုလဲ သွားပါက နိုင်ငံစီးပွားကိုထိခိုက်ပျက်စီးစေမည်ဖြစ်သောကြောင့် ငွေကြေးဖောင်းပွမှု များ မရှိစေရေး ထိန်းသိမ်းဆောင်ရွက်ခဲ့ရကြောင်း။

        မိမိတို့တာဝန်မယူမီကာလအတွင်း နိုင်ငံ၏စီးပွားရေးမှာ အနုတ် ၅ ဒသမ ၈ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း၊ မိမိတို့တာဝန်ယူချိန်မှစတင်၍ ပိတ်ဆို့မှုများကြားမှ စီးပွားရေး တိုးတက်အောင်ဆောင်ရွက်ခဲ့ရာ အတိုင်းအတာတစ်ခုအထိ တိုးတက်လာ သည်ကို တွေ့မြင်ရမည်ဖြစ်ပြီး ထပ်မံ၍လည်းတိုးတက်မှုရှိမည်ဟု ခန့်မှန်းကြောင်း၊ နိုင်ငံ၏ စိုက်ပျိုးမွေးမြူရေးထုတ်ကုန်များ ပိုမိုတိုးတက်လာခြင်းကြောင့် နိုင်ငံ့စီးပွားရေး မြင့်တက်လာခြင်းဖြစ်ကြောင်း၊ ကုန်ဈေးနှုန်းများကြီးမြင့်ရခြင်းမှာ နိုင်ငံတကာမှပိတ်ဆို့ မှုများနှင့် ဝိသမလောဘသားအချို့၏ ၎င်းတို့ကိုယ်ကျိုးစီးပွားကိုသာကြည့်၍ လုပ် ဆောင်မှုများကြောင့်ဖြစ်သည်ကိုတွေ့ရကြောင်း၊ ထိုသို့ဆောင်ရွက်နေသူများကို ထိုက် သင့်သည့် အရေးယူဆောင်ရွက်မှုများပြုလုပ်ခဲ့သဖြင့် ယခုအခါ ကုန်ဈေးနှုန်းမှာ ကျ ဆင်းလာပြီဖြစ်ကြောင်း။

        နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက်ဆောင်ရွက်နေချိန်၌ အဖျက်လုပ်ငန်းများဆောင်ရွက်နေသူများလည်းရှိကြောင်း၊ တစ်ဖက်မှကုန်ထုတ်လုပ်မှု လုပ်ငန်းများဆောင်ရွက်လျက်ရှိသကဲ့သို့ တပ်မတော်အနေဖြင့်လည်း နိုင်ငံတော် ကာကွယ်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း၊ မိမိတို့အနေဖြင့်နိုင်ငံဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းများဆောင်ရွက်ရာတွင် ရှေ့လုပ်ငန်းစဉ်နှင့် ဦးတည်ချက်များကို ချမှတ်ဆောင်ရွက်ခဲ့ကြောင်း၊ ထိုသို့ဆောင်ရွက်ရခြင်းမှာလည်း နိုင်ငံတော်၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးတို့တွင် ယိမ်းယိုင်မှုမရှိစေရေး ဆောင်ရွက်ခြင်းပင်ဖြစ်ကြောင်း၊  အဆိုပါ အချက်များ အောင်မြင်စေရေး တပ်မတော်သားများအနေဖြင့်လည်း အလေး ထား ဆောင်ရွက်ရန်လိုကြောင်း၊ ရွေးကောက်ပွဲပြန်လည်ကျင်းပနိုင်ရန် ဆောင်ရွက်ရာ တွင် မဲစာရင်းများမှန်ကန်မှုရှိအောင်နှင့် ဆန္ဒမဲပေးခွင့်ရှိသူအားလုံး မဲပေးခွင့် ရရှိ အောင် ဆောင်ရွက်ရန်လိုကြောင်း၊ ထို့ကြောင့် ၂၀၂၄ ခုနှစ်တွင် ပြည်လုံးကျွတ် သန်းခေါင်စာရင်းကောက်ယူခြင်း လုပ်ငန်းများကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ရရှိလာသည့်အချက်အလက်များအပေါ် မူတည်၍ မဲစာရင်းများထွက်ပေါ်လာမည်ဖြစ် ပြီး သန်းခေါင်စာရင်းများ ကောက်ယူပြီးစီးပါက ရွေးကောက်ပွဲကိုကျင်းပနိုင် မည်ဖြစ် ကြောင်း၊ မိမိတို့ပြုလုပ်သည့် ရွေးကောက်ပွဲသည် လွတ်လပ်၍တရားမျှတပြီး စနစ်တကျရှိသည့် ရွေးကောက်ပွဲဖြစ်ရန်လိုကြောင်း၊ ပြည်သူအားလုံးပါဝင်သည့်၊ တရား မျှတသည့် ရွေးကောက်ပွဲဖြစ်အောင် ဆောင်ရွက်ရန် လိုကြောင်း၊ သန်းခေါင်စာရင်းများ ကောက်ယူပြီးပါက ရွေးကောက်ပွဲကို အစောလျင်ဆုံး ကျင်းပနိုင်ရေးဆောင်ရွက်သွား မည်ဖြစ်ကြောင်း၊ ထို့ကြောင့် သန်းခေါင်စာရင်းများ အောင်မြင်စွာကောက်ယူနိုင်ရေး တပ်မတော်အနေဖြင့် ကူညီဆောင်ရွက်ပေးသွားရမည်ဖြစ်ပြီး နယ်မြေစိုးမိုးရေး၊ နယ်မြေစည်းရုံးရေးအတွက် ဆောင်ရွက်နေရန်လို ကြောင်း။

