နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်   ပျဉ်းမနားမြို့နယ်၊ မင်္ဂလာဗျူဟာသာသနာ့ဗိမာန် ရေဘေးရှောင်ကယ်ဆယ်ရေးစခန်းရှိ ရေဘေးရှောင်ပြည်သူများအား သွားရောက်အားပေး၊ ထောက်ပံ့ရေးပစ္စည်းများ ပေးအပ်

နေပြည်တော်၊ စက်တင်ဘာ – ၁၈

          နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ယနေ့နံနက်ပိုင်းတွင် ကောင်စီတွဲဖက်အတွင်းရေး မှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများနှင့် တာဝန်ရှိသူများ လိုက်ပါ၍ ပျဉ်းမနားမြို့နယ်၊ မင်္ဂလာဗျူဟာသာသနာ့ဗိမာန် ရေဘေးရှောင်ကယ်ဆယ် ရေးစခန်းရှိ ရေဘေးရှောင်ပြည်သူများအား သွားရောက်အားပေး စကားပြောကြားပြီး ထောက်ပံ့ရေးပစ္စည်းများ ပေးအပ်သည်။

          ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် က ရေဘေးရှောင်ပြည်သူများအား အားပေးစကားပြောကြားရာတွင် မြန်မာနိုင်ငံ၏ သမိုင်းတစ်လျှောက် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့်ဖြစ်ပေါ်ခဲ့သည့် သဘာဝဘေး အန္တရာယ်များတွင် ယခုတစ်ကြိမ် တွေ့ကြုံရမှုသည် အကြီးမားဆုံးဖြစ်ကြောင်း၊ မိမိ ပုဂံ-ညောင်ဦး ခရီးစဉ်မှအပြန်တွင် ရဟတ်ယာဉ်ဖြင့် ရေကြီးမှုဖြစ်ပေါ်ခဲ့သည့် နေရာ များသို့ ကြည့်ရှုခဲ့ရာ တောင်ကျချောင်းရေများကြောင့် သစ်ပင်နှင့် သစ်တုံးကြီးများ ရေနှင့်အတူမျောပါလာခဲ့သည်ကို တွေ့ခဲ့ရကြောင်း၊ ယနေ့နံနက်ပိုင်းတွင်လည်း တပ်ကုန်းမြို့အနီးတစ်ဝိုက်သို့ သွားရောက်ကြည့်ရှုခဲ့ကြောင်း၊ မိုးသည်းထန်စွာရွာသွန်း မှုကြောင့် တောင်ကျချောင်းရေများမှာ အလုံးအရင်းလိုက်ဖြင့် စီးဆင်းခဲ့မှုကြောင့် ထိခိုက်ပျက်ဆီးဆုံးရှုံးမှု များစွာဖြစ်ပေါ်ခဲ့ကြောင်း။

မိမိအနေဖြင့် သဘာဝဘေးအန္တရာယ် ကျရောက်မှုကြောင့် အသက်အိုးအိမ် စည်းစိမ်များပျက်စီးဆုံးရှုံးခဲ့ရမှုအပေါ် များစွာစိတ်မကောင်းဖြစ်ရပါကြောင်း၊ သဘာဝ ဘေးအန္တရာယ်ဆိုသည်မှာ ရှောင်ရှား၍မရသော်လည်း ကြိုတင်ကာကွယ်မှုကိစ္စရပ် များကိုလုပ်ဆောင်နိုင်သကဲ့သို့ သဘာဝဘေးအန္တရာယ်ကျရောက်ပြီးပါက ကယ်ဆယ် ရေးလုပ်ငန်းများဖြင့် မူလအခြေအနေများပြန်ရောက်စေရန်နှင့် ပိုမိုကောင်းမွန်စေရန် မိမိတို့အားလုံး၏ လုံ့လ၊ ဝီရိယများဖြင့် ကြိုးပမ်းဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ စိတ်ဓာတ်ကျနေ၍မရဘဲ မူလအခြေအနေပြန်လည်ရရှိအောင် ကြိုးပမ်းဆောင်ရွက် သွားရမည်ဖြစ်ကြောင်း၊ ပျက်စီးဆုံးရှုံးခဲ့သည့်နေရာများကို ပြန်လည်ထူထောင်ရေး လုပ်ငန်းများအတွက် နိုင်ငံတော်မှဦးဆောင်၍ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း။

