နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်    ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်  ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်း ရှေးဟောင်းရေလှောင်ကန်များ ပြန်လည် ပြုပြင်ဆောင်ရွက်နေမှုအခြေအနေများအား ကြည့်ရှုစစ်ဆေး

နေပြည်တော်၊ စက်တင်ဘာ – ၁၆

          နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ခရီးစဉ်တွင်လိုက်ပါလာသည့်အဖွဲ့ဝင်များ၊ မန္တလေးတိုင်း ဒေသ ကြီး ဝန်ကြီးချုပ်၊ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများလိုက်ပါ၍ ယနေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ပုဂံရှေးဟောင်း ယဉ် ကျေးမှုနယ်မြေအတွင်း ရေကြီးရေလျှံမှုများနှင့် သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက် ပျက်စီးမှုများ ဖြစ်ပေါ်မှုမရှိစေရေး ရှေးဟောင်းကန်များ ပြန်လည်ပြုပြင်ဆောင်ရွက် လျက်ရှိမှု အခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။

မြကန်ရေလှောင်တမံ

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ ဝင်များသည် မြန်မာသက္ကရာဇ် ၄၅၀ ခုနှစ်၊ ခရစ်နှစ် ၁၀၈၈ ခုနှစ်၊ ပုဂံခေတ်ရှေးမြန်မာ မင်းများ လက်ထက်ကတည်းက ကျန်စစ်သားမင်းကြီး တည်ဆောက်ခဲ့သည့် မြကန် ရေလှောင်တမံသို့ ရောက်ရှိကြရာ ရှင်းလင်းဆောင်ခန်းမတွင် သာသနာရေးနှင့် ယဉ် ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်နှင့် တာဝန်ရှိသူများက ပုဂံ ကမ္ဘာ့အမွေအနှစ်ဒေသရှိ ရှေးဟောင်းရေကန်(၉၁)ကန်အနက် တူးဖော်ပြီး၊ တူးဖော်ဆဲ၊ ဆက်လက်တူးဖော်ရန်ကျန်နှင့် တူးဖော်ရန်မလိုသည့် ရေကန်များ၏ အခြေအနေများ၊ ဝန်ကြီးဌာနများမှ တာဝန်ယူဆောင်ရွက်သည့်ရေကန်များနှင့် အလှူရှင်များ၏ လှူဒါန်း ငွေများဖြင့် ဆောင်ရွက်သည့်ရေကန်များ၏အခြေအနေများ၊ ရေဝင်ရေထွက် လမ်း ကြောင်းများကို လိုအပ်သည့် ပြုပြင်ထိန်းသိမ်းမှုများ ဆောင်ရွက်ထားရှိသောကြောင့် ရာဂိမုန်တိုင်းဖြစ်ပေါ်ခဲ့ချိန် မိုးသည်းထန်စွာရွာသွန်းခဲ့ချိန်၌ သတ်မှတ်လမ်းကြောင်း များအတိုင်းစီးဝင်ခဲ့မှု၊ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်း စက်တင်ဘာ ၁၁ ရက်နှင့် ၁၂ ရက် တို့တွင် မိုးရေချိန် စုစုပေါင်း ၁၀ ဒသမ ၇၁ လက်မအထိ ရှိခဲ့သော် လည်း ရေဝင်ရေထွက် လမ်းကြောင်းများရှင်းလင်းခြင်းနှင့် ရေကန်များကို ကြိုတင် ပြု ပြင်ထိန်းသိမ်းမှုများ ဆောင်ရွက်ထားရှိသောကြောင့် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့ခြင်း မရှိဘဲ သတ်မှတ်လမ်းကြောင်းများနှင့် ရေကန်များအတွင်းသို့ စီးဝင်ခဲ့မှု၊  မိုးသည်းထန် စွာရွာသွန်းခဲ့ချိန်၌ သာသနာရေးဆိုင်ရာ အဆောက် အဦ ၁၂ ခုသာ မိုးရေစိမ့်ဝင် မှုကြောင့် အနည်းငယ်ထိခိုက်ပျက်စီးခဲ့ပြီး ရေဝင်ရေဝပ်မှုကြောင့် ပျက်စီးခဲ့ခြင်း မရှိ သည်ကို တွေ့ရှိရသည့် အခြေအနေများ၊ နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ၂၀၂၄ ခုနှစ် မေလအတွင်း ပုဂံ ရှေးဟောင်းယဉ်ကျေးမှုနယ်မြေ သို့လာရောက်စဉ် ပုဂံဒေသစိမ်းလန်းစိုပြေရေးနှင့် ရေဝင်ရေထွက် ကောင်းမွန်စေရေး အတွက် လမ်းညွှန်မှာကြားချက်များအား အကောင် အထည်ဖော် ဆောင်ရွက်ပြီးစီးမှု အခြေအနေများ၊ မြကန်ရေလှောင်တမံဆိုင်ရာ အချက်အလက်များနှင့် ခေတ်အဆက် ဆက် ပြုပြင်ထိန်းသိမ်းဆောင်ရွက်ခဲ့သည့် အခြေအနေများ၊ မြကန်တမံအား ဘူမိရူပဗေဒဆိုင်ရာ စူးစမ်းလေ့လာမှုများအရ ရေစိမ့်ယိုမှုအနည်းငယ်နှင့် ရေငွေ့ပျံမှု များပြားခြင်းတို့ကြောင့် ရေသိုလှောင်ထားနိုင်မှု နည်းပါးလျက်ရှိသည်ကို တွေ့ရှိရ သည့်အတွက် လိုအပ်သည့်ပြုပြင်ထိန်းသိမ်းမှုများနှင့် ရေဝင်လမ်းကြောင်းများကို ရှင်းလင်းဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ မြကန်အတွင်း ရေဝင်ရောက် လျက် ရှိမှုအခြေအနေများကို ရှင်းလင်းတင်ပြသည်။

ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်က မြကန်သည် သမိုင်းတွင် ထင်ရှားခဲ့သည့် ကန်ကြီးဖြစ်သည့်အတွက် စနစ်တကျထိန်းသိမ်းဆောင်ရွက်သွားရန်လိုကြောင်း၊ ရေယိုစိမ့်မှုမရှိစေရေးထိန်းသိမ်း ခြင်းလုပ်ငန်းများကိုလည်း စနစ်တကျဆောင်ရွက်သွားရန်လိုကြောင်း၊ ရေစီးရေလာ ကောင်းမွန်မှုရှိစေရေး၊ ရေဝင်ရေထွက် ကောင်းမွန်စေရေး အဓိက ထားဆောင်ရွက်ရန် လိုကြောင်းနှင့် အခြားလိုအပ်သည်များကိုမှာကြားသည်။

ထို့နောက် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းသူနှင့် တာဝန်ရှိသူများက တုရင်တောင်စိမ်းလန်းစိုပြေရေး လုပ် ငန်းစီမံကိန်း ဆောင်ရွက်လျက်ရှိမှု၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်၏ လမ်းညွှန်မှာကြားချက်များနှင့်အညီ တုရင်တောင်ကြောအပါအဝင် ပုဂံ ဒေသ စိမ်းလန်းစိုပြေရေးအတွက် ရှေးဟောင်းနေရာများနှင့် ကင်းလွတ်သည့်နေရာ များတွင် သစ်ပင်များစိုက်ပျိုးနိုင်ရေး စီမံဆောင်ရွက်လျက်ရှိမှုနှင့် သစ်ပင်များ ရှင်သန် ဖြစ်ထွန်းမှု၊  မိတ္ထီလာမြို့နယ်၊  ကျောက်ပန်းတောင်းမြို့နယ်နှင့် ညောင်ဦးမြို့နယ်တို့၌ ၂၀၂၄ ခုနှစ်၊ မိုးရာသီတွင် မိတ္ထီလာ – ကျောက်ပန်းတောင်း – ညောင်ဦးကားလမ်း ဘေးဝဲယာ စိမ်းလန်းစိုပြည်ရေး တစ်အုပ်တစ်မစိုက်ခင်းများတည်ဆောက်ထားမှု အခြေ အနေများကို တာဝန်ရှိသူများက ရှင်းလင်းတင်ပြကြသည်။

ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနိုင်ငံတော် ဝန်ကြီးချုပ်က အပူပိုင်းဒေသစိမ်းလန်းစိုပြေရေးအတွက် သစ်ပင်၊ သစ်တောများ စိုက် ပျိုးရာတွင် သမရိုးကျစိုက်ပျိုးသည့်နည်းစနစ်များအပြင် သစ်ပင်သစ်တော ထုရရှိစေ ရေးအတွက်လည်း နည်းလမ်းများရှာဖွေ၍ စိုက်ပျိုးကြရန်လိုအပ်မှုများနှင့် ပတ်သက်၍ လမ်းညွှန်မှာကြားသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် မြကန်ရေလှောင်တမံဧရိယာအတွင်း လှည့်လည်ကြည့်ရှု၍ တာဝန်ရှိ သူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ လမ်းညွှန်မှာကြားသည်။

