နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်   ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်   ရှမ်းပြည်နယ်(မြောက်ပိုင်း)အတွင်းရှိ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့မိ၊ မြို့ဖများ၊ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး(MSME) လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေး

နေပြည်တော်၊ စက်တင်ဘာ – ၉

        နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့နံနက်ပိုင်းတွင် ရှမ်းပြည်နယ်(မြောက်ပိုင်း) အတွင်းရှိ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့မိ၊ မြို့ဖများ၊ အသေး စား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး(MSME)လုပ်ငန်းရှင်များအား လားရှိုးမြို့ မြို့တော်ခန်းမ၌တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများကို ဆွေးနွေးပြောကြား သည်။

အဆိုပါ တွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်နှင့်အတူ ကောင်စီဝင်များဖြစ်ကြသည့် ဦးရွှေကြိမ်း၊ ဦးရန်ကျော်၊ ပြည် ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးဝင်းရှိန်၊ ဦးမင်းနောင်၊ ဦးလှမိုး၊ ဦးခင်မောင်ရီ၊ ဦးအောင်နိုင်ဦး၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေး၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေးနှင့် ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ ဒုတိယဝန်ကြီးများ၊ အရှေ့မြောက်တိုင်း စစ်ဌာန ချုပ်တိုင်းမှူး၊ ရှမ်းပြည်နယ်(မြောက်ပိုင်း) ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာန ဆိုင်ရာ တာဝန်ရှိသူများ၊ မြို့မိမြို့ဖများ၊ ဒေသခံတိုင်းရင်းသားပြည်သူများ၊ အသေးစား၊ အငယ် စားနှင့် အလတ်စား စီးပွားရေး (MSME) လုပ်ငန်းရှင်များနှင့် တာဝန်ရှိသူများ တက် ရောက်ကြသည်။

ဒေသဆိုင်ရာအချက်အလက်များနှင့် ဒေသတွင်း စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်ချက်များအား တစ်ဦးချင်း တင်ပြဆွေးနွေး

ဦးစွာ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းမြောက်)ဥက္ကဋ္ဌ ဦးမျိုးကျော် က ရှမ်းပြည်နယ်(မြောက်ပိုင်း)၏ နယ်မြေဒေသအခြေအနေများ၊ စိုက်ပျိုးရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိမှု၊ One Region One Product လုပ်ငန်းများဖြင့် ကုန်ထုတ်လုပ်မှု လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နေမှု၊ မွေးမြူရေးဇုန်များ အလိုက် လုပ်ငန်းများဆောင်ရွက်လျက်ရှိမှု၊ ဒေသတွင်း လမ်း၊ တံတားများအား ဘဏ္ဍာနှစ် အလိုက် အဆင့်မြှင့်တင်တည်ဆောက်လျက်ရှိမှု၊ ဆည်နှင့်ကန်များတည်ရှိမှုနှင့် ရေလုံ လောက်စွာရရှိရေး ဆောင်ရွက်ပေးလျက်ရှိမှု၊  နယ်စပ်ကုန်သွယ်မှုလုပ်ငန်းများဆောင် ရွက်လျက်ရှိမှု၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိမှု၊ ကျန်းမာရေးကဏ္ဍ၊ အားကစားကဏ္ဍ၊ ပညာရေးကဏ္ဍများမြှင့်တင်ရေး ဆောင်ရွက်ပေး လျက်ရှိမှု၊ တက္ကသိုလ်များ၊ကောလိပ်များနှင့် အခြေခံပညာကျောင်းများ၌ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ပညာသင်ကြားလျက်ရှိမှု၊ MSME လုပ်ငန်းများဖြင့် ကုန်ထုတ်လုပ်ငန်းများဆောင်ရွက်လျက်ရှိမှ၊ ကုန်ထုတ်လုပ်ငန်းများကို အထောက် အကူပြုစေမည့် သင်တန်းများဖွင့်လှစ်သင်ကြားပေးလျက်ရှိမှု၊ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေနှင့် မတည်ထောက်ပံ့ငွေများကို ကုန်ထုတ်လုပ်ငန်းများတိုးတက်စေရေး ထုတ် ချေးပေးထားလျက်ရှိမှု အခြေအနေများကိုရှင်းလင်းတင်ပြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးက ရှမ်းပြည်နယ်ဆိုင်ရာ အချက်အလက်များ၊ ရှမ်းပြည်နယ်အတွင်း အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်း(MSME)များ အကောင်အထည်ဖော် ဆောင်ရွက်မှု အခြေအနေများ၊ ပြည်နယ်အတွင်း စက်မှုဇုန်များနှင့် စက်မှုရပ်ကွက်များ တည်ထောင်၍ လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိမှု အခြေအနေများ၊ ပြည်ပသို့ ပို့ကုန်များ တင် ပို့ဆောင်ရွက်နိုင်မှု၊ MSME စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက်  သင်တန်းများ ပို့ချဆောင်ရွက်လျက်ရှိမှုနှင့် MSME ပြပွဲများ ပြုလုပ်ဆောင်ရွက်မှု၊ ရှမ်းပြည်နယ်၊ “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ကိုးကန့်နှင့် ပလောင် ကိုယ်ပိုင် အုပ် ချုပ်ခွင့်ရဒေသတို့အတွင်း စိုက်ပျိုးမွေးမြူရေးနှင့် အခြားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက် ရေးအတွက်  နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ ချေးငွေများ ထုတ်ပေးထားရှိမှုနှင့် လုပ် ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိမှု အခြေအနေများကို ရှင်းလင်း တင်ပြသည်။

 