ပျက်ဆီးဆုံးရှုံးခဲ့သည့် ရပ်ကွက်၊ ကျေးရွာများသို့ သွားရောက်နိုင်ရေး လမ်းပန်း ဆက်သွယ်ရေးများ ကောင်းမွန်စေရန်အတွက် တာဝန်ရှိသူများကဆောင်ရွက်ပေး လျက်ရှိကြောင်း၊ အချိန်ကာလအားဖြင့် အများဆုံး ၆ လတာကာလအတွင်း မူလ အခြေအနေ ပြန်လည်‌ရောက်ရှိအောင်ဆောင်ရွက်နိုင်ရန် ပြောကြားထားပြီးဖြစ် ကြောင်း။

အလားတူ စိုက်ပျိုးရေးလုပ်ငန်းများနှင့် ပတ်သက်၍လည်း အထူးသဖြင့် စပါး စိုက်ခင်း၊ ပဲစိုက်ခင်း၊ နှမ်းစိုက်ခင်းများနှင့် အခြားသီးနှံစိုက်ခင်းများ ပျက်စီးခဲ့ကြောင်း၊ စပါးစိုက်ပျိုးသူ တောင်သူများအနေဖြင့် ရေပြန်ကျချိန်တွင် စပါးတစ်သီးပြန်လည် စိုက်ပျိုးရန်အတွက် ခက်ခဲသွားကြောင်း၊ မည်သို့ပင်ဖြစ်စေ စိုက်ပျိုးရေးလုပ်ငန်းများ ပြန်လည် ဆောင်ရွက်နိုင်ရန်အတွက် နိုင်ငံတော်မှ တတ်နိုင်သမျှ ပံ့ပိုးပေးသွားမည် ဖြစ်ကြောင်း၊ နွေသီးနှံများကို အပြည့်ပြန်လည်စိုက်ပျိုးပြီး မိုးရာသီတွင်ပျက်စီးသွား သည့် သီးနှံများကိုဖြည့်စွက်စိုက်ပျိုးနိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားရမည်ဖြစ် ကြောင်း၊ ယခုနှစ်အတွင်း မိုးရွာသွန်းမှုများပြားသဖြင့် ဆည်/တာတမံများ အတွင်း ရေများပြည့်ဝစွာ ဝင်ရောက်လျက်ရှိသောကြောင့် လာမည့်နွေရာသီအတွက် စိုက်ပျိုး ရေကို အပြည့်အဝရရှိစေမည်ဖြစ်ကြောင်း။