ဇေယျဝတီ(ဇယဝေရီ)ကန်

၎င်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် နှင့် အဖွဲ့ဝင်များသည် အရှေ့ဖွားစောကျေးရွာအနီးရှိ ဇေယျဝတီ(ဇေယျဝေရီ)ကန်သို့ ရောက်ရှိကြရာ ရေဝင်ရောက်နေမှုအခြေအနေများနှင့် ရေဝင်ရောက်လာလမ်းကြောင်း တွင် နုန်းစစ်ကန်များ ဆောင်ရွက်ထားရှိမှုအခြေအနေများ ရှင်းလင်းတင်ပြမှုအပေါ်  ရေ ဝင်ရောက်လာလမ်းကြောင်းများအား စနစ်တကျထိန်းသိမ်းဆောင်ရွက်ရေး၊ ရေကန် ကြံ့ခိုင်မှုအား စနစ်တကျထိန်းသိမ်းဆောင်ရွက်ရေးတို့နှင့်ပတ်သက်၍ လိုအပ်သည်များ မှာကြားသည်။

မင်္ဂလာကန်အမှတ်(၃)(မွန်းတိမ်းကန်)

ဆက်လက်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် နှင့် အဖွဲ့ဝင်များသည် အနောက်ဖွားစောကျေးရွာအနီးရှိ မင်္ဂလာကန်အမှတ်(၃) (မွန်းတိမ်းကန်) အတွင်း ရေဝင်ရောက်မှုအခြေအနေများကို သွားရောက်ကြည့်ရှု စစ် ဆေးရာ တာဝန်ရှိသူများက ရေဝင်ရောက်လျက်ရှိိမှုအခြေအနေများကို ရှင်းလင်းတင်ပြ သည်။

ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် က ရေလှောင်ကန်များအားလုံး၏ ရေဝင်ရောက်ရာလမ်းကြောင်းနှင့် ဆည်ရေသောက်ဧရိယာတစ်လျှောက်လမ်းကြောင်းများအတွင်း ရေကြောင်းပိတ်ဆို့မှု မရှိစေရေး၊ ရေဝင်ရေထွက်ကောင်းမွန်စေရေးစနစ်တကျဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ရေလှောင်တမံများ၊ ရေကန်များရှိ ရေထိန်းတမံဧရိယာများအတွင်း ရေထိန်းတမံထိန်း သစ်ပင်များစိုက်ပျိုးထားရန်လိုကြောင်း၊ ကန်များအနီးပတ်ဝန်းကျင်တွင် စိုက်ပျိုးသီးနှံ စိုက်ပျိုးခြင်းများဆောင်ရွက်မှုကြောင့် ရေကန်အတွင်းသို့ ရေဝင်ရောက်မှုလျော့နည်း နိုင်သည့်အတွက် သီးနှံစိုက်ပျိုးမှုများကို သတ်မှတ်အကွာအဝေးတွင်သာရှိစေရေး စည်း ကမ်းများ၊ ဥပဒေများနှင့်အညီ တားမြစ်ဆောင်ရွက်ထားရှိရန်လိုကြောင်း၊ ယခု ရေကန် များအတွင်း ယခုကဲ့သို့ ရေများ စုဆောင်းထားရှိနိုင်သည့်အတွက် သုံးရေအတွက် အ အထောက်အကူပြုစေနိုင်မည်ဖြစ်သကဲ့သို့ ပုဂံဒေသစိမ်းလန်းစိုပြေရေးအတွက်လည်း အကျိုးရှိစေနိုင်မည်ဖြစ်သဖြင့် တမံများ၊ ရေကန်များကို စနစ်တကျဆက်လက် ထိန်း သိမ်းဆောင်ရွက်သွားကြရန်လိုကြောင်းဖြင့် မှာကြားသည်။

ပုဂံကမ္ဘာ့အမွေအနှစ်ဒေသ ရေရှည်တည်တံ့ခိုင်မြဲရေး၊ ရေကြီးရေလျှံမှု မဖြစ်‌ပေါ် စေရေး၊ စိမ်းလန်းစိုပြည်၍ ခရီးသွားများအားဆွဲဆောင်နိုင်ရေးအတွက်  ရှေးဟောင်း ရေကန်များအားပြန်လည် တူးဖော်ပြုပြင် ထိန်းသိမ်းခြင်းလုပ်ငန်းများကို နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်နှင့်အညီ တာဝန် ရှိသူများက စီမံချက်ဖြင့် ဆောင်ရွက်လျက်ရှိပြီး ထာဝရကုသိုလ်ဖြစ်သည့် ရေကန်များ ပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်းများတွင် စေတနာရှင်ပြည်သူများအနေဖြင့်လည်း တစ်တပ်တစ်အားပါဝင်လှူဒါန်း ကုသိုလ်ယူလျက်ရှိကြောင်း သတင်းရရှိသည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။