ထို့နောက် တက်ရောက်လာကြသည့် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး(MSME) လုပ်ငန်းရှင်များဖြစ်ကြသည့် ရှမ်းပြည်နယ်(မြောက်ပိုင်း) ကုန်သည် များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးဇော်မြင့်ထွေး၊ ဟိုတယ်လုပ်ငန်း ရှင်များအသင်း ဥက္ကဋ္ဌ ဦးဇော်ဇော်၊ လက်ဖက်လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးမောင်မောင်ဦး၊ မြန်မာနိုင်ငံကော်ဖီအသင်းအဖွဲ့ဝင် ဦးအောင်လှိုင်ဖြိုး နှင့် တက် ရောက်လာကြသူများက ရှမ်းပြည်နယ်(မြောက်ပိုင်း)မှထွက်ရှိသည့် ဒေသထုတ်ကုန် များအား အဆင့်မြင့်ထုတ်ကုန်များဖြစ်စေရေးဆောင်ရွက်လျက်ရှိမှု၊ နယ်စပ်ကုန်သွယ်မှု များတွင် လွယ်ကူလျင်မြန်ချောမွေ့မှုရှိစေရေး ဆောင်ရွက်လျက်ရှိမှု၊  ရှမ်းပြည်နယ် (မြောက်ပိုင်း)အတွင်း ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် ဟိုတယ်ဆိုင်ရာ အခြေခံသင်တန်းများ ဖွင့်လှစ်ပေးလျက်ရှိမှု၊ နယ်စပ်ဂိတ်များမှတဆင့် ခရီးသွား လုပ် ငန်း နှင့် ဆက်စပ်နေသည့် လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာမှု၊ ဒေသတွင်း ထွက်ရှိသည့် လက်ဖက်ထုတ်ကုန်ပစ္စည်းများကို အရည်အသွေးမြင့်ထုတ်ကုန်များဖြစ်စေရေးနှင့် ဈေး ကောင်းရရှိရေး ဆောင်ရွက်လျက်ရှိမှု၊ နောင်ချိုဒေသ၏ အဓိကစိုက်ပျိုးသီးနှံဖြစ်သည့် ကော်ဖီသီးနှံ စိုက်ပျိုးထားရှိမှု၊ ထွက်ရှိမှုနှင့် ပြည်တွင်း၊ ပြည်ပသို့ အရည်အသွေးပြည့်မီ စွာ ထုတ်လုပ်ရောင်းချလျက်ရှိမှု နှင့် ဒေသတွင်း စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေးအတွက် အခြားလိုအပ်သည်များကို အသီးသီး တင်ပြဆွေးနွေးကြသည်။

ပြည်ထောင်စုဝန်ကြီးများက သက်ဆိုင်ရာကဏ္ဍအလိုက် ပြန်လည်ရှင်းလင်းဆွေးနွေး

        ဆက်လက်ပြီး လုပ်ငန်းရှင်များ၏ တစ်ဦးချင်း ရှင်းလင်းတင်ပြမှုများနှင့် ပတ်သက်၍ ပြည်ထောင်စုဝန်ကြီးများက သက်ဆိုင်ရာကဏ္ဍအလိုက် ပြန်လည်ဆွေးနွေးပြောကြား ရာတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ဦးတည်ချက်များ၊ ရှေ့လုပ်ငန်းစဉ် များ ချမှတ်အကောင်အထည်ဖော်၍ နိုင်ငံတော်နှင့် နိုင်ငံသားတို့၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိမှု၊ စိုက်ပျိုးမွေးမြူရေးနှင့် အခြားကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေမှ ရင်းနှီးမတည်ချေးငွေများ ထုတ်ချေးပေးလျက်ရှိမှု၊ အခြား လိုအပ်သည်များ ကို အားပေးဆောင်ရွက်လျက်ရှိမှု၊ ဆန်၊ ဆီ နှင့် အခြေခံစားကုန်ဈေးနှုန်းများ တည်ငြိမ် မှုရှိစေရေး တာဝန်ရှိသူများက ကြပ်မတ်ဆောင်ရွက်လျက်ရှိသကဲ့သို့ ပြည်သူအားလုံးက လည်း အားလုံးပူးပေါင်းဆောင်ရွက်ပေးကြရန်လိုအပ်မှု၊ စိုက်ပျိုးရေးလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေး၊ သီးထပ်စွမ်းအားများ မြှင့်တင်နိုင်ရေးအတွက် လိုအပ်သည်များကို သက်ဆိုင်ရာဝန်ကြီးဌာနများမှ အလေးထားအကောင်အထည်ဖော် ဆောင်ရွက်ပေး လျက် ရှိသဖြင့် မိမိတို့ဒေသများရှိ ဦးစီးဌာနများမှတဆင့် ဆက်သွယ် ဆောင်ရွက်နိုင်မှု၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး၊ ကျေးလက်နေပြည်သူလူထုတို့၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေး၊ ဝင်ငွေတိုးပွားစေရေးတို့အတွက် သမဝါယမ အသင်းအဖွဲ့များ စုဖွဲ့၍ လိုအပ်သည့် သွင်းအားစုများ၊ နည်းပညာ၊ စက်ကိရိယာနှင့် အရင်းအနှီးများ ကူညီဆောင်ရွက်ပေးလျက်ရှိမှုနှင့် ထွက်ရှိလာသည့် စိုက်ပျိုးမွေးမြူ ရေး ထုတ်ကုန်များ ဈေးကွက်ရရှိရေးအတွက် ဆောင်ရွက်ပေးလျက်ရှိမှု၊ သစ်အချောထည် ပစ္စည်းများကို နယ်စပ်ကုန်သွယ်မှုမှတဆင့် တင်ပို့လိုခြင်းအပေါ် လုပ်ထုံးလုပ်နည်းနှင့်အညီ တင်ပြ ဆောင်ရွက်သွားရန်လိုအပ်မှု၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)ဒေသတွင် ဆောက်လုပ်ရေး လုပ်ငန်းများအတွက် လိုအပ်သည့် ဘိလပ်မြေ ထုတ်လုပ်နိုင်မည့် အရင်းအမြစ်များစွာ ရှိသည့်အတွက် ပြည်တွင်းလိုအပ်ချက်ပြည့်မီနိုင်ရေး တိုးမြှင့်ထုတ်လုပ်သွားရန် လိုအပ် မှု၊ နိုင်ငံတကာကုန်သွယ်မှုစနစ်များ တိုးတက်မြင့်မားလာမှု၊ နယ်စပ်ကုန်သွယ်မှုများ လျင်မြန်ချောမွေ့စေရေးအတွက် ယွမ်-ကျပ် ကုန်သွယ်မှုများ ကိုခွင့်ပြုဆောင်ရွက်ပေး ထားရှိမှု၊ တရားမဝင်ကုန်သွယ်မှုများသည် ပြည်တွင်းစီးပွားရေး လုပ်ငန်းများနှင့် MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးကို များစွာထိခိုက်စေနိုင်သည့်အတွက် လုပ်ငန်း ရှင်များအားလုံး ဝိုင်းဝန်းတိုက်ဖျက်ဆောင်ရွက်သွားကြရန် လိုအပ်မှု၊ ပို့ကုန်ပစ္စည်းများ တင်ပို့ရာတွင်လည်း တရားမဝင်ကုန်သွယ်မှုများ မရှိစေရေး QR Code စနစ်ဖြင့် လိုင်စင်များ ထုတ်ပေးလျက်ရှိပြီး ကုန်စည်စီးဆင်းမှုများ လွယ်ကူလျင်မြန်စေရေး စိစစ် ဆောင်ရွက်လျက်ရှိသဖြင့် ပို့ကုန်လုပ်ငန်းဆောင်ရွက်သူများအနေဖြင့် လုပ်ထုံး လုပ်နည်း နှင့်အညီ မှန်မှန်ကန်ကန် လိုက်နာဆောင်ရွက်ရန်လိုအပ်မှုတို့နှင့် ပတ်သက်၍ ဆွေးနွေးပြောကြားသည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က ပြည်နယ်အစိုးရ အဖွဲ့ အနေဖြင့် ရှမ်းပြည်နယ်အတွင်း MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဒေသခံ တိုင်းရင်းသားပြည်သူများနှင့် စီးပွားရေးလုပ်ငန်းရှင်များ၏ တင်ပြချက်များကို သက် ဆိုင်ရာဝန်ကြီးဌာနများနှင့် အမြဲမပြတ်ချိတ်ဆက် ဆောင်ရွက်ပေးလျက်ရှိမှု၊ ယနေ့ အခမ်းအနားတွင်ပါဝင်သည့် တင်ပြချက်များအပေါ် ပြည်နယ်အစိုးရအဖွဲ့မှ ဆောင်ရွက် ပေးနိုင်သည်များကို ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး သက်ဆိုင်ရာဝန်ကြီးဌာနများသို့ တင်ပြဆောင်ရွက်သွားရန်လိုအပ်သည်များကိုလည်း အမြန်ဆုံးဆောင်ရွက် ပေးသွား မည်ဖြစ်သည့် အခြေအနေများကို ဆွေးနွေးပြောကြားသည်။