မွေးမြူရေးများနှင့်ပတ်သက်၍လည်း မွေးမြူထားသည့် တိရစ္ဆာန်များ သေဆုံးခဲ့ မှုများရှိကြောင်း၊ မွေးမြူရေးလုပ်ငန်းများ ပြန်လည်ဆောင်ရွက်နိုင်ရန် အတွက်လည်း အတတ်နိုင်ဆုံး ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်ချိန်တွင်လည်း စနစ်တကျဆောင်ရွက်ခြင်းအားဖြင့် အကျိုးကျေးဇူးများကို ပိုမိုရရှိခံစားနိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကဆက်လက်ပြောကြားရာတွင် “သဘာဝဘေးအန္တရာယ်ဆိုတာက ရှောင်ရှားလို့မရဘူး ပေါ့ဗျာ၊ တကယ်တော့ စိတ်မကောင်းဘူးပေါ့လေ၊ နိုင်ငံတော်ရဲ့ ဆုံးရှုံးမှုဆိုတဲ့ဟာထဲ မှာလည်း ခင်ဗျားတို့ရဲ့ပိုင်ဆိုင်မှုများပါသလို၊ နိုင်ငံတော်ကတည်ဆောက်ထားတဲ့ လမ်း တို့၊ တံတားတို့ အဆောက်အဦတွေ၊ စက်ရုံအလုပ်ရုံတွေ၊ လျှပ်စစ်ဓာတ်ပေးဝေရေး လုပ်ငန်းတွေ၊ ဆက်သွယ်ရေးလုပ်ငန်း၊ ဒါတွေလည်း နိုင်ငံတော်ရဲ့ဆုံးရှံးသွားတာပဲ၊ ခင်ဗျားတို့လည်း ခင်ဗျားတို့ ပိုင်ဆိုင်မှုတွေဆုံးရှုံးသွားတာပဲ၊ ခုနက ကျွန်တော်မေး တယ်၊ ဘာတွေ ရခဲ့လဲဆိုတော့ အဝတ်တစ်ထည်ကိုယ်တစ်ခုတည်းလို့ ဖြေတဲ့သူလဲပါ တယ်၊ တစ်ချို့လည်း ရတဲ့ဟာတွေ ကောက်ဆွဲလာရတာတွေပါတယ်၊ တစ်ချို့လည်း နောက်ဆုံးတော့ သွားနေကျ ဈေးခြင်းလေးပါလာတယ်၊ ဘာပစ္စည်းမှမပါဘူး၊ လူက အဲ့အချိန်မှာ ထူပူနေကြပြီကိုး၊ ဆွဲမိဆွဲရာဆွဲလာတာပေါ့၊ တော်သေးတယ်၊ ကလေးတွေ ပါလာလို့၊ ကျွန်တော်တို့ ဟိုဘက်မှာဆို ကလေးတွေပါသွားတာ ရှိပါတယ်၊ စိတ်လည်း မကောင်းပါဘူး၊ အတတ်နိုင်ဆုံးခင်ဗျားတို့ မူလအခြေအနေအတိုင်းဖြစ်အောင်တော့ ကျွန်တော်တို့ ကူညီပေးပါမယ်၊ သေဆုံးမှုအတွက်လည်း လူမှုဝန်ထမ်းဝန်ကြီးဌာန ကနေပြီးတော့ လျော်ကြေးတွေပေးတယ်၊ နောက်ဒဏ်ရာရတဲ့သူတွေကိုလည်း၊ နောက်တစ်ခါ ဆေးကုသမှုအတွက် ထောက်ပံ့ကြေးတွေပေးသလို၊ ပျက်စီးသွားတဲ့ အဆောက်အဦတွေအတွက်လည်း အခုကျွန်တော်တို့ တွက်နေပါတယ်၊ လုံးဝပျက်သွား တဲ့အိမ်တွေဆိုရင် ဘယ်လိုပေးမလဲ၊ တစ်စိတ်တစ်ပိုင်းပျက်သွားတဲ့ အိမ်တွေဆိုရင် ဘယ်လိုပေးမလဲ၊ လုံးဝပျက်သွားတဲ့အိမ်မှာမှ တဲဆိုရင်ဘယ်လောက်ပေးမလဲ၊ ရိုးရိုး အိမ်ဆိုရင် ဘယ်လောက်ပေးမလဲ၊ တစ်ထပ်အိမ်ဆိုရင်ဘယ်လောက်ပေးမလဲ၊ နှစ်ထပ် အိမ်ဆိုရင် ဘယ်လောက်ပေးမလဲ၊ တတ်နိုင်သလောက် ကျွန်တော်တို့ပေးပါမယ်၊ ဖြစ် နိုင်သလောက် ဒေသနဲ့ကိုက်ညီတဲ့ဟာမျိုးတော့ ကျွန်တော်တို့စဉ်းစားပါတယ်၊ နောက် ကျောင်းနဲ့ပတ်သက်တာပေါ့၊ ဒီလကုန်အထိ ကျောင်းတွေဖွင့်ဖို့ကြိုစားနေပါတယ်၊ အကြောင်းကြောင်းကြောင့် ကျောင်းတွေ ပိတ်ရတယ်ဆိုရင်လည်း စနေ၊ တနင်္ဂနွေမှာ အစားထိုးပြန်တက်ဖို့၊ သီတင်းကျွတ်ပြီးသွားရင်တော့ စနေ၊ တနင်္ဂနွေဖြစ်မှာပေါ့၊ ဝါမကျွတ်ခင်ကတော့ တနင်္ဂနွေပိတ်ရက် ရှိတယ်၊ ဒီတနင်္ဂနွေပိတ်ရက်ကိုတော့ ကလေး တွေ ကျောင်းတက်ကောင်း တက်ရလိမ့်မယ်၊ သို့သော် စာမေးပွဲဖြေရမယ့်အချိန်မှာ သူသင်ပြီးတဲ့ဘာသာရပ်အတိုင်းပဲ ကျွန်တော်တို့ စာမေးပွဲစစ်ပေးပါမယ်၊ ကျန်တဲ့အချိန် တွေမှာတော့ ကျောင်းတော့ပြန်တက်ရမယ်လို့ သဘာဝဘေးအန္တရာယ်ကြောင့် ပိတ် ထားရတဲ့ကျောင်းတွေကို ဒီလိုစီစဉ်ထားပါတယ်၊ ဒါကြောင့် ခင်ဗျားတို့ ကျောင်းတွေ လည်း ကလေးတွေ ပြန်လွှတ်ပေးဖို့ ပြောလိုပါတယ်၊ ပြန်လွှတ်ပေးပါ၊ စာတတ်လို့ရှိရင်၊ ပညာတတ်လို့ရှိရင် နောင်တစ်ချိန်အတွက်၊ သူတို့ဘဝအတွက် အများကြီး အထောက် အကူရတယ်၊  မဟုတ်ဘူးဆိုရင်တော့ တစ်ချိန်မှာ အခက်အခဲဖြစ်လာနိုင်တယ်၊ ခင်ဗျား တို့၊ ကျွန်တော်တို့ လူကြီးတွေကတော့ ပညာသင်ကြားလို့မရတော့ဘူး၊ ခင်ဗျားတို့ ကျွန်တော်တို့ ဖြတ်သန်းခဲ့တဲ့ လမ်းကြောင်းအတိုင်းပဲ လက်ရှိအခြေအနေမှာ ကျွန်တော် တို့ရှိတယ်၊ နောင်ကျလို့ရှိရင် ကျွန်တော်တို့ ကလေးတွေက ကျွန်တော်တို့ထက်သာ အောင်လုပ်ပေးရမယ်၊ ကျွန်တော်တို့ခေတ်ထက် သာအောင် လုပ်ပေးရမယ်၊ ဒါတစ် ကယ် မိဘပီသပါတယ်။” 