မိမိတို့တာဝန်ထမ်းဆောင်ရသည့် ဒေသနှင့် ဒေသခံများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေး မြှင့်တင်ဆောင်ရွက်

        ရှမ်းပြည်နယ်(မြောက်ပိုင်း)ရှိ နယ်မြေခံတပ်များအနေဖြင့် နယ်မြေခံပြည်သူ လူထုနှင့် တစ်သားတည်းရှိပြီးဖြစ်၍ မိမိတို့တာဝန်ထမ်းဆောင်ရသည့် ဒေသရှိ တိုင်း ရင်းသားပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေး၊ ဒေသတည်ငြိမ်အေးချမ်း ရေးကို အတူတကွ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရန်လိုကြောင်း၊ မိမိတို့နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီအနေဖြင့်လည်း ရှမ်းပြည်နယ်(မြောက်ပိုင်း) ဒေသနှင့် ဒေသခံ များ၏ လူမှုစီးပွားဘဝဖွံ့ဖြိုး တိုးတက်ရေးအတွက် ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ လမ်းပန်းဆက်သွယ်မှုများအဆင်ပြေချောမွေ့စေရေးအတွက် ကားလမ်းများ၊ ရထားလမ်း များ အဆင့်မြှင့်တင်ခြင်းနှင့် လေဆိပ်အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများကို ဆောင်ရွက် ပေးလျက်ရှိကြောင်း။

        တပ်မတော်သားများ၏ ပညာရည်မြင့်မားရေးနှင့်ပတ်သက်၍ ဆောင်ရွက်ခဲ့ ကြောင်း၊ မှီခိုသူရဲမေများအားလုံး စာတတ်မြောက်ရေးအတွက်လည်း ဆောင်ရွက်လျက် ရှိသကဲ့သို့ ဒေသခံတိုင်းရင်းသားပြည်သူများ “အ” သုံးလုံးသင်တန်းများကို ဖွင့်လှစ် သင်ကြား၍ စာဖတ်တတ်သူများဖြစ်စေရေး ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ လားရှိုး မြို့တွင် စိုက်ပျိုးမွေးမြူရေးကောလိပ်ဖွင့်လှစ်ရန် စီမံဆောင်ရွက်လျက်ရှိကြောင်း၊ ဒေသခံပြည်သူလူထု၏ ပညာရည်မြင့်မားရေး ဆောင်ရွက်ပေးလျက်ရှိသကဲ့သို့ တပ်မတော်သား သားသမီးများ၏ ပညာရည်မြင့်မားရေးကိုလည်း အားပေး ဆောင်ရွက်သွားရန်လိုကြောင်း၊ မိမိတို့သင်ကြားထားသည့် ပညာများကိုအသုံးချ၍ တစ်ဦးချင်း၏ ဘဝတိုးတက်စေရေးဆောင်ရွက်သွားနိုင်မည်ဖြစ်ကြောင်း။

စည်းကမ်းစနစ်တကျရှိသည့် တပ်မတော်သားကောင်းများဖြစ်စေရေးနှင့် ရုပ်ပိုင်း စိတ်ပိုင်းဆိုင်ရာ ကျန်းမာကြံ့ခိုင်မှုရှိစေရေး

        မိမိတို့တပ်မတော်၏ပင်မလုပ်ငန်းတာဝန်မှာ နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံ ရေးပင်ဖြစ်ကြောင်း၊ တပ်မတော်သားများအားလုံး တစ်ဦးချင်း၏ ထမ်းဆောင်ရမည့် လုပ်ငန်းတာဝန်များကို လိုက်နာဆောင်ရွက်နေရန်လိုကြောင်း၊ တစ်ဦးချင်းဆောင်ရွက် ရမည့် လုပ်ငန်းတာဝန်များကို အလေ့အကျင့်ဖြစ်အောင် နေ့စဉ်လေ့ကျင့် ဆောင်ရွက် နေရန်နှင့် သတ်မှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများအတိုင်း နေထိုင်လုပ်ကိုင် ဆောင်ရွက်မည်ဆိုပါက တပ်မတော်သားကောင်းများဖြစ်လာမည်ဖြစ်ကြောင်း၊ တပ်မ တော်သည် အစုအဖွဲ့ဖြင့် တာဝန်ထမ်းဆောင်ရခြင်းဖြစ်ပြီး အခြေခံအကျဆုံး အဆင့်မှ စ၍ စစ်ပညာများကို တတ်မြောက်ကျွမ်းကျင်ထားရန်လိုကြောင်း၊ သက်ဆိုင်ရာ လက်ရုံးတပ်ဖွဲ့အလိုက် သက်ဆိုင်ရာပညာရပ်များအားလုံးကိုလည်း တတ်ကျွမ်းအောင် သင်ကြားထားရန်လိုကြောင်း၊ ထို့ကြောင့် တပ်မတော်သားများအားလုံး မိမိတို့တာဝန် များကိုအလေးထားလိုက်နာဆောင်ရွက်ကြရန်လိုကြောင်း။