MSME စီးပွားရေး လုပ်ငန်းများကို အားပေးဆောင်ရွက်လျက်ရှိ

        ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် က အမှာစကားပြောကြားရာတွင် မိမိအနေဖြင့် နိုင်ငံတစ်ဝန်းလုံးရှိ တိုင်းဒေသကြီးနှင့် ပြည်နယ်များသို့ သွားရောက်၍ စီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်မှုရှိစေရေး တွေ့ ဆုံ ဆွေးနွေးမှုများကို ဆောင်ရွက်လျက်ရှိရာ ယနေ့ ရှမ်းပြည်နယ်(မြောက်ပိုင်း)မှ ပြည် နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့မိ၊ မြို့ဖများ၊ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး(MSME)လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးခြင်း သည် ၂၃ ကြိမ်မြောက်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံစီးပွားရေး ဖွံ့ဖြိုးတိုးတက်ရန်အတွက် အသေးစား၊ အငယ်စားနှင့် အလတ်စားကုန်ထုတ်လုပ်ခြင်းများ တိုးတက်အောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ထို့ကြောင့်ဒေသတွင်းမှထွက်ရှိသည့် စိုက်ပျိုးမွေးမြူရေး ထုတ်ကုန်များ ကိုအခြေခံ၍ MSME လုပ်ငန်းများဖြင့် ကုန်ထုတ်လုပ်မှုလုပ်ငန်း များကို ဆောင်ရွက်ခြင်းသည် နိုင်ငံစီးပွားရေးကို တိုးတက်စေမည်ဖြစ်သဖြင့် မိမိတို့အနေဖြင့် MSME စီးပွားရေးလုပ်ငန်းများကို အားပေးဆောင်ရွက်နေခြင်းဖြစ်ကြောင်း။

နိုင်ငံရေးအရ၊ တိုင်းရင်းသားရေးအရ၊ ဘာသာရေးအရ သဘောထားကွဲလွဲမှုတို့ကြောင့် ပေါ်ပေါက်လာခဲ့သော လက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းပြီး ငြိမ်းချမ်းမှုရရှိရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိ

        လာမည့် အောက်တိုဘာလ ၁၅ ရက်နေ့သည် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ်(NCA)ချုပ်ဆိုမှု ၈ နှစ်မြောက်နှစ်ပတ်လည်နေ့ဖြစ်ကြောင်း၊ ယခင်က အကြောင်းအမျိုးမျိုးကြောင့် ငြိမ်းချမ်းရေးနှစ်ပတ်လည်နေ့ကို ကျင်းပ ပြုလုပ်နိုင်ခဲ့ခြင်းမရှိကြောင်း၊ ယခုနှစ်တွင် အဆိုပါအခမ်းအနားကို အဓိပ္ပါယ် လေးနက် စွာဖြင့်ကျင်းပပြုလုပ်သွားရန်စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း၊ မိမိတို့နိုင်ငံ၌ ပြည်တွင်း လက်နက်ကိုင်ပဋိပက္ခများဖြစ်ပေါ်နေခြင်းကို သုံးသပ်ကြည့်မည်ဆိုပါက နိုင်ငံရေးအရ သဘောထားကွဲလွဲမှုများ၊ တိုင်းရင်းသားရေးအရသဘောထားကွဲလွဲမှုများ၊ ဘာသာရေး အရ သဘောထားကွဲလွဲမှုများ စသည်တို့ကြောင့် ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်ကို တွေ့ရှိရ ကြောင်း။