ထို့နောက် ရေဘေးသင့်ပြည်သူများအား သဘာဝဘေးအန္တရာယ်ကို ကြံ့ကြံ့ခံ ကျော်လွှား၍ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း အားပေးစကားပြောကြားရာတွင် “လက်ရှိအချိန်အခြေအနေမှာတော့ ဒုက္ခသုက္ခ ရောက်နေတာကိုတော့ ကိုယ်ချင်းစာပါတယ်၊ စိတ်လည်းမကောင်းပါဘူး၊ ကျွန်တော်တို့ တတ်နိုင်သလောက် နိုင်ငံတော်ပိုင်းကလည်း လုပ်ပေးပါမယ်၊ ကျွန်တော်တို့နိုင်ငံတင် မဟုတ်ပါဘူး၊ ကျွန်တော်တို့ အာရှတင်ပဲလားဆိုတော့မဟုတ်ဘူး၊ ဟိုဥရောပနိုင်ငံတွေ လည်းရေကြီးနေကြတာပဲ၊ သဘာဝကြီးကဖြစ်လာတာဖြစ်ပါတယ်၊ သဘာဝဘေး အန္တရာယ် တစ်ကမ္ဘာလုံးမှာဖြစ်နေကြတာဖြစ်တော့ ဒီအပေါ်မှာ ကျွန်တော်တို့က ကြံ့ကြံ့ခ့ပြီးတော့မှ လူထုရဲ့ကြံစည်မှုနဲ့၊ လုံ့လ၊ ဝီရိယနဲ့ အားထုတ်သွားမယ်ဆို လို့ရှိရင် တော့ ကျွန်တော်တို့ကျော်လွှားလို့ရမယ် ဆိုတာလေး ပြောချင်ပါတယ်၊ ဒီအတွက် မလျှော့တဲ့ဇွဲလုံ့လနဲ့ ဆက်ပြီးလုပ်သွားကြဖို့လည်း အားမွေးသွားကြဖို့လည်း ပြောလို ပါတယ်၊ ဒီမှာ အားမွေးသွားကြပါ၊ ပြန်ရောက်လို့ရှိရင်လည်း ထိုက်သင့်တဲ့ နေဖို့ထိုင်ဖို့ စားဖို့သောက်ဖို့ ကျွန်တော်တို့ ထောက်ပံ့ပေးပါမယ်၊ ကျွန်တော် ပြီးပြီးရော မလွှတ် ပါဘူး၊ အကုန်လုံးစီစဉ်ပေးပါမယ်။”