        တပ်မတော်သားများ၏ သက်သာချောင်ချိရေးအတွက် တပ်ပိုင်နှင့် တစ်ပိုင် တစ်နိုင် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို အောင်မြင်အောင်ဆောင်ရွက်ကြရေး တိုက် တွန်းလိုကြောင်း၊ ထိုသို့ဆောင်ရွက်ခြင်းဖြင့် မိသားစု၏ စားဝတ်နေရေးကို တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုစေမည် ဖြစ်ပြီး သက်သာချောင်ချိမှုရှိစေမည် ဖြစ်ကြောင်း၊ တပ်မတော်သားများ၏ သက်သာချောင်ချိရေးလုပ်ငန်းများကို တာဝန်ရှိ သူများ အနေဖြင့် စနစ်တကျ ဖော်ဆောင်ပေးသွားရန်လိုကြောင်း။

        ကျန်းမာကြံ့ခိုင်ရေးနှင့်ပတ်သက်၍လည်း နေ့စဉ်ဆောင်ရွက်ရမည့် အားကစား များကို ဆောင်ရွက်နေရန်လိုကြောင်း၊ အားကစားများလုပ်ဆောင်ခြင်းဖြင့် ရုပ်ပိုင်း ဆိုင်ရာကြံ့ခိုင်မှုများကိုရရှိစေသဖြင့် ကာကွယ်ရေးလုပ်ငန်းများတွင် အထောက်အကူ ပြု စေမည်ဖြစ်ကြောင်း၊ အလားတူ ရဲမေများအနေဖြင့်လည်း ကျန်းမာရေးအထောက် အကူပြု အားကစားများလုပ်ဆောင်စေလိုကြောင်း၊ ကျန်းမာရေးကို အထောက်အကူ ပြုစေမည့် အားကစားများပြုလုပ်ခြင်း၊ ကျန်းမာရေးနှင့်ညီညွတ်သည့် စားသောက် ခြင်းများကိုဆောင်ရွက်သွားမည်ဆိုပါက ရုပ်ပိုင်းနှင့်စိတ်ပိုင်းဆိုင်ရာများ ကြံ့ခိုင်မှုရှိစေ မည် ဖြစ်သဖြင့် စနစ်တကျဖြင့် နေထိုင်သွားကြရန်လိုအပ်ကြောင်းဖြင့် မှာကြားပြီး အရာရှိ၊ စစ်သည်၊ မိသားစုများ၏ လိုအပ်ချက်များကို မေးမြန်း၍ တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။

        ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်သည် အရာရှိ၊ စစ်သည်၊ မိသားစုများအတွက် စားသောက်ဖွယ်ရာပစ္စည်းများ ကို ပေးအပ်ရာ တိုင်းမှူးကလည်းကောင်း၊  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ဇနီးက တပ်နယ် မိခင်နှင့်ကလေး စောင့်ရှောက် ရေးအသင်းအတွက် ချီးမြှင့်ငွေများကို ပေးအပ်ရာ တိုင်းမှူး၏ ဇနီးကလည်းကောင်း အသီးသီး လက်ခံရယူကြသည်။

        တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် နှင့် ဇနီး၊ အဖွဲ့ဝင်များသည် တက်ရောက်လာကြသည့် အရာရှိ၊ စစ်သည် မိသားစုများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြသည်။

        ဆက်လက်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ် ရေးဦးစီးချုပ်နှင့်ဇနီး၊ အဖွဲ့ဝင်များသည် လားရှိုးမြို့ရှိ နယ်မြေခံတပ်မတော်ဆေးရုံတွင် တက်ရောက်ဆေးကုသမှု ခံယူလျက်ရှိကြသည့် အရာရှိ၊ စစ်သည်၊ မိသားစုများနှင့် ဒေသခံပြည်သူများအား သွားရောက်ကြည့်ရှု၍ တစ်ဦးချင်း၏ ကျန်းမာရေး အခြေ အနေများကို ရင်းရင်းနှီးနှီး မေးမြန်း အားပေးစကားပြောကြားကာ လက်ဆောင်ပစ္စည်း များ ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။