        နိုင်ငံရေးအရသဘောထားကွဲလွဲမှုများနှင့် ပတ်သက်၍ ကမ္ဘာပေါ်ရှိ နိုင်ငံတိုင်း သည် တစ်နိုင်ငံနှင့်တစ်နိုင်ငံ ဖွဲ့စည်းအုပ်ချုပ်ပုံနှင့် နိုင်ငံရေးစနစ်များ တူညီမှုမရှိကြ ကြောင်း၊ မိမိတို့နိုင်ငံတွင် လွတ်လပ်ရေးရရှိပြီးကာလတွင် ပါလီမန်ဒီမိုကရေစီစနစ်ကို ကျင့်သုံးခဲ့ကြောင်း၊ လွတ်လပ်ရေးကြိုးပမ်းခဲ့စဉ်ကတည်းက လွတ်လပ်ရေးသည် ပထမ၊ ဒီမိုကရေစီရေးသည် ဒုတိယ၊ ဆိုရှယ်လစ်ရေးသည် တတိယ ဟူ၍ ကြွေးကြော် ဆောင် ရွက်ခဲ့သည်ကို တွေ့ရှိရမည် ဖြစ်ကြောင်း၊ လွတ်လပ်ရေးမရမီကာလနှင့် လွတ်လပ် ရေးရပြီးကာလတွင် ဆိုရှယ်လစ်စနစ်နှင့် အရင်းရှင်စနစ်တို့၏ အားပြိုင်ခဲ့မှု၊ အယူဝါဒ ကွဲပြားမှုများကြောင့် ၁၉၄၈ မတ်လတွင် ကွန်မြူနစ်ပါတီ တောခိုခဲ့ကြောင်း၊ ထို့နောက် KNDO ကဲ့သို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ပေါ်ပေါက်လာခဲ့ကြောင်း၊ ၁၉၆၂ ခုနှစ်မှ ၁၉၈၈ ခုနှစ်ထိ တော်လှန်ရေးကောင်စီနှင့် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ တို့ကအုပ်ချုပ်ဆောင်ရွက်ခဲ့ပြီး စီမံခန့်ခွဲမှုအားနည်းချက်တို့ကြောင့် စီးပွားရေးကျဆင်း ခဲ့ကာ ၁၉၈၈ ခုနှစ် အရေးအခင်း ဖြစ်ပေါ်လာခဲ့ကြောင်း၊ ၁၉၈၈ ခုနှစ် အရေးအခင်းကို ဒီမိုကရေစီတောင်းဆိုသည့် ဖြစ်စဉ်တစ်ခုအဖြစ်သာ ယေဘူယျသဘောထားကြသော် လည်း ၎င်းနောက်ကွယ်၌ ဖြစ်ပွားရသည့်အကြောင်းအရင်းများစွာရှိသည်ကို လေ့လာ တွေ့ရှိနိုင်ကြောင်း၊ ဆိုရှယ်လစ်စနစ်ကို မကြိုက်နှစ်သက်ခြင်းကြောင့် ပါတီစုံ ဒီမိုကရေစီစနစ်ကိုတောင်းဆိုခဲ့ကြကြောင်း၊ ၁၉၈၈ ခုနှစ် နောက်ပိုင်း တပ်မတော် အစိုးရတက်လာခဲ့ပြီး ပြည်သူလူထု၏ဆန္ဒနှင့်အညီ ပါတီစုံ ဒီမိုကရေစီစနစ်သွားနိုင်ရေး ဦးတည်ဆောင်ရွက်ခဲ့ကြောင်း၊ ဒီမိုကရေစီစနစ်ကို ကျင့်သုံးနိုင်ရေး ကိုက်ညီသည့် ဖွဲ့စည်းပုံ အခြေခံဥပဒေ ရေးဆွဲနိုင်ရေးဆောင်ရွက်ခဲ့ရကြောင်း၊ တိုင်းရင်းသား ပြည်သူ လူထုနှင့် အလွှာပေါင်းစုံမှအစုအဖွဲ့များ‌ ပါဝင်သော အမျိုးသားညီလာခံ၌ အချေ အတင် ဆွေးနွေးပြီး ဖွဲ့စည်းပုံအခြေခံဥပဒေကို ၂၀၀၈ ခုနှစ်၌ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲဖြင့် အတည်ပြုနိုင်ခဲ့ကြောင်း။

        မိမိတို့နိုင်ငံတွင် ကျင့်သုံးခဲ့သည့် ဖွဲ့စည်းပုံအခြေခံဥပဒေများကို ကြည့်မည် ဆိုပါ က လွတ်လပ်ရေးရပြီးနောက် ၁၉၄၇ ခုနှစ်တွင် တိုင်းပြုပြည်ပြုလွှတ်တော်က အတည် ပြုရေးဆွဲခဲ့သည့် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ (၁၉၄၇ ခုနှစ်)သည် ပြည်သူလူထု တစ်ရပ်လုံး မဲပေးအတည်ပြုခဲ့သည့် ဥပဒေမဟုတ်ဘဲ တိုင်းပြုပြည်ပြုလွှတ်တော်က အချို့သော ပညာရှင်များ၏ အကြံဉာဏ်များရယူကာ ရေးဆွဲအတည်ပြုခဲ့သည့် ဥပဒေ ဖြစ်ကြောင်း၊  ဖွဲ့စည်းပုံအခြေခံဥပဒေ (၁၉၇၄ ခုနှစ်)သည် မူကြမ်း ၃ ကြိမ် အထိ ရေးဆွဲ၍ ပြည်သူလူထုအားချပြပြီးမှ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲပြုလုပ်၍ အတည်ပြုခဲ့ ခြင်းဖြစ်ကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)သည်လည်း ပြည်လုံးကျွတ် ဆန္ဒခံယူပွဲပြုလုပ်၍ အတည်ပြုခဲ့ခြင်းဖြစ်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)ကို လေ့လာကြည့်ပါက ဖက်ဒရယ်ဟု တိုက်ရိုက်သုံးစွဲထားခြင်းမရှိသော်လည်း အာဏာကို ခွဲဝေကျင့်သုံးသည့် ဖက်ဒရယ်၏ လုပ်ထုံးလုပ်နည်းများပါပြီးဖြစ်သည်ကိုလေ့လာ သိရှိ နိုင်ကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ကျေးလက်ကို အခြေခံပြီး ကျေးလက်ကို ပေါင်းစည်း၍ မြို့နယ်၊ မြို့နယ်မှ ခရိုင်၊ ခရိုင်မှ တိုင်းဒေသကြီးနှင့်ပြည်နယ်ဖြစ်လာပြီး ထိုမှတဆင့် ပြည်ထောင်စုဖြစ်လာကြောင်း၊ ထိုအတွင်းမှ တူညီသည့် တိုင်းရင်းသားများ ပြားသည့်ဒေသများ၌ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ တိုင်းများအဖြစ် ဖွဲ့စည်းဆောင်ရွက် ပေးထားခြင်းဖြစ်ကြောင်း။