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ရေဘေးသင့် ပြည်သူများအတွက် ထောက်ပံ့ငွေနှင့် စားသောက်ဖွယ်ရာ ပစ္စည်းများကိုပေးအပ်ရာ ရေဘေးသင့်ပြည်သူများကိုယ်စား ကိုယ်စားလှယ်များက လက်ခံရယူသည်။

          ဆက်လက်ပြီး ကောင်စီတွဲဖက်အတွင်းရေးမှူး၊ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ကာကွယ်ရေးဦးစီးချုပ် ရုံးမှ တပ်မတော်အရာရှိကြီးတို့က ရေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ရေး ပစ္စည်းများနှင့် စားသောက်ဖွယ်ရာပစ္စည်းများကို အသီးသီးထောက်ပံ့ပေးအပ်ကြသည်။

          ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် က ရေဘေးသင့်ပြည်သူများ၏ အခက်အခဲများကို မေးမြန်းရာ ရေဘေးသင့် ပြည်သူများကိုယ်စား ကိုယ်စားလှယ်တစ်ဦးက ယခုကဲ့သို့ မိမိတို့  ရေဘေးသင့် ပြည်သူ များကို နိုင်ငံတော်အကြီးအကဲကိုယ်တိုင် လာရောက်ထောက်ပံ့ပေးအပ်ပြီး အားပေး စကားပြောကြားသည့်အတွက် အထူးပင်ကျေးဇူးတင်ဝမ်းမြောက်ရပါကြောင်း၊ ဆက် လက်ဆောင်ရွက်ပေးသွားမည့် အစီအမံများကို ကြားသိရသည့်အတွက်လည်း ကျေးဇူး တင်ရှိပါကြောင်း၊ ယခုရေဘေးရှောင်ကယ်ဆယ်ရေးစခန်း၌လည်း နေထိုင်ရေး၊ စား သောက်ရေး၊ ကျန်းမာရေးကိစ္စများကို တာဝန်ရှိသူများ၏ စီစဉ်ပေးမှုကြောင့် အားလုံး အဆင်ပြေချောမွေ့မှုရှိပါကြောင်းဖြင့် ပြောကြားသည်။

          ၎င်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် နှင့် အဖွဲ့ဝင်များသည် ရေဘေးသင့်ပြည်သူများအတွက် ကျန်းမာရေးဝန်ကြီး ဌာနမှ ကျန်းမာရေးစောင့်ရှောက်မှုဆေးခန်းဖွင့်လှစ်၍ ဆောင်ရွက်ပေးထားမှုများကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ခံများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ မှာကြား သည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်သည် မင်္ဂလာဗျူဟာ သာသနာ့ဗိမာန်ဧည့်ခန်းမဆောင်၌ တာဝန်ရှိသူများ အား တွေ့ဆုံ၍ ယခုဖြစ်ပေါ်ခဲ့သည့် သဘာဝဘေးကြောင့် ထိခိုက်ပျက်စီးခဲ့မှုများကို အမြန်ဆုံးစာရင်းကောက်ယူ၍ အချက်အလက်များ ပြုစုဆောင်ရွက်သွားရန်လို ကြောင်း၊ အိုးအိမ်များပျက်စီးမှုတွင် လုံးဝပြိုကျပျက်စီးဆုံးရှုံးခြင်း၊ တစ်စိတ်တစ်ပိုင်း ပျက်စီးဆုံးရှုံးခြင်း၊ တိုက်အိမ်၊ ပျဉ်ထောင်အိမ်၊ တဲအိမ် စသည်ဖြင့် ထိခိုက်ပျက်စီးမှုများ အလိုက် ဆုံးရှုံးမှုတန်ဖိုးများကို အပိုင်းလိုက်သတ်မှတ်ကာ ပျက်စီးမှုရာခိုင်နှုန်းအလိုက် ထောက်ပံ့မှုများ ပမာဏသတ်မှတ်ဆောင်ရွက်ပေးသွားရန်လိုကြောင်း၊ ထိုနည်းတူ သေ ဆုံးခဲ့ရသူများအတွက်လည်း နိုင်ငံတော်အနေဖြင့် ငွေကြေးထောက်ပံ့ပေးခြင်းများ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်အလိုက်၊ ဝန်ကြီးဌာနအလိုက် ငွေကြေးထောက်ပံ့ပေးခြင်း များ ဆောင်ရွက်ပေးသွားရမည်ဖြစ်ကြောင်း၊ ထိခိုက်ဒဏ်ရာရရှိသူများကိုလည်း ထိခိုက် မှု အနည်းအများအလိုက် ထောက်ပံ့မှုများ ဆောင်ရွက်ပေးသွားရမည်ဖြစ်ကြောင်း၊ ထောက်ပံ့မှုများ ဆောင်ရွက်ပေးနိုင်ရေးအတွက် စာရင်းကောက်ယူခြင်းများ၊ ငွေကြေး တွက်ချက်ခြင်းလုပ်ငန်းများကို မြန်မြန်ဆန်ဆန်ဖြင့် ဆောင်ရွက်သွားရန်လိုပြီး ထိခိုက် ခဲ့ရသူများကို အမြန်ဆုံးထောက်ပံ့ပေးအပ်နိုင်ရေး ဆက်လက်ဆောင်ရွက်သွားကြရန် လိုကြောင်း။

          ရေဘေးသင့်ပြည်သူများအတွက် စေတနာရှင်ပြည်သူများ၊ အဖွဲ့အစည်းများမှ လည်း မိမိတို့တတ်နိုင်သည့်ဘက်မှ ကူညီပေးခြင်းများ၊ အစားအသောက်ထောက်ပံ့ပေး အပ်ပေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိပြီး နိုင်ငံတော်အနေဖြင့်လည်း ကျေးဇူးတင် ဝမ်းမြောက်မိပါကြောင်း၊ သို့သော်လည်း ရေဘေးသင့်ပြည်သူများအနေဖြင့် သွားလာမှု အနီးအဝေးအပေါ်မူတည်၍ ထောက်ပံ့ရေးပစ္စည်းများ ညီတူညီမျှရရှိမှုမရှိခြင်း၊ အစား အသောက်များ ထောက်ပံ့ရာတွင် အလှူရှင်များများပြားကွဲပြားသည့်အတွက် တွဲဖက်၍ စားသုံးရန်မသင့်သည်များကို တွဲဖက်စားသုံးမိခြင်း၊ သယ်ယူပို့ဆောင်ရာတွင် သန့်ရှင်း မှုအားနည်းခြင်းတို့ကြောင့် အစာအဆိပ်သင့်မှုတို့သည်လည်း ဖြစ်ပေါ်လျက် ရှိကြောင်း၊ ထို့ကြောင့် ရေဘေးရှောင်ကယ်ဆယ်ရေးစခန်းများအလိုက် လာရောက်လှူဒါန်းမှုများ ကို စိစစ်ဆောင်ရွက်သွားရန်လိုပြီး ကြီးကြပ်ရေးအဖွဲ့များ ဖွဲ့၍ ဆောင်ရွက်သွားရန်လို ကြောင်း၊ ထိုသို့ဆောင်ရွက်ပေးသွားမည်ဆိုပါက မလိုလားအပ်ဘဲ ထိခိုက်မှုများကို ကာ ကွယ်နိုင်မည်ဖြစ်ကြောင်းနှင့် စေတနာရှင်အလှူရှင်များကို နားလည်သဘောပေါက် အောင် ရှင်းလင်းပြောကြားသွားရန်လိုကြောင်းဖြင့် မှာကြားသည်။

          ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်သည် ရေဘေးရှောင်ကယ်ဆယ်ရေးစခန်းအတွင်းရှိ ပြည်သူများအား ရင်းရင်း နှီးနှီး လိုက်လံနှုတ်ဆက်အားပေးခဲ့သည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။