ယခုအခါတွင် မိမိတို့နိုင်ငံသည် ပါတီစုံဒီမိုကရေစီစနစ်ကို လျှောက်လှမ်းလျက်ရှိ ပြီး နိုင်ငံရေးအရ၊ တိုင်းရင်းသားရေးအရ၊ ဘာသာရေးအရ သဘောထားကွဲလွဲမှုများ မဖြစ်သင့်တော့ဘဲ ငြိမ်းချမ်းစွာဖြင့် ဒီမိုကရေစီနှင့် လွှတ်တော်လမ်းကြောင်းပေါ်သို့ ရောက်ရှိနိုင်ရေး မိမိတို့အနေဖြင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ NCA စာချုပ်ကို ၂၀၁၅ ခုနှစ် အောက်တိုဘာ ၁၅ ရက်တွင် အစိုးရ၊ လွှတ်တော်၊ တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများက ကမ္ဘာ့ကုလသမဂ္ဂအပါအဝင် နိုင်ငံ တကာမှ အသိသက်သေများ ပြည်တွင်းအသိသက်သေများ ရှေ့မှောက်တွင် ခမ်းနား ထည်ဝါစွာလက်မှတ်ရေးထိုးခဲ့ကြကြောင်း၊ Union Accord အဖြစ် ပြည်ထောင်စု လွှတ်တော်က အတည်ပြုပေးထားသည့် သမိုင်းဝင်စာချုပ်ဖြစ်ပြီး မည်သည့်အချိန်မှ ပျက်ပြယ်မှုမရှိ တည်ရှိနေမည့်စာချုပ်ဖြစ်ကြောင်း၊ တပ်မတော်အနေဖြင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ NCA စာချုပ်အပေါ်တွင်သာ ခိုင်ခိုင်မာမာရပ်တည် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ လာမည့် အောက်တိုဘာ ၁၅ ရက်တွင် ကျရောက် မည့် ၈ နှစ်မြောက် NCA နှစ်ပတ်လည်နေ့အခမ်းအနားကိုလည်း လက်တွေ့ကျကျ၊ အဓိပ္ပါယ်ရှိရှိ၊ အလေးအနက်ထား၍ စီစဉ်ကျင်းပသွားမည်ဖြစ်ပြီး မိမိတို့အနေဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ အောင်မြင်မှုရရှိစေရေး ဆက်လက်ကြိုးပမ်း ဆောင်ရွက် သွားမည်ဖြစ်ကြောင်း။

လွတ်လပ်၍ တရားမျှတသည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပနိုင်ရေး ရည်မှန်းချက်ထား ဆောင်ရွက်လျက်ရှိ

တပ်မတော်အနေဖြင့် ပြည်သူလူထုလိုလားသော စစ်မှန်စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီ စနစ်ကို မရရအောင် ဖော်ဆောင်ပေးခဲ့ကြောင်း၊ ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲနှင့် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲများတွင် အနိုင်ရပါတီများ အစိုးရဖွဲ့နိုင်ရေး   တပ်မတော်အနေဖြင့် လက်တွဲညီညီ အပြည့်အဝပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း၊ ၂၀၁၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲနောက်ပိုင်းတွင် နိုင်ငံရေးအရအသုံးချ ၍ မရိုးမသားဆောင်ရွက်မှုများကို နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး နယ်ပယ်တို့တွင် အသုံးချခြင်းများ လုပ်ဆောင်လာခဲ့သည်ကိုတွေ့ခဲ့ရကြောင်း၊ အုပ်ချုပ်ရေးပိုင်း၊ စီးပွား ရေး ပိုင်း တို့တွင် အားနည်း ချက်များ ဖြစ်ပေါ်ခဲ့ပြီး ယဉ်ကျေးမှုပိုင်းဆိုင်ရာတွင်လည်း မြန်မာ့ထုံးတမ်းစဉ်လာနှင့် မကိုက်ညီသည့်ဖြစ်ရပ်များ ဖြစ်ပေါ်ခဲ့ကာ စည်းလုံးညီညွတ် မှုများ ပျက်ပြားခဲ့ရကြောင်း၊ တပ်မတော်အနေဖြင့် ရွေးကောက်ပွဲနှင့် ပတ်သက်၍ လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲဖြစ်ရန် လိုအပ်သည်ဟု ပြောကြားခဲ့ ကြောင်း၊ ၎င်းတို့၏ လုပ်ဆောင်မှုများအရ ထောက်ခံမှုများ ကျဆင်းလာခဲ့ရာ ရွေး ကောက်ပွဲတွင် မရိုးမသားသည့် နည်းလမ်းများဖြင့် အနိုင်ရရှိရေး ဆောင်ရွက်ခဲ့သည်ကို တွေ့ရှိရ ကြောင်း၊ မဲစာရင်းကွဲလွဲမှုများကို ဖြေရှင်းဆောင်ရွက်ပေးရန် တပ်မတော်မှ ပြောကြား ခဲ့သော်လည်း ဆောင်ရွက်ပေးခြင်းမရှိသဖြင့် တပ်မတော်မှ နိုင်ငံတော်၏ တာဝန်များကို ဥပဒေနှင့်အညီ ဝင်ရောက်ထိန်းသိမ်းဆောင်ရွက်ခဲ့ရခြင်းဖြစ်ကြောင်း၊ တပ်မတော်အနေဖြင့် ပါတီစုံဒီမိုကရေစီလမ်းကြောင်း ခိုင်မာရေးကိုသာ အဓိက ဆောင်ရွက်လျက်ရှိကြောင်း။

လက်ရှိအချိန်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် လွတ်လပ်၍ တရားမျှတသည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကျင်းပနိုင်ရေးကို ရည်မှန်းချက်ထား ဆောင်ရွက်လျက်ရှိကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် တစ်နိုင်ငံလုံး အကြားအလပ်မရှိ ဆန္ဒမဲပေးပိုင်ခွင့်ရရှိစေရေး မဲစာရင်းအခြေခံအချက်အလက်များ မှန်မှန်ကန်ကန် ဖြစ်အောင် ပြန်လည်ပြုစုရမည်ဖြစ်ကြောင်း၊ ၂၀၂၄ ခုနှစ်တွင် ပြည်လုံးကျွတ်သန်းခေါင်စာရင်းကောက်ယူ၍ ရွေးကောက်ပွဲကို အစောဆုံးကာလတွင် ပြန်လည် ကျင်းပနိုင်ရေးစီမံဆောင်ရွက်လျက်ရှိကြောင်း၊ ဒီမိုကရေစီလမ်းကြောင်း ပေါ်၌လျှောက်လှမ်းရာတွင် တည်ငြိမ်အေးချမ်းမှုရှိရန် အဓိကလိုအပ်သည့်အတွက် တည်ငြိမ်အေးချမ်းမှုရှိရေးကို မိမိတို့အနေဖြင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး ဒေသ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် ဒေသခံပြည်သူလူထုနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)ဒေသတွင် တည်ငြိမ် အေးချမ်းမှုရှိစေရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက်လည်း အားလုံးမှ ဝိုင်းဝန်း ပူးပေါင်း ဆောင်ရွက်ရန်လိုအပ်ကြောင်း။

ဒေသတစ်ခုချင်းစီအလိုက် စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့် ကုန်ထုတ်လုပ်မှု လုပ်ငန်းများကို အောင်မြင်အောင်ဆောင်ရွက်ခြင်းဖြင့် နိုင်ငံ့စီးပွားရေးကို မြှင့်တင်နိုင်မည်

မိမိတို့နိုင်ငံသည် ခေတ်အဆက်ဆက်အားနည်းချက်များရှိခဲ့ခြင်းကြောင့် စီးပွား ရေးနှင့်ပတ်သက်၍ အားနည်းချက်များရှိခဲ့ပြီး အခြားတိုင်းပြည်များထက် တိုးတက် မှုနှုန်း နည်းပါးသည်ကို တွေ့ရကြောင်း၊ နိုင်ငံ့စီးပွားရေးတိုးတက်မှုနည်းပါးခြင်းကြောင့် နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို အပြည့်အဝ အကောင်အထည်ဖော်နိုင်ခြင်း မရှိကြောင်း၊ မိမိတို့နိုင်ငံ၏ GDP မှာ ဒေသတွင်းနိုင်ငံများထက်နည်းပါးလျက်ရှိသည်ကို တွေ့ရှိရမည်ဖြစ်ကြောင်း၊ စိုက်ပျိုးမွေးမြူရေးကိုအခြေခံသည့် ပြည်တွင်း ကုန်ထုတ် လုပ်မှုလုပ်ငန်းများကို အားပေးဆောင်ရွက်ခြင်းဖြင့် နိုင်ငံ၏ GDP များတိုးတက်လာ မည်ဖြစ်၍ MSME လုပ်ငန်းများကို မိမိaတို့အနေဖြင့် အားပေးမြှင့်တင်နေခြင်းဖြစ် ကြောင်း၊ ကုန်ထုတ်လုပ်မှုများကို အားပေးဆောင်ရွက်ရန်လိုအပ်သကဲ့သို့ ကုန်ပစ္စည်း များ ဈေးနှုန်းကြီးမြင့်မှုမရှိစေရေး စားသုံးမှုနှင့်ထုတ်လုပ်မှုများ မျှတမှုရှိစေရေး အတွက် ဆောင်ရွက်ရန်လိုကြောင်း၊ စားသုံးဆီဈေးနှုန်းများ ကြီးမြင့်ခဲ့မှုနှင့်ပတ်သက်၍ နိုင်ငံ တော်အနေဖြင့် ကြပ်မတ်စီမံဆောင်ရွက်ခဲ့သော်လည်း ဝိသမလောဘသားများ၏ မတော်လောဘစိတ်များဖြင့် ဆောင်ရွက်ခဲ့ခြင်းကြောင့် ထိုက်သင့်သည့်ဈေးထက် မြင့်မားခဲ့သည်ကို တွေ့ရှိရကြောင်း၊ ယခုအခါ ထိုက်သင့်သည့်အရေးယူမှုများကို ဆောင် ရွက်ခဲ့သဖြင့် ဈေးနှုန်းများပြန်လည်ကျဆင်းလာခဲ့ကြောင်း။

ရှမ်းပြည်နယ်(မြောက်ပိုင်း)၌ ဒေသနှင့် ဒေသခံများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုး တိုးတက်ရေး ဒေသနှင့်ကိုက်ညီသည့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်ရာ တွင် မွေးမြူရေးလုပ်ငန်းများကို စနစ်တကျဆောင်ရွက်၍ အသားထုတ်လုပ်မှုမှ အေးခဲ အသားများကို အိမ်နီးချင်းနိုင်ငံများသို့တင်ပို့ရောင်းချနိုင်ကြောင်း၊ မွေးမြူရေးလုပ်ငန်း အတွက် လိုအပ်သည့် အစာကုန်ကြမ်းများကိုလည်း ဒေသတွင်း၌ရရှိနိုင်ကြောင်း၊ ကုန် ထုတ်လုပ်မှုများကို တိုးတက်အောင် ဆောင်ရွက်နိုင်ခြင်းဖြင့် တစ်ဦးချင်း စီးပွားရေး တိုးတက်မှုမှ ဒေသစီးပွားရေး တိုးတက်မှုကိုဖြစ်စေနိုင်မည်ဖြစ်ကြောင်း၊ စိုက်ပျိုးရေး နှင့်ပတ်သက်၍ ဒေသတွင် အောင်မြင်ဖြစ်ထွန်းသည့် ကော်ဖီနှင့်လက်ဖက်များကို အဓိကစိုက်ပျိုးကြသည်ကို တွေ့ရှိရပြီး ကော်ဖီနှင့်လက်ဖက်သည် နိုင်ငံတကာ ဈေး ကွက် လိုအပ်ချက်ရှိပြီးဖြစ်ကြောင်း၊ ထို့ကြောင့် နည်းစနစ်ကျနပြီး အရည်အသွေးပြည့် မီသည့် ကော်ဖီနှင့် လက်ဖက်ထုတ်ကုန် ထုတ်လုပ်မှုများကို ဆက်လက်တိုးမြှင့် ဆောင် ရွက်သွားကြရန်လိုကြောင်း။

စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကိုဆောင်ရွက်ပြီး တန်ဖိုးမြှင့်ထုတ်ကုန်များထုတ် လုပ်နိုင်ရန်အတွက် ကျွမ်းကျင်လုပ်သား လူသားအရင်းအမြစ်များလိုအပ်ကြောင်း၊ ထို့ကြောင့် အတန်းပညာများမြင့်မားစေရေး ပညာရေးကိုအားပေးဆောင်ရွက်ရန်လို ကြောင်း၊ စိုက်ပျိုးမွေးမြူရေးနှင့် နည်းပညာအထက်တန်းကျောင်းများကို ဖွင့်လှစ် သင်ကြားပေးလျက်ရှိပြီး ထိုမှတစ်ဆင့် သက်ဆိုင်ရာဘာသာရပ်အလိုက် ထူးချွန်သူများ ကို တက္ကသိုလ်၊ ကောလိပ်များ၌ ဆက်လက်ပညာသင်ကြားနိုင်မည်ဖြစ်ကြောင်း၊ ထိုသို့ ဆောင်ရွက်ပေးခြင်းဖြင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများအတွက် လိုအပ်သည့် လူသား အရင်းအမြစ်များကိုမွေးထုတ်ပေးနိုင်မည်ဖြစ်ကြောင်း။

လမ်းပန်းဆက်သွယ်မှုလျင်မြန်ချောမွေ့ပြီး ကုန်စည်စီးဆင်းမှုများ လွယ်ကူလျင် မြန်မှုရှိမှသာလျင်လည်း ဒေသနှင့် ဒေသခံများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်မှုကို ဖြစ်ပေါ်စေနိုင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)ဒေသအတွင်း ပို့ဆောင်ဆက်သွယ်မှုများ ပိုမိုကောင်းမွန်လာစေရေးအတွက် လားရှိုးလေဆိပ်၊ လေယာဉ် ပြေးလမ်းအဆင့်မြှင့်တင်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း၊ လားရှိုး-မန္တလေး ရထားလမ်း ပြန်လည်ပြေးဆွဲနိုင်ရေးအတွက် ပြင်ဆင်ဆောင်ရွက်လျက်ရှိ သကဲ့သို့ လားရှိုး-မူဆယ်၊ လားရှိုး-ချင်းရွှေဟော် ရထားလမ်းဖောက်လုပ်နိုင်ရေး အတွက်လည်း စီမံဆောင်ရွက်လျက်ရှိကြောင်း၊ လက်ရှိကားလမ်းကိုလည်း လေးလမ်း သွားအဖြစ် အဆင့်မြှင့်တင်နိုင်ရေးဆောင်ရွက်လျက်ရှိပြီး ဆက်လက်၍လည်း  ခြောက် လမ်းသွားအဖြစ် အဆင့်မြှင့်တင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ကူးလူးဆက်သွယ် သွားလာမှုများ အဆင်ပြေချောမွေ့လာမည်ဆိုပါက ရှမ်းပြည်နယ်(မြောက်ပိုင်း) ဒေသ နှင့် ဒေသခံများ ၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း၊ ဒေသ တစ်ခုချင်းစီအလိုက် ဖွံ့ဖြိုးတိုးတက်မှုမှတဆင့် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဖွံ့ဖြိုး တိုးတက်လာစေမည်ဖြစ်ကြောင်း။

ရှမ်းပြည်နယ်(မြောက်ပိုင်း)ဒေသသည် ခရီးသွားဧည့်သည်များကို ဆွဲဆောင်နိုင် သည့် သဘာဝရေမြေတောတောင်အလှအပများနှင့် အရင်းအမြစ်များစွာ ရှိပြီးဖြစ်သည့် ဒေသဖြစ်ကြောင်း၊ ဂုတ်ထိပ်တံတားနှင့် တောတောင်ရေမြေသဘာဝအလှများသည် ခရီးသွားများကို ဆွဲဆောင်နေသည့် နေရာတစ်ခုဖြစ်ကြောင်း၊ မိမိတို့ဒေသအတွင်း သာယာလှပရေး၊ သန့်ရှင်းသပ်ရပ်ပြီး မျက်စိပသာဒဖြစ်ဖွယ်ရှိစေရေးအတွက် အားလုံး ဝိုင်းဝန်း ဆောင်ရွက်သွားမည်ဆိုပါ က ခရီးသွားများကို ဆွဲဆောင်နိုင်မည်ဖြစ်ကြောင်း၊ ဒေသထွက်အစားအစာများ အရည်အသွေးကောင်းမွန်ရေး၊ တည်းခိုနေထိုင်ရေး၊ သွားလာရေးများကို ကောင်းမွန်အောင် ဆောင်ရွက်ပြီး ကောင်းမွန်သည့် ဝန်ဆောင်မှု ကို ပေးနိုင်မှသာလျင် ပြည်တွင်းပြည်ပ ခရီးသွားများကိုဆွဲဆောင်နိုင်မည်ဖြစ်ပြီး ဒေသ တွင်းသို့ ခရီးသွားများ လာရောက်ခြင်းဖြင့် ဒေသ၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးကို ဖြစ်ပေါ်စေနိုင်မည်ဖြစ်ကြောင်း၊ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒေသ တည်ငြိမ်အေးချမ်းမှုရှိရန် လိုအပ်သည့်အတွက် ဒေသတွင်း တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးကို ဝိုင်းဝန်း ကြိုး ပမ်းဆောင်ရွက်ကြရန်လိုကြောင်း။

မိမိတို့အနေဖြင့် ဒီမိုကရေစီလမ်းကြောင်းပေါ်သို့ လျှောက်လှမ်းနေသည်နှင့်အညီ ဥပဒေပညာနှင့်ပတ်သက်၍ သိရှိနားလည်ရန်လိုအပ်သဖြင့် တက္ကသိုလ်များ၌ ဥပဒေ ဘာသာရပ်များနှင့် စီးပွားရေးဘာသာရပ်များကို သင်ကြားပေးလျက်ရှိကြောင်း၊ အဆိုပါ ပညာရပ်များနှင့်ပတ်သက်၍ ပြန်လည်မျှဝေပေးမည်ဆိုပါက အထောက်အကူ ပြုမည်ဟု ယုံကြည်ပါကြောင်း၊ ယခုကဲ့သို့ လာရောက်တွေ့ဆုံချိန်တွင် ပြည်ထောင်စု ဝန်ကြီးများအနေဖြင့် ထိုက်သင့်သည့် ဆွေးနွေးမှုများကိုဆောင်ရွက်ပေးသကဲ့သို့ မိမိအ နေဖြင့်လည်း နိုင်ငံ့အရေး၊ နိုင်ငံ့စီးပွားတိုးတက်ရေး နှင့်ပတ်သက်၍ ဆွေးနွေး ပြော ကြားခဲ့ကြောင်း၊ မိမိတို့ဆွေးနွေးပြောကြားခဲ့သည့် အကြောင်းအရာများကို ပြန်လည် တွေးခေါ်သုံးသပ်၍ မိမိတို့ဒေသနှင့် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေး၊ တည်ငြိမ်အေးချမ်း ရေးအတွက် ဝိုင်းဝန်းဆောင်ရွက်နိုင်မည်ဟု ယုံကြည်ပါကြောင်းဖြင့် ပြောကြားသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် သည် တက်ရောက်လာကြသည့် ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့မိ၊ မြို့ဖများ၊ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး (MSME) လုပ်ငန်းရှင်များအား ရင်းရင်းနှီးနှီး နှုတ်ဆက်သည်။

ဒေသထုတ်ကုန်ပစ္စည်းခင်းကျင်းထားရှိမှုအား ကြည့်ရှုအားပေး

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် သည် ခင်းကျင်းပြသထားသည့် သယံဇာတတွင်းထွက်ထုတ်ကုန်များ၊ စားသောက်ကုန်၊ လူသုံးကုန်၊ စက်မှုလက်မှုထုတ်ကုန်၊ ရိုးရာလက်မှု ထုတ်ကုန်များ၊ အဝတ်အထည်များ၊ တိုင်းရင်းဆေးများ စသည့် ထုတ်ကုန်ပစ္စည်းများ ခင်းကျင်းပြသထားရှိမှုများကို ပြကွက် တစ်ခုချင်းစီအလိုက်  စိတ်ဝင်တစားဖြင့် လေ့လာခဲ့ပြီး ဈေးကွက်ရရှိမှုအခြေအနေ များကို မေးမြန်းဆွေးနွေးရာ လုပ်ငန်းအလိုက် စီးပွားရေးလုပ်ငန်းရှင်များက လိုက်လံ ရှင်းလင်းတင်ပြခဲ့ကြသည်။

လားရှိုးလေဆိပ် လေယာဉ်ပြေးလမ်း အဆင့်မြှင့်တင်နေမှုအခြေအနေများအား ကြည့်ရှုစစ်ဆေး

ထို့အပြင် ယနေ့နံနက်ပိုင်းတွင်လည်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များသည် လားရှိုးလေဆိပ် လေယာဉ်ပြေးလမ်း အဆင့်မြှင့်တင် ဆောင်ရွက်နေမှုအခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်မှုအခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်း တင်ပြကြသည်။

ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်က ရှမ်းပြည်နယ်(မြောက်ပိုင်း)အတွင်း ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက် စေရန်၊ ဒေသနှင့်ဒေသခံများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးကို အထောက် အကူ ပြုစေရန် ရည်ရွယ်၍ ရေရှည်ကိုမျှော်တွေးကာ ယခုကဲ့သို့ လေယာဉ်ပြေးလမ်း အား ဂျက်လေယာဉ်များ ဆင်းသက်နိုင်သည့် ပြေးလမ်းအဖြစ် အဆင့် မြှင့်တင်ဆောင်ရွက် ခြင်းဖြစ်သဖြင့် လုပ်ငန်းဆောင်ရွက်မှုများကို အရည်အသွေး ပြည့်မီ စွာဖြင့် သတ်မှတ် ကာလအတွင်း ပြီးစီးနိုင်ရေး ကြပ်မတ်ဆောင်ရွက်ကြရန်နှင့် အခြား လိုအပ်သည် များကို မှာကြားခဲ့ပြီး လုပ်ငန်းဆောင်ရွက်နေမှုများအား ကြည့်ရှု စစ်ဆေးခဲ့သည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။